ထွက်သွားရန် ဆုံးဖြတ်ခြင်း
Vol. 116 Ch. 1623
နောက်ရက်များတွင် ထောင်ယိရွှမ်သည် ရှီမာယူယူကို လာမရှာခဲ့ပေ။ သို့သော် နောက်ရက်များတွင် အလုပ်များမည်ဖြစ်ရာ ကိစ္စများကို သူကိုယ်တိုင် ကိုင်တွယ်ပြီးမှပင် တွေ့ကြမည်ဖြစ်ကြောင်းကို လူလွှတ်ပြီးပြောလိုက်လေ သည်။
ထိုကိစ္စများကို စိတ်ထဲမထားကြောင်းနှင့် စောင့်မည်ဖြစ်ကြောင်းကို ရှီမာယူယူ ပြောလိုက်သည်။ သို့သော် သူမသည် အမှန်တကယ်ပင် အာရုံမစိုက် ခဲ့ပေ။
ထိုရက်အနည်းငယ်အတွင်းတွင် ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် အလည်ထွက်ကြသည်။ သူမသည် ကျန်းကျူးရှန့်နှင့် စူးရှောင်ရှောင်တို့ကို အပါ ခေါ်သွားရာ တခြားသူများနှင့်တစ်နေကုန်မတွေ့ရပေ။
အစပိုင်းတွင် သူတို့သည် ရှီမာယူယူကိုပါ ဆွဲခေါ်သွားချင်သော်လည်း သူမ သည် စိတ်မဝင်စားပေ။ သူမသည် အခန်းအတွင်းသာနေကာ အပြင်သို့မထွက်ခဲ့ ပေ။
ရက်အနည်းငယ် ကုန်လွန်ပြီးနောက်တွင်လည်း ထောင်ယိရွှမ် ရောက် မလာပေ။ ထိုအစား ရောက်လာသူမှာ လောင်ဂျီပင်ဖြစ်သည်။
ရှီမာယူယူသည် သူမကို လာရှာသည့်သူ ရှိသည်ဟု လက်ထောက်လေး လာသတင်းပို့သည်ကို ကြားလိုက်ရသည်။ အစတွင် ထောင်ယိရွှမ်လာရှာသည် ဟု ထင်ထားသော်လည်း သခင်ကြီးဂျီကို မြင်သောအခါ အံ့ဩသွားသည်။
“လောင်ဂျီ ဒီမှာဘာလုပ်နေတာလဲ”
သခင်ကြီးဂျီသည် သူမကိုကြည့်ပြီး တက်ကြွစွာပြောလေသည် “အဲဒီ အဆိပ်လေ ငါ အဆိပ်ဖြေဆေးကို လေ့လာပြီးပြီ”
“ဒုသခင်ထောင်ရဲ့ အဆိပ်လား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် မင်းကိုပြောမယ် ငါ…”
“သခင်ကြီးဂျီ ကျွန်မမေးခွန်းကို မဖြေရသေးဘူးနော်” ရှီမာယူယူ ပြော လိုက်သည်။
“ငါ့ကို ဘာမေးလိုက်တာလဲ” သခင်ကြီးဂျီသည် သူမကို မှိုင်တွေစွာ ကြည့် လေသည်။ သူမ သူ့ကိုမေးထားသည်ကို သူအမှန်တကယ်ပင် တွေးမရတော့ ပေ။
“ကျွန်မ ပြောတာ ကျွန်မဒီမှာနေတာကို ဘယ်လိုလုပ်သိတာလဲလို့” ရှီမာယူယူ သူ့ကိုထပ်မေးလိုက်သည်။
“ဪ အဲဒါလား… ငါ ခေါင်းဆောင်ဆီသွားလိုက်တော့ မင်းဒီမှာရှိတယ် လို့ သူပြောလိုက်လို့ ငါလာတာ” သခင်ကြီးဂျီ ပြောလိုက်သည် “မင်းကို ငါသိ တာကို သူ သိတယ်လေ အဲဒါပဲ”
သို့သော် ရှီမာယူယူ စကားဖြတ်ပြောလိုက်သဖြင့် အဆိပ်ဖြေဆေးတွေ့ သည့် အကြောင်းကို ဆက်ပြီးရှင်းမပြတော့ပေ။
“သွားကြမယ် ကျွန်မ အခုလေးတင်ပဲ လက်ဖက်ရည်နှပ်မလို့ပဲ လောင်ဂျီ့ အကြိုက် တဟုန်ပေါင်လက်ဖက်ရည်လေ” ရှီမာယူယူ သူ့ကိုဖိတ်ကြားလိုက် သည်။
