← Chapters

ဟော့ပေ့ါ

Vol. 2 Ch. 16

ဟော့ပေ့ါ

Vol. 2 Ch. 16

ပါ့ဂ်လီအို၏ ချိပ်ပိတ်ထားသည့် အခြေအနေမှာပင် အသီနာ မယှဉ်နိုင်ပေ။ထို့ကြောင့် သူ၏ အစွမ်းအကုန်အား အဆိပ်နဂါးရှေ့၌ မထုတ်ပြနိုင်ခဲ့ပေ။သို့သော်လည်း ဂန်ခီနှင့် ရင်ဆိုင်သည့်အခါမှာတော့ သူ၏ မဟာဓားကြီးသည် ချက်ချင်းပင် အစွမ်းပြတော့သည်။

အသီနာသည် ယခုတစ်ခေါက် ဓားသွားနှင့် ခုတ်လိုက်ပြန်သည်။မီးပွင့်များ ထွက်ပေါ်လာကာ ဂန်ခီ၏ တူလည်း နှစ်ပိုင်းပြတ်သွားပြီး သူ၏ခြေထောက်လည်း ပိုမိုနှစ်ဝင် သွားသည်။အသီနာသည် သူ၏ ခွန်အားကို အတိအကျ ထိန်းချုပ် ထားလေသည်။တူပြတ်သွားပြီးနောက်တွင် သူ၏ မဟာဓားကြီးသည် အဇရူပဒေဝတာ၏ ဦးခေါင်ထိပ်၌ ရပ်နေသည်။

ချန်လွေ့သည် အဲလစ်ဆီသို့ အလျင်အမြန်သွားပြီး တီးတိုးပြောလိုက်ကာ ခြင်းတောင်းတစ်တောင်း ပေးလိုက်သည်။

“ဒီကနေထွက်သွား။အနိမ့်ဆင့်နတ်ဆိုး။ငကြောက်ကောင် အဲလန်ကို ခေါ်ခဲ့လိုက်။ ”

အသီနာသည် ငတုံးမဟုတ်ပေ။ဂန်ခီ၏ လုပ်ရပ်နောက်ကွယ်၌ မည်သူရှိသည်ကို ချက်ချင်း မှန်းဆမိသည်။ထို့နောက် သူ၏ ဓားအား ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။

ဂန်ခီသည် သူ၏ခေါင်းထိပ်မှသွားလိုက်သည့် ကြောက်မက်ဖွယ်ရာ လူသတ်ချင်စိတ်ကို ခံစားလိုက်ရသည်။အသီနာ ငဲ့ညာခဲ့သည်ကို သိပြီး သူ၏ခေါင်း ချွေးများ ရွှဲနေလေသည်။ သို့မဟုတ်ပါက ထိုကြောက်စရာခုတ်ချက်သည် တူကိုသာ ဖြတ်နိုင်ရုံ မကပေ။ဂန်ခီ ကြက်သေသေနေစဉ် ကျယ်လောင်သည့် အော်သံတစ်ခု ချက်ချင်း ထွက်လာသည်။

“ တော်လိုက်တော့။ ”

ထိုစကားပြောလိုက်သူမှာ အမှန်တကယ် ချန်လွေ့ဖြစ်သည်။လူသားသည် ဂန်ခီအား လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ ဂန်ခီ။ခင်ဗျားက သခင်မ အသီနာကိုတောင် တိုက်ခိုက်ရဲတယ်လား။မင်းသမီးလေး အဲလစ်တောင်ဘာမှမပြောရသေးဘူး။ခင်ဗျားက ခွင့်ပြုချက်မရှိဘဲ အမိန့်ပေးခဲ့တယ်။ ခင်ဗျားရဲ့မျက်လုံးထဲမှာ မင်းသမီးလေးတို့၊တော်ဝင်မင်းသမီးတို့၊လူစီဖာတော်ဝင် မိသားစုတို့ ရှိသေးရဲ့လား။ ”

