← Chapters

အရေးကြီးတဲ့ စစ်တုရင်အပိုင်းအစ

Vol. 116 Ch. 1620

အရေးကြီးတဲ့ စစ်တုရင်အပိုင်းအစ

Vol. 116 Ch. 1620

ထိုလူသည် မျက်ခုံးများကို ကြုတ်လိုက်သည်။

နေရာမေးနေတယ်ဟုတ်လား။ ဘယ်နေရာကို သွားမလို့လဲ။

“မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာက ငါတို့ဘိုးဘေးကြီး တရားကျင့်ကြံတဲ့ နေရာပဲ မြန်မြန်ပြန်တော့” သူ အမိန့်ပေးလိုက်သည်။

“ဆက်ဆံရေး ကောင်းလိုက်တာ” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မက ပြဿနာရှာလိုက်လို့ ရှင်တို့ရဲ့ ဘိုးဘေးကြီး တရားကျင့်ကြံနေတဲ့နေရာကနေ ထွက်လာမှာကို မကြောက်ဘူးလား၊ အဲအချိန်ကျမှ ယဉ်ယဉ်ကျေးကျေးပြောမှာ လား”

“ဘာအဓိပ္ပာယ်လဲ”

“ကျွန်မ ပြောတဲ့အတိုင်းပဲလေ၊ ရှင် ကျွန်မကို ထွက်သွားခိုင်းဖို့မလိုဘူး၊ ကျွန်မက ရှင်တို့ဘိုးဘေးကြီးကိုတွေ့ဖို့လာတာပဲ ဒီအတိုင်းဟန်ပြနေတာပဲရှိ တာ” သူမသည် စကားပြောရန် ပျင်းရိသလိုနှင့် ဝိညာဉ်စေတီအတွင်းမှ သားရဲ များကို ခေါ်ထုတ်လိုက်သည်။

ထိုအချိန်တွင် လူတစ်စုသည် တောင်ပေါ်မှ ပျံဆင်းလာကြသည်။ ထို နေရာတွင် လူအများအပြားစောင့်နေလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ထိုလူများသည် ဘိုးဘေးကြီးအနားသို့ လူမရောက်စေရန်နှင့် သတင်းဖုံးထားရန် ကာထားခြင်းဖြစ်မည်။

ထောင်ယိရွှမ်၏ လူများအားလုံး ထိုနေရာတွင် ပိတ်မိနေသည်မှာ မထူးဆန်းတော့ပေ။ ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် အားအင် နည်းနည်းနှင့် ပြုလုပ်ရန် မဖြစ်နိုင်ပေ။

သို့သော် ပြိုင်ဘက်မှာ များပြားလွန်းသည်။ သူမသည် ပျာယာခတ်မသွား ဘဲ ရှီမာလျူရွှမ်နှင့် တခြားသူများကို ခေါ်ထုတ်လိုက်သည်။

သူမသည် အားလုံးထဲတွင် အားအနည်းဆုံးဖြစ်သဖြင့် အားလုံးသည် သူမ ကို အလယ်တွင်ထားပြီး ဝန်းရံလိုက်ကြကာ သူမကို လှုပ်ရှားခွင့်မပေးပေ။ ထို အရာကပင် သူမကို အကူအညီမဲ့သလိုခံစားရစေသည်။

ဒီလောက် လှုပ်လှုပ်ရှားရှားဖြစ်နေကြတာကို ဘိုးဘေးကြီးက ဘာသံမှ မကြားရဘူးလား။ သူက ဘာလို့ တစ်ချက်မှတောင်မတုံ့ပြန်တာလဲ။

ဤနေရာသည် ကွင်းပြင်နှင့် ဝေးကွာကာ ဂျောင်ကျသည်။ တစ်ဖက်တွင် တော့ ထိုကိစ္စများကို စဉ်းတောင်မစဉ်းစားမိပေ။

အကြောင်းမှာ မျိုးနွယ်ရှိ လူငယ်မျိုးဆက်များသည် ပြိုင်ပွဲဝင်နေကြကာ သူတို့ သစ္စာဖောက်လိုက်သော သခင်လေးသည် ပျောက်နေရာမှ ပြန်လာခြင်း ကြောင့်ဖြစ်သည်။

