ငါ့အတွက်ကလေးလေးမွေးပေးပါ
Vol. 2 Ch. 44
အဆုံးသတ်တွင် လင်းစစ်ယောင်သည် သဘောတူမတူကို ပြန်ပြောရန် ပါးစပ်မဟပေ။ ထျန်းတပေါင်ကိုသာ လက်မောင်းမှမ၍ ဆွဲခေါ်လိုက်ပြီး ဖန်းဟွာမြို့သို့ ရှောင်ရွှယ်နှင့်အတူ ပြန်လာခဲ့သည်။ ထျန်းအိမ်ကို ဖြတ်ကျော်လာသောအခါတွင် ထျန်းတပေါင်ကိုချပေးကာ အိမ်သို့ပြန်သွားသည်။ ကောင်လေးသည် လေးစားမှုအပြည့်ဖြင့် ကြည့်နေသောမျက်ဝန်းများကို ဂရုမစိုက်ပေ။
"ပြန်လာပြီလား"
သူသည် လှည့်ကာ ဂိတ်တံခါးများကိုပိတ်ခါနီးတွင် လင်းစစ်ယောင်သည် ချယ်ရီပင်အောက်တွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ အမှောင်ထဲပင်ဆိုလျှင်မူ သူမ၏မျက်လုံးများသည် ပျော်ရွှင်မှုနှင့် ယုံကြည်စိတ်ချမှုတို့ဖြင့် ပြည့်နှက်နေသည်လော။ သူမသည် သူ့ကိုစောင့်ဆိုင်းနေသည်လော။
စုရွှေလျန်သည် အမှန်ပင် သူ့အားစောင့်နေခြင်းဖြစ်သည် ရှီချွေ့သည် မှောင်စပြုလာသောအချိန်မှပြန်သွားခြင်းဖြစ်ကာ သူမသည် ဆက်၍အပ်ချုပ်နေသော်လည်း ကြာသောအခါ အာရုံစိုက်၍မရတော့ပေ။ သူသည် အဘယ့်ကြောင့် ပြန်လာမရသေးဟုဆိုသောအကြောင်းကိုသာ စဉ်းစားနေမိကာ တစ်ခုခုများဖြစ်သွားခဲ့လျှင်ဆိုသောအတွေးဖြင့် စိတ်ပူလာမိသည်။နေ့လည်ကထားခဲ့သောမန့်ထုံများနှင့် ဝက်သားကြော်များကို အပူပြန်ပေးပြီးနောက်တွင်ပင် သူပြန်မလာသေးပေ။ လွန်စွာစိတ်ပူလာမိကာ ချယ်ရီပင်အောက်တွင် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
ကံကောင်းစွာဖြင့်ပင် သူသည် အိမ်သို့ဘေးကင်းကင်းဖြင့် ပြန်လာခဲ့ပေသည်။ ထိုသို့မှမဟုတ်လျှင် သူမမည်သို့လုပ်ရမည်ကို မစဉ်းစားတတ်တော့ပေ။ အမှန်သာဖြစ်လျှင် ထိုအတွေးရထားအား ဆက်မသွားချင်တော့ပေ။
လင်းစစ်ယောင်က မြေကြီးအလွတ်ပေါ်သို့ တိရစ္ဆာန်များကို ချထားလိုက်သည်။ သူသည် ရစ်ဌက်အသေးလေးအားကောက်ယူလိုက်ကာ တောကောင်များပေါ်တွင်သာမျက်စိကျနေသော ဝံပုလွေပေါက်နှစ်ကောင်ဆီသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
"မင်းတို့စားပြီးပြီဆိုရင် တံခါးကိုသေချာစောင့်ကြည့်ထားကြ။ ပြီးတော့ အခြားတောကောင်တွေကိုမထိနဲ့"
ထိုသို့ပြောပြီနောက် သူသည် စုရွှေလျန်အား မီးဖိုချောင်ထဲသို့ဆွဲခေါ်လာသည်။
"မစားတော့ဘူးလား"
ခြေလက်ဆေးကြောပြီးနောက်တွင် လင်းစစ်ယောင်က အသုံးပြုထားသည့်အရိပ်အယောင်မရှိသောပန်းကန်များကိုကြည့်လိုက်သည်။ စုရွှေလျန်က တဘက်အခြောက်တစ်ထည်အား ကမ်းပေးလိုက်သည်။
"ဘာဖြစ်တာလဲ"
တဘက်အား ပဝါတန်းပေါ်သို့ သာမန်ကာလျှံကာပစ်တင်လိုက်သည်။ သူမအားထိုင်ခုံပေါ်တွင် မထိုင်ခိုင်းခင်တွင် ထိုအမျိုးသမီးလေးအား ဖက်လိုက်သည်။ သူသည် ဒူးထောက်ထိုင်လိုက်ကာ မျက်နှာချင်းဆိုင်လိုက်သည်။
"ရွှေလျန်?"