“ ငါ မဟုတ်ပါဘူး။ ”

အသီနာအား တိုက်ခိုက်သည်ဟု ချန်လွေ့ပြောသည်ကို ကြားလိုက်ရာ ဂန်ခီ ထိတ်လန့်သွားသည်။ အရင်တိုက်ခိုက်သည်မှာ အသီနာ ဖြစ်သည်။လူစီဖာ တော်ဝင်မိသားစုအကြောင်း ချန်လွေ့ပြောသည့်အခါ ဂန်ခီသည် ကိုယ့်ကိုယ်ကိုယ် အလျင်အမြန် ကာကွယ်လိုက်သည်။

ကျောက်စိမ်းနဂါးသီးအား အဲလစ်ဝါးစားနေသည့် အသံမှလွဲ၍ တိတ်ဆိတ်နေသည်။ထို့နောက် အဲလစ်သည် မပီမသ ပြောလိုက်သည်။

“ ရှင်က အသီနာကို တိုက်ခိုက်ရဲတယ်လား။ကျွန်မနဲ့ ကျွန်မရဲ့ အစ်မကို မျက်လုံးထဲတောင် မထည့်တော့ဘူးလား။ ”

“ မဟုတ်ပါဘူး။ကျုပ် ထည့်ပါတယ်။ကျုပ်..... ”

ဂန်ခီ အလွန် ထိတ်လန့်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။

“ မင်းသမီးလေး။ဒီလူသားက မရိုးသားဘူး။သူ့ကို မယုံပါနဲ့။ ”

“ ဒီလူက တကယ်ပဲ မရိုးသားပါဘူး။ ”

အဲလစ် ခေါင်းညိတ်လိုက်သည်။ ဂန်ခီ တိတ်တခိုး ပျော်တော့မည့် အချိန် ကျောက်စိမ်းနဂါးသီး ကိုင်ထားသည့် လိုလီလေး၏ လက်ချောင်းများက ချန်လွေ့အား ညွှန်ပြလိုက်သည်။သူ၏ လေသံလည်း ပြောင်းလဲသွားသည်။

“ ဒါပေမဲ့ သူကရှင့်ထက် ပိုပြီးတော့ ကောင်းတယ်။ ”

ချန်လွေ့၏ စကားလုံးများ ကောင်းသည်လား၊ ကျောက်စိမ်းနဂါးသီး ကောင်းသည်လား မသေချာပေ။ချန်လွေ့သည် ဟာသတစ်ခုထဲမှ လာဘ်စားသည့် အရာရှိတစ်ယောက်ကို စဉ်းစားလိုက်မိသည်။မည်သို့ပင်ဖြစ်စေ အဲလစ်အတွက် ကျောက်စိမ်းနဂါးသီးများပြင်ဆင်ထားခဲ့ခြင်းက ဉာဏ်အပြေးဆုံး အကွက်ပင် ဖြစ်သည်။

“ ချန်လွေ့။နင်က ဆေးပင်ခူးနေရင်း မင်းသမီး‌လေးအတွက် သစ်သီးတွေ ခူးပေးဖို့ မမေ့တဲ့အတွက် ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်မယ်။ ”

အဲလစ်သည် ကြောက်လန့်ပြီး ချွေးပြန်နေသည့် ဂန်ခီအား ကြည့်လိုက်သည်။

“ အကောင်ကြီးကြီး။မမိုက်မဲပါနဲ့။အဲလန်ကို ပြောလိုက်။ကျွန်မရဲ့လက်နဲ့ တစ်စုံတစ်ယောက်ကို သတ်စေချင်ရင် သူက တခြားသူတွေထက် ပိုကောင်းရမယ်။”

ပိုကောင်းရမယ်လား။ဒါက သေချာပေါက်ကို လာဘ်ထိုးတာပဲ။ကြည့်ရတာ ဒီ လိုလီလေးက အားလုံးကို နားလည်တဲ့ပုံပဲ။သူက တမင်တကာကို ရှုပ်ထွေးအောင် လုပ်နေတယ်။

