ပြင်းထန်သော အက်ကွဲမှု၊ဝီဝီပဟေဠိ၏ ဝမ်းနည်းမှု
Vol. 1 Ch. 6
လိုလီလေးသည် စေ့စပ်သေချာလှသည်။ပစ္စည်း “တစ်ခု၊နှစ်ခု” လုပ်နိုင်သည်ဟု ချန်လွေ့ပြောခဲ့ပြီးနောက် ဟွာရုံတောက် တစ်ခုတည်းသာရှိသေးသည်ကို သူ သတိရသွားသည့်အတွက် မနေ့တစ်နေ့က စမ်းသပ်ခန်းဆီသို့ ခီရာအား လွှတ်ကာ “စိတ်ဝင်စားစရာ” လက်ဆောင် ပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ချန်လွေ့သည်လည်း သူများပိုင်နက်ထဲ ရောက်နေသည့်အတွက် သူ ပြောသည့်အတိုင်း လုပ်ရပေတော့သည်။ထို့ကြောင့် အဲဒက်စ်နှင့်အတူတူ နောက်ထပ်ပစ္စည်းတစ်ခု လုပ်ခဲ့ကြသည်။ယနေ့တွင်တော့ အဲလစ်သည် သူ၏ အချစ်ဆုံးသူငယ်ချင်း အသီနာ နှင့်အတူလာပြီး လက်ဆောင် လာယူခြင်း ဖြစ်သည်။
“ သစ်သားနဲ့ပဲလား။ဒီတစ်ခေါက်က ဘာလဲ။ ”
အဲလစ်သည် အမျိုးမျိုးသော ပုံစံနှင့် အရွယ်အစားရှိသည့် သစ်သားအပိုင်းအစများကို စိတ်ဝင်တအား ကြည့်လိုက်သည်။
“ မင်းသမီးလေး။ဒီမှာကြည့်။ ”
ချန်လွေ့သည် သစ်သားတုံးများအား စားပွဲပေါ်တင်ပြီး ကျွမ်းကျွမ်းကျင်ကျင် တပ်ဆင်လိုက်သည်။မကြာမီတွင် သစ်သားတုံးများသည် လှပသော သုံးဖက်မြင် အသည်းပုံစံအဖြစ် ပေါင်းစပ်သွားသည်။ပို၍ အံ့အားသင့်စရာ ကောင်းသည်က စပ်ကြောင်းမရှိဘဲ တစ်သားတည်းဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။
အဲလစ် အံ့အားသင့်သွားပြီး ထိုအရာအား သေသေချာချာ ကောက်ယူလိုက်သည်။၎င်းသည် သစ်သားတုံးများသာ ဖြစ်သော်လည်း တပ်ဆင်လိုက်သည့်အခါ ကျစ်လစ်ပြီး ခိုင်မာသည့်အရာ ဖြစ်သွားသည်။သူကိုယ်တိုင်သာ မတွေ့ခဲ့လျှင် ချန်လွေ့သည် ၎င်းတို့အား အတူတူ ညှပ်နေအောင် လုပ်ခဲ့သည်ဟု ထင်ခဲ့မိပေမည်။အသီနာလည်း ရှေ့ထွက်လာပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။ခီရာ၏ နှစ်လိုဖွယ် မျက်လုံးများသည်လည်း စိတ်ဝင်စားမှုများ ပြည့်နေသည်။
“ ဒါကို ဝီဝီ ပဟေဠိလို့ ခေါ်တယ်။ရောင်ဖြာနက် သစ်သားနဲ့ လုပ်ထားတာ။ဒါက သတ္တုလိုမျိုး မာကြောတယ်။။ ”
