← Chapters

နတ်ဆိုးဘုံရှိ နာမည်ကြီးများ

Vol. 1 Ch. 12

နတ်ဆိုးဘုံရှိ နာမည်ကြီးများ

Vol. 1 Ch. 12

ချို၃ချောင်းကြံများသည် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ ချန်လွေ့နှင့်အသီနာတို့သည်လည်း စိတ်ပူစရာများ အသီးသီး ရှိကြသည်။သို့သော်လည်း မည်သူမှ စကားမပြောကြပေ။အခြေအနေသည် ထူးဆန်းနေသည်။

“ အသီနာ။ငါက လူသားလေ။နတ်ဆိုးဘုံအကြောင်း မသိသလောက်ပဲ။အခုငါက အမှောင်လ မြို့သားတစ်ယောက်ဆိုတော့ ကျဆုံးနတ်သမီး အင်ပါယာ အကြောင်း သိချင်တယ်။မင်းငါ့ကို ပြောပြနိုင်မလား။ ”

ချန်လွေ့၏ မေးခွန်းက ကိုးရိုးကားရား အခြေအနေကို ချိုးဖျက်ပေးလိုက်သည်။

ထိုတောင်း‌ဆိုမှုသည် သာမန်သာဖြစ်သည့်အတွက် အသီနာလည်း ဘာမှမစဉ်းစားဘဲ စရှင်းပြတော့သည်။

နတ်ဆိုးဘုံသည် မူလက တော်ဝင်မိသားစု ၇စု ရှိခဲ့သည်။‌တိုက်ပွဲပေါင်းများစွာ၊ သုတ်သင်မှုများစွာ ပြီးနောက်တွင် အဆုံးသတ်၌ တော်ဝင်မိသားစု ၃စုသာ ကျန်ရစ်ခဲ့သည်။၎င်းတို့မှာ ကြယ်ကြွေတမန် အင်ပါယာအား အုပ်စိုးသည့် လူစီဖာ မိသားစု၊ သွေးရောင် အင်ပါယာကို အုပ်စိုးသည့် မန်မန် မိသားစု၊အရိပ်နက် အင်ပါယာအား အုပ်စိုးသည့် အက်စ်မိုဒက်စ် မိသားစုတို့ ဖြစ်ကြသည်။နတ်ဆိုးဘုံရှိ ဤ အင်ပါယာသုံးခုသည် အားသာချက်၊အားနည်းချက် ကိုယ်စီ ရှိကြသည်။သူတို့ တည်ရှိလာခဲ့သည်မှာ နှစ်သောင်းချီ ကြာခဲ့လေပြီ။

လူသားလောက နှင့် နတ်ဆိုးဘုံ ကြားရှိ အကာအရံသည် နှစ်၅၀၀တိုင်း အားနည်းသွားပြီး ၎င်းသည် လောက နှစ်ခုကြားရှိ စစ်ပွဲများကို  စတင်စေသည်။ကျဆုံးနတ်သမီး အင်ပါယာ၏ သန်းခေါင်နေ လူစီဖာ သည် နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး ဖြစ်ပြီး နတ်ဆိုးတိုင်းက လေးစားကြသည်။လွန်ခဲ့သည့် နှစ်၃၀၀ခန့် လူသားများနှင့် စစ်တိုက်ရာတွင်  သန်းခေါင်နေ လူစီဖာသည် နတ်ဆိုးညွန့်ပေါင်းအဖွဲ့၏ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။အစွမ်းထက်ဆုံး လူသားသုံးယောက်အား သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။မြေပြင်ပေါ်ရှိ တောက်ပနေသည့် လောကအား ပြန်နိုင်မယ့် မျှော်လင့်ချက်ကို နတ်ဆိုးစစ်တပ်အား သူပေးနိုင်ခဲ့သည်။သို့သော်လည်း သန်းခေါင်နေ အရှင်သည် လျို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သူ‌တစ်ယောက်၏ နောက်ကျောဓားထိုးခြင်း ခံရပြီး အသတ်ခံလိုက်ရသည်။ထို့ကြောင့် စစ်တပ်လည်း ခေါင်းဆောင်မရှိတော့ဘဲ ရှုံးနိမ့်ကာ နတ်ဆိုးဘုံဆီသို့ ဆုတ်ခွာခဲ့ကြရတော့သည်။

