← Chapters

အချိန်ကန့်သတ်ထားသောပန်းထိုးခြင်း

Vol. 2 Ch. 39

အချိန်ကန့်သတ်ထားသောပန်းထိုးခြင်း

Vol. 2 Ch. 39

အဒေါ်လောင်သည် အလျင်လိုနေသောခြေလှမ်းများဖြင့် ရောက်လာသည်။ သူမသည် ဂိတ်တံခါးများပိတ်နေသည်ကိုတွေ့လိုက်သောအခါတွင် စုရွှေလျန်၏နာမည်ကိုခေါ်ကာ ခြံဝန်းထဲသို့ဝင်လာသည်။

ခြံဝန်းထဲသို့ရောက်သောအခါတွင်မူ တောကောင်အပုံလိုက်ကိုတွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားရသည်။ စိတ်ထဲတွင်လည်း ချီးကျူးနေမိသည်။ မနက်စောစောလာစဉ်က ထိုအရာများရှိမနေပါ။ အချိန်ပိုင်းနည်းနည်းသာခြားသော်လည်း ထိုအချိန်တွင်းတွင် များလှစွာသောတောကောင်းများကို ဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ လင်းစစ်ယောင်သည် အမှန်ပင် ထူးခြားသာလွန်သောသူဖြစ်သည့်ပုံပေါ်သည်ဟု စိတ်ထဲတွင်ချီးကျူးနေမိကာ မီးဖိုချောင်ဆီသို့ လျှောက်လာသည်။ သို့သော်လည်း သူမ၏ချီးကျူးမှုများသည် နွေဦးရာသီ၏နေရောင်အောင်တွင် မှေးနေသောဝံပုလွေပေါက်အား ဆိုလိုသည်ကို သူမမသိပေ။

"အဒေါ်လောင်။ ထိုင်ပါ။ စားပြီးပြီလား"

စုရွှေလျန်ပြုံးကာပြောလိုက်သည်။ သူမသည် ယနေ့မနက် သူမအိပ်ပျော်နေစဉ်တွင် အဒေါ်လောင်တစ်ခေါက်လာပြီးသွားကြောင်းကိုသိသည်။ ထို့ကြောင့်ပင်လျှင် ရှက်နေမိပေသည်။

အဒေါ်လောင်က လင်းစစ်ယောင်၏ စုရွှေလျန်အပေါ်ဂရုစိုက်မှုများကို သတိထားမိပေသည်။ သူမသည် စိတ်ထဲတွင်သူ့အား မချီးကျူးဘဲမနေနိုင်ပေ။ ထျန်းအိမ်၏အဒေါ်ကြီး ပြောခဲ့သော မနာလိုသည်ဟုသောစကားမှာလည်း အံ့ဩစရာမရှိပေ။ သူမသည် အမှန်တကယ်ပင် သမီးဖြစ်သူအား ထိုသို့သောခင်ပွန်းမျိုးရစေချင်မိသည်။

မည်သည့်အိမ်က သမီးသည် ထိုသို့သောယောင်္ကျားမျိုးအား မလိုချင်ပါသနည်း။ အဒေါ်လောင်သည် သမီးဖြစ်သူ ရှီချွေ့အတွက် ဆုတောင်းပေးခြင်းကို ဖိနှိပ်ထားလိုက်ပြီး ပြုံးကာဖြင့်ပြောလိုက်၏။

"မိန်းကလေးစု၊ ဒီကို မိန်းကလေးနဲ့တိုင်ပင်စရာရှိလို့လာတာ"

စုရွှေလျန်ကြားသောအခါတွင် တူကိုချလိုက်ပြီး စိတ်ရှုပ်ထွေးနေသောမျက်နှာပေးရှိသည့်အဒေါ်အား ပြန်ပြုံးလိုက်ကာ ဝမ်းမြောက်စွာပြောလိုက်သည်။

"အဒေါ်လောင် အားနာနေစရာမလိုပါဘူး။ ပွဲတုန်းကလည်း အများကြီးကူညီပေးခဲ့တာပဲ။ ပြီးတော့ အဲ့တာအတွက်ကို ကျွန်မတို့ကကျေးဇူးတင်နေတာ။ တစ်ခုခုကူညီနိုင်တာရှိရင် ကျွန်မတို့ကိုပြောပါ။ အားနာစရာမလိုပါဘူး"

"မိန်းကလေးကအဲ့လိုပြောတော့ ငါ့ဘာသာရှက်မိတယ်"

အဒေါ်လောင် ရှက်သွားရသည်။ သူမသည် စိတ်ထဲတွင် မိမိဘာသာကျိန်ဆဲမိလိုက်သည်။ ယခုအချိန်တွင် ထိုသို့သောကိစ္စမျိုးအား ဆွေးနွေးရန် အဘယ့်ကြောင့်လာခဲ့ရပါသနည်း။ ထိုသူများသည် အသစ်စက်စက်လက်ထပ်ထားသောသူများသာဖြစ်သည်။ ၎င်းတို့၏ပျော်ရွှင်စရာအချိန်လေးအား ဖျက်ဆီးဖြစ်ရာကျမည်လော။

“အဒေါ်လောင်?”