ချန်လွေ့၏မျက်လုံး ဖြတ်ခနဲ အရောင်လက်သွားသည်။ဤ ဝီဝီ ပဟေဠိအား အချစ်သော့ခလောက် ဟုလည်း ခေါ်လေသည်။တည်ဆောက်ပုံမှာ အလွန် ခက်ခဲလှသော်လည်း ချစ်သူများနေ့၌ သူပထမဆုံး ရဖူးခဲ့သော လက်ဆောင်ဖြစ်သည့်အတွက် ချန်လွေ့ အလွတ်ရနေပေသည်။သို့သော်လည်း တက္ကသိုလ်က အခြား အချစ်ဇာတ်လမ်းများကဲ့သို့ပင် ချန်လွေ့၏ ထိုမိန်းကလေးတို့သည်လည်း အဆုံးသတ်သွားသည်။
တပ်ဆင်ပြီးသည့် ဝီဝီပဟေဠိအား ပထမဆုံးအကြိမ်အဖြစ် အဲဒက်စ် မြင်လိုက်တုန်းက အလွန် အံ့အားသင့်သွားသည်။အဲဒက်စ်သည် ချက်ချင်းပင် ဆေးပညာ၌ အထူးပြုထားခြင်းကို ချက်ချင်းပင် ဝမ်းနည်းသွားသည်။အကယ်၍ သူသာ ယန္တရားသခင်တစ်ယောက် ဖြစ်ခဲ့လျှင် ဤကဲ့သို့ စပ်ကြောင်းမရှိသော ပေါင်းစပ် နည်းစနစ်သည် ပိုကောင်းသည့် ဉာဏ်ကွန့်မြူးမှုကို ဖြစ်စေလိမ့်မည်။
အဲလစ်သည် ဤကဲ့သို့ လက်ရာမြောက် ကစားစရာများအား အထူးနှစ်သက်သည်။သူ အသည်းအသန် ကစားပြီးနောက် မေးလိုက်သည်။
“ ဒါကို ပြန်ဖြုတ်လို့ရလား။ ”
“ ရတာပေါ့။ပြန်ဖြုတ်ရတာ ပျော်စရာကောင်းပါတယ်။မင်းသမီးလေးရဲ့ ဉာဏ်နဲ့ဆိုရင် လွယ်လွယ်လေး ပါပဲ။ ”
အမှန်တကယ်မှာ ချန်လွေ့ တစ်ခု မပြောခဲ့ပေ။ဤ ဝီဝီ ပဟေဠိသည် ရှုပ်ထွေးသည်ဟု သတ်မှတ်နိုင်သည်။သဲလွန်စ တစ်ခုခုမရှိဘဲ ပြန်ဖြတ်ရသည်မှာ ခက်ခဲလှသည်။
ဒီ စိတ်နှလုံးမကောင်းတဲ့ လိုလီလေးကို ဒါနဲ့ ဖြည်းဖြည်းချင်း ခဏခဏ ကစားအောင် လုပ်ရမယ်။ဒါမှ ငါ့ရဲ့ စတင်ခြင်း တိုးတက်နှုန်းကို အာရုံစိုက်နိုင်မှာ။
အဲလစ် သေချာ စူးစမ်းကြည့်လိုက်သည်။သူသည် ၎င်းအား ပျက်စီးအောင် လုပ်မိမည်ကို ကြောက်နေသည်။သို့သော်လည်း ဝီဝီ ပဟေဠိ၏ ပေါင်းစပ်မှုသည် အလွန် တင်းကြပ်လှသည်။အချိန်အတော်ကြာပြီးနောက်တွင် ပြန်ဖြုတ်ရန် အဓိကသော့ချက်အား သူ မရှာတွေ့နိုင်ခဲ့ပေ။ဘေးဖက်မှာ အသီနာသည်လည်း စမ်းကြည့်ချင်လာပြီး ပြောလိုက်သည်။
“ မင်းသမီးလေး။ငါ လုပ်ကြည့်မယ်။ ”
အဲလစ် မကြားချင် ယောင်ဆောင်လိုက်ပြီး ဆက်ကာ စမ်းကြည့်နေသေးသည်။ခဏခဏ အော်ပြောသော်လည်း ဘာမှ မတုံ့ပြန်သဖြင့် အသီနာ ဗျူဟာ ပြောင်းလိုက်သည်။
“ ရေကန်ပြာနားမှာ ကျောက်စိမ်းနဂါး သစ်သီး မှည့်နေပြီထင်တယ်။နင်ငါ့ကို အဲ့ဒီ ခေါ်သွားစေချင်ရင်.... ”
ထိုစကား မဆုံးခင်မှာပင် ဝီဝီ ပဟေဠိအား ကိုင်ထားသည့် နူးညံ့ဖြူဖွေးသည့် လက်တစ်စုံသည် အသီနာရှေ့၌ ရောက်နေလေပြီ။
