← Chapters

စူပါစနစ်

Vol. 1 Ch. 2

စူပါစနစ်

Vol. 1 Ch. 2

နောက်တစ်နေ့ မနက်စောစော၌ စလီသည် ချန်လွေ့အား ယခင်နေ့က စမ်းသပ်ခန်းဆီ ပြန်ခေါ်သွားသည်။မနေ့ညတုန်းက ချန်လွေ့သည် အသေးစိတ်လိုက်ကြည့်ရန် အချိန်မရှိခဲ့ပေ။ဤစမ်းသပ်ခန်းနေရာသည် အတော်လေးကျယ်ပေသည်။စားပွဲပေါ်၌လည်း စမ်းသပ်နမူနာများနှင့် ထူးခြားသော ကိရိယာများ ပြည့်နှက်နေသည်။

အဲဒက်စ်ရှေ့သို့ရောက်သော် ချန်လွေ့အား ဆရာကြီးပုံစံနှင့် ဆက်ဆံသည့် စလီသည် ချက်ချင်းပင် ရိုရိုသေသေ ဖြစ်သွားသည်။အဲဒက်စ် လက်ဝှေ့ယမ်းလိုက်ပြီး စလီ၏ မဆုံးတော့သည့် မြှောင့်ပင့်မှုများကို ရပ်ခိုင်းလိုက်သည်။ထို့နောက် ချန်လွေ့အား မေးသည်။

“ မင်း ဗိုက်ဆာနေပြီ ဟုတ်။ ”

ချန်လွေ့သည် ဤမျက်နှာပိန်ပိန်အား အလွန်အမင်း ရိုက်နှက်ချင်နေသည်။သို့သော်လည်း ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ ကောင်းတယ်‌။ဒါစားကြည့်။ ”

အဲဒက်စ်က ခပ်ညစ်ညစ် ပြုံးလိုက်သည်။ထို့နောက် ဆူပွက်နေပြီး အဖြူငွေ့များထွက်နေသည့် အစိမ်းရောင် စေးကပ်ကပ် အရည်ထည့်ထားသော ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။၎င်းအားကြည့်ရင်းနှင့်ပင် ချန်လွေ့ ကျောချမ်းသွားသည်။ချက်ချင်းပင် ခုနက သူဖြေခဲ့သည်ကို နောင်တရသွားပြီး ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။

စောင့်ကြည့်နေသည့် စလီက ချန်လွေ့ ခေါင်းကို ချက်ချင်း ထုပြီး စတင် ရိုက်နှက်တော့သည်။

“ တော်လောက်ပြီ။တစ်ဝက် အရင်သောက်အောင် လုပ်လိုက်။ ”

အဲဒက်စ် စကားကြောင့် စလီ ရပ်လိုက်သည်။

တခြားတစ်ယောက်၏ ပိုင်နက်အတွင်း နောက်နေသည့်အတွက် ချန်လွေ့ သောက်ကိုသောက်ရပေမည်။ တစ်နေ့ကျရင် ခင်ဗျားတို့တွေကို ကျုပ်ရဲ့ခြေဆေးတဲ့ရေတွေ သောက်ခိုင်းပစ်မယ်။ ချန်လွေ့သည် အန်ချင်စိတ်ကိုထိန်းပြီး ရွံစရာဆေးရည်အား အရဲစွန့်၍ သောက်လိုက်သည်။လျှာကိုမထိဘဲ လည်ချောင်းထဲသို့ ရောက်အောင် သောက်လိုက်သည်။သောက်ပြီး ခဏအကြာတွင် ချန်လွေ့၏ ဝမ်းဗိုက် ပူနွေးလာပြီး ဖောင်းပွလာကာ နာကျင်လာသည်။ယခုတော့ ချန်လွေ့သည် အဲဒက်စ်၏ ခပ်ညစ်ညစ်အပြုံးကိုနားလည်သွားလေပြီ။

ထိုအချိန်တွင် “တွီ” ဟူသော အသံသည် ချန်လွေ့ခေါင်းထဲ၌ မြည်လာပြီး လျို့ဝှက်ဆန်းကြယ်တဲ့ အသံကိုလည်း ပြန်ကြားရလိုက်သည်။

