မဟာဆရာသခင် စွန်းဝူခုန်း နှင့် ဟွာရုံတောက်
Vol. 1 Ch. 4
အဲလစ်က ချန်လွေ့အတွက် စိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်း တွေ့ရသည့်အတွက် အဲဒက်စ်သည် စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
“ မင်းသမီးလေး။ဒီလူသားရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ရင် နတ်ဆိုးတွေရဲ့ စွမ်းအားတွေ အများကြီး တိုးတက်သွားမှာပဲ။အမှောင်လ မြို့အတွက် အကျိုးကျေးဇူးတွေက အဖိုးမဖြတ်နိုင်အောင်ပါပဲ။အနည်းဆုံးတော့ မင်းသမီးကြီးရဲ့ အခြေအနေက အများကြီး တိုးတက်လာနိုင်တယ်။ ”
အဲဒက်စ်က သူ၏အစ်မအကြောင်း ပြောလိုက်သည်နှင့် အဲလစ် တုံ့ဆိုင်းသွားပြီး အတင်းအကြပ် မပြောဆိုတော့ပေ။
ဟန်လုပ်ပြုံးရင်း တစ်လှမ်းချင်းလှမ်းလာသော အဲဒက်စ်အားကြည့်ရင်း ချန်လွေ့ ကြက်သီးများထသွားသည်။
“ စိတ်ချပါ။ငါမင်းကို ချက်ချင်းမသတ်ပါဘူး။တစ်ပိုင်းချင်းခွဲစိတ်မှာပါ။နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ မင်းရဲ့အသက်ကို ဆွဲဆန့်ထားမှာပါ။ ”
အဲဒက်စ်က ကျောချမ်းစရာကောင်းအောင် ပြောလိုက်သည်။
လခွမ်းပဲ။စမ်းသပ်ခံ ကြွက်ဖြူဖြစ်မယ့်အစား သေလိုက်တာက ပိုကောင်းမယ်။
ချန်လွေ့ အလျင်အမြန် တုံ့ပြန်လိုက်ပြီး အော်ပြောလိုက်သည်။
“ ဖြည်းဖြည်း။ကျုပ်ကို ဘာမှမလုပ်ရင် လျို့ဝှက်ချက်တွေအားလုံး ပြောပြမယ်။ ”
သူ၏ စကားကြောင့် အဲဒက်စ် ရပ်တန့်လိုက်ပြီး ချန်လွေ့အား စိုက်ကြည့်လိုက်သည်။
“ ပြော ”
“ ဒါတွေအားလုံးက ဟွာကောင်းတောင်ကနေ စတင်ခဲ့တာ။ကျုပ် အပြင်ထွက်ကစားရင်း ရေတံခွန်ထဲကို မတော်တဆ ကျသွားတယ်။ရေတံခွန်ထဲမှာ ရေခန်းဆီး လိုဏ်ဂူရှိနေတယ်။အဲ့ဒီ လိုဏ်ဂူထဲမှာ ကျုပ်က မဟာဆရာသခင် တစ်ယောက်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်။သူနာမည်က စွန်းဝူခုန်းပဲ။ ”
ရင်းနှီးပြီးသား ဇာတ်ကွက်ထဲရောက်အောင် ချန်လွေ့ ခက်ခက်ခဲခဲ စဉ်းစားလိုက်ရသည်။
ဤကမ္ဘာ၏ အချိန်၊ယူနစ်၊အများဆိုင်နာမ်များ အစရှိသည့် အရာအများစုသည် မူလမြေကမ္ဘာနှင့် ဆင်တူသည်။ထို့ကြောင့် ချန်လွေ့သည် မည်သည်မျှ စိုးရိမ်စရာမရှိဘဲ လိုရင်းတိုရှင်းပြောလိုက်သည်။
