← Chapters

သဟဇီဝ စာချုပ်

Vol. 1 Ch. 10

သဟဇီဝ စာချုပ်

Vol. 1 Ch. 10

ပါ့ဂ်လီအို အေးစက်စက် ပြောလိုက်သည်။

“ ပိုအစွမ်းထက်တဲ့သူကို လေးစားရမယ်။ငါမင်းကို မသတ်ခဲ့ဘူး။အဲ့ဒါကြောင့် မင်းငါ့ရဲ့ကျွန် ဖြစ်လာရမယ်။ဒါက ရိုးရိုးရှင်းရှင်းပါပဲ။ဘာမှ ဆွေးနွေးစရာ မရှိဘူး။ ”

ချန်လွေ့သည် တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းခါလိုက်သည်။

“ ကျုပ်တို့ရဲ့ ကံကြမ္မာက ချိတ်ဆက်နေပြီလေ။ကျုပ်တို့ကို ခင်ဗျားသတ်ရင် ခင်ဗျားအခြေအနေလည်း ဆိုးမှာပဲ။အဲ့ဒါကြောင့် ကျုပ်တို့ကြားမှာ အပေးအယူ နဲ့ ပူးပေါင်းမှုရှိပြီး တူညီတဲ့ ရင်းနှီးမှုရှိတယ်။သခင်နဲ့ကျွန်လိုမျိုး ခြားနားချက်ရှိဖို့ မလိုဘူး။ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိရင်ရှိ မရှိရင်မရှိတဲ့ အခြေအနေပဲ။ ”

ပ့ါဂ်လီအိုက သဘောမတူပေ။

“ ငါသိတာကတော့ မင်းတို့ရဲ့ အသက်တွေက ငါ့လက်ထဲမှာပဲ။မင်းတို့ကို မသတ်တာက ကြီးမားတဲ့ ကြင်နာမှုပဲ။မင်း ဆက်ပြီး စိတ်အနှောင့်အယှက်ပေးမယ် ဆိုရင်တော့ ဆရာသခင် ပါ့ဂ်လီအိုက မင်းတို့အားလုံးကို စားပစ်မယ်။ ”

ချန်လွေ့သည် ပ့ါဂ်လီအိုဘား ခဏစိုက်ကြည့်လိုက်ပြီး ရုတ်တရက် အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

“ အသက်ရှင်တာက ဘာများပျော်စရာရှိလို့လဲ။သေရမှာ ဘာကြောက်စရာ ရှိလို့လဲ။ဒီနတ်ဆိုးဘုံကို ကျုပ်ရောက်လာတဲ့အချိန်ကစပြီးတော့ ကျုပ် အရာအားလုံးကို ရင်းခဲ့ရတာပဲ။ကျုပ်က စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတုန်းပဲ။ကျုပ်ဘဝအတွက် တစ်ခုတည်းသော ဂုဏ်သိက္ခာကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး။ ”

အသီနာ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

သေရလောက်အခြေအနေမှာ တစ်စုံတစ်ယောက်ရဲ့ အရည်အချင်းအစစ်အမှန်ကို မြင်နိုင်တယ်။ဒီလူသားရဲ့ အားနည်းပြီး ပိန်ပါးတဲ့ ပုံရိပ်က ပိုကြီးမားလာပြီး မြင့်မားလာသလို ထင်ရတယ်။ဒါက တကယ့် သတ္တိပဲ။အယ်ဗန် မိသားစုက အဲလန် ဒါမှမဟုတ် ဂျိုးဆက်ပ် ဆိုရင် ကြောက်ဒူးတုန်နေမှာပဲ။

ပါ့ဂ်လီအို၏ အမြင်မှာ ဤသို့ဖြစ်သည်။

ဒီလူသားက တကယ့်ကို လွန်တာပဲ။

ကျုပ်က နတ်ဆိုးဘုံကို မတော်တဆ ကျသွားတယ်။ပြီးတော့ အချိန်မရွေးသေနိုင်တယ်။ဒါက သနားစရာ ဘဝဖြစ်မှတော့ ဒီနေ့ ဒါကိုသုံးပြီး ခင်ဗျားကို တိုက်ခိုက်မယ်။