သန်းခေါင်နေ အရှင် သေဆုံးပြီးနောက်တွင် အိမ်ရှေ့မင်းသား ဂါရမ်းလူစီဖာသည် အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ရန် ငယ်ရွယ်လွန်းလှသည်။ရန်သူများဖြစ်သည့် သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့ကလည်း မျက်စိကျနေကြသည်။ကြယ်ကြွေတမန် အင်ပါယာသည် အတွင်းရောအပြင်ပါ ပြဿနာများ ရှိခဲ့သည်။

ထိုအချိန်၏ သန်းခေါင်နေ၏ ညီဖြစ်သူ ဂါရမ်း၏ ဦးလေး မင်းသား အိုဆိုင်ဒန် ရှေ့ထွက်လာပြီး အုပ်ချုပ်ရေးကိစ္စကို ယာယီ တာဝန်ယူခဲ့ပြီး သူ့ကို ဘုရင်ကိုယ်စားအုပ်ချုပ်သူ ဟု ခေါ်ကြသည်။မင်းသား အိုစီဒန်၏ အင်အားနှင့် စစ်တပ်စွမ်းအားတို့သည် သန်းခေါင်နေ အရှင်ကဲ့သို့ နိမ့်ကျသော်လည်း နိုင်ငံရေးနည်းစနစ်များတွင်တော့ ထူးချွန်လှသည်။နတ်ဆိုးတို့အတွက် သူ့အစ်ကို၏ စတေးခံမှု၊နတ်ဆိုးဘုံရှိ သန်းခေါင်နေ အရှင်၏ ကျန်ရှိသည့် ဩဇာတို့နှင့်အတူ မင်းသား အိုဆိုင်ဒန် သည် သွေးရောင်အင်ပါယာ နှင့် အရိပ်နက်အင်ပါယာ တို့နှင့်အတူ အကြမ်းမဖက်ရေး စာချုပ် ချုပ်ဆိုခဲ့ကြသည်။

သို့‌သော်လည်း ပြင်ပ ဘေးအန္တရာယ်များ ဖြေရီင်းပြီးနောက်‌တွင် မင်းသား အိုဆိုင်ဒန် သည် သူ၏ တူလေးဖြစ်သူ ဂါရမ်းအား အာဏာ မလွှဲပြောင်းပေးခဲ့ဘဲ သဘောထားကွဲလွဲမှုကို ဖျောက်ဖျက်ကာ ထီးနန်းကို အစားထိုးရန် ရည်ရွယ်ခဲ့သည်။သို့သော်လည်း အိုဆိုင်ဒန် သည် လူစီဖာ မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော “ ကြယ်ကြွေတမန်ဓား ” ၏ လက်ခံမှုကို မရရှိခဲ့ပေ။ထို့ပြင် စစ်တပ်ထဲရှိ သန်းခေါင်နေ အရှင်၏ ဩဇာနှင့်အတူ ဗိုလ်ချုပ် ၃ယောက်တွင် ၂ယောက်က မင်းသားဂါရမ်းအား ထောက်ခံကြသည်။ထို့ကြောင့် မင်းသား အိုဆိုင်ဒန် သည်  ဘုရင်ကိုယ်စား အုပ်ချုပ်သူ အဖြစ်သာ နေရလေသည်။သို့သော်လည်း အိုဆိုင်ဒန် သည် သူ၏ တူလေး ဂါရမ်း၏  “  ကြယ်ကြွေတမန်ဓား” အား သိမ်းယူပြီး လူသူကင်းမဲ့သည့် အမှောင်လ နယ်မြေတွင် သီးခြားပိတ်လှောင်ထားခဲ့ကာ လူလွှတ်၍ စောင့်ကြည့်စေခဲ့သည်။

အမှောင်လနယ်မြေသည် အန္တရာယ် ရှိလှသည်။အရင်းအမြစ် ရှားပါးပြီး သူခိုးများ သောင်းကြမ်းသည်။ကြောက်လန့်ဖွယ်ရာ သတ္တဝါကြီးများလည်းရှိပြီး လုံးဝ မဖွံ့ဖြိုးနိုင်သည့်နေရာ ဖြစ်သည်။မင်းသားဂါရမ်းလည်း စိတ်ဓာတ်ကျပြီး အခက်အခဲများ ကြားထဲတွင် သေဆုံးသွားခဲ့သည်။သူ၏ သမီးနှစ်ယောက်ဖြစ်သည့် ရှီရာ နှင့် အဲလစ် တို့နှစ်ယောက်သာ ကျန်ခဲ့သည်။