“ စွန်းဝူခုန်းက အဂ္ဂိရတ် ဆရာသခင် တစ်ယောက်ပဲ။တစ်ခါတုန်းက သူဟာ ကျင်းကူပန့် လို့ခေါ်ပြီး ၁၃၅၀၀ ကီလိုဂရမ် လေးတဲ့ ပစ္စည်းတစ်ခုကို ထုလုပ်သန့်စင်ခဲ့တယ်။အဲ့ဒါက မှော်အစွမ်းအားလုံးကို ခုခံနိုင်ပြီးတော့ အရွယ်အစားကိုလည်း အလွယ်တကူ ပြောင်းလဲနိုင်တယ်။ကြီးလိုက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွင်းနိုင်ပြီးတော့ သေးရင်လည်း အပ်တစ်ချောင်း အရွယ်အထိ ပြောင်းလဲလို့ရတယ်။ပြီးတော့လည်း “ ယောင်ချီ မက်မွန်” လို့ခေါ်တဲ့ ဆေးလုံးကိုလည်း ဖန်တီးခဲ့တယ်။အဲ့ဒါကို သာမန်လူတွေ သုံးရင် နှစ်ထောင်ပေါင်းများစွာအထိ သက်တမ်း ရှိနိုင်ပြီး ထာဝရ အသက်ရှင်နိုင်တာတောင် ရှိတယ်။ ”
အခုက သေရေးရှင်ရေး ကိစ္စ ဖြစ်နေပြီ။လိမ်လို့ရတုန်း လိမ်ထားလိုက်မယ်။ငါသေသွားလို့ ဝူချန်အန် နဲ့ “အနောက်ဘက်ခရီးသွားခြင်း ” ပရိတ်သတ်တွေ လည်ပင်းညှစ်သစ်ရင်တောင် လက်ခံလိုက်မယ်။
နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်တဲ့ ပစ္စည်းတစ်ခု။ထာဝရအသက်ရှင်နိုင်တဲ့ ဆေးလုံး။ဆေးဝါးရော ယန္တရားပညာမှာပါ ကျွမ်းကျင်တဲ့ ဆရာသခင်။
အမှောင်နတ်သူငယ် ကြက်သေသေသွားလေသည်။
“ ဒါက အမှန်ပဲဆိုရင် ဒီမဟာဆရာသခင်က သေချာပေါက်ကို နတ်ဘုရားအဆင့်ထိ ရောက်သွားတာပဲ။ ”
အဲဒက်စ် အလွန်အမင်း တုန်လှုပ်သွားသည်။သို့သော်လည်း ချက်ချင်းပင် မယုံသင်္ကာဖြစ်သွားသည်။
“ ဒီမဟာဆရာသခင်မှာ ဒီလို အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ချက်တွေရှိတယ်ဆိုတော့ သမိုင်းကြောင်းမှာ သူ့နာမည်ကို ဘာလို့ မကြားဖူးရတာလဲ။ ”
ချန်လွေ့၏အလိမ်အညာများ ပေါ်လုမတတ် ဖြစ်သွားပြီး သူ၏နှလုံးသား တုန်လှုပ်သွားသည်။ကံကောင်းစွာပင် ချန်လွေ့သည် အွန်လိုင်းဝတ္ထု အများအပြား ဖတ်ဖူးသည့်အတွက် ထပ်ဖြည့်ရန် ဇာတ်ကွက်တစ်ခု ချက်ချင်း တွေ့သွားသည်။
