← Chapters

အစေခံ စလီ

Vol. 1 Ch. 14

အစေခံ စလီ

Vol. 1 Ch. 14

နန်းတော်၏ အပြင်ဘက် ခြံဝင်းရှိ အဲဒက်စ်၏ စမ်းသပ်ခန်းအတွင်းတွင် မနက်စောစော၌ ရင်းနှီးသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။

ရဲရင့်ပြီး သန်မာသည့် အင်ပါယာ အစောင့်များပင် အဝေးမှနေ၍ ကြောက်လန့်နေကြသည်။သူတို့၏အမြင်၌ စစ်မြေပြင်တွင် သေရခြင်းသည် ကြောက်မက်ဖွယ်ရာ ဆိုးဆိုးဝါးဝါး နှိပ်စက်ခံရခြင်းထက် ပိုကောင်းသည်။

ယခင်နေ့များကဲ့သို့ ပုလင်းများ ခရားများပင် ဖြစ်သည်။သို့သော်လည်း ဆေးရည်ကို စမ်းသောက်ရသူနှင့် တိုက်ရသူမှာ နေရာပြောင်းသွားသည်။

“ စလီ။ဒီဆေးရည်က ဘယ်လိုခံစားရလဲ။ ”

ချန်လွေ့သည် မြေပြင်ပေါ်တွင် လဲနေပြီး မောဟိုက်နေသည့် စလီအယး ကြည့်လိုက်သည်။

စလီက ချိနဲ့စွာ ပြောလိုက်သည်။

“ သခင်။ဝိညာဉ်ဖျက်မြက် ပါတဲ့ ဆေးရည်က တော်တော် အစွမ်းထက်တယ်။စလီရဲ့ခေါင်း အက်ကွဲတော့မလို ခံစားရတယ်။ကျွန်တော်သေတော့မယ်..... ”

“ အိုး။သွားပြီ။ငါဖတ်တာ မှားသွားတယ်။တကယ်တော့ ဒါက မူးစေတဲ့မြက်နဲ့ လုပ်ထားတဲ့ ဆေးရည်ပဲ။ ”

ချန်လွေ့၏မျက်နှာ ဇဝေဇဝါဖြစ်သွားဟန် ပြလိုက်သည်။

“ ဆေးညွှန်းမှားသွားတာလား။ဒါမှမဟုတ်

မှင်စာတွေရဲ့ အထူးခန္ဓာကိုယ်က မူးဝေမြက်အစွမ်းကို ဝိညာဉ်ဖျက်မြက် အစွမ်းအဖြစ် ပြောင်းပေးတာလား။မဟုတ်နိုင်ဘူး။ဦးနှောက်ကိုငါ စစ်ကြည့်ရမယ်။ ”

သေမလို ဖြစ်နေသည့် မှင်စာသည် ချက်ချင်းပင် လှည့်ပြီး ထလိုက်ကာ ချန်လွေ့၏အဝတ်အစားအား ဆွဲပြီး အသနားခံလိုက်သည်။

“ လေးစားရတဲ့ ဆရာသခင်။သခင့်ရဲ့ အသုံးမကျတဲ့ ကျွန်က ခေါင်းနည်းနည်းမူးနေတာပါ။ဘာမှ နာကျင်တာ မရှိပါဘူး။မူးဝေအဆိပ်ရည်က အရမ်းကို အစွမ်းထက်ပါတယ်။စလီရဲ့ ဦးနှောက်ကို မပိုင်းဖြတ်ပါနဲ့။ ”

စလီ စကားပြောပြီးနောက်တွင် သူ၏ မျက်နှာရှေ့၌ ပုလင်းတစ်လုံး လှုပ်ရမ်းလိုက်သည်ကို တွေ့လိုက်သည်။ထိုပုလင်းတွင် “ နံပါတ်(၈၁) နိုးထဆေးရည် ” ဟု သေ‌သေချာချာ ရေးထားသည်။၎င်းသည် မူးဝေခြင်းနှင့် ငိုက်မြည်းခြင်းတို့အတွက် အကျိုးရှိသည့် ဆေးရည်ဖြစ်သည်။

