သိုင်းလေ့ကျင့်သည့်တိုင်လုံးအပိုများ
Vol. 2 Ch. 42
မနက် (၅)နာရီအချိန်တွင် ရှီချွေ့သည် ၎င်းတို့၏အိမ်တံခါးအားလာခေါက်ပေသည်။ တံခါးလာဖွင့်သောသူမှာ တက်ကြွလန်းဆန်းနေသည့်ပုံပေါ်နေသည့်လင်းစစ်ယောင်ပင်ဖြစ်သည်။ စုရွှေလျန်သည်မူ အကြီးဆုံးသမီးစုအဖြစ် အိပ်ရာပေါ်တွင်ပင်လဲလျောင်းနေကာ ခြေတစ်လှမ်းပင်မထနိုင်ပါ။
လင်းစစ်ယောင်က ရှီချွေ့အား ပန်းထိုးခန်းထဲသို့ခေါ်သွားပြီး သူမကိုဦးစွာပန်းထိုးစေသည်။ ထို့နောက် သူကမီးဖိုချောင်ထဲသို့သွားကာ အိပ်ခန်းထဲသို့ရေယူလာပြီး စုရွှေလျန်အား သူမဘာသာဆေးကြောသန့်စင်စေသည်။
"ရှင်ဒါကို တမင်သက်သက်လုပ်တာလား"
စုရွှေလျန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရှက်သွေးဖြာကာ သူ့အားကူညီခွင့်ပေးလိုက်သည်။ သူ၏လန်းဆန်းတက်ကြွနေသောမျက်နှာလေးကိုကြည့်ကာ သူမညည်းတွားမိလိုက်သည်။
လင်းစစ်ယောင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ ဘာမျှပြန်မပြောပေ။ သူမ၏အဝတ်များကိုသန့်စင်ပြီးနောက်တွင် ရေစိုတဘတ်ကိုညှစ်လိုက်ပြီး သူမ၏မျက်နှာအားသုတ်ပေးသည်။ လက်ထဲတွင်လည်း ရေတစ်ခွက်နှင့်သွားပွတ်တံတစ်ချောင်းရှိကာ သူမသန့်စင်ပြီးသည်ကို စောင့်ဆိုင်းနေသည်။
"ကျွန်မဘာသာလုပ်နိုင်ပါတယ်"
စုရွှေလျန်က ရေစိုအဝတ်ကိုယူလိုက်ကာ မျက်နှာပေါ်တွင်သုတ်လိုက်ကာ သူမ၏ရှက်သွေးဖြာသောမျက်နှာအား ဖုံးကွယ်ရန်ကြိုးစားလိုက်သည်။
ထိုမြင်ကွင်းသည် ရယ်ဖွယ်ကောင်းသည်ဟု လင်းစစ်ယောင်ထင်မိသည်။ သူက ရေစိုဝတ်အားယူလိုက်ကာ သွားပွတ်တံအားကမ်းပေးလိုက်ရင်း ပြုံးကာ အသံခပ်တိုးတိုးဖြင့်ရှင်းပြလိုက်သည်။
"ရွှေလျန် ငါတို့က လက်ထပ်ထားခါစအတွဲတွေပဲ။ အခြားသူတွေနားလည်မှာပါ"
သူ၏ရှင်းပြချက်ကြောင့် စုရွှေလျန်၏မျက်နှာသည် လောင်ကျွမ်းမတတ်ပင်ဖြစ်သွားသည်။ သူမက သူ့အားအကြည့်စူးစူးဖြင့်ကြည့်လိုက်ကာ လင်းစစ်ယောင်၏ပြုံးရယ်နေသောအကြည့်အောက်တွင် လျင်မြန်စွာသွားတိုက်လိုက်ပြီး ပန်းထိုးခန်းထဲသို့ ပြေးလေတော့သည်။
စုရွှေလျန်သည် ရှီချွေ့ဘေးတွင်ရပ်ကာ တိတ်တဆိတ်လက်စသတ်နေသောပန်းထိုးသစ်ကိုင်းလေးကိုကြည့်ကာ ပြုံးလိုက်မိသည်။
