← Chapters

ဒုသခင်ပြန်လာပြီ

Vol. 116 Ch. 1615

ဒုသခင်ပြန်လာပြီ

Vol. 116 Ch. 1615

မည်သို့ပင်ဆိုစေကာမူ နောက်တစ်ချိန်ကျလျှင် မိသားစုခေါင်းဆောင် ထောင်သည် ထောင်ယိရွှမ် နှင့်နောက်ကွယ်လူကို ရွေးရပေတော့မည်။

သူသည် ကိုယ်တိုင်တိုက်ခိုက်ခြင်းမဟုတ်သော်လည်း ထောင်ယိရွှမ် အတွက် ပြင်းထန်သော ထိခိုက်မှုကိုဖြစ်စေသည်။

ရှီမာယူယူသည် ခေါင်းလှည့်ပြီး သူ့အခန်းရှိရာသို့ ကြည့်လိုက်သည်။ သူ သည် သူတို့ပြောသည့် စကားများကို ကြားနိုင်သည်။ သို့သော် သူ မည်သို့ စဉ်းစားကြောင်းကိုတော့ မည်သူမှမသိနိုင်ပေ။

သူ့ကို အချိန်တစ်ခုပေးထားသည်က ကောင်းမည်။

“မိသားစုခေါင်းဆောင်က ဘာလို့အဆိပ်ဖြေဆေးတောင်းတာလဲ မသိဘူး” သခင်ကြီးဂျီ ဆက်ပြောလေသည် “အဆိပ်ခတ်မယ့်လူကို သတ်မလို့ သဲလွန်စ ဖျောက်တာဖြစ်မယ်”

“အဲဒါကထောင်ယိရွှမ်အတွက် ဖြစ်မယ်လို့ ဘာလို့ထင်မထားတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အဆိပ်ကိုကုချင်တယ်ဆိုရင် နာကျင်မှုကို သက်သာ စေမယ့် ဆေးနှစ်မျိုးပြင်ဆငထားတာ ကောင်းမယ်လို့ အဲတုန်းက သူ့ကို ပြော လိုက်တယ်၊ မဟုတ်ရင် အဆိပ်မိတဲ့သူက ခံနိုင်မှာမဟုတ်ဘူးလို့… သူက နားလည်တယ်လို့ပြောသွားတာပဲ ဒါပေမဲ့ ဘာမှထပ်မတောင်းဘဲ အဆိပ် ဖြေဆေးကိုယူပြီး ထွက်သွားလိုက်တာပဲ”

“အလောင်းကို ဖျက်ဆီးပြီး ခြေရာလက်ရာဖျောက်ဖို့အထိတော့ မပြင်းထန်ဘူးမလား ရှင်လည်းဒီမှာရှိနေသေးတာပဲလေ” ရှီမာယူယူ သူ့ကိုစိုက် ကြည့်လိုက်သည် “ရှင်အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ရှိသေးတယ် လေ”

သခင်ကြီးဂျီသည် ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည် “မင်းက ငါ့ အကြောင်းမသိသေးဘူး ပုံမှန်ဆိုရင် ငါက တခြားသူအတွက် ဆေးမဖော်ပေးဘူး”

သူပြောပြီးသည်နှင့် ခေါင်းမော့ကာ သူမကို စိုက်ကြည့်လေသည်။ သူမ အကြပ်ကိုင်ပြီး ခြိမ်းခြောက်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် သူမ အတွက် ဆေးဖော်ပေးမည်မဟုတ်ပေ။

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ အကြည့်ကိုကြည့်သည်နှင့် ဆိုလိုသည့် အဓိပ္ပာယ်ကိုသိသည်။ သူမသည် နှာခေါင်းကို ထိကိုင်ကာ ပါးမို့များတက်အောင် ရယ်မောလိုက်သည် “ကျွန်မက ပုံမှန်ကိစ္စမဟုတ်ဘူးလေ၊ ကျွန်မက သခင်ကြီး ကိုပြစ်မှားမိတာမှန်းသိပါတယ်၊ တောင်းပန်တဲ့အနေနဲ့ ဝိုက်တစ်ခွက် ဂုဏ်ပြု မယ် ဟုတ်ပြီလား”

“မင်းက အမြဲတမ်းအဲလိုကိစ္စတွေလုပ်တာလား၊ ဘုန်းကြီးခေါင်းခေါက်ပြီး မှ ကန်တော့ကန်တော့လုပ်တာလေ” သခင်ကြီးဂျီသည် ခွက်ကိုကိုင်ကာ သူမ နှင့် ခွက်ချင်းတိုက်ကာ ပါးစပ်အပြည့်သောက်လိုက်သည်။

