← Chapters

အဆိပ်နဂါး နိုးထလာခြင်း  

Vol. 1 Ch. 9

အဆိပ်နဂါး နိုးထလာခြင်း  

Vol. 1 Ch. 9

အမှန်တကယ် ချန်လွေ့၏  စိတ်ကူးထဲမှ စကားများမှာ....

ခင်ဗျား လာပြီပေါ့။

ကျုပ်လည်းလာတယ်။

ခင်ဗျားမလာခဲ့သင့်ဘူး။

ဒါပေမဲ့ ကျုပ် လာမှာပဲ။

ခင်ဗျားလာရင် သေရမယ်။

လူတိုင်းက နောက်ဆုံး သေကြရမှာပဲ။

……

အလွန်ဒုက္ခရောက်စေသော တိတ်ဆိတ်မှု အချိန်ကာလ ပြီးသွားပြီနောက်တွင် အချင်းချင်းမြတ်နိုးကြသည့် လူနှစ်ယောက်သည် ရန်သူများကြားထဲမှ လူယုံ၊ လူယုံများကြာထဲမှ ရန်သူ ဖြစ်သွားကြသည်။

ထို့နောက် လူယုံ နှင့် လူယုံတော်ကြား အငြင်းပွားစရာတစ်ခု ဖြစ်လာပြန်သည်။

ကံမကောင်းစွာဖြင့် အဆိပ်နဂါးသည် အဆိပ်နဂါးဖြစ်ပြီး ရှေးခေတ် နဂါးပင်ဖြစ်သည်။

ချန်လွေ့၏ နှလုံး အမြန် ခုန်နေပြီး ရင်းနှီးရန် ကြိုးစားလိုက်သည်။

“ ဆရာသခင် အဆိပ်နဂါး နိုးလာတာ ကြာပြီထင်တယ်။ဒါကြောင့် ဒီနားတစ်ဝိုက်က သားကောင်တွေ ပိုနည်းလာတယ်လို့ အသီနာပြောတာကိုး။ ”

အဆိပ်နဂါးက နှစ်ထောင်နဲ့ချီ အိပ်ပျော်နေပြီးတော့ နတ်ဆိုးဘုံရဲ့ အစွမ်းထက်ဆုံးသူက [ အလင်းအ‌မှောင် သော့ခလောက် ] နဲ့ ချိပ်ပိတ်ထားတယ်လို့ ပြောကြတယ်မလား။ဘာလို့ ဒီလောက်မြန်မြန် နိုးလာရတာလဲ။ပြီးတော့ ငါကဘာလို့ ဒီလို အရာကြီးနဲ့ တွေ့ရတာလဲ။

အဆိပ်နဂါးသည် အသားကင်များအား တစ်ချက်တည်းစားပြီးနောက် တံစို့များအား ဝှေ့ရမ်းပြီး ပြောလိုက်သည်။

“ မင်းက လူသားဟုတ်။ထူးဆန်းတာပဲ။မင်းက နတ်ဆိုးဘုံထဲ ရောက်နေတယ်။ဒီအသားကင်က အရင်နေ့တွေတုန်းကလာတဲ့ နတ်ဆိုးတွေထက် အရသာပိုရှိတယ်။ရှိသေးလား။ ”

ဗိုလ်ချုပ် အဲလန် လွှတ်လိုက်သည့် ကင်းထောက်များ၏ အဆုံးသတ်ကို အဆိပ်နဂါးက ပုံမှန်အတိုင်းပင် ထုတ်ဖော်ပြလိုက်သည်။ချန်လွေ့ ကျောရိုးတစ်လျှောက် ကြက်သီးများထသွားပြီး အကြောက်တရားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

“ မရှိတော့ဘူး။ဒါပေမဲ့ ဆရာ အဆိပ်နဂါး ထပ်စားချင်ရင် သားကောင်နည်းနည်း သွားဖမ်းလိုက်လေ။ကျုပ် ထပ်ကင်ပေးမယ်။ ”