"ရှီချွေ့ မင်းကအကိုင်းအခတ်တွေကို ကောင်းကောင်းထိုးတတ်တာပဲ။ နောက်ကျရင် ရေကန်အတွက်က ကွင်းဆက်ချုပ်ရိုးကိုသုံး။ အဲ့လိုဆိုရင် ရေပေါ်ကလှိုင်းတွေကပိုပြီး ပေါ်တယ်"
"ဟုတ်ကဲ့"
ရှီချွေ့ကပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ကိုင်းခက်တစ်ခုအား ခက်ခဲသောချုပ်ရိုးဖြင့်ပြီးမြောက်လိမ့်မည်ဟု မည်သည့်အခါမျှမတွေးထားဖူးပါ။ အမှန်ပင် သူမ၏ယုံကြည်ချက်အား မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်။
မိခင်ဖြစ်သူပြောသည်မှာ မှန်ပေသည်။ ပန်းထိုးခြင်းရှုထောင့်တွင် စုရွှေလျန်၏အရည်အချင်းများသည် တိုးတက်ရန်အတွက် နှစ်ပေါင်းများစွာစွဲလမ်းမှုရှိမှဖြစ်ပေလိမ့်မည်။ ယခင်ကတစ်ဖြောင့်တည်းချုပ်ရိုးကိုသာအသုံးပြုခဲ့ကာ ကျန်သောအပ်များကို သုံးခဲ့သည်က ရှားခဲ့သည်။ ဒါကြောင့် ယခုအခွင့်အရေးအားအသုံးချ၍ စုရွှေလျန်ဆီမှနည်းစနစ်များသင်ယူရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ခင်ပွန်းဖြစ်သူနှ့င်လက်ထပ်သောအခါတွင် အနည်းဆုံး ကျွမ်းကျင်သောအရည်အချင်းတစ်ခုရှိပေမည်။ ထို့အပြင် ပြောင်မြောက်လှသောပန်းထိုးလက်ရာများကိုလည်း ရောင်းချနိုင်ပေလိမ့်မည်။
ထို့နောက် ရှီချွေ့က မော့ကြည့်လိုက်ကာ စုရွှေလျန်အား ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းငုံ့ကာသာဆက်အလုပ်လုပ်နေသည်။
စုရွှေလျန်သည် ရှီချွေ့တစ်ယောက် သူမ၏ကမ်းလှမ်းချက်အားမငြင်းပယ်ဘဲ စိတ်ရင်းဖြင့်သဘောတူလိုက်သည့်အခါမှသာ စိတ်သက်သာရာရသွားတော့သည်။
သူမသည် ညီမငယ်ဖြစ်သူ ရွှေ့ယန်အကြောင်းအား မတွေးဘဲမနေနိုင်ပေ။ သူမသည် စုရွှေလျန်ဆီမှဝေဖန်စကားကိုမေးခဲ့သော်လည်း ရိုးသားစွာပြန်ပြောလျှင် သူမမပျော်မရွှင်ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်သောသူမှာ သူမဖြစ်လျှင် ရွှေယန်က သူမအား ဒေါသထွက်တတ်သေးသည်။ ထို့ကြောင့် စင်းလုံးချောမှနှစ်သက်တတ်သည့်စုရွှေလျန်သည် တဖြည်းဖြည်းဖြင့် ရွှေယန်၏ပန်းထိုးမကျွမ်းကျင်မှုကိုလက်ခံလာကာ သူမအလုပ်ပေါ်တွင်သာအာရုံစိုက်ခဲ့သည်။ သူမနှင့်ရွှေယန်၏ဆက်ဆံရေးသည် ထို့ကြောင့်ပင် ဆိုးဝါးသွားသည်မဟုတ်လော။
