← Chapters

 လခွမ်း။သနားစရာပြန်လည်ရှင်သန်ခြင်းပဲ

Vol. 1 Ch. 1

 လခွမ်း။သနားစရာပြန်လည်ရှင်သန်ခြင်းပဲ

Vol. 1 Ch. 1

အသက်၂၄ ရှိပြီဖြစ်သည့် အိုတာခု တစ်ယောက်ဖြစ်သူ ချန်လွေ့သည် ကျောင်းပြီးသွားသော်လည်း အလုပ်မရသေးပေ။အွန်လိုင်းစတိုး တစ်ခုဖွင့်ရန်ပင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။စားနိုင်သောက်နိုင်ရန်ပင် ခဲယဉ်းလှသည်။လက်ရှိတွင်တော့ ချန်လွေ့သည် ပစ္စည်းဥစ္စာ၊ကား၊ရည်းစား စသည့် မည်သည်ကိုမှ မပိုင်ဆိုင်သော လူတစ်ယောက်ပင် ဖြစ်လေသည်။

တစ်နေ့၌ ချန်လွေ့သည် ဝက်ဘ်ကမ် ပါသည့် ဖုန်းတစ်လုံး ကောက်ရသွားသည်။ထိုဖုန်း၌ တံဆိပ်မပါပေ။ကလုန်းဖြစ်ပုံရသည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာလည်း အကျိုးရှိ‌ပေသည်။ဝက်ဘ်ကမ်ပါသည့် ဖုန်းသည် လူများအား အမျိုးမျိုး ထင်စေနိုင်လေသည်။ချန်လွေ့ ချက်ချင်းပင် အဖွင့်ခလုတ်အား နှိပ်လိုက်ရာ ဖုန်းမျက်နှာပြင် လင်းလာသည်။မျက်နှာပြင်အလယ်၌ လေးထောင့် အကွက်တစ်ကွက်ပေါ်လာပြီး စာကြောင်းများ ပေါ်လာသည်။

“ သင် ဒီလိုလုပ်မှာ သေချာပြီလား။ ”

အတည်ပြုသည့်ခလုတ်အား ချန်လွေ့နှိပ်လိုက်ရာ နောက်ထပ်စာလုံးများ ပြန်ပေါ်လာလေသည်။

“ တကယ်သေချာပြီလား။ ”

ဘယ်ပျင်းစရာကောင်က ဒီလိုမျိုးလုပ်ထားတာလဲ။ ချန်လွေ့သည် အတည်ပြုခလုတ်ကို ထပ်မံနှိပ်လိုက်သည်။

“ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။စူပါစနစ်ကနေ ကြိုဆိုပါတယ်။ ”

ဖုန်းမျက်နှာပြင်၌ ထိုစာများပေါ်လာပြီး ချက်ချင်းပင် ဖုန်းပေါက်ကွဲသွားလေသည်။

“ လခွမ်း ” ဟု မပြောနိုင်ခင်မှာပင် ချန်လွေ့ သတိလစ်သွားသည်။

……

ခဏကြာသော် ချန်လွေ့ ဇဝေဇဝါနှင့် မျက်လုံးဖွင့်လိုက်ရာ ကြောက်စရာ ခေါင်းကိုက်ခဲမှုကို ခံစားရလိုက်သည်။သူ၏ လက်ထဲရှိ ဖုန်း၏ ပေါက်ကွဲမှုကြောင့် သတိမေ့သွားကြောင်းကို  ချန်လွေ့ ရေးရေးလေး သတိရလိုက်သည်။သူ၏ ခေါင်းထဲ၌ ကိစ္စများစွာ ရှိနေပုံပေါ်သည်။သို့သော် ဘာကိုမှ မစဉ်းစားနိုင်မှာပင် ဘေးနားမှာ တစ်စုံတစ်ယောက် စကားပြောသည်ကို ကြားလိုက်ရသည်။

“ မင်း နိုးပြီလား။ ”

ချန်လွေ့ရှေ့၌ မျက်နှာသွယ်သွယ်၊ခန့်ခန့်ညှားညှား၊နှာရွက်ချွန်ချွန်၊မျက်လုံးပြာပြာနှင့် ငွေနက်ရောင် ဆံပင်ရှိသည့် ယောက်ျားတစ်ယောက်ရှိနေသည်။ထိုသူသည် ချန်လွေ့အား သံသယများဖြင့် ကြည့်နေလေသည်။