တွေဝေနေသော အဒေါ်လောင်ကိုတွေ့သောအခါ စုရွှေလျန်က လင်းစစ်ယောင်အား ပဟေဠိဖြစ်သောမျက်နာထားဖြင့်ကြည့်လိုက်သည်။

"အရင်ဆုံးဆန်ပြုတ်သောက်ပါဦး"

လင်းစစ်ယောင်က အေးစက်နေပြီဖြစ်သောဆန်ပြုတ်အား မေးထိုးပြလိုက်သည်။

"ကောင်းပြီ"

စုရွှေလျန်ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ပန်းကန်လုံးကို ပါးစပ်နားသို့ကပ်ကာ တစ်ကျိုက်မော့လိုက်သည်။ ထိုကိစ္စအား မနက်စာစားပြီးမှသာဆွေးနွေးမည်ဟု တွေးနေမိသည်။ အမှန်တွင် သူမသည် မြင့်မြတ်သောအိမ်သူတစ်ယောက်အဖြစ် ပျိုးထောင်ခြင်းခံခဲ့ရသောကြောင့် စားနေသောအချိန်တွင် စကားပြောတတ်လေ့မရှိပေ။

"အဒေါ်လောင် အဲ့တာဆို အဒေါ်မှာ ဘာများခက်ခဲနေလို့လဲ"

သူမသည် အဒေါ်လောင်၏တွန့်ဆုတ်နေသောရှင်းပြချက်အားကြားပြီးနောက်တွင် စုရွှေလျန်သည် သူမအဘယ့်ကြောင့် နှစ်ခါရောက်လာသည်ကို နားလည်သွားသည်။

လွန်ခဲ့သည့်နှစ်ရက်က လောင်မိသားစု၏သမီးသည် မြို့သို့သွားရောက်လည်ပတ်ကာ ကြီးမားသောကိစ္စတစ်ခုကိုစီစဉ်ခဲ့သည်။ ကိစ္စသည် ပြီးမြောက်လျှင် ငွေစသုံးစရမည်။ ငွေစတစ်စထက်ပို၍မကိုင်ဖူးသော ရှီချွေ့က လျင်မြန်စွာပင် သဘောတူလိုက်သည်။ သို့သော် ကြက်မဖမ်းခင်တွင် တွက်ချက်ရမည်ဖြစ်ကာ ပန်းထိုးအိမ်သို့ဝင်လိုက်သောအခါတွင် ဆုကြေးသည် အဘယ့်ကြောင့် ထိုမျှမြင့်နေသည်ကို တွေ့ရှိသွားသည်။ အရေးတကြီးလိုအပ်နေခြင်းဖြစ်ကာ သုံးရက်အတွင်းပြီးရပေမည်။ ထိုသို့ဆိုလျှင် ရှီချွေ့သည် တောင်းဆိုမှုကို မငြင်းပယ်နိုင်တော့ပါ။ သူမသည် ထိုပေးရမည့်ပန်းထိုးပစ္စည်းများကိုသာ အိမ်သို့ယူလာကာ ငိုကြွေးနေတော့သည်။

"မိန်းကလေး မင်းရဲ့ပန်းထိုးစွမ်းရည်က အံ့ဩစရာကောင်းတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စကိုသုံးရက်အတွင်း လက်စသတ်ဖို့ဆိုတာက.... ငါကြောက်မိတယ်..."

"အဒေါ်လောင် ကျွန်မ မဟုတ်လို့မပြောရတာလား။ ရှီချွေ့ကလည်း ကူညီပေးနေတာပဲလေ။ လူနှစ်ယောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်"

စုရွှေလျန်က အဒေါ်လောင်ကိုပြောရင်းဖြင့် သူမကျောကို ပုတ်ပေးလိုက်သည်။ နှစ်မီတာမျှအရှည်အကျယ်ရှိသော ဖီးနစ်နှစ်ကောင်ပုံပန်းထိုးရမည်ဖြစ်သည်။ စံအိမ်တော်တစ်ခုတွင် အလှလိုက်ကာအဖြစ် အသုံးပြုမည်ဖြစ်ကာ သုံးရက်အတွင်းပြီးရမည်ဖြစ်သည်။

“စုမိန်းကလေး”

ယုံကြည်ချက်ရှိနေသော စုရွှေလျန်၏အသံအား နားထောင်ပြီးသောအခါတွင် အဒေါ်လောင်သည် ဟန်မများနေတော့ဘဲ ကျေးဇူးတင်လိုက်၏။

