နေရာမေးတဲ့သူပါ
Vol. 116 Ch. 1619
သူ ဆွံ့အသွားသော်လည်း ပျောက်ကွယ်သွားသည့် အဆိပ်ဆေးနည်း မျက်နှာကြောင့်သာ ညတွင် လူများကိုခေါ်ပြီးထွက်ခဲ့လိုက်ရသည်။
ရှီမာယူယူသည် သူ မည်မျှခေါ်သွားသည်ကို ဂရုမစိုက်ပေ။ သူမသည် မြေ ပြင်တွင်လဲနေသောလူကိုကြည့်လိုက်သည်။ ဒါ… တကယ်ပဲ မကျေနပ်လောက် စရာပဲ။
ထောင်ယိရွှမ်သည် ထိုလူကိုမြင်သောအခါ လက်သီးဆုပ်လိုက်သည်။
“လောင်ဂျီ သူ့ကိုနှိုးလိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။
လောင်ဂျီသည် ဆေးလုံးတစ်လုံးထုတ်ကာ ထိုလူကို ကျွေးလိုက်သည်။ ထို့နောက် သူ မတ်တတ်ရပ်ကာ ထောင်ယိရွှမ်ကို သူ၏ မွေးစားဖခင်နှင့်ထား ခဲ့ပြီး နှစ်ယောက်လုံး ထွက်ခဲ့လိုက်သည်။
သူတို့ ထွက်မသွားခင်တွင် ရှီမာယူယူသည် သူ့ကို ကူညီပြီး အတားအဆီး ပင် တည်ဆောက်ပေးခဲ့သည်။
သခင်ကြီးဂျီနှင့် သူမတို့သည် ခြံဝန်းထဲတွင် ရပ်နေလိုက်ကြသည်။ သူတို့ သည် အထဲမှအဖြစ်အပျက်များကို မကြားရကာ သူ ဒေါသထွက်သည် မထွက် သည်ကိုလည်း မသိရပေ။
“မင်း ဘယ်လိုထင်လဲ အဲဒီကလေးက သူ့မွေးစားအဖေနဲ့ ဘယ်လိုဖြေရှင်း မယ်လို့ထင်လဲ” သခင်ကြီးဂျီသည် သူမနှင့် အတူရှိပြီးနောက်တွင် အဆိပ်အပြင် ထိုကိစ္စများကိုပါ စတင်စိတ်ဝင်စားလာသည်။
“သူ အလွယ်တကူတော့ လွှတ်ပေးမယ်မထင်ဘူး” ရှီမာယူယူ ပြောလိုက် သည် “သူဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ရှိခဲ့တဲ့သံယောဇဉ်ကို တန်ဖိုးထား မလား မထားဘူးမလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
“သူ မိသားစုခေါင်းဆောင်ရာထူး ဆက်ခံနိုင်အောင် မင်းက တကယ်ပဲ ကူညီပေးမလို့လား” သခင်ကြီးဂျီသည် ခေါင်းမော့ကာ သူမကိုကြည့်လိုက် သည်။
“ဘာများကွာခြားသွားမှာမို့လို့လဲ” ရှီမာယူယူသည် သခင်ကြီးဂျီကို ပြုံးပြ လိုက်သည် “နောက်ဆုံးတော့ အတူတူပါပဲ”
“ဒီအဘိုးကြီးကတော့ မင်း ကစားတာကို ခံနေရတာပါပဲ” သခင်ကြီးဂျီ ပြောလိုက်သည်။
“လောင်ဂျီ တခြားသွားနေစရာမရှိရင် အသည်းကွဲတောင်ကြားကိုသွားလို့ ရတယ်၊ အဲဒီမှာ အဆိပ်သတ္တဝါတွေအများကြီးရှိလို့ တစ်ခုခုလုပ်ချင်တာရှိရင် သူတို့ကို လေ့လာလို့ရတယ်” ရှီမာယူယူသည် ပြောရင်းနှင့် တံဆိပ်ပြားကို ပစ် ပေးလိက်သည် “အဲဒီမှာက အများကြီးလွတ်လပ်တယ်၊ တောင်ကြားကို ထိခိုက် အောင်ဘာမှမလုပ်ပါဘူးလို့ သစ္စာဆိုသရွေ့ကတော့ အလုပ်ဖြစ်တယ်”
“အဲဒါကဘယ်လို အင်အားစုလဲ” သခင်ကြီးဂျီသည် တံဆိပ်ပြားကိုယူ လိုက်သည်။