စက္ကန့်ပိုင်းအတွင်းမှာပင် နူးညံ့ဖြူဖွေးသည့်လက်ထဲ၌ ကွက်လပ်ဖြစ်သွားပြီး ဝီဝီ ပဟေဠိမှာ အသီနာ လက်ထဲရောက်သွားသည်။အသီနာက ကစားစရာအား လှည့်လိုက်ပြီး နောက်ဆုတ်ကာ ပြောလိုက်သည်။
“ ငါနင့်ကို အဲ့ဒီ ခေါ်သွားချင်ပေမဲ့လည်း မင်းသမီး ရှီရာက နင့်ကိုငါ မိုးသစ်သောမည်းဆီ ခေါ်သွားတာ သိသွားတယ်။အဲ့ဒါကြောင့် သူက နင့်ကို မြို့ပြင် ခေါ်မသွားဖို့ အမိန့်ပေးထားတယ်။အဲ့ါကြောင့် ဟီးဟီး.... ”
နူးညံ့သည့် လက်ကလေး တစ်စုံသည် ရုတ်တရက် ကျစ်ကျစ်ဆုပ်လိုက်ပြီး ခဏအကြာ ပြန်ဖြည်လိုက်သည်။အဲလစ်သည် အပြစ်ကင်းစွာ ပြုံးလိုက်ပြီး ချစ်စရာပါးချိုင့် နှစ်ခု ပေါ်လာသည်။ချန်လွေ့အား ပထမဆုံး တွေ့ခဲ့စဉ်က သူ၏ နတ်မိမယ် အပြုံးကဲ့သို့ပင် ဖြစ်သည်။
တစ်စုံတစ်ယောက် ကံမကောင်းတော့မည်ကို ချန်လွေ့သိနေသည်။ကံကောင်းစွာပင် ယခုတစ်ခေါက် ပစ်မှတ်မှာ အသီနာ ဖြစ်သည်။
“ အသီနာဝေးလ်စ်၊အင်ပါယာရဲ့ ဗိုလ်ချုပ်ကြီး ဂျော့ဝေးလ်စ်ရဲ့ သမီးတော်၊အမှောင်လမြို့ရဲ့ အစွမ်းထက်ဆုံးဓားသမား။နင် ဒီ ဝီဝီ ပဟေဠိကို ဖြေရှင်းနိုင်လား။ ”
လိုလီလေး မပြုံးတော့ဘဲ ရုပ်တည်တည်ဖြင့် ပြောလိုက်သည်။သူ့တွင် မင်းသမီးတစ်ယောက်၏ အရှိန်အဝါကဲ့ရှိသည်ဟု ထင်ရသည်။
အဖေနာမည် ကြားလိုက်ရာ အသီနာသည် နိုးကြွသွားပြီး ပြန်ဖြေလိုက်သည် ။
“ ဒါပေါ့။ ”
“ ဒါဆိုလည်း ဝေးလ်စ် မိသားစုရဲ့ ဂုဏ်သိက္ခာကို လောင်းကြေးထပ်ပြီး ဒါကို တစ်နာရီအတွင်း ပြန်ဖြုတ်ရမယ်။မလုပ်နိုင်ရင်တော့ နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း အဲလစ် လူစီဖာကို ရေကန်ပြာဆီ ခေါ်သွားရမယ်။ခရီးလမ်းက ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အဲလစ်ကို စောင့်ရှောက်ပေးရမယ်။နင် လုပ်နိုင်လား။ ”
အဲလစ်၏ တစ်ဆက်တည်းပြောလိုက်သော စကားက သူ၏ ရည်ရွယ်ချက်အမှန်ကို ပေါ်လွင်စေခဲ့သည်။
အသီနာ ကြက်သေသေသွားပြီး ချက်ချင်းခေါင်းခါလိုက်သည်။
“ အဲ့လိုမရဘူး။မင်းသမီး ရှီရာ က..... ”
“ ဝေးလ်စ် မိသားစုက လူတွေက စကားမတည်ကြဘူးလား။ထားလိုက်ပါ။ဒါက ဝီဝီ ပဟေဠိ သေးသေးလေးပဲ မဟုတ်လား။ ”
အဲလစ်က စိတ်ပျက်သည့်ဟန် ပြလိုက်ပြီး ခေါင်းခါလိုက်သည်။