“ အတည်မပြုရသေးသည့် အဆိပ်ပစ္စည်းတစ်ခု တွေ့ရှိ။၎င်းအား စုပ်ယူပြီး စူပါစနစ်အား စတင်ချင်ပါသလား။ ”

“ လုပ်လိုက် ”

ချန်လွေ့ ပို၍ ပြင်းပြင်းထန်ထန်ဗိုက်အောင့်လာသည်။သူဘာမှ အာရုံမထားတော့ဘဲ အကျယ်ကြီး အော်ပစ်လိုက်သည်။လတ်ဆတ်သည့် ခံစားချက် မြင့်တက်လာပြီး နာကျင်မှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ဖောင်းပွနေသည့် ဝမ်းဗိုက်လည်း မူလအခြေအနေ ပြန်ဖြစ်သွားသည်။

“ စွမ်းအင်အထောက်အပံ့ မလုံလောက်။စနစ်စတင်ခြင်း လုပ်ငန်းစဉ် ၀.၇%။ပြီးစီးရန် စွမ်းအင်ပို၍ လိုအပ်သည်။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။ယခုတွင်တော့ သူသေချာ ကြားလိုက်ရသည်။စုပ်ယူခြင်းသည် ချက်ချင်းဖြစ်သည့်အတွက် ချန်လွေ့ စိတ်လှုပ်ရှားသွားသည်။

“ စူပါစနစ်တဲ့လား။နာမည်က ရင်းနှီးနေသလိုပဲ။ ”

ထူးဆန်းသည့် အသံအား အဲဒက်စ် မကြားနိုင်ပေ။အဲဒက်စ် မျက်လုံးပြူးသွားပြီး အချိန်တိုအတွင်း ပုံမှန်ပြန်ဖြစ်သွားသည့် ချန်လွေ့အား အံ့အားသင့်စွာ ကြည့်နေလိုက်သည်။

“ မဖြစ်သင့်ဘူး။ရောင်ကိုင်းမြက်ရဲ့ အချိုးအဆကို ငါမှားထည့်လိုက်မိပြန်ပြီလား။ ”

ချန်လွေ့အား သွားဖြဲပြနေသည့် စလီအား အဲဒက်စ် ကြည့်လိုက်ပြီး အမိန့်ပေးသည်။

“ စလီ။ကျန်တာ သောက်လိုက်။ ”

စလီ၏မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး တောင်းပန်တော့သည်။

“ ဆရာသခင်.... ”

စလီ၏ စကားမဆုံးခင်မှာပင် အဲဒက်စ် လက်ထဲ၌ လျှပ်စီးများ ရိုးတိုးရွတ ဖြစ်လာသည်။စလီသည် အခြေအနေအား သတိထားမိသွားပြီး အဆိပ်ရည်အား အတင်းသောက်လိုက်သည်။မိနစ်ပိုင်းကြာသည့်အခါ မှင်စာသည် ဗိုက်ကိုကိုင်ပြီး လူးလှိမ့်နေတော့သည်။သူ၏ ဝမ်းဗိုက်သည် ကိုယ်ဝန်သည်ကဲ့သို့ ဖူးယောင်လာသည်။စလီ၏ အဖြစ်ဆိုးကိုကြည့်ရင်း ချန်လွေ့ အေးစက်သွားသည်။

ဒီစမ်းသပ်ခန်းနဲ့ မထုံတတ်တေး ဆရာသမား တို့ရဲ့ အန္တရာယ်က တော်တော်လေး မြင့်တယ်။ငါဒီကနေ အမြန်ထွက်ပြေးတာကောင်းမယ်။

“ မဟုတ်သေးပါဘူး။ဒါက သေချာပေါက်ကို အာနိသင် ရှိပါတယ်..... ”

အဲဒက်စ်သည် စလီ၏ အဖြစ်ဆိုးအား၏ စိတ်ရှုပ်စွာ ကြည့်နေလိုက်သည်။ထို့နောက် ချန်လွေ့၏ ပုံစံအား ပြန်သတိရလိုက်သည်။ဂါထာတစ်ခုခုရှိသည်ဟု အဲဒက်စ် ထင်လိုက်မိသည်။ထို့ကြောင့် မြန်မြန်ပြောလိုက်သည်။

