← Chapters

ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ

Vol. 116 Ch. 1624

ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ

Vol. 116 Ch. 1624

ထိုအဖြစ်အပျက်များအပြီး လတစ်ဝက်အကြာ နောက်ဆုံးမှပင် ထောင်ယိရွှမ်သည် ပင်ပန်းနေသော ခန္ဓာကိုယ်ဖြင့် တည်းခိုဆောင်သို့ ရောက် လာသည်။

ရှီမာယူယူသည် သူ့အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးကာ ပြောလိုက်သည် “ရှင့် ကြည့်ရတာ မသက်သာလိုက်တာ လန်းသွားအောင် ဝိုင်လေးသောက်လိုက်ဦး”

ထောင်ယိရွှမ်သည် ဟန်မလုပ်နိုင်တော့ဘဲ တစ်ခွက်လုံးကုန်အောင် သောက်ကာ သူမကို လှည့်ကြည့်လေသည်။

သူမ ရယ်မောပြီး နောက်တစ်ခွက် ထည့်ပေးလိုက်သည်။

“ရှင့်ရဲ့ဒီလိုပုံစံကို ကြည့်ရတာ ခေါင်းဆောင်ဖြစ်လာပြီးတော့ ရေတွေ သေရည်တွေ မသောက်ရဘူးလို့ ထင်မိတော့မယ်” သူမ စနောက်လေသည်။

“မသောက်ရလုနီးပါးပဲ” ထောင်ယိရွှမ် ပြောလိုက်သည် “ငါ အလျင်လို နေလို့ပဲ အဲဒီကိစ္စတွေကို အမြန်ရှင်းပြီး မင်းကိုလာတွေ့တာပဲမလား”

“အဲတော့ ရှင် လှုပ်ရှားမှုစနေပြီးပြီလို့ ပြောချင်တာလား” ရှီမာယူယူသည် အဓိပ္ပာယ်မရှင်းသော စကားများကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

ထောင်ယိရွှမ်သည် သူမအကြောင့် သူ့ကိုယ်သူတွန်းအားပေးသည်ဟု စဉ်းစားစရာမလိုပေ။

“အဲလိုပါပဲ ကိစ္စအများစုကို ထိန်းချုပ်နိုင်နေပြီ” ထောင်ယိရွှမ် ပြောလိုက် သည် “ယူယူ မင်းရှာနေတဲ့ လူတွေရဲ့ တိကျတဲ့သတင်းတချို့ ငါ့ကိုပေးသင့် တယ်လေ ဟုတ်တယ်မလား”

“ဟုတ်ပြီ”

ရှီမာယူယူသည် ပုံတူနှစ်ခုကို ထုတ်ပြီးပြောလိုက်သည် “ဒါက ကျွန်မ ဆရာနဲ့ ဆေးပညာဆရာပဲ… သူတို့က လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ပျောက်ဆုံးနေ တဲ့ နယ်မြေကိုလာခဲ့ကြတာ အစတုန်းကတော့ သူတို့….”

“လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းလောက်က ငါတို့ကျွန်းကိုလာတဲ့ အပြင်လူက သိပ်မများဘူး၊ အချိန်ကလည်း အရမ်းမကြာသေးဘူး သူတို့ကိုရှာတွေ့နိုင်ပါ တယ်” ထောင်ယိရွှမ် ပြောလိုက်သည် “ဒါပေမဲ့ အချိန်နည်းနည်းတော့ လိုလိမ့် မယ်”

“သတင်းရရင် ကျွန်မကို အသိပေးပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီလေ”

“ဒါပေမဲ့ ကျွန်မက ဇာမဏီမြို့တော်မှာ ကြာကြာနေလို့မရဘူး၊ ကျွန်မ သွားရင်လည်း ရှင်ကျွန်မကို ရှာတွေ့မယ်လို့ ယုံပါတယ်” ရှီမာယူယူ ပြောလိုက် သည်။

