အသစ်စက်စက်ဇနီးလေး
Vol. 2 Ch. 38
Warning ~~
သူမကတစ်ဖန်ထပ်ပြီး နိုးလာသောအခါတွင် ကောင်းကင်သည် လင်းထိန်နေကာ တက်ခါစပြုနေသောနေလုံးသည်ပင် ကောင်းကင်ပေါ်သို့ရောက်နေပြီဖြစ်သည်။ အပြင်ဘက်တွင် ချယ်ရီပင်ကိုင်းပေါ်၌ ဌက်ကလေးများပင် ကျယ်လောင်စွာကျလိကျလိအော်မြည်နေကာ အိမ်သစ်၏ပထမဆုံးသောမနက်ခင်းလေးအား ကြိုဆိုနေသကဲ့သို့ပင်။
သူမ၏ဘေးမှယောင်္ကျားသည် စောစီးစွနိုးကာ ထသွားသည့်ပုံပေါ်သည်။ အိပ်ရာတစ်ခြမ်းမှာ အေးစက်နေပြီဖြစ်သည်။
စုရွှေလျန်သည် သူနှင့်အတူ စောစီးစွာရှိနေခဲ့သည့မီးလိုပူခဲ့သောမြင်ကွင်းများအား ပြန်စဉ်းစားလိုက်လျှင် နီရဲနေသောမျက်နှာအား ပါးလွှာသောစောင်လေးဖြင့် လျင်မြန်စွာဖုံးကွယ်ထားလိုက်သည်။ သူမသည် ထိုသို့အထွတ်အထိပ်အတောအတွင်းတွင် အမှန်ပင် အားနည်းကာမေ့လုနီးပါးဖြစ်ခဲ့ရသည်။ သူမသည် ထိုမျှအသုံးမကျဟု အားယောင်စဉ်းစားနေမည်လော။ သို့သော် မကြာမီပင် အတွင်းစိတ်ထဲ၌ မရင်းနှီး သက်တောင့်သက်သာခံစားချက်မျိုးကို ခံစားလိုက်ရသည်။ နွေးထွေးသောလှိုင်းတစ်ခုသည် ဝမ်းဗိုက်အောက်ပိုင်းမှ လှိမ့်တက်လာသည်။ ထိုသို့ဖြင့် စုရွှေလျန်သည် လင်းစစ်ယောင်၏လက်ထဲတွင် အားအင်ချည့်နဲ့စွာ မှိန်ဖျော့သွားရသည်။
စုရွှေလျန်သည် သူမ၏နက်နဲသောခံစားချက်များကို ဖုံးကွယ်လိုက်သည်။
ဝံပုလွေများ၏တအီအီလုပ်နေသောအသံများကို ကြားသောအခါမှသာလျှင် စုရွှေလျန်သည် မနက်စာလုပ်ရန်ထရမည်ကို အမှတ်ရသွားသည်။
သူမ၏နာကျင်နေသောခန္ဓာကိုယ်ကို ထောင်မတ်လိုက်ကာ မူလကပန်းရောင်ဝတ်စုံသည် သန့်ရှင်းသောအဖြူရောင်ဝတ်စုံပြောင်းသွားသည်ကို သတိထားမိလိုက်သည်။ သူမ၏ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း သန့်စင်ပြီးသည့်ပုံပေါ်သည်။ ခြောက်သွေ့ကာ သန့်ရှင်းသည်ဟု ခံစားနေမိသည်။ လျှို့ဝှက်အပ်သောနေရာမှ နာကျင်မှုနှင့် ပန်းနုရောင်အနမ်းရာများကြောင့်သာမဟုတ်လျှင် နွေဦး၏ရှက်ဖွယ်ကောင်းသောအိပ်မက်မှနိုးထလာသည်ဟု ထင်မိလိမ့်မည်။
စုရွှေလျန်က လိမ္မော်ရောင်အဝတ်ပိုင်းနှစ်ခုကိုဆွဲယူလိုက်ပြီး သပ်ရပ်စွာထားလိုက်သည်။ သူမကလှည့်ကာ စောင်ကိုခေါက်လိုက်ပြီး အိပ်ရာတွင်ထားသည်။ ထို့နောက်တွင် ခေါင်းအုံးများကို သေသေသပ်သပ်ဖြစ်အောင်ပြင်လိုက်သည်။ သို့သော် အနီရောင်စွန်းထင်းနေသောအဖြူရောင်လက်ကိုင်ပဝါသည် မည်သို့နေရာသို့ရောက်သွားသနည်း။ စုရွှေလျန်ရှာကြည့်သော်လည်း လင်းစစ်ယောင်ယူသွားသည်သာဖြစ်နိုင်ပေသည်။ ပါးနှစ်ဖက်မှာ အထိန်းအကွပ်မဲ့ပူလာမိသည်။