“ စလီ။“ လုပ်လိုက် ” လို့ မြန်မြန်အော်လိုက်။ ”

“ လုပ်လိုက်။ ”

စလီသည် ဖူးယောင်နေသည့် နာကျင်မှုအား သည်းခံရင်း အော်လိုက်သည်။သို့သော်လည်း ဘာအကျိုးမှ မရှိသည်မှာ အသေအချာပင်ဖြစ်သည်။

“ လုပ်လိုက်။လုပ်လိုက်။လုပ်လိုက်။ ”

စလီ ပြင်းပြင်းထန်ထန် အော်လိုက်သည်။ရလာဒ်အနေဖြင့် ပို၍ပင် နာကျင်လာလေသည်။

“ သောက်ရူး။ဖြည်းဖြည်းပြော။လေယူလေသိမ်းကို သေချာဂရုစိုက်။ ”

အဲဒက်စ်က စလီအား ဆဲဆိုလိုက်သည်။သို့သော်လည်း ထိုမှင်စာက “ လုပ်လိုက် ” ကို စကားထပ်မပြောနိုင်သည်အထိ ထပ်ကာထပ်ကာ ပြောနေတော့သည်။ဆေးရည်၏ အာနိသင်များ ပျောက်ကွယ်မသွားသေးပေ။

“ မလှုပ်နဲ့ ”

အဲဒက်စ်က ခြေလှမ်းပြင်နေသည့် ချန်လွေ့အား အော်ပြောလိုက်ပြီး သုံးလေးမီတာအကွာတွင် ပိတ်ရပ်ထားလိုက်သည်။အဲဒက်စ်လက်ထဲ၌ အခြားအဆိပ်ရည် တစ်ပုလင်းရှိနေပြီး ချန်လွေ့အား ပြောလိုက်သည်။

“ အခု ဒါ‌သောက်လိုက်။ ”

ချန်လွေ့၏ ထွက်ပြေးရန် အကြံအစည် မိသွားပြီး သူကျိန်ဆဲလိုက်သည်။

 ငါဘာလို့ ဖူးရောင် အဆိပ်ရည် တစ်ဝက်ကို မသောက်ရတာလဲ။ 

အဲဒက်စ်၏ ကြောက်စရာ မျက်နှာကိုကြည့်ရင်း ချန်လွေ့ဘာမှ မပြောရဲတော့ဘဲ သောက်လိုက်ရသည်။

ယခုတစ်ခေါက် သက်ရောက်မှုမှာ တောင့်တင်းမှု ဖြစ်သည်။ချန်လွေ့ခေါင်းထဲ၌ အသံထပ်ကြားရပြန်သည်။ချန်လွေ့သည် ခန္ဓာကိုယ်ခံစားမှုများ ပျောက်ဆုံးနေပြီး စကားပင်မပြောနိုင်တော့ပေ။သူ၏စိတ်ထဲမှု သဘောတူကြောင့် ပြောလိုက်ရာ အံ့ဖွယ်အကျိုး သက်ရောက်မှု ဖြစ်လာပြန်ပြီး ဝောာင့်တင်းမှု ပျောက်ကွယ်သွားသည်။စနစ်၏ စတင်ခြင်း တိုးတက်နှုန်းမှာ ၁.၂% အထိ ရောက်နေပြီဖြစ်ကြောင်း နှိုးဆော်မှုက ညွှန်ပြထားသည်။

နှိုးဆော်မှုသည် နောက်ထပ် စာတစ်စောင် ထပ်ထည့်လိုက်သည်။

“ [ အရာဝတ္ထု အသွင်ပြောင်းခြင်း ] တစ်ခါတည်း သုံးကြိမ် ပြီးစီးပါပြီ။ [ အလိုအလျောက် စုပ်ယူခြင်း ] ကို လုပ်ဆောင်ချင်ပါသလား။ ”

ချန်လွေ့ ချက်ချင်း သဘောတူလိုက်သည်။

ဒါက အသက်ကယ်ပစ္စည်းပဲ။တစ်ခါတည်းသေစေတဲ့ အဆိပ်ရည်နဲ့ တွေ့ရင် လှုံ့ဆော်မှု မပေါ်လာခင်မှာပဲ ငါသေသွားနိုင်တယ်။

