အဇူရာနဂါးမြို့တော်မှမိုမျိုးနွယ်
Vol. 117 Ch. 1625
အရှေ့ဘက်တွင် အဇူရာနဂါး၊ အနောက်ဘက်တွင် ကျားဖြူ၊ တောင်ဘက် တွင် ဟင်္သပဒါးငှက်နှင့် မြောက်ဘက်တွင် လိပ်မည်းတို့ရှိကြသည်။
ထိုအံ့ဖွယ်သားရဲကြီး လေးမျိုးသည် တိုင်းပြည်၏ စောင့်ရှောက်သူများဖြစ် ကြပြီး ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုကို ယူဆောင်ပေးသည်bbb။
ဟင်္သပဒါးငှက်သည် သူမနှင့်အတူရှိသည်။ သို့သော် အဇူရာနဂါး၊ ကျားဖြူ နှင့် လိပ်မည်းတို့ သုံးမျိုးသည် မည်သည့်နေရာတွင်ရှိနေသနည်း။
ပြီးတော့ ကြက်သွေးရောင်မီးတောက်က ဘာလို့ ဒဏ်ရာရခဲ့တာလဲ။ သူမ သူ့ကိုတွေ့တုန်းက ဥက အသက်မဲ့နေပြီးသားလေ။ အဲဒီတော့ သူက အဲဒီမှာ ဘယ်လောက်ကြာအောင် စောင့်နေတာလဲ။
ကြက်သွေးရောင်မီးတောက်သည် သူမကို ထိုအကြောင်းများ တစ်ခါမှ မပြောဖူးရာ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးပေ။ အခု သူမ ကျားဖြူကိုမြင်မှပင် ထိုမေးခွန်းကို စဉ်းစားမိသည်။
ကြက်သွေးရောင်မီးတောက်တွင် သူမကို ဖုံးကွယ်ထားသည့် ကိစ္စများစွာ ရှိနေသည်။
အချိန်တန်လျှင်တော့ ကြက်သွေးရောင်မီးတောက်ကို သေချာပေါက် သွားရှာပြီး ထိုအကြောင်းကို ရှင်းအောင်မေးရမည်။
သူမ မမေးခင်တွင် တခြားသူများသည် သူမ တံခါးကိုလာခေါက်ပြီး မုန်တိုင်းထန်သည့် အရှုပ်အထွေးများအကြားသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု ထင်မထားပေ။
ကျားဖြူရှေ့တွင် သူမ ငေးငိုင်နေသည်ကို မြင်သောအခါ သူမ အတွေးလွန် နေကြောင်းကို ဖန်ကျိရှင်းနှင့် တခြားသူများ သိကြသည်။ သူတို့သည် ဘာမှ မပြောဘဲ သူမဘာသာ သတိဝင်လာသည်ကို စောင့်နေသည်။
သူတို့ ရပ်နေသဖြင့် အစောင့်များသည် မကျေနပ်တော့ပေ။
“ဟေး မြို့ထဲကို ဝင်မှာလား မဝင်ဘူးလား၊ ကျားဖြူမြို့တော်ထဲကို အခုမှ မဝင်ရင် တခြားနေရာကိုသွားလိုက်ကြတော့”
ထိုလူများသည် ကြည့်လိုက်သည်နှင့် သူတို့ကို အပြင်လူများဖြစ်သည်ကို သိကြပြီး ဖိတ်စာမရှိသော အပြင်လူများသည် အခုချိန်တွင် ဝင်ရန်မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။
အဲလူတွေက အဲဒီနေရာမှာပဲ အကြာကြီးရပ်နေတာ သူတို့မှာ ဖိတ်စာမရှိ ဘူးလို့ ဆိုလိုနေတာမဟုတ်ဘူးလား။
ရှီမာယူယူသည် ကျားဖြူရုပ်ထုဆီမှ အကြည့်လွှဲကာ အစောင့်ရှေ့သို့ လျှောက်သွားလိုက်သည်။ သူမ ဖိတ်စာထုတ်လိုက်သည်။
“ခင်ဗျားမှာ ဖိတ်စာရှိနေတာလား” အစောင့်သည် နားမလည်နိုင်ဖြစ်နေ သည်။ သို့သော် သူသည် ဖိတ်စာကိုယူကာ ကြည့်လိုက်သည် “ဟင်္သပဒါး မြို့တော်က ထောင်မျိုးနွယ်လား၊ သူတို့က ဖိတ်ထားတဲ့သူရှိတယ်လို့ မကြားမိပါ ဘူး”
ရှီမာယူယူသည် ဘာမှမပြောပေ။ သူမသည် ထိုကဲ့သို့ မေးခွန်းမျိုးကို ပြန်ဖြေရန် မလိုပေ။