ချန်လွေ့သည် အွန်လိုင်းစတိုးတစ်ခု ဖွင့်လှစ်စဉ်က အတွေ့အကြုံများ ရရှိခဲ့တယ်။အင်တာနက်မှ အချို့လူများသည်  ခြိမ်းခြောက်အတွက် အဆင့်သတ်မှတ်ချက်များကို တမင်တကာပင် အဆိုးဆုံးပေးကြသည်။သူတို့သည် ကြေးစား အဆိုး ဝေဖန်သူများ ဖြစ်ကြသည်။ထို့ကြောင့် စတိုးဆိုင်အသစ် ရောင်းချသူများသည် ဤကိစ္စ၌ အခွင့်မသာကြပေ။ချန်လွေ့သည်လည်း ဤကဲ့သို့သူများစွာကို ရင်ဆိုင်ခဲ့ရသည်။ထိုသူတို့နှင့် ဖြေရှင်းပြီးနောက်တွင် ချန်လွေ့သည် ငွေတချို့ ဆုံးရှုံးခဲ့ရသည်။သို့သော်လည်းသင်ခန်းစာ ကြီးကြီးမားမားတစ်ခု ရခဲ့လေသည်။

ပါ့ဂ်လီအိုသည် ပိတ်မိနေပြီး သူ့အား အသုံးချကာ ဤပြဿနာမှ ထွက်ရန် အကြံအစဉ်ရှိသည်ကို ချန်လွေ့သိသည်။ထို့ကြောင့် ချန်လွေ့သည် တမင်တကာ တည်တည်ငြိမ်ငြိမ်နေပြီး အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်။အခြေအနေအား သေချာ မသိခဲ့လျှင် သူ၏အသက်ကို လောင်းကြေးထပ်ခြင်းမျိုး ချန်လွေ့ ဘယ်တော့မှ လုပ်ရဲမည် မဟုတ်ပေ။

အမှန်တကယ်ပင်။အဆိပ်နဂါးသည် မတိုက်ခိုက်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ချန်လွေ့သည် နောက်ထပ် စကားတစ်ခွန်းပြောလိုက်သည်။

“ ကျုပ် ချန်လွေ့ ဒီလောကထဲက လူသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကျိန်ဆိုတယ်။အဆိပ်နဂါး ပါ့ဂ်လီအိုရဲ့ ချိပ်ပိတ်ကို ချိုးဖောက်ဖို့အတွက် အမှန်တကယ်ကူညီပေးမယ်။စကားမတည်ခဲ့ရင် အသေဆိုးနဲ့သေပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားပါစေ။ ”

ထိုကဲ့သို့ လေးနက်သည့် ကျိန်ဆိုမှုအား ကြားလိုက်ရာ ပါ့ဂ်လီအို အံ့အားသင့်သွားသည်။ချန်လွေ့၏ ပထမဆုံး စကားမှာ အလိမ်အညာများပြည့်နေသည်ကို အဆပ်နဂါး မသိခဲ့ပေ။ချန်လွေ့သည် ဤလောကမှ လူသား မဟုတ်ပေ။‌ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်လွေ့သည် လူ...အဲ.. နဂါးတစ်ကောင်အား လှည့်စားနေခြင်းဖြစ်သည်။

“ ပါ့ဂ်လီအို။ကျုပ်ခင်ဗျားရဲ့။ချိပ်ပိတ်ကို ဖျက်ဆီးပေးဖို့ ကူညီချင်တယ်။ကျုပ်က အသက်လည် ရှင်ချင်တယ်။ခင်ဗျားရဲ့ ရင်းနှီးမှုနဲ့ အကူအညီကိုလည်း ရဖို့ မျှော်လင့်တယ်။ကျုပ်ရဲ့ စိတ်ရင်းကို ပြသဖို့အတွက် ကျုပ် ဘာလို့ အဆိပ်ခုခံနိုင်ရတာလဲဆိုတဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ကို ပြောပြမယ်။ ”

ယခင် ညှိနှိုင်းမှုသည် အနာပေးပြီး ဆေးပေးသည် ဆိုလျှင် ယခုသည် ဆေးပေးပြီး အနာပေးခြင်းပင် ဖြစ်သည်။