အဲဒက်စ်သည် ပုလင်းလွတ်အားကိုင်လိုက်ပြီး နာမည်အား ကြည့်လိုက်သည်။နံပါတ်(၁၀၃) “ ကျောက်ဖြစ်အဆိပ်ရည် အပြင်းစား ” ဖြစ်‌ကြောင်း သေချာတွေ့လေသည်။အဲဒက်စ် လွန်စွာ ထိတ်လန့်သွားပြီး ပြောလိုက်သည်။

“ လူသားစုတ်။မင်း ဘာမှော်အတတ်တွေ သုံးလိုက်တာလဲ။ ”

ကျုပ် မှော်အတတ် တတ်ရင် ခင်ဗျားရဲ့ အဆိပ်ရည်ကို သောက်ပါ့မလား။

ချန်လွေ့ မကျေမနပ်ဖြစ်သွားသည်။သို့သော်လည်း ဘာမှမသိသည့် အမူအရာ လုပ်လိုက်သည်။ထို့နောက် အဲဒက်စ်က ချန်လွေ့အား စားပွဲပေါ်သို့ ဆွဲခေါ်သွားပြီး ပုလင်း နှင့် ခရား အပုံလိုက် ယူလာကာ ချန်လွေ့အား သောက်စေသည်။

“ သေခြင်းအဆိပ်ရည် ” နှင့် “ နှလုံးသားအဆိပ်ရည်ပြင်း ” ဟူသော နာမည်များ မြင်လိုက်ရသည့်အခါ ချန်လွေ့ ကြောက်လန့်သွားသည်။သို့သော်လည်း ကံကောင်းစွာဖြင့် အစွမ်းထက်လှသည့် စူပါစနစ်က အားလုံးကို စုပ်ယူပေးလိုက်သည်။တစ်ပုလင်းပြီး တစ်ပုလင်း သောက်နေသော်လည်း ဘာမှမဖြစ်သည့် ချန်လွေ့အား ကြည့်ရင်း အဲဒက်စ်သည် ပို၍ပင် တုန်လှုပ်လာသည်။

စူပါစနစ်၏ စတင်ခြင်း တိုးတက်နှုန်းသည် ၁၈% အထိ ရောက်ရှိသွားသည်။အဆိပ်ရည်ရဲ့အစွမ်း ပိုထက်လေလေ လုပ်ငန်းစဉ်က ပို၍ တိုးလေလေဖြစ်ပြီး အဆိပ်ရည် တစ်ခုတည်းအား ထပ်ကာထပ်ကာ သောက်လျှင် လုပ်ငန်းစဉ် အနည်းငယ်သာ တိုးသည်ကို ချန်လွေ့ သဘောပေါက်သွားသည်။စူပါစနစ်အပေါ် ချန်လွေ့၏ မျှော်လင့်ချက်များသည် ပို၍ပို၍ပင် တိုးလာသည်။  တိုးတက်နှုန်း ၁၀၀% ပြည့်သွားရင် ဘာဖြစ်လာမှာလဲ။

ရုတ်တရက် ချန်လွေ့သည် မခံမရပ်နိုင်သည့် အမူအရာ ပြလိုက်ပြီး ပြောလိုက်သည်။

“ သခင်။ခဏနေပါဦး။ ”

အဲဒက်စ်၏ မျက်လုံးများ တောက်ပလာပြီး ချန်လွေ့သောက်လိုက်သည့် ပုလင်းလွတ်အား ကြည့်လိုက်သည်။ထို့နောက် ပုလင်းအား နောက်ဆုံးမျှော်လင့်ချက်ကိ ဆုပ်ကိုင်သကဲ့သို့ ကိုင်မလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

“ မင်း အကြောသေသလို ခံစားရပြီးတော့ အသက်ရှူရတာ ခက်ခဲလာလား။ ”

“ မဟုတ်ပါဘူး... ”

ချန်လွေ့ တောင်းတောင်းပန်ပန် ပြောလိုက်သည်။

“ ကျုပ် မနေ့ညကလည်း ဘာမှ မစားရဘူး။ခုနက ရေတွေအများကြီးသောက်လိုက်ရတယ်။အခုကျုပ် အပေါ့သွားချင်နေပြီ။မအောင့်နိုင်တော့ဘူး။အိမ်သာဘယ်မှာလဲဆိုတာ သိလို့ရမလား။ ”