တိတ်တဆိတ်ခေါင်းရမ်းလိုက်ပြီး စုရွှေလျန်က ခေါင်းငုံ့ကာ စတင်ပြီးဖီးနစ်ဌက်ပုံပန်းထိုးခြင်းအပေါ်သာ အာရုံစိုက်တော့သည်။
မွန်းလွဲပိုင်းတွင် အဒေါ်လောင်သည် ခြံဝန်းထဲသို့ နောက်ထပ်စားစရာခြင်းတစ်ခုဖြင့် ရောက်လာပြန်သည်။
"အားယောင် သူတို့ဒီနေ့ရော နေ့လည်စာစားဖို့ထွက်မလာဘူးလား"
အဝတ်များလှန်းကာ လတ်တလောတွင်ပေါင်းပင်များကို ရှင်းလင်းနေသောလင်းစစ်ယောင်ဆီသို့သွားကာ ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။
ပြန်မဖြေခင်တွင် လင်းစစ်ယောင်တစ်ယောက် ခေတ္တမျှစဉ်းစားလိုက်သည်။
"ဒီနေ့အကြောဆန့်ပြီး နေ့လည်စာစားဖို့ ထွက်လာကြလိမ့်မယ်"
အဒေါ်လောင်သည် လင်းစစ်ယောင်ပြန်ဖြေသည်ကို ကြားလိုက်သောအခါတွင် ခေါင်းညိတ်ပြကာသဘောတူလိုက်သည်။
"ကောင်းပြီ ကောင်းပြီ။ အဲ့လိုဆို မီးဖိုချောင်ထဲမှာအစားအသောက်တွေထားခဲ့မယ်။ ပြီးရင် သူတို့ကိုနောက်မှစားဖို့သတိပေးလိုက်။ ဟုတ်ပြီလား"
သမီးဖြစ်သူအတွက်အဆင်ပြေသော်လည်း စုရွှေလျန်တစ်ခုခုဖြစ်လျှင် သူမရှေ့မှအားကောင်းသောထိုလူဆီမှ ရိုက်နှက်ခံရလျှင် တောင့်ခံနိုင်မည်မဟုတ်ပါ။
လင်းစစ်ယောင်က ရယ်ကာခေါင်းရမ်းလိုက်ပြီး မီးဖိုချောင်ထဲသို့လျင်မြန်စွာဝင်ကာ လျင်မြန်စွာပြန်ထွက်သွားပြီး အိမ်ထဲမှပြေးထွက်သွားသောအဒေါ်လောင်အားကြည့်နေမိသည်။ ထို့နောက် သူသည် ဝပ်တုတ်ထိုင်ကာ ပေါင်းပင်များကို ဆက်လက်ရှင်းလင်းနေသည်။
အာလူးပင်အားမည်သို့စိုက်ပျိုးရမည်ဆိုသောအတွေးဖြင့် လင်းစစ်ယောင်သည် ယမန့်နေ့က စိုက်ပျိုးရေးနှင့်ပက်သက်သည့်စာအုပ်များကို ဖတ်ရှုထားပြီးဖြစ်သည်။ ထို့ကြောင့် ဆောင်းရာသီရောက်လာသောအခါတွင် ၎င်းတို့စားနိုင်မည့်အစားအသောက်အမျိုးမျိုးရှိနေပေလိမ့်မည်။ သူသည် စုရွှေလျန်တစ်ယောက် ဆန်ပြုတ်တစ်ပန်းကန်သောက်ကာ မန့်ထုံတစ်ဝက်စားပြီးသည်ကို ကြည့်ပြီးနောက်တွင် လင်းစစ်ယောင်မြို့ထဲသို့ ထွက်ခွာသွားသည်။ ထိုနေရာသို့ရောက်သောအခါတွင် ပြန်ရောက်လျှင်စိုက်ပျိုးရန် အာလူးမျိုးစေ့များကိုဝယ်ယူခဲ့သည်။ ကျန်သောနေရာလပ်အတွက်မူ မြောင်းသုံးခုဖော်ပြီးဖြစ်ကာ စုရွှေလျန်အား ဦးလေးဖန် ပေးထားသောမျိုးစေ့များစိုက်ပျိုးရန် စီစဉ်ထားသည်။ ဆောင်းရာသီအတွက်သင့်လျော်သောအပင်များကိုသာစိုက်ပျိုးခဲ့သည်။