စလီ ငိုလုမတတ်ဖြစ်သွားသည်။

မှင်စာတွေက စက်ဆုပ်စရာ သင်္ကေတလို့ ပြောကြတယ်။ဒါပေမဲ့ ဘာလို့ ဒီလူသားက မှင်စာထက်ကို ပိုပြီးတော့ စက်ဆုပ်စရာ ကောင်းရတာလဲ။

“ သခင်။သခင့်ရဲ့ ဉာဏ်ပညာက နတ်ဆိုးဘုံရဲ့ ညကောင်းကင်ကို ယှဉ်လို့ရပါတယ်။ သခင့်ရဲ့ကျွန်က အကြောက်တရားကြောင့် အမြင်မကွယ်သွားသင့်ဘူး။နောက်တစ်ခါ စလီကို ရေကန်ပြာဆီ သွားခိုင်းရင် အဆိပ်နဂါးကိုတောင် ‌ယူလာပေးပါ့မယ်။ ”

မှင်စာသည် ချက်ချင်းပင် သူ၏ မြှောက်ပင့်သည့်စကားများကို စတင်အသုံးချလိုက်ပြီး သစ္စာရှိသည့် မျက်နှာ လုပ်လိုက်သည်။ယခင်က “ သခင်စလီ ” ၏ အမူအရာနှင့် ဆန့်ကျင်ဘက်ပင်။

အဆိပ်နဂါးကို ပြန်ယူလာပေးမယ်။ဟုတ်လား။မင်းတစ်ယောက်တည်းလား။

ချန်လွေ့ပြုံးပြီး ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက သခင်-ကျွန် စာချုပ်ကြောင့် မဟုတ်ရင် သခင်စလီက ကျုပ်ရဲ့ သွေးကို သောက်ပြီးတော့ အသားကိုစားနေမှာ မဟုတ်လား။ ”

လွန်ခဲ့သည့်ရက်များကိုတွေးလိုက်ရာ မှင်စာ ဝမ်းနည်းသွားမိသည်။၎င်းတို့သည် စလီ၏ အိပ်မက်ဆိုးများ စတင်ခြင်းဖြစ်သည်။တော်ဝင်မင်းသမီး၏ လူယုံ ဆရာသခင် ဂါ့စ်သည် လူသားနှင့်အတူ စလီဆီသို့ လာခဲ့သည်။ဂါ့စ်သည် မှော်ပညာ ကျွမ်းကျင်သည့် သေရွာပြန်ဖြစ်သည်။သူ၏ အကူအညီနှင့်အတူ စလီသည် လူသားနှင့်အတူ သခင်-ကျွန် စာချုပ်ချုပ် လိုက်ရသည်။စလီသည် ချန်လွေ့အား မနာခံလျှင် အပြင်းအထန် အပြစ်ပေးခံရပြီး သေသည်အထိ ဖြစ်နိုင်သည်။

ယခုတွင် မှင်စာသည် သူ၏ကံကြမ္မာကိုသာ လက်ခံရပေသည်။သူ၏ သခင်အသစ်အား ဆက်ဖားရန် ပြင်လိုက်စဉ် ချန်လွေ့ပြောလိုက်သည်။

“ စလီ။မင်း မကျေနပ်ဘူးဆိုတာ ငါသိပါတယ်။ဒါပေမဲ့ မင်းသမီးလေးနဲ့ ဆရာ အဲဒက်စ်ကို အမွေအနှစ် လျို့ဝှက်ချက်အကြောင်း ပြောတုန်းက မင်းရှိနေတာလေ။တော်ဝင်မင်းသမီး ငါ့ကို ဆင့်ခေါ်တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ပိတ်ဖို့ ပြောတာ။ငါ ဆရာသခင် တစ်ယောက် မဖြစ်ခင်အထိ ‌ဒီလျို့ဝှက်ချက်ကို ဘယ်သူမှ ထုတ်ဖော်လို့မရဘူး။မင်းက သေရမှာ။ဒါပေမဲ့ ငါမင်းကို ကယ်ခဲ့တယ်။ ”

