ကိုယ်တိုင်စမ်းကြည့်ချင်လား
Vol. 116 Ch. 1617
အဆိပ်ဖြေဆေးမရှိဘူး ဟုတ်လား။
သခင်ကြီးဂျီသည် သူမ တည်ငြိမ်နေသည်ကိုကြည့်ပြီး ချွေးအေးများပြန် လာတော့သည်။
“အဲဒါကိုဘယ်လိုသန့်စင်လိုက်တာလဲ အရာရာတိုင်းမှာ အစုံလိုက်ရှိသလို ဆန့်ကျင်ဘက်လည်းရှိကြတယ်၊ မင်းက အဆိပ်ဖော်နိုင်မှတော့ အဆိပ်ဖြေ ဆေးလည်းရှိရမှာပေါ့”
“အဆိပ်ဖြေဆေးရှိတယ်လေ ဒါပေမဲ့ အခုသန့်စင်ဖို့နည်းလမ်းမရှိဘူး အဲဒါက အဆိပ်ဖြေဆေးမရှိတာနဲ့အတူတူပဲမလား” ရှီမာယူယူ ပြောလိုက် သည်။
“အဆိပ်ဖြေဆေးမှာပါတဲ့ ဆေးပစ္စည်းတွေက ပျောက်ကွယ်သွားလို့လား” သခင်ကြီးဂျီသည် မျက်ခုံးများပင့်လိုက်သည်။ ထိုကဲ့သို့ အဆိပ်ဖြေဆေးတွင် သုံး သည့် ဆေးပါဝင်ပစ္စည်းများသည် ရှားပါးသည်ဟု သက်သေပြနေသည်။ “အိုး ယူယူရယ် ငါတို့နှစ်ယောက်ကတော့ မိတ်ဆွေလို့သတ်မှတ်လို့ရတယ်မလား ဘာလို့ငါ့ကိုမပြောတာလဲ ငါ ဒါကိုကုဖို့အတွက် နောက်နည်းလမ်းတစ်ခုရှာတွေ့ နိုင်တယ်လေ”
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ရယ်မောလိုက်သည် “လောင်ဂျီ စမ်းကြည့်ချင်လို့လား ကိုယ်တိုင် အတွေ့အကြုံယူလို့ရတယ်နော်”
“….”
ကိုယ်တိုင်အတွေ့အကြုံယူရမယ်ဟုတ်လား။
“ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါ စမ်းသပ်ရမယ့်လူရှိတယ် သူ့ကို စမ်းသပ်လိုက်ရင်ရတယ်”
သူမသည် နောက်နေခြင်းဖြစ်မည်။ သူသည် ထိုကိစ္စအပေါ်တွင် အာရုံ စိုက်သည်မှာ ရှားပါးသော်လည်း ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်နေသေး သည်။ ထိုသို့ပြုလုပ်ရန် ဘာမှမဖြစ်သလို ပြောရန်အတွက်ကတော့ သူ့စိတ် သည် လက်မခံနိုင်ပေ။
ရှီမာယူယူသည် စားပွဲပေါ်မှောက်ကာ ပို၍ကျယ်လောင်စွာပင် ရယ်မော လိုက်သည်။
သခင်ကြီးဂျီသည် သူမရယ်သံကြောင့် ရှက်သွားပြီး အင်္ကျီလက်များကို ဝှေ့ယမ်းကာ နှာရှုတ်လေသည် “ဒီအကြောင်းကို မင်းနဲ့မပြောတော့ဘူး အဆိပ် ဖြေဆေး သွားလေ့လာလိုက်ဦးမယ်”
ရှီမာယူယူသည် သူ့မျက်နှာနီရဲသွားသည်ကို မြင်သောအခါ သူမထက် ကြီးသာမျိုးဆက်ကို စနောက်မိနေသည်ကို သတိထားမိပြီး သူ့ကို သွားမရှုပ် တော့ပေ။ သူမသည် သူ့နောက်လိုက်သွားရာ သွေးထဲမှ အဆိပ်ကိုနှုတ်ယူနေ သည်ကို မြင်လိုက်ရသည်။
“လောင်ဂျီ မိသားစုခေါင်းဆောင်ထောင်က အဆိပ်တောင်းဖို့အတွက် ယုန်နားရွက်တောင်ကို သွားမယ်လို့ထင်လား”
“အဲဒါကိုဘာလို့ စိတ်ပူနေတာလဲ” လောင်ဂျီသည် သာမာန်ကာလျှံကာ ပင် မေးလိုက်သည်။
