← Chapters

အေးစက်စက် တော်ဝင်မင်းသမီး

Vol. 1 Ch. 13

အေးစက်စက် တော်ဝင်မင်းသမီး

Vol. 1 Ch. 13

အံ့ဩပြီး စိတ်ဓာတ်ကျနေလေသည်။အဲလစ်သည် သူ၏ “ အောင်ပွဲ ” ကို အလွန် ကျေနပ်နေပြီး တိမ်ပေါ် လွင့်နေသည်။

မြို့တံခါးဆီသို့ သူတို့ရောက်သည့်အခါ ဗိုလ်ချုပ်အဲလန်သည် သူတို့အား ထပ်မံတားလိုက်ပြန်သည်။အကြောင်းမှာ ချန်လွေ့အား တော်ဝင်မင်းသမီးက ဆင့်ခေါ်၍ ဖြစ်သည်။အဲလန်သည် သူတို့အား နန်းတော်ကောင်စီခန်းမဆီသို့ ချက်ချင်း ခေါ်သွားသည်။နတ်ဆိုး ဗိုလ်ချုပ်သည် အမိန့်အား ပြန်ကြားရာတွင် သူ၏မျက်လုံး၏ မနာလိုမှုများ ရှိနေသည်။

ဒီလူက အစတုန်းက အကျဉ်းသားပဲ။ဆရာသခင်အဲဒက်စ်က တန်ဖိုးထားရတဲ့အထိ ဘာလို့သူ ကံကောင်းရတာလဲ။အခု တော်ဝင်မင်းသမီး ကိုယ်တိုင်ကတောင် သူ့ကို ဆင့်ခေါ်နေပြီ။

မင်းသမီးရှီရာသည် ရက်စက်ပြီး စိတ်ခိုင်မာသည်ဟု အသီနာထံမှ ချန်လွေ့ သိခဲ့ရသည်။သူ့တွင် သန်းခေါင်နေ အရှင်ကဲ့သို့ အမူအကျင့် ရှိလေသည်။အမှောင်လမြို့ရှိ နတ်ဆိုးတိုင်းသည် သူ့အား ရိုသေမြတ်နိုင်းကြသည်။အဲဒက်စ်၏ တပည့်ဟူသော သတင်ပျံ့သွားလျှင် တော်ဝင်မင်းသမီး၏ အာရုံစိုက်ခံမည်ကို ချန်လွေ့ သိသည်။သို့သော်လည်း ဤကဲ့သို့ မြန်မြန် ဆင့်ခေါ်ခံမည်ဟု မထင်ခဲ့ပေ။ချန်လွေ့ အနည်းငယ် ကြောက်နေသည်။

မြို့တံခါးသို့ ဝင်လာစဉ်က အဲလစ်သည် ချန်လွေ့ ဆီသွားပြီး အနားကပ်ကာ ခက်ခက်ထန်ထန် ပြောလိုက်သည်။

“ ဒီနေ့လမ်းတစ်လျှောက်လုံး ကျွန်မ ပြောခဲ့တာတွေ အစ်မကို သွားမပြောနဲ့။မဟုတ်လို့ကတော့ ရှင့်ကို သင်းကွပ်ပစ်မယ်။ ”

သူ၏ ခြိမ်းခြောက်မှုသည် ပြင်းထန်သော်လည်း နောက်ဆုံးတော့ လိုလီလေး ကြောက်နေသည်ကို ချန်လွေ့ သတိထားမိလိုက်သည်။

တော်သေးတာပေါ့။အသီနာပြောတာ မှန်တယ်။ဒီထူးဆန်းတဲ့ မင်းသမီးလေးမှာလည်း ကြောက်ရတဲ့သူ ရှိတာပဲ။

ချန်လွေ့သည် နားယားသည့်ဒဏ်ကို ခံရင်း တမင်တကာပင် မေးခွန်းတစ်ခု တီးတိုးပြောလိုက်သည်။

“ ဒါဆိုရင် မင်းကိုငါ တာဝန်ယူပေးစရာ မလိုတော့ဘူးပေါ့။ဒါမှမဟုတ် မင်းဗိုက်ထဲက ကလေးက.... ”