“မင်းက ထွက်သွားချင်လို့လား” ထောင်ယိရွှမ်သည် ပူပန်စွာဖြင့် ပြော လေသည် “မင်းရဲ့ ဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းက သူတို့ကိုရှာဖို့ပဲ လေ၊ ငါ ငါ့လူတွေကိုရှာဖို့ လွှတ်လိုက်ပါမယ် မင်းက ရလဒ်ကိုစောင့်ရုံပဲလျေ”

“ကျွန်မ မစောင့်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ဒီမှာ နေနေရင်လည်း စိတ်ပူနေရမှာပဲ ကျွန်မလည်းသွားပြီး ရှာရမယ်”

“သူတို့က အဂ္ဂိရတ်ပညာနဲ့ ဆေးပညာမှာ ကျွမ်းကျင်တယ်လို့ မင်းပြောခဲ့ တယ်နော်” ထောင်ယိရွှမ် မေးလိုက်သည်။

“ဟုတ်တယ်လေ ဘာလို့လဲ”

“တကယ်သာ အဲလိုဆိုရင် သူတို့ ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကို တက်နိုင်တယ်”

“ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ ဟုတ်လား အဲဒါဘာလဲ” ရှီမာယူယူ မေး လိုက်သည်။

“အဲဒါက သမားတော်တွေ အဂ္ဂိရတ်ပညာရှင်တွေ အကုန်တက်ကြတဲ့ တွေ့ဆုံပွဲပဲ ကျွန်းပေါ်ကလူတွေက ပျင်းလာရင် အပြင်လူတွေကို အားကောင်း ကြောင်းပြရင်းနဲ့ မာန်ဝင့်ပြီး သူတို့ကိုယ်သူတို့ ကျေနပ်အောင်လုပ်တတ်ကြ တယ်” ထောင်ယိရွှမ်သည် လှောင်ရယ်စွာဖြင့် ပြောလေသည်။

“ကျွန်မဆရာတွေလည်း ဒီကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကို တက်မယ် ထင်လား” ရှီမာယူယူ ခန့်မှန်းလေသည်။

“မင်းရဲ့ ဆရာတွေက ဒီနယ်ပယ်တွေမှာ ကျွမ်းကျင်ကြတယ်ဆိုတော့ ပါဝင်ကြလိမ့်မယ် မဟုတ်ရင်လည်း အရင်ကဝင်ပြိုင်ဖူးလိမ့်မယ်”

“အရင်က ဝင်ပြိုင်ဖူးတယ်ဟုတ်လား”

“အဲဒါက ဒီအတိုင်း ငါ့ခန့်မှန်းချက်သက်သက်ပါ သူတို့အရင်က ဝင်ပြိုင်ဖူး ရင် သေချာပေါက် ခြေရာလက်ရာကျန်ခဲ့မှာပဲ၊ အဲဒီကနေ ငါတို့စပြီးရှာလို့ရ တယ်”

“ဒါဆိုရင် ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲက ဒီနှစ် ဘယ်မှာလုပ်မှာလဲ”

“ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲက နှစ်တိုင်း မြို့ကြီးလေးမြို့မှာ လုပ်လေ့ ရှိတယ် ဒီနှစ်က ကျားဖြူမြို့တော်အလှည့်ပဲ”

“ကျားဖြူမြို့တော်….” ရှီမာယူယူ စဉ်းစားကြည့်ရာ ထိုစဉ်က ဝင်ရခက်ခဲ့ ပုံကိုတွေးပြီး ပြောလိုက်သည် “ဒီအချိန်လောက်ဆို ကျားဖြူမြို့တော်ကို ဝင်ဖို့ မဖြစ်နိုင်တော့ဘူးမလား”

“ဖိတ်စာရရင်တော့ ဝင်လို့ရတာပေါ့”

“အဲဒီဖိတ်စာကိုရဖို့ ကူညီပေးနိုင်မလား”

“ရတယ်လေ”

