← Chapters

နှင်းဖြူကလဲ့စား  

Vol. 1 Ch. 8

နှင်းဖြူကလဲ့စား  

Vol. 1 Ch. 8

“ စိတ်ဖတ်ခြင်း ”ကို အဲလစ် အသုံးပြုနိုင်ကြောင်း ချန်လွေ့သိသွားရာ တုန်လှုပ်သွားသည်။

ဒါဆို သူအားလုံး သိတယ်ပေါ့။စူပါစနစ်ရော၊လောက ပြောင်းလာတာရော။

“ စိတ်မပူပါနဲ့။ကျွန်မရဲ့ စိတ်ဖတ်တဲ့ စွမ်းအားက အားနည်းနေပါသေးတယ်။ရှင်လိမ်မလိမ် ‌ဆိုတာကိုပဲ ပြောနိုင်သေးတယ်။အသေးစိတ်ကို မဖတ်နိုင်ဘူး။ဥပမာပြောရရင် ရှင် ခီရာကို ကြိတ်ကြွေနေလားပေါ့။ကျွန်မ မပြောနိုင်ဘူး။ ”

အဲလစ်သည် ချန်လွေ့၏ ထိတ်လန့်နေသည့်အမူအရာကို ပျော်ရွှင်စွာ ကြည့်နေလိုက်သည်။

အဲလစ်က အတွေးအသေးစိတ်များကို မဖတ်နိုင်ကြောင်း ကြားလိုက်သည့်အခါ ချန်လွေ့ ချက်ချင်းပင် စိတ်အေးသွားပြီး အဲလစ် အမှန်တကယ် စိတ်ဖတ်နိုင်မနိုင်ကို သိချင်လာသည်။ကြိတ်ကြွေသည့် ကိစ္စကိုတော့ ရှင်းပြစရာပင် မလိုချေ။ခီရာသည် လူတစ်ယောက်အား အလွယ်တကူ သတ်ပစ်နိုင်သည့် မာယာရှင် ဖြစ်သည်။ထို့ပြင် ခီရာသည်လည်း ချန်လွေ့အား သဘောမကျပေ။သဘောကျလျှင်တောင်မှ ချန်လွေ့ သည် မသေစေရန် ခီရာနှင့်အတူ နေမည်မဟုတ်ပေ။လူအသား‌ခြောက်ဆိုသည့် ဂုဏ်ပုဒ်ကို သူ အခြားတစ်ယောက်အား ပေးပေလိမ့်မည်။

“ ဟုတ်ပါပြီ။စိတ်ဖတ်တာက စိတ်ဝိညာဉ်စွမ်းအား အများကြီးသုံးရတယ်။သုံးပြီးရင် သုံးလေးရက် အနားယူရတယ်။ကျွန်မ ရှင့်ဆီမှာ မဖြုန်းတီးနိုင်ဘူး။ပင်ပန်းနေပြီ။အခု ကျွန်မကို တစ်ယောက်ယောက် ပုံပြင်ပြောပြရင် ကောင်းမှာပဲ။ ”

အဲလစ် အပျင်းကြော ဆန့်လိုက်သည်။

ဘာမှမလုပ်တဲ့သူက ပင်ပန်းတယ်လို့ ပြောနေပါလား။

ချန်လွေ့သည် အဲလစ်၏ အလုပ်ကြိုးစားမှုကို အထင်သေးသွားသည်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။သူ့မှာ “ စိတ်ဖတ်ခြင်း ” အစွမ်းရှိတယ်လို့ ယုံထားတာ ပိုကောင်းမယ်။ဒီ လိုလီလေးက နတ်ဆိုးမလေးပဲ။သူ့ကို အခု ပျော်အောင် လုပ်ထားတာ ပိုကောင်းမယ်။

ထို့ကြောင့် ချန်လွေ့သည် လိုလီလေးအား “ နတ်ဆိုးဘုရင်နှင့်မင်းသမီး ” ပုံပြင်၏ အပိုဟာသ ဗားရှင်းကို ပြောပြလိုက်သည်။ဤပျင်းစရာ ပုံပြင်လေးသည် သူ၏ လက်ဖက်ရည်ခွက် ဖြစ်သည်။သူအရမ်း စိတ်ဝင်စားနေပြီး မျက်လုံးများ အရောင်တောက်နေသည်။နောက်ဆုံးတွင် နတ်ဆိုးဘုရင်က ကိုယ့်ကိုယ်ကို သတ်သေလိုက်ကြောင်း ကြားရသည့်အခါ အဲလစ် မကျေနပ်ခဲ့ပေ။ဤပုံပြင်၏ ဇာတ်ဆောင်များကို ဆိုးယုတ်သည့် လူသားစစ်သည် နှင့် ကြင်နာတတ်သည့် နတ်ဆိုးမ တို့အဖြစ် ပြောင်းလဲရန် အဲလစ် ပြင်းပြင်းထန်ထန် ဆန္ဒဖြစ်ခဲ့သည်။

ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ယခုတော့ သူသည် အဲဒက်စ်၏ တပည့် ဖြစ်နေပြီ။ဤသည်မှာ သူ၏ဘဝအား နတ်ဆိုးဘုံဆီ၌ မြှုပ်နှံလိုက်သည်နှင့် ညီမျှသည်။ထို့ကြောင့် ချန်လွေ့သည် လူသားတို့အတွက် သစ္စာဖောက်ဟု သတ်မှတ်ရပေမည်။မြေပြင်ပေါ်ရှိ လောက၌ ချန်လွေ့သည် အာသာ၏ အထောက်အထားနှင့်အတူ ရွှေဇွန်းကိုက် ကလေး ဖြစ်နိုင်ပေသည်။

သို့သော်လည်း ဤနေရာသည် နတ်ဆိုးဘုံ ဖြစ်သည်။အရင်ဦးစွာ သူ၏အသက် ရှင်သန်နိုင်အောင် ကြိုးစားရပေမည်။လူသားလောကဆီသို့ အခွင့်အရေးတစ်ခု ရှိချင် ရှိပေလိမ့်မည်။ထိုအချိန်၌ ချန်လွေ့သည် လိုလီလေးအား ကိစ္စအကြီးအကျယ်တစ်ခု ပြောချင်ခဲ့သည်။

စိတ်မကောင်းပါဘူး။ငါက သူလျှိုတစ်ယောက်ပါ။

ထိုအခိုက်၌ ခီရာသည် သစ်သီးများပြည့်နေသည့် ခြင်းတောင်းနှင့်အတူ ပြန်လာနေသည်။ကျောက်စိမ်း နဂါးသီးသည် သစ်ကြားသီးခြောက်နှင့် ဆင်တူသည်။၎င်းသည် ပို၍ ကြီးမားပြီး အခွံပါးကာ အသားချိုသည်။ချန်လွေ့ မြည်းကြည့်လိုက်ရာ အရသာဆိမ့်ပြီး ပန်းညိုရောင် သစ်စေ့နှင့်ဆင်တူသည်။

ဒီအသီးက လူတွေကို စွဲစေတာပဲ။ဒါကြောင့် လိုလီလေးက ရေကန်ပြာကို လာချင်နေတာကိုး။

မကြာမီတွင် အသီနာလည်း ငါးများနှင့် ဆိတ်နှစ်ကောင်သယ်ကာ တောင်ထိပ်မှ ပြန်လာလေသည်။ရေကန်ပြာသည် အဆိပ်ရှိသည့်အတွက် ငါးများကို တောင်တန်းများထဲရှိ စမ်းချောင်းမှ ဖမ်းလာခြင်းဖြစ်သည်။ရေကန်ပြာထဲ၌ အခြားမည်သည့်သက်ရှိမျှ မရှိပေ။

“ ထူးဆန်းတယ်။၂လပဲ ရှိသေးတယ်။ဒီနားတစ်ဝိုက်က သားကောင်တွေ ဘာလို့ အများကြီး လျော့နည်းသွားရတာလဲ။ငါ ဒီလောက်ပဲရှာတွေ့တယ်။လောက်ပါ့မလား မသိဘူး.... ”

အသီနာ စိတ်ရှုပ်သွားသည်။

ငါး၆ကောင်နဲ့ သိုး၂ကောင်က မလုံလောက်သေးဘူးလား။

ချန်လွေ့ ထိတ်လန့်သွားသည်။

လူက လေးယောက်ပဲ ရှိတာလေ။မိန်းမ ၃ယောက်နဲ့ ယောက်ျားတစ်ယောက်။မင်းတို့အားလုံးက တောက်တီး တွေလား။