ထိုကဲ့သို့ “ ထူးခြား ” သည့် မျက်နှာကို တွေ့လိုက်ရသည့်အခါ ချန်လွေ့ စိတ်အေးသွားသည်။ကိုယ်သ‌ဘောအကျဆုံး ကာတွန်း သို့မဟုတ် အာနီမဲ ဇာတ်ကောင်များပုံစံအဖြစ် ပြင်ဆင်ကြသည့် အာနီမဲ ဝါသနာအိုးများစွာကို အင်တာနက်ပေါ်၌ ချန်လွေ့မြင်ဖူး‌ပေသည်။ထို့နောက် ထိုသူအား ချန်လွေ့ပြောလိုက်သည်။ “ ခင်ဗျားကျုပ်ကို ကယ်ခဲ့တာလား။ကျေးဇူးပါပဲ။ ”

ယခုခေတ်တွင် တစ်စုံတစ်ယောက်အား ကယ်တင်ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။

“ မင်းကိုကယ်တာ။ဟုတ်လား။”

ချန်လွေ့၏ တုံ့ပြန်မှုကို မြင်ရသည့်အခါ အာနီမဲ ဝါသနာအိုးသည် ပို၍ပင် အံ့အားသင့်သွားပြီး ကိုယ့်ကိုယ်ကိုယ် တီးတိုးပြောလိုက်သည်။

“ ဆေးညွှန်းတစ်ခုခုလွဲနေတာလား။ဒါမှမဟုတ် ဆေးရည်ကို မှားသုံးမိလိုက်တာလား။ ”

အမေးအဖြေ ပြောနေရင်း ချန်လွေ့သည့် သူတို့နှစ်ဦး၏ ဘာသာစကားမှာ ထူးဆန်းနေသည်ကို သတိထားမိသွားသည်။ချန်လွေ့သည် ထိုသာသာစကားအား တစ်ခါမျှ မကြားဖူးပေ။သို့သော်လည်း သူလုံးဝ နားလည်နေပေသည်။

“ မိတ်ဆွေ။ခင်ဗျားရဲ့ နတ်သူငယ် ပုံစံက တော်တော်လေး ယုတ္တိရှိသည်။ဒါပေမဲ့ အသားအရေက တော်တော်‌လေး မည်းနက်နေတယ်.... ”

ချန်လွေ့ ခေါင်းခါလိုက်ပြီး ထထိုင်ရန် ကြိုးစားလိုက်ရာ တစ်ကိုယ်လုံး ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။လုံးဝစိမ်းနေပြီး ထူးဆန်းသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ချန်လွေ့မေးလိုက်သည်။ 

“ အိုး။ဟုတ်သားပဲ။ဒါက ဘယ်နေရာလဲ။ ”

“ မင်းက ငါ့ရဲ့ အသားအရေကို လှောင်ပြောင်ရဲတယ်လား။ ”

အာနီမဲ ဝါသနာအိုးသည် ဒေါသတကြီး တုံ့ပြန်လိုက်သည်။ထို့နောက် ချန်လွေ့သည့် လျှပ်စီးကွေးများ မြင်လိုက်ရပြီး ချက်ချင်းပင် သုံးလေးမီတာအကွာသို့ လွင့်စင်သွားသည်။သူ၏ ခန္ဓာကိုယ် တုန်ယင်နေပြီး လေထုမှာလည်း ညှော်နံ့များ ပြည့်သွားသည်။

“ စလီ။အခုချက်ချင်း ထွက်လာခဲ့။ ”

ချန်လွေ့အား အပြစ်ပေးပြီးသော်လည်း အာနီမဲ ဝါသနာအိုးသည် ဒေါသအပြည့်ဖြင့် အော်ခေါ်လိုက်သည်။

အနက်ရောင် ပုတိုတို အရိပ်လေးသည် စိုးရိမ်စွာဖြင့် ပြေးဝင်လာသည်။ထိုသူသည် အနီရောင်အသားအရေ နှင့် ရုပ်ဆိုးသော အသွင်အပြင်ရှိသည့် ထူးဆန်းသော သတ္တဝါပင်ဖြစ်သည်။။သွားချွန်ချွန် နှစ်ချောင်းကိုလည်း ထိုသူ၏ ပါးစပ်ကျယ်ကျယ်တွင် မြင်နိုင်ပေသည်။