“ဟုတ်လား ဒါဆိုလည်း ငါလာတာအချိန်ကိုက်ဖြစ်သွားတာပေါ့၊ သွားတာ ပေါ့ သွားမယ် မင်းအခန်းကိုသွားကြတာပေါ့” သခင်ကြီးဂျီသသည် တဟုန်ပေါင် လက်ဖက်ရည်ဟု ကြားသည်နှင့် ပျော်ရွှင်သွဦးသည်။
သူသည် တဟုန်ပေါင်လက်ဖက်ရည်ကို တစ်ခါသောက်ဖူးမိပြီး အလွန် နှစ်သက်သွားသည်။ သို့သော် ရှီမာယူယူသည် ထိုရက်များတွင် တစ်ခါနှစ်ခါသာ နှပ်ခဲ့သည်။ သူမသည် သူ့ကို ကိုယ်ဘာသာနှပ်ရန်အနည်းငယ်ပေးခဲ့သော်လည်း ထိုအရသာအတိုင်း ထွက်မလာပေ။
အခု သူမသည် တဟုန်ပေါင်လက်ဖက်ရည်နှပ်ထားသည်ဟု ကြားသည် နှင့် လာရသည့်အကြောင်းအရင်းကိုပင် သတိမရတော့ပေ။
ရှီမာယူယူသည် သူ့ကို သူမအခန်းဆီသို့ ခေါ်သွားလိုက်သည်။ သခင်ကြီး ဂျီသည် စားပွဲပေါ်တွင် လက်ဖက်ရည်နှပ်သည့် ပစ္စည်းကိရိယာများနှင့် ရေကျို ရန်အသင့်ဖြစ်နေသည်ကို တွေ့သည်နှင့် ပျော်ရွှင်စွာ ပြေးသွားလေတော့သည်။
ရှီမာယူယူသည် စားပွဲနိမ့်တစ်ဖက်ဆီသို့ လာပြီး ရေကိုစတင်ကျိုတော့ သည်။
“ဟုတ်သားပဲ လောင်ဂျီ အဆိပ်ဖြေဆေး စပ်နည်းကို ပြောမလို့မလား ဘာဆေးပင်သုံးလိုက်တာလဲ”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး ငါ ဒီအတိုင်းပဲ….” သခင်ကြီးဂျီသည် ဆေးပင်စာရင်းကိုထုတ်နေသော်လည်း သူ့မျက်စိများမှာ ရှီမာယူယူ လက်ဖက် ရည်နှပ်နေသည့် လက်ဆီသို့ရောက်နေသည်။ “ဟုတ်သားပဲ ငါ သွားတော့မယ်”
“သွားတော့မယ်ဟုတ်လား” ရှီမာယူယူ အံ့ဩသွားတော့သည် “ထောင် မျိုးနွယ်မှာ နေချင်သေးတယ်လို့ ပြောထားတာမဟုတ်ဘူးလား”
သို့သော် သခင်ကြီးဂျီသည် သက်ပြင်းချကာ ပြောလေသည် “အခု ထောင်မျိုးနွယ်မှာ အပြောင်းအလဲတွေ အရမ်းများတယ်၊ ထောင်မျိုးရဲ့ အနာဂတ်က ငါနဲ့မကိုက်တော့ဘူး”
“ထောင်ယိရွှမ် ကြောင့်လား”
“အဲလိုပါပဲ သူက ငါတို့မြင်တဲ့အတိုင်းမဟုတ်ဘူး သူက… မရိုးရှင်းဘူး”
ရှီမာယူယူ ထိုမျှလောက်တော့ ပြောနိုင်သည်။ ထို့ကြောင့်ပင် ဆန့်ကျင်ရန် သူ့ကို အကြံမပေးခြင်းဖြစ်သည်။
ထောင်ယိရွှမ်သည် သူ၏ဖခင်နှင့်မတူပေ။ သူသည် သခင်ကြီးဂျီကဲ့သို့ လူမျိုးကို ကြင်နာမည်မဟုတ်ပေ။ သူ၏ တန်ဖိုးကို နည်းလမ်းရှာပေးလျှင် တောင် သူသည် သခင်ကြီးဂျီကို အကျိုးအမြတ်ကောင်းကောင်းပေးမည်မဟုတ် ပေ။
“ထွက်သွားတာလည်း ကောင်းပါတယ်၊ ဒီကမ္ဘာကြီးက အကျယ်ကြီးပါ ဒီကျွန်းထဲမှာပဲ တစ်သက်လုံးလှောင်ပိတ်နေလို့မရဘူးလေ စွန့်စားမှုတွေလုပ်ရ မှာပေါ့” သခင်ကြီးဂျီသည် အမြင်ကျယ်သည်။
ဤနေရာသည် သူ့ကို လက်မခံနိုင်တော့ပေ။ ထွက်သွားလိုက်တာက သူ့ အမှားလား။
