အဲလစ်၏ သွေးပါရမီ “စိတ်ဖတ်ခြင်း”
Vol. 1 Ch. 7
တိုးတက်မှုမရှိဘူး။
အမှောင်လမြို့အား ချန်လွေ့၏ ပထမဆုံးအမြင်မှာ ဤကဲ့သို့ ဖြစ်သည်။
နတ်ဆိုးဘုံရှိ အခြားမြို့များ ဤကဲ့သို့ပင် ဟုတ်မဟုတ် မသိပေ။နန်းတော်အပါအဝင် အမှောင်လမြို့ရှိ အဆောက်အအုံအများစုမှာ အိုဟောင်းနေသည်။ရောင်းဝယ်ရန်လည်း ဆိုင်တန်းအနည်းငယ်သာ ရှိသည်။လမ်းတစ်လျှောက် ချန်လွေ့တွေ့ခဲ့သော နတ်ဆိုးအများစုမှာလည်း ရုပ်ဆိုးပြီး အဝတ်အစား အဟောင်းများ ဝတ်ဆင်ထားကြသည်။မြို့တစ်မြို့လုံးသည် ပျက်စီးပြီး ဆင်းရဲသည့် အငွေ့အသက်များပြည့်နေလေသည်။
နတ်ဆိုးများ၏ မျက်နှာများကို ကြည့်နေရင်း ချန်လွေ့ ကြောက်ရွံ့နေသည်။သူ လူသားဖြစ်ကြောင်း သိသွားလျှင် သေသွားပေမည်။သို့မဟုတ် ပိုဆိုးသည်က အစားခံရပေမည်။
“ ဟေး။လူသား။ရှင့်ခါးကို တည့်တည့်ထား။ခြေထောက်ကို အတင်းကြီး ညှပ်မထားနဲ့။ပုခုံးကို လျှော့ထား။ ”
အသီနာ၏ စကားကြောင့် ချန်လွေ့၏ အတွေ့များ ပျက်ပြယ်သွားသည်။
“ ရှင်က ယောက်ျားလေး ပဲကို။ ဝေးလ်စ်မိသားစုက ကလေးတိုင်းတောင် ရှင့်ထက် ပိုသန်မာကြတယ်။ ”
အမှန်တကယ်တွင် လူပျိုဖြစ်နေသေးကြောင်း ချန်လွေ့ပြောချင်ခဲ့သည်။သို့သော်လည်း ယခုအနေအထားမှာ အတော်လေး ထူးဆန်းနေသည်။ချန်လွေ့သည် ဂျို၃ချောင်းကြံ့ ကျောပေါ်တွင် လဲနေပြီး သားရဲကြောင့် မတော်တဆ ပြုတ်ကျမည်ကို ကြောက်ပြီး လက်နှစ်ဖက်က ကြီးများကျယ်ပြန့်သည့် ကြေးခွံများကို ဆုပ်ကိုင်ထားလေသည်။
“ တောင်းပန်ပါတယ်။ဒီကောင်ကြီးပေါ်မှာ အခုမှ ထိုင်ဖူးတာပါ။ ”
ဤလောက၌ ခြေနင်းကွင်းများ၊ကုန်းနှီးများ အဘယ့်ကြောင့် မရှိရကြောင်း ချန်လွေ့ စဉ်စားနေခဲ့သည်။ထိုတီထွင်မှုများအား ခိုးယူရန် ချန်လွေ့ ကြံလိုက်စဉ် အဲလစ်နှင့် အခြားသူများ၏ ချို၃ချောင်းကြံများ၌ အကူကိရိယာအပြည့်အစုံ တပ်ဆင်ထားသည်ကို သိရှိသွားသည်။
လက်စသတ်တော့ အပြုအစု မတူတာပဲကိုး။
“ ပထမဆုံးအကြိမ်ဆိုရင်တောင် ကြပ်ကြပ်ညှပ်ထားစရာမလိုဘူး။စိတ်လျှော့ထား။ ”
အသီနာ အပြစ်တင်လိုက်သည်။
လိုလီလေး အမှန်တကယ် နားလည်မလည် မသေချာပေ။သူလည်း ကြင်နာစွာဖြင့် နားချလိုက်သည်။
“ အသီနာ။စိတ်ပူမနေပါနဲ့။ပထမဆုံးအကြိမ်ဆိုတော့ သူတင်းတင်း ညှပ်ထားမှာပေါ့။ ”