“ ခွမ်း ”

ရုတ်တရက် ပုလင်းကွဲကြေသွားသည်။အဲဒက်စ်၏ ခန့်ညားသော မျက်နှာသည်လည်း ရှုံ့မဲ့သွားသည်။ထို့နောက် သွားကြိတ်ပြီး ပြောလိုက်သည်။

“ ‘ရေ’ အများကြီး ဟုတ်လား။လူသားစုတ်။အဆိပ်သခင် တစ်ယောက်ရဲ့ တစ်သက်သာ အလုပ်ကို မင်းစော်ကား ရဲတယ်လား။ ”

ချန်လွေ့ လန့်သွားပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

မနေ့က သူ့ရဲ့ အသားအရောင်အကြောင်းပြောလို့ လျှပ်စီးနဲ့ အပစ်ခံရတယ်။သူ့အလုပ်ကို အထင်သေးမိလို့ ဒီနေ့လည်း အပြစ်ပေးခံရဦးမှာလား။ကောင်းပြီလေ။ငါ အပေ့ါသွားချင်တာကို အောင့်ထားလိုက်မယ်။ဓာတ်လိုက်ခံရတာထက် စာရင်ဆီးမထိန်းနိုင်တာ ပိုကောင်းပါတယ်လေ။

ကံမကောင်းစွာနှင့်ပင် စူပါစနစ်သည် လျှပ်စီးကို မစုပ်ယူနိုင်ပေ...

“ လူသားခန္ဓာကိုယ်က...ဒီအဆင့်ထိ ရောက်သွားပြီလား။ငါ့ရဲ့ သုတေသန ရလာဒ်တွေ၊ငါ့ရဲ့ ဆေးရည်အသစ်တွေ၊အဲ့ဒါတွေက..... ”

အဲဒက်စ် ပင့်သက်ရှိုက်လိုက်ပြီး ဆောက်တည်ရာမရဘဲ အော်ပြောလိုက်သည်။

“ မဟုတ်ဘူး။ငါ့မှာ ဆေးညွှန်းတွေ ရှိသေးတယ်။အခုငါ ခက်ခဲမှု အမြင့်ဆုံးဖြစ်တဲ့ အဆိပ်ဖြူဆေးရည်ကိုလုပ်ပြီး မင်းရဲ့ အရိုးတွေအားလုံး တိုက်စားသွားအောင် လုပ်ပစ်မယ်။ ”

ထိုအချိန်တွင် ‌ဖူးရောင် အဆိပ်ရည် တစ်ဝက်ရဲ့ အစွမ်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စလီ၏ ဝမ်းဗိုက် နာကျင်မှုသည်လည်း သက်သာသွားသည်။စလီသည် ‌ကြမ်းပြင်ပေါ်၌ လဲချနေပြီး အမောဖြေနေလိုက်သည်။အဲဒက်စ်ဆီ၌ ထိုမှင်စာ အလုပ်လုပ်သည်မှာ ကြာလေပြီ။ “ အဆိပ်ဖြူဆေးရည် ” ဟူသော စကားလုံးကို ကြားလိုက်သည့်အခါ စလီသည် တုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။

“ သခင် အဲဒက်စ်။မလုပ်.... ”

ကံမကောင်းစွာပင် အဲဒက်စ်သည် မည်သူ၏စကားမျှ မကြားတော့ပေ။သူ၏တစ်ဘဝလုံး အားထုတ်ခဲ့သည့်အရာများ အသုံးမဝင်တော့သည်ကို တွေ့ရတာထက် မည်သည်ကပို၍ ဒေါသထွက်စရာကောင်းမည်နည်း။အခြေအနေ ဆိုးလာသည်ကိုတွေ့လိုက်ရသည့်အတွက် ချန်လွေ့သည် စမ်းသပ်ခန်းအပြင်ဘက်သို့ ခိုးထွက်သွားလိုက်သည်။

အဲဒက်စ်သည် ခရမ်းနုရောင်အရည်အား ဆူပွက်နေည့် စမ်းသပ်ဖန်ပြွန်ထဲသို့  လက်တုန်တုန်ယင်ယင်နှင့် လောင်းထည့်လိုက်သည်။ရုတ်တရက်.......