“ အဆင်သင့်လုပ်ထားတာ မရှိဘူးဘူးလား။ချို၃ချောင်းကြံ့တွေက အရသာမကောင်းဘူး။ ”

အဆိပ်နဂါးသည် သတိလစ်နေသည့် ချို၃ချောင်းကြံ့များအား လက်ညှိုးထိုးပြလိုက်ပြီး နတ်ဆိုးမလေးသုံးယောက်အား တစ်ချက်ကြည့်လိုက်သည်။

“ တကယ့်တော့ ဒါတွေလည်း မဆိုးပါဘူး။မင်းကတော့ ဆရာသခင် ပါ့ဂ်လီအို ဆီမှာ အလုပ်အကျွေးပြုပြီးတော့ အသားကင်တာကို အာရုံစိုက်မယ်ဆိုရင်တော့ မင်းအသက်ကို ချမ်းသာပေးနိုင်ပါတယ်။ ”

အားနည်းသောအသံတစ်သံ ထွက်လာသည်။

“ မလုပ်နဲ့။ ”

ထိုအသံသည် အမှန်တကယ်ပင် အသီနာထံမှ ထွက်လာလေသည်။လူကြမ်းမိန်းကလေးသည် လသစ်မြို့တော်၏ အတော်ဆုံး ဓားသမ နာမည်နှင့် လိုက်ဖက်ပေသည်။အန္တရာယ်ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်မိသည်နှင့် ထိုင်းမှိုင်းစေသည့် အဆိပ်အား ခုခံပြီး နိုးထလာသည်။သူ၏ အသွင်အပြင်လည်း ပြောင်းလဲသွားသည်။သူ၏ အညိုရောင် အသားအရေသည် အနီရောင် ဖျော့ဖျော့ဖြစ်သွားပြီး ခေါင်းပေါ်မှ ချိုနှစ်ချောင်းထွက်လာသည်။မျက်လုံးများမှာလည်း အနီရောင်တောက်နေပြီး ဝီဝီ ပဟေဠိအား ဖျက်ဆီးခဲ့သည့် နတ်ဆိုးနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။သူ၏ခန္ဓာသည်လည်း လောင်ကျွမ်းနေသည့် မှိန်ပျပျ မီးတောက်များ ဖုံးလွှမ်းနေသည်။သူသည် ဓားကိုသာ ထောက်ပြီး ရပ်နေရသည်။

“ ချန်လွေ့။အဲလစ်နဲ့အတူ မြန်မြန်ပြေးတော့။သူ့ကို ကျွန်မ တားထားလိုက်မယ်။ ”

အသီနာ အံကြိတ်ပြီး အော်ပြောလိုက်သည်။သူ၏ အသက်ရှူနှုန်း ပိုမြန်လာပြီး မီးတောက်များလည်း ပိုတောက်ပလာသည်။

“ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ ငတုံးမ ပဲ။မင်းရဲ့ အသက်ဓာတ်ကို လောင်ကျွမ်းရင်တောင်မှ ဆရာသခင် ပါ့ဂ်လီအို ရဲ့ စွမ်းအားကို ခုခံနိုင်မှာ မဟုတ်ဘူး။ ”

အဆိပ်နဂါးသည် အထင်သေးစွာဖြင့် မာဆတ်ဆတ် ပြောလိုက်သည်။နတ်ဆိုးဓားသမ၏ မဟာဓားကြီးသည်လည်း မျက်လုံးဖြင့် မြင်နိုင်သည့် နှုန်းအတိုင်း တိုက်စားခံရလေသည်။ခဏအကြာတွင် တိုက်စားခံရသည့် မဟာဓားကြီးသည် တဖြည်းဖြည်းအား သေးငယ်လာပြီး အသီနာအား အ‌မထောက်ပံ့နိုင်ဘဲ “ ချွမ်း ” ဟုအသံမြည်ကာ ကျိုးပဲ့သွားလေသည်။