အဲလစ် ဆက်မပြောတော့ကြောင်း ဂန်ခီ သတိထားမိသွားပြီး စစ်သားများကို အလျင်အမြန် ဆုတ်ခွာခိုင်းလိုက်သည်။နတ်ဆိုးဘုံသည် အတော်လေးရိုးရှင်းလှသည့် အတွက် ချန်လွေ့ ပျော်ရွှင်လေသည်။သူ၏ ယခင်လောကရှိ ရှေးခေတ်ဆိုလျှင် တစ်စုံတစ်ယောက်သည် ရိုးရိုးရှင်းရှင်းပင် ကွက်မျက်ခံရပေမည်။ဂန်ခီ နှင့် သူ၏မိသားစု သုတ်သင်ရှင်းခံရရန် မဖြစ်နိုင်သည် မဟုတ်ပေ။

“ အသီနာ။သွားရအောင် ”

အဲလစ်သည် ဒေါသမထွက်ဖူးသကဲ့သို့ပင် အသီနာ၏ လက်မောင်းအား ကိုင်လိုက်သည်။

“ မင်းသမီးလေးက ငါ့ကို ခိုးပြီးသွားကစားလို့ အပြစ်တင်မလို့လား။ ”

အသီနာသည် တမင်တကာပင် အဲလစ်၏ လက်အား ဖြုတ်ချလိုက်ပြီး သူ၏ မျက်နှာလည်း မပျော်မရွှင် ဖြစ်နေသည်။ခီရာမြင်သွားသည့်အခါ ပါးစပ်ပိတ်လိုက်ပြီး ဘေးဖက်သို့ ပြုံးလိုက်သည်။

အဲလစ်သည် အမှန်တကယ်ပင် စွယ်ရုံရ စိတ်နှလုံး မကောင်းသူ ဖြစ်သည်။ထို့နောက် သူသည် နောက်ထပ် ဟာသတစ်ခု လုပ်လိုက်သည်။ နန်းတော်အဝင်ဝသို့ ရောက်သည့် အခါ သူတို့နှစ်ယောက်သားသည် ညီအစ်မကဲ့သို့ ရင်းရင်းနှီးနှီး ပြန်ဖြစ်သွားကြသည်။ သားကောင်တချို့ ယူလာကြောင်း အသီနာ ပြောလိုက်ရာ အဲလစ်သည် ယခင် ပျော်ပွဲစားထွက်သည့်မြင်ကွင်းများကို သတိရသွားပြီး သွားရည်ကျကာ ချန်လွေ့အား ပြုံးဖြဲဖြဲ လုပ်နေလိုက်သည်။

ထိုအကြည့်များအောက်တွင် ချန်လွေ့သည် မိမိကိုယ်ကို သံချောင်းထိုးထားသည့် အသားကင် တစ်မျိုးကဲ့သို့ ဖြစ်သွားဟန်တူသည်ဟု ခံစားလိုက်ရသည်။ချန်လွေ့ ခပ်မြန်မြန် ပြောလိုက်သည်။

“ ဒီတစ်ခေါက်က စားစရာအသစ် ရှိတယ်။အသားကင်နဲ့ယှဉ်ရင် အဲ့ဒါက ထူးခြားတဲ့ အရသာရှိတယ်။ဒါပေမဲ့ မင်းသမီးလေးက အစပ်ကြိုက်မကြိုက် ကျုပ်မ‌သိသေးဘူး။ ”

“အသားကင်လောက်တကယ်ပဲအရသာရှိတာလား။ ”

လိုလီလေး အသံနိမ့်ကာ ပြောလိုက်သည်။အသီနာစတိုင်ဖြင့် ရင်ဘတ်ပုတ်သည့် လူသားဆီမှ အာမခံကြောင်းရရှိပြီးနောက်တွင် အဲလစ်၏အသံပိုကျယ်လာသည်။

