အဲလိုဖြစ်သွားတယ်
Vol. 116 Ch. 1622
ကျိန်ဆိုရမယ်ဟုတ်လား။ သူမ လုပ်ရဲလား။
အဖြေမှာ ရှင်းလင်းနေသည်။ သူမ မလုပ်ရဲပေ။
“သခင်ကြီး….”
“ကျိန်ဆိုလိုက်ပါ၊ မင်းဗိုက်ထဲက ကလေးက ငါ့ဟာပါလို့ ကျိန်လိုက်၊ မင်း ငါစိတ်ပျက်အောင် ဘာတစ်ခုမှမလုပ်ဘူးဆိုတာကို ကျိန်လိုက်” ခေါင်းဆောင် ထောင် အော်လေသည်။
“ကျွန်မ… ကျွန်မ… မကျိန်… မကျိန်နိုင်ဘူး” သခင်မသည် ခေါင်းယမ်း ပြီးနောက် နောက်ကိုဆုတ်လိုက်သည်။
သူမ ထိုသို့ပြုမူသည်ကို မြင်သောအခါ နားမလည်ဘဲ မနေကြပေ။ သခင်မကြီးက ခေါင်းဆောင်ကို ဂျိုတပ်ပေးလိုက်တာပဲ။
“မယားခိုးကောင်က ဘယ်သူလဲ”
“ကျွန်မ… ကျွန်မ မပြောနိုင်ဘူး” သခင်မသည် ပျာယာခတ်သွားကာ အနောက်သို့ ဆက်ဆုတ်လေသည်။ သူမသည် တုန်ယင်နေသဖြင့် မြေပေါ်သို့ လဲကျသွားတော့သည်။
“မပြောနိုင်ဘူးဟုတ်လား မင်းက ငါ့ကိုမှန်းစေချင်နေတာလား” ခေါင်းဆောင်ထောင်၏ မျက်နှာထားမှာ ခက်ထန်နေသည်။ သူသည် ရှေ့တိုးပြီး သူမ လည်ပင်းကို ဆုပ်ကိုင်ကာ မ,တင်လိုက်သည်။
“လွှတ်… လွှတ်ပါ” သခင်မကြီးသည် သူ၏ လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်သည်။ သို့သော် သူမသည် လုံးဝလှုပ်မရပေ။
“ငါ မင်းကို ဒီလောက် စိတ်ရင်းနဲ့ဆက်ဆံပေးပြီး ငါ့သားကိုတောင် နှစ်ပေါင်းရာချီအောင် လစ်လျူရှုခဲ့တာ၊ မင်း သူ့ကိုမမြင်ချင်ဘူးလို့ ပြောတာနဲ့ သူ့ကို အန္တရာယ်အများဆုံးနေရာကိုပို့ပြီး ကျင့်ကြံခိုင်းခဲ့တယ်၊ ငါတို့ခြံဝန်းထဲကို လည်း ခြေတစ်လှမ်းမှ ဝင်ခွင့်မပြုခဲ့ဘူး၊ မင်းက သူ့ကိုလူလွှတ်ပြီး အဆိပ်ခတ်ခဲ့ တယ်၊ သူ မသေဘူးဆိုတာကို ငါ သိတဲ့အချိန်ကျ အဆိပ်ဖြေဆေးကို ငါ ကိုယ်တိုင်သွားတောင်းပြီး ဖျက်ဆီးပစ်ခဲ့တယ် မင်းက မျိုးနွယ်ကို သစ္စာဖောက် တာတောင် မင်းကိုကာကွယ်ဖို့အတွက် ငါ့ရဲ့ခေါင်းဆောင်ရာထူးကိုတောင် ရင်း ခဲ့တယ်၊ ဒါပေမဲ့ မင်းက ဖောက်ပြန်နေတယ် ပြောပါဦး ငါ့ကိုအခုဘာလုပ်စေချင် သေးတာလဲ”
“မ… မလုပ်ပါနဲ့… ကျွန်မ.. ကျွန်မ.. ကျွန်မ မှားပါပြီ အဟွတ် အဟွတ်”