အသီနာ၏ အင်အားများလည်း အဆိပ်၏ တိုက်စားမှုကိုခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ၏ နတ်ဆိုးအသွင် နှင့် အသက်မီးတောက် တို့လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူသားအသွင် ပြန်ရောက်သွားသည်။သူ့ကို အဆိပ်နဂါးက စားစရာအဖြစ် မထားချင်ခဲ့လျှင် သူသည် အရိုးစု ဖြစ်သွားပေမည်။

“ တွေ့လား။လူသား။မင်းမှာ ရွေးစရာ နှစ်ခုပဲရှိတယ်။သေမလား။လိုက်နာမလား။အခု ဆရာသခင် ပါ့ဂ်လီအို က ဟိုကောင်မလေးကို စားမယ်။လုပ်တော့။ ”

ပါ့ဂ်လီအို လှောင်ပြုံး ပြုံးလိုက်သည်။

ချန်လွေ့လည်း စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းခါလိုက်သည်။

“ မဖြစ်နိုင်ဘူး။ ”

အဲလစ်သာ ဒီမှာ တကယ်ပဲ သေသွားခဲ့ရင် တောင်ဝင်မင်းသမီး ရှီရာက အားကုန်သုံးပြီး လက်စားချေမှာပဲ။အဲ့ဒီအချိန်ကျရင် အဆိပ်နဂါးက ထွက်သွားမှာပဲ။ပြီးရင် ငါပဲ အပြစ်တင်ခံရမယ်။ပြီးတော့လည်း လိုလီလေးနဲ့ တခြားသူတွေကို အဆိပ်နဂါးစားတာ မကြည့်ရက်နိင်ဘူး။

‌ဒေါင့်မှာပုန်းနေပြီး တုန်လှုပ်နေရင်လည်း သေမှာပဲဆိုတော့ ငါအားလုံးကို ရင်းလိုက်မယ်။အသက်ရှင်ဖို့ အခွင့်အရေး ရှိရင်ရှိနိုင်ပါသေးတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။လောက ကူးလာပြီးကတည်းက အရာအားလုံးကို ငါရင်းပြီး လုပ်နေရတာပဲ။

အသီနာသည် ချန်လွေ့အား တအံ့တဩ ကြည့်လိုက်သည်။အဲလစ်ပြောပြသည့် လောဘကြီးပြီး ကြောက်တတ်သည့် ဤလူသားသည် ကြောက်စရာ အဆိပ်နဂါးနှင့် ရင်ဆိုင်ရာတွင် ဤမျှလောက် သတ္တိရှိမည်ဟု အသီနာ မထင်ခဲ့ပေ။ဤအချက်ဖြင့်ပင် သူသည် အဲလန်ထက် ပိုသာပေသည်။

“ မင်းလို အားနည်းတဲ့ လူသားက ဆရာသခင် ပါ့ဂ်လီအိုရဲ့ ကြင်နာမှုကို ငြင်းဆန်ရဲတာလား။ ”

အဆိပ်နဂါး၏ မျက်လုံးများမှ သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။သူ၏လက်ထဲမှာ သံချောင်းများသည် တိုက်စားခံရကာ အစိမ်းရောင်မီးခိုးအဖြစ် ပျောက်ကွယ်သွားသည်။

“ ငါမင်းကို အရင်စားမယ်။ပြီးရင် မင်းရဲ့ မိန်းမတွေကို စားမယ်။ ”

“ နေဦး ”

ချန်လွေ့သည် သူနှင့် မိန်းကလေးတို့၏ ပတ်သက်မှုကို ရှင်းပြရန် အချိန်မရှိပေ။သေရေးရှင်ရေး အခြေအနေ၌ ချန်လွေ့သည့် စိတ်အေးအေးထားပြီး ပြောလိုက်သည်။