ငယ်စဉ်ကတည်းက ရှီရာသည် ဖခင်ဖြစ်သူ၏ ထီးနန်းပြန်ရယူရန် အယူဝါဒ သွတ်သွင်းမှုကြောင့် အေးစက်ပြီး ကြမ်းတမ်းသည့် စရိုက်လက္ခဏာ ဖြစ်လာခဲ့သည်။သူသည် တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။အားနည်းသည့် ဖခင်ဖြစ်သူကဲ့သို့ မဟုတ်ဘဲ အဘိုးဖြစ်သူ သန်းခေါင်နေ ၏ ပုံစံနှင့်တူသည်။အသက်၁၆နှစ်မှာပင် အမှောင်လမြို့တော်အား သိမ်းယူပြီး ချက်ချင်းပင် နည်းလမ်းအမျိုးမျိုး သုံးကာ ဂုဏ်သိက္ခာ တည်ဆောက်ခဲ့သည်။နောက်ဆုံး၌ အမှောင်လမြို့အား အောင်အောင်မြင်မြင် အုပ်စိုးနိုင်ခဲ့သည်။

သို့သော်လည်း ရှီရာ၏ အထင်ကြီးစရာ အရည်အသွေးများ၊ရည်ရွယ်ချက်များနှင့်ပင် အမှောင်လ နယမြေ၏ မနှစ်မြို့ဖွယ် အခြေအနေကို မပြောင်းလဲနိုင်ခဲ့ပေ။ဂါရမ်း သေဆုံးသွားပြီးနောက်တွင် အခြား အင်ပါယာ ဗိုလ်ချုပ်တစ်‌ယောက်သည် မင်းသား အိုစီဒန်ဘက် လှည့်လာခဲ့သည်။အမှောင်လ မြို့တော်အား ဆက်လက်ထောက်ပံ့နေသည့် စစ်တပ်အင်အားစုမှာ အသီနာ၏ ဖခင် ဖြစ်သည့် ပထမဆုံး ဗိုလ်ချုပ် ဂျော့ချ်ဝဲလ်စ် ဖြစ်သည်။

ဗိုလ်ချုပ်ဂျော့ချ်သည် ယခုတွင် သွေးရောင်အင်ပါယာနှင့်အတူ မြောက်ပိုင်းနယ်စပ်ရှိ  မှော်ဆရာခံတပ်အား စောင့်ကြပ်နေရသည်။လွန်ခဲ့သော၃နှစ်တွင် ဗိုလ်ချုပ်ဂျော့ခ်ျက ‌အိမ်ရှေ့မင်းသားရဲ့ မျိုးဆက်များကို ဆက်လက်ထောက်ပံ့နေသေးသည်ဟု အခြားသူများအား သိစေရန်အတွက် ဖခင်ဖြစ်သူ၏ ညွှန်ကြားချက်နှင့်အတူ အသီနာသည် အမှောင်လမြို့တော် ဆီသို့ လာခဲ့သည်။

ထိုနှစ်များထဲတွင် ရှီရာ ပိုင်ဆိုင်သင့်သည့် “ ကြယ်ကြွေတမန်ဓား ” ကို မင်းသား အိုဆိုင်ဒန် က အဆက်မပြတ် လေ့လာနေခဲ့သည်။ထိုအဆောင်ပစ္စည်း၏ လျို့ဝှက်ချက်အား ဖော်ထုတ်နိုင်ပြီး လက်ခံမှု ရရှိသည့်အခါ သူသည် စစ်မှန်သည့် ဧကရာဇ်တစ်ယောက် ဖြစ်လာပေမည်။ဆန့်ကျင်ဘက်ဖြစ်သည့် ဗိုလ်ချုပ်ဂျော့ခ်ျ သည်လည်း သစ္စာခံရပေမည်။

“ မင်းသမီးရှီရာ အတွက်လည်း မလွယ်ခဲ့ဘူး။သူတစ်ယောက်တည်းနီးပါး အမှောင်လနယ်မြေကို ထောက်ပံ့ထားပေးတာ။ ”

အသီနာက နက်နက်ရှိုင်းရှိုင်း ပြောလိုက်သည်။

“ အိမ်ရှေ့မင်းသားက သူ့အပေါ် အရမ်းတင်းကြပ်ခဲ့တယ်။သူက ဖိအားတွေအများကြီး ခံစားရတာကြောင့် အေးတိအေးစက် ဖြစ်သွားတယ်။အဲလစ်တောင် သူ့ကိုကြောက်တယ်။သူငယ်ငယ်တုန်းကတော့ အရမ်း သိမ်မွေ့ နူးညံ့ခဲ့တာ.... ”