“မှားတယ်ဟုတ်လား၊ ဒီစကားတစ်ခွန်းနဲ့ ငါ့ကိုကျေနပ်အောင်လုပ်နေ တာလား၊ ငါတို့က ငယ်ပေါင်းတွေဖြစ်ပြီး အခုထိအတူ လျှောက်ခဲ့ကြတာပဲ၊ မင်း အပြင်မှာ သွားကလူနေတာကို ငါက ကျေနပ်နေရမှာလား အရှက်မရှိတဲ့ မိန်းမ ပျက်”
ရှီမာယူယူသည် ထောင်ယိရွှမ်၏ ဖခင်ပြောသော စကားကိုကြားသော အခါ ခါးသီးစွာပြုံးလိုက်မိသည် “ငါလည်း အရင်က အရှက်မရှိတဲ့လူတွေ တွေ့ဖူး ပါတယ်၊ ဒါပေမဲ့ ရှင်တို့လောက် အရှက်မရှိတာတော့ မတွေ့ဖူးဘူး၊ ကျရှုံးသွား တဲ့ ယောက်ျားတစ်ယောက်က အမှားကို သူများကိုပုံချတယ်၊ ရွံစရာကောင်းတဲ့ အပြုအမူတွေကို ပါးစပ်ကနေ ဖြောင့်မတ်သလိုလိုဖြစ်အောင် ပြောနေသေး တယ်”
“အာ.. ဂျူနီယာညီမလေး ဘာအဓိပ္ပာယ်လဲ” ဟန့်မြောင်ရွှမ် ပြောလိုက် သည်။
“ထောင်ယိရွှမ်ရဲ့အဖေက အစတုန်းက ထောင်ယိရွှမ်ကိုမသတ်ချင်ပေမဲ့ ထောင်ယိရွှမ် အဆိတ်မိပြီးတော့ လွတ်သွားတယ်ဆိုတာကို သိတာနဲ့ သူ့ကို လူလွှတ်ပြီး မကယ်တဲ့အပြင် လောင်ဂျီဆီကို အဆိပ်ဖြေဆေးတောင်သွားယူ လိုက်သေးတယ်၊ ဒါဆိုရင် သူကပဲ ထောင်ယိရွှမ်ကို သတ်ဖို့လူလွှတ်တာပဲ၊ ဘာလို့လဲဆိုတော့ ထောင်ယိရွှမ်က သူ့ကိုခြိမ်းခြောက်တယ်လို့ ခံစားရလို့ပဲ၊ မခု သူ့ကိုယ်သူ သူတော်ကောင်းကြီးလုပ်ပြီး ဒီမိန်းမအတွက် လုပ်သလိုပြောနေ တယ် အကုန်လုံးက ဆင်ခြေတွေချည်းပဲ၊ အခု ကြည့်လိုက်မှပဲ သူကလည်း သူ့ မိန်းမကို အဲလောက် ချစ်တာမဟုတ်ဘူးပဲ” ရှီမာယူယူသည် လှောင်ပြောင်သည့် အမူအရာဖြင့် ပြောလေသည်။
“ဒီလိုစိတ်ရှိတဲ့လူက ငရဲအနက်ထဲကိုကျရမှာ” ဟန့်မြောင်ရွှမ်သည် မုန်းတီးစွာ ကျိန်ဆဲလိုက်သည်။
“အမှန်ပဲ၊ ဘာမှအဓိပ္ပာယ်မရှိဘူး… စီနီယာတို့ ဒီမှာဆက်ပြီး ကြည့်ချင်ရင် ကြည့်လေ ညီမတော့ တည်းခိုဆောင်ကို ပြန်တော့မယ်” ရှီမာယူယူသည် နောက်ပိုင်းကိစ္စများကို စိတ်မဝင်စားတော့ဘဲ စိတ်ပြတ်ပြတ်ဖြင့် ထွက်လာခဲ့ လိုက်သည်။
ရှီမာလျူရွှမ်နှင့် တခြားသူများသည်လည်း ထိုကဲ့သို့ကိစ္စများတွင် စိတ်မဝင်စားပေ။ သူတို့သည် သူမကို အဖော်ပြုပေးရန်သာ လိုက်ခဲ့ပေးခြင်းဖြစ် သည်။ အခု သူမ ထိုနေရာမှ ထွက်သွားချင်သဖြင့် သူတို့လည်း အလိုလိုပင် ထွက်သွားကြမည်ဖြစ်သည်။
ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည်လည်း ပွဲ၏ စိတ်ဝင်စားစရာအပိုင်း မှာပြီးသွားသဖြင့် ထွက်လာလိုက်ကြသည်။ နောက်ပိုင်းမှာ ကြည့်စရာမရှိတော့ သဖြင့် ထွက်ခဲ့လိုက်ကြသည်။
သို့သော် ထိုနေရာသည် ထောင်မျိုးနွယ်၏ နေရာဖြစ်နေသေးသဖြင့် ရှီမာယူယူသည် ထင်ပေါ်အောင် မနေဟု ပြောထားသည်။ အားလုံးကို ဝိညာဉ် စေတီအတွင်းထည့်ပြီးနောက် သူမ ထွက်ခဲ့လိုက်သည်။ ထို့နောက် မည်သူမှမရှိ သည့်နေရာတွင် သူတို့ကို ထုတ်ပေးလိုက်သည်။
ထောင်မျိုးနွယ်၏ စုဝေးပွဲကြီးကြောင့် မြို့ထဲတွင် လူများစည်ကားနေ သည်။ ထို့ကြောင့် တည်းခိုဆောင်ရှာရန်မှာ ခက်ခဲလှသည်။ သူမ လာချိန်တွင် ဂေါင်ရင်တနှင့် တခြားသူများသည် သူတို့အတွက် တည်းခိုရန် အခန်းကောင်း ကောင်း ရှာထားပေး၍တော်သေးသည်။
ဂေါင်ရင်တနှင့် တခြားသူများ ပြန်လာချိန်တွင် မိုးချုပ်တော့မည်ဖြစ် သည်။ သူတို့သည် ခန်းမထဲတွင် ထိုင်နေသောလူများကိုမြင်သောအခါ မှင်တက် နေလေသည်။
“ယူယူ ပြန်လာပြီပဲ” သူ လျှောက်လာပြီး သူမကို နှုတ်ဆက်လေသည်။
“ဟုတ်တယ် ဂေါင်ရင်တ ဘာလို့ ဒီလောက်နောက်ကျနေတာလဲ” ရှီမာယူယူသည် မတ်တတ်ရပ်ကာ သူ့ကိုထိုင်ရန် ပြောလိုက်သည်။
“အဲဒီကိစ္စကြောင့်မဟုတ်ဘူးလား” ဂေါင်ရင်တသည် ပြောလိုက်သည်နှင့် သူမ သက်ပြင်းချလိုက်သည် “အဲဒီကိစ္စတွေက အလှည့်အပြောင်းတွေဖြစ်ပြီး ဒီအခြေအနေထိဖြစ်လာမယ်လို့ ထင်မထားဘူး”
“ဦးလေးဂေါင် သူများတွေက မျိုးနွယ်ကို ခိုးပြီးစောစောပြန်ကြတယ်လို့ ကြားတယ် ဦးလေးတို့က ဘာလို့ဒီလောက်နောက်ကျနေတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“သူတို့က အစောကြီးသွားလိုက်ကြတယ်လေ၊ ဒါပေမဲ့ ခေါင်းဆောင်က ငါတို့ကိုနေခိုင်းတယ်လေ အဲဒါက… ငါတို့အရင်သခင်လေးပေါ့” ဂေါင်ရင်တ ပြန်ဖြေလေသည်။ ထောင်ယိရွှမ်မှ သူတို့ကို နေခိုင်းသဖြင့် သူ့အသံမှာ ဝမ်းသာ သံပါနေသည်။