ထိုစကားကြောင့် ချန်လွေ့သည် ချို၃ချောင်းကြံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။လမ်းတစ်လျှောက်ရှိ နတ်ဆိုးများသည် ချန်လွေ့၏ ထူးခြားမှုများကို သတိပြုမိတာ လက်ညှိုးထိုးပြီး တီးတိုးပြောကြလေသည်။ကံကောင်းစွာပင် ချန်လွေ့သည် ဝတ်ရုံဝတ်ထားသည်။ထို့ကြောင့် ယာယီခဏ သူ လူသားဖြစ်ကြောင်း မသိသေးပေ။ အနံ့အား အာရုံခံလွယ်သည့် နတ်ဆိုးများသာ သံသယရှိပေမည်။သို့သော်လည်း မင်းသမီးလေးနှင့် အသီနာကို မည်သူမှ မချဉ်းကပ်ရဲပေ။
မြို့တံခါးသို့ ရောက်သည့်အခါ ဂျို၃ချောင်း ကြံ့လေးကောင်းစလုံး ရပ်တန့်သွားသည်။
“ မင်းသမီး အဲလစ်။ဘယ်သွားမလို့လဲ။ ”ချို၃ချောင်းကြံ့များကို ရပ်လိုက်သူမှာ အရပ်မြင့်ပြီး ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် ခေါ်ပေါ်၌ ချိုနှစ်ချောင်းရှိပြီး ရက်စက်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည့် သံချပ်ကာဝတ် နတ်ဆိုး တစ်ယောက်ဖြစ်သည်။မဟာနတ်ဆိုးတစ်ယောက် ဖြစ်ဟန်တူသည်။
“ အိုး။ငြိမ်ဝပ်ပိပြားရေး အရာရှိ ဗိုလ်ချုပ် အဲလန် ပဲ။ဒီနေ့ ကိုယ်တိုင် စစ်ဆေးနေပါလား။ကျွန်မတို့ ရေကန်ပြာဆီ သွားကြမလို့။ ”
အဲလစ် ညင်သာစွာ ပြုံးပြလိုက်သည်။
ဗိုလ်ချုပ် အဲလန် မျက်မှောင်ကြုတ်လိုက်သည်။
“ မကြာသေးခင်က ရေကန်ပြာမှာ မတော်တဆမှုတွေ ဖြစ်ခဲ့တယ်။အဲ့ဒါက အိပ်ပျော်နေတဲ့ အဆိပ်နဂါးဖြစ်မှာကို ကျွန်တော် စိုးရိမ်နေတာ။ကင်းထောက်တွေ လွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်။အဲ့ဒီမှာ သွားမကစားခင် အန္တရာယ်ရှိမရှိတာ ကျွန်တော်တို့ အတည်ပြုပြီးတဲ့အထိ စောင့်သင့်တယ်။ ”
“ အဆိပ်နဂါး အိပ်ပျော်နေတာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ။သန်းခေါင်နေ အရှင်ရဲ့ အစွမ်းထက်ဆုံး အလင်းအမှောင် သော့ခလောက်လည်း ရှိနေတာပဲ။ပြဿနာ မရှိလောက်ပါဘူး။ပြီးတော့လည်း အဲ့ဒီကို သွားကစားမှာ မဟုတ်ပါဘူး။ဒါက ဆရာ အဲဒက်စ်ရဲ့ တပည့်အသစ်ပါ။သူ့ကိုခေါ်ပြီး ရေကန်ပြာမှာ ဆေးပင်တွေသွားခူးဖို့ ဆရာက ပြောလိုက်တယ်။ ”
အဲလစ်က ချန်လွေ့ကို လက်ညှိုးထိုးလိုက်သည်။
အဂ္ဂိရတ်ပညာ၏ အခွဲနှစ်ခု၌ ယန္တရားပညာရှင်များကို လူများ “ လေးစား ” ကြပြီး ဆေးရည်ပညာရှင်များကို လူများက “ ချစ်ကြောက်ရိုသေ ” ကြသည်။လူများသည် ဆေးရည်၏ မကောင်းသော အစွမ်းများကို ပို၍ ကြောက်လန့်ကြသော်လည်း ဆေးရည်၏ ကုသစွမ်းနှင့် တိုးတက်အစွမ်းတို့ကို လျစ်လျူရှုထားကြသည်။