“ ရှေးခတ်မတိုင်ခင်မှာ ပိုပြီးရှေးကျတဲ့ ကမ္ဘာဦးခေတ်တစ်ခေတ်ရှိခဲ့တယ်။အဲ့ဒါကို နတ်ဘုရားခေတ်လို့သိကြတယ်။စွန်းဝူခုန်းဟာ ကမ္ဘာဦးခေတ်က ပုဂ္ဂိုလ်တစ်ယောက်ပဲ။သူရဲ့ အံ့ဩလောက်စရာ စွမ်းဆောင်ရည်တွေကြောင့် သူက လူသားတွေနဲ့ နတ်ဘုရားတွေကို အချင်းချင်း ယှဉ်ပြိုင်အောင် လုပ်လုနီးပါး ဖြစ်သွားခဲ့တယ်။ဒါကြောင့် နတ်ဘုရားတွေ ထိတ်လန့်သွားပြီး စွန်းဝူခုန်းကို တိုက်ခိုက်ဖို့ စစ်သားတစ်သိန်း စေလွှတ်ခဲ့ပေမဲ့လည်း ရှုံးနိမ့်ခဲ့ရသည်။ဝူခုန်းလည်း နတ်ဘုရားဘုံကို ကျူးကျော်ပြီးတော့ နတ်ဘုရားတွေအားလုံးကို ကြောက်ရွံ့စေခဲ့တယ်။နောက်ပိုင်းမှာတော့ အဲ့ဒီတိုက်ပွဲကို “ ရက်နရော့ခ် ” လို့ သိကြတယ်။နောက်ဆုံးတော့ ဝူခုန်းကို အစွမ်းထက်ဖြစ်တဲ့ ဂေါတမ ဘုရားက အနိုင်ယူလိုက်ပြီး ကမ္ဘာဦးခေတ်ရဲ့ သမိုင်းကြောင်းတွေကို နတ်ဘုရားတွေက တမင် ဖျောက်ပစ်ခဲ့ကြတယ်။ရှေးဟောင်းစာအုပ်မှာတောင် ဒီလိုမှတ်တမ်း မရှိနိုင်ဘူး။ဒါပေမဲ့ နာမည်တစ်ခု ၊နှစ်ခုကိုတော့ အကြွင်းအကျန်တွေမှာ တွေ့နိုင်တယ်။ ”
“ ရက်နရော့ခ်လား။အဲ့ဒါကို စာအုပ်တစ်အုက်မှာ ကျွန်မဖတ်ဖူးသလိုပဲ။မှတ်တော့ မမှတ်မိတော့ဘူး။ ”
အဲလစ်၏ စကားကြောင့် ချန်လွေ့ ထိတ်လန့်သွားသည်။
ဒီလိုမျိုး တကယ်ကြီးရှိတာလား။
ဖုံးကွယ်ရန်အတွက် ချန်လွေ့သည် ဇာတ်လမ်းအား အလျင်အမြန် ဆက်ပြောလိုက်သည်။ရေခန်းစီး လိုဏ်ဂူ၌ ဆရာသခင် စွန်းဝူခုန်း၏ ဝိညာဉ်အကြွင်းအကျန်မှ အမွေအနှစ်ကို ရရှိခဲ့ပြီး ထူးထူးခြားခြားနဲ့ နတ်ဆိုးနယ်ပယ်ဆီ ရောက်ရှိသွားကြောင်း ချန်လွေ့ ပြောလိုက်သည်။မဟာဆရာသခင်ရဲ့ အကြွင်းအကျန်မှာ အလွန်အစွမ်းထက်ပြီး သူ၏တစ်ဘဝစာ အတွေ့အကြုံများ၊အသိပညာများ ပါဝင်ကြောင်း၊အဆိပ်အားလုံးကို ခုခံနိုင်သည်မှာ ထိုနတ်ဘုရား၏ ကောင်းချီပေးမှုကြောင့် ဖြစ်ကြောင်း ချန်လွေ့ပြောလိုက်သည်။
ဆရာသခင် ဝူခုန်း၏ အကြွင်းအကျန်မှ ကမ္ဘာဦးခေတ်၏ အဖြစ်အပျက်များစွာကို သိရှိခဲ့ပြီဖြစ်ကြောင်း၊သူ၏ အားနည်းလှသည့် စိတ်ဝိညာဉ်ကြောင့် အပြည့်အဝ မဆက်ခံနိုင်သေးကြောင်း၊အသိပညာများ ပိုရရှိစေရန် စွမ်းအားများတိုးလာရန် စောင့်ရမည်ဖြစ်ကြောင်း ချန်လွေ့ပြောလိုက်သည်။
အမှောင်နတ်သူငယ်သည် ပို၍ တည်ငြိမ်သွားပုံပေါ်သည်။ချန်လွေ့၏ စကားများက သူ တစ်ဘဝလုံး လေ့လာခဲ့သည်မှာ အသုံးမကျသည်မဟုတ်ဘဲ အထူးခန္ဓာကိုယ်ရှိသည့် တစ်စုံတစ်ယောက်ကြောင့်သာ ဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။