ပေါင်းပင်များရှင်းလင်းကာ မြေကြီးကိုပျော့ပျောင်းစေပြီးနောက်တွင် လင်းစစ်ယောင်တစ်ယောက် ခြံစည်းရိုးအပြင်ဘက်ထွက်လာကာ မြစ်ဘက်ဆိပ်ခံတံတားလေးရှိရာသို့ သွားပြီး ခြေလက်နှင့်မျက်နာကို ဆေးကြောသန့်စင်လိုက်သည်။
သူသည် သိုင်းလေ့ကျင့်သည့်တိုင်းများကို တစ်ချက်ကြည့်လိုက်ကာ မျက်လုံးကအရောင်လက်သွားသည် (သိုင်းကားတွေမှာပါတယ် တိုင်လုံးအများကြီးပေါ်မှာ သိုင်းကျင့်တာမျိုး)။ သူ၏အမျိုးသမီးသည် သိုင်းလေ့ကျင့်တိုင်များတည်ဆောက်ခိုင်းရသည့်အကြောင်းကို မည်သည့်အခါမျှ ခန့်မှန်းမိလိမ့်မည်မဟုတ်ပေ။ သူ၏သိုင်းပညာဖြင့်ဆိုလျှင် ထိုသို့သောလေ့ကျင့်ရေးပစ္စည်းမျိုးမလိုအပ်ပါ။ အနာဂတ်တွင် သူနှင့် စုရွှေလျန်၏ ကလေးအတွက် ရုတ်တရက်တွေးမိသွားကာ လုပ်ထားခြင်းဖြစ်သည်။
မြစ်ဘေးတွင် ရပ်လိုက်ကာ နေရောင်အောက်တွင်ရေချိုးလိုက်သည်။ လင်းစစ်ယောင်သည် လှပအားအေးချမ်းသောပန်းချီကားသဖွယ်ဖြစ်နေသည်။ သူသည် မိန်းကလေးနှစ်ယောက်အား ထမင်းစားခေါ်ရန် ရည်ရွယ်ထားသည်။
ခြင်းထဲရှိ ဝက်သားနီနှပ်၏အနံ့ကိုရသော ဝံပုလွေပေါက်နှစ်ကောင်သည် စားစရာများထားသောလေးထောင့်ပုံစားပွဲဝိုင်းပတ်ချာလည်တွင် လှည့်ပတ်နေကြသည်။ ၎င်းတို့သည် များပြားလှစွာသောအကျိုးဆက်အကြောင်းမသိပါလျှင် စားပွဲပေါ်မှာအစားအသောက်များကို ခိုးယူသွားကြပေမည်။
ဝံပုလွေပေါက်နှစ်ကောင်သည် အစားအသောက်ခြင်းကို အငမ်းမရဖြစ်နေကြသည်။ သို့သော်လည်း လင်းစစ်ယောင်ထွက်လာသည်ကို တွေ့လိုက်သောအခါတွင် ခေါင်းမော့ထားကြကာ အမြီးလေးများရမ်းခါပြကြည်။ ၎င်းတို့သည် ကလူမြူနေကာ မနေ့ကကဲ့သို့ အစာများချပေးရန် မျှော်လင့်နေကြသည်။
မှန်ပေသည်။ မနေ့မှဝက်သားပေါင်းပင်ဖြစ်သည်။ သို့သော်လည်း စုရွှေလျန်သည် ထွက်စားရန်ငြင်းဆန်ခဲ့သောကြောင့် လင်းစစ်ယောင်က အသားပါးပါးနှစ်ခုကိုယူကာ မန့်ထုံထဲတွင်ညှပ်ပြီး ပန်းထိုးခန်းထဲသို့ယူသွားပေးသည်။ ကျန်ရှိသောသုံးခုသည်မူ တစ်ခုအားသူစားလိုက်ပြီး ကျန်သောနှစ်ခုအား ဝံပုလွေများအားပေးလိုက်သည်။ ၎င်းတို့စားသောအရာများထဲတွင်အသားမပါလျှင် အားနည်းလာကြပေမည်။