အမှောင်လမြို့၏ အခြေအနေ အတော်ဆိုးသည်ကို ချန်လွေ့ ယခုမှ သဘောပေါက်သွားသည်။အကယ်၍ မင်းသား အိုစီဒန်သာ “ ကြယ်ကြွေတမန်ဓား ” သုတေသနအားပြီးစီးပြီး အမှောင်လမြို့ဆီ စစ်တိုက်ခဲ့လျှင် အဆိပ်နဂါး၏ လုံခြုံရေးအား မည်သူမှ တာဝန်မယူနိုင်ကြောင့် ချန်လွေ့  ရုတ်တရက် သတိရသွားသည်။သူရှုံးခဲ့လျှင် ဆရာသခင် ပါ့ဂ်လီအိုသည် နဂါးနိုင်စစ်သည်အတွက် ဒိုင်းဆုဖြစ်ပြီး ချန်လွေ့လည်း သေရပေမည်။အဆိပ်နဂါး၏ [ အလင်းအမှောင်သော့ခလောက်] ချိပ်ပိတ်အား ဖျက်စီးပြီး တစ်နေရာရာ၌ အခြေချရန် လိုအပ်ပေသည်။ယခုတွင် စူပါစနစ်၏ အစွမ်းများကို သေချာမသိသေးပေ။ထို့ကြောင့် အသီနာ၏ ခွန်အားအတွက် သူ၏ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို စတေးရပေမည်။

ချန်လွေ့ အကွက်ချလိုက်ပြီး တစ်ပြိုင်နက် ပြောလိုက်သည်။

“ တော်ဝင်မိသားစုတွေမှာ အထူး သွေးပါရမီတစ်ခု ရှိတယ်လို့ ဆရာအဲဒက်စ်ပြောတာ ကြားဖူးတယ်။လူစီဖာ တော်ဝင်မိသားစုရဲ့ ပါရမီတွေက ဘာလဲဆိုတာ သိလား။ ”

အသီနာ ပြန်ပြောလိုက်သည်။

“ အဖေ့ဆီက ကြားဖူးတာရှိတယ်။တော်ဝင်မိသားစုရဲ့ နိုးထမှုအဆင့် မြင့်လေလေ သူတို့သုံးနိုင်တဲ့ ပါရမီတွေက ပိုအစွမ်းထက်လေပဲ။လူစီဖာမိသားစုရဲ့ အစွမ်းထက်ဆုံး ပါရမီက  [ အလင်းအမှောင်နှလုံးသား ] ပဲ။အဲ့ဒါက စွမ်းအားတွေ အားလုံးကို ဝါးမျိုနိုင်တယ်။လူသားတွေရဲ့ အလင်းစွမ်းအင် အပါအဝင်ပေါ့။[ မီးတောက်နက် ] နဲ့ [ သိဒ္ဓိတောင်ပံ] တို့လည်းရှိတယ်။အရင်ကဆိုရင် သန်းခေါင်နေ အရှင်က ဒီစွမ်းအားသုံးခုကို မှီခိုပြီးတော့ နတ်ဆိုးဘုံမှာ အစွမ်းထက်ဆုံး ဖြစ်လာခဲ့တယ်။အခု အစွမ်းထက်ဆု နတ်ဆိုးဖြစ်တဲ့ သွေးရောင်အင်ပါယာရဲ့ မဟာ ရိုင်ဇန် တောင်မှ အရှုံးပေးရမှာ။ ”

သန်းခေါင်နေ အရှင် အကြောင်းပြောသည့်အခါ အသီနာ၏ မျက်နှာတွင် လေးစားမြတ်နိုးမှုများ ပြည့်နေသည်။ဤကောင်မလေးသည် ကြမ်းတမ်းရသည်ကို မြတ်နိုးသည်ဟု ချန်လွေ့ စိတ်ထဲတွင် တွေးလိုက်သည်။ပါ့ဂ်လီအို ပြောသည့်အတိုင်းသာ အသီနာအား ချန်လွေ့လိုက်ခဲ့လျှင် သူ၏ သဘောကျ မဖြစ်နိုင်ပေ။ထို့နောက် ချန်လွေ့ ထပ်မံမေးလိုက်သည်။

“ ဒါဆိုရင်...[ စိတ်ဖတ်ခြင်း ]လိုမျိုး တခြားပါရမီတွေလည်း ရှိလား။ ”

“  [ စိတ်ဖတ်ခြင်း ] လား။ ”

အသီနာချက်ချင်း ခေါင်းခါလိုက်သည်။

“ မရှိဘူး။လူစီဖာ တော်ဝင်မိသားစုမှာ သွေးပါရမီ သုံးခုပဲရှိတယ်။နတ်ဆိုးဘုံက လူတိုင်းသိကြတယ်။ ”