“ ပြောရဲပြောကြည့် ”

လိုလီလေးသည် လူသတ်ချင်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ အိပ်မက်မက်မနေနဲ့။အသီနာ ရှိနေတာပဲ။ရှင်တကယ်လို့ ကျွန်မကို တစ်ခုခု လုပ်ရဲရင် အခုဆို ရှင့်ရဲ့လက် ကျိုးသွားပြီ။ ”

ချန်လွေ့သည် ရုတ်တရက် သဘောပေါက်သွားသည့်ဟန် ပြလိုက်သည်။

“ အိုး။အဲ့လိုကိုး။အစကတော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ။မင်းသမီးလေး သရုပ်ဆောင်တာက တကယ့်ကို အံ့ဩစရာကောင်းတယ်။တကယ်လိုပဲ။ငါ ယုံကြည် မိတော့မလို့ပဲ။ ”

“ သရုပ်ဆောင်တာလား ”

အဲလစ်သည် ချက်ချင်းပင် ထိုစကားလုံး၏ အဓိပ္ပာယ်ကို နားလည်သွားပြီး စိုးရိမ်စွာ ပြောလိုက်သည်။

“ ကျွန်မ ခုနက ပြောတာက... ”

“ စိတ်မပူပါနဲ့။တော်ဝင်မင်းသမီးက နှိပ်စက်တာပဲဖြစ်ဖြစ်၊ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊မြှားခေါ်တာပဲဖြစ်ဖြစ် ငါ ဘာမှမပြောပါဘူး။မင်းသမီးလေး မယုံရင် [ စိတ်ဖတ်ခြင်း ] ကို သုံးကြည့်လို့ရတယ်။ချန်လွေ့သည် အသီနာအတိုင်း ရင်ဘတ်အား ပုတ်ပြလိုက်သည်။ကံမကောင်းစွာပငိ သူ၏ ရင်ဘတ်ကြွက်သား ဖွံ့ဖြိုးမှုမှာ လူကြမ်းမိန်းကလေးထက် နိမ့်ပါးလှသည်။ထို့ကြောင့် မည်သို့ပင် ကြမ်းကြမ်း ပုတ်ပုတ် မည်သည့် အကွေ့အကောက်မှ မရှိပေ။

လိုလီလေးသည် သူ၏အလိမ် ပေါ်သွားပြီကို မသိသေးဘဲ ချန်လွေ့၏ ပုခုံးအာ ကျေနပ်စွာ ပုတ်လိုက်သည်။

“ ရပါတယ်။ကျွန်မရှင့်ကိုယုံတယ်။ဒါပြီးရင် ဝီဝီ ပဟေဠိတွေ လုပ်ပေးဖို့ မမေ့နဲ့။ကျွန်မရှင့်ကို... ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ ”

ချန်လွေ့သည် လိုလီလေး၏ နောက်ဆုံးစကားများကို လျစ်လျူရှုထားလိုက်သည်။ ကောင်စီခန်းမရှေ့သို့ သူတို့ရောက်သည့်အခါ အေးစက်ပုံပေါ်သည့် သေမင်းတစ်ယောက်သည် အဲလစ်အား ဦးညွှတ်လိုက်သည်။

“ မင်းသမီး အဲလစ်။အပြင်မှာစောင့်နေပေးပါ။မင်းသမီးအဲလစ်က ဒီလူသားကို အရင် ဆင့်ခေါ်ထားခိုင်းပါတယ်။ ”

“ အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။အင်ပါယာ အစောင့်ချုပ် ခါဂူရွန်။ ”

အဲလစ်၏ ဖုံးကွယ်မှုသည် အမှန်ပင် အစွမ်းထက်လှသည်။ထိုအခိုက်တွင် အဲလစ်သည် မိန်းမပျိုလေးတစ်ယောက်၏ စံနမူနာပင် ဖြစ်သည်။

ခါဂူရွန် ခေါင်းညိမ့်လိုက်ပြီး ချန်လွေ့ဆီ သွားသည်။သူ၏အကြည့် လုံးဝမပြောင်းဘဲ ပြောလိုက်သည်။

“ လူသား။ငါနဲ့ လိုက်ခဲ့။ ”