ဆေးရည်ပညာရှင်တို့သည် များသောအားဖြင့်လျို့ဝှက်ဆန်းကြယ်၊ကြောက်စရာ ကောင်းပြီး အငြိုးထားကြသည်။ မဆန့်ကျင်သင့်ပေ။အဲဒက်စ်သည် ထိုကဲ့သို့ သူမျိုး၏ ကိုယ်စားပြုဖြစ်သည်။ကြောက်မက်ဖွယ်ရာ အော်သံများအား စမ်းသပ်ခန်းမှ မကြာခဏ ကြားရတတ်သည်။နန်းတော်မှ အစောင့်ပင်လျှင် အနားမကပ်ရဲပေ။ဤကဲ့သို့ အန္တရာယ်ရှိသူအား နန်းတော်အပြင်ဘက် ခြံဝင်း၌ တော်ဝင်မင်းသမီးက အဘယ်ကြောင့် ထားထားရကြောင်း သူတို့ နားမလည်ကြပေ။
ထိုကဲ့သို့ ထူးဆန်းပြီး ကြောက်စရာကောင်းသည့် ဆေးရည်ပညာရှင်တစ်ယောက်၏ တပည့်မှာ မည်ကဲ့သို့ နတ်ဆိုးမျိုးဖြစ်ကြောင်း အဲလန် သိချင်သွားသည်။နှစ်ချက် စိုက်ကြည့်လိုက်ရုံဖြင့် သူ၏မျက်လုံးများ အရောင်လက်သွားသည်။အဲလစ်က ချန်လွေ့၏ ဝတ်ရုံအား ချွတ်ခိုင်းလိုက်သည်။
“ ဒါကအရင်တစ်ခါတုန်းက ငါတို့ဖမ်းမိခဲ့တဲ့ လူသားပဲ။ ”
အဲလန်နောက်မှ စစ်သားတစ်ယောက် အော်ပြောလိုကသည်။ရုတ်တရက်ပင် ရန်လိုသည့်မျက်လုံးများက ချန်လွေ့အား စိုက်ကြည့်နေတော့သည်။ချန်လွေ့လည်း ပုံမှန်အတိုင်းပင် အားတင်း၍ နေလိုက်သည်။သို့သော်လည်း သူ၏ နဖူးမှ ချွေးစက်များ ကျလာလေသည်။
ချန်လွေ့ မည်သူဆိုသည်ကို စစ်သားများထက်အရင် အဲလန် ရှာတွေ့ခဲ့သည်။တော်ဝင်မင်းသမီးဆီ သတင်းသွားပို့စဉ်က ဆရာသခင် အဲဒက်စ်ရှိနေသည်ကို သူ သတိရလိုကသည်။အဲဒက်စ်သည် လူသားအား စမ်းသပ်ပစ္စည်းအဖြစ် တောင်းခံလိုက်ပြီး ခေါ်သွားခဲ့သည်။ယခုတွင်တော့ ထိုအကျဉ်းသားသည် အဲဒက်စ်၏ တပည့် ဖြစ်နေလေပြီ။
အဲလစ်သည် အဲလန်အား ပုံမှန်အတိုင်း မိတ်ဆက်ပေးလိုက်သည်။
“ ဒီလူသားရဲ့နာမည်က ချန်လွေ့။သူက ဆေးပညာမှာ ပါရမီထူးတဲ့အတွက် ဆရာအဲဒက်စ်က သူ့ကို တရားဝင်တပည့်အဖြစ် လက်ခံလိုက်တာ။သူက အခု ကျွန်မတို့ လသစ်မြို့တော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီ။ ”
အသီနာက စိတ်မရှည်စွာ ထပ်ပြောလိုက်သည်။“ ဒါက ဆရာအဲဒက်စ်ဆီကနေ အဲလစ်နဲ့ငါ ကြားခဲ့တာပဲ။မယုံရင် ဆရာအဲဒက်စ်ကို နင်ကိုယ်တိုင် သွားမေးလို့ရတယ်။ ”
“ အသီနာ။တောင်းပန်ပါတယ်။ငါဒီလို မရည်ရွယ်ပါဘူး။ငါ.... ”