နောက်ဆုံးတော့ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။အဲလစ်ပြောခဲ့သည့် [ စိတ်ဖတ်ခြင်း ] မှာ ခြောက်လှန့်သည့် နည်းဗျူဟာ တစ်ခုသာ ဖြစ်လေသည်။

ချန်လွေ့ ခဏတွေ့လိုက်ပြီး အဲလစ်အားမဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။သို့မဟုတ်ပါက ဤလိုလီလေးသည် တခြား ကောက်ကျစ်သည့် အကြံများ ထုတ်လာနိုင်သည်။ကမ္ဘာဦးခေတ် ကိစ္စကိုတော့ သူဖြည်းဖြည်းချင်း စာရင်းရှင်းပေမည်။

“ အသီနာ။ငါ့မေးတာတွေက တော်ဝင်မိသားစုတွေရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်နိုင်တယ်။အထူးသဖြင့် မင်းသမီးလေးကို မပြောနဲ့။လျို့ဝှက်ထားပေး။ ”

“ အင်း။ငါဘယ်သူ့ကိုမှ မပြောဘူး။ ”

ချန်လွေ့နှင့် စကားခဏပြောပြီးနောက် အသီနာရင်ထဲရှိ ဝန်ထုတ်ဝန်ပိုးများလည်း အတော်အတန် ကျဆင်းသွားသည်။ထိုအကြောင်းကို သူ ကြားလိုက်သည့်အခါ အသီနာသည် အကျင့်အတိုင်း ရင်ဘတ် ပုတ်လိုက်မိသည်။ရုတ်တရက် သူ၏ ရင်သားများ ယိမ်းထိုးသွားသည်။ချန်လွေ့၏ မျက်လုံးများလည်း ယိမ်းထိုးလုမတတ် ဖြစ်သွားသည်။

သူတို့နှစ်ဦးစကား ဆက်ပြောနေလေသည်။ချန်လွေ့သည် အသီနာထံမှ အသုံးဝင်သည့် အချက်အလက်များစွာ ရရှိခဲ့သည်။နတ်ဆိုးများ၏ စွမ်းအားအဆင့် သတ်မှတ်ချက်များမှာ အနိမ့်ဆင့် နတ်ဆိုး၊အလယ်ဆင့်နတ်ဆိုး၊အမြင့်ဆင့် နတ်ဆိုး၊နတ်ဆိုးဘုရင်၊ မဟာနတ်ဆိုးဘုရင်၊နတ်ဆိုးဧကရာဇ်၊နတ်ဆိုးအရှင်သခင်၊နတ်ဆိုးဒိပ် တို့ဖြစ်ကြသည်။

အဆင့်တစ်စုစီသည် ရေဝေကုန်းတန်း ကဲ့သို့ပင် ဖြစ်သည်။စွမ်းအားများစွာ ကွာခြားရုံသာမက အဆင့်ဖိနှိပ်ခြင်းလည်း ရှိပေသည်။ဥပမာပြောရလျှင် အမြင့်ဆင့် နတ်ဆိုးအား အလယ်ဆင့်နတ်ဆိုး တစ်ယောက် ရင်ဆိုင်သည့်အခါ အစွမ်းကုန်သုံးလျှင်တောင် တိုက်ခိုက်နိုင်ခဲလှသည်။

အဆင့်တူတူ၌ အဆင့်ဖိနှိပ်ခြင်း မရှိသော်လည်း စွမ်းအား ကွာခြားချက် ရှိ‌နေသေးသည်။ဥပမာဆိုရလျှင် အထွတ်အထိပ် ရောက်နေပြီဖြစ်သည့် ဝါရင့် အမြင့်ဆင့် နတ်ဆိုးသည် ယခုမှ အဆင့်တက်လာကြသည့် အမြင့်ဆင့် နတ်ဆိုးဆယ်ယောက်အား အနိုင်ယူနိုင်ပေသည်။