“ ဝုန်း ”

ပေါက်ကွဲသွားသည်။စားပွဲပေါ်ရှိ ဖန်ပစ္စည်းများလည်း ပေါက်ကွဲမှုဒဏ်ကြောင့် ကြေမွသွားသည်။အမျိုးမျိုးသော အရည်များနှင့် အမှုန့်များသည်  မိုးရွာသကဲ့သို့ ပျံ့ကြဲသွားသည်။အဲဒက်စ်သည်လည်း ၁၀မီတာအကွာအထိ လွင့်စင်သွားပြီး ‌ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။အသက်ရှင်မရှင် မသေချာပေ။အနီးအနားရှိ မှင်စာလည်း လွင့်စင်သွားပြီး နံရံနဲ့ တိုက်မိသွားသည်။

ကံကောင်းစွာပင် ချန်လွေ့သည် စမ်းသပ်ခန်းအပြင် ရောက်နေလေသည်။စမ်းသပ်ခန်းသည် အတော် ခိုင်ခံ့ပေသည်။အက်ကွဲရာပင် မရှိပေ။

ချန်လွေ့သည် သူတို့၏ ဝမ်းနည်းဖွယ်ရာ အခြေအနေများကို ချောင်းကြည့်လိုက်ပြီး စိတ်ထဲ ပျော်မိသွားသည်။စူပါစနစ်၏ အပြည့်အဝ စတင်သည့် အစွမ်းကို ချန်လွေ့ သိချင်နေသော်လည်း အဲဒက်စ်ရဲ့ ရူးသွပ်မှုများသည် ကြောက်မက်ဖွယ် ကောင်းလှသည်။နောက်ထပ် မည်သည့် ကြောက်စရာ စမ်းသပ်မှုများဆက်လုပ်မည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

ငါအခု မထွက်သွားရင် ဘယ်အချိန်သွားရမှာလဲ။

ချန်လွေ့သည် မြေပြင်ပေါ်မှ  ဝတ်ရုံအဟောင်းအား ကောက်ယူလိုက်ပြီး ခေါင်းကို ဖုံးအုပ်ကာ ထွက်သွားလိုက်သည်။

အဲဒက်စ်၏ စမ်းသပ်ခန်းသည် ကြီးမားလှသည့် အိမ်ယာ တစ်ခုဖြစ်ဟန် တူလေသည်။စမ်းသပ်ခန်း၏ ဘေးအန္တရာယ်အဆင့်သည် မြင့်မားလှသည့်အတွက် လမ်းပေါ်၌ မည်သူမျှ မရှိနေပေ။ယခင်က အဆိပ်ရည်အများအပြား သောက်ခဲ့ရသည့်အတွက် ချန်လွေ့  ဆီးမထိန်းထားနိုင်တော့ပေ။ပန်းခြံဆီသို့ ချန်လွေ့သွားလိုက်ပြီး အပင်တစ်ပင်အား ရေလောင်းတော့သည်။

အပေါ့သွားပြီးသည့်အခါ ချန်လွေ့သည် ဘောင်းဘီအား ဇစ်ပြန်ပိတ်လိုက်သည်။နောက်လှည့်ကြည့်လိုက်သည့်အခါ ချန်လွေ့သည် သူ့အား စိတ်ဝင်တအား စိုက်ကြည့်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

 ထိုသူသည် အဖြူရောင် ဝတ်စုံ ဝတ်ထားသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။အသက်၁၂နှစ်၊၁၃နှစ် ဖြစ်မည်။အသားဖြူပြီး သိမ်မွေ့သည့် မျက်နှာပုံစံရှိသည်။ရှည်လျားပြီး တွန့်လိမ်နေသည့် ရွှေရောင် ဆံပင်ရှိပြီး မျက်တောင်ခပ်တိုင်း စကားပြောသယောင် ထင်ရသည့် လှပ‌သော ခရမ်းနုရောင် မျက်လုံးတစ်စုံ ရှိသည်။