အသီနာ့အပေါ် ဗိုလ်ချုပ် အဲလန်၏ အပြုအမူသည် အနည်းငယ် ထူးဆန်းနေသည်။အဲလန် စကားပြော မပြီးသေးခင်မှာပင် အသီနာက အေးစက်စက်နှင့် စကားဖြတ်ပြောလိုက်သည်။
“ အဲလန်။နင် စစ်မေးတာ ပြီးသွားပြီ။ငါတို့ ဆေးပင်ခူးမယ့်အချိန်ကို နှောင့်နှေးအောင် မလုပ်နဲ့။ ”
အသီနာ၏ ရှင်းရှင်းဘွင်းဘွင်း အပြုအမူက အဲလန်အား ကူကယ်ရာမဲ့စေခဲ့သည်။ ထို့နောက် အဲလန်သည် အဲလစ်အားပြောလိုက်သည်။
“ မင်းသမီးလေး။မင်းသမီးလေးကို ကာကွယ်ဖို့ စစ်သားတစ်တပ် လွှတ်ပေးလိုက်ပါ့မယ်။ ”
အဲလစ်ပြုံးပြီး ပြောလိုက်သည်။
“ အသီနာက ကျွန်မကို မကာကွယ်နိုင်မှာ စိုးရိမ်တာလား။ ”
အသီနာ မျက်ခုံးပင့်လိုက်ပြီး မျက်လုံးများမှာ စူးရှသည့် ရောင်ခြည်များ တောက်ပလာသည်။အဲလန် ခေါင်းခါလိုက်ပြီး ချန်လွေ့အား အေးစက်စက် ကြည့်လိုက်သည်။
“ လူသား။ထွက်ပြေးဖို့မကြိုးစားနဲ့။ဘာမှ မလှည့်စားနဲ့။မဟုတ်လို့ကတော့ ငါမင်းကို အရိုးပါမကျန် ချေမွပစ်မယ်။ ”
အဲလန် စကားပြောပြီးနောက်တွင် မင်းသမီးလေးအား ဦးညွတ်လိုက်ပြီး သွားရန် အချက်ပြလိုက်သည်။
ချို၃ချောင်း ကြံးလေးကောင်လည်း မြို့တံခါးကို ဖြတ်ပြီး လေးလံသည့် ခြေလှမ်းများဖြင့် ဆက်သွားလေနေသည်။အမှောင်လမြို့အတွင်း၌ ဆရာသခင်အဲဒက်စ် က လူသားတပည့်တစ်ယောက် လက်ခံလိုက်ပြီဆိုသည့် သတင်းသည် အလျင်အမြန် ပျံ့နှံ့သွားသည်။
“ တကယ်တော့ အဲလန်က မဆိုးဘူးလို့ ငါထင်တယ်။သူ့မိသားစု အဆင့်အတန်းနဲ့ နင့်မိသားစုတို့က လိုက်ဖက်ညီပါတယ်။နင့်ခွင့်ပြုချက်မရှိဘဲနဲ့ နင့်ကိုလက်ထပ်ဖို့ နင့်အဖေဆီမှာသူ ခွင့်မတောင်းခဲ့ရင် နင်သူ့ကို ဒီလောက် မုန်းမှာ မဟုတ်ဘူး။ ”
အဲလစ်သည် အသီနာအား ကြည့်ရင်း တခစ်ခစ် ရယ်လိုက်သည်။
အသီနာက စက်ဆုပ်စွာဖြင့် ပြောလိုက်သည်။
“ အစကတည်းက ငါသူ့ကို သဘောမကျဘူး။သူက ကြောက်တတ်ပြီးတော့ အရည်အချင်းမပြည့်ဝဘူး။ခါရွန်မိသားစုရဲ့ လွှမ်းမိုးမှုကို မှီခိုပြီးတော့ ငြိမ်ဝပ်ပိပြားရေး အရာရှိ ဖြစ်လာတာ။အားနည်းတဲ့သူကိုပဲ အနိုင်ကျင့်တတ်တယ်။သူ့မှာ တကယ့် အစွမ်းအစ မရှိဘူး။ ”
ဘေးနားမှ “ အားနည်းသူ ” နားလည်သွားသည်။ ဒီလို အတင်းအဖျင်းမျိုး တကယ်ရှိတာပဲ။ဒါကြောင့် လူကြမ်းမိန်းကလေးက ဗိုလ်ချုပ် အဲလန်ကို ရန်သူလို ဆက်ဆံတာကိုး။
