ကောင်းလိုက်တဲ့ ရိုက်ချက်
Vol. 116 Ch. 1621
ထောင်ယိရွှမ် ပြောသည်နှင့် အားလုံးသည် ပင့်သက်ရှိုက်လိုက်ကြသည်။
သာမာန် ပြစ်မှုသာဆိုလျှင် သူ သူမကို ကာပေးသည်က ကိစ္စမရှိပေ။ သို့သော် မျိုးနွယ်ကို သစ္စာဖောက်သည့်ကိစ္စသည် အပြစ်ကြီးဖြစ်သည်။ အဲဒါကို သူတို့က ဘယ်လိုလုပ် သည်းခံရမှာလဲ။
ထောင်ယိရွှမ်သည် ထိုသက်သေမျိုးကို ကိုင်ထားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ကြည့်ရသည်မှာ သူမသည် သူ့ကို အထင်သေးမိပြီနှင့်တူသည်။
မဟုတ်ဘူး သူမက သူ့ကိုဘယ်တော့မှ အထင်မကြီးခဲ့တာလေ။ သူက သူမမျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲရှိတာ။
သူကလည်း စုဆောင်းတတ်တာပဲ။
“ငါတို့ အဲလောက်အများကြီး မပတ်သက်မိတာ ကံကောင်းတာပဲ” ရှီမာယူယူသည် တိုးညင်းစွာရေရွတ်လိုက်သည်။
“ငါတို့တွေက သူလှည့်စားတာ ခံလိုက်ရတာပဲ၊ သူ့ကို ချစ်စရာကောင်းတဲ့ ကောင်လေးလို့ထင်ထားတာ ဒါပေမဲ့ သူက အကြောမာတဲ့အသားတုံးကြီးဖြစ် လိမ့်မယ်လို့ ထင်မထားမိဘူး” ဟန့်မြောင်ရွှမ်သည် ဘေးမှပြောလေသည်။
“ဒီလိုလူမျိုးက ကျားကနေ ကြောင်ဖြစ်အောင် ဟန်ဆောင်နိုင်တယ် ဘယ်လိုပဲဖြစ်ဖြစ် သူက ဖုံးကွယ်နေဖို့မလိုတော့ဘူးဆိုတာနဲ့ ရေထဲကနဂါးဖြစ် သွားတာပဲ၊ သူမျိုသိပ်နိုင်မှာမဟုတ်တော့ဘူး” ကျန်းကျူးရှန့် ပြောလိုက်သည်။
“သူကတကယ်ပဲ စီမံချက်ကောင်းတာပဲ၊ သူ မိသားစုခေါင်းဆောင်ဖြစ် လာပြီးရင်တောင် ငါတို့သဘောတူချက်အတိုင်း မလုပ်ရင် ဘယ်လိုလုပ်ကြမလဲ” စူးရှောင်ရှောင်သည် စိတ်ပူပန်နေသည်။
“သူ အဲလိုမလုပ်ပါဘူး” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြော လိုက်သည်။
“ဂျူနီယာညီမလေး ငါပြောပြမယ်၊ ယောက်ျားတွေရဲ့ အပြင်ပုံပန်း သဏ္ဍာန်ကိုကြည့်ပြီး အလိမ်မခံလိုက်နဲ့” ဟန့်မြောင်ရွှမ်သည် သူမလည်ပင်းကို သိုင်းဖက်လိုက်သည် “သူတို့က ရုပ်ချောလေလေ ပိုဆိုးလေလေပဲ”
“ဟုတ်လား ညီမ စီနီယာအစ်ကိုကြီးကို ပထမဆုံးအကြိမ်မြင်တုန်းက လည်း ရုပ်ချောတယ်လို့ ထင်မိသားပဲ ဟင်” ရှီမာယူယူသည် သွားဖြဲပြကာ ဟန့်မြောင်ရွှမ်အား မျက်လုံးကျဉ်းပြီးကြည့်နေသော ကျန်းကျူးရှန့်ကိုကြည့် လိုက်သည်။