အဲလစ်အာရုံစိုက်လိုက်ပြီး ချန်လွေ့အား ကမ္ဘာဦးခေတ်မှ ဇာတ်လမ်းများအကြောင်း ထပ်မေးလိုက်သည်။ချန်လွေ့သည် ရိုးရိုးရှင်းရှင်းပင် ရှန်ဟိုင်ကျင်းမှ မကောင်းဆိုးရွား ဇာတ်လမ်းများကို ငှားယူလိုက်သည်။ချန်လွေ့သည် တောက်ဝူ၊ချုန်းချီ၊ရင်ကျောက် စသည့် မကောင်းဆိုးရွားများအား အပြင်၌ အမှန်တကယ်ရှိသယောင် ပြောဆိုလိုက်သည်။အဲလစ်၏ မျက်လုံးများသည် စိတ်ဝင်စားမှုများ ပြည့်နှက်နေသေည်။အကယ်၍ ချန်လွေ့သာ သူ့ဆီ၌ မခံစားခဲ့ရလျှင် ဤလိုလီလေး၏ စိတ်ထား အစစ်အမှန်ကို ဘယ်တော့မှ ပြောနိုင်မည်မဟုတ်ပေ။
အဲဒက်စ်က မယုံကြည်ဘဲ သရော်ပြုံးပြုံးလိုက်သည်။
“ ကမ္ဘာဦးခေတ်ရှိတယ်ဆိုရင်တောင် မဟာဆရာသခင်က နတ်ဘုရားတွေကို ဖက်ပြိုင်နိုင်တယ်ဆိုတာ မယုံဘူး။ပြီးတော့ မင်းလို ဘာမှဟုတ်တဲ့လူသားကလည်း သူ့ရဲ့ အမွေအနှစ်ကို ရသွားတယ်ဆိုတာ မယုံဘူး။ဒီနေ့ မင်းသက်သေမပြနိုင်ရင်တော့ အမှောင်နတ်သူငယ်ကို လိမ်ရင်ဖြစ်မယ့် အကျိုးဆက်တွေကို ခံစားစေရမယ်။ ”
သစ္စာရှိ ပရိတ်သတ် တစ်ယောက်ဖြစ်သည့် ကောင်မလေးလည်း ချက်ချင်း လှည့်လိုက်ပြီး အခွင့်အရေးကို အမိအရယူကာ မီးလေလောင်ရာ လေပင့်လိုက်သည်။
“ တော်ဝင်မဟာ လူစီဖာ မိသားစုကို လိမ်ညာတဲ့ အကျိုးဆက်တွေရောပေါ့။ ”
အာသာ၏ မပြည့်စုံသည့် မှတ်ဉာဏ်များမှ ဤမှော်လောက၏ အဂ္ဂိရတ်ပညာမှာ ယန္တရား နှင့် ဆေးဝါးပညာ ဟူ၍ အဓိကအုပ်စုနှစ်ခု ခွဲထားသည်ကို ချန်လွေ့ သိထားသည်။အမှန်တကယ်တွင် တွက်ချက်မှု၊ပန်းပဲ၊ဆေးပညာ၊မှော်စက်ဝန်း စသည်တို့လည်း ပါဝင်ပေသည်။သို့သော်လည်း အဆင့်မြင့်မားမှုကြောင့် လူနည်းစုသာ ဆရာသခင်အဆင့် ရောက်ရှိကြပြီး လူသားဘုံနှင့်နတ်ဆိုးဘုံနှစ်ခုလုံးတွင် အထင်ကြီးခံကြရလေသည်။
ချန်လွေ့ ခပ်မြန်မြန်စဉ်းစားလိုက်ပြီး အကြံရလိုက်သည်။
“ ကျုပ်တကယ် သက်သေပြနိုင်ရင်ကော။ ”
အဲဒက်စ် မျက်မှုန်ကုတ်သွားသည်။ချန်လွေ့၏စကားကို အမှန်ဟုယူဆလျှင် ချန်လွေ့အား ထိန်းသိမ်းထားခြင်းသည် နတ်ဘုရားသဖွယ် ဆရာသခင်တစ်ယောက်၏ အလုပ်အား ထိန်းသိမ်းထားသကဲ့သို့ ဖြစ်နေသည်။အမှောင်လမြို့အတွက်၊နတ်ဆိုးဘုံအတွက်၊အဂ္ဂိရတ် လောကတစ်ခုလုံးအတွက်ပင်လျှင် အဖိုးမဖြတ်နိုင်သည့် အရာဖြစ်သည်။