“ လူစီဖာ တော်ဝင်မိသားစုရဲ့ အဘိဓာန် ထဲမှာ အကြောက်တရားဆိုတဲ့ စကားလုံး မရှိဘူး။အဲလစ်လူစီဖာ ဆိုတဲ့ငါက အကြောက်တရား မရှိဘူး။

မင်းသမီးလေး၏ ယုံကြည်ချက်ရှီသည့် မျက်နှာကို အင်ပါယာအစောင့်များ တလေးတစားကြည့်ပြီး လူစီဖာတော်ဝင် မိသားစုအတွက် စစ်သည်ဖြစ်ရသည်မှာ ဂုဏ်ယူစရာသဖွယ် မတ်မတ် ရပ်နေလေသည်။သို့သော်လည်း လိုလီလေး၏ ရဲတင်းသော စကားလုံးလေးများ၏အဓိကရည်ရွယ်ချက်မှာ စားစရာနှင့်ရေ အလကား ရရှိရန်အတွက် အတွက် ဟုတ်မဟုတ် မသိ‌ကြပေ။

အဲလစ်သည် လူအများ၏ လေးစားမှုကို သဘောကျပြီး အဲဒက်စ်၏ စမ်းသပ်ခန်းဆီသို့ အကြောက်တရားကင်းမဲ့စွာ လမ်းလျှောက်သွားတော့သည်။

စမ်းသပ်ခန်းဆီသို့ ရောက်သွားသည့်အခါ စလီသည် သူတို့အား ခပ်မြန်မြန် နှုတ်ဆက်လိုက်သည်။အရေးပေါ်အခြေအနေ တစ်ခုကြောင့် ဆရာအဲဒက်စ်သည် တော်ဝင်မင်းသမီးနှင့် ဆွေးနွေးရန် နန်းတော်ဆီသွားနေကြောင်း စလီထံမှ ချန်လွေ့ သိလိုက်သည်။

မှင်စာ၏အကူအညီနှင့် ချန်လွေ့သည် စတင် အလုပ်လုပ်တော့သည်။ခီရာနှင့် အသီနာတို့လည်း ရံဖန်ရံခါ ကူညီပေးကြသည်။သို့သော်လည်း အသီနာသည် မကျွမ်းကျင်သည့်အတွက် အနှောင့်အယှက်ကဲ့သို့ ဖြစ်နေသည်။အဲလစ်လည်း စောင့်ရပျင်းလာသည့်အတွက် စားပွဲပေါ်တွင် အဲဒက်စ် ကျန်ခဲ့သည့် ဂေါ်ဂီကျားကွက်အား ကစားနေတော့သည်။ဤလှပသော ကျားကွက်အသစ်လေးသည့် အဲလစ်လက်ထဲမှ မလွတ်မြောက်နိုင်ကြောင်း ချန်လွေ့ စဉ်းစားမိသည်။

ဆရာတော့ စိတ်ညစ်ဦးမှာပဲ။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံး၌ ချန်လွေ့ ပြီးစီးသွားလေပြီ။

အဲလစ်သည် အနံ့မွှေးမွှေးလေး ရလိုက်ပြီး မျက်လုံးပြူးသွားသည်။ထို့နောက် အောက်ဘက်တွင် မီးမွှေးထားပြီး စားပွဲပေါ်တင်ထားသည့် ထူးဆန်းသော အိုးကြီး တစ်လုံးကို သူ တွေ့လိုက်သည်။အဲလစ်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ မွှေးနေတာပဲ။ဒါကဘာလဲ။ ”

“ ဒါက ဟော့ပေါ့လို့ ခေါ်တယ်။လာစားကြည့်။ ”