သူသည် ပြန်လာရုံတင်မဟုတ်ဘဲ သူ၏ ဖြူစင်မှုကို သက်သေပြရန် သက်သေကိုပါ ထုတ်လာခဲ့သည်။ သူသည် ကိုယ်တိုင်ရထားသော သက်သေ ထုတ်လာသည်။

ထိုသက်သေထဲမှ တစ်ခုသည် မိသားစုသခင်မကြီးနှင့် အပြင်လူများသည် ထောင်မျိုးနွယ်၏ ပိုင်ဆိုင်မှုများကို ရယူရန် ပူးပေါင်းကြံစည်သည့် အကြောင်း အရာပါပါဝင်သည်။ သူသည် အရေးကြီးသော ရာထူးရှိ နာမည်အများအပြားကို ပင် စာရင်းပြုစုထားသည်။

ထိုနေ့ စုဝေးပွဲကြီးသည် မျိုးနွယ်၏ လူငယ်မျိုးဆက်ကို စာမေးပွဲစစ်ရန် အတွက်ဖြစ်သလို မျိုးနွယ်ရှေ့တွင် သူတို့၏ အင်အားကို ပြသချင်၍လည်းဖြစ် သည်။ ထောင်ယိရွှမ်သည် အားလုံးရှေ့တွင်ပေါ်လာကာ သက်သေကိုပါ ထုတ် လာသဖြင့် သူ့ကိုသတ်ချင်လျှင်တောင် မဖြစ်နိုင်သည်မှာ သိသာနေသည်။

နှစ်ဖက်လုံးသည် အကြပ်ရိုက်နေကြသည်။

ရှီမာယူယူသည် ကောင်းကင်ကိုကြည့်လိုက်သည်။ သူမသည် ဤနေရာ တွင် ကြာရှည်စွာ နေခဲ့သည်။ သူမ တောင်ထိပ်ဆီသို့ကြည့်ပြီး လေဲ့တွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သို့သော် စစ်မြေပြင်မှ မည်သူမျှ သတိ မထားမိပေ။

သူမ ပြန်ပေါ်လာချိန်တွင် တောင်၏တစ်ဘက်ခြမ်းသို့ ရောက်နေပြီဖြစ် သည်။

သူမသည် ရှေ့တွင်ရှိသော အတားအဆီးကို ကြည့်လိုက်သည်။ အဲဒါကြောင့် ဒီလောက် လှုပ်လှုပ်ရှားရှားဖြစ်နေတာကို ဘိုးဘေးကြီးက မကြား တာကိုး။ အတားအဆီးရှိနေလို့လေ။

ဟိန်းသံလေးရှိလျှင် သူ့ကို ခေါ်ထုတ်ပြီး ပေါင်းစပ်လိုက်မည်ဖြစ်သည်။ ထိုအခါ အတားအဆီးထဲသို့ ဝင်ရန် သူမအတွက် လွယ်ကူနိုင်သည်။ သို့သော် အခုချိန်တွင် သူ မရှိသဖြင့် ထိုနည်းလမ်းကို အသုံးပြု၍မရပေ။ သူမ ခေတ္တမျှ စဉ်းစားပြီးနောက် သူမ၏လေးခုမြောက်ဝိညာစွမ်းအင်ကိုထုတ်ကာ အတားအဆီးကို တိုက်ခိုက်တော့သည်။

ကျောက်အခန်းထဲတွင် တရားထိုင်နေသော ဘိုးဘေးကြီးသည် အတားအဆီးကို တိုက်ခိုက်ခံနေရသည်ကို အာရုံခံမိသည်။ သူ၏ မျက်နှာသည် တည်တံ့သွားကာ မျက်လုံးမှာလည်း ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။

မည်သည့်ကလေးက မျက်နှာပြောင်တိုက်သလဲဆိုသည်ကို သူ ကြည့်ချင် သည်။

“ထောင်မျိုးနွယ်ရဲ့ ဘိုးဘေးကြီး… လူကြီးမင်းက တရားထိုင်ရင် အရမ်း မတင်းကြပ်ဘူးလို့ကြားတယ်၊ အဲလိုဆိုရင် ကျွန်မပြောတာကို ကြားရမှာပါ ဟုတ်တယ်မလား၊ လူကြီးမင်း ထွက်မလာဘဲ အချိန်ဆွဲနေရင် ထောင်ယိရွှမ် သေသွားလိမ့်မယ်”