“ အမှောင်နတ်သူငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ငါကျိန်ဆိုတယ်။မင်းပြောတာအမှန်ဆိုရင် ငါမင်းကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်တော့ဘူး။ ”
အဲဒက်စ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
အမှောင်နတ်သူငယ်တွေရဲ့ “ ဂုဏ်သိက္ခာ ” တဲ့လား။
အဲလစ် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။နတ်ဆိုးနယ်ပယ်၌ အမှောင်နတ်သူငယ်များအား “ ဉာဏ်များ၍ သစ္စာမဲ့သည် ” ဟု ပြောဆိုကြပြီး ဂုဏ်ယူနေကြသည်။
ဆရာက ဆေးပညာကိုပဲ စိတ်ဝင်စားပေမဲ့ အတွင်းမှာတော့ ဉာဏ်များတဲ့ အမှောင်နတ်သူငယ်ပဲ ထင်တယ်။
ဤအကြောင်းအား ချန်လွေ့မသိပေ။အဲဒက်စ် အမှန်တကယ်ပင် သစ္စာဆိုခဲ့သည်ဟု ချန်လွေ့ ထင်သွားပြီး ခေါင်းညိမ့်လိုက်သည်။
“ ကျုပ်ရဲ့ စိတ်ဝိညာဉ်က အားနည်းနေတယ်။တွက်ချက်ဖို့အတွက် မှတ်ဉာဏ်ကနေ တစ်ပိုင်းတစ်စပဲ မြင်ရတယ်။မဟာဆရာသခင်အတွက်တော့ အသေးအဖွဲလေးပါပဲ။ဒါပေမဲ့.... ”
“ ဘာလဲ။မြန်မြန်ပြော ”
ချန်လွေ့ စ၍ မပြီးသေးခင်မှာပင် အဲဒက်စ်က နှောင့်ယှက်လိုက်သည်။
နတ်ဘုရားလိုမျိုး မဟာဆရာသခင်ရဲ့ လက်ရာက အသေးအဖွဲလေးဆိုရင်တောင် တန်ဖိုးဖြတ်နိုင်မှာ မဟုတ်ဘူး။
“ ခဲတံနဲ့စက္ကူ ရှိလား။ ”
“ ခဲတံကဘာလဲ။ ”
“…”
အဲလစ်သည် အလုပ်ရှုပ်နေသည့် ချန်လွေ့နှင့် အဲဒက်စ်အား စိတ်ဝင်တစားကြည့်နေပြီး ခဏခဏ နှောင့်နှေးအောင် လုပ်လေသည်။သနားစရာ မှင်စာလေးမှာတော့ ကြမ်းပြင်ပေါ်တွင် ငြီးနေသော်လည်း မည်သူမျှ အဖက်မလုပ်ပေ။
အချိန်ခဏကြာပြီးနောက်တွင် နတ်ဆိုးဘုံ၌ ချန်လွေ့၏ ပထမဆုံးလက်ရာ ပြီးစီးသွားလေပြီ။
အဲဒက်စ်သည် လေးထောင့်ဘောင် နှင့် အတွင်းရှိ ထောင့်မှန်စတုဂံတုံများအား ဇဝေဇဝါနှင့် ကြည့်လိုက်သည်။ဤအရာသည် မဟာဆရာသခင်တစ်ယောက် ဖန်တီးခဲ့သည့် တွက်ချက်မှုကိရိယာတစ်ခု ဖြစ်ကြောင့် မည်သူမှ မတွေးမိနိုင်ပေ။
“ ဒါ ပြီးပြီလား။ ”
“ လွယ်လှချည်လား။ဒီရိုးရိုး သစ်သားတုံး၉တုံးက ဘာလုပ်နိုင်လို့လဲ။ ”