နတ်ဆိုးဒိပ်သည် ဒဏ္ဍာရီထဲမှ အမြင့်ဆုံး အဆင့်ဖြစ်သည်။ထိုအစွမ်းသည် နတ်ဘုရားများကိုပင် ကြောက်ရွံ့စေနိုင်သည်ဟု ပြောကြသည်။သို့သော်လည်း နတ်ဆိုးဒိပ် ဖြစ်သွားသည့် နတ်ဆိုးတစ်ယောက်ကိုမှ မကြားဖူးချေ။လွန်ခဲ့သည့် နှစ်၃၀၀ခန့်က သန်းခေါင်နေ အရှင်သည် အလွန် ပါရမီ ရှိလှသည်။နတ်ဆိုးအရှင်သခင် အထွတ်အထိပ်အထိ သူ လေ့ကျင့်ခဲ့သည်။နတ်ဆိုးဒိပ် ဖြစ်ရန် တစ်ဆင့်သာ လိုခဲ့သည်။သို့သော်လည်း ကံမကောင်းစွာပင် လူသားများနှင့် စစ်ဖြစ်နေရင်း သူ ဆုံးပါးသွားခဲ့သည်။

ယနေ့တွင် သွေးရောင်အင်ပါယာ၏ မဟာ ရိုင်ဇင် နှင့် အရိပ်နက် အင်ပါယာ၏ မဟာ ကတ်သယ်ရင်း တို့သည် ဝါရင့် နတ်ဆိုးအရှင်သခင်များ ဖြစ်ကြပြီး အစွမ်းထက်သည့် လက်အောက်ငယ်သား များစွာရှိကြသည်။သို့သော်လည်း သူတို့သည် သန်းခေါင်နေ အရှင်ကို မယှဉ်နိုင်ကြပေ။ကျဆုံးနတ်သမီး အင်ပါယာ၏ အစွမ်းထက်ဆုံးမင်းသား အိုဆိုင်ဒန်သည် ထိပ်သီး နတ်ဆိုးအရှင်သခင်တစ်ယောက် ဖြစ်သော်လည်း သူ၏အစွမ်းမှာ အနည်းငယ် နိမ့်ကျပေသည်။“ ကြယ်ကြွေတမန်ဓား ” အဆောင်ပစ္စည်း၏ အစွမ်းကို ရပြီးမှသာ အခြားသူနှစ်ဦးနှင့် ယှဉ်နိုင်လောက်ပေမည်။

အသီနာသည် သေမင်းဟု သိကြသည့် မဟာနတ်ဆိုး မိသားစုဝင် တစ်ယောက်ဖြစ်သည်။သေမင်းများသည် မွေးကတည်းက အစွမ်းထက် စစ်သည်များ ဖြစ်ကြပြီး လက်နက်မျိုးစုံ၌ ကျွမ်းကျင်သည်။ကောက်ရိပ်ဓား တစ်ခုတည်း မဟုတ်ပေ။အသီနာသည် ဓားရေး ကျွမ်းကျင်သည်။အသက်၁၉နှစ်မှာပင် ထိပ်သီး အလယ်ဆင့် နတ်ဆိုး တစ်ယောက် ဖြစ်နေလေပြီ။အမြင့်ဆင့် နတ်ဆိုးဖြစ်ရန် ဆံချည်တစ်မျှင်စာသာ လိုတော့သည်။နတ်ဆိုးများအဖို့ သူသည် အထင်ကြီးစရာ ဉာဏ်ကြီးရှင်ဟု သတ်မှတ်နိုင်သည်။

နတ်ဆိုးတိုင်းသည် ထိပ်ဆုံးသို့ရောက်ရန် မလေ့ကျင့်နိုင်ကြပေ။ဥပမာအနေဖြင့် သေမင်း၏ အထက် ကန့်သတ်ချက်မှာ အမြင့်ဆင့် နတ်ဆိုးဖြစ်ပြီး ‌ရှားပါးသည့် သန္ဓေပြောင်းမှု မရှိခဲ့လျှင် မှင်စာသည် အမြဲပင် အနိမ့်ဆင့်သာ ဖြစ်သည်။

အဆိပ်နဂါးကို ရင်ဆိုင်ရာ၌ ချန်လွေ့၏ လုပ်ဆောင်ချက်များက အသီနာအား အမြင်ပြောင်းလဲစေခဲ့သည်။သူတို့နှစ်ဦး စကားပြောရသည်မှာ အဆင်ချောလာသည်။ ဤလူသားသည် မသန်မာသော်လည်း သတ္တိနှင့်ဉာဏ်ပညာမှာ လေးစားထိုက်သည်ဟု အသီနာ ခံစားရသည်။ချန်လွေ့သည် သူမုန်းသည့် လူစားမျိုး မဟုတ်ပေ။

“ အသီနာ.... ”

အဲလစ်၏ အပျင်းထူသည့်အသံသည် သူတို့နှစ်ဦး စကားပြောနေသည်ကို နှောင့်ယှက်လိုက်သည်။

“ အဲလစ်။နင် နိုးလာပြီ။ ”