သူ၏ မိသားစု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်သည့်အတွက် အသီနာ၏ သူရိန်စိတ်ဝိညာဉ် ထိုးတက်လာသည်။လူသားက အလွယ်တကူပင် တပ်ဆင်ခဲ့ပြီး ခက်ခဲပုံ မပေါ်သည့်အတွက် အသီနာ ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“ ကောင်းပြီလေ။အသီနာဝေးလ်စ် ဒီစိန်ခေါ်မှုကို လက်ခံတယ်။ဒီသစ်သား ကစားစရာ သေးသေးလေးကို ပြန်ဖြုတ်ဖို့က တစ်နာရီတောင် မကြာပါဘူး။ ”
အဲလစ် ပြုံးစိစိလုပ်လုပ်သည်။သူ၏ ဉာဏ်များသော မျက်လုံးများသည် မြေခွေးကလေးသဖွယ်ပင် ဖြစ်သည်။ခီရာပင်လျှင် သက်ပြင်းချမိသွားသည်။ ယခုအခြင်းအရာသည် ယခင်တစ်ခါက မိုးသစ်တောမည်းဆီသို့သွားသည့် ပုံစံနှင့် ဆင်တူပေသည်။သနားစရာ အသီနာမှာတော့ အမှားများထပ်လုပ်နေပေသည်။
သဲနာရီရှိ အချိန်များ တစ်စတစ်စ ကုန်ဆုံးသွားပြီ။ချန်လွေ့လည်း စားပွဲရှေ့တွင်ထိုင်ပြီး အဲဒက်စ်၏ “ ဆေးပင်အခြေခံများ ” စာအုပ်ကို ဖတ်နေလိုက်သည်။အဲလစ်က ဟွာရုံတောက်၏ နတ်ဆိုးဗာရှင်းကို ကစားနေသည်။အဲဒက်စ်၏ အသစ်စက်စက် စစ်တုရင်သည်လည်း အဲလစ်၏ လက်ခုပ်တွင်းမှမလွတ်နိုင်ခဲ့ပေ။ခီရာက ဘေးနားမှကြည့်၍ ခဏပြီးခဏ အကြံပေးနေပြီး သနားစရာ ဆရာသခင် အဲဒက်စ်မှာတော့ ထောင့်နားတွင်ထိုင်ကာ စက်ဝိုင်းဝိုင်းနေရရှာလေသည်။
ဝီဝီ ပဟဠိမှာ နဂိုအတိုင်းပင် ဖြစ်နေသည်။ဤ “သစ်သားကစားစရာလေး” သူ၏ ကျောပေါ်ရှိ မဟာဓားကြီးထက် လေးလံကကဲ့သို့ပင် အသီနာသည် ချွေးများစိုရွှဲနေသည်။
အသီနာ ပေါက်ကွဲတော့မယ့် လက္ခဏာများအား သတိထားမိသွားပြီး အဲလစ်က ရုတ်တရက် အော်ပြောလိုက်သည်။
“ အချိန်ပြည့်တော့မယ်။ ”
ထိုစကားက ဓားသမ ၏ ဒေါသအား ပိုတိုးစေခဲ့သည်။အသီနာ၏ မျက်လုံးများလည်း ချက်ချင်းပင် မီးတောက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အသားအရေသည်လည်း အနီရောင်ပြောင်းသွားပြီး သူခေါင်း၌ ချိုနှစ်ချောင်း တဖြည်းဖြည်း ထွက်လာသည်။သူ၏ခန္ဓာကိုယ်မှ အစွမ်းထက် အရှိန်အဝါများ ထုတ်လွှတ်နေပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ ဒီလို အစုတ်အပဲ့အတွက်နဲ့ ဝေးလ်စ် မိသားစုက ဘာလို့ သိက္ခာကျခံရမှာလဲ။ ”
“ ဂွက် ”