ချန်လွေ့သည် ခါဂူရွန် နှင့်အတူ ကောင်စီခန်းမဆီ သွားလေသည်။ကောင်စီခန်းမသည် အလွန်ကျယ်ပြီး ပရိဘောဂများမှာလည်း အလွန် ရိုးရှင်းလှသည်။အလယ်ဗဟိုရှိ လှေကားများ ထိပ်၌ သရဖူဆောင်းထားပြီး ဂါဝန်အတွန့် ဝတ်ထားသည့် မိန်းမပျိုလေးတစ်ယောက် ရပ်နေသည်။ထိုမိန်းကလေးမှာ အမှောင်လမြို့တော်ရှိ အလှပဆုံးမိန်းကလေး ဖြစ်သည့် တော်ဝင်မင်းသမီးရှီရာ ပင်ဖြစ်သည်။

တော်ဝင်မင်းသမီးအား ချန်လွေ့တွေ့လိုက်ရာ သူ၏ အလှကြောင့် အံ့အားသင့်သွားသည်။‘ လုံးဝပြည့်စုံတယ်။ ’ချန်လွေ့ အနီးစပ်ဆုံး စဉ်းစား၍ရသည်မှာ ဤစကားလုံးသာ ဖြစ်သည်။အဲလစ်သည် သူ၏အစ်မနှင့်ယှဉ်လျှင် မရင့်ကျက်သေးသည့် ကလေးသာ ဖြစ်သည်။သူ၏ ယခင်ဘဝက ဆယ်လီများ ကြယ်ပွင့်များသည် မင်းသမီးရှီရာနှင့်ယှဉ်လျှင် ရွက်ကြမ်းရေကျိုများသာ ဖြစ်သည်။

ပြစ်ချက်တစ်ခုကို ပြောရလျှင် သူ၏ အေးစက်စက် စိတ်နေသဘောထားပင် ဖြစ်သည်။ကျောက်ခရီးပွင့်ကဲ့သို့ မျက်လုံးတစ်စုံသည် အေးစက်မှုကို ထုတ်လွှတ်နေသည်။

ဆိုင်ဘာကဖေးတစ်ခု၌ “ အိုတာခုများသည် တော်ဝင်မင်းသမီးကို သဘောကျကြလား။ဒါမှမဟုတ် လိုလီ ကို သဘောကျကြလား။ ” ဟူ၍ မဲပေးခိုင်းခဲ့ရာ ချန်လွေ့သည် ချက်ချင်းပင် “ တော်ဝင်မင်းသမီး ” ဟု မဲပေးခဲ့ဖူးသည်။

မင်းသမီးရှီရာသည် တော်ဝင်မင်းသမီးများအလယ်တွင်ပင် နတ်ဘုရားမ တစ်ယောက် ဖြစ်သည်။အေးတိအေးစက် တော်ဝင် မင်းသမီး တစ်ယောက်ပင်....

တော်ဝင်မင်းသမီးသည် ချန်လွေ့၏ အတွေးလွန်နေသည့်မျက်နှာကိုမြင်ပြီး မျက်မှောင်ကြုတ် လိုက်သည်။ဘေးမှ အဲဒက်ဒ်လည်း ချောင်းဟန့်လိုက်ရာ ချန်လွေ့ ရုတ်တရက် နိုးလာသည်။ချက်ချင်းပင် ချန်လွေ့သည် အတွေးများအား စုစည်းပြီး ဦးညွှတ်လိုက်သည်။

ဒါက သာမန်ယောက်ျားတွေရဲ့ တုံ့ပြန်မှု ဖြစ်ပေမဲ့ သူက နတ်ဘုရားမ မဟုတ်ဘူး။နတ်ဆိုး ဘုရင်မပဲ။င့ါအသက်က သူ့ထက်ထဲမှာ။သူ့ကိုငါ အနှောင့်အယှက်ဖြစ်စေခဲ့ရင် ငါတော့ ပြဿနာ တက်ပြီ။