အဝတ်အစားစားပွဲရှေ့တွင်ထိုင်ကာ ပါးနှစ်ဖက်ကို သာသာလေးပုတ်လိုက်ပြီး သူမဘာသာ တည်ငြိမ်အောင်ကြိုးစားနေသည်။ ယနေ့မှစ၍ သူမသည် သူ၏ဇနီးမယားဖြစ်လေပြိ. ထိုအတွေးဖြင့် စုရွှေလျန်၏နှုတ်ခမ်းလေးက အနည်းငယ်မျှပြုံးမိသွားသည်။
သူမသည် ဆံပင်အား အဒေါ်လောင်ဆီမှ ရက်အနည်းငယ်မျှသင်ယူခဲ့ရသည့် လင်းယွင်ဆံပင်ပုံစံထုံးဖွဲ့ကာ လင်းစစ်ယောင်က သူ၏လပ်စွပ်ဖြင့်လဲလှယ်ကာဝယ်ပေးထားသည့် ကျောက်စိမ်းနားကပ်လေးများကို ပန်လိုက်သည်။ ယခင်က နားနှစ်ဖက်ကိုအုပ်ကာ ဆံပင်ချထားသည်နှင့်မတူစွာ သူမ၏လက်ရှိဆံပင်ပုံစံသည် နားများကို နားကပ်များဖြင့် တောက်ပအောင်ပြုလုပ်ပေးနေသည်။
ထို့နောက် သူမကထလိုက်ကာ အပေါ်ပိုင်းအပြင်ရုံအား ဆွဲယူလိုက်ကာ လိုက်ကာများကိုဖွင့်လိုက်ပြီး အိမ်ပြင်သို့လမ်းလျှောက်ထွက်သွားသည်။ ရှောင်ရွှယ်မြင်သောအခါတွင် သူမဆီသို့လျင်မြန်စွာပြေးလာပြီး တအီအီအူကာမြေပေါ်တွင်လှိမ့်တော့သည်။ ရယ်စရာကောင်းသောကြောင့် စုရွှေလျန်ကမေးလိုက်သည်။
"ဘယ်လိုဖြစ်ရတာလဲ ရှောင်ရွှယ်။ အားယောင်နဲ့ ရှောင်ချွမ်ရော"
ရှောင်ရွှယ်က အနည်းငယ်မျှအူကာတုံ့ပြန်လိုက်သည်။ စုရွှေလျန်က သူမ၏ခေါင်းလေးအား ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ။ မင်းကိုအဖော်ပြုပေးဖို့ အစာလုပ်ပေးရင်ရော ဘယ်လိုလဲ"
ဝံပုလွေသည် အစာဟုကြားလိုက်သောအခါတွင် စုရွှေလျန်ရှေ့တွင် လျင်မြန်စွာခုန်ပေါက်လိုက်ကာ မီးဖိုချောင်ဆီသို့ဦးတည်သွားသည်။
စုရွှေလျန်က ခေါင်းရမ်းကာ ရယ်လိုက်မိသည်။ ထိုဝံပုလွေပေါက်နှစ်ကောင်သည် အမှန်ပင် လူသားများနှင့်တူသည်။ အားယောင်သည် ရှောင်ချွမ်အား မည်သည့်နေရာမှခေါ်လာသည်ကိုမသိပေ။ ထိုအတွေးဖြင့် စုရွှေလျန်သည် ဝံပုလွေပေါက်နောက်သို့လိုက်သွားကာ မီးဖိုချောင်ဆီသို့ရောက်လာပေသည်။
အားယောင်ဆန်ပြုတ်လုပ်ခဲ့သည်လော။ စုရွှေလျန်က ကြီးမားသောအိုးကြီး၏အဖုံးကိုလှပ်ကြည့်လိုက်သောအခါတွင် အငွေ့ထောင်းထောင်းထနေသောဆန်ပြုတ်အပြည့်အိုးလေးတစ်လုံးအား တွေ့လိုက်ရသည်။ တစ်ဖက်တွင် အငွေ့တထောင်းထောင်းဖြင့် ပူပူထွေးထွေးမန့်ထုံများရှိသည်။
စုရွှေလျန်တစ်ယောက် မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ကြည့်နေမိသည်။ ထိုအရာများသည် အားယောင်လုပ်ထားသည်လော။ သူသည် ဟင်းချက်မကောင်းဟုပြောခဲ့သည်။ သူမစဉ်းစားနေစဉ်ပင် ရှောင်ရွှယ်မီးဖိုချောင်ထဲသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမအံ့ဩသွားရကာ ရှောင်ချွမ်ပြန်လာလျှင် အားယောင်လည်း ပြန်လာလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