ကျစ်လစ်နေသည့် ဝီဝီ ပဟေဠိသည် စတင်အက်ကွဲလာပြီး သတ္တုကဲ့သို့ မာကြောသည့် ရောင်ခြည်နက် သစ်သားသည်လည်း ပြင်းထန်သည့် ဆွဲအားကြောင့် ကြေမွသွားလေသည်။
အားလုံးကြက်သေသေသွားပြီး သစ်သားအကျိုးများဖြစ်သွားသော ဝီဝီ ပဟေဠိအား ကြည့်လိုက်သည်။အဲဒက်စ် အလွန်ဒေါသထွက်သွားပြီး စကားပင် မပြောနိုင်တော့ပေ။သူ၏ စိတ်ထဲတွင် အသီနာ၏ စမ်းသပ်ခန်း၏ နာမည်ပျက်စာရင်းထဲ ထည့်လိုက်လေပြီ။
ဒါက မဟာဆရာသခင်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ပညာကို စော်ကားတာပဲ။
ချန်လွေ့သည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
“ အင်္ဂါဂြိုလ်က တကယ်ပဲ အန္တရာယ်များတယ်။ကမ္ဘာဆီ အမြန်ပြန်မှ။ ”
ဝီဝီ ပဟေဠိအား ကြွေမွအောင် လုပ်ပြီးနောက် အသီနာ သတိပြန်ဝင်လာပြီး မူလပုံစံ ပြန်ဖြစ်သွားသည်။အဲလစ်၏ မျက်လုံးများတွင် မျက်ရည်များဝဲနေပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။
“ အသီနာ။အဲ့ဒါက ငါ့အကြိုက်ဆုံး လက်ဆောင်.... ”
“ အဲလစ်။တောင်းပန်ပါတယ်။ငါ... ”
အသီနာ စိုးရိမ်စွာဖြင့် ရှင်းပြလိုက်သည်။သို့သော်လည်း သူ မည်သို့ပင် ကြိုးစားစေကာမူ ကြွေမွနေသည့် ဝီဝီ ပဟေဠိသည် နဂိုအတိုင်း မဖြစ်နိုင်တော့ပေ။
အဲလစ်အကျယ်ကြီး မငိုခဲ့သော်လည်း ပူဆွေးစွာဖြင့် ခေါင်းငုံ့ထားသည်။သူ၏ ခန္ဓာကိုယ် သေးသေးလေး တုန်ခါနေပြီး သည်းခံနေသကဲ့သို့ ထင်ရသည်။အသီနာလည်း သူ သတိလက်လွတ် ဖြစ်သွားကြောင်းသိသွားပြီး လိပ်ပြာမလုံတော့ပေ။
“ ဝမ်းနည်းမနေပါနဲ့တော့။မင်းသမီးလေး။ရေကန်ပြာဆီ သွားကြမယ်လေ။ ”
အဲလစ်က မျက်လုံးနီနီဖြင့် မော့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ မသွားဘူး။အရင်တစ်ခေါက်က မိုးသစ်တောမည်းဆီ သွားလို့ ငါ့အစ်မက နင့်ကို အပြစ်တင်ပြီးပြီ။နင့်ကို အဲ့လိုမျိုး ထပ်မဖြစ်စေချင်ဘူး။ ”
မင်းက သေချာပေါက်သူ့ကို အပြစ်ဖို့ခဲ့တာပဲ။ဒါတောင် မင်းက ခက်ခဲသလို ဟန်ဆောင်နေသေးတယ်။
ချန်လွေ့၏ မျက်လုံးထဲတွင် လိုလီလေး၏ စိတ်နှလုံးမကောင်းမှုအား ပြန်လည် တန်ဖိုးဖြတ်လိုက်သည်။
“ စိတ်ချပါ။မင်းသမီးလေးက အသီနာရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။အပြစ်ဒဏ်တွေက ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ ”