စလီ ထိတ်လန့်သွားသည်။တော်ဝင်မင်းသမီး၏ ရက်စက်သည့် ကောလာဟလ များကို သူသတိရလိုက်ပြီး ကြက်သီးထသွားသည်။သူ၏ သခင်အသစ် ပြောသည်မှာ မှန်ပုံရသည်။

ဒါပေမဲ့ ငါ့ကို ဒီလူသားက ကယ်ခဲ့တော့ရော ဘာဖြစ်လဲ။နတ်ဆိုးဘုံမှာ အစွမ်းထက်တဲ့ သူတွေကပဲ အုပ်စိုးတာ။မှင်စာမျိုးနွယ်တွေက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီးတော့ အားကြီးတဲ့သူတွေကို ကြောက်ကြတယ်။အခုတော့ ငါက ငါ့ထက်အားနည်းတဲ့ လူသားတစ်ယောက်ရဲ့ အစေခံ ဖြစ်နေပြီ။

မှင်စာ အသိုင်းအဝိုင်း ဒါမှမဟုတ် နတ်ဆုံးဘုံတစ်ခုလုံးရဲ့ သမိုင်းကြောင်းမှာတောင် ဒါကပထမဆုံး စံချိန်ချိုးဖောက်တာပဲ။

ချန်လွေ့သည် စလီတွေးနေသည်ကို သိသွားဟန်ဖြင့် ပြုံးလိုက်သည်။

“ စလီ။မင်းရဲ့ အသက်က အခုငါ့လက်ထဲမှာ။အရင်က မင်းလုပ်ခဲ့တာတွေကို လက်စားချေချင်ရင် မင်းသေသွားတာ ကြာပြီ။ဒါပေမဲ့ ငါ အဲ့ဒီလို မလုပ်ချင်ဘူး။ငါက ဆရာသခင် အဆင့် ရောက်သွားရင် ဆရာအဲဒက်စ်လိုမျိုး ဂုဏ်နဲ့ ရိုသေမှုကို ပေးအပ်မယ်လို့ တော်ဝင်မင်းသမီး ကိုယ်တိုင်က ကတိပေးထားတယ်။ငါအခုလိုတာက စမ်းသပ်ပစ္စည်းမဟုတ်ဘူးသလို  ဖားတတ်တဲ့ လူပြက်လည်း မဟုတ်ဘူး။ငါလိုအပ်တာက သစ္စာရှိပြီး ရိုးသားတဲ့ နောက်လိုက်ပဲ။ ”

စလီ စဉ်းစားလိုက်သည်။

ဒီလူသားကိုပဲ တကယ်ပဲ တော်ဝင်မင်းသမီးနဲ့ ဆရာသခင် အဲဒက်စ်တို့က ချီးကျူးကြတယ်။သူ့အနာဂတ်က တောက်ပမှာပဲ။ငါက ဆရာသခင်တစ်ယောက်ရဲ့ နောက်လိုက်ဖြစ်သွားရင် အရှက်ရစရာ မဟုတ်ဘူး။ထာဝရ ဂုဏ်ယူးရာပဲ။

စလီသည် ခဏ စိတ်လှုပ်ရှားသွားသည်။မှင်စာသည် နတ်ဆိုးဘုံ၏ အောက်ခြေ၌ ရှိသာ့် အနိမ့်ဆင့် နတ်ဆိုးဖြစ်သည်။အားနည်းပြီး အခြားသူများ၏ ဖိနှိပ်မှုကို ခံရသည်။ယခင်က စမ်းသပ်ခန်း၌ စလီသည် တောက်တိုမည်ရ ကောင်လေးသာဖြစ်သည်။အစေခံပင် မဟုတ်သေး။ယခုတွင်တော့ သူ၏အရှေ့၌ ရွှေရောင် အခွင့်အရေး ရှိနေလေပြီ။ သူဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ။