အသီနာနှင့်ခီရာတို့သည် မြန်ဆန်လှသည်။ခဏချင်းပင် သူတို့သည် စားစရာများ၏ ဖြတ်တောက်ပြီးသွားပြီး သံချောင်းနှင့် ထိုးဖောက်ကာ နွှာပြီး သန့်ရှင်းထားလိုက်သည်။သူတို့သည် မီးတစ်ပုံပင် မွှေးလိုက်သည်။အတော်လေး နွေးထွေးပြီး သက်တောင့်သက်သာ ခံစားရသည်။

အသားငါး ကင်သည့်အခါ၌ ချန်လွေ့သည် အစွမ်းပြတော့သည်။ချန်လွေ့သည် အိုတာခု တစ်ယောက် ဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါး ဆုံးရှုံးခဲ့ရသည်ဖြစ်၍ ကိုယ့်ကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်ပေသည်။တက္ကသိုလ်တွင် ချန်လွေ့သည်  “ ချက်ပြုတ်နတ်ဘုရားလေး ” ဟု နာမည်ပြောင် တွင်ခဲ့သေးသည်။

လိုလီလေး ယူလာခဲ့သည့် ဟင်းခတ်အမွှေးအကြိုင်များမှာ ပြည့်စုံလှသည်။ချန်လွေ့သည် ၎င်းတို့အား စီစဉ်နေတုန်း ထူးဆန်းသည့် ပါဝင်ပစ္စည်းများအား အနည်းငယ် နားလည်ထားသည်။နည်းနည်းပါးပါး စမ်းကြည့်ပြီးသည့်အခါ ချန်လွေ့ပို၍ ကျွမ်းကျင်လာသည်။ချန်လွေ့၏ ငါးကင်အား မြည်းကြည့်ပြီးနောက်တွင် အကင် အလုပ်အားလုံး သူ့အပေါ် ကျရောက်လာတော့သည်။ခီရာပင် အံ့အားသင့်သွားသည်။ချန်လွေ့ကို အတူခေါ်လာခဲ့သည်မှာ သူ၏ အမြင်ကျယ်မှုဖြစ်ကြောင့် လိုလီလေးက ကြွားလုံးထုတ်လိုက်သည်။အသီနာက ဘာမျှမပြောပေ။စားစရာများကိုသာ အလျင်အမြန် စားနေလေသည်။

ယခုတွင်တော့ စားစရာ လောက်ပါ့မလား ဟု အသီနာ အဘယ့်ကြောင့် ပြောခဲ့သည်ကို ချန်လွေ့ သိသွားသည်။အသီနာ ၏ အမူအရာအရ စားစရာအားလုံးအား သူတစ်ယောက်တည်း စားနိုင်သည့်ပုံ ထင်ရသည်။အဲလစ် စကားပြောနေစဉ် အသီနာသည် ပန်းကန်ထဲမှ စားစရာအားလုံးကို အပြောင်ရှင်းလိုက်သည်။အဲလစ် အလွန် နှေးလှသည်။ချန်လွေ့ ကင်ပြီးသည့် ငါးများအား တွေ့လိုက်ရာ အဲလစ်သည် ဆွဲယူရန် ဟန်ပြင်လိုက်သည်။သို့သော်လည်း သူ၏ အကြည့် ထူးဆန်းနေသည်ကို သတိထားမိသွားသည်။နောက်ဆုံးတော့ သူသည် ရှက်ရှက်နှင့် ပြောလိုက်သည်။

“ ရှင်အရင်စားလေ။ကျွန်မ နောက်မှစားမယ်။ ”

နတ်ဆိုးမလေးအတွက် ကျေးဇူးတင်သည်မှာ ရှားပါးလှသည်။ချန်လွေ့ ခေါင်းခါလိုက်ပြီး ပြုံးပြကာ သူ့ကို တစ်ခုပေးလိုက်သည်။အဲလစ်သည် ချိုချိုသာသာ ပြုံးပြလိုက်ပြီး လက်ခံလိုက်ကာ  ဆက်စားနေတော့သည်။

ဤအခြေအနေသည် ချန်လွေ့အား တက္ကသိုလ်တက်စဉ်က သူငယ်ချင်းရင်း အချို့နှင့် အကင်စားခဲ့ကြရသည့် အချိန်များကို သတိရသွားစေသည်။ကံမကောင်းစွာပင် ဘဝသည် ဖုန်းခေါ်သကဲ့သို့ပင် ဖြစ်သည်။တစ်ယောက်ယောက် အရင် ချရပေမည်။ကမ္ဘာပေါ်ရှိ သူ၏ဘဝ အဆုံးသတ်သွားလေပြီ။သူ၏ သူငယ်ချင်းများနှင့် ရည်းစားဟောင်းတို့အား ထပ်တွေ့နိုင်တော့မည် မဟုတ်ပေ။