အသီနာ ရင်ဘတ်ပုတ်လိုက်ပြီး သူ၏ ရင်သားများ လှုပ်ခါနေသည်ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“ ရေကန်ပြာကို မပြောနဲ့။ရှီလန်တောင်က လိုဏ်ဂူတွေဆီသွားရင်တောင် ငါနင့်ကို ကာကွယ်ပေးမယ်။ ”
“ ဒါကနင်ပြောတာနော်။ရေကန်ပြာအပြင်ကို ရှီလန်တောင်ကို နင်နောက်တစ်ခေါက်သွားရင်လည်း ငါ့ကိုခေါ်သွားရမယ်။ ”
နောက်ဆုံးတော့ အဲလစ်လည်း ရယ်မောသွားလေသည်။တစ်ခုခုလွဲနေကြောင်း အသီနာ ခံစားရသော်လည်း သူ အဖြေမရှာနိုင်ပေ။သူ ဒူးထောက်လိုက်ပြီး ကြွေမွသွားသည့် ရောင်ခြည်နက် သစ်သားများကို သေသေချာချာ ကောက်ယူလိုက်သည်။
အဲလစ်က ရေကန်ပြာဆီ သွားချင်စိတ်စောနေပြီး အမြန်ပြောလိုက်သည်။
“ အသီနာ။နင်ဘာလုပ်နေတာလဲ။ရေကန်ပြာဆီ သွားကြရအောင်လေ။ ”
“ ခဏနေဦး။ဒါတွေကို နဂိုအတိုင်းဖြစ်အောင် လုပ်နိုင်မယ့်သူရှိလား ကြည့်လိုက်ဦးမယ်။ ”
“ လွယ်ပါတယ်။ဝီဝီ ပဟေဠိက ချန်လွေ့ လုပ်ထားတာလေ။သူ့ကို ထပ်လုပ်ခိုင်းလိုက်မယ်။ ”
အဲလစ်က ပုံမှန်အတိုင်း ပြောလိုက်သည်။
အသီနာ၏ လက်ချောင်းများ ရုတ်တရက် တောင့်တင်းသွားပြီး ကျိုးပဲ့နေသည့် အပိုင်းအစများ ပျံ့ကြဲသွားသည်။နောက်ဆုံးတော့ အသီနာ တုံ့ပြန်ကြောင်း အဲလစ်တွေ့သွားသည့်အခါ အလျင်အမြန်ပင် စကားနောက်တစ်ခွန်း ပြန်ပြောလိုက်သည်။
“ ချစ်ရတဲ့ ညီအစ်မ အသီနာ။ ဝေးလ်စ် မိသားစုတွေက စကားတည်ကြတယ် မဟုတ်လား။ ”
အသီနာက မတက်မကြွနှင့် ထရပ်လိုက်သည်။ချန်လွေ့သည် ဓားသမအား ရင်သားကြီး၍ ဦးနှောက်မရှိသူ ဟု မှတ်ချက်ပေးလိုက်သည်။ထို့နောက် အဲလစ်၏ ခေါ်သံကို ကြားလိုက်သည်။
“ ချန်လွေ့။ရှင့်ကို လိုက်ဖို့ ခွင့်ပြုတယ်။ ”
ချန်လွေ့ ခပ်မြန်မြန်ခေါင်းခါလိုက်သည်။
မိန်းမလှလေးတွေနဲ့အပြင်ထွက် ကစားရတာက ကြည်နူးစရာ အတွေ့အကြုံပဲ။ ငါသဘောကျပါတယ်။ဒါပေမဲ့ ဒီသုံးယောက်မှာ တစ်ယောက်က စိတ်နှလုံးမကောင်းဘူး။ တစ်ယောက်က အမြုတေစုပ်ယူတယ်။နောက်တစ်ယောက်က ကြမ်းတမ်းတယ်။ငါ အရိုးတခြား အသားတခြားနဲ့ ပြန်လာရမှာကို ကြောက်တယ်။
“ ရှင်က မင်းသမီးရဲ့ ကြင်နာမှုကို ငြင်းပယ်တော့မှာလား။ ”
အဲလစ်က မကျေမနပ်နှင့် ငေါ့လိုက်သည်။
