အဆိပ်ဖြေဆေးမရှိဘူး
Vol. 116 Ch. 1616
မိသားစုခေါင်းဆောင်ထောင်သည် သခင်ကြီးဂျီနောက်ကိုလိုက်သွား သော ရှီမာယူယူကို လက်ဖြင့်ပိတ်လိုက်သည်။ သည်လိုနှင့် သခင်ကြီးဂျီသည် အထဲသို့ဝင်သွားကာ သူမသည် အပြင်တွင်ရပ်တန့်သွားလေသည်။
“ခေါင်းဆောင် ဒီအစေခံက….”
“သူမက အဆိပ်အကြောင်းသိလို့ ပြီးခဲ့တဲ့တစ်ခေါက်က ပြန်ခေါ်လာခဲ့တာ ပြီးတော့ သူမကို လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လာခဲ့တာပါ” သခင်ကြီးဂျီ ပြောလိုက်သည်။
“အဲတော့ ဒါက သခင်ကြီးဂျီရဲ့ တပည့်ပေါ့ ကျေးဇူးပြုပြီး” ခေါင်းဆောင် ထောင်သည် ဖယ်လိုက်ကာ ရှီမာယူယူကို ဝင်ခွင့်ပြုလိုက်သည်။
ရှီမာယူယူသည် အရိုအသေပြုကာ သခင်ကြီးဂျီနောက်လိုက်ကာ ဝင်သွား လိုက်သည်။
“တံခါးပိတ်လိုက်” သူမ ဝင်ပြီးသည်နှင့် သခင်ကြီးဂျီ ပြောလိုက်သည်။ ရှီမာယူယူသည် လှည့်ပြီး အပြင်မှလူများကို ကြည့်လိုက်သည်။ သူတို့ဆီမှ မည်သည့် တုံ့ပြန်ချက်ကို မတွေ့သည်နှင့် သူမသည် ကျိုးနွံစွာဖြင့် တံခါးကိုပိတ် လိုက်သည်။
သခင်ကြီးဂျီ၏ ရာထူးသည် ထောင်မျိုးနွယ်အတွင်းတွင် မြင့်သည်။ သူမ စိတ်ထဲမှ သူမဘာသာ ပြောလိုက်သည်။
“ငါ အလုပ်လုပ်ရင် ဒီလိုပဲ” သခင်ကြီးဂျီသည် ပြောရင်းနှင့် ဝိညာဉ် အတားအဆီးကို ဖန်တီးလိုက်သည်။
သူသည် ကုသနေစဉ်တွင် တခြားလူများ ကြည့်နေသည်ကို မကြိုက်ပေ။ သူတို့သည် မျောက်ပွဲကြည့်သည်နှင့်တူသလို ခံစားရသည်။
ရှီမာယူယူသည် ရယ်မောပြီး ပြောလိုက်သည် “ဘယ်သူကများ သူ့ကိုယ် သူ အဲလိုမျိုးနှိုင်းလို့လဲ”
သို့သော် ထိုအရာကြောင့်ပင် သူမ စိတ်ချသွားသည်။
သခင်ကြီးဂျီသည် လျှောက်သွားကာ ဒုသခင်ထောင်ကို ကြည့်လိုက်သည် “သူ တကယ်ပဲ အဆိပ်မိထားတာပဲ ဒီလိုအဆိပ်က အရမ်းထူးဆန်းတယ်”
ရှီမာယူယူ စိတ်ဝင်စားသွားသည် “ဘယ်လိုထူးဆန်းတာလဲ”
“သူအဆိပ်မိတာက အိပ်နေသလိုပဲ၊ ဒီကိုလာကြည့်လိုက်” သခင်ကြီးဂျီ သည် မတ်တတ်ရပ်ရာ သူမကို ကြည့်စေသည်။
ရှီမာယူယူသည် ဒုသခင်ထောင်၏ သွေးကြောကို စမ်းသပ်ကြည့်ပြီး မျက်နှာတွင် အံ့ဩမှုများဖြစ်သွားကာ ပြောလိုက်သည် “တကယ်ပဲ ထူးဆန်း တာပဲ”
“ဟုတ်တယ် ငါပြောတာမှန်တယ်မလား” သခင်ကြီးဂျီ ဆက်ပြောလေ သည် “သူက မတော်တဆအဆိပ်မိသွားသလိုပဲ”
“အဆိပ်မိတာက ပြဿနာတစ်ခု၊ သူ့ခန္ဓာကိုယ်ထဲမှာ တခြားတစ်ခုရှိသေး တယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒီလူ့မှာ တစ်ခုခုဆန့်ကျင်တာ ရှိနေတာလား” သခင်ကြီးဂျီ မေးလိုက် သည်။
“အဲလိုပြောလို့ရတယ်”