ချန်လွေ့ ပြောလိုက်ပြီး စလီအား ပန်းကန်များ ယူခိုင်းကာ အားလုံးကို ပေးလိုက်သည်။ချန်လွေ့သည် အိုးထဲသို့ အသားပိုင်းများ အရံဟင်းများပင် ထည့်ခဲ့သည်။ယခင်က အသားကင်ပြီးနောက်တွင် နတ်ဆိုးဘုံရှိ ဟင်းခတ်အမွှေးအကြိုင် များအားလုံးကို သူသိနေလေပြီ။ဤသည်မှာ အစားပုတ် အဲလစ်၏ ပစ္စည်းအစုံရှိခြင်း ကျေးဇူးကြောင့် ဖြစ်သည်။ဟင်းခတ်အမွှေးအကြိုင်များနှင့် ပါဝင်ပစ္စည်းများမှာ ချန်လွေ့၏ ယခင်လောကလောက် မများလှသော်လည်း ထိုလောက၌ မရှိသော ထူးခြားသည့်အရာများလည်း ရှိပေသည်။ထို့ကြောင့် အိမ်တွင်းချက်ပြုတ်ရန်အတွက် လုံလောက်သည်ထက် ပိုသည်။

အဲလစ်သည် ချန်လွေ့အား စေ့စေ့စပ်စပ်ကြည့်ပြီး လေ့လာနေသည်။ အသားတစ်တုံးအား သူ ယူချင်သော်လည်း ချန်လွေ့၏ အိမ်လုပ်တူများကို မသုံးတတ်ပေ။ထို့ကြောင့် အဲလစ်သည် ရိုးရိုးရှင်းရှင်းပင် ဇွန်းကို သုံးပြီး စွပ်ပြုတ်ထဲမှ ခပ်ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

“ ဝါး။ပူလိုက်တာ။စပ်တယ်။ ”

အဲလစ်သည် ဟန်လုပ်၍ အံ့အားသင့်စွာ ပြောလိုက်သည်။သို့သော်လည်း သူ၏ လက်များသည် မြန်သထက် မြန်လာသည်။မကြာမီတွင် လိုလီလေးသာမက အသီနာနှင့် ခီရာတို့လည်း ဟော့ပေါ့အား ချစ်မြတ်နိုးသွားလေသည်။

“ မလောပါနဲ့။စားနေတုန်း အမည်တွေကို ဆက်ထည့်လို့ရပါတယ်။ ”

ချန်လွေ့သည် အဲလစ်အား ဆလတ်ရွက် ကမ်းပေးလိုက်သည်။မှင်စာလည်း တံတွေး မြိုချနေသည်ကို ချန်လွေ့ တွေ့လိုက်သည်။သို့သော်လည်း စလီသည် ဘေးနား၌ ရိုရိုသေသေပင် ရပ်နေသည်။

“ စလီ။ဘာလုပ်နေတာလဲ။လာစားလေ။ ”

“ စလီလည်း စားလို့ ရတာလား။ ”

စလီသည် နားကြားလွဲသည်ဟု ထင်လိုက်မိပြီး အချိန်အတော်ကြာမှ ပြန်တုံ့ပြန် နိုင်လေသည်။ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံရသည်များကို သတိရမိသွားပြီး စလီ၏ မျက်လုံးကျဉ်းကျည်းတို့သည် မျက်ရည်များ ရုတ်တရက် ပြည့်လျှံသွားသည်။

အိုး။ဘုရားသခင်။တကယ့်ကို ကြီးကြယ်ပြီး ဂရုဏာထားတဲ့ သခင်ပဲ။သူက နတ်ဆိုးဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်မယ်။စာချုပ်မရှိရင်တောင် စလီက သခင့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။အဲ ......ငါ့အရှေ့မှာ သလင်းကျောက်မဲ ဒင်္ဂါး တစ်ရာ မရှိရင်ပေါ့။မဟုတ်ဘူး။နှစ်ရာ...