“ ချန်လွေ့။မင်း နတ်ဆိုးဘုံကို မထွက်ကြည့်ဖူးသေးဘူး။မင်းသမီးလေးမှာ ဒီလို ကြင်နာမှုမျိုး ရှိမှတော့ မင်းလိုက်သွားသင့်တယ်။ပြန်လာရင် “ ဆေးပင်အခြေခံများ ” စာအုပ်ကို ဆက်ဖတ်ဖို့ မမေ့နဲ့။ မနက်ဖြန်ကျရင် ငါမင်းကို ဆေးပင် ခွဲခြားနည်းရဲ့ အခြေခံအကျဆုံး နည်းလမ်းတွေ သင်ပေးမယ်။ ”
အဲဒက်စ် စကားကြောင့် အဲလစ်နှင့် မိန်းကလေးနှစ်ယောက် အံ့အားသင့်သွားသည်။
ဒါဆို ချန်လွေ့က သူ့တပည့်ဖြစ်သွားပြီပေါ့။စမ်းသပ်ပစ္စည်း မဟုတ်တော့ဘူးပေါ့။
အဲဒက်စ်သည် နတ်ဆိုးဘုံ တစ်လျှောက် ကျော်ကြားလှသည့် ဆေးရည်သခင်တစ်ယောက် ဖြစ်သည်။အမှောင်လမြို့၏ အုပ်ချုပ်သူ မင်းသမီး ရှီရာ ပင်လျှင် အဲဒက်စ်အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသည်။အခုတော့ အဲဒက်စ်သည် လူသားတစ်ယောက်အား တပည့်အဖြစ် လက်ခံလိုက်လေပြီ။ပိုပြီးထူးသည်မှာ တစ်ဦးတည်းသော တရားဝင် တပည့်ဖြစ်ခြင်းပင်။
ဆေးရည်ဆရာသခင်၏ တပည့်သည် အဲလစ်နှင့် အသီနာတို့အတွက် ကိစ္စကြီး မဟုတ်သော်လည်း ချန်လွေ့အတွက် အသက်ကယ်ဂါထာပင် ဖြစ်သည်။ဤသို့ဆိုလျှင် ချန်လွေ့သည် နတ်ဆိုးဘုံ၌ သာမန်ဘဝဖြင့် နေနိုင်လေပြီ။သို့မဟုတ်ပါက ယခင် လူသားပုံစံဖြင့် စမ်းသပ်ခန်းအပြင်ထွက်လျှင် ချက်ချင်းအသတ်ခံရပေမည်။
ကောင်းတယ်။ဒီအစ်ကိုကြီးက တကယ် သစ္စာရှိတာပဲ။ငါ့ရဲ့ အားထုတ်မှုတွေ အရာထင်တယ်။
ချန်လွေ့သည် အဲဒက်စ်အား ကျေးဇူးတင်စွာကြည့်လိုက်ပြီး အတင်းသဘောတူလိုက်သည်။
ယခုတစ်ယောက်တော့ အဲလစ်သည် ယခင်ကကဲ့သို့ စက်ဝိုင်းပုံစံ မသွားတော့ဘဲ တည့်တည့်သွားတော့သည်။
“ အိမ်ယာ”သည် အမှောင်လမြို့ နန်းတော်၏ အပြင်ဘက်ခြံဝင်းဖြစ်ပြီး အတွင်းဘက် ခြံဝင်းမှာ မင်းသမီးနှစ်ပါး၏ နေအိမ်ဖြစ်ကြောင်းကို ချန်လွေ့ ယခုမှ သိရှိသွားသည်။ အလွန်အမင်း အစောင့်တင်းကြပ်လှသည်။ယခင်တစ်ခေါက်က အဲလစ်နှင့်တွေ့၍ ချန်လွေ့ ကံကောင်းသွားသည်။သို့မဟုတ်ပါက အစောင့်နှင့်တွေ့လျှင် ချန်လွေ့ သေသွားနိုင်ပေသည်။
လူသားစားနတ်ဆိုးများ လှည့်ပတ်သွားသွားလာနေသည့် နတ်ဆိုးဘုံ ဒဏ္ဍာရီကြောင့် နတ်ဆိုးဘုံသည် အမှန်တကယ်မည်ကဲ့သို့ ရှိသည်ကို ချန်လွေ့ သိချင်နေမိသည်။