“မင်း ငါ့ကိုဒီကိုရောက်အောင် လုပ်လိုက်တယ်ထင်တယ်” သခင်ကြီးဂျီ ဆက်ပြောသေလည် “ဒါပေမဲ့ ဒီအချိန်မှာတော့ ဒီအဆိပ်ကိုဘာမှမလုပ်နိုင်ဘူး အဲဒါကြောင့် မင်းလုပ်ခိုင်းရင်တောင် ငါလုပ်နိုင်မှာမဟုတ်ဘူး”
“မလုပ်နိုင်ရင်လည်း မလုပ်ပါနဲ့ သူ့ကိုဒီအတိုင်းပဲထားလိုက် အဲဒါလည်း မဆိုးပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့ ဒီအတိုင်းထွက်သွားလိုက်ရင် ခေါင်းဆောင်က ဒုသခင်ကို အရမ်း ချစ်တော့ရူးသွားလိမ့်မယ်” သခင်ကြီးဂျီ ပြောလိုက်သည်။
“သခင်ကြီးက အဲဒါကို ဂရုမစိုက်ဘူးမလား” ရှီမာယူယူ ရယ်မောလိုက် သည် “ပြီးတော့ သူ့ကို ဒီအတိုင်းပစ်ထားခိုင်းတာတော့မဟုတ်ပါဘူး၊ ရလဒ်ရဖို့ အတွက် လေ့လာဖို့ ရက်နည်းနည်းလည်း လိုဦးမယ်လေ၊ ကိစ္စလေးအချိန်ဆွဲရုံပဲ”
“ဘယ်လောက်အချိန်ဆွဲရမှာလဲ” သခင်ကြီးဂျီသည် မျက်တောင်ပင် မခတ်ပေ။ အားအနည်းထုတ်လိုက်ရုံနှင့် သူမကို ကူညီနိုင်သည်။ သူသည် အရင် ကထက်ပင် သူမကို သဘောကျခဲ့သည်။
“အကြာကြီးအချိန်ဆွဲလို့မရပါဘူး ဒီအတိုင်း သူ တွေ့ဆုံပွဲမတက်နိုင် အောင်ပဲလုပ်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ပြဿနာမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အကြံရနိုင်တယ်”
“လောင်ဂျီ သခင်ကြီးကအရမ်မိုက်တာပဲ” ရှီမာယူယူသည် ဝမ်းပန်း တသာပြောလေသည်။
“ဒါပေါ့ ဒါပေါ့ ဒါပေါ့ ငါကမိုက်တယ်လို့ပြောတာ မင်းက ပထမဆုံးပဲ” လောင်ဂျီ ပြောလိုက်သည်။
သူသည် အလွန်ရက်စက်ပြီး ကြမ်းတမ်းကာ သီးသန့်နေတတ်သည်ဟု သာ တခြားသူများ ပြောကြကာ သူ့ကိုကောင်းသည်ဟု မည်သူမှမပြောခဲ့ဖူးပေ။
“ဘာလို့လဲဆိုတော့ သူတို့တွေက သခင်ကြီးရဲ့ အကောင်းဘက်ကို မမြင် ကြလို့ပါ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က ကြောက်ပြီး လေးစားသလို ရိုသေကြလို့လေ အဲဒါကြောင့် သူတို့က သခင်ကြီးရဲ့ကောင်းတဲ့အချက်ကို မသိ ဘူးလေ”
“မင်းက အပြောကောင်းသားပဲ” သခင်ကြီးဂျီသည် ကျောက်စိမ်းပန်းကန် လုံးထုတ်ပြီး ဒုသခင်ထောင်၏ သွေးဖောက်ထုတ်ထည့်ပြီး ဝိညာဉ်အတားအဆီး ကို သိမ်းလိုက်သည် “သွားမယ် သူတို့ကိုသတင်းပို့ရအောင်”
“ဟုတ်ကဲ့ပါ” ရှီမာယူယူသည် ခြေတစ်လှမ်းနောက်ဆုတ်ကာ သူ့ကိုရှေ့မှ လျှောက်ခိုင်းလိုက်သည်။ သူမ လှည့်လိုက်ချိန်တွင်တော့ သူ့ကို အမြန်ပင် ဆေး တစ်လုံးကျွေးခဲ့လိုက်သည်။
အားလုံးသည် အပြင်တွင် စိတ်ပူပန်စွာစောင့်နေကြသည်။ သူတို့နှစ် ယောက် ထွက်လာသည်ကို မြင်သည်နှင့် သူတို့သည် အမြန်စုဝေးလာကြသည်။