“ကျွန်မရင်းနှီးတဲ့ ဂိုဏ်းတစ်ခုပါပဲ” ရှီမာယူယူသည် အခြေအနေကို အကျဉ်းချုံးပြောပြလိုက်သည်။ သူ ထိုနေရာသို့ရောက်လျှင် ရှီမန်ဖန်ကိုရှာသည် နှင့် သဘောကျလောက်မည့် နေရာကိုချပေးလိမ့်မည်။
သခင်ကြီးဂျီသည် ထိုမျှအံ့ဩဖွယ်ကောင်းသော နေရာအကြောင်းကြား လိုက်ရချိန်တွင် သူ့နှလုံးသားများ လှုပ်ရှားလာသည်။ သို့သော် သူသည် ထောင် မျိုးနွယ်အတွင်းတွင် အသားကျနေပြီဖြစ်သည်။ ဤနေရာတွင် ဆက်နေ၍မရ တော့မှသာ သွားမည်ဖြစ်ကာ လက်ရှိတွင်တော့ သွားရန်အစီအစဉ်မရှိပေ။
“ဒါဆိုရင် အခုတော့သိမ်းထားလိုက်ဦးမယ်၊ တစ်နေ့တော့ သုံးဖြစ်မှာပါ” သခင်ကြီးဂျီသည် တံဆိပ်ပြားကိုသိမ်းပြီး ပြုံးလိုက်သည် “အဲတော့ နောက် အစီအစဉ်ကဘာလဲ ဘာလုပ်ဖို့လိုလဲ”
“တခြားဘာမှလုပ်ဖို့တော့မလိုပါဘူး၊ ဒီတိုင်း ထောင်မျိုးနွယ်မှာ ဆက်နေ ရုံပဲ နောက်အဆင့်တွေမှာ သခင်ကြီးပါဖို့မလိုဘူး”
သခင်ကြီးဂျီသည် မှင်တက်သွားသည်။ သူ့ကို ဒီအခြေအနေကြီးရောက်မှ မပါခိုင်းတော့ဘူးလား။
“ဒီတစ်ခေါက် ကျွန်မတို့လုပ်မယ့်ကိစ္စက သေချာပေါက် ထောင်မျိုးနွယ် ကို အကြီးအကျယ်ဒုက္ခဖြစ်စေမှာပဲ၊ သခင်ကြီး အများကြီးပါလိုက်ရင် ထောင် မျိုးနွယ်မှာ နေလို့ရမှာမဟုတ်တော့ဘူး…အရင်က တခြားကိစ္စတွေမှာ ဝင်မပါ ဖူးတော့ အခုဒီမှာဝင်ပါလိုက်ရင် သခင်ကြီးပြောသမျှက အရာရောက်တော့မှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“…” သခင်ကြီးဂျီ စိတ်များလှုပ်ရှားသွားသည်။ သူသည် ပါးစပ်အဟောင်း သားဖြင့် ချောင်းဆိုးမတတ်ဖြစ်နေသည်။
“ဟုတ်ပြီ သူ့ကို ဂရုစိုက်မနေနဲ့တော့ ကိုယ့်အလုပ်ကိုယ်လုပ်ရအောင်” ရှီမာယူယူသည် ပြောပြီးသည်နှင့် သူမအိမ်ရှိရာသို့ ပြန်သွားလိုက်သည်။
သခင်ကြီးဂျီသည် သူမ လျှောက်သွားသည်ကို ကြည့်ပြီး တိတ်တိတ်လေး ပြုံးမိသည်။ သူ့အပြုံးသည် အရင်ကကဲ့သို့ အေးစက်မနေဘဲ နူးညံ့နေသည်။ ထိုအစား သူ့ရင်ထဲမှ ပျော်ရွှင်မှုသည် တိုးပွားလာသည်။
“အခုခေတ် ကလေးတွေကတော့လေ…” သူ သက်ပြင်းချလိုက်သည် “ထားလိုက်ပါတော့ ဒီအဘိုးကြီးလည်း အဆိပ်ဖြေဆေးသွားရှာတော့မယ်”
ထောင်ယိရွှမ်မှ သူ၏ဖခင်ဖြစ်သူကို မည်သို့ပြောလိုက်သည်ကို ရှီမာယူယူ မသိပေ။ သူမကို အလောင်းရှင်းရန် အရည်တစ်ခုတောင်းသည်ကိုသာ သူမ သိ သည်။ သူထွက်လာချိန်တွင် ပြောလေသည် “ငါ မြန်မြန်လုပ်ချင်တယ်”
အနည်းဆုံးတော့ သူသည် မုန်းတီးမှုကြောင့် ဝေပိုင်ပိုင်းခြားနိုင်သည့်စိတ် မပျောက်ပေ။ အဆင်ပြေသေးသည်။