အဆိပ်နဂါးသည် ချန်လွေ့အား ခေတ္တ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ခေါင်းညိမ့်လိုက်သည်။

“ လူသား။မင်းရဲ့ စကားပြောစွမ်းရည်က မင်းရဲ့ ခွန်အားထက် ပိုသာတယ်။မင်းရဲ့ ရိုးသားမှုကို ပြသနိုင်မယ် ဆိုရင်တော့ ပါ့ဂ်လီအိုက မင်းနဲ့ တူညီတဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားပေးမယ်။ ”

အဆင့်နိမ့်နေရာမှ အဆင့်တူတူသို့ ချန်လွေ့ ရုတ်တရက်ရောက်သွားကြောင်း တွေ့လိုက်ရာ အသီနာသည် အလွန် အံ့အားသင့်သွားလေသည်။

သူက နဂါးတစ်ကောင်ကို ရင်ဆိုင်နေတာပဲ။

အသီနာသည်  ဤလူသားအား ဉာဏ်ပညာနှင့် ရဲရင့်မှုများ ပြည့်နေသူ ဟူ၍သာ ချီးမွမ်းစကား ပြောနိုင်တော့သည်။ချန်လွေ့သည် အသီနာ၏ နှလုံးသားထဲ၌ ခိုင်မာသည့် ပုံရိပ်တစ်ခု မမျှော်လင့်ဘဲ ဖြစ်လာစေခဲ့သည်ကို ချန်လွေ့ မသိခဲ့ပေ။ချန်လွေ့အပေါ် အသီနာ၏ အမြင်သည် ဗိုလ်ချုပ်အဲလန်ထက် ကျော်တက်သွားသည်။

ချန်လွေ့၏ “ ရိုးသားမှု ” သည် ကမ္ဘာဦးခေတ်နှင့် မဟာဆရာသခင် ဇာတ်လမ်း အကြောင်းကိုသာ ထပ်ပြောချင်းပင် ဖြစ်သည်။ချန်လွေ့သည် အချို့ အသေးစိတ်များအား ချိန်ညှိလိုက်သည်။ဇာတ်အိမ်ပို၍ ပြည့်စုံသွားလေသည်။အဆိပ်နဂါးသည် အဲဒက်စ်ထက်ပို၍ အယုံသွင်းရန် ခက်လှသည်။ပါ့ဂ်လီအိုသည် တိတ်ဆိတ်နေသည်။အသီနာကတော့ စိတ်ဝင်တအား နားထောင်နေလေသည်။

အဆိပ်နဂါး၏ ယုံကြည်မှုအား ရရှိရန်အတွက် ချန်လွေ့သည် ကစားစရာ အသစ်တစ်ခု ပြုလုပ်လိုက်သည်။

မြေပြင်ပေါ်တွင် အလျားလိုက်နှင့် ဒေါင်လိုက် အကွက်များ သုံးတန်းဆွဲထားပြီး စုစုပေါင်း အကွက် ၃၃ခု ရှိသည်။ဗဟိုမှလွဲ၍ အကွက်တစ်ခုစီ၌ အပေါက်တစ်ခု ဖိလိုက်သည်။ထို့နောက် ကျောက်တုံးတချို့အား စစ်တုရင်များကဲ့သို့ အပေါက်များထဲတွင် နေရာချလိုက်သည်။

အဆိပ်နဂါးသည် ၎င်းအား တအံ့တဩ ကြည့်လိုက်သည်။သူ၏ နှစ်ပေါင်းထောင်ချီ အတွေ့အကြုံအရ ဤကဲ့သို့အရာမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ချန်လွေ့သည် ဂေါ်လီကျားကွက်၏ ကစားပုံစံအား ရှင်းပြရန်အတွင် မဟာဆရာသခင်၏ အဂ္ဂိရတ် တွက်ဆခြင်း ကိရိယာအား  အကာအကွယ်အနေဖြင့် ပြောလိုက်သည်။