သူမ၏ပိုးကဲ့သို့နူးညံ့သောလက်လေးများကို ဆုပ်ကိုင်လိုက်ပြီးခေါ်လိုက်သည်။ သူမက မျက်မှောင်ကြုတ်နေသောကြောင့် မရှင်းမလင်းဖြစ်နေပေသည်။
“အားယောင် နောက်တစ်ခေါက်ကျရင် အန္တရာယ်များတဲ့ အဲ့တောအုပ်ထဲကို မသွားပါနဲ့"
သူမသည် စိတ်တွင်းရှိစိုးရိမ်ပူပန်မှုများကို ပြောပြလိုက်ပေသည်။
"တစ်ခုခုဖြစ်ခဲ့လို့လား"
လင်းစစ်ယောင်က တစ်သားတည်းဖြစ်နေသောသူ၏မျက်ခုံးမွှေးလေးများကို ကြင်နာစွာပွတ်သပ်ပေးလိုက်သည်။
"ကျွန်မ...ရှင့်ကိုစိတ်ပူတယ်..."
စုရွှေလျန်က စကားအချို့ပြောပြီးနောက်တွင် သူမအစိုးရိမ်လွန်နေသည်ကို သဘောပေါက်သွားပေသည်။ သူသည် သိုင်းပညာကိုကျွမ်းကျင်သောကြောင့် မတော်မဆဖြစ်နိုင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် လည်ချောင်းထဲမှထွက်အန်ကျလာမည့်စကားလုံးများကို ရပ်တန့်လိုက်ကာ လက်များကိုသာ ငုံ့ကြည့်နေပြီး ဆက်၍မပြောတော့ပေ။
"ဟားဟား..."
လင်းစစ်ယောင်က ခိုးခိုးခစ်ခစ်ရယ်လိုက်ပြီး သူမအား သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
"ငါ့ကိုစိတ်ပူတာလား"
စုရွှေလျန်သည် သူ၏အေးစက်စက်ရယ်သံအား ကြားလိုက်ရသောအခါတွင် နားများနီရဲတက်သွားပေသည်။
"ငါဘာမှဖြစ်မှာမဟုတ်ပါဘူး။ ဒီနေ့ ရှောင်ရွှယ်က စိတ်လှုပ်ရှားပြီး အဝေးကြီးပြေးနေလို့"
လင်းစစ်ယောင်က ညင်ညင်သာသာရှင်းပြလိုက်သည်။ ထို့ထက်သာကြာနေလျှင် သူမသည် အိမ်မှထွက်ကာ ဝံပုလွေပေါက်ဖြင့် တောအုပ်နေရာအနှံ့အား လိုက်ရှာပေတော့မည်။
"အင်း"
စုရွှေလျန်ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း မျက်နှာပေါ်ကရှက်နေသည့်အရိပ်အယောင်သည် ကွယ်ပျောက်သွားပေသည်။
"စားကြရအောင်။ နောက်ကျမှပြောကြမယ်"
လင်းစစ်ယောင်က မန့်ထုံတစ်လုံးကိုယူကာ သူ၏ချီဓာတ်ဖြင့်အပူပေးလိုက်ပြီး တစ်ခြမ်းခြမ်းကာ ဝက်သားများသွပ်လိုက်သည်။ ထို့နောက် စုရွှေလျန်အား ကမ်းပေးလိုက်ကာ ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။ သူမအား ဖြည်းဖြည်းစားရန်ပြောကာ မိမိဘာသာလည်း စားပေသည်။
ညစာစားပြီးနောက်တွင် ရေချိုးကြပေသည်။ အိပ်ခန်းသို့ပြန်လာကြသောအခါတွင် တံခါးများနှင့် ပြတင်းပေါက်များကိုပိတ်လိုက်သည်။
လင်းစစ်ယောင်သည် မိမိဘာသာဆေးကြောသန့်စင်ပြီးနောက်တွင် အတွင်းဝတ်ထပ်လိုက်သည်။ လက်တစ်ဖက်တွင် ဆီမီးအိမ်ကိုင်ထားပြီး အခြားတစ်ဖက်က စုရွှေလျန်၏လက်အားကိုင်ထားကာ တပေါင်နှင့် ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြနေသည်။
"အမ် အဲ့လိုဆို ထျန်းအိမ်ရဲ့ ထျန်းတပေါင်က သူ့ကိုတပည့်အဖြစ် လက်ခံစေချင်တာလား"
စုရွှေလျန်က ထူးဆန်းသည်ဟု ထင်မိသည်။ ထျန်းတပေါင်သည် အဘယ့်ကြောင့် ရုတ်တရက် လင်းစစ်ယောင်၏တပည့်ဖြစ်ချင်လာရပါသနည်း။ သို့သော် သူသည် သူမအား ပြောပြပြီးဖြစ်သောကြောင့် ထိုတောင်းဆိုချက်အားစဉ်းစားနေသည်ဟု ဆိုလိုခြင်းပင်။