“ လေးစားရတဲ့ ဆရာသခင် အဲဒက်စ်။ဆရာ့ရဲ့ ကျေးကျွန် စလီက ဆရာ့အမိန့်ကို စောင့်နေပါတယ်။ဆရာက နတ်ဆိုးနယ်ပယ် တစ်ခုလုံးမှာ အယုတ်မာဆုံးနဲ့ အကြီးကျယ်ဆုံး ဆေးရည်ဆရာသခင်ပါပဲ။ ”

ထိုအသံသည် မြှောင့်ပင့်ခြင်းများ ပြည့်နှက်နေသော်လည်း အဲဒက်စ်သည် ဤသို့ ပျင်းစရာ မြှောက်ပင့်ခြင်းများကို ဂရုမစိုက်အားပေ။

“ တော်လိုက်တော့။မင်းတို့ ငပျင်းမှင်စာတွေက တောက်တိုမယ်ရ သမားတွေပဲ။မင်းသူ့ကို ဆေးရည်အမှား တိုက်လိုက်တာလား။ ”

စလီ ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ လုံးဝ မဟုတ်ပါဘူး။သခင့်ရဲ့ အမိန့်အတိုင်း နံပါတ်(၃) ဆေးရည်ထဲက အမှန်တရား ဆေးရည်ကို သုံးခဲ့တာပါ။ ”

“ အမှန်တရား ဆေးရည် ဟုတ်လား။ဒါဆို ခုနက သူငါ့ကို ထေ့ငေါ့ပြောနေတာက အမှန်တရားလား။ ”

အဲဒက်စ်၏ ကြက်သီးထစရာ အသံကြောင့် စလီ ကျောချမ်းသွားသည်။

“ အဲ့ဒီကောင်ဆီကနေ သွေးတစ်ပုလင်း သွားထုတ်ခဲ့။သူ့ကို နံပါတ်(၆)  ဆုတ်ဖြဲ ဆေးရည် အတင်းသောက်ခိုင်းရမယ်။ ”

စလီ လည်း မနှောင့်ယှက်ရဲတော့ဘဲ ချက်ချင်းပင် စားပွဲဆီသွားပြီး ပုလင်းတစ်လုံး သွားယူလိုက်သည်။

ခုနက လျှပ်စီးကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ဤနေရာမှာ အာနီမဲ စုစည်းရာ သို့မဟုတ် ရုပ်ရှင်ရိုက်ကွင်းဟု ထင်ပေလိမ့်မည်။တစ်လှမ်းချင်း လှမ်းလာသည့် မှင်စာကိုမြင်သွားရာ ချန်လွေ့ ကြောက်ရွံ့သွားသည်။ရုန်းကန်ချင်သော်လည်း ချန်လွေ့၏ သွက်ချာပါဒ ခန္ဓာကိုယ်သည် ဦးနှောက်၏ အမိန့်အတိုင်း မ‌စွမ်းဆောင် နိုင်တော့ပေ။

ချန်လွေ့ဆီသို့ စလီ သွားလိုက်ပြီး ဓားမသုံးဘဲ လက်သည်းချွန်ချွန်များဖြင့် ချန်လွေ့၏ လက်မောင်းအား ထိုးဖောက်လိုက်သည်။သွေးပူပူများ ချက်ချင်းထွက်လာပြီး စလီ၏ မျက်လုံးကျဉ်းကျဉ်းမှာလည်း အရောင်တောက်သွားသည်။ထို့နောက် စလီသည် ထိုဒဏ်ရာအား ညှစ်လိုက်ပြီး ဖန်ပုလင်းထဲသို့ သွေးများ ဖြည့်လိုက်သည်။