ရှီမာယူယူသည် နှပ်ပြီးသည်နှင့် သူ့ကို တဟုန်ပေါင်လက်ဖက်ရည်ပေး လိုက်သည် “ဒါဆိုရင် ဘယ်တော့ထွက်သွားမယ်လို့ စီစဉ်ထားလဲ”
“မင်းက မင်းလူတွေကိုရှာတွေ့တာနဲ့ ထွက်သွားမှာမဟုတ်ဘူးလား ငါက မင်းနဲ့လိုက်ရုံပဲလေ” သခင်ကြးဂျီ မေးလိုက်သည် “ငါ မင်းတို့နဲ့အတူလိုက်မှာ”
သူသည် သူမနှင့် စကားပြောရသည်ကို နှစ်သက်သည်။ အဲလိုဆိုမှတော့ သူမ နောက်ကို လိုက်ရုံပဲပေါ့။
“သူက လောင်ဂျီကို လွှတ်ပေးမှာတဲ့လား” ရှီမာယူယူ မေးလိုက်သည်။
သူဆိုသည်မှာ… ထောင်ယိရွှမ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
“သူ သဘောတူတာ မတူတာ ဘာဆိုင်လဲ၊ ငါက ထောင်မျိုးနွယ်ဝင်မှ မဟုတ်တာ… ငါ အကြွေးတင်တဲ့လူဆိုရင် သူ့အဖေပဲရှိတာပဲ၊ ငါက သူ့ကို ရိုသေသမှုပေးဖို့မလိုဘူး… မင်းကိုပြောမယ် ငါ ပစ္စည်းတွေ အကုန်သိမ်းဆည်း ပြီးပြီ ငါနဲ့တစ်ပါတည်းပဲ၊ မင်းသာသဘောတူရင် ငါ ဒီနေ့အိမ်မပြန်တော့ဘူး”
“…” ရှီမာယူယူသည် စကားကို လှည့်ပြောနေသော လူကိုကြည့်ပြီး ဆွံ့အ စွာကြည့်လိုက်သည်။ “လောင်ဂျီက ဒီအတိုင်းသွားလိုက်ရင် တပည့်လေးက ရော ဘယ်လိုလုပ်မှာလဲ”
“အဲကောင်လေးကို… အိမ်မှာထားခဲ့ပြီ”
“ဟုတ်တယ်လေ သူ့ကို ငါနဲ့လိုက်မလား အိမ်မှာနေခဲ့မလားလို့ မေးလိုက် တယ်၊ သူက အိမ်မှာနေချင်တယ်လို့ပြောလို့ အဲဒီမှာပဲထားခဲ့လိုက်တာလေ”
“…” သူသည် အနည်းငယ်ထူးဆန်းသည်ဟု အခုမှပင် ရှီမာယူယူ ခံစားမိ တော့သည် “သူပြောတာက အိမ်ကိုကာကွယ်ချင်လို့ အိမ်မှာနေခဲ့မယ်လို့ပြော တာလေ၊ လောင်ဂျီ ပြန်မလာတော့ဘူးဆိုတာ သူ မသိဘူးမလား”
သခင်ကြီးဂျီသည် မှင်တက်သွားသည်။ ကြည့်ရတာ သူတကယ်ပဲ မပြော ခဲ့ဘူးထင်တယ်။
“လောင်ဂျီအိမ်ပြန်ပြီး သူ့ကို ခေါ်ခဲ့လိုက်တာ ကောင်းမယ်” ရှီမာယူယူ သည် အထင်သေးစွာဖြင့် သူ့ကို လက်ယမ်းပြလိုက်သည်။
“မလောဘူး ငါ သောက်ပြီးမှ ပြန်လိုက်မယ်” သခင်ကြီးဂျီ ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့လောစရာကိစ္စမရှိပါဘူး”
ရှီမာယူယူသည် ရုတ်တရက် ထိုကလေးငယ်ကို သနားမိသွားသည်။ ဒီ မယုံကြည်ရတဲ့ ဆရာကိုကြည့်ရတာ အဘိုးနတ်ဆိုးမှ ဝူလင်းယူကို ဆက်ဆံပုံ နှင့်တူနေသည်။
သည်လိုနှင့် သခင်ကြီးဂျီသည် ညဥ့်နက်မှပင် ထွက်သွားလေသည်။ သူ လက်ဖက်ရည်သောက်ပြီးသည်နှင့် သူမကို ဆွဲခေါ်ကာ အဆိပ်များကိုလေ့လာ ပြီး မှောင်မှပင် သူထွက်သွားလေသည်။
ရှီမာယူယူသည် သူ့ကိုပို့ပြီးနောက် ဂေါင်ရင်တကို အခန်းပိုရှိမလားဟု သွားမေးရသည်။