"အင်း သူကငါကိုယ်ဖော့သိုင်းသုံးတာမြင်ပြီး စပ်စုချင်တာဖြစ်မယ်"
လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်ကာ စုရွှေလျန်အား အိပ်ရာဘေးတွင်ထိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူသည်လည်း အိပ်ရာပေါ်တွင်ထိုင်ကာ စုရွှေလျန်အား ဖက်ထားပေသည်။ ထိုခံစားချက်သည် လွန်စွာစိတ်ကျေနပ်စရာကောင်းလှ၏။ လင်းစစ်ယောင်က ပြုံးလိုက်ကာ စုရွှေလျန်မှအနမ်းတစ်ပွ့င်ခိုးယူလိုက်သည်။
"အဲ့လိုဆိုရင် သူ့ကိုလက်ခံမှာလား"
စုရွှေလျန်က ရှက်ရှက်ဖြင့် သူမ၏လက်နှစ်ဖက်ကို သူ၏ပါးပေါ်တွင်တင်ထားလိုက်ပြီး ညင်သာသောသူ၏နှုတ်ခမ်းအား လက်ခံလိုက်သည်။
"အခုတော့မဟုတ်သေးဘူး"
သူကခေါင်းခါပြလိုက်သည်။ သူသည် မည်သည့်တပည့်မျှလက်ခံရန် အစီအစဉ်မရှိပါ။ သို့သော်လည်း အိမ်ပြန်လာကာ သူ့အားတွေ့လိုက်သောအချိန်တွင် အနှေးနှင့်အမြန် ကလေးတစ်ယောက်ရှိလာရမည်ဟု သဘောပေါက်သွားသည်။ ထို့ကြောင့် သိုင်းပညာကျွမ်းသောအခြားသူတစ်ယောက်ရှိလျှင်လည်း မဆိုးဟုထင်မိသည်။
"ဒီနေ့ မင်းကညဘက်လူဆိုးသူခိုးတွေအားလုံးကို ဆွဲသွင်းဖို့များ ရည်ရွယ်နေတာလား"
သူက ရယ်ကာ နူးညံ့စွာမေးလိုက်သည်။ လတ်လတ်လောလောစကားအား ဆက်၍မပြောချင်တော့ပေ။ ထိုသူသည် ငယ်ရွယ်သော်လည်း စိတ်ပိုင်းဆိုင်ရာမဖွံ့ဖြိုးသောကောင်လေးဖြစ်ကာ ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။
စုရွှေလျန်က ရယ်လိုက်ကာ ညဉ်းတွားရင်းဖြင့် သူ၏ရင်ဘတ်အား အချက်ပေါင်းများစွာရယ်လိုက်သည်။
"ရှင့်အမှားပဲ။ ရှင်ဒေါသဖြစ်မှာကြောက်နေတာ"
“ရွှေလျန်...”
လင်းစစ်ယောင်က သူ၏ရယ်သံလေးအား ကြားလိုက်ရကာ ညင်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။
"ငါစိတ်မတိုပါဘူး။ မင်းရဲ့ကျန်းမာရေးကိုပဲ စိတ်ပူတာပါ။ အဲ့တာအပြင် အပြင်ဘက်မှာအကြာကြီးထိုင်နေရင် မင်းခန္ဓာကိုယ်အတွက်မကောင်းဘူးလေ"
"အင်း ကျွန်မနားလည်ပြီ"
စုရွှေလျန်သည် သူ၏ရင်ဘတ်ပေါ်တွင်အနားယူလိုက်ကာ သူ၏နှလုံးခုန်သံခပ်ပြင်းပြင်းအား နားထောင်နေသည်။ ထိုနှလုံးခုန်သံက လုံခြုံမှုကို ခံစားရစေသည်။
"မင်းတကယ်နားလည်ရဲ့လား"
လင်းစစ်ယောင်က မျက်ခုံးပင့်ကာ တခစ်ခစ်ရယ်လိုက်သည်။ တစ်ချက်လှည့်လိုက်သောအခါတွင် သူမက သူ၏ခန္ဓာကိုယ်အောက်သို့ ရောက်သွားသည်။ သူမ၏ခေါင်းမှ ကျောက်စိမ်းဆံထိုးအား ဆွဲယူလိုက်ကာ ခေါင်းအုံးပေါ်တွင်နူးညံ့သောဆံကေသာများကို ဖြန့်ကျက်လိုက်သည်။
စုရွှေလျန်သည် အဆုံးအစမဲ့မီးကဲ့သို့ပူသောအချစ်အား နှစ်ကြိမ်မျှတွေ့ကြုံခံစားပြီးဖြစ်သော်လည်း သူ၏လောင်ကျွမ်းတောက်လောင်နေသောအကြည့်များကို ကြည့်လိုက်သောအခါတွင် ရှက်သွားမိကာ ဘာလုပ်ရမည်ကိုမသိတော့ချေ။
“ရွှေလျန်...”