အစပိုင်း ကျောက်ချနေသော ထောင်မျိုးနွယ် ဘိုးဘေးကြီး၏ ခန္ဓာကိုယ် သည် ချက်ချင်းပင် ထလာသည်။ ကျောက်တံခါးပွင့်သွားကာ ပိန်သွယ်ပြီး အရပ်ရှည်သော အမျိုးသားတစ်ယောက် အထဲမှထွက်လာသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။

“မင်းက ဘယ်သူလဲ” ထောင်မျိုးနွယ်ဘိုးဘေးကြီး မေးလိုက်သည်။

“အခု ကျွန်မက ဘယ်သူလဲဆိုတာကို ဂရုစိုက်မနေနဲ့ဦး ကျွန်မက လူကြီးမင်းကို သွားတွေ့ဖို့ ထောင်ယိရွှမ်ခိုင်းလိုက်တဲ့လူပါ” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ ကွင်းပြင်ရှိရာသို့ ညွှန်ပြကာ ပြောလိုက်သည် “လူကြီးမင်း ကိုတွေ့ဖို့ ကျွန်မ အားအများကြီးထုတ်ခဲ့ရတယ် ကျွန်မလူတွေလည်း ကြာကြာ တောင့်မခံနိုင်တော့ဘူး”

ထောင်မျိုးနွယ်ဘိုးဘေးကြီး၏ မျက်နှာထားမှာခက်ထန်သွားကာ အတားအဆီးကို သိမ်းလိုက်သည်။ လျှပ်တပြက်နှင့် သူသည် လေထဲသို့ ပျံသွား ကာ ထိုလူများကို အော်လိုက်သည် “ရပ်လိုက်ကြ”

ထောင်မျိုးနွယ်ဝင်များသည် ထောင်မျိုးနွယ်ဘိုးဘေးကြီးကို မြင်သော အခါ ချွေးအေးများပျံလာသည်။ သူတို့သည် မလိုလားစွာပင် ရပ်လိုက်ရသည်။ တခြားသူများကတော့ သူ့ဘေးတွင် တိတ်ဆိတ်စွာရှိနေသော ရှီမာယူယူသည် မည်သည့်စကားမှ မပြောသဖြင့် ရပ်လိုက်ကြသည်။

ထောင်မျိုးနွယ်ဘိုးဘေးကြီးသည် တိုက်ပွဲမြင်ကွင်းကိုမြင်သောအခါ တစ်ခါတည်းနှင့် နားလည်သွားသည်။ သူသည် ဒေါသထွက်လာကာ ရောင်ဝါမှာ လည်း ဒေါသအဖြစ်ပေါက်ကွဲလာသည် “မင်းတို့အကုန်လုံးက တကယ်ရဲတင်း ကြတာပဲ”

ရှီမာယူယူသည် သူ၏အားကောင်းသောရောင်ဝါကို ခံစားမိသဖြင့် နောက် ပြန်ဆုတ်လိုက်သည်။ သူမ သူ့ကိုသတိပေးလိုက်သည် “ဒီလူတွေက မဖြစ်စ လောက်လေးတွေပါ ပြန်သွားမှ သူတို့ကို ဖြေရှင်းဖို့အချိန်ရှိပါတယ် ဒါပေမဲ့ ဟိုကို အချိန်မှီမရောက်သွားရင် ထောင်ယိရွှမ် သေသွားလိမ့်မယ်”

သူမ ပြောသည်မှာမှန်သည်။ အကြောင်းမှာ ကွင်းပြင်ဆီမှ တိုက်ပွဲသံ ထွက်လာခြင်းကြောင့်ဖြစ်သည်။

“ဟင်း”

သူ အင်္ကျီလက်ဖြင့် တစ်ချက်ဝေ့လိုက်သည်နှင့် ထောင်မျိုးနွယ်မှလူများ သည် ရောက်နေရာတွင် အမြစ်တွယ်သွားလေသည်။

ရှီမာယူယူ ထိုတိုက်ကွက်ကို မြင်သောအခါ မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

မိုက်လိုက်တာ….