ပုလင်းအရွယ်မှာ မသေးလှပေ။ပုလင်းထဲသို့ သွေးများ တဖြည်းဖြည်း ပြည့်လာသည့်အခါ ချန်လွေ့သည် အေးစက်ပြီး မူးဝေနေလေပြီ။ပုလင်းပြည့်သွားသည့်အခါ မှင်စာက သွေးတိတ်အောင် သုတ်လိုက်သည်။ထို့နောက် သူ၏ လက်အား လျှက်လိုက်သည်။သူ၏ လောဘတကြီး အမူအရာသည် နတ်သုဒ္ဓါ စားနေရသကဲ့သို့ပင် ဖြစ်နေသည်။ထိုအမူအရာက ချန်လွေ့အား ကျောချမ်းစေလေသည်။

သို့သော် ထိုအမူအရာက အဲဒက်စ်အား မကျေမနပ်ဖြစ်စေခဲ့သည်။စလီ သည်လည်း ချက်ချင်းပင် ချန်လွေ့ပါးစပ်ထဲသို့ နံပါတ်(၆) ဆေးရည် လောင်းထည့်လိုက်သည်။

ထိုဆေးရည်သည် အစပိုင်းတွင် ချိုမြမြလိမ္မော်အရသာရှိပြီး ကြောက်စရာ အာနိသင်မှာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ခဏအကြာတွင် ချန်လွေ့ တစ်ကိုယ်လုံး ယားယံလာပြီး အသားအရေများမှာလည်း ဆုတ်ဖြဲသလို ခံစားရလိုက်သည်။ပထမဆုံးအကြိမ် အနေဖြင့် ထိုကဲ့သို့ ချန်လွေ့ ခံစားရခြင်းဖြစ်သည်။ချန်လွေ့ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။

ချန်လွေ့၏ နာကျင်နေသည့် မျက်နှာက အဲဒက်စ်၏ ဒေါသအား ပြေစေခဲ့သည်။ထို့နောက် အဲဒက်စ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

“ ဆုတ်ဖြဲဆေးရည်ကတော့ အာနိသင် ကောင်းကောင်း ရှိတဲ့ပုံပဲ။လူသားခန္ဓာကိုယ်ကပဲ အမှန်တရား ဆေးရည်ကို ခံနိုင်ရည်ရှိတာလား။ဒါမှမဟုတ် ဆေးရည် ကိုယ်တိုင်ကပဲ တစ်ခုခု လွဲနေတာလား မသိဘူး။ ”

ဆုတ်ဖြဲဆေးရည်၏ အစွမ်းထက်ဆုံး အာနိသင် မလာသေးသည်ကို အဲဒက်စ်သိသည်။ချန်လွေ့၏ အော်သံများအား ငြီးငွေ့လာသည့်အတွက် အဲဒက်စ် အမိန့်ပေးလိုက်သည်။

“ စလီ။သူ့ကို မြေအောက်ခန်းထဲ ခေါ်သွားလိုက်။တစ်ညလုံး အငတ်ထားထား။တစ်နေ့နေ့ကျလို့ ငါ့ရဲ့ စမ်းသပ်ချက်တစ်ခုခုမှာ သူသေသွားရင် သူ့အလောင်းကို မင်းရဲ့အစာအဖြစ် ပေးရင်ပေးမယ်။ ”

စလီ အလွန် ပျော်ရွှင်သွားပြီး မြှောက်ပင့်သည့် စကားများ တစ်သီကြီး ပြောလိုက်သည်။သို့သော်လည်း အဲဒက်စ်က ကျောချမ်းစရာ လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ခိုးပြီးတော့ အရသာခံရင်တော့ မင်းက နောက်ထပ် စမ်းသပ်ခံ ပစ္စည်းပဲ။ ”

စမ်းသပ်ခန်း၌ စလီ နေလာသည်မှာ ကြာလေပြီ။စမ်းသပ်ခံပစ္စည်းများ၏ ကြောက်မက်ဖွယ် ပုံစံများအား စဉ်းစားမိပြီး စလီ တုန်လှုပ်သွားသည်။ထို့နောက် ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပင် ချန်လွေ့အား အိမ်ထဲမှ ခေါ်ထုတ်သွားလိုက်သည်။

မှင်စာ၏ ခွန်အားမှာ မသေးလှပေ။စလီသည် ချန်လွေ့အား မှောင်မည်းပြီး စိုထိုင်းသည့် မြေအောက်ခန်းသို့ ခေါ်သွားပြီး ဆွဲပစ်လိုက်သည်။