“ သခင်။စလီကို ဘာလုပ်စေချင်တာလဲ။ ”

မှင်စာသည် သူ၏သခင်က မြှောက်ပင့်ပြောသည်ကို စိတ်မဝင်စားကြောင်း သတိထားမိပြီး စကားအကျဉ်းချုံးကာ ရိုရိုသေသေ မေးလိုက်သည်။

ချန်လွေ့သည် စလီ၏ အပြုအမူကို အတော်လေး ကျေနပ်သွားသည်။တော်ဝင်မင်းသမီး ရှီရာ ဆီမှ သင်ယူခဲ့သည့် အနာပေး၊ဆေးပေး နည်းဗျူဟာအား ချက်ချင်းအသုံးချ လိုက်ခြင်းပင်။စလီ အရှူံမပေးမည်ကို ချန်လွေ့ မစိုးရိမ်ပေ။

“ စိတ်မပူပါနဲ့။ငါမင်းကို ဆေးရည်တွေ မတိုက်တော့ပါဘူး။ဒါပေမဲ့ ဆေးပင်တွေအကြောင်းကို မင်းလေ့လာရမယ်။ငါညွှန်ကြားတဲ့ ‌ဆေးပင်တွေကို မင်း သွားခူးရမယ်။ပြီးတော့လည်း သတင်းအချက်အလက် အမျိုးမျိုးအတွက် မင်း ထောက်လှမ်းရမယ်။ ”

စလီ၏ မျက်လုံးကျဉ်းကျဉ်းလေး ရုတ်တရက် အရောင်တောက်သွားသည်။ဆေးပင် စုဆောင်းခြင်းသည် တပည့်၏ အလုပ်ဖြစ်သည်။သခင်သည် သူ့အား ဆေးပင်အကြောင်း သင်ယူခိုင်းပြီး သတင်းအချက်အလက်အတွက် ထောက်လှမ်းခိုင်းသည်။နောက်လိုက်ရန် သူဆုံးဖြတ်ခဲ့ခြင်းက မှန်ကန်ပုံရသည်။မှင်စာသည် ချက်ချင်း ဒူးထောက်ပြီး ချီးမွန်းကာ သစ္စာရှိမှုကို ပြသလိုက်သည်။သခင်က ဤကဲ့သို့ မကြိုက်ကြောင်း သူတိရသွားပြီး ရပ်လိုက်သည်။စလီသည် နှိမ့်ချပြီး နာခံသည့်မျက်နှာ ပြလိုက်သည်။သူ၏ သစ္စာရှိမှုအား ခန္ဓာကိုယ် အမူအရာနှင့် ပြသချင်မိနေသည်။

စလီ၏ ပုံစံကို ချန်လွေ့ သဘောတွေ့သွားသည်။သခင်-ကျွန် စာချုပ်နဲ့ အနာပေး၊ဆေးပေး နည်းဗျုဟာ တို့နှင့် တွေ့သော် မှင်စာ စလီသည် လုံးဝ အညံ့ခံသွားသည်။ချန်လွေ့သည် အမှောင်လမြို့တော်၌ ခြေကုပ်ယူပြီး ဖြစ်သော်လည်း လူသားတစ်ယောက်သာ ဖြစ်‌သည်။ထို့ပြင် စူပါစနစ်၏ စတင်ခြင်းလုပ်ငန်းစဉ် နောက်ဆုံးအပိုင်းအတွက် ဆေးပင်များစွာ လိုအပ်သည်။စလီအား တောက်တိုမည်ရများ လုပ်စေခြင်းက အလုပ်ရှုပ်သက်သာ ပေလိမ့်မည်။

“ ကောင်းပြီ။မင်း ဒီ “ ဆေးပင်အခြေခံများ ” စာအုပ်ကို သွားဖတ်လိုက်။အရင်ဆုံး အခြေခံကျတဲ့ ဆေးပင်တွေကို နားလည်အောင်လုပ်။ ”