လင်းစစ်ယောင်က သူမ၏နာမည်ကို အသံခပ်တိုးတိုးဖြင့်ခေါ်ကာ အတွင်းပါးပါးလေးအား ချွတ်လိုက်သည်။ သူမ၏နူးညံ့သောခန္ဓာကိုယ်လေးအား ညင်သာစွာဖုံးကွယ်လိုက်သည်။
လက်နှစ်ဖက်လုံးက သူမ၏တုန်ရီနေသောခန္ဓာကိုယ်လေးပေါ်တွင် သွားလာနေကာ
"ငါ့အတွက် ကလေးလေးမွေးပေးမယ်မလား"
နားအဖျားလေးအား ကိုက်လိုက်ပြီး တီးတိုးဆိုလိုက်ပေသည်။
"အင်း"
မျက်လုံးများဝေဝါးနေသော စုရွှေလျန်က ရှက်သွေးဖြာသွားကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏လှုပ်ရှားမှုများတွင် သူမညီးတွားမိသည်။ စုရွှေလျန်က လက်နှစ်ဖက်ကိုမလိုက်ပြီး သူ၏လည်ပင်းအား သိုင်းဖက်ထားလိုက်သည်။ နူးညံ့သောနှုတ်ခမ်းများက လည်ပင်းရှိမေ့ကြောသွေးလွှတ်ကြောနေရာကို နမ်းလိုက်ပြီး သူ့အားပို၍ ချစ်စိတ်ပြင်းပြအောင်လုပ်နေသကဲ့သို့ပင်ဖြစ်သည်။
လိုက်ကာများနောက်တွင် လူနှစ်ဦးသည် နီးကပ်စွာ လိမ်ပက်ရောယှက်နေပြီး မိန်းမဆန်ဆန်ညဉ်းတွားသံများနှင့် ခပ်နိမ့်နိမ့်ညည်းတွားသံများက ရောနှောနေသည်။ ခိုင်မာသောကုတင်သည်မူ ၎င်းတို့၏အပြုအမူများကြောင့် အနည်းငယ်မျှလှုပ်ခါနေသည်။ အမှောင်ရိပ်များမှတစ်ဆင့် ပူပြင်းသောည၏ ၎င်းတို့၏အချစ်ရမ္မက်နှင့် ပျော်ရွှင်မှုများသည် မနက်ကြက်တွန်သောအခါတွင် အဆုံးသတ်သို့ရောက်ရှိသွားလေ၏။
တတိယမြောက်ကြက်တွန်ပြီးနောက်တွင် စုရွှေလျန်က သူ၏အားနည်းသောခန္ဓာကိုယ်အား ထူလိုက်သည်။ သူမသည် လင်းစစ်ယောင်အားကျော်ကာ ခြေလက်ဆေးရန်ကြိုးစားလိုက်သည်။
ယနေ့သည် နောက်ဆုံးနေ့ဖြစ်သည်။ သူမသည် ရှီချွေ့အား စိတ်မပျက်စေချင်ပါ။ နှစ်ရက်အလုပ်ကြိုးစားပြီးသည့်နောက်တွင် အပိုင်း၏တစ်ဝက်ပြီးသွားပြီဖြစ်သည်။ ယနေ့တွင် သူမသည် အပ်အသေးလေးအားသုံဂကာ ဖီးနှစ်ဌက်တောင်ပံများကိုလက်စသတ်ရမည်ဖြစ်ပြီး ရှီချွေ့သည် လခြမ်းနှင့်ရေကန်အား လက်စသတ်မည်ဖြစ်သည်။ လှပသောဖီးနစ်နှစ်ကောင်သည် မကြာမီတွင် ၎င်းတို့၏လက်ဖြင့် အဆုံးသတ်နိုင်တော့မည်ဖြစ်သည်။
***