"အဲ့လိုဆိုကောင်းပါပြီ။ အိမ်ပြန်ပြီး ချွေ့အာ*ကိုသန့်ရှင်းရေးလုပ်ပေးလိုက်ဦးမယ်။ ပန်းထိုးဖို့လာခဲ့လိုက်မယ်။ ဒါမှမဟုတ် ငါ့အိမ်ကိုလာမလား"

သုံးရက်ဆိုသောအချိန်ကိုစဉ်းစားကြည့်လျှင် အသစ်စက်စက်ပရိဘောဂခင်းကျင်းထားသောအိမ်သို့ ပန်းထိုးချည်စယူလာသည်မှာ ရိုင်းစိုင်းရာကျသည်မဟုတ်ပါလော။

"စိတ်ပူစရာမလိုပါဘူး အဒေါ်လောင်။ ကျွန်မနဲ့ အားယောင်က အဲလောက်အထိ အယူမရှိပါဘူး။ အဲ့တာအပြင် ဒီလိုအပိုင်းအကြီးကြီးကို ပန်းထိုးမှာဆိုတော့ အိမ်ကိုလာလိုက်တာ ပိုပြီး အဆင်ပြေတာပေါ့"

စုရွှေလျန်ကအဒေါ် တွန့်ဆုတ်နေသောအကြောင်းရင်းကိုကြားသောအခါ ခေါင်းခါကာ သောကမရောက်ရန်ပြောလိုက်သည်။

ထိုလောကကြီးတွင် သူမနှင့် လင်းစစ်ယောင်နှစ်ယောက်လုံးတွင် မိဘများမရှိကြတော့ပေ။ နွေးထွေးသောအိမ်နီးချင်းများကိုပင် ကျေးဇူးတင်ရပေမည်။ တစ်ကိုယ်ကောင်းဆန်သောဆန္ဒသာမဟုတ်လျှင် မထူးဆန်းပေ။ သူမအတွက်မူ ၎င်းတို့၏အကူအညီကိုရရှိပြီးဖြစ်သည်မှာ လုံလောက်ပေသည်။

"ဘာဖြစ်တာလဲ"

လင်းစစ်ယောင်က အဒေါ်လောင်သည် မိမိအား အလျင်စလိုနှုတ်ဆက်ကာအိမ်ပြန်သွားသည်ကို တွေ့သောအခါတွင် တစ်ခုခုဖြစ်သည်ဟုထင်လိုက်သောကြောင့် ချက်ချင်းပင် စုရွှေလျန်ဆီသို့ရောက်လာသည်။ သူသည် တောကောင်များကိုသန့်စင်နေခြင်းကိုရပ်တန့်လိုက်ကာ လက်ဆေး၍အိပ်ခန်းထဲသို့ရောက်လာခဲ့ခြင်းပင်။ စားပွဲထိုင်တွင်ထိုင်နေသောစုရွှေလျန်ကိုတွေ့သောအခါတွင် မေးလိုက်မိ၏။

“ဪ အားယောင် နောက်ရက်ကျရင် ကျွန်မအလုပ်များလောက်တယ်"

စုရွှေလျန်က လင်းစစ်ယောင်ဝင်လာသည်ကို သိသောအခါတွင် ရှီချွေ့နှင့် သူမ၏ကန့်သတ်ရက်အကြောင်းသဘောတူညီချက်ကို ပြောပြလိုက်သည်။

ထိုမျှတင်းကြပ်သောအလုပ်ချိန်ဖြင့် သူမရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အတိတ်တွင် သူမသည် စုပန်းထိုးပြိုင်ပွဲတွင် နှစ်စဉ်ပါဝင်ခဲ့သည်။ ၎င်းတို့၏ရွေးချယ်ထားမှုကိုပြခြင်းထက် ပြိုင်ပွဲဝင်များသည် ရွေးပေးထားသောခေါင်းစဉ်ဖြင့် ထူးခြားသောအရာကိုသာပန်းထိုးရသည်။ ထိုသို့စိတ်တင်းကာလုပ်ရသောအရာမျိုးသည် သူမတွင် ထမင်းသုံးနပ်စားရန် အချိန်မရှိယုံတင်မက အစေခံများကလုပ်ပေးသောအချိုပွဲနှင့်မုန့်များကိုပင်မထိပါ။ သူမ၏လက်များသည် စတင်ပန်းထိုးလိုက်သည်နှင့် မရပ်တန့်တော့ပေ။ သူမသည် ပန်းထိုးစအားဖျက်စီးပစ်နိုင်သည့် ဆီ၊ရေနှင့်အခြားသောအရာများစွန်းထင်းမည်ကို ကြောက်လန့်နေမိသည်။