“ ငါတို့အရင်က မိုးသစ်တောမည်းဆီ သွားခဲ့တဲ့အကြောင်း မင်းသမီးကြီးကို ပြောခဲ့တာက အဲ့ဒီကောင်ပဲဖြစ်မယ်။ငါဒီလို လူမျိုးကို မုန်းတယ်။ငါ့ကို ပိုးပန်းဖို့ ကြိုးစားနေတုန်းလား။ငါ့ဓားကို အရင်မေးကြည့်။ ”
အသီနာ လှောင်ရယ်လိုက်သည်။
“ ဟုတ်တယ်။အသီနာကို ငါပိုင်တယ်။ဘယ်သူမှ ယူလို့မရဘူး။မြန်မြန်သွားရအောင်။ ”
လိုလီလေး ရယ်မောလိုက်သည်။
ချို၃ချောင်းကြံများ အရှိန်တင်ကြတော့သည်။ဤကဲ့သို့ ဧရာမ ကိုယ်ထည်များ ထိုကဲ့သို့ အမြန်နှုန်းရှိခြင်းမှာ ယုံကြည်ရ ခက်ခဲလေသည်။ကြံပေါ်၌ မည်သည့်အကူပစ္စည်းမှ မရှိသော ချန်လွေ့အဖို့ ဒုက္ခပင်လယ်ဝေနေလေသည်။ချန်လွေ့သည် အိပ်ချပြီး တင်းတင်းဖက်ထားရလေသည်။အကြိမ်များစွာ ပြုတ်ကျလုမတတ် ဖြစ်ခဲ့သည်။အသီနာလည်း ပြဿနာမရှင်းရစေရန် သူ၏ ကြံ့ကို ချန်လွေ့နှင့် လဲလိုက်သည်။အလျင်အမြန်သွားနေသည့် ဧရာမကြံ့ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် လူကြမ်းမိန်းကလေးအားကြည့်ရင်း ချန်လွေ့သည် မိမိ၏ အရည်အချင်းမပြည့်ဝခြင်းကို ဝန်ခံရလေသည်။
အာသာ၏ မှတ်ဉာဏ်ထဲမှ မြေပြင်ပေါ်ရှိ နေရသော လောကကြီးနှင့် ယှဉ်လျှင် နတ်ဆိုးဘုံ၏ ပတ်ဝန်းကျင်သည် ပို၍ပင် ဆိုးရွားလှသည်။ဤနေရာ၌ အလင်းရောင်အရင်းအမြစ်မှာ ကောင်းကင်ပေါ်မှ “ကြယ်နှစ်စင်း” ဖြစ်သည်။သို့သော်လည်း ၎င်းတို့၏ အလင်းရောင်နှင့် အပူမှာ ကမ္ဘာပေါ်ရှိ နေထက် နည်းပါးပေသည်။အချိန်အများစု၌ ၎င်းတို့သည် တိမ်တိုက်များ၏ ဖုံးအုပ်ခြင်းကို ခံရသည်။ညနေဘက်၌ ၎င်းတို့သည် “ လ ” ဖစ်သွားပြန်ပြီး အေးစိမ့်စိမ့် တောက်ပမှုကို ထုတ်လွှတ်ပေးသည်။နေ့နှင့်ည အပူချိန်သည် အလွန် ကွာခြားလှသည်။
လမ်းတစ်လျှာက် အချိန်အကြာကြီး တိုက်စားမှုကြောင့် ဖြစ်သော ဧရာမတွင်းကြီးများကို မြင်တွေ့နိုင်သည်။အမည်မသိ မှောင်မည်းပြီး ဆန်းကြယ်သည့် ဂူများ၊ထူးဆန်းသာ အပင်များ စုပေါင်းလိုက်သည့်အခါ နက်မှောင်သော်လည်း လှပသည့် ရှုခင်းတစ်ခု ဖြစ်သွားလေသည်။
ရေကန်ပြာသည် နေရာအကျယ်ကြီးအား ဖုံးလွှမ်းထားပြီး တောင်တန်းများ၏ ဝန်းခံမှုကို ခံထားရသသည်။ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ် နေသည်။ရေပြာပြာ နှင့် ရေကန်ဘေး၌ ရှင်သန်နေသည့် လှပသော ပန်းပင်များသည် အမှောင်လောက ထဲရှိ သုခဘုံသဖွယ် ဖြစ်နေသည်။