“သခင်ကြီးဂျီ ဘယ်လိုလဲ သူအဆိပ်မိတာလား” မိသားစုခေါင်းဆောင် ထောင်မေးလိုက်သည်။
“ခေါင်းဆောင်ကို ပြန်ဖြေပါတယ်၊ ဒုသခင်က တကယ်ပဲ အဆိပ်မိထား တာပါ၊ ဒါပေမဲ့ ဒီအဆိပ်ကတကယ်ထူးဆန်းတယ်၊ ဒီလိုအဆိပ်ကို အရင်က တစ်ခါမှမမြင်ဖူးဘူး၊ အဲဒါကြောင့် ထပ်ပြီးလေ့လာရပါဦးမယ်” သခင်ကြီးဂျီ ဆက်ပြောလေသည် “ဒါပေမဲ့ ခေါင်းဆောင်စိတ်မပူပါနဲ့ ဒုသခင်က အသက် အန္တရာယ်တော့မရှိတော့ပါဘူး”
ဒုသခင်ထောင် အသက်အန္တရာယ်မရှိတော့ဟု ခေါင်းဆောင်ထောင် ကြား သည်နှင့် စိတ်အေးသွးလေသည်။
“သခင်ကြီးဂျီကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်” သူ ပြောလိုက်သည်။
“ဒါက ကျုပ်လုပ်ရမယ့်တာဝန်ပါ” သခင်ကြီးဂျီ ဆက်ပြောလေသည် “ဒါပေမဲ့ ဒီအဆိပ်က တကယ်ပဲ ထူးဆန်းတယ်၊ ဒုသခင် အပြည့်အဝပြန်ကောင်း လာအောင်လုပ်နိုင်တယ် ဒါပေမဲ့ အကျိုးဆက်ကိုတော့ မသိသေးလို့ အခုအဖြေ မပေးနိုင်သေးပါဘူး”
“သခင်ကြီးဂျီ အကောင်းဆုံးကြိုးစားသရွေ့တော အဆင်ပြေပါတယ်” မိသားစုခေါင်းဆောင် ထောင်ပြောလိုက်သည်။
မျိုးနွယ်အတွင်းမှ သမားတော်များ၊ အဂ္ဂိရတ်ပညာရှင်များနှင့် အဆိပ် သခင်များ မတတ်နိုင်ကြသဖြင့် သူသည် ဒုသခင်ထောင် သတိပြန်ရအောင်လုပ် နိုင်သည်ဆိုကပင် အားကောင်းနေပြီဖြစ်သည်။
“ခေါင်းဆောင် ဒုသခင် ဒီလိုအခြေအနေဖြစ်တာ ယုန်နားရွက်တောင်က မိစ္ဆာအိုကြီးကြောင့်လို့ကြားတယ် သူမကိုရှာရင် အဆိပ်ဖြေဆေးရနိုင်တယ်” သခင်ကြီးဂျီသည် အရိုးသားဆုံး ထင်မြင်ချက်ကို ပြောလိုက်သည်။
“ဒါက… ကျုပ်စဉ်းစားကြည့်လိုက်ပါမယ် ဒါပေမဲ့ ကျုပ်က သခင်ကြီးဂျီကို ပဲမျှော်လင့်ထားတာ၊ ညီလေး ၂ ပြန်ပြီးသတိရလာတာနဲ့ မျိုးနွယ်က ခင်ဗျားကို ဆုပေးမှာပါ” ခေါင်းဆောင်ထောင် ပြောလိုက်သည်။
“ခေါင်းဆောင်က အကူအညီမတောင်းလည်း ကျုပ်ကအကောင်းဆုံးလုပ် မှာပါ၊ ဒီလိုအဆိပ်မျိုးက နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့ တန်ပါတယ် ဒါဆိုရင် ကျုပ်ကိုခွင့်ပြုဦး” သခင်ကြီးဂျီသည် ပြောပြီးနောက် ထွက်သွားလိုက်သည်။
ရှီမာယူယူသည် သူ့နောက်လိုက်သွားလိုက်သည်။ သူမ ခြံဝန်းမှထွက် သည်နှင့် မိန်းကလေးတစ်ယောက်၏ ပခုံးနှင့် တိုက်မိသွားလေသည်။
“ဘာလို့လာတာလဲ ခြံဝန်းထဲမှာပဲနားနေဖို့ မပြောထားဘူးလား အခုက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လမ်းတောင်သေချာမလျှောက်နိုင်တာကို”
“မောင်လေး ၂ က အရေးပေါ်ဖြစ်နေတယ်လို့ ကြားတယ် အဲဒါကြောင့် ရှင့်ကို စိတ်ပူလို့လာကြည့်တာ” ထိုအမျိုးသမီးသည် နူးညံ့စွာပြောလေသည်။