ထိုအတွေးဖြင့် လင်းစစ်ယောင်သည် တောင်ပေါ်သို့သွားကာ ဝံပုလွေများစားရန် တောကောင်းများများအမဲလိုက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် သူသည် ဆောင်းရာသီအတွက် စုရွှေလျန်ပြုလုပ်ရန် သားမွေးအခံ၊ သားမွေးလက်ပတ်နှင့် သားမွှေးအင်္ကျီများအတွက် သားမွှေးများလည်း ပို၍စုဆောင်းနိုင်ပြီဖြစ်သည်။ သူ့တွင်အတွင်းအားရှိသောကြောင့် အေးစက်သောရာသီဥတုသည် ၎င်းအားမနှောင့်ယှက်နိုင်ပေ။ သို့သော် စုရွှေလျန်မှာမူ မတူပေ။ ဆောင်းဦးရာသီပင်ဖြစ်သော်လည်း သူမသည် အပေါ်ထပ်နှစ်ထပ်ဝတ်နေရသည်။ ဆောင်းရာသီရောက်လာလျှင် သူမခဲ၍သေသွားနိုင်သည်လော။
သူမသည် ဂုဏ်ဒြပ်ရှိသည့်မိသားစုမှဟု ပြောနိုင်ပေသည်။ သူမအတွက်မူ ဆောင်းရာသီများသည် အနွေးဓာတ်ကောင်းကောင်းရသောအိမ်ထဲတွင်သာ နေသင့်သည်။ သို့သော် ယခု ၎င်းတို့တွင် အပူပေးကျောက်ပြားရှိသောကြောင့် ချမ်းသာသောမိသားစုများ၏ အနွေးဓာတ်ရသည့်အိမ်များဖြင့် နှိုင်းစားနိုင်ပေသည်။
စိတ်ထဲတွင် ထိုအတွေးဖြင့် လင်းစစ်ယောင်က ခြင်းထဲမှစားစရာများအား စားပွဲပေါ်တွင်ချလိုက်သည်။ ထို့နောက် သူသည် အသားနှစ်ခုကိုထုတ်ယူလိုက်ပြီး ဝံပုလွေများ၏ စွပ်ပြုတ်ဇလုံကြီးထဲတွင် မန့်ထုံနှင့်အတူထည့်ပေးလိုက်သည်။ သူသည် ခွေးအိမ်ရှေ့သို့ဇလုံကိုယူလာကာ ဝံပုလွေများကိုတစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့အား လောဘမတက်ရန် ပြောနေသကဲ့သို့ပင်။
ဝံပုလွေပေါက်နှစ်ကောင်က အသားကိုအငမ်းမရစားသောက်ကြကာ မန့်ထုံကိုမူတစ်စစီကိုက်ကာ လင်းစစ်ယောင်က ၎င်းတို့အား သနားစဖွယ်ကြည့်နေမိသည်။ သူပြောလိုက်သည့်အခါတွင် ၎င်းတို့အမူအရာသည်လျင်မြန်စွာပြောင်းသွားပေသည်။
"ငါတို့ ဒီညနေကျအမဲလိုက်သွားကြမယ်"
လင်းစစ်ယောင်က ခေါင်းရမ်းကာရယ်လိုက်ပြီး စုရွှေလျန်နှင့် ရှီချွေ့အားနေ့လည်စာစားရန်ခေါ်ရန်အတွက် ပန်းထိုးအခန်းထဲသို့ ဝင်သွားလေသည်။
***