ချန်လွေ့သည် စလီအား စာအုပ်ထူထူကြီး ပေးလိုက်သည်။

စလီ မြူးကြွ ပျော်ရွှင်သွားသည်။

ဒါက ဆရာသခင် အဲဒက်စ်ရဲ့ စာအုပ်ပဲ။ဒီလိုဗဟုသု‌တတွေကို လေ့လာဖို့အတွက် သာမန် အဂ္ဂိရတ် တပည့်တစ်ယောက်က ကျူရှင်ဖိုး အများကြီးပေးရတယ်။ဒါပေမဲ့ သခင်က ငါ့ကို ဒီလိုပဲ ပေးလိုက်တယ်။

မှင်စာသည် ကျေးဇူးတင်စွာဖြင့် မျက်ရည်များ ဝဲလာပြီး ရိုသေစွာ လက်ခံကာ အပြင်ထွက်သွားလိုက်သည်။

ချန်လွေ့သည် ထိုစာအုပ်အား မလိုတော့ပေ။ဝိညာဉ်ကူးပြောင်းပြီး အာသာ၏ အသိစိတ်နှင့် ပေါင်းစပ်သွားပြီးသည့်အခါ ချန်လွေ့၏ မှတ်ဉာဏ်များသည် တဟုန်ထိုး တိုးတက်သွားပြီး သူ၏ စိတ်လည်း ထူးခြားစွာ ကြည်လင်သွားသည်။လွန်ခဲ့သော ရက်များက သဟဇီဝစာချုပ်၏ ကောင်းကျိုးများနှင့်အတူ ချန်လွေ့သည် “ ဆေးပင်အခြေခံများ ” စာအုပ်တစ်ခုလုံးကို အလွတ်ရသွားခဲ့လေပြီ။

စူပါစနစ်၏ စတင်ခြင်း တိုးတက်နှုန်း လက္ခဏာသည် သက်ရောက်မှု ပိုပြင်းထန်လျှင် လုပ်ငန်းစဉ် ပိုမြန်လေဖြစ်သည်။သို့သော်လည်း ထပ်ကာထပ်ကာ အသုံးပြုလျှင် မသုံးမဝင်ပေ။ပါ့ဂ်လီအို၏ ‌သေစေလောက်သည့် အဆိပ်ပင် ခြွင်းချက် မဟုတ်ပေ။ စမ်းသပ်ခန်း၏ ဆေးရည်အားလုံးနီးပါးကို ချန်လွေ့ စမ်းသပ်ပြီးလေပြီ။ဆေးရည် ဖွဲ့စည်းပုံကို နားလည်ပြီး ဆေးရည်အသစ်များကို ဖန်တီးပြီး စူပါစနစ်၏ လုပ်ငန်းစဉ်ကို ပိုမြန်ဆန်ရန် ချန်လွေ့ ပြုလုပ်ချင်သည်။လက်ရှိတွင် လုပ်ငန်းစဉ်အား မြန်ဆန် စေနိုင်သည့် အခြားနည်းလမ်းများကို ချန်လွေ့ မစမကြည့်ရသေးပေ။ထို့ကြောင့် ဆေးပညာ နယ်ပယ်၌သာ လေ့လာရသည်။

စလီ ပြန်ဝင်လာပြီး ပြောလိုက်သည်။

“ သခင်။လေဒီ အသီနာ ရောက်နေတယ်။ ”

အသီနာသည် စမ်းသပ်ခန်းဆီ ဝင်သွားလိုက်ပြီး အဲဒက်စ်မရှိကြောင့် သတိထား မိသွားသည့်အတွက် မေးလိုက်သည်။

“ ဆရာသခင် အဲဒက်စ် ဘယ်မှာပဲ။ ”

“ ဆရာသခင်က ဂေါ်လီကျားကွက်ကို ညလုံးပေါက် လေ့လာနေခဲ့တာ။သူက အိပ်နေတုန်းပဲ။ ”