သို့သော်လည်း ရေကန်အပြာရေင် ဖြစ်ရခြင်းမှာ ရေကန်အောက်ခြေရှိ ဧရာမအဆိပ် နဂါးကြောင့်ဖြစ်ကြောင်း အဲလစ်ဆီမှ ချန်လွေ့သိသွားသည်။၎င်း၏ ခန္ဓာကိုယ်ရှိ အဆိပ်များက ရေကန်ကို အပြာရောင် ပြောင်းသွားစေခဲ့ခြင်းဖြစ်သည်။ရေကန်ဘေးရှိ အပင်များသည်လည်း အလွန် အဆိပ်ပြင်းလှသည်။အသားစားမျိုးနွယ်ဖြစ်သည့် ညှို့ဓာတ်ရှိသော ပန်းပင်များလည်းရှိသည်။၎င်းတို့၏ လှပပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်များသည် ၎င်းတို့ သားကောင်၏ အသားအရေမှ လာခြင်းဖြစ်သည်။
နဂါးတစ်ကောင်၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။အထူးသဖြင့် ရှားပါးလှသော အဆိပ်ရှိ နဂါးများသည် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။ အနည်းငယ်လှုပ်ရှားရုံဖြင့် မြို့တစ်မြို့လုံး ပျက်စီးသွားစေနိုင်သည်။ထို့ကြောင့် မည်သူမှ အလွယ်တကူ ရန်မစရဲပေ။ဤနဂါး အိပ်ပျော်နေသည်မှာ နှစ်ထောင်ချီ ကြာလေပြီ။ လွန်ခဲ့သော နှစ်၄၀၀ခန့်က အမှာင်လပိုင်နက်၌ ပြည်တွင်းစစ် ဖြစ်သွားခဲ့သည်။ နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံဖြစ်သည့် သန်းခေါင်လ အရှင်သည် စစ်တပ်ကို ဦးဆောင်ပြီး ရေကန်ပြာဘေးမှ ဖြတ်သွားခဲ့ရာ ထိုနဂါးအား မနှိုးရဲခဲ့ပေ။ထို့ကြောင့် ထိုနဂါးအား ဆက်လက် အိပ်ပျော်နေစေရန် “ အလင်းအမှောင် သော့ခလောက် ” ဖြင့် တမင် ချိပ်ပိတ်ထားခဲ့သည်။
“ နတ်ဆိုးဘုံမှာ ပိုလှပတဲ့အရာတွေက အန္တရာယ်ပိုများတယ်ဆိုတဲ့နိယာမတစ်ခုရှိတယ်။ ”
ချန်လွေ့သည် အဲလစ်၏ စကားကို စိတ်ထဲ၌ သဘောတူလိုက်ပြီး နောက်ထပ် ထပ်ဖြည့်လိုက်သည်။
နတ်ဆိုးမ တွေအတွက်လည်း အတူတူပဲ။
ချစ်စရာအလွန်ကောင်းတဲ့ မင်းသမီးလေး၊အမြုတေစုပ်ယူတဲ့ ကဝေမ၊သူရိန်ဓားသမ တို့တွေထဲမှာ ဘယ်သူက အန္တရာယ်မရှိလို့လဲ။
မည်သို့ပင်ဖြစ်စေ ရေကန်ထဲမှ အိပ်ပျော်နေသာနဂါးသည် အလှပြသက်သက်သာ မဟုတ်ပေ။အသီနာသည် မင်းသမီးလေးအနားသို့ နီးနီးကပ်ကပ် မနေရဲပေ။ရေကန်အား မြင်ကွင်းကောင်းကောင်း မြင်ရသည့် ပိုအန္တရာယ်ကင်းရာ တောင်ထိပ်နေရာကို အသီနာ သေချာရွေးလိုက်သည်။
“ ရေကန်ပြာဆီ မလာရတာ တော်တော်ကြာပြီနော်။အသီနာ။အရင်တစ်ခေါက်ကို မှတ်မိသေးလား။ငါတို့ဒီမှာ ရောက်နေပြီဆိုတော့ ပျော်ပွဲစား ထွက်ကြရအောင်။ ” အဲလစ်က စိတ်အားထက်သန်စွာ အကြံပြုလိုက်သည်။
အသီနာ အနည်းငယ် တုံ့ဆိုင်းသွားသည်။