ထောင်မျိုးနွယ်၏ စုဝေးပွဲကြီး မရောက်ခင် သုံးရက်လိုသေးသည်။ ရှီမာယူယူသည် ထောင်ယိရွှမ်ကို ညဥ့်နက်အချိန်တွင် ခေါ်သွားလိုက်သည်။ သူမသည် သူလုပ်ရန်လိုနေသည့် ကိစ္စကို မကူညီပေးနိုင်သည့်အပြင် ကြားဝင်၍ မရသလို သူမလုပ်ချင်သလိုလုပ်၍လည်းမရပေ။ သူမ လုပ်နိုင်သော တစ်ခု တည်းသောအရာမှာ စုဝေးပွဲနေ့တွင် ထောင်မျိုးနွယ်၏ ဘိုးဘေးကြီးကိုရှာရန် သာဖြစ်သည်။ ထို့နောက် သူမသည် ထိုနေ့တွင် သူ အသက်ရှင်နေသေးကြောင်း သေချာအောင်လုပ်ရမည်။
သုံးရက်တာမှာ မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ထောင်မျိုးနွယ်၏ စုဝေးပွဲကြီးသည် ထိုနေ့မနက်ပိုင်းတွင် စတင်သည်။ သူမ မသည် သခင်ကြီးထောင်ကို မြင်သည်နှင့် စင်္ကြံအောက်တွင် ရပ်လိုက်သည်။
“လောင်ဂျီ ဒီရက်တွေမှာ လောင်ဂျီဂရုစိုက်ပေးတာတွေအတွက် အကြွေး တင်သွားပြီ” သူမသည် သူ့ကို ဆေးတစ်လုံးပေးကာ ပေါ့ပါးစွာပြုံးလိုက်သည် “ကျွန်မဆေးက ရှင့်ဆေးထက် အများကြီးပျော့တယ် အဆိပ်ကုပြီးရင်တောင် ဘာမှခံစားရမှာမဟုတ်ဘူး”
“ဟင်း ဘာလို့လဲဆိုတော့ ဒီအဘိုးကြီးက အဲဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ တာကိုး” သခင်ကြီးဂျီသည် အဆိပ်ဖြေဆေးယူပြီး စားလိုက်သည်။ သူ့ ကိုယ်တွင်းမှ ပိတ်နေသောအရာကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား သည်။ “မင်း…. ဂရုစိုက်ပါ”
“ဟုတ်ကဲ့ ဂရုစိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ပိုင်း ပစ္စည်းကောင်းတွေ တွေ့ရင် လူငယ်မျိုးဆက်ကို မျှဝေပေးရမယ်နော်”
“မင်းရောပဲ”
“ရှင်က ကျွန်မကို အမြဲတမ်းအဲလိုယုံတာပဲနော်” ရှီမာယူယူသည် ခြံဝန်း ထဲမှ လျှောက်ထွက်ခဲ့လိုက်သည်။ သူမ လျှောက်ရင်းနှင့် ဟိန်းသံထောင်ချီကို သူ၏မူလအသွင်ပြောင်းရန် ညွှန်ကြားလိုက်သည်။ သူမ လှည့်လိုက်ရာ နေရောင်သည် သူမ၏ ခန္ဓာကိုယ်အား ရောင်ပြန်ဟပ်လေသည်။ “လောင်ဂျီ ကျွန်မရဲ့ မူရင်းပုံစံကို သေချာရှင်းအောင် မှတ်ထားရမယ်နော်၊ နောက်ဆိုရင် တောင်ကြားကိုသွားရင် ကျွန်မရဲ့တကယ့်ပုံစံကို မမှတ်မိဘဲနေမယ်၊ ကျွန်မ သွားတော့မယ် နှုတ်ဆက်ပါတယ်”
ရှီမာယူယူသည် ရောက်ကတည်းကပင် သူမ၏ မူလအသွင်အပြင်ကို သုံး မထားမှန်း သခင်ကြီးဂျီသိသည်။ သို့သော် သူမ ရုတ်တရက် ပြောင်းလဲသွား သောကြောင့် ထိတ်လန့်နေတုန်းပင်ဖြစ်သည်။ သူမ အရင်ပုံစံပြောင်းသွားပြီး ခြံဝန်းထဲက ထွက်သွားမှပင် သတိပြန်ဝင်လာသည်။
“ဆရာ ဆရာ အစ်မယူယူက ဘယ်လိုလုပ်လိုက်တာလဲ” ကလေးသည် လေးစားမှုအပြည့်ဖြင့် မျက်လုံးပြူးကျယ်ကာ ကြည့်လေသည်။