ဤကစားနည်းသည် ပြင်သစ်တော်လှန်ရေး မတိုင်ခင်က အကျဉ်းချခံထားရသည့် တော်ဝင်မျိုးနွယ်တစ်ယောက် တီထွင်ခဲ့သည်ဟု ပြောကြပြီး မကြာမီပင် နာမည်ကြီးသွားခဲ့သည်။၎င်းအား လူတစ်ယောက်တည်းသာ ကစားရသည်။ကျော်သွားသည့် အပိုင်းအစကို ဖယ်ရှားရသည်။ဤသို့နှင့် အဆင့်နည်းလေလေ ကျန်သည့် အပိုင်းအစများ ပိုကောင်းလေလေပင် ဖြစ်သည်။ကျန်ရှိသည့် အပိုင်းများနှင့် တည်နေရာအရ အဆင့်၆ဆင့် ခွဲထားသည်။အမြင့်ဆုံးမှာ ချန်လွေ့၏ မဟာဆရာသခင် အဆင့် ဖြစ်သည်။

ဂေါ်လီကျားကွက်၊ဟွာရုံတောက်နှင့် ရူဘီ ကုဗတုံးတို့သည် ဉာဏ်စမ်းဂိမ်းလောက၌ အံ့ဖွယ်သုံးခုအဖြစ် သတ်မှတ်ထားကြသည်။အသီနာအတွက် ၎င်းသည် စိတ်ရှုပ်စရာပင်ဖြစ်သည်။သို့သော်လည်း မရိုးသာသော အဆိပ်နဂါးအဖို့ ထိုကဲ့သို့မဟုတ်ပေ။အဆင့်တူ စာချုပ်ကြောင့် မဟုတ်ရင် သူကိုယ်တိုင် စမ်းကစားကြည့်ချင်ပေမည်။

“ ငါအခုပြောမှာကို တတိယလူ မကြားစေချင်ဘူး။မိန်းကလေး။ထွက်ပြေးတာလိုမျိုး ရူးကြောင်ကြောင်တွေ လုပ်ဖို့ မကြိုးစားနဲ့။ ”

အဆိပ်နဂါးသည် အသီနာအား ကြည့်လိုက်သည်။ချန်လွေ့သည် အသီနာအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။အသီနာလည်း ခေါင်းညိမ့်လိုက်ပြီး အဲလစ်နှင့် ခီရာတို့ဘေးသို့ သွားထိုင်လိုက်သည်။

အဆိပ်နဂါးသည် အသံလုံစေရန် ပြုလုပ်လိုက်ပြီး ရုပ်တည်ဖြင့် မေးလိုက်သည်။

“ ငါက အဆိပ်နဂါး ပါ့ဂ်လီအို ဆန်ဒရို အာ့ခ်ဟေးလ်စ်  ပဲ။လူသား။မင်းရဲ့ နာမည်ကို ပြောပါ။ ”

ပါ့ဂ်လီအိုက  နာမည်အပြည့်အစုံ ပြောသည်ကိုကြည့်လျှင် သူ့၏ ဆက်ဆံရေး ပြောင်းလဲသွားသည်မှာ သေချာ သိနိုင်ပေသည်။အမှန်တကယ်တော့ အဆိပ်နဂါးသည်လည်း ဘေးကျပ်နံကျပ်ဖြစ်နေသည်။

သူတို့ကို သတ်လို့လည်းမရဘူး။လွှတ်ပေးလို့လည်း မရဘူး။ဒီလူသားကသာ တကယ်ပဲ လျို့ဝှက်ဆန်းကြယ်ပြီးတော့ အစွမ်းထက်တဲ့ အမွေအနှစ်ရှိမယ်ဆိုရင်တော့ သူက ချိပ်ပိတ်ကို ဖျက်ဆီးနိုင်တယ်။

“ ကျုပ်နာမည်က ချန်လွေ့ပါ။ ”

နောက်ဆုံးတော့ ချန်လွေ့ သက်ပြင်းချနိုင်သွားလေသည်။ဤကဲ့သို့ ခက်ခဲသည့် ပတ်သက်မှု ကိစ္စအား ဖြေရှင်းပြီးခဲ့လေပြီ။