အပြင်လူမှ ပါဝင်လိုပါက မျိုးနွယ်၏ကြိုဆိုမှုကို လိုအပ်သည်။ သူတို့မှာ အားကောင်းသည်ဖြစ်စေ အဆင့်မြင့်သည်ဖြစ်စေ ပြိုင်ပွဲဝင်များကို ဖိတ်ကြား နိုင်သည်။

ထောင်မျိုးနွယ်သည် ဟင်္သပဒါးငှက်မြို့တော်တွင် ထိပ်တန်း မျိုးနွယ်ကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ သူတို့တွင် လုပ်ပိုင်ခွင့်ရှိနေသည်မှာ သဘာဝကျ သည်။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စကားပြောလေ သည်။

“ဒါငါတို့ သဘောတူထားတာပဲ ကျေးဇူးတင်ဖို့မလိုပါဘူး” ထောင်ယိရွှမ်  ပြောလိုက်သည် “အချိန်နည်းနည်းတော့လိုတယ် မင်းကို မနက်ဖြန်ပေးမယ် လေ၊ အခုက ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲရောက်ဖို့ အချိန်လည်းလိုသေး တယ်၊ အချိန်မှီမှာပါ အဲဒါအပြင် အဲဒီက သတင်းကိုလည်း လူလွှတ်ပြီးစုံစမ်းခိုင်း လိုက်မယ်၊ ဒီကနေစရင် စုံစမ်းဖို့လွဘ်တယ် သတင်းရလာတာနဲ့ မင်းကို ပြော လိုက်မယ်”

“ဟုတ်ပါပြီ”

ခဏအကြာတွင် ထောင်ယိရွှမ်သည် ပြန်သွားသည်။ လက်ရှိအချိန်မှာ သူ့ တွင်လုပ်ရမည့် ကိစ္စများစွာရှိနေသည်။ သူသည် အမြန်သွားကာ ရှုချင်းတို့ သတင်းကို စုံစမ်းခိုင်းရမည်ဖြစ်ပြီး သူမ ကျားဖြူမြို့တော်သို့ရောက်သည်နှင့် သတင်းပေးရန် ကြိုးစားရမည်။

နောက်နေ့မနက်တွင် ထောင်ယိရွှမ် ရောက်မလာပေ။ သို့သော် သူသည် ဖိတ်စာကို လူကြုံနှင့်ပါးလိုက်သည်။

ရှီမာယူယူသည် ဖိတ်စာမှ ဟင်္သပဒါးငှက်ကို မြင်သောအခါ ကြက်သွေး ရောင်မီးတောက်ကို သတိရသွားသည်။

တကယ့်ဟင်္သပဒါးငှက်က သူမနဲ့ အတူရှိနေတယ်ဆိုတာကို သူတို့သိရင် ဘယ်လိုတုံ့ပြန်ကြမှာပါလိမ့်။

“သခင်မလေးယူယူ ကျွန်တော်တို့ ခေါင်းဆောင်က အဲလိုပဲညွှန်ကြား လိုက်ပါတယ်၊ အန္တရာယ်တစ်ခုခုတွေ့တာဖြစ်ဖြစ် သခင်မလေးတို့ အဆင်မပြေ တာပဲဖြစ်ဖြစ် ဒီအချက်ပြမီးကို လေထဲကိုလွှတ်လိုက်ပါ ကျွန်တော်တို့လူတွေက အမြန်လာကယ်ပါမယ်” အစောင့်သည် အချက်ပြမီးပန်းကိုထုတ်ကာ ရှီမာယူယူ ကို ပေးလိုက်သည်။

“သိပါပြီ” ရှီမာယူယူ ပြောပြီးသည်နှင့် အချက်ပြမီးပန်းကိုယူလိုက်သည်။

“ကျွန်တော်တို့ကိုခွင့်ပြုပါဦး”