အဲလစ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချန်လွေ့ ခေါင်းခါလိုက်ပြီး ရုပ်တည်နှင့် ပြောလိုက်သည်။
“ ဒီရိုးရိုး သစ်သားတုံးတွေကို အထင်မသေးနဲ့။ဖန်တီးမှုတိုင်းက ရှားပါးကုန်ကြမ်းတွေ မလိုအပ်ဘူး။ တကယ့် ဆရာသခင်တစ်ယောက်က အမှိုက်ကို အဆောင်ပစ္စည်းအဖြစ် ပြောင်းနိုင်တယ်လို့ ဆရာသခင် ဝူခုန်း ပြောဖူးတယ်။ ”
“ အမှိုက်ကို အဆောင်ပစ္စည်းအဖြစ် ပြောင်းလဲတာလား။တကယ့်ကို နတ်ဘုရားလိုမျိုး ဆရာသခင် တစ်ယောက်ပဲ။ ”
အဲဒက်စ် နားလည်သွားပုံပေါ်ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။သူ၏လေသံလည်း ယဉ်ကျေးသွားသည်။
“ ဒီပစ္စည်းရဲ့ အံ့ဩဖွယ်ရာက ဘာလဲဆိုတာ ပြောပြပေးပါ။ ”
“ ခဏနေဦး။ကျုပ်တစ်ခုခု ထပ်ထည့်လိုက်ဦးမယ်။ ”
ချန်လွေ့သည် အတုံးတစ်တုံးစီ၌ ချောင်၊ကွမ်ယု၊ကျန်းဖေး၊ကျောက်ယွမ်၊ မာချောင်၊ဟွမ်ကျုံး နှင့် စစ်သား ဟူ၍ ရေးလိုက်သည်။
“ ဒါကို ဟွာရုံတောက် လို့ခေါ်တယ်။ဆင်ခြင်တွက်ဆရတဲ့ ကျားစကားနည်း တစ်မျိုးပဲ။အကြီးဆုံး လေးထောင့် ‘ ချောင်’ က ကမ္ဘာဦးခေတ်ရဲ့ ဧကရာဇ်ကို ကိုယ်စားပြုတယ်။ကျန်တာတွေက သူထွက်ပြေးတာကို တားဆီးရမယ့် စစ်သားတွေနဲ့ မြင်းစီးသူရဲကောင်းတွေပဲ.... ”
ချန်လွေ့က အဲဒက်စ် နားလည်သည့် ဘာသာစကားဖြင့် ပြောလိုက်ပြီး ဟွာရုံတောက်၏ ဇာတ်လမ်းနှင့် ကစားရန် စည်းမျဉ်းများကို ရှင်းပြလိုက်သည်။
ဟွာရုံတောက်သည် တရုတ်၌ နာမည်ကြီး ရှေးဟောင်း ကစားနည်းတစ်မျိုးဖြစ်သည်။ရလာဒ်အမျိုးမျိုးဖြစ်နိုင်ပြီး ရူဘစ်ခ် ကုဗတုံး နှင့်ဂေါ်လီကျားကွက် တို့နှင့်အတူ နိုင်ငံတကာ ပညာရှင်များက “ ကမ္ဘာပေါ်က အလွန့်အလွန် ဉာဏ်သုံးရတဲ့ ပဟေဠိ သုံးမျိုး” ထဲမှ တစ်ခုဟု အသိအမှတ်ပြုကြသည်။
နားထောင်လေ အဲဒက်စ်ပို၍ စိတ်ဝင်စားလေ ဖြစ်လာသည်။အဲဒက်စ် စမ်းကြည့်ရန် ပြင်လိုက်ရာ အဲလစ်က ဦးသွားသည်။အဲလစ် ဆွဲယူလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် စတင်ကစားတော့သည်။အဲဒက်စ်သည် ဘေးနားမှကြည့်၍ စိုးရိမ်နေသည်။သို့သော်လည်း သူဘာမှ မလုပ်ရဲပေ။ကံကောင်းစွာဖြင့်ပင် ထိုအရာသည် ပြုလုပ်ရလွယ်ကူပြီး မကြာခင်မှာပင် သူကိုယ်တိုင် တစ်ခုလုပ်လိုက်ပြီး အာရုံစိုက်နေတော့သည်။