ထောင်မျိုးနွယ်ဘိုးဘေးကြီးသည် သူမ အလန့်တကြားဖြစ်သွားသည့် မျက်နှာကို လျစ်လျူရှုပြီး ကွင်းပြင်ရှိရာသို့ တိုက်ရိုက်ပျံသွားလိုက်သည်။

“ယူယူ ငါတို့လည်းသွားရအောင်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ဘယ်ကိုလဲ” ရှီမာယူယူသည် ထောင်မျိုးနွယ်ဘိုးဘေးကြီးမှ ထိုလူများ ကို အကြောသေအောင် မည်သို့လုပ်လိုက်သလဲဆိုသည်ကို စစ်ဆေးနေရာမှ မသိစိတ်မှ မေးလိုက်သည်။

“ထောင်ယိရွှမ်ရှိတဲ့နေရာကိုသွားပြီး အခြေအနေကြည့်ရအောင်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “သူ့လုံခြုံရေးကို နင်ပဲ အာမခံထားတာမဟုတ် ဘူးလား သွားမကြည့်တော့ဘူးလား”

“အိုး သူ့ဘိုးဘေးကြီး သွားလိုက်ပြီပဲ ဘာအန္တရာယ်ရှိတော့မှာလဲ၊ ညီမတို့ က အန္တရာယ်များတဲ့ အလုပ်တောင်လုပ်ပြီးသွားပြီလေ” ရှီမာယူယူ ပြောလိုက် သည်။

သူ့လက်ထဲရှိ သက်သေအပြင် ဘိုးဘေးကြီးပါ ကူညီပေးကာ သက်သေ လည်းခိုင်မာလျှင် ယနေ့အခြေအနေသည် စီစဉ်ထားသည့်အတိုင်းပင်ဖြစ်လိမ့် မည်။

တခြားကိစ္စနှင့်ယှဉ်လျှင် သူမသည် ဤနေရာတွင် ဖြစ်ပျက်သွားသည်ကို ပို၍စိတ်ဝင်စားသည်။

သူမ ထိုလူများကို လှည့်ပတ်ကြည့်နေသည်ကို ဟန့်မြောင်ရွှမ် မြင်သော အခါ သူမလက်ကိုဆွဲပြီး ပြောလေသည် “ဒီလူတွေကို အကုန်ပြီးမှ စစ်ကြည့်လို့ ရပါတယ် ဟိုဘက်ကိုသွားရအောင်”

ရှီမာယူယူသည် တရွတ်တိုက်ပါသွားကာ တွန့်ဆုတ်စွာပင် လိုက်သွားရ တော့သည်။ သူမ ထွက်မသွားခင် ဝိညာဉ်သားရဲများနှင့် ဗျိုင်းဖြူမျိုးနွယ် အကြီးအကဲများကို မမေ့မလျော့သိမ်းသွားလိုက်သည်။

သူတို့ ကွင်းပြင်သို့ ရောက်သောအခါ အခြေအနေသည် ပြီးလုနီးပါးဖြစ်နေ ပြီ။ အရင်က မည်မျှပင် သွေးပူနေသည့် တိုက်ပွဲပင်ဖြစ်စေကာမူ ဘိုးဘေးကြီး လှုပ်ရှားလိုက်သည်နှင့် မည်သူမှ ခြေတစ်လှမ်းပင် လှုပ်မရတော့ပေ။

ထိုသက်သေနှင့်မှ ဘိုးဘေးကြီး ထွက်လာနိုင်မည်ဖြစ်သည်။

ထို့ကြောင့်ပင် ရှီမာယူယူသည် ထောင်ယိရွှမ်အတွက် ထောင်မျိုးနွယ် ဘိုးဘေးကြီးကို ခေါ်ပေးခြင်းဖြစ်သည်။ သူ့တွင် သက်သေမရှိပါက ဘိုးဘေးကြီး ကိုဖိတ်ရန်နည်းလမ်းမရှိကာ ယနေ့အဖြစ်အပျက်ကိုလည်း သိနိုင်မည်မဟုတ် ပေ။

