← Chapters

ထောင်ယိရွှမ်က နားမလည်နိုင်ဘူး

Vol. 116 Ch. 1618

ထောင်ယိရွှမ်က နားမလည်နိုင်ဘူး

Vol. 116 Ch. 1618

ကံကောင်းလေးသည် ပျော်ရွှင်စွာပင် ထွက်သွားလေသည်။ ဟိန်းသံလေး ထွက်မသွားခင် သူသည် သူမကို အသံတိတ်မေးခဲ့သည်။ သူမက ဘာလို့အဲလို လုပ်ချင်တာလဲ။

သူသိသည်။ ရှီမာယူယူသည် တခြားသူ၏ ကိစ္စနှင့် စိတ်အနှောင့်အယှက် ဖြစ်စေပြီး ဥနာမည့် ကိစ္စကိုလုပ်မည့်သူမဟုတ်ပေ။

နေပါဦး သူမမှာ ဥမှမရှိတာ၊ ဒါဆိုရင် သူမက သူများကိစ္စကို ဝင်ပါမလို့ပဲ ဖြစ်ရမယ်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သညသ်။ သို့သော် ဟိန်းသံလေးသည် အခက်အခဲတွေ့လာလျှင် ယုံကြည်ရကြောင်းကို သူမ သိသည်။ သည်လိုနှင့် သူမ သူ့ကိုပြောလိုက်သည် “ငါက သူမကိစ္စမှာ လက်ဝင်လျှိုတာမဟုတ်ဘူး ဒါပေမဲ့ သူတော်စင်မိန်းမပျိုက ထောင်မျိုးနွယ်နဲ့ အပတ်အသက်ရှိတယ်၊ သူမသာ ထောင်မျိုးနွယ်ကိုကူညီချင်တယ်ဆိုရင် ငါတို့ လှုပ်ရှားရခက်သွားလိမ့် မယ်၊ သူမ မရှိရင် ငါတို့အဲဒါကိုစိတ်ပူနေဖို့မလိုဘူးလေ”

“အဲဒါကြောင့်ကိုး ဒါဆိုရင် ကံကောင်းလေးနဲ့ ငါတို့ သူမကိုခေါ်ထုတ်ပြီး လမ်းလျှောက်ွက်လိုက်မယ် အဲဒီကိစ္စတွေပြီးတာနဲ့ ပြန်လာမယ်” ဟိန်းသံလေး ပြောလေသည်။

“ဟုတ်ပြီ ပြီးလို့ ပြန်လာတာနဲ့ မင်းကို စားဝိုင်းတစ်ဝိုင်းကျွေးမယ်”

“ငါ မှတ်ထားတယ်နော် ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလို့မရဘူး” ဟိန်းသံလေးသည် ပြောပြီးနောက် သူတို့ဆက်သွယ်ချက်ကို ဖြတ်လိုက်သည်။

ရှီမာယူယူ ပြုံးရယ်လိုက်သည်။ ဒီကောင်ရဲ့ အကျင့်ကတော့ ဘယ်လောက် နှစ်တွေကြာကြာမပြောင်းလဲဘူးပဲ။

အချိန်များ ကုန်ဆုံးပြီး အခြေအနေများပြောင်းလဲသွားခဲ့သည်။ သို့‌သော် သူတစ်ယောက်ကတော့ အရင်လိုပင်။ သူမအတွက်ကတော့ ထိုအရာကပင် နှစ်သိမ့်မှုဖြစ်သည်။

ပြီးနောက် သူမ၏ ဝိညာဉ်သားရဲများသည် ရင့်ကျက်ပြီးတည်ငြိမ်လာလျှင် တောင် ဟိန်းသံလေးတစ်ယောက်သာ အမြဲတစေ မတော်တရော်များလုပ်ခဲ့ သည်။ သို့သော် သူမ ဘာမှမပြောခဲ့ပေ။ သူမ ရှိသည်နှင့် သူသည် အမြဲလိုလိုပင် ပျော်ရွှင်ခဲ့သည်။