“ ခင်ဗျားက အဆိပ်နဂါး မဟုတ်လား။တစ်ခုခု လောင်းကြရအောင်။ခင်ဗျားရဲ့ အဆိပ်နဲ့ ကျုပ်ကို အနိုင်ယူနိုင်ရင် ကျုပ် အညံ့ခံမယ်။ခင်ဗျား မနိုင်ရင်တော့ ကျုပ်တို့ကို လွှတ်ပေးရမယ်။ ”

“ လောင်းမယ် ဟုတ်လား။ ”

ပါ့ဂ်လီအို မျက်စိစောင်းလိုက်ပြီး ချန်လွေ့အား ကြည့်လိုက်သည်။မူလရပ်တန့်နေသည့် စူပါစနစ်၏ စတင်ခြင်း တိုးတက်နှုန်း တဖြည်းဖြည်း တိုးလာသည်ကို ချန်လွေ့ ခံစားရလိုက်သည်။၈၂.၆%....၈၃.၁%...

“ ဟမ့်။မင်းတို့အသက်တွေက ငါ့လက်ထဲမှာပဲ။ဒီလိုပျင်းစရာမျိုး ငါဘာလို့ လောင်းရမှာလဲ။ ”

အဆိပ်နဂါးသည် ဉာဏ်များလှသည်။စကားပြောရင်း အဆိပ်ထုတ်လွှတ်နေပေသည်။ အသုံးမဝင်ကြောင်း သိသွားသည့်အခါ ချန်လွေ့၏ ကမ်းလှမ်းချက်ကို သူ ငြင်းလိုက်သည်။

“ မင်းလို ဘာစွမ်းအားမှ မရှိတဲ့ လူတစ်ယောက်ကို လက်ညှိုးနဲ့တောင် သတ်နိုင်တယ်။ ”

ချန်လွေ့သည် အဆိပ်နဂါး၏ ဉာဏ်များမှုကို တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ချန်လွေ့သည် အဲလစ်အား လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

“ ဒီကောင်မလေးက ကြယ်ကြွေတမန်အင်ပါယာရဲ့ မင်းသမီးလေး အဲလစ် လူစီဖာ ပဲ။ခင်ဗျားသူ့ကို ထိခိုက်ရဲရင် ကြယ်ကြွေတမန်အင်ပါယာ တစ်ခုလုံးရဲ့ အမျက်ဒေါသကို ခံစားရလိမ့်မယ်။ ”

“ လူစီဖာ မိသားစု၊ကြယ်ကြွေတမန် အင်ပါယာ ဟုတ်လား။စကြာလူစီဖာ အသက်ရှင်နေသေးရင်တောင် သူငါ့ကို နိုင်မှာမဟုတ်ဘူး။သရေပဲ ကျမယ်။ ”

စကြာလူစီဖာသည် ယခင် မျိုးဆက် နှစ်ဆက်က ကြယ်ကြွေတမန် အင်ပါယာ၏ အကြီးကျယ်ဆုံး ဧကရာဇ် ဖြစ်သည်။သူ၏ အစွမ်းသည် ကြီးမားလှသည်။သူ့ကို နတ်ဆိုးတောင်ပံ၌ သိကြသည်။

ချန်လွေ့လည်း ဆက်လက်၍ သွေးတိုးစမ်းလိုက်သည်။

“ ပုံကြီးချဲ့မနေနဲ့။ခင်ဗျား နိုးနေတယ်ဆိုရင် အစာရေစာ မလုံမလောက်နဲ့ ဒီနေရာမှာ နှစ်ထောင်ချီ ဘာလို့ အိပ်နေသေးတာလဲ။ခင်ဗျားခန္ဓာကိုယ်ပေါ်က ချိန်းကြိုးလိုမျိုး သင်္ကေတတွေက ချိပ်ပိတ် လိုမျိုး မဟုတ်လား။လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက ခင်ဗျားကို [ အလင်းအမှောင် လော့ခလောက် ] နဲ့ သန်းခေါင်နေ အရှင်က ချိပ်ပိတ်ထားတယ်လို့ ကြားတယ်။ ”