“ဟီးဟီး  အမြဲတော့အဲလိုမဟုတ်ပါဘူး ရံဖန်ရံခါပါ” ရှီမာယူယူ ဆက်ပြော လေသည် “ကျွန်မလည်းမတတ်သာလို့အဲလိုလုပ်တာပါ”

“မင်းက သခင်လေးနဲ့ အပေးအယူလုပ်ထားတယ်လို့ ပြောတယ်မလား အဲဒါဘာလဲ”

ရှီမာယူယူသည် ခေတ္တမျှတွေဝေသွားပြီးနောက် လူရှာမည့်အကြောင်းကို ပြောပြလိုက်သည်။

“အဲတော့ မင်း ပျောက်ဆုံးနေတဲ့နယ်မြေကိုလာတာက ဆရာတွေကို လာ ရှာတာပေါ့” သခင်ကြီးဂျီ ပြောလိုက်သည်။

“အင်း သူတို့က ကျွန်မအတွက်နဲ့လာခဲ့တာ အခု သူတို့ကပျောက်နေတော့ ဘယ်လိုလုပ် ဒီအတိုင်းလွှတ်ထားနိုင်မှာလဲ” ရှီမာယူယူသည် သက်ပြင်းရှည်ချ လိုက်သည် “သူတို့ ဒီမှာဒုက္ခမတွေ့နေဖို့မျှော်လင့်တာပဲ”

“မင်းဆရာက တပည့်လိမ္မာလေးရထားတာပဲ” သခင်ကြီးဂျီသည် သူတို့ ကို အားကျသလိုကြည့်လေသည်။

သူမ ရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ စိတ်ရင်းအမှန်ကပင် ရင်ထဲ ထိလောက်ကစရာပင်ဖြစ်သည်။ သူသည် ဆေးပင်များဖြင့်ပြည့်နေသော ခြံဝန်း ထဲတွင် ပြေးလွှားနေသော ကလေးငယ်ကိုကြည့်ပြီး သူ့အတွက် မည်သည့် အဓိပ္ပာယ်ရှိမည်ကို သိချင်မိသည်။

ထိုအခိုက်တွင် တံခါးခေါက်သံမှာ အလောတကြီးထွက်လာရာ သူတို့ စကားပြောနေသည့် ခံစားချက်မှာ ပျောက်သွားလေသည်။

ကလေးသည် တံခါးသွားဖွင့်ပြီး အပြင်မှထိုလူကိုမေးလိုက်သည် “ဘာကိစ္စရှိလို့လဲ”

“သခင်ကြီးဂျီအထဲမှာရှိလား မိသားစုခေါင်းဆောင်က သူ့ကိုချက်ချင်းလာ ခိုင်းနေတယ်” အပြင်မှလူသည် ပူပန်စွာပြောလေသည်။

“ကျွန်တော့် ဆရာအလုပ်များနေတယ်” ကလေးသည် ဆရာဖြစ်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ သူသည် ပြောပြီးသည်နှင့် တံခါးပိတ်လိုက်သည်။

“သခင်လေး တံခါးမပိတ်လိုက်ပါနဲ့ မိသားစုခေါင်းဆောင်ဆီက အမိန့်မို့လို့ ပါ ဒုသခင် ပြဿနာတက်နေပါတယ် မိသားစုခေါင်းဆောင်က ချက်ချင်းလာ ကြည့်ခိုင်းနေလို့ပါ”

“ဒုသခင် ဒုက္ခရောက်တာ ကျွန်တော့်ဆရာနဲ့ဘာဆိုင်လို့လဲ ခင်ဗျားမသွား ရင် အဆိပ်လွှတ်လိုက်မှာနော်” ကလေးသည် ခြိမ်းခြောက်လေသည်။

“ဒုသခင်က တကယ်ပဲ ဒုက္ခရောက်နေလို့ပါ သခင်ကြီးဂျီကို ပြောပေးပါ ဒီမှာ မိသားစုခေါင်းဆောင်ရဲ့ တံဆိပ်ပြားယူလာပါတယ်လို့” အစောင့်၏အသံ သည် အလွန်ပင် စိုးရိမ်သံပေါက်နေရာ ဒုသခင်သည် အခြေအနေဆိုးနေသည့်ပုံ ပေါ်သည်။

အစပိုင်းတွင် ရှီမာယူယူသည် ဒုသခင်အကြောင်းကြားလိုက်ချိန်တွင် ရင်များခုန်သွားသည်။ သူ အသက်ရှင်လျက်ပြန်လာမည်ဟု သူမ ထင်မထားပေ။ အဲဒီအမျိုးသမီးက သူ့ကိုသတ်လိုက်တာမဟုတ်ဘူးလား။