“နတ်ဆိုးသတ္တဝါ မင်းဘာလုပ်တာလဲ သူမက မင်းအမေလေ၊ မင်းက သူမ ကို စစ်ဆေးရဲတယ်ဟုတ်လား၊ မင်းရဲ့ညီလေးက သူမ ကိုယ်ထဲမှာရှိတယ်” မိသားစုခေါင်းဆောင်ထောင်၏ မာန်ဟိန်းသံကို အဝေးကပင် ကြားနေရသည်။ သူတို့ ကွင်းပြင်သို့ ရောက်ချိန်တွင် အသံကို ပိုရှင်းလင်းစွာကြားရသည်။

“ညီလေး ဟုတ်လား၊ သူက ကျွန်တော့်ရဲ့ ညီလေးလို့ ခေါင်းဆောင်က မစဉ်းစားမှာကိုပဲ ကြောက်မိပါတယ်၊ သူက ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သားလေ” ထောင်ယိရွှမ် နှာရှုတ်လိုက်သည် “ဘာလဲ ကျွန်တော် ပြောတာမှား လို့လား”

“သားမိုက်” မိသားစုခေါင်းဆောင်ထော်ငသည် ထောင်ယိရွှမ်ကို ဖမ်းချင် သော်လည်း သူ့ဘေးမှလူသည် တားလိုက်သည်။

“အနာပေါ်တုတ်ကျသွားလို့လား” ထောင်ယိရွှမ်သည် သူ့ကိုရှောင်တိမ်း လိုက်သည် “ကျွန်တော်က ပန်းတစ်ရာပိုးကောင်းအဆိပ်မိပြီး လူတွေ လိုက် သတ်တာကိုလည်း ခံခဲ့ရတယ်၊ အဖေကတော့ ကျွန်တော့်ကို မရှာရုံတင် မက ဘူး၊ ပန်းတစ်ရာပိုးကောင်အဆိပ်ရဲ့ အဆိပ်ဖြေဆေးကိုတောင် လက်စဖျောက် လိုက်သေးတယ်၊ အိုး မဟုတ်သေးဘူး ကျွန်တော့်ကိုမရှာဘူးလို့ ပြောမရဘူး ဘာလို့လဲဆိုတော့ ထန်းမျိုးနွယ်ကိုလွှတ်လိုက်တာလေ… ထန်းမျိုးနွယ်က ယုန်နားရွက်တောင်အထိ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပြီး အသတ်ခံရမလိုဖြစ် ခဲ့တယ်၊ အဲဒီတော့ ကျွန်တော့်ကိုရှာတယ်လို့ပြောလို့ရတာပဲ”

“ကျွတ်” ထိုစကားကိုကြားလိုက်သော လူများသည် ပင့်သက်ရှိုက်မိကြ သည်။ ဖခင်တစ်ယောက်က သားကို သတ်ဖို့ကြိုးစားတာလား။ ဒါက မျိုးနွယ် ခေါင်းဆောင်တစ်ယောက်က လုပ်ရမယ့်အလုပ်လား။

“ဘာမဟုတ်တာတွေ လာပြောနေတာလဲ”

“လုပ်တဲ့သူက ခင်ဗျားရဲ့ တံဆိပ်ပြားကိုယူပြီး သခင်ကြီးဂျီဆီက အဆိပ် တောင်းတယ်၊ အဲဒါက ခင်ဗျားဘေးမှာ အိပ်တဲ့လူအပြင် တခြားဘယ်သူဖြစ်နိုင် ဦးမှာလဲ၊ ခင်ဗျားက မျိုးနွယ်ကိုသစ္စာဖောက်တဲ့လူကိုတောင် ကာကွယ်ပေးနေ လိုက်သေးတယ်၊ အဖေ ကျွန်တော်တို့မျိုးနွယ်ဝင်တွေကို ဘယ်လိုတာဝန်ယူပေး မှာလဲ” ထောင်ယိရွှမ်သည် တစ်ခွန်းချင်းစီကို ရှင်းလင်းစွာ ပြောလေသည်။

***

All Chapters