သူမသည် အိမ်မှထွက်လာပြီး ထောင်ယိရွှမ်၏ အခန်းသို့သွားလိုက်သည်။ သူသသည် အိပ်ယာပေါ်တွင်လှဲနေပြီး မျက်လုံးများသည် ခေါင်မိုးကိုကြည့်နေ သည်။

“ဘာလဲ ဘာလို့အဲလောက် စိတ်ဓာတ်ကျနေတာလဲ” သူမ လျှောက်သွား ပြီး သူ၏ လက်ကောက်ဝတ်ကိုယူပြီး စမ်းသပ်လိုက်သည်။

“ဒီလိုမျိုးနွယ်တွေမှာ ဆက်ဆံရေးတွေက ကျိုးပဲ့လွယ်တယ် သနားဖို့ ကောင်းလိုက်တာ” ထောင်ယိရွှမ်သည် သတိပြန်ဝင်လာကာ သူ၏ ရင်တွင်း ခံစားချက်များ ပျောက်သွားသည်။ သူတစ်ခုခု ပြောင်းလဲသွားသည်ကို ရှီမာယူယူ အာရုံခံမိသည်။

“ရှင် အကုန်လုံးကို ကြားလိုက်တယ်လို့ ပြောချင်တာလား” ရှီမာယူယူ သည် လက်ကိုပြန်ရုတ်လိုက်သည် “ရှင် ကောင်းကောင်း ပြန်ထူထောင်နိုင်ပြီပဲ မနက်ဖြန်ဆိုရင် အိပ်ယာပေါ်က ဆင်းလို့ရပြီ”

ထောင်ယိရွှမ် သူမကို ကြည့်လိုက်သည် “မင်းက ငါ့ကိုနားမထောင်စေချင် လို့လား”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်ရုံတွန့်ကာ မငြင်းဆန်ပေ။ “ရှင် အမှန်တရား ကို စောစောသိထားရင် ပိုကောင်းတာပေါ့”

“ငါသိပါတယ်” ထောင်ယိရွှမ်သည် မျက်နှာကြက်ကို ပြန်ကြည့်လိုက် သည် “တကယ်တော့ ငါသိခဲ့သင့်ပါတယ်၊ သူက ငါ့ကို ဖခင်မေတ္တာနဲ့ တစ်ခါမှ မဆက်ဆံခဲ့ဖူးဘူး၊ သူ ခေါင်းဆောင်နေရာမှာထိုင်ပြီးကတည်းက ငါရှိနေတာက သူ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ခဲ့တာ၊ သူ ငါ့ကို အနှစ်လေးရာလောက် သည်းခံ နိုင်ခဲ့တာကိုက အလွယ်တကူဖြစ်လာတာမဟုတ်ဘူးပဲ”

“ရှင့်အဖေက အကြောင်းအရင်းတချို့ကြောင့် မျိုးပွားလို့မဖြစ်နိုင်ဘူးလို့ ရှင်ပြောကို ကျွန်မ မှတ်မိတယ် ဟုတ်တယ်မလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် အဲဒါကိုဘာလို့မေးတာလဲ” ထောင်ယိရွှမ် မေးလိုက်သည်။

“သခင်မကြီးက ကိုယ်ဝန်ရှိနေတယ်၊ ပြောကြတာတော့ ရှင့်အဖေကို ကုဖို့ အံ့ဖွယ်သမားတော်ကို ဖိတ်ခဲ့တယ်တဲ့ ဒါပေမဲ့ ထူးဆန်းတာက အံ့ဖွယ်သမား တော်က ရှင့်အဖေကိုကုပြီးတာနဲ့ ပျောက်သွားတာ၊ သူက မျိုးနွယ်ထဲမှာ မရှိ တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ” ထောင်ယိရွှမ်သည် တိုးညင်းစွာ အော်လိုက်သည် “ဟားဟား ခေါင်းဆောင်က သူမကို ယုံတာပဲလား”