ထင်ထားသည့်အတိုင်းပင် ဖိတ်စာကို စိတ်ချအောင် စစ်ဆေးပြီးနောက် တွင် သူမကို ပြန်ပေးပြီး ပြောလိုက်သည် “အဲတော့ ခင်ဗျားက ကြက်သွေးရောင် ပုလဲတွေ့ဆုံပွဲတက်ဖို့ လာတာပေါ့… အဲလိုဆိုမှတော့ ဝင်လို့ရပါတယ်”
ရှီမာယူယူသည် သူ့ကိုပြုံးပြပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူမသည် သူမလူများကို ခေါ်သွားလိုက်သည်။
“ကျားဖြူမြို့တော်က အစောင့်တွေက ရည်မွန်သားပဲ ဆိုလိုတာက ကျား ဖြူမြို့တော်က လူတွေကမဆိုးဘူးလို့ သက်သေပြနေတာပဲ” စူးရှောင်ရှောင် ပြောလိုက်သည်။
“ငါတို့ မြို့ထဲအလည်သွားတုန်းက ဟင်္သပဒါးငှက်မြို့တော်ကလူတွေနဲ့ ကျားဖြူမြို့တော်ကလူတွေရဲ့ ဆက်ဆံရေးက တင်းမာကြတယ်လို့ ကြားတယ် ငါတို့က ဟင်္သပဒါးငှက်မြို့တော်ကလာတယ်ဆိုပေမဲ့ ငါတို့ကို အခက်တွေ့ အောင်တော့မလုပ်ဘူးပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“အဲလိုမျိုး ဖြစ်နေတာလား”
“ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် ဟင်္သပဒါးငှက်မြို့တော်က အင်အားတချို့ က တော်တော်မယဉ်ကျေးတာ၊ အဲဒါကြောင့် သူတို့က အဲလိုအပြုအမူတွေကို မကြိုက်တာဖြစ်မယ်လို့ ငါ မှန်းမိတယ်”
“ညီမတို့က ပြိုင်ပွဲဝင်ဖို့ သူတို့ဖိတ်စာကိုရထားတာပဲလေ အဲဒါကြောင့် သူတို့က အခက်တွေ့အောင်တော့ မလုပ်လောက်ပါဘူး” ရှီမာယူယူ ပြောလိုက် သည်“ဒါပေမဲ့ ဒီကျားဖြူမြို့တော်က တကယ်ကို ဖြူ…”
အိမ်များသည် ကျောက်ဖြူများဖြင့် ဆောက်ထားပုံပေါ်လသည်။ တချို့ တလေမှာ အရောင်ရောထားသည်ကို တွေ့ရသော်လည်း ရှားပါးလှသည်။
“နေဖို့ နေရာရှာကြတာပေါ့” ဟွမ်ရင်ရင် ပြောလိုက်သည်။
ပြီးနောက် သူတို့သည် တစ်နေကုန် ပတ်လျှောက်နေကာ မြို့ထဲတွင်ပင် မိုးချုပ်သွားသော်လည်း တည်းခိုဆောင်အလွတ်ကို ရှာမတွေ့ပေ။
အပြင်လူများအပြင် တခြားနေရာမှ လာသောလူများလည်း ရှိကြသည်။ ထို့ကြောင့်ပင် တည်းခိုဆောင်များအားလုံးသည် အခန်းယူထားပြီးဖြစ်ကြ၏။
အခန်းမပြည့်သေးသော တည်းခိုဆောင်များမှာလည်း လွတ်နေသည့် အခန်းများကို ကြိုတင်မှာယူထားခြင်း ဖြစ်နေသည်။ ထို့ကြောင့်ပင် ရှာမရပြန် ပေ။
“ဒီတစ်ခုကိုမေးကြတာပေါ့ အလုပ်မဖြစ်ရင်တော့ လမ်းပေါ်မှာပဲ ဖြစ် သလိုနေရတော့မှာပဲ” ဟန့်မြောင်ရွှမ်သည် မျက်ရည်ဝဲဝဲဖြင့် ပြောလေသည်။
“စမ်းကြည့်ကြတာပေါ့ နည်းလမ်းရှိမှာပါ” ဤနေရာမှ တည်းခိုဆောင် များသည် နာမည်ကြီးလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
သူတို့သည် တည်းခိုဆောင်သို့ ဝင်လိုက်ရာ စားပွဲနောက်မှ တာဝန်ခံကို မြင်လိုက်သည်။ သူတို့ မပြောခင်မှာပင် တာဝန်ခံပြောလိုက်သည်ကို ကြားလိုက် ရသည် “တောင်းပန်ပါတယ် ဧည့်သည်တော်တို့ ကျွန်တော်တို့ တည်းခိုဆောင် က အခန်းပြည့်သွားပါပြီ”