ရှီမာယူယူ မအံ့ဩတော့ပေ။ ထောင်ယိရွှမ်သည် လက်ရှိတွင် လူလိုအပ် နေသည်။ သူနှင့် ဂေါင်မျိုးနွယ်၏ ဆက်ဆံရေးမှာလည်း ကောင်းသည်။ ယုန် နားရွက်တောင်မှ အဖြစ်အပျက်နှင့်ဆိုလျှင် ဂေါင်မျိုးနွယ်သည် သူ့ဘက်တွင် ရှိ နေသည်ကို သူသိသည်။ သူက ဘယ်လိုလုပ် သူတို့ကိုမသုံးဘဲနေမလဲ။
“ဒါဆိုရင် ဦးလေးတို့အကုန်လုံးကို ဂုဏ်ပြုပါတယ် ဂေါင်မျိုးနွယ်ရဲ့ အခြေ အနေက ပိုပိုကောင်းလာမှာပါ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ဟားဟား” ဂေါင်ရင်တသည် ရှက်ရွံ့စွာ ရယ်မောလေသည်။
“ဦးလေးဂေါင် အဲနောက်ပိုင်း ဘာဖြစ်သွားလဲ၊ အရင်ခေါင်းဆောင် ဖောက်ပြန်ခံရတာကို မြင်လိုက်တယ် အဲနောက်တော့ရော သူတို့ကို ဖမ်းလိုက် လား” ဟန့်မြောင်ရွှမ် အတင်းပြောလေသည်။
“အဲဒါက…” ဂေါင်ရင်တသည် လှည့်ပတ်ကြည့်ပြီးနောက် မည်သူမှမရှိဟု သေချာသည်နှင့် ပြောလေသည် “သူတို့က သူ့ကိုဖမ်းလိုက်တယ်လေ၊ သေချာ ပေါက်ဖမ်းရမှာပေါ့ သူတင်မဟုတ်ဘူး သတိမေ့နေတဲ့ ဒုခသင်ထောင်ကိုတောင် ဖမ်းလိုက်တယ်”
“ဒုသခင်ထောင်ဟုတ်လား သူ့ကိုဘာလို့ဖမ်းကြတာလဲ”
“သေချာတာပေါ့…. အဲဒါက မင်းတို့သိမှာပဲ”
ရှီမာယူယူ မျက်တောင်ခတ်ပြလိုက်ရာ ရုတ်တရက်ပင် နားလည်သွားကြ သည်။
“ဒုသခင်ထောင်နဲ့ သူ့အမေနဲ့က.. သူတို့နှစ်ယောက်က…” ဟန့်မြောင်ရွှမ် သည် အလန့်တကြားအော်လေသည်။ သူမ လက်များမှာ နှုတ်ခမ်းများအပေါ်သို့ အလိုလို ဖိအုပ်မိလေသည်။
“သိရင်ရပြီလေ ဘာလို့အဲလောက် အကျယ်ကြီးပြောရတာလဲ” ဂေါင်ရင်တသည် အနည်းငယ် နေရခက်နေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “ဒုသခင်ထောင်လို လူမျိုးနဲ့ လိုလိုလားလား ဖောက်ပြန်တဲ့သူရှိမယ်လို့ ထင်မထားဘူးပဲ၊ ထောင်ယိရွှမ်ရဲ့အဖေတော့ အဲဒီ အကြောင်းကြားတာနဲ့ ဘယ်လိုမျက်နှာမျိုးဖြစ်မလဲမသိဘူး၊ ဒါပေမဲ့ ဒုသခင် ထောင်က သတိမေ့နေတုန်းပဲမလား သူ့ကိုဖမ်းပြီး ပိတ်ထားလိုက်တာလား”
“မပိတ်ပါဘူး၊ သူ့ကိုကုဖို့မလိုဘူးလို့ သခင်ကြီးဂျီကို ပြောလိုက်တာပဲ၊ သူတို့က သူ့ကိုတစ်သက်လုံးမေ့သွားအောင်ပဲ ထားလိုက်တော့တယ်”
“ထောင်ယိရွှမ်က မိသားစုခေါင်းဆောင်ဖြစ်တော့ အဲလူတွေ ကန့်ကွက် ကြသေးလား”