အ‌ဆိပ်နဂါး မျက်မှောင်ကြုတ်သွားသည်။

“ [ အလင်းအမှောင် လော့ခလောက် ] လား။ဒါကြောင့်ကိုး.... ”

ချန်လွေ့သည် အဆိပ်နဂါး၏ တုံ့ဆိုင်းမှုကို မြင်သွားပြီး ရဲတင်းစွာ ပြောလိုက်သည်။

“ စဉ်းစားကြည့်မယ်။ဆရာသခင် အဆိပ်နဂါးက လက်ရှိ ချိပ်ပိတ်ခံထားရတာလား။ဒါမှမဟုတ် လှုပ်ရှားမှုတွေ ကန့်သတ်ထားခံရတာလား။ဒါမှမဟုတ် နှစ်ခုလုံးလား။ခင်ဗျားရဲ့ ခွန်အားက အားမနည်းသွားရင်တောင့် ဘယ်သူမှ ခင်ဗျားကို အာခံရဲမှာ မဟုတ်ဘူး။ဒါပေမဲ့ ခင်ဗျားရဲ့စွမ်းအားက ချိပ်ပိတ်ခံထားရတယ်ဆိုတဲ့ သတင်းပျံ့သွားရင် နတ်ဆိုးအများကြီးက ဒီကိုလာပြီး နဂါးနိုင်စစ်သည် ဂုဏ်ပုဒ်အတွက် တိုက်ခိုက်ကြမယ်လို့ ကျုပ်ထင်တယ်။ ”

ပါ့ဂ်လီအို၏ အမူအရာ ပြောင်းသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“ ‌သောက်လူသားစုတ်။မင်းက ဆရာသခင် ပါ့ဂ်လီအိုကို ခြိမ်းခြောက်ရဲတယ်ပေါ့။မင်းကို ပြာဖြစ်သွားအောင် အဆိပ်နဲ့ လုပ်ပစ်မယ်။ ”

ချန်လွေ့က ပါ့ဂ်လီအိုသည် ခြင်္သေ့သားရေ ခြုံထားခြင်းသာ ဖြစ်ကြောင်း သတိထားမိသွားသည်။ပါ့ဂ်လီအို၏ အားနည်းချက်ကို ထိသွားကြောင့် သိလိုက်သည်နှင့် ချန်လွေ့ စိတ်အေးသွားသည်။

“ ခင်ဗျားရဲ့အဆိပ်ကို ကျုပ် မကြောက်ဘူးဆိုတာ ခင်ဗျား သိလောက်ပါပြီ။ကျုပ်ခန္ဓာကိုယ်ထဲက ခွန်အားတွေ နိုးထလာခဲ့ရင်..... ”

ချန်လွေ့သည် ပါ့ဂ်လီအိုအား မဟာဆရာသခင် စွန်းဝူခုန်း နှင့် ခြောက်လှန့်ရန် ဟန်ပြင်လိုက်စဉ် ပါ့ဂ်လီအိုသည် ရုတ်တရက် ထိတ်လန့်သွားပြီး မေးလိုက်သည်။

“ နေဦး။လူသား။မင်းခုနက ဘာပြောလိုက်တယ်။ငါ့ကိုယ်ပေါ်မှာ....သင်္ကေတွေ၊ချိန်းကြိုးတွေ ဟုတ်လား။ ”

“ အင်းလေ။ ”

ချန်လွေ့သည် ပါ့ဂ်လီအို၏ ခန္ဓာကိုယ်က အရောင်မှိန်မှိန် ထုတ်လွှတ်နေသည့် သင်္ကေတများကို လက်ညှိုးထိုးပြလိုက်သည်။