အသီနာသည် အဲလစ်အား တအံ့တဩဖြင့် ကူထပေးလိုက်သည်။

“ ငါတို့အခု ဘယ်မှာလဲ။ပျော်ပွဲစားက မပြီးသေးဘူးလေ။ ”

အဲလစ်သည် မှုန်ဝါးဝါးမျက်လုံးများကို ပွတ်သပ်လိုက်သည်။

“ ပြီးသွားပြီ။နင်နဲ့ခီရာက ပုံပြင်နားထောင်ရင်း အိပ်ပျော်သွားတာ။ငါ နင်တို့နှစ်ယောက်ကို ချို၃ချောင်း ကြံပေါ် တင်ပေးခဲ့တာ။ငါတို့အခု အမှောင်လ မြို့ဆီ ပြန်နေတာ။ ”

အဲလစ် ခဏစဉ်းစားလိုက်ပြီး ထိုကဲ့သို့ပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။အဲလစ် အပျင်ကြော ဆန့်လိုက်ပြီး ချန်လွေ့ကိုပြောလိုက်သည်။

“ ရှင် ပုံပြင်ပြောတာ ကောင်းတယ်။မင်းသမီးတစ်ယောက် အနေနဲ့ တစ်နေ့ကို ပုံပြင်တစ်ပုဒ် ပြောပြဖို့ ရှင့်ကို အမိန့်ပေးတယ်။ပြီးတော့ အကင်..... ”

နောက်ထပ် ဘယ်ပုံပြင်မှ စဉ်စား၍မရတော့ကြောင်း ချန်လွေ့ အလျင်အမြန်ပြောလိုက်သည်။

ဒီနေ့ နှင်းဖြူလေးက သနားစရာကောင်းနေပြီ။တခြား ဇာတ်ကောင်တွေကိုပါ မနှိပ်စက်ပါနဲ့တော့။

အသီနာ ပြန်ပြောလိုက်သည်။

“ အဲလစ်။အဲ့ဒီပုံပြင်က စိတ်ဝင်စားစရာ မကောင်းဘူး။ချန်လွေ့ကို နောက်ထပ် ဝီဝီ ပဟေဠိ တစ်ခု လုပ်ခိုင်းရအောင်။ ”

“ အသီနာ။နင်သူ့ကို ‘ ချန်လွေ့ ’ လို့ ခေါ်လိုက်တာလား။နင်အမြဲတမ်း သူ့ကို လူသား လို့ပဲခေါ်တာမလား။နင် ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုတာ ငါမှတ်မိပါတယ်။“ နှင်းဖြူ ” ပုံပြင် စပြောတုန်းက နင်ကောင်းကောင်းလေး နားထောင်နေခဲ့တာပဲ။ဘာလို့နင် အခု.... ”

အဲလစ်က သံသယဖြင့် ပြောလိုက်သည်။

လိုလီလေးသည် ချန်လွေ့ နှင့် အသီနာတို့အား သေချာ စစ်ဆေးကြည့်နေလိုက်သည်။ ထို့နောက် သူ၏ မျက်လုံး ကျဉ်းသွားသည်။

“ တစ်ခုခုတော့ ရှိရမယ်။တစ်ခုခုတော့ တစ်ခုခုပဲ။ ”

အဲလစ်၏ တုံ့ပြန်မှုက ချန်လွေ့အား ကြက်သီးထသွားစေသည်။အသီနာလည်း လိပ်ပြာမလုံပေ။ထို့နောက် လို‌လီလေး မေးလိုက်ပြန်သည်။

“ အသီနာ။နင့်ဓားကော။ ”

အသီနာသည် သနားစရာကောင်းသည့် မျက်နှာ ဖြစ်သွားပြီး ခေါင်းငုံ့နေလိုက်သည်။

“ ခုနက ဝိုင်ဗန် တစ်ကောင် ပျံလာတာ ငါတွေ့တယ်။အဲ့ဒါကို ငါခြောက်လှန့်ခဲ့တာ။ ပြီးတော့ ဓားက ရေကန်ပြာထဲ ပြုတ်ကျသွားတယ်။ပြန်ရှာရင်တောင်ဘာမှမထူးတော့ဘူး။ ”

[ ဝိုင်ဗန် = ဆူးချွန်ပါသည့် အမြှီးပါရှိသော ခြေနှစ်ချောင်း နဂါး။ ]