အဲလစ်သည် ငါးကင်အား တစ်ကိုက်နှစ်ကိုက် ကိုက်လိုက်သည်။ချန်လွေ့ အတွေးလွန်နေကြောင်း သူ သတိထားမိသွားပြီး  ကျောက်စိမ်းနဂါးသီးအား ချန်လွေ့ခေါင်းပေါ်သို့ ပစ်ထည့်ကာ ရယ်လိုက်သည်။

“ ချန်လွေ့။ရှင့်ရဲ့ ငါးကင်က ဒီလောက်ကောင်းမယ်လို့ မထင်ခဲ့ဘူး။ကျွန်မရှင့်ကို အပျော်ယောက်ျား အနေနဲ့ စဉ်းစားရမယ်။ ”

ချန်လွေ့သည် အသီးအား ကောက်ယူရင်း တစ်ကိုက်ကိုက်နေစဉ် ထိုစကားကို ကြားလိုက်ရာ အခွံအား မျိုချမိမတတ် ဖြစ်သွားသည်။

ဒီ လီလိုလေးက “ အပျော်ယောက်ျား ” ရဲ့ အဓိပ္ပာယ်ကို သိလို့လား။

အသီနာကတော့ စားစရာကိုသာ အာရုံစိုက်ထားသည့်အတွက် ပုံမှန်အတိုင်းပင် ဖြစ်သည်။ခီရာသည်သာ ချန်လွေ့အား သတိပေးသည့် အကြည့်ကြည့်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။သူတို့သည် အဲလစ်၏ အံ့ဩစရာ စကားလုံးများကို ကျင့်သားနေ‌ပြီဖြစ်ပုံရသည်။စားပြီးနောက်တွင် အဲလစ်၏ ခြိမ်းခြောက်မှုနှင့် မြူဆွယ်မှုအောက်တွင် ချန်လွေ့သည်လည်း စာဖိုမှူးရာထူးမှ ပုံပြောသူရာထူးသို့ ပြောင်းသွားရပြီး ပုံပြင် စတင်ပြောလေတော့သည်။

ချန်လွေ့ ရွေးချယ်ခဲ့သည့် ပုံပြင်မှာ ကမ္ဘာပေါ်မှ နာမည်ကြီး “ မနှင်းဖြူ ” ဖြစ်သည်။သို့သာ်လည်း ပုံပြင်ပြီးဆုံးသွားသည်နှင့် အဲလစ်သည် မစ္ဆာဘုရင်မအား အထင်သေးသွားလေသည်။ဉာဏ်နုံလှသည်ဟု သူ မှတ်ချက်ပြုခဲ့သည်။အထူးသဖြင့် အဆိပ် ပန်းသီး ဖြစ်သည်။၎င်းမှာ စားပြီး ထွေးထုတ်၍ ရသည်။ထိုဘုရင်မ နေရာ၌ သူသာဆိုလျှင် ‘နှင်းဖြူ’ ဆိုသည့် မိန်းကလေးသည် နန်းတော်မှပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ထို့ပြင် မင်းသားသည်လည်း အဆိပ်မိ၍ သေစေပေမည်။ထို့နောက် အခြားနိုင်ငံများအား သိမ်းပိုက်ကာ တစ်ခုတည်းပေါင်းစည်းပြီး သူ၏နာမည်အား ထာဝရ ချီးမွမ်းခိုင်းပေမည်။

အသီနာသည် ပုံပြင်၏ မင်းသမီး နှင်းဖြူအား မကျေနပ်ဆုံး ဖြစ်သည်။ဓားသမ၏ ထင်မြင်ချက်မှာ ထိုဘုရင်မ၌ မှော်အစွမ်း ရှိလျှင်တောင်မှ နှင်းဖြူသည် ဓားရေးလေ့ကျင့်၍ ရပေသည်။တောနက်ထဲ ထွက်ပြေးရလျှင်တောင် နှင်းဖြူသည် လူပုလေး၇ယောက်အား သိမ်းပိုက်ပြီး ကျွန်ပြုလိုက်သင့်သည်။ဘုရင်မက မင်းသားအား အတင်းလက်ထပ်ရန် ကြိုးပမ်းသည့်အခါတွင် နှင်းဖြူသည် မင်းသားအား လာကယ်သင့်သည်။ဘုရင်မအား ခက်ခက်ခဲခဲ တိုက်ခိုက်ပြီး၍ အနိုင်ရသွားသည့်အခါ မင်းသားနှင့်အတူ တောတောင်ထဲတွင် ပုန်းနေပြီး အဆုံး၌ ဓားနှင့်မှော် သမာဓိ ဒဏ္ဍာရီကို ဖန်သီးသင့်သည်။