“အဲဒီအမျိုးသမီးက ဒုသခင်ထောင်ကို ဒုက္ခပေးလိုက်တာမဟုတ်ဘူးလား ဒါပေမဲ့ သူမက ဒုသခင်ထောင်ရဲ့အသက်ကိုမယူဘူး၊ သူတို့ အရင်တုန်းက ခင်မင်မှုကြောင့် အသက်ကို ချမ်းသာပေးလိုက်တယ်၊ ပြောကြည့်ပါဦး အဲဒီ အတိတ်ကို ပြန်တူးဖော်ရင် သူမက အဆိပ်ဖြေဆေးပေးနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။
သခင်ကြီးဂျီသည် မှင်တက်သွားကာ ပြောလိုက်သည် “ပေးမှာမဟုတ်ဘူး”
“အဲလောက်ယုံကြည်ချက်ရှိတယ်ပေါ့”
“ယုန်းနားရွက်တောင်က အမျိုးသမီးက အားလုံးသိကြတဲ့ သူတော်စင် မိန်းမပျိုပဲ ဒါပေမဲ့ သူမက သူတို့ရဲ့အရင်ခေါင်းဆောင်နဲ့ ဆက်ဆံရေးတစ်ခုရှိ တယ် ဒါပေမဲ့ အဲဒါကလည်း အရမ်းကြာနေပါပြီ၊ ဒါပေမဲ့ အဲဒီသံယောဇဉ် ကြောင့်ပဲ ဒုခသင်ထောင်ကို အသက်ချမ်းသာပေးလိုက်တာ၊ ခေါင်းဆောင်က လူတွေခေါ်သွားပြီး သူမကို အဆိပ်ဖြေဆေးတောင်းရင်တော့ ဒုသခင်ထောင်ရဲ့ စော်ကားမှုကို သတိရသွားပြီး ဒေါသတကြီးနဲ့ လူကိုတောင် သတ်လိုက်နိုင် တယ်၊ အဲဒါက ထောင်မျိုးနွယ်ရဲ့ဒေါသကိုသွားဆွလိုက်တာပဲ” သခင်ကြီးဂျီ သုံးသပ်လေသည် “ခေါင်းဆောင်က ဒုခသင်ထောင်ကိုဘယ်လောက်တောင် ကောင်းကောင်းဆက်ဆံလည်း မမြင်ဘူးလား၊ တကယ်တော့ သူက အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့လူပဲ၊ သူ့လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ဟာဆိုရင် တော့ ဟားဟား…”
“အဲတော့ အဲအမျိုးသမီးက သူတော်စင်မိန်းမပျိုပေါ့၊ သခင်ကြီးက သူမကို ကောင်းကောင်းနားလည်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည်။
“နားလည်တယ်လို့ ပြောလို့မရဘူး အရင်က ငါ သူမနဲ့အချိန်တစ်ခု လောက် နေခဲ့ဖူးတယ်”
“ဟွတ်”
ရှီမာယူယူသည် ချက်ချင်းပင် သီးသွားသည်။ သခင်ကြီးဂျီက ဒီလောက် လန့်လောက်စရာ စကားကို ပြောထွက်တယ်လား။
သခင်ကြီးဂျီသည် သူမကို မျက်လုံးထောင့်မှကြည့်လိုက်သည် “ဘာလို့ အဲလောက် အံ့ဩသွားတာလဲ”
“သူမနဲ့ ဘယ်တုန်းကနေခဲ့တာလဲ” ရှီမာယူယူသည် ပြုံးစိစိဖြစ်နေသည် ကို အတင်းပင်ဖုံးဖိကာ ပုံမှန်မျက်နှာထားဖြစ်အောင် ဟန်ဆောင်လိုက်သည်။
“အဲတုန်းက ငါငယ်သေးတယ်၊ ယုန်နားရွက်တောင်ကိုသွားပြီး အဆိပ်ပင် နဲ့ပိုးကောင်တွေကို လေ့လာဖို့သွားခဲ့တယ် အဲဒီမှာ ဝိညာဉ်သားရဲတွေတိုက်ခိုက် တာကိုခံရပြီး သေလုမြောပါးဖြစ်သွားတယ်၊ သူတော်စင်မိန်းမပျိုက ငါ့ကိုကယ် ခဲ့တယ်၊ ငါ့ဒဏ်ရာတွေက အရမ်းပြင်းထန်လို့ သူမကပဲ ခေါ်သွားပေးခဲ့တယ်” နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူသည် ထိုအဖြစ်ကို မှတ်မိနေသေး သည့်ပုံပင်။
“သူတော်စင်မိန်းမပျိုက အရမ်းအထီးကျန်တာမလား” ရှီမာယူယူ မေး လိုက်သည်။