လိုလီလေး စိတ်မရှည်တော့ပေ။ထပ်ကာထပ်ကာ ကျဆုံးပြီးနောက် သူ ဒေါသထွက်လာသည်။အဲလစ်သည် ချန်လွေ့အား မေးလိုက်သည်။
“ ရှင်ကျွန်မတို့ကို လိမ်နေတာလား။ဒီ ဧကရာဇ်က တစ်ခါမှ မလွတ်မြောက်နိုင်ဘူး။ ”
ဤအရာ၌ ချန်လွေ့ ယုံကြည်မှု ရှိနေပြီး ပြောလိုက်သည်။
“ အရှင်မင်းသမီး။ဒီ ဟွာရုံတောက်က သေချာပေါက်ကို ဖြေရှင်းလို့ရတယ် ဆိုတာ ကျုပ်အသက်နဲ့ အာမခံပါတယ်။ပြီးတော့ အဖြေက တစ်ခုထက်ပိုပြီးရှိတယ်။အဓိက သော့ချက်ကတော့ ဖြေရှင်းမယ့်သူရဲ့ တွက်ဆတဲ့အစွမ်းကို ကြည့်ဖို့ပဲ။အဆင့်ပိုနည်းလေ ပိုကောင်းလေပဲ။ ”
ချန်လွေ့က သေရမည်ကို ကြောက်ကြောင်း အဲလစ်သိသည်။ချန်လွေ့က ဆုံးဖြတ်သွားပြီဖြစ်သည့်အတွက် အဲလစ် သံသယ ထပ်မဖြစ်တော့ပေ။ထိုအချိန်တွင် အပြင်ဘက်၌ နှစ်လိုဖွယ် အသံတစ်ခု ကြားလိုက်ရသည်။
“ ဆရာအဲဒက်စ်။ကျွန်မက မင်းသမီးလေးရဲ့ အစေခံပါ။မင်းသမီးအဲလစ် အထဲမှာရှိနေလား။ ”
အဲဒက်စ်က ဟွာရုံတောက်တွင် စိတ်နှစ်ဝင်နေသည့်အတွက် ဂရုစိုက်မအားပေ။ထို့ကြောင့် အဲလစ်ကိုယ်တိုင် ပြန်ဖြေလိုက်သည်။
“ ခီရာ။ငါအထဲမှာ။ဝင်ခဲ့လေ။ ”
အဲလစ်က ချစ်စရာ အသွင်အပြင်ကို ပေးစွမ်းသည် ဆိုလျှင် ခီရာသည် နူးညံ့ပြီး ဖြူဖွေးသည့် အသားအရည်၊ဆွဲဆောင်မှုရှိသည့် မျက်နှာနှင့် နှုတ်ခမ်း၊အထင်ကြီး လောက်စရာ ရင်သားများ၊သွယ်လျသည့် ပေါင်တံနှင့်အတူ ညှို့ဓာတ်ပြည့်နေသည့် အသွင်အပြင်ကို ပေးစွမ်းသည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ညှို့ငင်မှုများ အပြည့် ဖြစ်နေသည်။သူ၏ အဝတ်အစားများသည် အလွန်အမင်း လှစ်ဟာမပြနေသော်လည်း ကိုယ်ကျပ်ဝတ်ရုံကြောင့် သူသည် ကိုယ်လုံးကိုယ်ပေါက် ပိုမိုလှပသွားသည်။သူ ဘာမှမလုပ်ဘဲ ရပ်နေလျှင်ပင် ယောက်ျားလေးများသည် သူတို့ရဲ့ ဆန္ဒများအား ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