ခီရာလည်း သူ၏အမြင်ကို ပြောပြသည်။

နှင်းဖြူသည် အလှပဆုံး မိန်းကလေးဟု မှော်ကြေးမုံက ပြောသည့်အတွက် သူသည် တိုင်းပြည်အတွင်းရှိ ယောက်ျားလေးတိုင်းအား မြူဆွယ်ပြီး ဘုရင်မအား ရင်ဆိုင်သင့်သည်။အနည်းဆုံးတော့ သူသည် မင်းသားအား တိုင်းပြည်နှစ်ခု စစ်ဖြစ်ရန် မြူဆွယ်သင့်ပြီး မာယာရှင်၏ စံနမူနာတစ်ခု ဖြစ်သင့်သည်။

ချန်လွေ့သည် ချွေးပျံနေရင်း ဗားရှင်းသုံးမျိုးအား အကျဉ်းချုပ်လိုက်သည်။တစ်ခုမှာ ဧကရီဘုရင်မ ဗားရှင်းဖြစ်သည်။ဝူကျိထျန် နှင့် အလားတူဖြစ်သည်။ဆင်တူမှုမှာ ၈၀% ဖြစ်သည်။ဒုတိယတစ်ခုမှာ မိန်းမလူစွမ်းကောင်း ဗားရှင်းဖြစ်သည်။သိုင်းဝတ္ထုများထဲရှိ ဇာတ်ကောင်းများနှင့် အလားတူပင်ဖြစ်သည်။တိုင်းဆ၍ မရအောင် ဆင်တူပေသည်။နောက်ဆုံးတစ်ခုမှာ မာယာရှင် ဗားရှင်းဖြစ်သည်။တာကျိ၊ပေါင်းစစ် တို့နှင့်  အလားတူပင်ဖြစ်သည်။၉၀% ခန့် ဆင်တူသည်။

မဟာဆရာသခင် ဝူချန်အန် ပြီးနောက်တွင် မဟာဆရာသခင် အန်ဒါဆန် လည်း မျက်ရည်နှင့်မျက်ခွက် ဖြစ်ရလေပြီ။ချန်လွေ့  ရှက်နေမိစဉ်တွင် ထိုသုံးယောက်သည် ပုံပြင်အားပြန်ပြောရန် အတင်းအကြပ် တောင်းဆိုကြလေသည်။

ပြီးသွားပြီလေ။ငါဘယ်လို ပြန်ပြောရမှာလဲ။

ချန်လွေ့ပို၍ အားပျက်သွားသည်။ထို့နောက် အများကြီး တွေးလိုက်ပြီး အဆုံးသတ်အား ပြုပြင်လိုက်ကာ နောက်ဆက်တွဲတစ်ခု စဉ်းစားမိလိုက်သည်။နှင်းဖြူသည် ပန်းသီး၌ အဆိပ်ရှိကြောင်း သိခဲ့သည်။ဘုရင်မအား မရိပ်မိစေရန် ပန်းသီးအား တမင်စားလိုက်သည်။နောက်ပိုင်းတွင် နှင်းဖြူသည် ရူးချင်ယောင် ဆောင်လိုက်ပြီး တိတ်တဆိတ် အင်အား စုစည်းတော့သည်။သူသည် ပတ်ဝန်းကျင်တိုင်းပြည်မှ မင်းသားအား မြူဆွယ်ခဲ့သေးသည်။နောက်ဆုံးတွင်တော့ တောတွင်းစွမ်းအားနှင့် မင်းသားတို့ ပေါင်းစည်းပြီး ဘုရင်မအား တစ်ခါတည်း အနိုင်တိုက်ခဲ့သည်။