သူသည် အဖေဟုပင် မခေါ်တော့ဘဲ ခေါင်းဆောင်ဟုသာ အမည်တပ်လေ သည်။ အနည်းဆုံးတော့ အဖေနှင့် သားကြားမှ ရင်းနှီးသော ဆက်ဆံရေးမှာ လုံးဝပင် ပျောက်ကွယ်သွားသည့်ပုံပင်။

“သူက သူမကိုယုံတာပဲလေ၊ နည်းလမ်းတစ်ရာလောက်နဲ့ကို ယုယပေးနေ တာ” ရှီမာယူယူ ပြောလိုက်သည် “သူက ရှင့်ကိုတောင် ကြင်နာပေးနိုင်တဲ့ပုံပါပဲ”

“ကြင်နာမယ်ဟုတ်လား မလိုပါဘူး” ထောင်ယိရွှမ် ပြောလိုက်သည် “အရင်တုန်းက ငါ မမြင်ခဲ့တဲ့ ကိစ္စတွေရှိတယ်၊ အခုနောက်ဆုံးတော့ မြင်နိုင် သွားပြီ ပြီးတော့ အဲဒါကအရေးပါတော့တာလည်းမဟုတ်ဘူး၊ ငါ့အမေအတွက် မမျှတသလိုခံစားရတယ် သူမက သူ့ကိုကယ်ခဲ့တယ် ဖြူစင်မှုကိုပေးပြီး သား တစ်ယောက်တောင် မွေးပေးခဲ့တယ် နောက်ဆုံး သူမက သူ့အတွက် အသက်ကို တောင်ပေးဆပ်ခဲ့တယ်၊ ဒါပေမဲ့ အဆုံးသတ်ကျ ဘာဖြစ်လဲ၊ ငါတို့က ပစ်မှတ်ဖြစ် သွားတာပဲ”

“နောက်တစ်ခုက ဘာလုပ်မယ်လို့ စီစဉ်ထားလဲ” ရှီမာယူယူ မေးလိုက် သည် “ကျွန်မတို့ အပေးအယူက ရှင့်ကို သခင်လေးနေရာပြန်ယူပေးဖို့ပဲ ရှင့် အဖေကို ရှင်းဖို့ကိစ္စမပါဘူး”

“ငါ သိပါတယ်” ထောင်ယိရွှမ် ပြောလိုက်သည် “အဲဒါကြောင့် ငါ မင်းကို အများကြီးမတောင်းဆိုပါဘူး၊ ဒါပေမဲ့ ငါ မိသားစုခေါင်းဆောင်ဖြစ်လာရင် ငါ့မှာ အရင်းအမြစ်တွေပိုရပြီး မင်းရဲ့ဆရာတွေကို ခြေရာခံဖို့ ပိုပြီး ကူညီပေးနိုင်မှာပါ”

“ပြီးတော့ရော”

“ငါ့လုံခြုံရေးအတွက် မင်းကိုအကူအညီတောင်းချင်ရုံပါပဲ” ထောင်ယိရွှမ် ပြောသည်။

ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ “ဘာကွာသွားလို့လဲ”

“ကွာတာပေါ့၊ ငါသာ သခင်လေးရာထူးပြန်ယူဖို့ဆို အဲလောက်မခက်ခဲဘူး ဒါပေမဲ့ သူ့ကိုဆွဲချပြီး မိသားစုခေါင်းဆောင်ရာထူးယူဖို့ဆို အများကြီးခက်ခဲသွား ပြီ၊ ပိုပြီးလည်းအန္တရာယ်များသွားပြီ အဲလိုပဲ မင်းလုပ်ရမယ့်ဟာတွေလည်း ပိုပြီး အန္တရာယ်များသွားပြီ”