ဂေါင်မျိုးနွယ်သည် တည်းခိုဆောင်တစ်ခုလုံးကို ငှားထားသဖြင့် လူတစ် ယောက်ကို ခေါ်လာလိုပါက သူ၏ ခွင့်ပြုချက်လိုသည်။
ဂေါင်မျိုးနွယ်များနှင့်ပင် အခန်းများအားလုံး ပြည့်သွားမည်ဟု သူမ ထင် မထားပေ။ ဂေါင်ရင်တသည် လူငယ်နှစ်ယောက်ကို ပေါင်းနေခိုင်းပြီး သူမ အတွက် အခန်းလွတ်တစ်ခန်းယူပေးလိုက်သည်။
နောက်တစ်နေ့တွင် သခင်ကြီးဂျီသည် ကလေးငယ်ကိုပါ အတူခေါ်လာ သည်။ သူတို့သည် အိမ်ငယ်လေးကို မြင်သောအခါ အဆင်ပြေသည်ဟု သူ ထင် မိသည်။ သဘောမကျသလို မျက်မှောင်ကြုတ်ကြည့်သည်မှာ ကလေးငယ်ပင် ဖြစ်သည်။
“ဒီလောက် အိမ်သေးသေးလေးထဲမှာ ကျွန်တော်တို့က ဘယ်လိုသွားနေ မှာလဲ” သူသည် နှုတ်ခမ်းဆူရင်း ပြောလေသည်။
ဂျေင်ရင်တသည် အနည်းငယ် နေရခက်သွားကာ ဘေးသို့သွားရပ်လေ သည်။ ထိုအခန်းသည် အမှန်တကယ်ပင် သေးသည်။
“ဒါကိုသေးတယ်ထင်ရင် နေဖို့ ကိုယ့်ဘာသာ သွားရှာလိုက်လေ၊ ဘယ်လို ပဲဖြစ်ဖြစ် ဒီမြို့က ဒီလောက်ကြီးတာ မင်းအကြိုက် အခန်းတစ်ခန်းကိုတော့ သေချာပေါက် ရှာတွေ့မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ကလည်း ဒီလို မျိုး ကျေးဇူးမသိတတ်တဲ့သူနဲ့ မနေချင်ပါဘူး”
တခြားသူသာ သူ့ကို အပြစ်တင်လိုက်ပါက ထိုကောင်လေးသည် သေချာ ပေါက် ပြန်ချေပမည်ဖြစ်သည်။ သို့သော် ပြောသူမှာ သူမဖြစ်သဖြင့် မကျေမနပ် ဖြင့်သာ ခေါင်းငုံ့လိုက်ရသည်။
“ကျွန်တော်… ဒီမှာမနေချင်ဘူးလို့ မပြောပါဘူး” သူသည် တိုးညင်းသော အသံဖြင့် ပြောလေသည်။
“ဦးလေးဂေါင်နဲ့ တခြားသူတွေက မင်းကို ဒီအိမ်ပေးရအောင် ဘာအကြွေး မှတင်ထားတာမဟုတ်ဘူး၊ မင်းက ကျေးဇူးမသိတတ်ရင် ကောင်းကောင်း ဆက်ဆံပေးဖို့ မတန်ဘူး သိရဲ့လား”
သူမ တုလေးကိုတွေ့စဉ်က ဤကလေးထက် အနည်းငယ်ကြီးသည်။ သို့သော် သူသည် ပို၍လိမ္မာကာ ချစ်ဖို့ကောင်းသည်။ အခု ဤကလေးမှာ ထိုသို့ ပြုမူသဖြင့် သူမ မပြောမဖြစ်ပြောရတော့သည်။
ထိုကလေးသည် သူမလူမဟုတ်သည်ကို တွေးမိကာ သူ၏ဆရာဖြစ်သူမှာ လည်း ရှေ့တွင်ရှိနေသဖြင့် အနည်းငယ် လွန်သွားသည်ဟု ထင်မိသည်။
သူမသည် သခင်ကြီးဂျီကို တောင်းပန်လေသည် “လောင်ဂျီတောင်းပန်ပါ တယ် ကျွန်မ စိတ်မထိန်းနိုင်လိုက်ဘူး”
“ဟားဟား ရပါတယ် ဒီကလေးက ဆုံးမပေးဖို့လိုနေတာ”
လောင်ဂျီက အရင်က တစ်ခါမှ သူ့ကိုဂရုမစိုက်ဖူးဘူးပဲ။ ရှီမာယူယူသည် စိတ်ထဲမှ သူ့ကိုအပြစ်တင်လိုက်သော်လည်း ပါးစပ်မှထုတ်မပြောလိုက်ပေ။
သခင်ကြီးဂျီသည် ဤနေရာတွင် ပုံမှန်အတိုင်းသာနေကာ ထောင် မျိုးနွယ်ဝင်များလည်း လာမရှာပေ။ သူ့အခြေအနေမှာ ထိုအတိုင်းသာ ပြီးဆုံး သွားလေသည်။
***