“ထပ်ပြီး ပြည့်ပြန်ပြီလား” ထိုအရာသည် သူတို့ ထင်ထားသည်ထက် ကျော်လွန်နေသည်။
“ဟူး ကြည့်ရတာ လမ်းပေါ်မှာပဲ ဖြစ်သလိုနေရတော့မယ်ထင်တယ်၊ ငါ့ ဘဝမှာ ပထမဆုံးအကြိမ် လမ်းပေါ်မှာအိပ်ရတော့မယ်” ထိုလူများသည် ဇိမ်ကျကျနေခဲ့သည်ဟု ပြော၍ရသည်။ လမ်းပေါ်မှာအိပ်ရခြင်းသည် သူတို့ အတွက် အလွန်အကျည်းတန်လှသည်။
“ရှင်တို့က အခန်းရှာမရလို့လား” လန်းဆန်းသော အသံတစ်သံသည် ဘေးမှထွက်လာသည်။ အားလုံး ခေါင်းမော့ကြည့်လိုက်ရာ အဝါရောင်ဂါဝန် ဝတ်ထားသော အမျိုးသမီးတစ်ယောက် လှေကားမှဆင်းလာသည်ကို မြင် လိုက်ရသည်။
ဆိုင်တာဝန်ခံသည် ထိုအမျိုးသမီးကို အရိုအသေပေးကာ ပြောလိုက် သည် “မိန်းကလေးရှဲဝူ အောက်ထပ်ကို ဘာကိစ္စရှိလို့လဲမသိဘူး”
“ကျွန်မက လက်ဖက်ရည် သောက်ချင်လို့ လက်ဖက်ရည်အိမ်ကို သွားချင် လို့လေ” မိုရှဲဝူ ပြန်ဖြေလေသည်။ ထို့နောက် သူမသည် ဟန့်မြောင်ရွှမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည် “ရှင်တို့က လမ်းပေါ်မှာအိပ်ရတော့မယ်လို့ ပြော လိုက်တာလား”
“ကျွန်မတို့တွေ တစ်နေကုန် တည်းခိုဆောင်လိုက်ရှာနေတာ၊ ဒါပေမဲ့ အခန်းပြည့်တာဖြစ်ဖြစ် အခန်းကြိုမှာထားတာဖြစ်ဖြစ် ရှိနေကြတာ” ဟန့်မြောင်ရွှမ်သည် ပခုံးတွန့်ကာ ပြောပြီး အကူအညီမဲ့စွာ ကြည့်လိုက်သည်။
“ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲဆိုရင် ဒီလိုကိစ္စတွေက တစ်ချိန်လုံး ဖြစ်နေတာပဲ၊ ရှင်တို့မလာခင် တည်းခိုဆောင်ကို ကြိုပြီးမှာမထားဘူးလား” ထိုသို့ပြောပြီးနောက် မိုရှဲဝူသည် အနည်းငယ် ရိုင်းသွားသလို ခံစားလိုက်ရသည်။ “တောင်းပန်ပါတယ် ရှင်တို့က အပြင်လူတွေဆိုတာကို သတိမထားမိလိုက်ဘူး ကျွန်းကို အခုမှရောက်ဖူးတာလား”
“ဟုတ်ပါတယ်”
“အဲဒါကြောင့် ဒါမျိုးတွေကို မရင်းနှီးတာကိုး” မိုရှဲဝူ ပြောလိုက်သည် “ကျားဖြူမြို့တော် တစ်ခုလုံးမှာ တည်းခိုဆောင်မကျန်တော့မှာ စိုးတယ်”
ရှီမာယူယူနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အမှန်တကယ်ပင် ထိုကဲ့သို့ဖြစ်နိုင်သည်။
“ဒီလိုဘာလို့မလုပ်ရမှာလဲ ဆိုင်တာတန်ခံ ကျွန်မတို့မှာ အခန်းပိုအချို့ရှိ မယ်ထင်တယ် သူတို့ကိုပေးလိုက်ပါ” မိုရှဲဝူ ပြောလိုက်သည်။
“မိန်းကလေးရှဲဝူ သဘောတူရင်တော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ ကျွန်တော်တို့မှာ အခန်းလုံလုံလောက်လောက်မရှိပါဘူး၊ နှစ်ယောက်တစ်ခန်း သုံးမှဖြစ်မှာပါ”
“ပြဿနာမရှိဘူး လမ်းပေါ်မှာအိပ်ရတာထက် ကောင်းပါတယ်၊ ဒါ ပြဿနာကြီးမဟုတ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျွန်မတို့တွေ မိန်းကလေးရှဲဝူကို ကျေးဇူးတင်ရမှာပဲ” သူတို့သည် ထိုမိန်းကလေးအား အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။