အဲလစ်သည် လူစီဖာ တော်ဝင်မိသားစုဝင် တစ်ယောက်ဟု ဆိုထားသည်။သူ၏ အသွင်အပြင်မှာ လူသားများနှင့် သိပ်မခြားနားပေ။သို့သော်လည်း ခီရာသည် ပုံမှန် နတ်ဆိုးမ တစ်ယောက်ဖြစ်သည်။သူ၏ ခေါင်းပေါ်၌ ချိုကွေးတစ်စုံရှိသည်။သူ၏ ကျောဘက်၌ တောင်ပံနက် သေးသေး တစ်စုံရှိပြီး တင်ပါးမှာလည်း အမြှီးလေး တစ်ချောင်းရှိလေသည်။ဤအရာများက သူ၏ ဆွဲဆောင်မှုကို အားမနည်းစေဘဲ ထူးခြားသည့် လျို့ဝှက်ဆန်းကြယ် ညှို့ငင်မှုကို ထပ်ပေါင်းပေးလေသည်။
မာယာရှင်။လုံးဝကို မာယာရှင်ပဲ။
“ မင်းသမီးလေး။ ”
ခီရာ ဦးညွှတ်လိုက်သည်။
“ တော်ဝင်မင်းသမီးက မင်းသမီးလေးကို စာကြည့်ခန်းမှာ စောင့်နေတယ်။ခီရာနဲ့ လိုက်ခဲ့ပေးပါ။ ”
ခီရာ ဦးညွှတ်လိုက်သည့်အခါ သူ၏ ရင်သား ကွဲကြောင်းသည် ပို၍ပင် မြင်သာပြီး ချန်လွေ့သည်လည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ချန်လွေ့သည် အောက်ပိုင်းမှ ဟော်မုန်းဓာတ် ရုတ်တရက် အဆများစွာ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ချန်လွေ့သည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ဆက်မကြည့်ရဲတော့ပေ။
“ ဒီအချိန်ကြီး အစ်မက ငါ့ကိုခေါ်တာလား။အသီနာနဲ့ တူတူ မိုးသစ်တောမည်းဆီ သူခိုးသွားတာကို သူသိသွားတာာလား။”
အဲလစ် အပြစ်ရှိသလို ခံစားရလိုက်သည်။သို့သော်လည်း ချန်လွေ့၏ မျက်နှာကို မြင်လိုက်ရသည့်အခါ တခစ်ခစ် ရယ်တော့သည်။
“ ခီရာ။နင့်ရဲ့ ညှို့ဓာတ်တွေက ပိုပြီးတော့ အစွမ်းထက်လာပြီ။ဒီလူသားက တစ်ချက်ကြည့်ပြီးတော့တောင် သူ့ကိုယ်သူ မထိန်းချုပ် နိုင်တော့ဘူး။ ”
ခီရာက ချန်လွေ့အား ရွံရှာစွာဖြင့် ကြည့်လိုက်သည်။
“ ခီရာရဲ့ ခန္ဓာကိုယ်က ကဝေမတွေ ထဲမှာတောင် ထူးခြားတယ်လို့ သတ်မှတ်ထားတာ။ဒီလူက အားနည်းပြီး သနားစရာကောင်းတယ်။အနမ်း တစ်ပွင့်နဲ့တောင် သူ့ရဲ့ အမြုတေတွေ ကုန်ခမ်းသွားမှာ။ ”
ကဝေမ တဲ့လား။ဒါက ယောက်ျားတွေကို.....စုပ်ယူနိုင်တဲ့ နတ်ဆိုးမ ထင်တယ်။
အာသာ၏ မှတ်ဉာဏ်ထဲမှ နတ်ဆိုးမ သရုပ်ဖော်ပုံများကို တွေ့လိုက်သည်။သူ၏ ဆန္ဒများ ကွယ်ပျောက်သွားပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသည်။
မိန်းမလှက အဖိုးတန်တယ်။ဒါပေမဲ့ အသက်က ပိုတန်ဖိုးကြီးတယ်။
အဲလစ်ပြုံးပြလိုက်ကာခြင်းတောင်းကိုင်ပြီး ခီရာနှင့်အတူ စမ်းသပ်ခန်းထဲမှ ထွက်သွားသည်။ဟွာရုံတောက်အား တစ်ပါတည်းယူသွားရန်ကိုလည်း သူ မမေ့ခဲ့ပေ။