“ မြန်မြန်သေလိုက်။လူသားစုတ်။သခင်ကြီးစလီက လူသားတစ်ခါမှ မစားဖူးဘူး။ ”

အဲဒက်စ်ရှေ့၌ အမူအရာများနှင့် လုံးဝမတူဘဲ ထိုမှင်စာသည် ချန်လွေ့အား သုံးလေးချက် ပိတ်ကန်ပစ်လိုက်သည်။စလီသည် သူ၏လက်ချောင်းများမှ သွေးစက်များအား တဖြည်းဖြည်း လျှက်လိုက်ပြီး လောဘများပြည့်သွားသည်။သို့သော်လည်း အဲဒက်စ်၏ အမိန့်အား သူမလွန်ဆန်ရဲပေ။ထို့ကြောင့် ထောင်တံခါးအား သူပိတ်လိုက်သည်။ထို့နောက် တဖြည်းဖြည်းချင်း ထွက်သွားလိုက်သည်။

ချန်လွေ့ ရုန်းကန်နေရင်း ခန္ဓာကိုယ် ကိုက်ခဲမှုသည် ဆယ်ဆအထိ တိုးသွားပြီး အော်ဟစ်လိုက်မိသည်။ထို့နောက် လျို့ဝှက်ဆန်းကြယ်သည့် အသံတစ်ခု ကြားလိုက်ရသည်။

“ အတည်မပြုနိုင်သည့် အဆိပ်ပစ္စည်း တွေ့ရှိ။၎င်းအား စုပ်ယူပြီး စူပါစနစ်အား စတင်ချင်ပါသလား။ ”

ချန်လွေ့ အလွန်အမင်း နာကျင်နေပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။ထို့နောက် သူ၏ နှလုံးထားထဲ၌ ရုတ်တရက် လန်းဆန်းသည့် ခံစားချက်ရလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။နာကျင်မှုသည်လည်း သိသိသာသာ လျော့ကျသွားသည်။

“ စွမ်းအင်အထောက်အပံ့ မလုံလောက်ပါ။စနစ် စတင်ခြင်းလုပ်ငန်းစဉ် ၀.၅%။ပြီးစီးရန် စွမ်းအင် ပိုလိုအပ်သည်။ ”

ချန်လွေ့ ဦးနှောက်ထဲ၌ အသိပေးချက်တစ်ခု မြည်လာပြန်ပြီး ပျောက်ကွယ်သွားသည်။

နေပါဦး။စနစ် ဟုတ်လား။အဲ့ဒါဘာလဲ။

ချန်လွေ့ အာရုံစူးစိုက်ကြည့်လိုက်သည့်အခါ အသံထပ်မကြားရတော့ပေ။

စိတ်ထင်တာများလား။

ချန်လွေ့ သေသေချာချာစဉ်းစားရန် အချိန်မရပေ။အကြောင်းရင်းမှာ များပြားလှသည့် အချက်အလက်များ သူ၏ခေါင်းထဲသို့ ဝင်ရောက်နေ၍ပင် ဖြစ်သည်။နိုးလာစဉ်က ယခင်ကမရှိသည့် မှတ်ဉာဏ်များ သူ၏ခေါင်းထဲ၌ ရှိနေသည်ကို ချန်လွေ့ ခံစားရခဲ့သည်။ခံစားမှုများကို ကျော်ဖြတ်ပြီးနောက်တွင် မှတ်ဉာဏ်အပိုင်းအစများမှာလည်း အလိုအလျောက် အတိုချုပ်သွားပြီး စုပ်ယူလိုက်သည်။

လက်စသတ်တော့ ငါက အရင် ချန်လွေ့မဟုတ်ဘဲ “အာသာ” လို့ နာမည်ရှိတဲ့ လူငယ်တစ်ယောက်ကိုး။ဒီနေရာကလည်း ကမ္ဘာမဟုတ်ဘူး။တခြားဂြိုလ်တစ်ခုပဲ။ 

ဒါက ဝိညာဉ်ကူးပြောင်းတာပဲ။

အွန်လိုင်းဝတ္ထုများ ဖတ်ရခြင်းကို သဘောကျသည့် အိုတာခု တစ်ယောက်ဖြစ်သည့် ချန်လွေ့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