စုရွှေလျန် မီးဖိုချောင်ထဲမှ အမြန်ထွက်သွားသည်။ အစိမ်းရင့်ရောင်ဝတ်ဆင်ထားသော လင်းစစ်ယောင်၏လက်ထဲတွင် ခေါင်းငိုက်စိုက်ကျနေသော တောရိုင်းသားကောင်တို့ကိုတွေ့လိုက်ရသည်။ စိတ်တက်ကြွနေသော ရှောင်ချွမ်သည်လည်း အနီရောင်ခြံဝန်းတံခါးကိုဖြတ်ကာ ရောက်လာသည်။
လင်းစစ်ယောင်ခြံဝန်းထဲသို့လျှောက်လာကာ လှပလွန်းသောဇနီးလေးက သူ့အား ရှက်ရွှံ့စွာပြုံးပြနေသည်။ သူသည်လည်း နှုတ်ခမ်းထောင့်လေးကွေးတက်သွားသည်။
“အားယောင်.... ရှောင်ချွမ်ကိုရော အမဲလိုက်ဖို့ခေါ်သွားတာလား"
လင်းစစ်ယောင်က ခြံဝန်းထဲရှိနေရာကွက်လပ်တွင် တောကောင်းများကိုချထားလိုက်ကာ ထိုတောကောင်များမှာ ရစ်ဌက်နှင့်တောယုန်များဖြစ်ကြောင်း သူမသိလိုက်သည်။
လင်းစစ်ယောင်ခေါင်းခါပြလိုက်သည်။ သူမဆီမှ ရေဇလုံတစ်ခုယူလိုက်ပြီး အုတ်ခင်းမြေပေါ်တွင်ချလိုက်ကာ လက်ဆေးရင်း ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။
"ကိုယ်က သူ့ကိုလေ့ကျင့်ပေးယုံတင်ပဲ။ ဒါတွေအားလုံးက သူ့ရဲ့ကြိုးစားအားထုတ်မှုတွေပဲ"
“ရှောင်ချွမ်? .. သူက တကယ်ကိုအသားစားသင့်နေပြီ"
စုရွှေလျန်က ဝံပုလွေပေါက်လေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး ခေါင်းအား သူမ၏လက်မောင်ဖြင့် ပွတ်သပ်ပေးလိုက်သည်။ မီးဖိုချောင်ထဲမှအစားအသောက်များအကြောင်း ပြန်တွေးမိကာ စုရွှေလျန်ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့စွာမေးလိုက်သည်။
"အစောကြီးထတာလား။ မနက်စာက ရှင်လုပ်တာလား"
လင်းစစ်ယောင်သည် မျက်နှာသစ်ပြီးနောက်ပိုင်းတွင် လက်များသုတ်ကာ သူမကိုနံဘေးသို့ဆွဲခေါ်လိုက်ပြီး နားနားကို တီးတိုးပြောလိုက်သည်။
"မန်ထိုက အဒေါ်လောင်ယူလာတာ။ မင်းအိပ်ပျော်နေတယ်လို့ပြောတော့ သူပြန်သွားတယ်။ ကိုယ်ကတော့ ဆက်အိပ်နေစရာမှမလိုတာ"
စုရွှေလျန်ကြားသောအခါတွင် နားများနှင့်လည်ပင်များပါနီရဲသွားသည်။ ခေါင်းကိုပို၍ပင် ငုံ့ထားလိုက်သည်။ လင်းစစ်ယောင်၏ရင်ဘတ်သည် တုန်ခါသွားသည်ဟု သူမခံစားလိုက်ရကာ ခိုးခိုးခစ်ခစ်ရယ်သံလေးကြားသောကြောင့် သူမမော့ကြည့်လိုက်သည်။ သူမဒေါသထွက်လုနီးပါးဖြစ်သွားသော်လည်း သူ၏မျက်လုံးထဲမှနူးညံ့ကြင်နာမှုကိုတွေ့ရသောအခါတွင် ရပ်တန့်သွားသည်။
“ရွှေလျန်...”