“ အဲ့ဒါတွေက ရွေ့နေကြတယ်။ချိန်းကြိုးလိုမျိုး စက်ဝိုင်းပုံတွေပဲ။ ”

ပါ့ဂ်လီအိုသည် ထူးဆန်းစွာပင် တုန်လှုပ်သွားသည်။

“ အဲ့ဒီ သင်္ကေတတွေက ဘယ်လိုပုံမျိုးလဲ။အဲ့ဒါက ဘာကို‌ဆိုလိုတာလဲ။ ”

ချန်လွေ့ ခေါင်းခါလိုက်ပြီး အသီနာအား မေးလိုက်သည်။

“ အသီနာ။မင်းတွေ့တယ်ဟုတ်။အဲ့ဒါက [ အလင်းအမှောင် သော့ခလောက် ] ကို အထူးစာသားနဲ့ ရေးထားတာမလား။ငါမဖတ်တတ်ဘူး။ ”

“ ဘာသင်္ကေတလဲ။ကျွန်မ မမြင်ရဘူး။ ”

အသီနာ စိတ်ရှုပ်သွားပြီး မျက်လုံးပြူးသွားသည်။သူ၏ မျက်လုံးထဲတွင် ပါ့ဂ်လီအို ခန္ဓာကိုယ်ပေါ်၌ ချန်လွေ့ပြောသည့်အခါ တစ်ခုမျှ မရှိပေ။

ဒီလောက်သိသာနေတာကို သူတို့မမြင်ဘူးလား။

ချန်လွေ့သည် ထူးဆန်းသလို ခံစားလိုက်ရသည်။ထို့နောက် သင်္ကေတအချို့ကို ကူးပြီး သံချောင်းဖြင့် မြေပြင်ပေါ်တွင် ဆွဲပြလိုက်သည်။

“ ဒီလိုသင်္ကေတမျိုးပဲ။အဲ့ဒါက [ အလင်းအမှောင် သော့ခလောက် ] မဟုတ်လား။ ”

သံသယရှိနေသေးသည့် ပါ့ဂ်လီအိုသည် ချန်လွေ့ရေးဆွဲသည်ကို တွေ့လိုက်ရတာ သံသယမရှိတော့ပေ။သူ ထိတ်လန့်သွားပြီး ပြောလိုက်သည်။

“ လခွမ်းကို [ အလင်းအမှောင်သော့ခလောက် ]။ အဲ့ဒါက ရှေးဟောင်း မှော်စာပဲ။အဲ့ဒါ တကယ်ပဲ ရှိတယ်။ ”

ရှေးဟောင်းမှော်စာတဲ့လား။အဆိပ်နဂါးဆီမှာ နောက်ထပ် ချိပ်ပိတ်တစ်ခု ရှိတယ်ပေါ့။အဲ့ဒါကလည်း အစွမ်းထက်ဆုံးပဲ။

ပါ့ဂ်လီအိုသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး ကြောက်လန့်သွားကာ သူ့ကိုယ်သူ ပြောလိုက်သည်။

“ အဲ့ဒီမိန်းမပဲ ရှေးဟောင်းမှော်စာတွေကို နားလည်တာ။ငါသိခဲ့ရင် ငါမလုပ်.... ”

ပါ့ဂ်လီအို စိတ်အခြေအနေ မတည်ငြိမ်ကြောင်း ချန်လွေ့တွေ့လိုက်ရာ အသီနာအား ခိုးထွက်ရန် လက်ဟန်ပြလိုက်သည်။အသီနာလည်း သိလိုက်ပြီး အဲလစ်နားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ထိုအခွင့်အရေးကို အသုံးချပြီး သူ ထွက်ပြေးချင်ခဲ့သည်။

“ ဟမ့် ”