“သူမ… အထီးကျန်ကောင်းကျန်လိမ့်မယ်” သခင်ကြီးဂျီသည် ခိုကိုးရာမဲ့ သည့်အသံပေါက်နေသည်။
အထီးကျန်မှု… သူမလိုလူမျိုးက ဘယ်လိုလုပ်အထီးမကျန်ဘဲနေမလဲ။
ရှီမာယူယူသည် သူတော်စင်မိန်းမပျိုနှင့် သူမ၏ အဆက်အစပ်ရှိမှုကို ပြန် တွေးနေမိသည်။ သူမသည် တခြားသူများကဲ့သို့ အရာရာကို စိတ်နှစ်ပြီး ချစ်ခင် တတ်ပုံမပေါ်ကာ အရာအားလုံးကို စိတ်မပါပုံပေါက်သည်။ အခုပြန်စဉ်းစားမှ ပင် သူမသည် အလွန်အထီးကျန်နိုင်သည်။
“သူမက အထီးကျန်တယ်လို့ ထင်မှတော့ ဘာလို့ ယုန်နားရွက်တောင်က နေထွက်မသွားတာလဲ”
သခင်ကြီးဂျီသည် ခေါင်းခါယမ်းလိုက်သည် “ငါလည်းမသိဘူး သူမက… တစ်ခုခုကို စောင့်နေတာဖြစ်မှာပေါ့”
ရှီမာယူယူ၏ မျက်လုံးများသည် လှည့်လာကာ သခင်ကြီးဂျီကို ပြောလိုက် သည် “လောင်ဂျီ ကျွန်မ သခင်လေးကိုသွားကြည့်လိုက်ဦးမယ် ဆက်ပြီး လေ့လာနေလိုက်ဦးနော်”
ပြောပြီးနောက်တွင် အဖြေပင်မစောင့်တော့ဘဲ သူမ လှည့်ထွက်လာခဲ့ လိုက်သည်။
သူမသည် အိမ်ရှိရာသို့ပြန်လာပြီး အတားအဆီးဖန်တီးလိုက်ကာ ကံကောင်းလေးကို ခေါ်ထုတ်လိုက်သည်။
“ကံကောင်းလေး မင်း သူတော်စင်မိန်းမပျိုကိုလွမ်းလား” ရှီမာယူယူ မေးလိုက်သည်။
“သူတော်စင် မိန်းမပျိုဟုတ်လား”
“မင်းကို ယုန်နားရွက်တောင်မှာတုန်းက ခေါ်သွားတဲ့သူလေ” ရှီမာယူယူ ရှင်းပြလိုက်သည်။
“အစ်မကြီးကိုပြောနေတာလား သူမကို လွမ်းတာပေါ့” ကံကောင်းလေး ခေါင်းညိတ်လေသည် “ကံကောင်းလေးတို့က သူမကိုသွားရှာမှာလား”
“ငါလုပ်စရာလေးတွေရှိသေးတယ် သူမကိုသွားမရှာနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ တောင်မှာ သူမက အရမ်းအထီးကျန်တယ်လို့ လောင်ဂျီပြောတာ ကြားလိုက်တယ် ဟူး.. ဒါပေမဲ့ သူမက ထွက်မသွားချင်ဘူး လေ”
“အစ်မကြီးပြောဖူးတယ် သူမက အဲဒီမှာလူတစ်ယောက်ကို တွေ့ဖူးတယ် တဲ့၊ နောက်ဆုံးတော့ အဲလူက သေသွားပြီးပြန်မလာနိုင်တော့ဘူးတဲ့ အဲဒါ ကြောင့် သူမက အဲဒီမှာတစ်ယောက်တည်းကျန်ခဲ့တာ” ကံကောင်းလေး ပြော လေသည်။
“အဲလိုကိုး သူမက တကယ်ပဲ စိတ်ရင်းကောင်းတဲ့ အမျိုးသမီးပဲ” ရှီမာယူယူသည် သနားသွားသည်။
“အင်း ဟုတ်တယ် ဟုတ်တယ်” ကံကောင်းလေး သံယောင်လိုက်လေ သည်။
“သူမက အဲဒီတောင်မှာ ခံစားနေရမှတော့ ငါတို့နဲ့အတူ ဘာလို့ တောင် အောက်မဆင်းခိုင်းရမှာလဲ” ရှီမာယူယူ မေးလိုက်သည် “သူမရဲ့လူက သေသွား ပြီဆိုမှတော့ သူမလည်း အဲဒီမှာတစ်သက်လုံး သူမကိုယ်သူ ပိတ်လှောင်ထား လို့မရဘူးလေ၊ အသက်က ဆက်ရှင်နေရဦးမှာပဲ”