ထိုအစောင့် စိတ်ပူနေသည်ကို ကြည့်ပြီး ဒုသခင်ထောင် မည်သို့ဖြစ်မည် ကို သူမ သိချင်လာသည်။

ထိုအရာကို စဉ်းစားမိသည်နှင့် သူမသည် သခင်ကြီးဂျီရှေ့တွင်ရပ်ပြီး အရိုအသေပြုကာ ပြောလိုက်သည် “သခင်ကြီး ဒုသခင်က ဒုက္ခရောက်နေပြီး တော့ ခေါင်းဆောင်ကလည်း ဖိတ်ဖို့လူလွှတ်လိုက်တာပဲ ကျွန်မတို့က ဘာလို့ မသွားရမှာလဲ”

သူမ ပြောပြီးသည်နှင့် အစောင့်သည် သခင်ကြီးဂျီ ခြံဝန်းထဲတွင်ရှိသည် ကို သိလိုက်သည်။ သူ၏နေရာမှ မမြင်ရရုံသာဖြစ်သည်။

“သခင်ကြီးဂျီ ခေါင်းဆောင်က သေချာပေါက်လာခိုင်းနေပါတယ်” သူသည် ခြံဝန်းဆီသို့ အော်လိုက်သည်။

သခင်ကြီးဂျီသည် အစေခံပုံစံဖမ်းနေသော ရှီမာယူယူကို မျက်မှောင် ကြုတ်ရင်းကြည့်လိုက်သည်။

…. မင်းက သွားပြီး ပြပွဲကိုကြည့်ချင်သေးတာလား။

ရှီမာယူယူသည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

…. ဇာတ်လမ်းတချို့ကြည့်တာ ဘာမှအရှုံးမရှိဘူးလေ။ ဒီမှာ သူမကိုယ် သူမ ပိတ်ထားတာထက်စာရင် ကောင်းတာပဲလေ။

“အဲလိုဆိုမှတော့ သွားပြီးကြည့်ကြတာပေါ့”  သခင်ကြီးဂျီသည် ရှီမာယူယူ ကို ခေါ်ထုတ်သွားပြီး ကလေးကိုပြောလိုက်သည် “မင်းအိမ်ကိုသေချာကြည့် ထားနော်၊ ငါတို့ခြံဝန်းက အဆိပ်ရှိတဲ့ပစ္စည်းတွေနဲ့ပြည့်နေတာ ဘယ်သူ့ကိုမှ အဝင်မခံနဲ့”

“နားလည်ပါပြီဆရာ” ကလေးသည် ကျိုးနွံစွာ ပြန်ဖြေလေသည်။

ရှီမာယူယူသည် သူ့မျက်နှာမှအကြည့်ကိုမြင်သောအခါ အစောပိုင်းက အကြည့်ကို မှတ်မိသွားသည်။ သူသည် ကြီးလာလျှင် ရှီချန်းကျိထက်ပင် ပို၍ ခက်ထန်လိမ့်မည်ဟု သူမ တွေးနေမိသည်။

ခြံဝန်းအပြင်မှ အစောင့်သည် သခင်ကြီးဂျီအနောက်မှ အစေခံကိုမြင်‌ သောအခါ အံ့ဩသွားသည်။

သခင်ကြီးဂျီက အမြဲတမ်းတစ်ယောက်တည်းနေပြီး မိန်းကလေးတွေနဲ့ ရောရောနှောနှောမရှိဘူးလေ။ သူ့မှာ ဘယ်တုန်းကစပြီး အစေခံရှိသွားတာလဲ။

“အရေးကြီးတယ်လို့မပြောဘူးလား ဒီမှာဘာလို့ရပ်နေတာလဲ” သခင်ကြီး ဂျီသည် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

“ဟုတ် ဟုတ် ဟုတ် သခင်ကြီးဂျီ ကျွန်တော့်နောက်လိုက်ခဲ့ပါ”

အစောင့်သည် သူတို့ကို ဒုသခင်ထောင်၏ ခြံဝန်းဆီသို့ ခေါ်သွားရာ ထိုနေရာသို့ရောက်မှပင် အခြေအနေကိုသိရတော့သည်။

“ဒုသခင်ထောင်က ယုန်နားရွက်တောင်ကနေပြန်လာပြီး အဆိပ်မိလာ ပြီးတော့ အဲဒီမိစ္ဆာအိုကြီးကို သွားစော်ကားတယ်လို့ ပြောလိုက်တာလား” ရှီမာယူယူသည် အလန့်တကြားအော်လိုက်သည်။

သူ ယုန်နားရွက်တောင်သို့သွားပြီးနောက် မိစ္ဆာအိုကြီးအား ဒုသခင်ထောင် အာရုံစိုက်စေရန် သူမ ပြုလုပ်ခဲ့သည်။ အဲလူကြီးက တကယ်ပဲ မိစ္ဆာအိုကြီးကို တကယ်ပဲ သွားစော်ကားမယ်လို့ ဘယ်သူထင်မိမှာလဲ။