ပါ့ဂ်လီအိုသည် သူ၏ ရည်ရွယ်ချက်အား ရှာတွေ့လိုက်ပြီး ခြိမ်းခြောက်သာ့် အရှိန်အဝါ ထုတ်လွှတ်လိုက်သည်။အဝေးမှ ချန်လွေ့သည်လည်း ခြေဖျား အေးစက်သွားသည်။ထိုကြောက်မက်ဖွယ်ရာ ဖိအားကို ချန်လွေ့ မခံနိုင်တော့ဘဲ လဲကျသွားသည်။ထိုသင်္ကေတများ၏ ကန့်သတ်မှုကြောင့် အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားသည်။

“ မင်းတို့က ဆရာသခင် ပါ့ဂ်လီအိုရဲ့ လျို့ဝှက်ချက်ကို သိသွားပြီဆိုတော့ မင်းတို့ ထွက်သွားနိုင်မယ် ထင်နေလား။ဒီနေ့ မင်းတို့ သေရမယ်။ ”

ပါ့ဂ်လီအိုအား “ ရှေးဟောင်းမှော်စာ” က အပြင်းအထန်  ဖိနှိပ်ထားသည်ကို ချန်လွေ့ပြောနိုင်လေသည်။ချန်လွေ့သည် ဗျူဟာတစ်ခု စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ တော်ဝင်မင်းသမီး နဲ့ ဗိုလ်ချုပ် အဲလန်တို့က ဒီနေ့ ကျုပ်တို့ ရေကန်ပြာဆီ လာမယ်ဆိုတာ သိကြတယ်။ခင်ဗျားကျုပ်တို့ကို သတ်လိုက်မယ်ဆိုရင် အခြေအနေပိုဆိုးသွားတော့ ခင်ဗျားလည်း ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး။အပေးအယူ လုပ်ကြရင်ကော။ခင်ဗျားကျုပ်တို့ကို လွှတ်ပေးလိုက်။ကျုပ်တို့က ခင်ဗျားရဲ့ ချိပ်ပိတ်ကို ချိုးဖောက်ဖို့ ကူညီပေးမယ်။ ”

ပါ့ဂ်လီအို ကြက်သေသေသွားပြီး မေးလိုက်သည်။

“ ရှေးဟောင်းမှော်စာ ချိပ်ပိတ်ကို ချိုးဖောက်ဖို့ မင်းဘာလုပ်နိုင်လဲ။ ”

ရှေးဟောင်းမှော်စာများ၏ မသိသည့်အတွက် ချန်လွေ့သည် ဆရာသခင် စွန်းဝူခုန်းအား မလှည့်စားရဲပေ။ထို့ကြောင့် ချန်လွေ့ တွေးပြီး ပြောလိုက်သည်။

“ အဲလစ်က ကြယ်ကြွေတမန် အင်ပါယာရဲ့ မင်းသမီးလေးပဲ။ရှေးဟောင်းမှော်စာ နဲ့ [ အလင်းအမှောင် သော့ခလောက် ] ကို ချိုးဖောက်နိုင်တဲ့ သူတစ်ယောက်ကို ရှာပေးလို့ရတယ်။ ”

“ အဲ့ဒါဆို လာမယ့်သူတွေက နဂါးနိုင်စစ်သည်တွေ မလား။[ အလင်းအမှောင်သော့ခလောက် ] က ဘာမှမဟုတ်ဘူး။ရှေးဟောင်းမှော်စာက တကယ့် ချိပ်ပိတ်ပဲ။အဲ့ဒါက ပျောက်ဆုံးသွားတာ နှစ်ပေါင်း နှစ်ထောင်ရှိပြီ။ပြီးတော့ ဒီချိပ်ပိတ်ကို “ အဲ့ဒီမိန်းမ ” က ဆင်ထားတာ။နတ်ဆိုးဘုံတစ်ခုလုံးမှာ အဲ့ဒီ မာနကြီးတဲ့ မိန်းမကလွဲပြီး ဘယ်သူမှ ဒီချိပ်ပိတ်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် ငတုံးမဟုတ်ပေ။ဤအဆိပ်နဂါးသည် သူတို့အား မစားချင်တော့ဘဲ သူ့ကို အသုံးချကာ ချိပ်ပိတ်အား ချိုးဖောက်ချင်နေသည်ကို ချန်လွေ့ သိသွားသည်။သို့မဟုတ်ပါက အဆိပ်နဂါးသည် သူ၏ လက်သည်းများဖြင့် ချန်လွေ့အား တိုက်ခိုက်သည်။ချန်လွေ့သည် ပို၍ ယုံကြည်ချက်ရှိလာသည်။