ချန်လွေ့သည် လိုလီကွန်တစ်ယောက် မဟုတ်သော်လည်း ထိုမိန်းကလေး၏ အလှအပကို အံ့အားသင့်မိသွားသည်။အင်တာနက်ပေါ်၌ မိန်းမလှများ၊ အနုပညာကြယ်ပွင့်များစွာကို ချန်လွေ့မြင်ဖူးသည်။ထိုကဲ့သို့ ဓာတ်ပုံ တည်းဖြတ်ထားသည့် မိန်းမလှများပင်လျှင် ဤ အပြစ်ကင်းစင်လှသည့် ကောင်မလေးအား မယှဉ်နိုင်ပေ။

ထိုမိန်းကလေးသည် မျက်တောင်ခပ်နေရင်း ချန်လွေ့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်ကာ သနားသည့် အမူအရာ ပြလိုက်သည်။

“ ဒါက တော်တော်သေးတာပဲ.... ”

ချန်လွေ့သည် နားကြားလွဲလေသလားဟု ထင်လိုက်မိသည်။သူ့နှလုံးသားထဲရှိ သန့်စင်သည့် လိုလီတစ်ယောက်၏ ပြီးပြည့်စုံသော ပုံရိပ်သည် အက်ကွဲ ကြွေမွသွားသည်။အချိန်အတော်ကြာမှ ချန်လွေ့ အသိဝင်လာပြီး ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။

“ အဆင်ပြေပါတယ်။သိပ် မဆိုးသေးပါဘူး... ”

ဤအရာသည် ယောကျာ်းတို့ရဲ့ အရေးကြီးဆုံးမာန နှင့် သက်ဆိုင်နေပေသည်။မည်သို့ပင် ဖြစ်ပါစေ သူကဲ့သို့ မိန်းမလှလေး အရှေ့၌ ချန်‌လွေ့ အထင်သေးမခံနိုင်ပေ။

ထိုမိန်းကလေး သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

“ ဒါထက် ကြီးတာတွေ အများကြီးရှိတယ်.... ”

သူက အများကြီး တွေ့ဖူးတာလား။

အာသာ၏ “ တချို့ရှုထောင့်များ ” သည် သူ၏ ယခင်ဘဝထက် ပိုကောင်းသည်ကို ချန်လွေ့ ဝန်ခံသည်။

နတ်ဆိုးဘုံထဲက သူတွေက မကောင်းဆိုးရွားတွေလား။ပြီးတော့လည်း ဘာလို့ မိန်းမလှလေးတစ်ယောက်က ဒီလိုမျိုးတွေကို ပုံမှန်အတိုင်း ပြောနိုင်ရတာလဲ။

ချန်လွေ့ အရဲစွန့်ကာ ပြောလိုက်သည်။

“ ‌တစ်တောင်ထက် တစ်တောင်က ပိုမြင့်တာရှိပါတယ်။ဒါက အကောင်းဆုံး ကြိုးစားခဲ့ပြီးပါပြီ။ ”

“ ရှင် ဘာပြောနေတာလဲ။ ”

ထိုမိန်းကလေးသည် ချန်လွေ့အား ထူးဆန်းစွာ ကြည့်လိုက်ပြီး  ချန်လွေ့အောက်ဘက်ရှိ မြေကြီး၌ မြှုပ်ထားသော မုန်လာဖြူနှင့် တူသည့် အပင်တစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ ကျွန်မပြောတာက ဒီ လာလာ အာလူးက မရင့်သေးဘူးလို့ပြောတာ။အဲ့ဒါကြောင့် ဆွဲနှုတ်ပြီးတော့ စားလို့မရဘူးလေ။ ”

လာလာ အာလူး လား။ သူသည် ပန်းများနှင့် ဆေးပင်များပါသည့် ခြင်းတောင်းငယ် တစ်လုံးကို သယ်ထားသည်ကို ချန်လွေ့ သတိထားမိလိုက်သည်။ချန်လွေ့၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။သူ၏ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် အရှက်ရ သွားလေသည်။သို့သော် ချန်လွေ့သည် သူ၏ မျက်လုံးထဲ၌ မရိုးမသား ဖြတ်ခနဲ ဖြစ်သွားသည်ကို သတိမထားလိုက်မိပေ။

All Chapters