ရှီမာယူယူသည် လက်ထဲမှ အချက်ပြမီးပန်းကို စစ်ဆေးကြည့်ရာ သူမကို ကျေးဇူးတင်သဖြင့် လက်ဆောင်ပေးသည်ကို သူမ သိသည်။ သူမနှင့်အတူ လူ များရှိနေကြသော်လည်း သုံးရန်မဖြစ်နိုင်သည်ကို သူ သိထားသည်။ သို့သော် သူသည် သူမ အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ ကျေးဇူးတင်သည့် အနေနှင့် လက်ဆောင်ပေးခဲ့သည်။

ဖိတ်စာရထားသဖြင့် ဤနေရာတွင် စောင့်နေမျှော်နေရန်မလိုတော့ပေ။ သူမသည် ဂေါင်ရင်တကိုရှာကာ နှုတ်ဆက်စကားဆိုလိုက်သည်။

တခြားမျိုးနွယ်များသည် ထွက်သွားနှင့်ကြကာ ဂေါင်မျိုးနွယ်သာ အလုပ် များနေခဲ့သည်။ သူမသည် သူတို့၏ တိုးတက်လာမည့် လက္ခဏာကို မြင်နေရပြီ ဖြစ်သည်။

“ဒီအတိုင်းကြီး ထွက်သွားကြမလို့လား” ဂေါင်ရင်တသည် သူတို့ ထိုမျှ လျင်မြန်စွာပင် ထွက်သွားလိမ့်မည်ဟု ထင်မထားပေ။ သူတို့သည် ထောင်ယိရွှမ် ၏ သတင်းကို ဤနေရာတွင်ပင် စောင့်နေမည်ဟု ထင်ထားကြသည်။

“အင်း ကျွန်မက ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကိုသွားမလို့” ရှီမာယူယူ ပြောလိုက်သည် “အချိန်လိုသေးတယ်ဆိုပေမဲ့ ကျားဖြူမြို့တော်ကို စောစော သွားပြီး ကြည့်မလားလို့”

“အဲဒါလည်း ကောင်းတာပါပဲ ဒါဆိုရင် မိန်းကလေးတို့ လမ်းမှာဂရုစိုက်ကြ ပါ၊ တစ်ခုခုလိုတာရှိရင် ကျုပ်ကိုသာ ဆက်သွယ်လိုက်ပါ၊ နောက်ထပ်တွေ့ဖို့ အခွင့်အရေးရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဂေါင်ရင်တ ပြောလိုက်သည်။

“ကောင်းကင်ကြီးကကျယ်ပြီး ကမ္ဘာကြီးကကြီးပါတယ် ကျွန်မတို့ ထပ် တွေ့ရမှာပါ နှုတ်ဆက်ပါတယ်”

ဂေါင်ရင်တနှင့် တခြားသူများသည် ရှီမာယူယူတို့ အဖွဲ့ထွက်သွားသည်ကို ကြည့်နေကြသည်။ သူမနှင့် ပထမဆုံးတွေ့ခဲ့သည့် အဖြစ်ကိုပြန်တွေးမိပြီး ရင်ထဲထိသွားမိသည်။

“သူတို့လိုနေတာကလည်း တကယ်မဆိုးဘူးပဲ” ဂေါင်ရှင်းသည် အနည်း ငယ် အားကျမိသည်။

“အင်အားရှိရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်၊ အနည်းဆုံးတော့ အပြင် လူတွေကိုသိတာပေါ့ ကြိုးစားပြီးသာကျင့်ကြံ” ဂေါင်ရင်တ တိုက်တွန်းလိုက် သည်။

“ကျွန်တော်က ဘယ်တုန်းက မကြိုးစားလို့လဲ၊ ဒါပေမဲ့ ကျွန်တော်က သူမ လိုမျိုး မပူပင်တတ်ဖို့တော့ ယုံကြည်ချက်မရှိဘူး၊ သူမမှာ အချိန်ရှိပြီး သူများကို အကူအညီတောင်းလို့ရတာတောင် ကိစ္စတွေကို အမြဲတမ်း အဆင်ချောအောင် လုပ်သွားနိုင်တယ်၊ ဘယ်လောက်ပဲ ခက်ခဲတဲ့အခြေအနေမှာမဆို သူမက အလွယ်တကူ ဖြေရှင်းနိုင်တယ်”