အဒေါ်လောင်အား ပြဿနာမရှိဟု ပြောခဲ့သော်လည်း သူမသည် လင်းစစ်ယောင်အတွက် လိပ်ပြာမသန့်ဟု ခံစားမိသည်။ ထို့နောက်တွင် နောင်သုံးရက်အတွက် အိမ်မှုကိစ္စများအား သူ့ဆီသာလွဲပြောင်းပေးရပေမည်။

"သုံးရက်လား။ မင်းက မနားတမ်းချုပ်ချင်တာလား"

လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"အင်း"

စုရွှေလျန်ခေါင်းညိတ်ပြလိုက်သည်။

"အိမ်မှုကိစ္စအားလုံးကို ရှင့်ဆီလွဲထားရလို့ တောင်းပန်ပါတယ်"

"အဲ့တာနဲ့ပက်သက်ပြီး စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ဆက်တိုက်ပန်းထိုးမှာဆိုတော့ မင်းမျက်လုံးတွေမပင်ပန်းဘူးလား"

လင်းစစ်ယောင်က သူမထနိုင်အောင်ကူညီပေးကာ အိပ်ခန်းအပြင်သို့တွဲသွားသည်။

ဆောင်းဦး၏နေသည် အပူပြင်းသော်လည်း ချယ်ရီပင်အောက်ရှိခုံတန်းလေးတွင်ထိုင်ရန်အတွက် နေလောင်မည်ကိုစိတ်ပူစရာမလိုပါ။

လူနှစ်ဦးသည် ခုံတန်းပေါ်တွင် ထိုင်ကာစကားပြောနေကြပြီး ခြေထောက်နားတွင် ဝံပုလွေနှစ်ကောင်ရှိသည်။ ထိုမြင်ကွင်းသည် လှပ၍ကြည့်ကောင်းသောမြင်ကွင်းပင်ဖြစ်သည်။

"အဲ့တာက...."

စုရွှေလျန် လင်းစစ်ယောင်၏ရင်ဘတ်ပေါ်တွင်မှီလိုက်ကာ ကြိုးဖြင့်ချည်ခံထားရကာ ခုန်နေကြသော ယုန်သုံးကောင်နှင့် ရစ်ဌက်သုံးကောင်ကိုလက်ညှိုးထိုးပြပြီး

"အဲ့တာတွေကိုချက်ရမှာလား"

"အင်း ကိုယ်တို့ဆောင်းရာသီအတွက် အဆင်သင့်ဖြစ်နေသင့်တယ်"

လင်းစစ်ယောင်၏ခေါင်းသည် သူမပုခုံးပေါ်တွင်ရောက်နေပြီး နားနားကပ်ကာခပ်တိုးတိုးလေးပြောလိုက်သည်။

"ယုန်တွေကအမတွေ။ တစ်ကောင်ဆိုဗိုက်ကြီးနေတာ။ နောက်လလောက်ဆိုရင်မွေးပြီ။ ရစ်နှစ်ကောင်ကလည်းအမတွေ။ အဲ့တာကြောင့် သူတို့ဥအတွက်သိမ်းထားသင့်တယ်။ အထီးတွေကတော့ နောက်လနည်းနည်းလောက်ထိမွေးထားလိုက်ပြီး နှစ်သစ်ကူးအတွက် သတ်ရလောက်တယ်"

“အားယောင်...”

စုရွှေလျန်က သူ့ဘက်သို့လှည့်ကာ ဝမ်းမြောက်စွာပြောလိုက်သည်။

"ကျွန်မမှာရှင်ရှိလို့ ကံကောင်းလိုက်တာ"

မှန်ပေသည်။ သူမသည် သူ့အားသနားသောကြေင့် ကယ်တင်ထားခြင်းဖြစ်သော်လည်း အမြဲပင်သူ့ပေါ်တွင်မှီခိုခဲ့ရသည်။ သူမဘေးတွင် သူမရှိလျှင် သူမ၏အားနည်းသောစိတ်နှင့် အသက်မွေးဝမ်းကျောင်းမရှိခြင်းအတွက် ထိုသို့သောအေးချမ်းသောဘဝမျိုးတွင်နေထိုင်ရန်မှာ မဖြစ်နိုင်ပါ။

"ကိုယ်ရောပဲ"

လင်းစစ်ယောင် သက်ပြင်းခပ်တိုးတိုးချကာပြောလိုက်သည်။ သူ၏မျက်နှာအား စုရွှေလျန်၏လည်ပင်းပေါ်တွင်အပ်ထားကာ မျက်နှာသည် နီမြန်းနေသည်။ သို့သော်လည်း သူ၏လျင်မြန်သောအပြုအမူကြောင့် သူမသတိမထားမိလိုက်ပေ။

***

All Chapters