ရှီရာ၏ဘေး၌ ယောက်ျားလေး တစ်ယောက်စီ ရှိကြသည်။အဲဒက်စ်သည် ဆံဖြူအကြီးအကဲ၏ မျက်နှာချင်းဆိုင်ဘက်တွင် ဖြစ်သည်။အကြီးအကဲ၏ မျက်နှာမှာ ခြောက်သွေ့နေပြီး မျက်လုံးများမှာလည်း စောင်းနေသည့်အတွက် အိပ်ပျော်နေသည်ဟု ထင်ရသည်။သူ၏ ခေါင်းပေါ်၌ နောက်ဘက်သို့ ကွေးကောက်နေသည့် ချိုသုံးချောင်း ရှိသည်။

“ အရှင်မ။လူသား ရောက်လာပါပြီ။  ”

“ ခါဂူရွန်။အခုကစပြီး ကောင်စီခန့်မ ဝင်ပေါက်ကို စောင့်ကြပ်နေ။ဘယ်သူ့ကိုမှ ပေးမဝင်နဲ့။အဲလစ်ကိုလည်း ပေးမဝင်နဲ့။ ”

တော်ဝင်မင်းသမီးသည် အေးစက်စွာ ပြောလိုက်သည်။

ခါဂူရွန် ဦးညွှတ်ပြီး ချက်ချင်းပင် နောက်ဆုတ်သွားလိုက်သည်။

ရှီရာ၏ အကြည့်သည် ချန်လွေ့ဆီ ရောက်လာသည်။

“ လူသား။မင်းရဲ့ နာမည်။ ”

ချန်လွေ့သည် ကိုယ့်ကိုယ်ကို ထိန်းပြီး ခါဂူရွန်ကဲ့သို့ ဦးညွှတ်ကာ ပြောလိုက်သည်။

“ အရှင်မ။ကျွန်တော့်ရဲ့ နာမည်က ချန်လွေ့ပါ။ ”

ရှီရာ အေးစက်စက် ပြောလိုက်သည်။

“ အဲ့ဒါက မင်းရဲ့ နာမည်အစပဲ။နောက်ဆုံးနာမည်က ဘာလဲ။ ”

ချန်လွေ့ ကြက်သေသေသွားသည်။နောက်မှ ဤဘုံ၌ နာမည်အစသည် မိသားစုနာမည် မတိုင်ခင် လာသည်ကို  သဘောပေါက်သွားသည်။လွေ့ချန်ဟု သူအခေါ်မခံချင်ပေ။ ထို့ကြောင့် သူပြန်ပြောလိုက်သည်။

“ ချန်လွေ့ ပါပဲ။ ”

မည်သို့ပင်ဖြစ်စေ သူ ယခင်က ရှိခဲ့ဖူးသည့် အရာများ၊ခံစားချက်များ၊မိသားစုများကို ကိုယ်စားပြုသည့် တစ်ခုတည်းသော အမှတ်အသားအား လက်မလျှော့ချင်ပေ။

နတ်ဆိုးဘုံရှိ နတ်ဆိုးအများစုမှာ နာမည်တစ်လုံးတည်းသာ ရှိသည့်အတွက် ဤကိစ္စအား ရှီရာ ဆက်မမေးတော့ပေ။ပုံမှန်အားဖြင့် အင်အားကြီးနောက်ခံရှိသည့် မိသားစုမှသာ ဧကရာဇ်မှ ချီးမြှင့်သည့် မျိုးရိုးနာမည် (သို့မဟုတ်) ဂုဏ်ပုဒ်ကို ရရှိကြသည်။

“ ဒါဆို ‘ အာသာ ’ ကရော။ ”

ရှီရာ၏ အသံ ပို၍ ခက်ထန်လာပြီး အကျပ်ကိုင်သည့် အရပ်အမြွက်ပင် ပါလာသည်။

“‌ဖြေစမ်း ”

ချန်လွေ့သည် ပါ့ဂ်လီအိုနှင့် မတွေ့ခင်က ကြောက်ရွံ့ခဲ့သော်လည်း ယခုပို၍ ရဲတင်းလာသည်။ချန်လွေ့ အလျင်အမြန်ပင် စိတ်တည်ငြိမ်သွားပြီး ပြောလိုက်သည်။