ချန်လွေ့သည် မနေ့‌တနေ့က စလီ၏ အကူအညီနှင့်အတူ ဂေါ်လီကျားကွက်တစ်ခုလုပ်ပြီး အဲဒက်စ်အား ပေးခဲ့သည်။အဲဒက်စ်လည်း အဖိုးတန်ရတနာတစ်ခု ရရှိသကဲ့သို့ ချက်ချင်းပင် အရသာ တွေ့သွားသည်။ဤသို့ဆက်ဖြစ်နေလျှင် အဆိပ်သခင်သည် ယန္တရား နယ်ပယ်သို့ ကူးပြောင်းသွားနိုင်ကြောင်း ချန်လွေ့ သံသယ ရှိသွားသည်။

အသီနာက ပုံမှန်အတိုင်း ပြောလိုက်သည်။

“ အိုး။အဲ့လိုလား။ဒီရက်တွေမှာ အဲလစ် ရှင့်ဆီ လာသေးလား။ ”

“ လာတာပေါ့။ ”

ချန်လွေ့သည် မဲ့ပြုံးပြုံးလိုက်သည်။

“ မနေ့တနေ့က သူ့ကို ဂေါ်လီကျားကွက် တစ်ခုပေးပြီး လွှတ်လိုက်ရသည်။သူက နေ့တိုင်း အသစ်သစ်တွေ လိုချင်တယ်။ဒီအတိုင်းသာဆိုရင် ငါ့ဦးနှောက်လည်း ခြောက်တော့မယ်။မင်းဒီနေ့ “ သုံးပြည်ထောင် ချစ်ခြင်း ” ကို နားထောင်ချင်သေးလား။ ”

အသီနာ၏မျက်လုံး အရောင်တောက်သွားပြီး ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ အရင်နေ့များတွင် ချန်လွေ့သည် “ သုံးပြည်ထောင်ချစ်ခြင်း ” မှ အသီနာ၏ အကြိုက်လိုလိုက်ပြီး ကောက်နုတ်ပြောပြ‌သည်။ပတ်ဝန်းကျင်အခြေအနေ လိုအပ်ချက်များကြောင့် နာမည်ကြီး ဗိုလ်ချုပ်များ၏ အစွမ်းများမှာ နတ်ဘုရားသဖွယ်ဖြစ်သွားကြသည်။ကွမ်ယု၏ နဂါးစိမ်းလခြမ်းဓားသည် အဆောင်ပစ္စည်းတစ်ခု ဖြစ်သွားသည်။တစ်ချက်ဝှေ့ရမ်းလျှင် လူထောင်ချီ သေကြသည်။ကျန်းဖေး၏ ဟိန်းသံသည် ရေတံခွန်အား ပြောင်းပြန် စီးစေသည်။လျူပိုင်တွင် မျက်ရည်အား မိုင်ပေါင်း ထောင်ချီ စီးဆင်းနိုင်သည့် ရေမှော်စွမ်းအား ရှိသည်။

အသီနာသည် ထူးခြားသည့် ခန္ဓာကိုယ်စွမ်းအားများ ရှိသည့် အစွမ်းထက်သူများကို အလေးစားဆုံးဖြစ်သည့်အတွက် ချန်လွေ့သည် ၎င်းတို့အား စိတ်ထဲစွဲနေခြင်း ဖြစ်သည်။သူသည် စမ်းသပ်ခန်းဆီသို့ နေ့တိုင်းသွားသည်။ချန်လွေ့သည် နေ့တိုင်း ဤပုံပြင်များသာ ပြောပြီး ၎င်းသည် သူတို့ကြားရှိ လျို့ဝှက်ချက်ဟု အသီနာအား ပြောထားသည်။၎င်းသည် လှည့်ကွက်သေးလေးဟု သတ်မှတ်နိုင်သည်။

“ နေဦး။ဒီနေ့..... ရေကန်ပြာဆီ သွားရအောင် ”