အသီနာ အမှန်အတိုင်း မပြောခဲ့သော်လည်း သူ၏ ဓားအတွက် ဝမ်းနည်းသည်မှာ အတုမဟုတ်ပေ။အဲလစ်သည် အသီနာ ဓားပေါက်ကျွမ်းသည်ကို သိသည်။ထို့ကြောင့် သံသယ မဖြစ်ခဲ့ပေ။သူ၏ ကြည်လင်သည့် မျက်လုံးနှစ်လုံးသည် ချန်လွေ့ မျက်နှာပေါ်သို့ ကျလာသည်။

“ ငါဘယ်လို အိပ်ပျော်သွားလဲဆိုတာ မမှတ်မိဘူး။အဆိပ်မိ သွားတာလး။ ”

နားထေင်နေရင်း ချန်လွေ့ ချွေးပြန်လာသည်။သူ၏နှလုံးသား တင်းမာမှုကို ဖုံးအုပ်ရန်အတွက် ရေတစ်ငုံ သောက်လိုက်သည်။အဆိပ်နဂါး၏ အဆိပ်အစွမ်းကိုသာ မယုံခဲ့လျှင် အဲလစ်သည် ဟန်ဆောင် အိပ်နေသည်ဟု ချန်လွေ့ ထင်ပေမည်။ဤ လိုလီလေး၏ တွေးခေါ်နိုင်စွမ်းသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ရုတ်တရက်ပင် အဲလစ်သည် အသံမြှင့်ကာ ပြောလိက်သည်။

“ ချန်လွေ့။ရှင်က ကျွန်မရဲ့ အလှအပကို မက်မောနေတာပဲ ဖြစ်ရမယ်။အဲ့ဒါကြောင့် ရှင်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အကင်ထဲမှာ အဆိပ်ခတ်ခဲ့တယ်။နောက်ဆုံးတော့ အဲ့ဒါကို အသီနာက ရှာတွေ့သွားတယ်။ဒါပေမဲ့ရှင်က လူစီဖာ တော်ဝင်မိသားစုရဲ့ ဂုဏ်သတင်းနဲ့ ခြိမ်းခြောက်ပြီး အသီနာကို လျို့ဝှက်ထားခိုင်းတယ်။ပြီးတော့ ရှင့်ရဲ့ မတော်မတရားပြုမှုကို အလျှော့ပေးခိုင်းတယ်။ဟုတ်တယ်မလား။ ”

“ ထွီး ”

ချန်လွေ့သည် အချိန်မီ ရေကို မမျိုချနိုင်ခဲ့ဘဲ နှာခေါင်းမှ ပြန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

အရင်က ထင်မြင်ချက်က မှားတယ်။ဒီ လိုလီလေးရဲ့ တွေးခေါ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းတာမဟုတ်ဘူး။မဖော်ပြနိုင်လောက်အောင် ထိတ်လန့်စရာကောင်းတာ။

အဲလစ်၏ ရူးကြောင်ကြောင် စိတ်ကူးများကို အသီနာ ကြက်သေသေသွားသည်။ သို့သော်လည်း သူ ကျင့်သားရနေပြီ ဖြစ်သည်။သူ ပို၍ တည်ငြိမ်သွားသည်။ နောက်ဆုံးတော့ ချန်လွေ့သည် ခေါင်းဆိုးသွားခဲ့သည်။ချန်လွေ့ စကားပြောရန် ပြင်လိုက်စဉ် အဲလစ်၏ ဝမ်းနည်းနေသည့် မျက်နှာကို မြင်လိုက်ရသည်။အဲလစ်သည် သူ၏ ဝမ်းဗိုက်အား ကိုင်ကာ ပြောလိုက်သည်။

“ ဘုရားရေ။ငါ လူသားကလေး လွယ်ရတော့မှာလား။ ”

ချန်လွေ့တွင် အဲလစ်၏ ပေါ့ပျက်ပျက် သရုပ်ဆောင်စွမ်းရည်အား ဝေဖန်ရန် အချိန်ပင် မရဘဲ သူ၏ စကားများကြောင့် မှင်တက်သွားပြီး သွေးအန်သွားသည်။

အသီနာသည် မနိုးသေးသည့် ခီရာအား အခြား ချို၃ချောင်းကြံဆီသို့ ခေါ်သွားပြီး မကြားချင်ယောင်ဆောင်လိုက်သည်။

အဲလစ်သည် ကိုယ့်ကိုယ်ကို သနားကာ ပြောလိုက်သည်။

“ ကလေးကြီးလာလို့ အဖေ ဘယ်သူလဲမေးရင် ငါဘယ်လို ဖြေရမှာလဲ။ ”

All Chapters