“ဘိုးဘေးကြီးရှိမှတော့ ဘယ်သူကဘာပြောရဲဦးမှာလဲ” ဘိုးဘေးကြီး၏ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ဧရိယာတစ်ခုလုံး လွှမ်းမိုးနိုင်ပုံကို ပြန်တွေးပြီး ဂေါင်ရင်တသည် ချစ်ကြောက်ရိုသေမိသည်။
“အဲလိုဆိုရင်တောင် မျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ဘူး၊ အချိန်တန်ရင် သူ့ဘက်က ကတိတည်နိုင်မလားသိချင်သားပဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
ထိုအရာမှာ ရှီမာယူယူအတွက် မှန်းရန်ခက်သည်။ ထောင်ယိရွှမ်သည် ထောင်မျိုးနွယ်ကို ထိန်းချုပ်နိုင်ပြီး သဘောတူညီချက်ကို ပြည့်မြောက်အောင် လုပ်နိုင်စွမ်းရှိမလားဆိုသည်ကို သူမ မသိပေ။ ဘိုးဘေးကြီးရှိလျှင် အချိန်မကြာ မည်တော့မဟုတ်ပေ။
ပြီးနောက် သူသည် ထက်မြက်ကာ အကြံလည်းများသည်။ ထိုလူများသာ သူ့ကို ယှဉ်ပြိုင်ချင်ပါက နောက်ဆုံးတွင် မည်သူနိုင်မည်ကို မသိနိုင်ပေ။
“ခဏလောက်စောင့်လိုက်ရအောင် ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးနဲ့ တခြားသူတွေရဲ့ နာမည်လည်းရှိသေးတော့ ရက်နည်းနည်းလောက် စောင့်ကြ တာပေါ့” သူမ ပြောလိုက်သည်။
သူတို့သည် အတန်ကြာသည်အထိ ဆက်ပြီး ဟိုဟိုဒီဒီပြောကြပြီးနောက် အားလုံး ပြန်သွားကြလေသည်။ ဂေါင်မျိုးနွယ်ဝင်မှာ အရေအတွက်များကြ သည်။ ရှီမာယူယူနှင့် တခြားသူများအတွက် အခန်းတချို့မှလွဲပြီး ကျန်သည့် အခန်းများကို သူတို့ယူထားကြသည်။
ဂေါင်ရတထွက်မသွားခင်တွင် ထောင်မျိုးနွယ်၏ တွေ့ဆုံပွဲပြီး နောက်ပိုင်း အတွက် ပြင်ဆင်ရန်သွားရဦးမည်ဟု ပြောသွားလေသည်။ ထိုတွေ့ဆုံပွဲကို သူ တက်ရမည်ဟု ပြောသွားသည်။ သို့သော် ကွာသွားသည်မှာ သူတို့မျိုးနွယ်မှ လည်း လူလွှတ်ပြီး တက်ရောက်နိုင်သည်။ သူတို့တွင် အရည်အချင်းရှိသရွေ့ မျိုးနွယ်အတွက် အရင်းအမြစ်များရလာနိုင်သည်။
ထိုလူသည် သူ၏ ဂုဏ်သတင်းကို မည်သို့တည်ဆောက်ရမည်ကို သိလှ သည်ဟု ရှီမာယူယူ တိတ်တိတ်လေးတွေးနေမိသည်။ ယခုလိုအချိန်တွင် လူများ ကို သူ့ဘက်ဆွဲလိုက်သည်မှာ အလွန်ပင် အကျိုးအမြတ်ရှိသည့်ကိစ္စပင်ဖြစ် သည်။
***