“ ချန်လွေ့။မင်းက ပါ့ဂ်လီအိုရဲ့ ယုံကြည်မှုကို အပြည့်အဝ ရသွားပြီ။အဆင့်တူ စာချုပ် ချုပ်ပြီးမှပဲ မင်းကိုပြောပြနိုင်တဲ့ အချို့ကိစ္စတွေ ရှိတယ်။ငါသေသေချာချာ စဉ်းစားပြီးပြီ။ငါမင်းရဲ့ သဟဇီဝစာချုပ် ချုပ်ချင်တယ်။ပြောရရင် ငါတို့အသက်တွေက ဆက်နွှယ်နေမယ်။တစ်နေ့ကျလို့ မင်းငါ့ရဲ့ ရင်းနှီးမှုနဲ့ယုံကြည်မှုကို စွန့်လွှတ်ခဲ့ရင် မင်းရဲ့အသက် ဆုံးရှုံးရမယ်။ ”

သဟဇီဝ စာချုပ် ချုပ်ဖြစ်မည်ဟု ချန်လွေ့ လုံးဝ ထင်မထားခဲ့ပေ။ချန်လွေ့ အလျင်အမြန် စဉ်းစားပြီး ခေါင်းခါလိုက်သည်။

“ ကျုပ်က နဂါးနိုင်စစ်သည် ဖြစ်ဖို့ စိတ်ကူးမရှိပါဘူး။ဒါပေမဲ့ဒါက သဟဇီဝ စာချုပ်ဆိုတော့ ကျုပ်တစ်ခုခုဖြစ်ပြီး သေသွားရင် ဒါမှမဟုတ် အသက်ကြီးပြီး သေသွားရင် ခင်ဗျားလည်း သေမှာပေါ့။ ”

“ သဟဇီဝစာချုပ်ရဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ခုက အသက်မျှဝေတာပဲ။နဂါးတွေရဲ့ မျိုးပေါက်နှုန်းက တော်တော်လေးနိမ့်ပေမယ့် သက်တမ်းကတော့ တော်တော်လေး ကြာတယ်။တချို့တွေဆိုရင် နှစ်ပေါင်းသန်းချီ နေနိုင်တယ်။ငါကအခု နှစ်ပေါင်း၁၄၀၀ပဲ နေရသေးတယ်။လူသားတွေရဲ့ သက်ကြီးကောင် အရွယ်ပေါ့။ငါတို့တွေ သဟဇီဝ စာချုပ်ချုပ်ရင် မင်းက ငါ့အသက်နဲ့ မျှဝေနေလိမ့်မယ်။အဲ့ါကြောင့် အသက်ကြီးပြီး သေမှာကို စိုးရိမ်စရာ မလိုဘူး။ပြီးတော့လည်း မင်းခန္ဓာကိုယ်ရဲ့ တချို့နေရာတွေမှာလည်း အကျိုးကျေးဇူးတွေ ရနိုင်တယ်။ ”

အသက် မျှဝေခြင်း တဲ့လား။

ချန်လွေ့ ထိတ်လန့်သွားပြန်သည်။တရုတ်သမိုင်း၌ ဧကရာဇ်အများကြီးသည် ထာဝရရှင်သန်ခြင်းနောက် လိုက်ကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ချန်လွေ့မှာတော့ ရိုးရှင်းစွာဖြင့် သက်တမ်း သောင်းနှင့်ချီ ရသွားလေပြီ။

နတ်ဆိုးဘုံရှိ တော်ဝင်မျိုးနွယ်တောင်မှ မတော်တဆမှု မရှိခဲ့လျှင် သက်တမ်း တစ်ထောင် နှစ်ထောင်သာ ရှိကြသည်။သာမန်နတ်ဆိုးများသည် သက်တမ်း လေးငါးရာ ရှိကြသည်။ဤလောကရှိ လူ့သက်တမ်းမှာ ပို၍ပင် တိုတောင်းလှသည်။အဆင့်တစ်ခုထိ မရောက်ခဲ့လျှင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။