“ကျွန်မနာမည်က မိုရှဲဝူပါ ရှဲဝူလို့ခေါ်လို့ရပါတယ်” မိုရှဲဝူသည် ပြုံးလိုက် သည် “ရှင်တို့သွားနားလို့ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးက ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကို ဝင်ပြိုင်ဖို့လာကြတာပဲ၊ တစ်ခုခုဆိုရင် ရှင် တို့ကိုလာရှာပြီး ဆွေးနွေးလို့ရတာပေါ၊ ကျွန်မက ဆေးပင်တချို့သွားဝယ်စရာရှိ လို့ခွင့်ပြုပါဦး”
ပြောပြီးနောက် သူမသည် အခန်းခပေးနေသော သူတို့အားလုံးကို ပြုံးပြ သွားပြီး ဖြတ်သွားလေသည်။
“တာဝန်ခံ ခုနက မိန်းကလေးကဘယ်သူလဲ သဘောကောင်းလိုက်တာ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“အဲဒါက အဇူရာမြို့တော်က မိုမျိုးနွယ်က သခင်မလေးမိုရှဲဝူပါ၊ မိုမျိုးနွယ် က သဘောအကောင်းဆုံးမျိုးနွယ်ထဲကတစ်ခုပဲ၊ ကျွန်တော်တို့ တည်းခိုဆောင် ကို မိုမျိုးနွယ်က ငှားထားတာပါ” ဆိုင်ရှင် ပြောလိုက်သည် “မိန်းကလေးရှဲဝူက သဘောတူမှတော့ ခင်ဗျားတို့ ကျွန်တော်နဲ့လိုက်ခဲ့ကြပါ၊ အခန်းတွေစီစဉ်ပေးပါ မယ်”
အကြင်နာဆုံး မျိုးနွယ်ဟုတ်လား။ ဆိုင်တာဝန်ခံပြောလိုက်သော အဓိပ္ပာယ်မရှင်းသော စကားများသည် ပါးနပ်လှသည်။
သို့သော် မိုရှဲဝူသည် အမှန်တကယ်ပင် ကြင်နာတတ်သူ တစ်ယောက်ဖြစ် သည်။
“မိုမျိုးနွယ်က တခြားသူတွေက အပေါ်ကအခန်းတွေမှာ နေကြပါတယ် ဒီဘက်ကအခန်း တချို့ပဲ ကျန်တော့မှာပါ” ဆိုင်တာဝန်ခံ ပြောလိုက်သည် “အဲဒီ ဘက်က အခန်းတွေက အလင်းသိပ်မဝင်ဘူး နည်းနည်းလည်း သေးတယ် အဲဒါ ကြောင့်ကျန်နေတာပါ ဒါပေမဲ့ သန့်ရှင်းပါတယ်”
“သန့်ရှင်းရင် ရပါပြီ တခြားဟာတွေက ကိစ္စမရှိဘူး” ဟွမ်ရင်ရင် ပြော လိုက်သည်။
အခန်းမလုံလောက်သဖြင့် နောက်ဆုံးတွင် အဘိုးနှင့်အဘွားက တစ်ခန်း၊ ဆရာနှင့် ဖခင်တို့သည် တစ်ခန်း၊ စူးရှောင်ရှောင်နှင့် ကျန်းကျူးရှန့်တို့တစ်ခန်း၊ ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့ တစ်ခန်းယူကြပြီး သခင်ကြီးဂျီနှင့် ကလေးငယ် တို့က တစ်ခန်းယူကြသည်။
သူတို့ အခန်းနေရာချပြီးချိန်တွင် အပြင်မှ ဆူညံသံများကြားလိုက်ရသည်။ သူတို့သည် ပြတင်းပေါက်မှကြည့်လိုက်ရာ မိုမျိုးနွယ်မှ သခင်လေးများပြန်လာ သည်ကို တွေ့လိုက်ရသည်။
ဆိုင်တာဝန်ခံသည် မိုရှဲဝူမှ သူစိမ်းများကို အခန်းပေးထားကြောင်းပြောပြ လိုက်ရာ ထိုသခင်လေးများသည် ဘာမှမပြောဘဲ မျက်မှောင်ကြုတ်ရုံသာကြုတ် လေသည်။ သူတို့သည် တခြားသူများကို နှင်မထုတ်ပေ။
“ဆိုင်တာဝန်ခံပြောတာတွေက မှန်တယ်ထင်တယ် မိုမျိုးနွယ်ဝင်တွေက သဘောကောင်းကြသားပဲ” ဟန့်မြောင်ရွှမ်သည် ပြတင်းများကို ပိတ်ပြီးပြော လိုက်သည်။
“အင်အားသာရှိရင် နတ်ဆိုးကိုမကြောက်ဘူးလေ” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
***