ဟန့်မြောင်ရွှမ်သည် လက်နှစ်ဖက်ဆန့်ထုတ်ကာ သူ့မျက်လုံးနှစ်ဖက်ကို ကာပြီး ပြောလေသည် “ကျွန်မပြောတာ မမှန်လို့လား ယောက်ျားလေးက ပိုကြည့်ကောင်းလေလေ ပိုယုံကြည်ရလေလေလို့ ပြောချင်နေတာလား၊ ကျွန်မသာ အဲဒါကို ယုံနေရင် ရှင်နဲ့အတူရှိနေဦးမှာလား၊ တခြားတစ်ယောက် အသစ်တွေ့တိုင်း ပြေးသွားလိုက်မှာမဟုတ်ဘူးလား”
ကျန်းကျူးရှန့်သည် သူမလက်ကို ဆွဲချပြီး သူမကိုကြည့်ကာ ခြိမ်းခြောက် လေသည် “လုပ်ရဲလား”
“အဲတော့ ကျွန်မပြောတာ မှန်တယ်မလား” ဟန့်မြောင်ရွှမ် ပြုံးလိုက် သည်။ ဘဝင်မြင့်လိုက်တာ။
“… ဟုတ်ပါတယ် မင်းပြောတာ ဟုတ်ပါတယ် ငါကလွဲပြီးတော့လေ”
အားလုံးမှာ - ….
ကျန်းကျူးရှန့် ထိုသို့ပြုမူသည်ကို မြင်ဖူးသည်မှာ ရှီမာယူယူအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ လူတစ်ယောက်ကို ချစ်မိလျှင် ဆင်ခြင်နိုင်စွမ်းနိမ့် သွားသည်မှာ အမှန်ပင်။
“ငါတို့ ဆရာ့ကိုရှာတွေ့တာနဲ့ လက်ထပ်ရအောင်” ကျန်းကျူးရှန့် ပြော လိုက်သည်။
“ရှင့်ကိုလက်ထပ်မယ်လို့ ဘယ်သူကကတိပေးလို့လဲ” ဟန့်မြောင်ရွှမ် သည် သူမလက်ကိုပြန်ဆွဲလိုက်သော်လည်း သူသည် တင်းကြပ်စွာဆုပ်ကိုင် ထားသဖြင့် ဆွဲမရဖြစ်နေသည်။
“မင်း သဘောမတူရင်လည်း သဘောတူကိုတူရမယ်” ကျန်းကျူးရှန့်သည် ဖိအားပေးသည်။
“မရဘူး” ဟန့်မြောင်ရွှမ်သည် နှာရှုတ်လေသည်။
ရှီမာယူယူသည် ထိုစကားများကို နားထောင်ပြီး ခေါင်းခါယမ်းလိုက် သည်။ ဒီလိုအပြုအမူနဲ့ ဘယ်သူကများ လက်ထပ်ခွင့်တောင်းလို့လဲ။ စီနီယာ အစ်ကိုကြီးက တကယ်ပဲ ဒါမျိုးတွေနားမလည်ဘူးပဲ။
“ညီမပြောမယ် စီနီယာတို့နှစ်ယောက် ပျော်ရွှင်ကြည်နူး တစ်တီတူးချင် ရင် တခြားနေရာမှာ သွားလုပ်ကြပါလား” သူမသည် မတတ်သာတော့ဘဲ သတိ ပေးလိုက်သည်။ ရှေ့ဆက်ဖြစ်နေလျှင် သူတို့ ဗူးပေါ်သလို ပေါ်သွားတော့မည်။
ဟန့်မြောင်ရွှမ်သည် ထိုအခါမှပင် သတိရသွားသည် နှစ်ယောက်လုံး၏ မျက်နှာများ နီရဲလာတော့သည်။
“အဲဒါအကုန် ရှင့်ကြောင့်ပဲ” သူမသည် ကျန်းကျူးရှန့်ကို ကြည့်လိုက် သည်။
“စီနီယာအစ်မ ပွဲကကြည့်လို့တော့ကောင်းနေပြီ ဇာတ်ရှိန်မြင့်နေပြီ” ရှီမာယူယူသည် သူမ၏ အင်္ကျီလက်ကိုဆွဲလိုက်သည်။
ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဟု ဟန့်မြောင်ရွှမ်ကြားသည်နှင့် ချက်ချင်းပင် အာရုံပြန်စုနိုင်ကာ ကျန်းကျူးရှန့်ကို ဂရုမစိုက်အားတော့ပေ။
ကွင်းပြင်ထဲတွင်တော့ ခေါင်းဆောင်ထောင်သည် သူ၏ ဇနီးဖြစ်သူရှေ့ တွင်ရပ်နေကာ အကြီးအကဲများသည် ထိုအရာကြောင့်ပင် ပိုဒေါသထွက်နေကြ သည်။ သူတို့သည် သူ့ကို ခေါင်းဆောင်နေရာမှ ဖြုတ်ချကာ ထောင်ယိရွှမ်ကို အားလုံးရှေ့တွင် ခေါင်းဆောင်အဖြစ် လက်ခံချင်နေကြသည်။
ရှီမာယူယူနှင့် တခြားသူများသည် လူအများထွက်လာပြီး ဆန့်ကျင်မည် ဟုထင်ထားသည်။ သို့သော် မည်သို့ဖြစ်သည်မသိ…. ထိုအဘိုးကြီးများသည် အချင်းချင်း သဘောတူထားကြပုံပင်။ သူတို့သည် ထောင်ယိရွှမ် ခြိမ်းခြောက်မှု ကိုခံရသည်လား မဟုတ်လျှင် လာဘ်စားထားကြသည်လား မသိပေ။
လူငယ်မျိုးဆက်များကတော့ ထင်မြင်ချက်ရှိသော်လည်း ဘိုးဘေးကြီးနှင့် အကြီးအကဲများမှ ဘာမှမပြောသဖြင့် ဝင်မပြောရဲကြပေ။
“အဖေ” ထောင်ယိရွှမ်သည် ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည် “အမေ က မျိုးနွယ်ကို သစ္စာဖောက်ပြီး တခြားသူတွေနဲ့ ပူးပေါင်းပြီး မျိုးနွယ်ရဲ့ အကျိုး ကိုထိခိုက်အောင်လုပ်နေတာ၊ ဒီနေ့တော့ သူမကို ဖြုတ်ချမှဖြစ်မယ်”
“မင်းလုပ်ရဲလား” ခေါင်းဆောင်ထောင် အော်လိုက်သည် “သားမိုက် မင်း သူမဆံပင်တစ်ပင်ကိုတောင် ထိရဲထိကြည့် ငါ့ရဲ့အလောင်းကိုအရင်တွေ့ရလိမ့် မယ်”
“အဖေ သူမက အဖေ့ကိုဆွဲချနေတာနော် သူမက အဖေကာကွယ်ဖို့ မထိုက်တန်ဘူး” ထောင်ယိရွှမ်သည် သူ့ကို နာကျင်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
“မင်း ဘာပဲပြောပြော သူမက ငါ့ဇနီးပဲ” မိသားစုခေါင်းဆောင်ထောင် သည် သူ၏အပြစ်မှာ ခွင့်မလွှတ်နိုင်သောအပြစ်ဆိုသည်ကို သိသော်လည်း သူမ ကို မစွန့်ပစ်နိုင်ပေ။
“အဖေ သူမက အရင်လိုမျိုး အဖေ့ကိုဆက်ဆံတုန်းလို့ထင်နေတာ သူမ စိတ်ထဲမှာ အဖေဆိုတာမရှိဘူး” ထောင်ယိရွှမ် အော်လိုက်သည်။
“မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ ငါ့နှလုံးသားထဲမှာ မင်းအဖေ တစ်ယောက်ပဲရှိတယ်” သခင်မကြီးသည် သူ၏ ထွက်ပေါက်မှာ ခင်ပွန်းဖြစ် သည်ကို နားလည်ထားသဖြင့် သူ့လက်ကိုဆုပ်ကိုင်ထားကာ မလွှတ်တော့ပေ။