ဤ အတိုချုပ်ရွာငယ် ဗားရှင်း နောက်ဆက်တွဲကိုလည်း မကျေနပ်သေးကြပေ။ပရိတ်သတ်များက ဉာဏ်နုံသည့် အခန်းအချို့အား ထောက်ပြကြသည်။သို့သော်လည်း ၎င်းတို့သည် သိပ်ပြီး လက်ခံနိုင်စရာ မဟုတ်ပေ။ချန်လွေ့သည် နဖူးမှ ချွေးသုတ်လိုက်ပြီး ကမ္ဘာပေါ်‌ပြန်ရောက်၍ အွန်လိုင်းဝတ္ထုများအား ဖတ်ရလျှင် အားပေးစကား များများရေးပေးမည်ဟု တိတ်တဆိတ် ကတိပြုလိုက်သည်။စာရေးဆရာ တစ်ယောက် ဖြစ်ရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။

ထိုသုံးယောက်သားမှာလည်း တက်တက်ကြွကြွ ဆွေးနွေးနေဆဲပင် ဖြစ်သည်။အထူးသဖြင့် အဲလစ်နှင့် အသီနာ ဖြစ်သည်။သူတို့သည် ရံဖန်ရန်ခါ ကမြင်းကြော ထကြသည်။အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့ ဘာမှ မပြောရဲပေ။ထိုသုံးယောက်ဘေးမှ ဝေးဝေးနေလိုက်ပြီး စာဖိုမှူးအလုပ်သာ ချန်လွေ့ လုပ်နေတော့သည်။ဝတ္တုပရိတ်သတ် တစ်ယောက် အနေနှင့် ချန်လွေ့သည် ဇာတ်လမ်းပေါင်း ၈၀၀ကျော် မှတ်မိသည်။သို့သော်လည်း ဤနတ်ဆိုးမ‌လေး သုံးယောက်က ပြောင်းပြန်လှန်အောင် လုပ်နိုင်ပေသည်။နှင်းဖြူ ဇာတ်လမ်းကဲ့သို့သာ ဖြစ်ခဲ့လျှင် တွေးကြည့်ရင်း ပင်ပန်းလှပေသည်။

အကင်ပြီးသွားသည့်အခါ မိန်းကလေး သုံးယောက်သည် ဗိုက်ပြည့်သွားဟန်တူသည်။စားစရာအတွက် မလုကြတော့ပေ။သူတို့ စုစည်းလိုက်ပြီး အသံ ကျယ်သထက် ကျယ်လာသည်။တဖြည်းဖြည်းနှင့် သူတို့ တိတ်ဆိတ်သွားလေသည်။အတက်ကြွဆုံး အဲလစ်ပင်လျှင် ဤသို့ဖြစ်သည်။သူတို့သည် မြေပြင်ပေါ်၌ အိပ်ပျော်သွားဟန် တူလေသည်။

မိန်းမလှလေးတွေ အိပ်နေပြီ။ဝံပုလွေ...အဲ..မဟုတ်ဘူး..ယောက်ျားလေး တစ်ယောက်က နိုးနေသေးတယ်။ငါတစ်ခုခု လုပ်လို့ရလား။

ချန်လွေ့ ခေါင်းခါလိုက်သည်။

ဒါက  စိတ်နှလုံးမကောင်းတဲ့ မင်းသမီးလေး ငါ့ကို စနောက်ဖို့ လုပ်တာပဲ ဖြစ်ရမယ်။သူ့ခန္ဓာကိုယ်က သိပ်မလှတဲ့အတွက် အသီနာနဲ့ ခီရာကိုပါ ပါဝင်ခိုင်းတာဖြစ်မယ်။ငါတစ်ခုခုလုပ်ခဲ့ရင်၊ ငါထွက်ပြေးသွားရင်တောင်မှ သူ့ရဲ့ထောင်ခြောက်ထဲ ရောက်သွားမှာပဲ။အကောင်းဆုံးကတော့ လိုလီလေး စိတ်မရှည်တော့တဲ့အထိ စောင့်တာပဲ။ဒါဆိုရင် သူ စနောက်တာလည်း ပျက်သွားမယ်။

လိုလီလေး သရုပ်ဆောင်မကောင်းဘူး။သူအသက်ရှူတာက ကြာပြီး အစစ်နဲ့မတူဘူး။ဟာကွက်တွေ အများကြီးပဲ။အသီနာလည်း မကောင်းဘူး။သူ့ပုံစံက တော်တော်လေး ထူးဆန်းနေတယ်။သူက ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာပဲ။သနားစရာ အဲလန် လေးပဲ။သူက ဓားတစ်ချောင်းကိုတောင် မယှဉ်နိုင်ဘူး။အကောင်းဆုံးမှာ ကဝေမပဲ။သူ့ရဲ့ကျောဘက် ပုံရိပ်က ဆွဲဆောင်မှု ရှိလွန်းတယ်။ဒီတစ်ခေါက် ဆုက ခီရာ အတွက်ပဲ။