ချန်လွေ့၏ မိဘများမှာ သူ ငယ်စဉ်ကတည်းက ဆုံးပါးသွားပြီး တစ်ဦးတည်းသော အရင်းနှီးဆုံး အဘိုးသည်လည်း လွန်ခဲ့သောနှစ်က ဆုံးပါးသွားခဲ့သည်။ပြဿနာက ချန်လွေ့ဖတ်ခဲ့ဖူးသည့် ပြန်လည်မွေးဖွားခြင်း ဝတ္ထုများထဲ၌ သူ၏ အတွေ့အကြုံများကဲ့သို့ သနားစရာ မကောင်းလှပေ။

ဤလောကအား မှော်ကမ္ဘာဟု ခေါ်သည်ကို အသာ၏ မပြည့်မစုံ မှတ်ဉာဏ်များထဲမှ ချန်လွေ့သိလိုက်သည်။အာသာသည် မင်းမျိုးမင်းနွယ်ဝင် တစ်ယောက် ဖြစ်ဟန်တူလေသည်။အသက်၂၀၌ အာသာ၏ နေ့ရက်များသည် အေးချမ်းနေသည်။သို့သော်လည်း လွန်ခဲ့သည့်နှစ်ရက်၌ အပြင်ထွက်ကစားရာ ဆန်းကြယ်စွာပင် နတ်ဆိုးများပြည့်နေသည့် နေရာသို့ ရောက်သွားသည်။ထို့နောက် အဖမ်းခံလိုက်ရပြီး အဲဒက်စ်၏ စမ်းသပ်ခန်းသို့ အပို့ခံလိုက်ရသည်။ဤသို့ဖြင့် စမ်းသပ်ပစ္စည်းအဖြစ် ကံဆိုးမိုးမှောင်ဘဝ စတင်တော့သည်။

အာသာနေထိုင်သည့် လူသားလောက၌ လူသားများ၊နတ်သူငယ်များ၊လူပုများ အစရှိသည့် မျိုးနွယ်စု များစွာ ရှိလေသည်။ဤနေရာသည် လူသားတို့အား ရန်လိုသည့် ဒဏ္ဍာရီလာ နတ်ဆိုးလောက ဖြစ်လေမည်။

နတ်ဆိုးမျိုးနွယ်သည်  ထူးခြားသည့် စွမ်းအားများ ပိုင်ဆိုင်ပေသည်။ရှေးဟောင်းစစ်ပွဲတစ်ခု၌ လူသား ညွန့်ပေါင်းအဖွဲ့အား ရှုံးနိမ့်ပြီးနောက်တွင် နတ်ဆိုးများသည် ဆိုးရွားလှသည့် ပတ်ဝန်းကျင် ရှိသော အသူရာချောက်နက်ထဲသို့ နှင်ထုတ်ခံလိုက်ရသည်။အသူရာချောက်နက် ဝင်ပေါက်သည်လည်း အစွမ်းထက်အင်အားတစ်ခုဖြင့် ချိပ်ပိတ်ထားခြင်း ခံလိုက်ရသည်။

သို့သော်လည်း နတ်ဆိုးများသည် မြေပြင်ပေါ်သို့ ပြန်မည့် ရည်ရွယ်ချက်များကို လုံးဝ လက်မလျှော့ခဲ့ကြပေ။ဝင်ပေါက်၏ ချိပ်ပိတ်သည် အနှစ်၅၀၀ကြာတိုင်း အားနည်းသွားသည်။ဤသည်က ထိုနှစ်ဖွဲ့၏ စစ်ပွဲအစအား ညွှန်ပြနေပေသည်။သို့သော်လည်း သမိုင်းကြောင်း၌ နတ်ဆိုးများသည် ‌တစ်ခါမျှ နောက်ဆုံး အောင်နိုင်မှု မရခဲ့ကြပေ။

လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့်က အစွမ်းထက်ဆုံး နတ်ဆိုး သန်းခေါင်နေ လူစီဖာ ဦးဆောင်သည့် နတ်ဆိုးညွန့်ပေါင်းအဖွဲ့သည် အပျက်အစီး အမြောက်အများ ဖြစ်စေခဲ့သည်။သို့သော်လည်း ထုံးစံအတိုင်းပင် နောက်ဆုံးအောင်နိုင်မှုကို “ အလင်းနှင့်တရားမျှတမှု ” က ပိုင်ဆိုင်သွားသည်။သန်းခေါင်နေ လူစီဖာ သည်လည်း တန်ခိုးရှင်လူသား တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ထို့ကြောင့် နတ်ဆိုး တပ်ဖွဲ့သည်လည်း နတ်ဆိုးနယ်ပယ်ဆီသို့ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

နတ်ဆိုးအကြောင်းကို အာသာ ဤမျှ‌လောက်သာ သိသည်။လူသားလောက၌ မြစ်ချောင်းများကို ဓားတစ်လက်ဖြင့် ခုတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်သူများ၊လက်သီးတစ်ချက်ဖြင့် တောင်ဖြိုနိုင်သူများ မရှားလှပေ။သို့သော်လည်း အာသာကမူ အသုံးမဝင်သည့် လူတစ်ယောက်သာဖြစ်သည်။ အရှိန်အဝါများ၊မှော်ပညာများအကြောင်း သူလုံးဝ မသိပေ။သူ အထူးကျွမ်းကျင်သည်မှာ ဘဝကို ပျော်ရွှင်ခံစားခြင်းပင် ဖြစ်သည်။အာသာ၏ ဝိညာဉ်ရှိနေသေးလျှင် ချန်လွေ့သည် ထိုကောင်လေးအား လည်ပင်းညှစ်ပြီး “ မင်းဘာလို့ ဒီလို အထူးကျွမ်းကျင်မှု ရှိရတာလဲ ” ဟု အော်ပြောမည်မှာ အသေအချာပင်ဖြစ်သည်။

တကယ့် လက်တွေ့တွင်တော့ အဲဒက်စ်၏ ဆေးရည်ကြောင့် အာသာသည် လုံးဝလွတ်မြောက်သွားခဲ့ပြီး ဝမ်းနည်းစရာ ဆက်ခံသူ ချန်လွေ့က အရာအားလုံးကို ရင်ဆိုင်ရပေတော့မည်။

နတ်ဆိုးတွေ ပြည့်နေတဲ့လောကမှာ ဘာစွမ်းအားမှ မရှိတဲ့ လူသားတစ်ယောက် ဘာဖြစ်သွားမှာလဲ။စမ်းသပ်ခံပစ္စည်း ဖြစ်လာမှာလား။ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ စားစရာ ဖြစ်သွားမှာလား။

ပိုတွေးမိလေ ချန်လွေ့ ပိုကြောက်လာ‌သည်။ထိုအချိန်က အတည်ပြု ခလုတ်အား မဆင်မခြင် နှိပ်ခဲ့မိသည်ကို ချန်လွေ့ အလွန်ပင် နောင်တရနေမိသည်။သူ၏ စိတ်ထဲ၌ ထိုဖုန်းအား အကြိမ်ထောင်ပေါင်းများစွာ ကြိမ်းမောင်းနေခဲ့သည်။သို့သော်လည်း ယခုမှ နောင်တရ၍ အကြောင်းမထူးတော့ပေ။

အရင်ဘဝ၌ ချန်လွေ့သည် ဝတ္ထုဖတ်၊ဂိမ်းဆော့၊အွန်လိုင်းဖိုရမ်များ မွှေနှောက်ရှာရာ၌သာ တော်သည့် အိုတာခုတစ်ယောက် ဖြစ်ခဲ့သည်။သိုင်းပြိုင်ပွဲများ၊ရန်ပွဲများတွင် တစ်ခါမှ ဝင်မပါဖူးပေ ။အနည်းငယ် တိုက်ခိုက်တတ်မည် ဆိုလျှင်တောင် ဤကဲ့သို့ မှော်ကမ္ဘာ၌ အသုံးဝင်မည်မဟုတ်ပေ။သူဘယ်လို အသက်ရှင်မှာလဲ။

ကိစ္စအများအပြား တွေးတောပြီးနောက် ချန်လွေ့သည် ဘာကိုမျှ အဖြေရှာမရခဲ့လေ။စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ ဖြစ်သည့် အတွက် နောက်ဆုံးတွင်တော့ ချန်လွေ့ အိပ်မောကျသွားလေသည်။

All Chapters