“ မတော်တဆ သေသွားရင်တော့ ငါလည်း လုပ်နိုင်တာ ဘာမှ မရှိဘူး။မင်းပြောသလိုပဲ။နိုင်ရင်နိုင်၊ မနိုင်ရင် ရှုံးပဲလေ။ငါတို့ထဲက တစ်ယောက် မတော်တဆ သေသွားရင် နောက်တစ်ယောက်လည်း သေချာပေါက် သေမှာပဲ။ငါမင်းကို အမှန်အတိုင်းပြောပြမယ်။ငါ့ရဲ့စွမ်းအားက လျှော့ချခံထားရတယ်။တစ်ယောက်နဲ့ပဲငါ စာချုပ်ချုပ်နိုင်မှာ။ရှေးဟောင်းမှော်စာကို လျို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားဖို့အတွက်  ငါမင်းကို သတ်ပြီးတော့ သေမင်း မိန်းကလေးကို ငါ့အစေခံအဖြစ် ထားမလို့ပဲ။ဒါပေမဲ့ မင်းရဲ့ ဉာဏ်ပညာနဲ့ အလားအလာက ငါ့စိတ်ကို ပြောင်းသွားစေတယ်။မင်းရဲ့ လှည့်ကွက် အလုပ်ဖြစ်တယ်လို့ပဲ ဆိုရမှာပေါ့။ ”

ကပ်သီးလေးပဲ။

ချန်လွေ့ ချွေးပျံသွားသည်။

လတ်စသတ်တော့ ငါက ငရဲအဝနားမှာ တစ်ချိန်လုံးရောက်နေတာကိုး။

အဆိပ်နဂါးသည် အန္တရာယ် အကင်းဆုံးလမ်းကို ရွေးခဲ့သည်။သူတို့နှစ်ယောက်၏ အသက်များသည် ချိတ်ဆက်နေပြီး ကောင်းကျိုးဆိုးကျိုးများ အတူတကွ ရှိနေသည်။ထို့ကြောင့် ချန်လွေ့သည် ချိပ်ပိတ် ကိစ္စအား လျစ်လျူရှု၍ မရပေ။အဆိပ်နဂါးအား အသက်ပိုရှင်နိုင်အောင် လုပ်ပေးခြင်းသည် သူ့၏ အသက်ရှည်ခြင်းအတွက်လည်း အာမခံချက်တစ်ခုပင် ဖြစ်သည်။

“ သတိပေးတာပါ။ခင်ဗျားက ကျုပ်ထပ်ပိုပြီး ရင်းနေတာပဲ။ကျုပ်က အားနည်းတဲ့ လူသားဆိုတော့ နတ်ဆိုးဘုံမှာ အန္တရာယ်တွေ အများကြီး ကြုံတွေ့ရမှာပဲ။ဒါတွေကို သိရက်နဲ့ သဟဇီဝစာချုပ် ချုပ်ချင်တာဆိုရင်တော့ ကျုပ်သဘောတူပါတယ်။ ”

ပါ့ဂ်လီအို ခေါင်းညိတ်လိုက်ပြီး အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။

“ မင်းရဲ့ နတ်ဘုရားလိုမျိုး မဟာဆရာသခင်ရဲ့ အမွေအနှစ် စွမ်းအားတွေကိုပဲ ယုံကြည်ရတာပေါ့။ ”

ချန်လွေ့လည်း ရယ်လိုက်သည်။စိတ်ကူးယဉ်သည် အမှန်တကယ်မဟုတ်ပေ။‌ဇာတ်လိုက် သည်သာ အသိဉာဏ်ရှိပြီး ကျန်သောသူများအားလုံး ငတုံးများဖြစ်သည် ဟူသော ဝတ္ထုများထဲမှ အတိုင်း မဖြစ်နိုင်ပေ။အခြားသူများအား အရူးဟု ထင်သူသည် အရူးအကြီးစားပင် ဖြစ်သည်။

လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအား ပါ့ဂ်လီအို မည်မျှ ယုံကြည်သည်ကို ချန်လွေ့မသိသော်လည်း သူပြန်လည် မွေးဖွားပြီးနောက် အဆိပ်နဂါးသည် သူ၏ ပထမဆုံး မဟာမိတ် အစစ်တစ်ယောက် ဖြစ်လာသည်မှယ အသေအချာပင် ဖြစ်သည်။