ချန်လွေ့သည် ပရိုအိုတာခု တစ်ယောက်၏ အမြင်ဖြင့် ဝေဖန်နေခြင်းဖြစ်သည်။ထို့နောက် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ချန်လွေ့ တဖြည်းဖြည်း ခံစားလိုက်ရသည်။အကင်များအား ချထားလိုက်ပြီး ချန်လွေ့ ထလိုက်သည်။ထိုအချိန်၌ ဂျို၃ချောင်း ကြံ့လေးကောင်တို့သည် မသက်မသာ ခံစားလာရပြီး ပြင်းပြင်းထန်ထန် နှာမှုတ်ကြသည်။

ချန်လွေ့ခေါင်းထဲ၌ အသိပေးချက်စတင် မြည်လာပြီး စူပါစနစ်၏ စတင်ခြင်း လုပ်ငန်းစဉ်မှာ အလိုအလျောက် တိုးလာသည်။တဖြည်းဖြည်းနှင့် မြန်ဆန်လာပြီး ၂၀%....၃၀% မှ ၈၀% အထိ ရောက်ရှိသွားသည်။

အဲဒက်စ်၏ စမ်းသပ်ခန်းထဲမှာ အဆိပ် အမျိုးမျိုး ဖြင့်ပင်လျှင် ၂၀% အထိသာ ရောက်ခဲ့သည်။

ဘာလို့ ဒီနေရာမှာ စူပါစနစ် စတင်ခြင်း လုပ်ငန်းစဉ်ကို အလျင်အမြန် တိုးစေနိုင်လောက်တဲ့ ကြောက်မက်ဖွယ်ရာ အဆိပ်အတောက် ရှိနေရတာလဲ။

စူပါစနစ်၏ စတင်ခြင်း လုပ်ငန်စဉ် တိုးတက်လာခြင်းကို ချန်လွေ့ ပျော်ရွှင်သင့်ပေသည်။သို့သော်လည်း တောင်ခြေရှိ ‌တိတ်ဆိတ်နေသာ ရေကန်ပြာအား ချန်လွေ့ကြည့်လိုက်ရာ တစ်စုံတစ်ခုအား ရုတ်တရက် သတိရလိုက်ပြီး ချွေးပျံလာတော့သည်။

လေညှင်းဖြည်းဖြည်းလေး တိုက်ခတ်သွားပြီး ချန်လွေ့ဘေး၌ ဆံပင်တိုတိုနှင့် လူတစ်ယောက် ရုတ်တရက်ပေါ်လာသည်။သူ၏ လက်ထဲတွင် အသားကင် တံစို့များ ကိုင်ထားသည်။

ထိုလူ၏ ဆံပင်မှာအနက်ရောက် ဖြစ်သည်။ဝါညိုညို အသားအရေ၊သန်မာသည့် ခန္ဓာကိုယ်ရှိပြီး ထူးဆန်းသည့် အနက်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသည်။သူ၏ ခန္ဓာကိုယ်အား အရောင်ဖျော့ဖျော့ ထွက်နေသည့် ထူးဆန်းသော သင်္ကေတစက်ဝိုင်းများ ဝန်းရံထားသည်။

“ ခင်ဗျားလာပြီ‌ပေါ့။ ”

ထိုမေးခွန်းက ထိုလူအား ကြက်သေသေသွားစေပြီး ပြန်မေးလိုက်သည်။

“ မင်းငါ့ကို သိတာလား။ ”

ချန်လွေ့သည် ရေကန်ပြာအား ညွှန်ပြလိုက်ပြီး မေးလိုက်သည်။

“ အဆိပ်နဂါး မဟုတ်လား။ ”

 “ မင်းငါ့ကို မဟာအဆိပ်နဂါး ဒါမှမဟုတ် ဆရာသခင်အဆိပ်နဂါးလို့ ခေါ်သင့်တယ်။ ”

ထိုလူ ပြုံးဖြီးဖြီးလုပ်ရင်း သူ၏ သွားဖြူဖြူများကို ပြလိုက်သည်။

All Chapters