“ ဒီလိုပါ။အရှင်မ။နတ်ဆိုးဘုံဆီ ကျသွားတော့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တချို့ ပျောက်ဆုံးသွားတယ်။ကျွန်တော့် နာမည် အာသာ ဆိုတာကလွဲပြီး ကျန်တာ မမှတ်မိတော့ဘူး။ကျွန်တော်က တော်ဝင်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ခဲ့တဲ့ပုံပဲ။မျိုးရိုးနာမည်နဲ့ ကျန်တာကို မမှတ်မိတော့ဘူး။အခုတော့ အပေါ်လောကကိုလည်း ပြန်လို့မရတော့ဘူး။ဆရာအဲဒက်စ်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။အဲ့ဒါကြောင့် ကျွန်တော်ရဲ့ နဂိုမူလ ဘယ်သူဘယ်ဝါလဲဆိုတာကို စွန့်လွှတ်ပြီးတော့ ဒီအမှောင်လမြို့တော်မှာ ချန်လွေ့ဆိုတဲ့ နာမည်အသစ်နဲ့ နေသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အရှင်မ လက်ခံပေးပါ။ ”

ချန်လွေ့သည် ဤအဖြေအား ပြင်ဆင်ထားခဲ့သည်မှာ အတော်ကြာလေပြီ။အဲဒက်စ်အား အကာအကွယ်အဖြစ် အသုံးပြုခဲ့သလို အမှောင်လနယ်မြေအတွက် သစ္စာရှိမှုကိုလည်း ဖော်ပြခဲ့လေသည်။တစ်ချိန်တည်းမှာပင် သူ၏ နာမည်ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။အမှန်တကယ်တွင် အာသာ၏ မှတ်ဉာဏ်များမှာ မပြည့်စုံပေ။ထို့ကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသည်ဟူသော ဆင်ခြေသည် အမှန်ပင်ဖြစ်သည်။

“ ဂါ့စ်။အကြီးအကဲ ဘယ်လိုထင်လဲ။ ”

ရှီရာသည် သူ၏ အကြည့်အား ဆံဖြူ အကြီးအကဲဆီသို့ လှည့်လိုက်သည်။

လူအိုကြီး ဂါ့စ်သည် ဖြည်းဖြည်းချင်း ခေါင်းညိမ့်လိုက်သည်။

“ ဒီလူသားအဖမ်းခံရတုန်းက စစ်မေးတဲ့ထဲမှာ ကျွန်တော်မျိုးလည်း ပါပါတယ်။သူ့မှာ မှတ်ဉာဏ်တွေ ပျောက်နေတယ်ဆိုတာ ကျွန်တော်မျိုးလည်း သတိထား မိပါတယ်။သူ့နာမည် အာသာ ဆိုတာကိုပဲ ပြောနိုင်တာ။သူ့ရဲ့အင်အားက အမှိုက်လိုပဲ အားနည်းတယ်။သူက ဘာခြိမ်းခြောက်မှုမှ လုပ်နိုင်မယ် မထင်ပါဘူး။ ”

အမှိုက်ဟု အခေါ်ခံရလျှင် လူတိုင်း ပျော်ကြမည် မဟုတ်ပေ။သို့သော်လည်း ချန်လွေ့အတွက် လက်ရှိအခြေအနေသည် သိုသိုသိပ်သိပ်နေမှသာ ကိုက်ပေမည်။စူပါစနစ်နှင့် မဟာမိတ်အဖြစ် အဆိပ်နဂါး ရှိသည့်အတွက် ချန်လွေ့သည် အနာဂတ်အတွက် ယုံကြည်နိုင်ပေသည်။ယခုအလိုအပ်ဆုံးမှာ အန္တရာယ်ကင်းသည့် ပတ်ဝန်းကျင်တွင်နေပြီး တိုးတက်ရန် အချိန်ပင် ဖြစ်သည်။

ရှီရာသည် ရိုရိုသေသေဖြင့် ခေါင်းညိမ့်ပြလိုက်ပြီး ချန်လွေ့အား ပြောလိုက်သည်။

“ ဆရာသခင် အဲဒက်စ်ဆီကနေ စိတ်ဝင်စားစရာ ဇာတ်လမ်းတချို့ ကြားတယ်။ဒါပေမဲ့ ငါပြန်မကြားချင်ဘူး။ငါတစ်ခေါက်ပဲမေးမယ်။မင်းတကယ်ပဲ ရှေးမဟာဆရာသခင်ရဲ့ အမွေအနှစ်ကို ရခဲ့တာလား။လိမ်ဖို့ မကြိုးစားနဲ့။အကျိုးဆက်ကို မင်းလက်ခံနိုင်မှာ မဟုတ်ဘူး။ ”