လင်းစစ်ယောင်က အသံခပ်တိုးတိုးလေးဖြင့် ခေါ်လိုက်ကာ သူမနှုတ်ခမ်းမှအနမ်းတစ်ပွင့်အား ခိုးယူလိုက်သည်။ ထိုသို့နမ်းပြီးမှသာ သူမကိုလွှတ်ပေးလိုက်ပြီး ပြုံးကာဖြင့်ပြောလိုက်သည်။
"သွားကြရအောင်။ အဒေါ်လောင်က မကြာခင်ရောက်လာတော့မယ်"
ထို့နောက် စုရွှေလျန်သည် မနက်အိပ်ရာထပြီးနောက်ပိုင်းတွင် မျက်နှာမသစ်ရသေးသည်ကို သတိရသွားသည်။ သူမသည် လင်းစစ်ယောင်ကို ရှက်ရှက်ဖြင့်ကြည့်လိုက်ပြီး မီးဖိုချောင်ထဲသို့လျင်မြန်စွာပြေးဝင်သွားသည်။
စုရွှေလျန်သည် သူမဘာသာသန့်ရှင်းပြီးနောက်တွင် အဒေါ်လောင်ရောက်လာပြီး ခြံဝန်းတံခါးခေါက်လိုက်သည်။
စုရွှေလျန်သည် လင်းစစ်ယောင်အား ကြည့်လိုက်မိသည်။ သိုင်းပညာလေ့ကျင့်သောသူများသည် အကြားအာရုံကောင်းပေသည်။ အဒေါ်လောင်သည် သူမအိမ်မှထွက်လာသည်မှာ သူသိနေသည်လော။
လင်းစစ်ယောင်သည် ဆန်ပြုတ်တစ်ပန်းကန်ကိုထည့်လိုက်ကာ သူမရှေ့တွင်ချပေးလိုက်သည်။ သူမ၏အပြုအမူမှာရယ်စရာကောင်းနေသည်ကိုတွေ့ရှိသွားသည်။ သူသည် အကြားအာရုံကောင်းသော်လည်း မနက်စာစားပြီးနောက်တွင် အဒေါ်လောင် လာမည်ဖြစ်ကြောင်း ပြောခဲ့သောကြောင့်ခန့်မှန်းယုံသာဖြစ်သည်။
လက်ရှိလင်းစစ်ယောင်သည် သူ၏ယခင်ဘဝအား မနှစ်သက်ပေ။ အမြဲတမ်းသတိထားနေရသည်။ အထူးသဖြင့် မင်္ဂလာပွဲပြီးနောက်တွင် သူသည် မြို့ထဲရှိသာမန်ယောင်္ကျားတစ်ယောက်အဖြစ်သာနေထိုင်တော့သည်။ ရွာသားများ၏ စိတ်အားထက်သန်မှုနှင့် အရက်အလွန်အကျွံသောက်ခြင်းကြောင့်သာမဟုတ်လျှင် အတွင်းအားသုံးမည်မဟုတ်ပေ။ များသောအားဖြင့် သူ၏ယခင်ဘဝကိုပင် မေ့လျောနေပြီးဖြစ်သည်။
အမှန်တွင် သူသည် ရှောင်ချွမ်အားလေ့ကျင့်ပေးရန် မနက်စောစောတွင် ခေါ်ထုတ်သွားခြင်းဖြစ်သည်။ သူသည် ဝံပုလွေများကိုလေ့ကျင့်ရန် ဆုံးဖြတ်ထားသည်။ ဝံပုလွေများ၏ ယခင်သဘာဝပျောက်သွားလျှင် အိမ်မွေးတိရစ္ဆာန်များနှင့်မခြားပေ။ ၎င်းတို့သည် အိမ်ကို ကာကွယ်ပေးနိုင်သည်။ ထိုအတွေးဖြင့် နေ့တိုင်းဝံပုလွေပေါက်များကိုလေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တောကောင်များသည်မူ အမှန်ပင် ရှောင်ချွမ် အမဲလိုက်လာခြင်းဖြစ်သည်။ နှစ်နှာရီအတောအတွင်းတွင် သူသည် ဝါးပင်ထိပ်ဖျားတွင်ရပ်ကာ တရားထိုင်နေခဲ့သည်။ တစ်ဆို့နေသည့် ဖုန်းယွင်သိုင်း အလယ်ထိပ်ဆုံးအဆင့် နဝမအဆင့်အား ဖြတ်ကျော်ပြီးနောက်တွင် နောက်ကျနေပြီကို လင်းစစ်ယောင်တွေ့လိုက်ရသောကြောင့် ရှောင်ချွမ်ကိုခေါ်ကာ အပြေးပြန်လာခဲ့ရခြင်းဖြစ်၏။
***