အသီနာသည် လာရင်းအကြောင်းရင်းကို ရုတ်တရက် သတိရသွားသည်။သို့သော်လည်း ပုံပြင်ကို ဆက်နားထောင်ချင် နေသေးသည်။

“ လမ်းမှာပြောပြနော်။ဟုတ်ပြီလား။ ”

ယခုမှ ချန်လွေ့သည် အရေးကြီးသည်ကို သတိရသွားသည်။ဤရက်ပိုင်း၌ ချန်လွေ့သည် နေထိုင်၍ ကောင်းနေသည်။နဂါးထွင်းစာကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ထို့ကြောင့် ချန်လွေ့ အလျင်အမြန် ခေါင်းညိမ့်လိုက်သည်။

“ ချို၃ချောင်းကြံ့တွေကို ပြင်ထားပြီးပြီ။အခုပဲ သွားရအောင်။ ”

စလီသည် သူ၏သခင် နှင့် အသီနာအား လိုက်ပို့ပြီး အံ့အားသင့်သွားသည်။သူ၏ သခင်သည် နတ်ဆိုးဘုံ၌ ရှိသည်မှာ သိပ်မကြာသေးပေ။

သခင်မ အသီနာက သခင့်ကို ချိန်းတွေ့ဖို့ တကယ်ပဲ လာခေါ်တာပဲ။ ဗိုလ်ချုပ်အဲလန်တောင် သခင်မ အသီနာအနား ကပ်လို့မရတာ လူတိုင်းသိတယ်.....

သူ၏ သခင်အား စလီ လေးစားသွားပြီး “ သခင်၏နောက်လိုက်” အနေဖြင့် တောက်ပသည့်အနာဂတ်တစ်ခု ရှိလာတော့မည်ဖြစ်ကြောင်း မြင်လာလေသည်။

နန်းတော်အပြင်၌ ပြင်ဆင်ထားသည့် ချို၃ချောင်းကြံ့များပေါ်တွင် ချန်လွေ့တို့နှစ်ယောက် ထိုင်လိုက်သည်။ဤတစ်ခေါက်၌ သူတို့နှစ်ယောက်လုံးသည် ကုန်းနှီး၊ခြေနင်းကွင်း အပြည့်အစုံနှင့် ဖြစ်သည်။ယခင်ကနှင့် လုံးဝ ကွာခြားပေသည်။မြို့တော်မှ ထွက်သွားပြီးသည့်အခါ နှစ်ယောက်သားသည် ရေကန်ပြာဆီသို့ တစ်ခါတည်း အမြန် သွားကြတော့သည်။

ပါ့ဂ်လီအိုနှင့် ယခင်က သဘောတူထားသည့်နေရာ၌ လူသားအသွင်ဖြင့် အဆိပ်နဂါးသည် ဂေါ်လီကျားကွက်အား စိတ်ဝင်တစားကြည့်နေသည်ကို တွေ့လိုက်ရာ ချန်လွေ့ အံ့အားသင့်သွားသည်။အရင်နေ့များတွင် ဤအရာအပေါ်၌ သူ၏ စွမ်းအင်အားလုံး အသုံးပြုခဲ့ပုံရလေသည်။

ချန်လွေ့သည် အသီနာအား ‌အဝေးမှ စောင့်ကြည့်ရန် ပြောလိုက်ပြီး တစ်ယောက်တည်း ရှေ့တက်သွားလိုက်သည်။

ပါ့ဂ်လီအိုသည် ချန်လွေ့အားတွေ့ရာ အမှန်တကယ်ပင် ခက်ခက်ထန်ထန် မေးလိုက်သည်။

“ မင်းကဘယ်သူလဲ။ ”

ချန်လွေ့သည် ရုတ်တရက် အားနည်းသွားသလို ခံစားလိုက်ရသည်။

မှတ်ဉာဏ်မကောင်းတာတော့ ဟုတ်ပါပြီ။ဒါက နည်းနည်းတော့ မများဘူးလား။ဒါက သေချာပေါက်ကို အယ်လ်ဇိုင်းမား ရောဂါပဲ။

All Chapters