“ရှင် ကျွန်မကို မပြောရသေးတာတွေရှိတာလား” ရှီမာယူယူသည် လက်ပိုက်ကာ သူ့ကို သေလောက်မည့်အကြည့်ဖြင့် ကြည့်လိုက်သည် “ရှင်က အရမ်းယုံကြည်မှုရှိတာပဲ အဲတော့ ရှင့်မှာ မပြောရသေးတာရှိတယ်ပေါ့”

“ဟားဟား မင်း အဲဒါကိုတောင် သတိထားမိတယ်” ထောင်ယိရွှမ် ပြော လိုက်သည် “ဟိုးအရင်နှစ်ကတည်းက ငါက အန္တရာယ်ကို အာရုံခံမိတယ်၊ အဲဒါ ကြောင့်ပဲ အချက်အလက်တွေစုဆောင်းခဲ့တယ်၊ ငါသာ ပြဿနာရှာလိုက်တာနဲ့ မိသားစုခေါင်းဆောင်ရာထူးက တည်ငြိမ်နိုင်တော့မှာမဟုတ်ဘူး”

“ရှင် သူ့ကိုဆွဲချနိုင်ရင်တောင် အဲနေရာကို ယူမယ့်လူတွေ အများကြီးပဲ ရှင် အောင်မြင်မယ်လို့ ထင်လား” ရှီမာယူယူ မေးလိုက်သည်။

“ငါ့မှာ စီစဉ်ထားတာတွေ ရှိပါတယ်” ထောင်ယိရွှမ် ပြောလိုက်သည် “အစတုန်းကတော့ ငါသေသွားရင် သူ့ကိုတစ်ပါတည်း ဆွဲချသွားမလို့ပဲ ဒါပေမဲ့ ဒါကို ဒီလိုနေ့မှာ သုံးရလိမ့်မယ်လို့ ထင်မထားဘူး”

“ကျွန်မ တကယ်ပြ ရှင့်ကို အထင်သေးလို့မရဘူးပဲ” ရှီမာယူယူသည် သူ့ကို အလေးအနက်ထားပြီး ကြည့်လိုက်သည် “ရှင့်အဖေသာ ရှင့်ကို နောက် ကျောဓားနဲ့မထိုးရင် ရှင်လည်း ဒီလိုဖြစ်မှာမဟုတ်ဘူး ဟုတ်တယ်မလား”

ခက်ခဲသောဘဝကို ရင်ဆိုင်ခဲ့သော ကလေးတစ်ယောက်သည် ဘာအသံ မှမထွက်ဘဲ တိကျသော သက်သေဆုပ်ကိုင်ထားသည်။ သူမသည် သူ့ကို တစ်ချိန်လုံး လျော့တွက်ခဲ့မိသည်။

ထောင်ယိရွှမ်သည် သူမကို ပြန်ကြည့်သည် “စိတ်ချပါ ငါ မင်းကိုတော့ လှည့်ကွက်မသုံးပါဘူး”

“ရှင် လှည့်ကွက်သုံးတာ မသုံးတာကို ကျွန်မဂရုမစိုက်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ဒီမှာအကြာကြီးမနေဘူး ပြီးတော့ ရှင်နဲ့ ပဋိပက္ခဖြစ်ဖို့လည်း စိတ်မဝင်စားဘူး၊ ရှင် ကျွန်မကို လှည့်ကွက် သုံးမယ်ဆိုလည်း…”

သူမသည် စကားဆုံးအောင်မပြောဘဲ သူ့ကို တစ်ချက်ကြည့်ကာ လှည့် ထွက်သွားလိုက်သည်။

“မင်းအဲလိုပြောတယ်ဆိုတော့ ငါတို့က အပေးအယူအသစ်ဖြစ်သွားပြီပေါ့”

ရှီမာယူယူ တံခါးနားရောက်ချိန်တွင် သူပြောသည့်စကားကို ကြားလိုက် သည်။ သူမသည် လက်ကိုဝှေ့ယမ်းကာ ခြေလှမ်းကျဲများဖြင့် ထွက်လာလိုက် သည်။