“ ကောင်းပြီ။ဒါဆိုလည်း အဲ့ဒီ မာနကြီးတဲ့မိန်းမကို ရှာပေးမယ်။ဒါဆိုရပြီ မဟုတ်လား။ ”

ပါ့ဂ်လီအိုသည် ချန်လွေ့အား စစ်ဆေးကြည့်လိုက်သည်။ချန်လွေ့ အလွန် ကြောက်လန့်နေသည်။နောက်ဆုံးတော့ ပါ့ဂ်လီအို ပြောလိုက်သည်။

“ မင်းငါ့ကို ကူညီမယ်ဆိုတာ သေချာလား။ ”

ချန်လွေ့ဆီမှ ခိုင်မာသည့် တုံ့ပြန်မှုကို ရရှိပြီးတော့ ပါ့ဂ်လီအိုသည် ရုပ်တည်ဖြင့် ပြောလိုက်သည်။

“ မင်း မလှည့်စားနိုင်စေဖို့ ငါတို့က ကျွန်-သခင် စာချုပ် ချုပ်ရမယ်။ ”

ဤလောကရှိ စာချုပ်သည် စိတ်အရင်းခံလူနှစ်ယောက် လိုအပ်သည့် ထူးခြားသော စိတ်ဝိညာဉ် စည်းမျဉ်းတစ်ခုဖြစ်သည်။စည်းမျဉ်းချိုးဖောက်သူသည် အပြစ်ဒဏ်ခံရပေမည်။ကျွန်-သခင် စာချုပ်မှာ တင်းကြပ်လှသည်။ကျွန်သည် သစ္စာဖောက်ခဲ့လျှင် ချက်ချင်းသေရပေမည်။

ချန်လွေ့ တုံ့ဆိုင်းသွားသည်။ထို့နောက် ပါ့ဂ်လီအိုအား စိုက်ကြည့်ပြီး ခေါင်းခါလိုက်သည်။

“ ရပါတယ်။တခြားသူတွေကို ကယ်တင်တာက ယောက်ျားတစ်ယောက်ရဲ့ မွေးရာပါ အရည်အသွေးပဲ။ဒီကြင်နာမှုနဲ့ ခင်ဗျားရဲ့ လွတ်လပ်မှုကို ချည်နှောင်မှ မဟုတ်ပါဘူး။ခင်ဗျားလည်း ကျေးဇူးပြန်ဆပ်စရာ မလိုပါဘူး။ ”

ပါ့ဂ်လီအိုသည် နောက်ဆုံးမှ အဓိပ္ပာယ်ကို နားလည်သွားပေသည်။ပါ့ဂ်လီအိုသည် တစ်စုံတစ်ယောက်အား ကိုက်ချင်စိတ် ပေါက်သွားပြီး ဟိန်းဟောက်ပြောလိုက်သည်။

“ ငါက သခင်ပဲ။မင်းက ကျွန်။ချီးထုပ်။ဒါက ကြင်နာမှု မဟုတ်ဘူး။ဒါက အပေးအယူပဲ။ ”

အပေးအယူ လုပ်ဖို့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိရမယ်လေ။

ချန်လွေ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဒါက အပေးအယူ ဆိုတော့လည်း ကျုပ်တို့က ရိုးသားပြီးတော့ ဆိုင်ရာဆိုင်ရာတွေကို ဆွေးနွေးသင့်တယ်။ ”

All Chapters