စာချုပ်ချုပ်သည့် ခံစားချက်သည် မှော်ဆန်လှသည်။အခြားသူနှင့် စိတ်ဝိညာဉ်ချင်း စာချုပ်ချုပ် သကဲ့သို့ပင် ဖြစ်သည်။၎င်းသည် အလိုအလျောက် အသက်ဝင်ပြီး ဆန်းကြယ်သည့် “ ဥပဒေ ” တစ်မျိုးက ကြီးကြပ်ပေသည်။နတ်ဘုရားကဲ့သို့ အဆင့်မျိုးမရောက်လျှင် ပြောင်းလဲ၍ မရနိုင်ပေ။

စာချုပ် အောင်မြင်စွာ ချုပ်ပြီးသွားသည့် ချန်လွေ့သည် ထူးဆန်းသည့် ပြောင်းလဲမှုများကို သေသေချာချာခံစားရသည်။သူ၏ အသက်ဓာတ်သည် အလွန်ကျယ်ပြန့်သွားသကဲ့သို့ ခံစားရသည်။သို့သော်လည်း ပါ့ဂ်လီအိုမှာတော့ အားနည်းသည့် လက္ခဏာ မပြပေ။

“ ချန်လွေ့။အခုငါတို့က သဟဇီဝ အဖော်တွေ ဖြစ်သွားကြပြီ။မောင်နှမတွေထက် ပိုရင်းနှီးတယ်။ငါနားလည်ရမှာ တစ်ခုရှိတယ်။အဲ့ဒီ သေမင်းမိန်းကလေးက မင်း မိန်းမလား။အဲ့ဒီမိန်းကလေးက သ‌န္ဓေပြောင်း သွေးမျိုးဆက်ရှိတဲ့ မဟာနတ်ဆိုးမ တစ်ယောက်ပဲ။သူ့မှာ အလားအလာ အကြီးကြီးရှိတယ်။အနာဂတ်မှာ သူက နတ်ဆိုးဘုရင် အဆင့်ထိ ရောက်နိုင်လောက်တယ်။ ”

စာချုပ်ချုပ်ပြီးနောက်တွင် ပါ့ဂ်လီအိုသည် ယဉ်ယဉ်ကျေးကျေး မပြောတော့ပေ။

“ မဟုတ်ဘူး။ကျုပ်တို့က မိတ်ဆွေတွေတောင် မဟုတ်ဘူး။ကျုပ်သူ့ကို အာမခံရဲဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။အသီနာသည် အမှန်တကယ်ပင် မိန်းမလှ တစ်ယောက်ဖြစ်သည်။သို့သော်လည်း ဝီဝီ ပဟေဠိ၏ အဖြစ်ဆိုး ရှိနေသည့်အတွက် ဤကဲ့သို့ စနောက်မှုအား ဒီအတိုင်း မပြောသင့်ပေ။

ထို့နောက် အဆိပ်နဂါးသည် လေးလေးနက်နက် ပြုံးပြလိုက်သည်။

“ ဒါဆိုလည်း သူ့ကို မင်းပိုင်ဆိုင်ဖို့ အကြံပေးတယ်။မဟာနတ်ဆိုးမ တွေက နတ်ဆိုးတွေထဲမှာ သစ္စာ အရှိဆုံးပဲ။သူ့ခန္ဓာကိုယ်နဲ့ စိတ်ကို မင်းရခဲ့ရင် သူကမင်းကို ထာဝရ သစ္စာရှိသွားမှာ။မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။မင်းမသေဘူးဆိုရင် နောက်ယောက်ျားတစ်ယောက်ကို သူရှာမှာမဟုတ်ဘူး။အဲ့လိုမှ မဟုတ်ရင် ငါတို့ရဲ့ လျို့ဝှက်ချက် ပေါက်ကြားသွားနိုင်တယ်။ ”

အသီနာ၏ မျိုးနွယ်သည် ဤကဲ့သို့ စရိုက်လက္ခဏာရှိကြောင့် ချန်လွေ့ ယခုမှ သိသွားသည်။သို့သော်လည်း ဤတာဝန်ရဲ့ ခက်ခဲမှုမှာ မြင့်မားလှသည်။

All Chapters