နောက်ဆုံးတော့ ချန်လွေ့သည် ရှီရာ ဆင့်ခေါ်သည့် ရည်ရွယ်ချက်ကို နားလည်သွားသည်။အမှန်ပြောလျှင် မြန်မြန်သေမည် ဖြစ်သည့်အတွက် ချက်ချင်းပင် ချန်လွေ့ ပြန်ဖြေလိုက်သည်။

“ ကျွန်တော့်ရဲ့ အသက်နဲ့ အာမခံပါတယ်။ကျုပ်တကယ်ပဲ မဟာဆရာသခင် ဆီကနေ အမွေအနှစ်ရခဲ့တာပါ။ဒါပေမဲ့ မဟာဆရာသခင်က ရှေးခေတ်က မဟုတ်ဘူး။ကမ္ဘာဦး ခေတ်နီးပါးကပဲ။နတ်ဘုရားလိုမျိုး အစွမ်းရဲ့ အကြွင်းအကျန်ကပဲ ကျွန်တော့်ကို နတ်ဆိုးဘုံဆီ ရောက်အောင် ပို့နိုင်မှာ။အရှင်မကသာ ကျွန်တော့်ကို အမှောင်လ မြို့တော်မှာ နေခွင့်ပေးမယ်ဆိုရင် အရှင်မအတွက် ကျွန်တော့်ရဲ့ အသိပညာ‌နဲ့ အမွေအနှစ်တွေနဲ့အတူ အကျိုးပြုပေးဖို့ ဆန္ဒရှိပါတယ်။ ”

ရှီရာသည် အဲဒက်စ်အား မေးလိုက်သည်။

“ ဆရာသခင်။ဒီကိစ္စကို ဘယ်လိုထင်လဲ။ ”

အဲဒက်စ်သည် ကုလားထိုင်မှ အနည်းငယ် ထလိုက်သည်။တော်ဝင်မင်းသမီး၏ အသက်မှာ ၂၃ နှစ်ဖြစ်သည်။တော်ဝင်မိသားစု၏ သက်တမ်းနှင့်ယှဉ်လျှင် အစပိုင်းသာ ရှိသေးသည်။ သို့သော်လည်း အမှောင်နတ်သူငယ်သည် ရှီရာအား ရိုသေလေးစားလျက်ပင် ဖြစ်သည်။ အဲဒက်စ် ပြန်ဖြေလိုက်သည်။

“ အရှင်မ ဟွာရုံတောက်ကိုလည်း မြင်ပြီးသွားပါပြီ။ဒီလို တွက်ဆ ကိရိယာတွေက သမိုင်းမှာ မှတ်တမ်းမတင်ထားဘူး။လူသားလောကမှာလည်း မရှိဘူး။ပြီးတော့ အသီနာဖျက်ဆီးလိုက်တဲ့ ဝီဝီ ပဟေဠိကလည်း တီထွင်ဉာဏ်ကောင်းတဲ့ လက်ရာတစ်ခုပါပဲ။သူ့ကိုလည်း အဆိပ်အမျိုးမျိုး စမ်းကြည့်ပြီးပြီ။တစ်ခုမှ အသုံးမဝင်ဘူး။မဟာဆရာသခင်ရဲ့ အမွေအနှစ်ကို ယုံရမှာကလွဲရင် ကျွန်တော်မျိုး တခြားအကြောင်းရင်း စဉ်းစားမရတော့ပါဘူး။ ”

တီထွင်ဉာဏ်ကောင်းတဲ့ လက်ရာတဲ့လား။ဤဘုံနဲ့ ကမ္ဘာနဲ့က စကားစုတွေ၊ဥပစာ စကားတွေ ဆင်တူတာပဲ။ဒါပေမဲ့ မူလအရင်းအမြစ်က နတ်ဆိုးလား လူသားလားဆိုတာတော့ ငါသေချာမသိဘူး။