“အစ်မကြီးကို ကံကောင်းလေးတို့နဲ့အတူ ခရီးထွက်ခိုင်းမလို့လား” ကံကောင်းလေး၏ မျက်လုံးများတောက်ပသွားသည်။ “သူမသာ ငါတို့နဲ့လိုက် ချင်ရင် အထီးမကျန်တော့ဘူး”
“ဟုတ်တယ် သူမက ငါတို့နဲ့အတူမသွားရင်တောင် တခြားနေရာတွေကို သွားလို့ရတယ်၊ တခြားသူတွေနဲ့တွေ့ရင်လည်း အထီးမကျန်တော့ဘူး” ရှီမာယူယူ ထပ်ပြောလိုက်သည်။
“အင်း ဟုတ်တယ် အစ်မကြီးရဲ့ရောင်ဝါက မရှိတော့ဘူးလို့ပြောတာက သူက သူများတွေနဲ့ အဆက်အဆံမလုပ်တော့လို့ကိုး” ကံကောင်းလေး ပြော လိုက်သည်။
“သူမနဲ့ လှေသမားတို့ရဲ့ဆက်ဆံရေးက ကောင်းတယ်မဟုတ်ဘူးလား သူတို့က မိတ်ဆွေတွေထင်တယ်၊ သူမက မိတ်ဆွေရှာပြီး အချိန်ကောင်းဖန်တီး လို့ရတာပဲ”
“ဟုတ်တယ် လူဆိုတာ သူငယ်ချင်းလိုတယ်” ကံကောင်းလေးသည် ထို အချက်ကို အမှန်တကယ်ပင် သဘောတူသည်။
“သူမနဲ့ ဘယ်သူမှ မဆက်သွယ်နိုင်တာတော့ နှမြောဖို့ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “သူမက မင်းကိုသဘောကျမှတော့ မင်းကပဲ သူမကို အကြံပေးဖို့ကြိုးစားကြည့်ပါလား၊ ယုန်နားရွက်တောင်မှာပဲ တစ်ချိန်လုံး မနေဘဲ အပြင်ကိုလမ်းလျှောက်ထွက်ခိုင်းလေ၊ ဘယ်လိုလဲ”
“ကံကောင်းလေးလား” ကံကောင်းလေးသည် သွေးဆောင်ခံရတော့ သည်။ သို့သော် ရှီမာယူယူမှ သူ့ကိုပစ်သွားမည်ကိုကြောက်သဖြင့် အတန်ကြာ စဉ်းစားပြီးနောက်တွင် ထိုအကြံကို ငြင်းဆန်လိုက်တော့သည်။
“မင်းတစ်ယောက်တည်း မသွားခိုင်းပါဘူး ဟိန်းသံလေးကို မင်းနဲ့ထည့် ပေးလိုက်မှာ” ရှီမာယူယူ ပြောလိုက်သည် “မင်းရဲ့လုံခြုံရေးအတွက် ရှေးဟောင်း ဝိညာဉ်သားရဲတွေကိုလည်း ထည့်ပေးလိုက်မယ်”
“ဟိန်းသံလေးလည်း သွားမှာလား”
“ဟုတ်တယ်လေ” ရှီမာယူယူ ခေါင်းညိတ်ကာ ဟိန်းသံလေးသည် လူများ ကို ဖြားယောင်းသည်မှာ အတော်ဆုံးဖြစ်သည်ကို တွေးနေလိုက်သည်။ ဒီအခြေအနေကို သူ ဘယ်လိုဖြေရှင်းမလဲ။
“ဒါဆိုလည်း ကောင်းပြီလေ” ဟိန်းသံလေးရှိနေသရွေ့ သူမသည် ရည်ရွယ်ချက်ရှိရှိ ထားသွားမည်တော့မဟုတ်ပေ။ သူက ဟိန်းသံလေးကိုခေါ် သွားပြီးတော့ အစ်မကြီးပျော်အောင်တောင် လုပ်လို့ရသေးတယ်။
“ဒါဆို ဖြေရှင်းပြီးပြီနော်” ရှီမာယူယူသည် ဟိန်းသံလေးကို ခေါ်ထုတ်ကာ သူတို့ကို သတိပေးလိုက်သည်။ အထူးသဖြင့် အတတ်မြန်သော ဟိန်းသံလေးကို ပြောလိုက်သည်။ သူတို့သည် သူမကို ယုန်နားရွက်တောင်မှထွက်သွားပြီး အပြင် လောကကို ကြည့်ရန်အတွက် ဖြောင်းဖြရန်ဖြစ်သည်။
ဟိန်းသံလေးသည် ရှီမာယူယူ မျက်စိမှိတ်ပြသည်ကို မြင်သည်နှင့် ချက်ချင်းပင် နားလည်လိုက်သည်။ သူသည် သူ့ရင်ဘတ်သူ ပုတ်ကာ မစ်ရှင် အောင်မြင်ရမည်ဟု အာမခံလိုက်သည်။
***