“ဟားဟား… အဲစကားပြောတာ မရှက်ဘူးလား” ထောင်ယိရွှမ် မေးလိုက် သည်။ “ကြည့်ရတာ ခင်ဗျားအတွက် အခေါင်းမမြင်ရခင်အထိ အသိစိတ်မဝင် ဘူးထင်တယ် အဲလူကိုခေါ်လာခဲ့”
“သွား သွားစမ်း” အစောင့်နှစ်ယောက်သည် လူတစ်ယောက်ကို ကွင်းပြင် ဆီသို့ ခေါ်လာရာ ထိုလူသည် ယိုင်ယဲ့စွာဖြင့် လျှောက်လာပြီး မျက်နှာနှင့် အောက်ကိုလဲကျသွားလေသည်။
ထိုလူကိုမြင်သောအခါ မိသားစုခေါင်းဆောင်ထောင်၏ မျက်နှာထားမှာ ရှုပ်ထွေးနေပြီး သခင်မ၏ မျက်နှာမှာ အလွန်ထိတ်လန့်နေသည်။
“အဲဒီ အံ့ဖွယ်သမားတော်ကို ဘာလို့ခေါ်လာတာလဲ” ခေါင်းဆောင်ထောင် ပြောလိုက်သည်။
“အဖေ ဒီအံ့ဖွယ်သမားတော်.. သူ့ကို မှတ်မိသေးလား” ထောင်ယိရွှမ် သည် သူ့ကို မေးခွန်းဖြင့် ပြန်ဖြေလေသည်။
“သေချာမှတ်မိတာပေါ့” ထိုလူသည် သူ၏ ခန္ဓာကိုယ်ကို ကုသပေးသည့် သမားတော်ဖြစ်သည်။ ဘယ်လိုလုပ် မမှတ်မိဘဲနေမလဲ။ အဲလူကြောင့်သာ မဟုတ်ရင် သူ့ဇနီးက ဘယ်လိုလုပ် ကိုယ်ဝန်ပြန်ရနိုင်မလဲ။
“လွန်ခဲ့တဲ့လပိုင်းက သူ့ကိုသတ်ဖို့ကြိုးစားတဲ့ လူတွေနဲ့ တွေ့ခဲ့တဲ့လူတစ် ယောက်ရှိတယ်၊ အဲလူက သူ့ကိုကယ်ခဲ့တယ် ဒါပေမဲ့ အရမ်းကိုထိတ်လန့်စရာ ကိစ္စတစ်ခုကို သိခဲ့တယ်” ထောင်ယိရွှမ်သည် ထိုအကြောင်းပြောရင်းနှင့် သူ့အား လေးနက်စွာကြည့်လိုက်သည်။
“ဘာလဲ”
“ဒီသတင်းကို ကျွန်တော်ပြောလို့မရဘူး” ထောင်ယိရွှမ် ပြောလိုက်သည် “အံ့ဖွယ်သမားတော်ကို ပြောဖို့ကိုယ်တိုင်ပြောလိုက်ပါ”
“ပြော ဘာလဲ”
“ခေါင်းဆောင်ထောင် ကျွန်တော့်ကိုကယ်ပါ” အံ့ဖွယ်သမားတော် ရုတ်တရက် အော်လေသည်။
“မင်းကို ကယ်ရမယ်ဟုတ်လား ဘယ်သူကမင်းကိုသတ်ချင်တာလဲ” ခေါင်းဆောင်ထောင်သည် တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်သော်လည်း မယုံကြည်ချင်ပေ။