“မင်းကြီးလာမှ သူမကို မေးကြည့်ပေါ့” သခင်ကြီးဂျီသည် ခြေထောက်ကို လက်ဖြင့်ရိုက်ကာ လေ့လာရေးအခန်းသို့ သွားလိုက်တော့သည်။
ပြီးခဲ့သည့်ရက်ပိုင်းသည် သူ့ဘဝအတွက် ကဏ္ဍငယ်တစ်ခုဖြစ်ခဲ့သည်။ အခုတော့ သူ့ဘဝသည် ပုံမှန်အဖြစ်ပြန်သွားရတော့မည်။
အနည်းငယ် အေးစက်သည်ဟု ရုတ်တရက် ခံစားရသည်။
ရှီမာယူယူ သခင်ကြီးဂျီ၏ ခြံဝန်းမှထွက်လာပြီးနောက်တွင် ဘယ်ညာ ကွေ့ပတ်သွားကာ အစောင့်များကိုရှောင်ပြီး မြောက်ဘက်သို့သာ ဦးတည် လျှောက်လာခဲ့သည်။
ခြံဝန်းမှထွက်လာပြီးနောက်တွင် သူမသည် ဟိန်းသံထောင်ချီနှင့် ပြန် ပေါင်းစပ်ကာ ရုပ်ပြောင်းထားသည့်ပုံစံဖြင့်သာ နေလိုက်သည်။ သူမသည် အစေခံမိန်းကလေး ဝတ်စုံကို မလဲပေ။
သူမသည် ထိုရက်များတွင် ထောင်မျိုးနွယ်၏ အခြေအနေကို မနားမနေ စောင့်ကြည့်နေခဲ့သည်။ လှေသမားထောင်ပေးသော မြေပုံနှင့် ထိုရက်များတွင် သူမ၏ နီရဲပျားများ၏ အားထုတ်မှုနှင့်အတူ လမ်းတိုင်းကို သူမ သိနေပြီးကာ မည်သည့်လမ်းတွင် လှည့်ကင်းရှိတတ်သလဲဆိုသည်ကို သိထားခဲ့သည်။
သူမသည် အစောင့်များကို ရှောင်သွားရာ ခြံဝန်းအနောက်မှ တောင်ကို သွားသည့်လမ်းတစ်လျှောက် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။
သူမ တောင်ခြေသို့ရောက်ချိန်တွင် အလောတကြီးမတက်ပေ။ ထိုအစား သူမသည် ထောင်မျိုးနွယ်၏ လူစုနေသောကွင်းဆီသို့ ပြန်ကြည့်လိုက်သည်။ အစပိုင်းက အလွန်ဆူညံနေခဲ့သော်လည်း အခုတော့ ဆိတ်ငြိမ်သွားပြီဖြစ်သည်။ ထောင်ယိရွှမ်နှင့် သူ့လူများ ပေါ်လာခြင်းကြောင့်ဖြစ်နိုင်သည်။
“ငါတို့ လောရတော့မယ့်ပုံပဲ” သူမသည် ရေရွတ်ပြီး လှည့်ကာ တောင်ဆီ သို့လျှောက်သွားလိုက်သည်။
“ရပ်လိုက်” အစောင့်နှစ်ယောက်သည် သူမလမ်းကိုပိတ်ပြီး ရှေ့ဆက် မသွားရန် တားလိုက်သည်။
ရှီမာယူယူသည် သူတို့အားကိုကြည့်ပြီးနောက် သူမအနောက်တွင် ဗျိုင်းဖြူမျိုးနွယ်မှ အကြီးအကဲနှစ်ယောက် ပေါ်လာသည်။
“အကြီးအကဲတို့နှစ်ယောက်ကိုပဲ အပ်ထားလိုက်ပြီနော်” သူမသည် အကြီးအကဲနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
“သခင်မလေး ရှေ့ဆက်လုပ်စရာရှိတာ လုပ်ပါ” အကြီးအကဲသည် အစောင့်နှင့် စတင်တိုက်ခိုက်လေသည်။
ရှီမာယူယူသည် ရှေ့ဆက်လျှောက်ရာ တောင်ထိပ်သို့ရောက်ချိန်တွင် လူ တချို့ပျံလာလေသည်။ ရှီမာယူယူသည် ဝိညာဉ်စေတီထဲမှအကြီးအကဲများကို ခေါ်ထုတ်ကာ ဆက်လျှောက်နေလိုက်သည်။
“မင်းက ဘယ်သူလဲ”
ရှီမာယူယူသည် ခေါင်းမော့ပြီး သူမရှေ့ရှိ ကျောက်တုံးပေါ်တွင် ရပ်နေ သော လူကိုကြည့်ပြီးပြောလိုက်သည် “ကျွန်မက လမ်းမေးဖို့လူရှာနေတာပါ”
***