“ ရေကန်ပြာမှာ အခုတလော ထူးဆန်းနေတယ်လို့ အဲလန် ပြောခဲ့တယ်မလား။ သစ်သီးတွေခူးပြီးတော့ ခပ်စောစော ပြန်ကြရအောင်။ ”
“ အဲ့ဒီ ငကြောက် အဲလန် ပြောတာကို နင်တကယ် ယုံတာလား။နင်သူ့ကို ဒီလာဖို့ ဖိတ်ခေါ်လိုက်ကြည့်။‘အဆိပ်နဂါးကို သုတ်သင်ပြီးသွားပြီ။ရေကန်ပြာက သူ့မိသားစုရဲ့ ရေချိုးခန်းထက် ပိုပြီး အန္တရာယ်ကင်းတယ် ’ လို့ သူချက်ချင်းပြောလိမ့်မယ်။ ”
အဲလစ် ခေါင်းခါလိုက်သည်။
“ အဲ့ဒီမုန်းစရာကောင်မျိုးကို ငါမဖိတ်ပါဘူး။ ”
အသီနာ ငေါ့လိုက်ပြီး အဲလစ်နှင့် သဘောတူလိုက်သည်။
“ ကောင်းပြီလေ။ဒါဆိုလည်း ခီရာက ကျောက်စိမ်းနဂါး သစ်သီးတွေ သွားခူးမယ်။ငါက သားကောင်တွေ အမဲလိုက်မယ်။ဟေး။လူသား။ရှင်နဲ့အဲလစ်က ဒီနေရာကိုပြင်ဆင်ရမယ်။”
ချန်လွေ့သည် စူပါစနစ်၏ တိုးတက်နှုန်း တိုးရန်အတွက် အဆိပ်ပန်းများကို စမ်းစားကြည့်ချင်သည်။သို့သော်လည်း ကြောက်စရာကောင်းသည့် အသားစားပန်းများနှင့် ရေကန်ထဲရှိ နဂါးအကြောင်း စဉ်းစားလိုက်ပြီးနောက်တွင် ထိုအကြံကို လက်လျှော့လိုက်သည်။
ခီရာ နှင့် အသီနာ ထွက်သွားပြီးနောက် အဲလစ်က ချန်လွေ့အား အလုပ်ခိုင်းတော့သည်။အဲလစ်၏ လက်ကောက်သည် ပစ္စည်းများသိုလှောင်နိုင်သည့် သိုလှောင် ကိရိယာ တစ်ခုဖြစ််သည်။သို့သော်လည်း အရည်အသွေး သိပ်မမြင့်သည့်အတွက် အတွင်းနေရာသည် သိပ်မကျယ်လှပေ။အထဲ၌ ပစ္စည်းအပြည့်ထည့်ထားသည့်အတွက် နေရာအပေါက်အား ဖွင့်လိုက်သည်နှင့် ပစ္စည်းများ တစ်ခုပြီးတစ်ခု ထွက်ကျလာလေသည်။
ချန်လွေ့လည်း ပစ္စည်းများကို ကူညီ ကောက်ယူပေးရင် မတော်တဆနှင့် ဘော်လီများကို ကိုင်လိုက်မိသည်။တချို့မှာ အရွယ်အစား ကြီးမားကြသည်။ချန်လွေ့ အလွန် အံ့ဩသွားသည်။သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤလောက၌ ဤကဲ့သို့ပစ္စည်းများ ရှိနှင့်နေခြင်းပင်။ဒုတိယတုံ့ပြန်မှုမှာ ဤအရွယ်အစားသည် မဖွံ့ဖြိုးသေးသည် အဲလစ်နှင့် မကိုက်ညီနေပေ။မဟုတ်မှလွဲရော။အဲလစ်က ဒဏ္ဍာရီလာ အစွဲအလမ်းကြီးတဲ့ သူမျိုးလား။
အဲလစ်၏ သတ်ဖြတ်ချင်နေသည့် အကြည့်အောက်၌ ချန်လွေ့လည်း မသိချင်ယောင်ဆောင်လိုက်ပြီး အခြားပစ္စည်းများအား ရှင်းလိုက်တော့သည်။ချန်လွေ့ ပြန်လှည့်ကြည့်လိုက်ရာ ထိုပစ္စည်းများ ပျောက်ကွယ်သွားလေပြီ။