“သခင်မကြီးပါ သူမက ကျွန်တော့်ကို နှုတ်ပိတ်ဖို့ လူတွေလွှတ်လိုက်တာ ပါ” အံ့ဖွယ်သမားတော်သည် ညည်းတွားလေသည် “ကျွန်တော်က ခေါင်းဆောင်ရဲ့ ရောဂါကိုအရှင်းပျောက်အောင် ကုဖို့မတတ်နိုင်ပါဘူး အစတုန်း ကတော့ သူမကပဲ ကျွန်တော့်ကိုလာရှာပြီးတော့ အကျိုးအမြတ်တွေ အများကြီး ပေးခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်က ခေါင်းဆောင်ကိုလိမ်လိုက်တာပါ၊ ကျွန်တော်လည်း ခေါင်းဆောင်ကို အရင်းပျောက်အောင်မကုနိုင်တော့ ထောင် မျိုးနွယ်မှာ ဆက်မနေရဲတော့ဘူးလေ၊ ကျွန်တော် ထောင်မျိုးနွယ်ကထွက်တာနဲ့ သတ်ဖို့ကြိုးစားကြမယ်လို့ထင်မထားဘူး ကျွန်တော်လည်း သေလုနီးပါးခဏ ခဏဖြစ်ခဲ့တယ်”
မိသားစုခေါင်းဆောင်ထောင်သည် အံ့ဖွယ်သမားတော်၏ ထွက်ဆိုချက် ကြောင့် ယိုင်လဲသွားသည်။ သူ၏ အမူအရာမှာ ထပ်ခါထပ်ခါ ပြောင်းလွဲသွား လေသည်။
“အံ့ဖွယ်သမားတော် ခင်ဗျားမှားနေတာလား ကျုပ်ဇနီးက ကိုယ်ဝန်ရှိနေ တာ ဒီလောက်သေချာနေတာကို ကျုပ်ကို မကုသနိုင်ဘူးဆိုတာ ဘယ်လိလုပ် ဖြစ်နိုင်မှာလဲ”
“ကျွန်တော် အမှန်ပဲပြောတာပါ သခင်မကြီးက တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာ ကြာပါပြီ သူမက ခေါင်းဆောင်ကြီးကို တစ်ချိန်လုံး လိမ်ထား တာပါ” အံ့ဖွယ်သမားတော် ပြောလိုက်သည် “ကျွန်တော် ပြောတာ မယုံရင် ကျိန်ရဲပါတယ်၊ ကျွန်တော် အခုပြောတဲ့ဟာတွေက အမှန်တွေပါပဲ၊ ကျွန်တော် သာ ခေါင်းဆောင်ကို တကယ်ကုနိုင်ရင် အသူရာငရဲကိုကျပါစေ”
သူ ကျိန်ဆိုမှုလုပ်ပြီးချိန်တွင်လည်း ထိုနေရာတွင်ပင် ရှိနေသေးသည်။ ထို အရာက်ပင် သူ၏ စကားများသည် အမှန်ဖြစ်သည်ဟု သက်သေပြနေသည်။
ဆိုလိုတာက….
အားလုံးသည် ခေါင်းဆောင်ထောင်နှင့် သခင်မကြီးကို ကြည့်လိုက်ကြ တော့သည်။
“မင်းပြောဦး ဘယ်လိုဖြစ်တာလဲ” ခေါင်းဆောင်ထောင်သည် ထိုရိုက်နှက် ချက်ကြောင့် ပြင်းထန်စွာသက်ရောက်သွားကာ သူ့မျက်လုံးများမှာလည်း သွေး နီရောင်လွှမ်းနေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည့်နေသည်။
“သခင်ကြီး…” သခင်မသည် ထိုအပြုအမူကြောင့် ကြောက်သွားပြီး အနောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်မိလေသည်။
“မင်းဘာမှပြောဖို့မလိုဘူး မင်းကျိန်ဆိုတာကိုပဲ လိုချင်တယ်၊ မင်းဗိုက်ထဲ က ကလေးက ငါ့ဟာမဟုတ်ရင် မင်း တစ်သက်လုံး ငရဲကျလိမ့်မယ်” ခေါင်းဆောင်ထောင်သည် အံကြိတ်ပြီး ပြောလိုက်လေသည်။
***