“ဒုသခင်က ကံကောင်းလို့ အဲလူလက်ထဲက လွတ်လာတာ” သခင်ကြီးဂျီ သည် အဖြူရောင်ဝတ်ထားသော မိန်းကလေးမှာ ကြောက်စရာကောင်းလောက် အောင် အားကောင်းသည်ကို သိသည်။

“ဒုသခင်က မလွတ်ဘူး အဲမိန်းကလေးကလွှတ်ပေးလိုက်တာ” အစောင့် ဆက်ပြောလေသည် “အဲမိန်းကလေးက ထောင်မျိုးနွယ်နဲ့ သူမကြားက ဆက်သွယ်မှုကြောင့် သူ့ကိုလွှတ်ပေးလိုက်မယ်လို့ပြောလိုက်တာ ဒါပေမဲ့ အသက်ဘေးကလွတ်သွားပေမဲ့ အသက်အန္တရာယ်ကတော့ မလွတ်သေးဘူး သူမ လက်ဝှေ့ယမ်းလိုက်တာနဲ့ ဒုခသင်မေ့လဲသွားခဲ့တယ်၊ အစောင့်တွေက ဒုသခင်ကိုပြန်ခေါ်လာရတယ် ခေါင်းဆောင်လည်း သမားတော်ကို ဖိတ်ပြီး ကြည့်ခိုင်းတယ် သမားတော်က သူ အဆိပ်မိနေတယ်လို့ ပြောတယ်၊ သူတို့ လည်း ဘာမှမတတ်နိုင်ကြဘူး အဲဒါကြောင့် သခင်ကြီးဂျီကိုကြည့်ဖို့လာခေါ်တာ ပါ”

ရှီမာယူယူသည် မေးစေ့ကိုပွတ်လိုက်သည်။ သူမနှင့် ထောင်မျိုးနွယ်တို့ အကြားတွင် အပတ်အသက်ရှိလိမ့်မည်ဟု သူမ ထင်မထားပေ။ ဤတစ်ကြိမ် တွင် ဒုသခင်သည် အသက်မဆုံးရှုံးလိုက်ရသော်လည်း သတိမေ့မြောနေသည်။

လျင်မြန်စွာပင် လူတစ်စုသည် ဒုသခင်ထောင်၏ ခြံဝန်းဆီသို့ရောက်ကာ အစောင့်သည် ဒုသခင်အိမ်ဆီသို့ သူတို့ကိုခေါ်သွားလိုက်သည်။ တစ်ချိန်တည်း မှာပင် လူတစ်ယောက်သည် အိမ်ထဲမှထွက်လာရာ အစောင့်များသည် လျင်မြန် စွာပင် နှုတ်ဆက်လိုက်သည် “ခေါင်းဆောင် သခင်ကြီးဂျီရောက်လာပါပြီ”

ရှီမာယူယူသည် ခေါင်းမော့ပြီးကြည့်လိုက်ရာ အားမာန်အပြည့်ပုံစံရှိသော ယောက်ျားကြီးတစ်ယောက်ကို တွေ့လိုက်သည်။ သူ၏ မျက်နှာအချိုးအစားမှာ ထောင်ယိရွှမ်နှင့် ဆင်တူခြင်းမရှိပေ။ ထို့ကြောင့် သူသည် မိခင်ဖြစ်သူနှင့်တူရ မည်ဟု သူမ ခန့်မှန်းလိုက်သည်။

မိသားစုခေါင်းဆောင်ထောင်သည် သခင်ကြီးဂျီကို မြင်သည်နှင့် အမြန်ပင် နှုတ်ဆက်လိုက်သည် “သခင်ကြီးဂျီ မြန်မြန်လေး ကျုပ်ရဲ့ညီလေးကို ကြည့်ပေး ပါဦး သူ ဘာအဆိပ်မိထားတာလဲ သူကဘာလို့ မေ့မြောနေတာလဲ”

“မိသားစုခေါင်းဆောင် စိတ်အေးအေးထားပါ ကျုပ်ရောက်လာမှတော့ ဒုသခင်ကို ကောင်းကောင်းလေးကြည့်ပေးပါမယ်” သခင်ကြီးဂျီသည် အိမ်ထဲသို့ ဝင်သွားရင်းနှင့် ပြောလိုက်သည်။

ရှီမာယူယူသည် သူ့နောက်မှလိုက်သွားသော်လည်း ခေါင်းဆောင်ထောင် ကတားလိုက်လေသည်။

“မင်းကဘယ်သူလဲ”

***

All Chapters