အဲဒက်စ်ထံမှ အတည်ပြုမှုရသွားပြီးနောက် ချန်လွေ့သည် အတော်လေး သက်သက်သာသာ ခံစားသွားရသည်။ရှီရာ၏ လက်ရှိအခြေအနေမှာလည်း မကောင်းလှသည်ကို အသီနာထံမှ ချန်လွေ့ သိထားသည်။ယခုတွင် သူသည် ပါရမီရှင်များနှင့် အကူအညီများစွာ လိုအပ်ပေသည်။လုံလောက်သည့် တန်ဖိုးအား ပြသနိုင်လျှင် သူသည် စမ်းသပ်ချက်အား အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ပေမည်။

ရှီရာ ခဏစဉ်းစားပြီး နောက်ဆုံး၌ ခေါင်းညိမ့်လိုက်သည်။ထို့နောက် ချန်လွေ့အား ပြောလိုက်သည်။

“ မင်းက လူသားပဲ။နတ်ဆိုးတွေရဲ့ ရန်သူပေါ့။မင်းသာငါ့ရဲ့ ထောက်ခံချက်မရရင် အမှောင်လ နယ်မြေက ထွက်သွားတာနဲ့ သေမှာပဲ။မင်းက သစ္စာဆိုတော့လည်းမင်ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး။ဒါပေမဲ့ မင်းက မဟာဆရာသခင်ရဲ့ အမွေအနှစ်ဆက်ခံသူ ဆိုတာကို တခြားဘယ်သူ့ကိုမှ မပြောရဘူး။သာမန်ရက်တွေမှာ မင်းက ဆရာသခင် အဲဒက်စ်ရဲ့ တပည့်ပဲ။မင်းရဲ့ ဆက်ခံထားတဲ့ အသိပညာတွေက အဆင့်တစ်ခုထိ ရောက်သွားရင် ငါမင်းကို ဆရာသခင်တစ်ယောက်လို ဆက်ဆံပေးမယ်။ ”

တော်ဝင်မင်းသမီးသည် မရိုးရှင်းလှပေ။သူသည် အရင်ဦးစွာ အန္တရာယ်ရှိသည့် အခြေအနေများကို ဖော်ပြပြီး ချန်လွေ့အား ကောင်းကျိုးများဖြင့် မြှားသည်။

ကြည့်ရတာ ရှီရာက ငါ့ကို လျို့ဝှက်ဆရာသခင်အဖြစ် မွေးထားပြီးတော့ ဘုရင်ခံ အိုစီဒန် နဲ့ယှဉ်ရင် နိုင်ဖို့အခွင့်အရေး ပိုများစေဖို့ ထင်တယ်။အဲ့ဒါကလည်း ငါ့ရဲ့ နဂိုအကြံနဲ့ အံကိုက်ပဲ။

ခွန်အားမရှိဘဲ စိတ်ကြီးဝင်နေခြင်းသည် ရူးသွပ်ခြင်းသာ ဖြစ်သည်။

“ ကျေးဇူးပါပဲ။တော်ဝင်မင်းသမီး ”

ချန်လွေ့  ဦးညွှတ်လိုက်ပြန်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ထို့နောက် ချီတုံချတုံနှင့် ပြောလိုက်သည်။

“ မဟာဆရာသခင် ကိစ္စကိုတော့ တော်ဝင်မင်းသမီးအပြင် မင်းသမီးလေ၊အသီနာ နဲ့ မှင်စာ စလီ တို့လည်း သိတယ်။ခီရာလည်း နည်းနည်းသိလောက်တယ်။ ”

“ အသီနာ နဲ့ ခီရာတို့လည်း သိတာလား။သူတို့တွေ လျို့ဝှက်ချက်ကို ထိန်းထားအောင်

ငါလုပ်လိုက်မယ်... ”

ရှီရှာသည် ခုနက လူသား၏ ငေးငိုင်နေသည့် မျက်နှာအား အသိရလိုက်ပြီး လေသံပြောင်းလိုက်သည်။