“မျိုးနွယ်ကကိစ္စတွေ ငြိမ်သွားတာနဲ့ မင်းလည်း အပြင်လောကကိုထွက် ပြီး ကြည့်လို့ရတယ်၊ ကမ္ဘာကြီးကကျယ်ပါတယ်၊ မင်းဒီကျွန်းထဲမှာပဲ နေနေရင် အချုပ်ကျနေသလိုပဲ”

“ဟုတ်ကဲ့ပါ”

…..

ကျားဖြူမြို့တော်ရှိ ဖြတ်လမ်းတည်ဆောက်မှုမှာ ပိတ်သွားပြီဟု ပြော ကြသည်။ ထို့ကြောင့် ရှီမာယူယူနှင့် တခြားသူများသည် ဟင်္သပဒါးငှက်မြို့တော် မှထွက်ပြီး ဟာစွန်ကိုစီးကာ ကျားဖြူမြို့တော်ဆီသို့ ပျံသန်းသွားလိုက်သည်။ ဟင်္သပဒါးငှက်မြို့တော်သည် ကျွန်း၏တောင်ပိုင်းတွင်ရှိပြီး ကျားဖြူမြို့တော် သည် ကျွန်း၏ အနောက်ပိုင်းတွင်ရှိ၍တော်သေးသည်။ မဝေးလှသဖြင့် သားရဲပျံ စီးပြီး ခရီးသွားသော်လည်း အချိန်မကုန်ပေ။

လမ်းတစ်ဝက်ရောက်သောအခါ ကံကေင်းလေးနှင့် သူ၏ ရှေးဟောင်း ဝိညာဉ်သားရဲများ ပြန်လာကြသည်။

“ဘာလို့ မင်းတစ်ယောက်တည်းလဲ ဟိန်းသံလေးရော”

“သူက အစ်မကြီးနဲ့ထွက်သွားလိုက်တယ် ယူယူ့ကိုနောက်မှ လာရှာမယ် လို့မှာလိုက်တယ်၊ ကံကောင်းလေးက ယူယူ့ကိုလွမ်းလို့ ပြန်လာတာ”

ကံကောင်းလေးသည် သူမကို တွယ်ကပ်တတ်ကာ ဟိန်းသံလေးသည် အရှုပ်များလုပ်ရခြင်းကို ကြိုက်နှစ်သက်တတ်သည်ကို ရှီမာယူယူ သိသဖြင့် အတွေးမများတော့ဘဲ သူ့ကိုခေါ်ကာ ခရီးဆက်လေသည်။

သူတို့ ကျားဖြူမြို့တော်သို့ရောက်သောအခါ မိုးအထိမြင့်တက်နေသော မြို့တံခါးကြီးကို တွေ့ရလေသည်။ တံတိုင်းတစ်လျှောက်တွင် ကျားဖြူရုပ်ထု များသည် တစ်ခုနှင့်တစ်ခု ခပ်ခွာခွာရှိနေကြသည်။ ကျားဖြူများမှာ အသက်ဝင် လွန်းလှသဖြင့် တံတိုင်းပေါ်တွင် ကျားဖြူတစ်ကောင်မှ ကောင်းကင်ကိုမျှော် ကြည့်ပြီး မာန်ဟိန်းနေပုံနှင့်တူလေသည်။

ရှီမာယူယူသည် ထိုအရာကို အာရုံစိုက်ကြည့်ပြီး အရင်က မေးခွန်းမထုတ် ဖူးသော မေးခွန်းကို ရုတ်တရက်တွေးမိလိုက်သည်။

သူမမှာ ဟင်္သပဒါးငှက်ရှိနေတယ်၊ ဒါဆိုရင် တခြားအံ့ဖွယ်သားရဲတွေက ရော ဘယ်မှာလဲ။

***

All Chapters