ထောင်ယိရွှမ် ပြုံးလိုက်သည်။ သူမ၏ ဆိုလိုရင်းမှာ သိသာသည်။ သူသည် သူမ၏ နောက်ခံကိုသိသောကြောင့် သူမကို ထိရဲဦးမလား။

သူ လုပ်ရဲသည်ဖြစ်စေ မလုပ်ရဲသည်ဖြစ်စေ၊ လုပ်မည်ဖြစ်စေ မလုပ်မည် ဖြစ်စေ လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ သူတို့အကြားတွင် ကွာခြား ချက်ကြီးရှိသည်။

နောက်တစ်နေ့တွင်‌ ထောင်ယိရွှမ် အိပ်ယာပေါ်မှ ဆင်းလိုက်သည်။ သူ၏ စွမ်းအားနှင့် ခန္ဓာကိုယ်ပြန်ကောင်းလာပြီးနောက် ထွက်သွားချင်သော်လည်း ရှီမာယူယူနှင့် သခင်ကြီးဂျီတို့သည် တားကြလေသည်။

“မင်းရဲ့ လက်ရှိပုံစံနဲ့ဆိုရင် တံခါးကထွက်သွားတာနဲ့ လူတွေသိကုန်လိမ့် မယ်၊ ဖမ်းမိဖို့ ၁၀ မိနစ်တောင် ကြာလိုက်မှာမဟုတ်ဘူး” သခင်ကြီးဂျီသည် တွေဝေမှုမရှိဘဲ သူ၏ အားနည်းသော သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည်။

ထောင်ယိရွှမ်သည် ရောက်သည့်နေရာတွင်သာ ရပ်လိုက်သည်။ သူ၏ တင်းကြပ်နေသော လက်သီးဆုပ်သည် ပြေလျော့သွားသည်။ အသက်ကို ခပ်ပြင်းပြင်းရှုပြီးနောက် သူစိတ်ငြိမ်သွားသည်။

“ရှင် ရှင့်ရဲ့မွေးစားအဖေကို သွားရှာလို့မရတာတော့ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူ့ကိုရှာပြီးရင်ရော ဘာဖြစ်မှာလဲ၊ နေ့ခင်း ကြီးပဲရှိသေးတယ် သူ့ကိုတိုက်ရိုက်ပဲ နှစ်သိမ့်ပေးမလို့လား”

“ဒါပေမဲ့ သူ့ကိုသွားမတွေ့ရင် ငါလက်မလွှတ်နိုင်ဘူး” ထောင်ယိရွှမ် ပြော လိုက်သည်။

“အဲဒါဆိုရင် ဒီလိုလုပ်ရင်ရော ရှင်က သူ့ကိုတွေ့ရုံပဲမလား အရင်ဆုံး ရှင် ရုပ်ပြောင်းရုံပဲ” ရှီမာယူယူ သူ့ကိုစမ်းသပ်လိုက်သည် “ရှင် အဲဒါမျိုးလုပ်ဖို့လည်း ဖြစ်နိုင်မယ်မထင်ဘူး”

သူမ မည်သို့ရုပ်ပြောင်းရုပ်လွှဲလုပ်သည်ကို ထောင်ယိရွှမ်သည် သိချင်မိ သည်။ သူမသာ သူ့ကို ထိုအတိုင်းရုပ်ပြောင်းပေးပါက မဖြစ်နိုင်စရာအကြောင်း မရှိပေ။

“ဒါဆိုရင် ဒုတိယနည်းသုံးရုံပဲ”

“ဘာနည်းလမ်းလဲ” သခင်ကြီးဂျီ မေးလိုက်သည်။

“သူ့ကို ဖမ်းပြီးခေါ်လာရုံပဲ၊ ဒါက သခင်ကြီးဂျီအတွက် ပြဿနာမရှိဘူး ထင်တယ် ဟုတ်တယ်မလား”

သခင်ကြီးဂျီ - …..

***

All Chapters