“ မင်းက ခီရာကို စိတ်ဝင်စားနေတယ်လို့ အဲလစ်ပြောတာ ကြားတယ်။အမှောင်လ မြို့တော်အတွက် အကျိုးပြုနိုင်ရင်  မင်းရာ ခီရာ ချီးမြှင့်ပေးမယ်။ ”

ဒါကလုံးဝကို ပျားရည်ထောင်ခြောက်ပဲ။

ချန်လွေ့သည် ခီရာ၏ နှစ်လိုဖွယ် မျက်နှာကို တွေးကြည့်လိုက်ရာ အာခြောက်သွားသည်။သို့သော်လည်း အမြုတေ စုပ်ယူသည့် မိန်းမအား ချန်လွေ့ အာမခံရဲပေ။အကယ်၍ ချန်လွေ့ မထိန်းနိုင်ခဲ့ပါက အနမ်းတစ်ချက်ပင်လျှင် သူ့အား ခမ်းခြောက်သွားစေနိုင်လေသည်။

“ မှင်စာကိုတော့ သတ်ပစ်လိုက်မယ်။ ”

ရှီရာ၏ စကားလုံးများမှ လူသတ်ချင်စိတ်များသည် ချန်လွေ့အား ကျောချမ်းသွားစေပြီး သူ၏ သတိပေးချက်များကို နားလည်သွားသည်။တော်ဝင်မင်းသမီး၏ နည်းလမ်းများမှာ အမှန်ပင် ထူးခြားလှသည်။ချန်လွေ့ တွေးပြီး ပြောလိုက်သည်။

“ မင်းသမီးရှီရာ။ဆရာအဲဒက်စ် ဆီကနေ ကျွန်တော် ဆေးပညာ သင်ရမှာ။အဲ့ဒါကြောင့် စမ်းသပ်ပစ္စည်းလိုတယ်။စလီကို ကျွန်တော့်ဆီ ပေးနိုင်မလား။ ”

ချန်လွေ့သည် မှင်စာအား သနား၍ ကယ်ခဲ့သည် မဟုတ်ပေ။ချန်လွေ့၌ ကိုယ်ပိုင် အကြံများ ရှိသည်။

ရှီရာ ခဏ စဉ်းစားလိုက်ပြီး ချန်လွေ့၏ တောင်းဆိုချက်အား သဘောတူလိုက်သည်။ ချန်လွေ့အား နန်းတော်မှ ခေါ်လာပြီးနောက်တွင် အဲဒက်စ်သည် တည်ကြည်စွာ ပြောလိုက်သည်။

“ တော်ဝင်မင်းသမီးရဲ့ အလှအပက မင်း တပ်မက်နိုင်တဲ့ အရာမဟုတ်ဘူး။အဲ့ဒါကို ဘေးဖယ်ပြီး အမှောင်လမြို့တော်အတွက် အလုပ်လုပ်ဖို့ပဲ အာရုံစိုက်။ ”

ချန်လွေ့ပြုံးလိုက်သည်။ရှီရာ၏ အလှအပကြောင့် အံ့အားသင့်သွားသည်မှာ ပုံမှန်သာဖြစ်သည်။ချန်လွေ့၌ တပ်မက်သည့်စိတ် အမှန်တကယ် မရှိပေ။သို့သော်လည်း ခီရာအား ချီးမြှင့်မည်ဟု ရှီရာကတိပေးခဲ့သည်က ချန်လွေ့အား မကောင်းသောသူ တစ်ယောက်ကဲ့သို့ ဆက်ဆံနေသလိုပင်ဖြစ်သည်။

နောက်ပိုင်းတွင် အင်ပါယာအစောင့်ခေါင်းဆောင် ခါဂူရွန်သည် တော်ဝင်မင်းသမီး ရေးထားထည့် ညွှန်ကြားချက်များကို ဖတ်လိုက်သည်။ထိုအချိန်မှစ၍ ချန်လွေ့သည် အမှောင်လမြို့သား တစ်ယောက်အဖြစ် တရားဝင် ဖြစ်သွားလေသည်။၎င်းသည် ချန်လွေ့အတွက် နတ်ဆိုးဘုံ၌ အသက်ရှင်နိုင်ရန်အတွက် ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။

All Chapters