အဲလစ်၏ သိုလှောင်ခန်းထဲမှ ပစ္စည်းများ ပြည့်စုံသွားပြီး မကြာမီမှာပင် ပျော်ပွဲစား အသုံးအဆောင်ပစ္စည်း အပြည့်အစုံအား ပြင်ဆင်ပြီးသွားလေပြီ။
ကြည့်ရတာ ဒီ လိုလီလေးက အချိန်မရွေး ကစားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ။
ထိုအချိန်တွင် အသီနာနှင့် ခီရာတို့လည်း ပြန်မလာသေးပေ။မည်သူမှ မရှိကြောင်း သတိထားမိသွားပြီး အဲလစ်သည် ချန်လွေ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ချန်လွေ့လည်း ခဏ ထိတ်လန့်သွားပြီး မေးလိုက်သည်။
“ မင်းသမီးလေး။ဘာလုပ်စရာရှိလို့လဲ။ ”
“ ဇာတ်လမ်းက ဒီလိုမဟုတ်ဘူးလေ။ရှင်ပြောသင့်တာက ‘ အနားမလာနဲ့။အနားလာရင် အော်လိုက်မှာနော်။ ’ အဲ့ဒါဆိုရင်ကျွန်မက ပြန်ပြောမယ်။ ‘ အသံကုန်တဲ့အထိ အော်ရင် ရှင့်ကို လာကယ်မှာက ဘယ်သူမှမဟုတ်ဘူး။ ’ အဲ့လိုမျိုးလေ။ ”
အဲလစ်က ထူးဆန်းသည့်အပြုံးဖြင့် ပြောလိုက်သည်။
ချန်လွေ့ ဆွံ့အသွားပြီး မျက်လုံးလှည့်ကာ မေးလိုက်သည်။“ ဒါဆို ငါအသံကုန်တဲ့အထိ အော်လိုက်ရင် “ ဘယ်သူမှမဟုတ်ဘူး ”နာမည်နဲ့လူက ငါ့ကိုလာကယ်မှာပေါ့။ ”
အဲလစ် အံ့သွားသင့်သွားသည်။
“ လက်စသတ်တော့ လူသားလောကမှာလည်း ‘ နတ်ဆိုးဘုရင်နဲ့မင်းသမီး ’ စာအုပ် ရှိတာကိုး။ ”
ချန်လွေ့ပြုံးပြလိုက်ပြီး ဘာမှ မတုံ့ပြန်လိုက်ပေ။
ဘုံဌာန၊မျိုးနွယ် ဘယ်လိုပဲဖြစ်ဖြစ် ဆင်တူတာတွေ အများကြီး ရှိတဲ့ပုံပဲ။
သို့သော်လည်း အဲလစ်ဆက်ပြောလိုက်သည့် အရာကြောင့် ချန်လွေ့ မပြုံးနိင်တော့ပေ။
“ ကျွန်မကို ပုံပြင် ကောင်းကောင်းပြောပြ။ကမ္ဘာဦးခေတ်လိုမျိုး။စိတ်ကူးယဉ်လို့ ကောင်းတာတစ်ခုခု။ ”
ချန်လွေ့ နှလုံးခုန်မြန်လာပြီး ပြန်ပြောလိုက်သည်။
“ အဲ့ဒါက ပုံပြင်မဟုတ်ဘူး။တကာ့်အဖြစ်အပျက်ပဲ။ဆရာသခင် ဝူခုန်းရဲ့ အတွေးတွေကိုငါ မဆက်ခံခဲ့ရင် ဟွာရုံတောက်နဲ့ ဝီဝီ ပဟေဠိ ကို ဘယ်လိုလုပ်နိုင်မှာလဲ။ ”
“ ကျွန်မရှင့်ကို လျို့ဝှက်ချက်တစ်ခု ပြောပြမယ်။အသီနာတောင် မသိဘူး။ရှင့်ကိုကျွန်မ ပထမဆုံးတွေ့တုန်းက ‘ စိတ်ဖတ်ခြင်း ’ဆိုတဲ့ လူစီဖာတွေရဲ့ ထူးခြားတဲ့ ပါရမီတစ်ခု ကျွန်မမှာ နိုးထခါစပဲရှိသေးတာ။ပြီးတော့.... ကျွန်မလည်း မတော်တဆ ရှင့်အပေါ်မှာ စမ်းကြည့်လိုက်မိတယ်။ ”
ချန်လွေ့ ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
လခွမ်းကို မတော်တဆ။