“ညီလေး ၂ ကအခုသတိမရသေးဘူး ဒါပေမဲ့ သခင်ကြီးဂျီပြောတာတော့ …”
ရှီမာယူယူသည် ဝေးသွားသဖြင့် နောက်ပိုင်းစကားများကို မကြားရတော့ ပေ။ သို့သော် ထိုအမျိုးသမီး၏ သရုပ်မှန်ကို ခန့်မှန်းဖို့ပင်မလိုပေ။ သူမသည် မိသားစုခေါင်းဆောင်၏ ဇနီး ရင်ယိလျန်ဖြစ်ရမည်။
သူမသည် အမှန်တကယ်ပင် နူးညံ့ကာ သနားစဖွယ်ဖြစ်သည်။ အဲဒါကြောင့် မိသားစုခေါင်းဆောင်က သူ့သားကို မလိုချင်လောက်အောင် သူမ ကို တက်မက်နေတာကိုး။
သူမက ကိုယ်ဝန်ရှိနေတယ် ဟုတ်လား။ မိသားစုခေါင်းဆောင်ထောင်က ကလေးမရနိုင်တော့ဘူးလို့ ပြောကြတယ်မလား။ သူမက ဘယ်လိုလုပ် ကိုယ်ဝန်ရှိသွားတာလဲ။
သူမ သခင်ကြီးဂျီကိုမေးလိုက်သည်။
“ဟား သူတို့ပြောတာတော့ အံ့ဖွယ်သမားတော်ကိုရှာတွေ့ပြီး မိသားစု ခေါင်းဆောင်ရဲ့ ကျန်းမာရေးကို ကုသွားနိုင်တယ်လို့ ပြောကြတာပဲ၊ အဲလိုနဲ့ သူ ပြန်ပြီး ကလေးရနိုင်သွားတာပဲ၊ ပြီးတော့ ခေါင်းဆောင်ရဲ့ဇနီးက နှစ်လတောင် မကြာလိုက်ဘူး ကိုယ်ဝန်ရသွားတယ်” သခင်ကြီးဂျီ၏ အသံမှာ အံ့ဖွယ်သမား တော်အကြောင်းပြောရာတွင် အထင်သေးသည့်လေသံပေါက်နေသည်။
“အံ့ဖွယ်သမားတော်ရှိမှတော့ သူ့ကိုဘာလို့မကုခိုင်းတာလဲ”
“သူ ထွက်သွားတာကြာလှပြီ သေသလား ရှင်သလားဆိုတာကို ဘယ်သူမှ မသိကြဘူး” သခင်ကြီးဂျီသည် လမ်းလျှောက်ရင်း ပြောလေသည်။
သူသည် သုတ်သင်ခံလိုက်ရပြီဟု ရှီမာယူယူ ခန့်မှန်းမိသည်။ ထိုလူများ သည် သခင်ကြီးဂျီကို ကျော်လွန်နိုင်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်သည် စကားပြောရင်းနှင့် ခြံဝန်းဆီသို့ ရောက်လာကြ သည်။ ကလေးသည် တံခါးဖွင့်ပေးရင်း ပြောလိုက်သည် “ဆရာ ဒီကိုဘယ်သူမှ မလာကြဘူး”
“တော်တယ် ဒီနေ့ညကို အဆိပ်ခွဲခြားနည်းကို မင်းကိုသင်ပေးမယ်”
“ဟုတ်ကဲ့” ကလေးသည် ပြုံးရယ်ရင်း ပြေးသွားလေသည်။
သခင်ကြီးဂျီသည် ဒုသခင်ထောင်၏ သွေးကိုသိမ်းရန် အိုးရှာပြီးမေးလိုက် သည် “ကောင်မလေး ဒုသခင်ထောင်ကို မင်းဘာအဆိပ်ကျွေးလိုက်တာလဲ”
“အာ… သခင်ကြီးက မြင်လိုက်တာပဲ” ရှီမာယူယူသည် လူမိသွားသည့် အတွက် မရှက်တော့ပေ။ သူမသည် ပွင့်ပွင့်လင်းလင်းပင် ရယ်မောလိုက်သည် “ဘာမျှတော့မဟုတ်ပါဘူး သူ့ညီလေး တစ်သက်လုံးအနားရအောင်လုပ်ပေး လိုက်တာပါ”
သူ့ညီလေးကို တစ်သက်လုံး အနားရအောင်ဟုတ်လား။ ဆိုလိုတာက သူက ယောက်ျားမပီသတော့ဘူးပေါ့။
သူ ဘာမှမပြောခင်ပင် သူမ ထပ်ပေါင်းပြောလိုက်သည် “အင်း ဟင်း အဆိပ်ဖြေဆေးတော့မရှိဘူး”
***