ချန်လွေ့၌ အဲလစ်၏ [ စိတ်ဖတ်ခြင်း ] အစွမ်း မရှိပေ။ထို့ကြောင့် မှင်စာ၏ စိတ်ထဲရှိ အပေးအယူကို ချန်လွေ့ မသိပေ။ချန်လွေ့သည် ဟင်းခွက်များ ထပ်ထည့်လိုက်ပြီး သူ၏ အစေခံအသစ်လေးအား အမည်များကို နည်းနည်းစီ ပေးလိုက်သည်။ထိုအပြုအမူက စလီအား သူ၏သခင်ကို သစ္စာဖောက်ရန်အတွက် အပေးအယူကို နှစ်ဆတိုးလိုက်စေပြီး လေးရာ ဖြစ်သွားသည်။

အနိမ့်ဆုံးအဆင့်ဖြစ်သည့်အတွက် စလီသည် အဲလစ်ကဲ့သို့ တော်ဝင်မျိုးနွယ်နှင့် တစ်စားပွဲထဲ မစားရဲပေ။စလီသည် သူ၏ ခွက်ထဲသို့ အနည်းငယ်ထည့်ပြီး ထောင့်တစ်နေရာတွင် သွားစားတော့သည်။၎င်းသည် သူစားဖူးသမျှထဲတွင် အရသာအရှိဆုံးဟု ခံစားလိုက်ရသည်။

အားလုံး အပြောင်းရှင်းပြီးနောက် အဲလစ်သည် သူ၏ တင်းကားနေသည့် ဗိုက်အား ကျေနပ်စွာ ပွတ်သပ်ကာ ချန်လွေ့အား ကြည့်လိုက်သည်။

“ ချန်လွေ့။နင်က မဆိုးဘူးပဲ။ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ဒီနေ့ကစပြီး နင်က ငါ့ရဲ့ ညာလက်ရုံးပဲ။ ”

ထိုစည်းချက်ကိုက်သည့် အသံတွင် စမ်းသပ်ခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ညာလက်ရုံအား အံ့အားသင့်သွားစေသည်။ညာလက်ရုံး၏ အစေခံသည်လည်း အားကျနေသည်။

အရင်တစ်ခေါက်ကလိုမျိုး အပျော်ယောက်ျား မဟုတ်လို့ တော်သေးတာပေါ့။ဒီနှစ်ခုက လုံးဝ မတူဘူး။

ဒါနဲ့ ငါတကယ်ပဲ အဲလစ်ရဲ့ အပျော်ယောက်ျား ဒါမှမဟုတ် အပျော်လင်လေး ဖြစ်သွားရင် မင်းသမီးရှီရာက ငါ့ကို မိန်းမစိုးအဖြစ် ရာထိုးတိုးပေးမှာ စိုးရတယ်။

“ ဒါက ကြီးမားတဲ့ ဂုဏ်ပုဒ်ပဲ။ငါ့ရဲ့ ညာလက်ရုံးက ငါနဲ့ အမြဲရှိရမယ်။နေ့တိုင်း ပုံပြင်ပြောပြရမယ်။ချက်ကျွေးရမယ်။ပုံမှန်ရတဲ့ မှော်ပုံဆောင်ခဲ ဒင်္ဂါးတွေကို တစ်ဝက်ပေးရမယ်။အပြင်ထွက်စားရန် ပိုက်ဆံရှင်းပေးရမယ်။ ”

အဲလစ်သည် သူ၏ လက်ချောင်းများအား ရေတွက်ရင်း ပြောလိုက်သည်။

ဒါက ကျွန်ထက်ကို မဆိုးဘူးလား။

ချန်လွေ့ ချွေးပြန်သွားပြီး ပြတ်ပြတ်သားသားခေါင်းခါလိုက်သည်။

“ ကျုပ်က အမြဲတမ်း မြင့်မြတ်တဲ့လူ တစ်ယောက်ပါပဲ။ဘယ်တော့မှ မျက်နှာလို မျက်နှာရ မလုပ်ပါဘူး။ဒီကြီးမားတဲ့ ဂုဏ်ပုဒ်ကို တစ်ခြားတစ်ယောက်စီ ပေးသင့်တယ်။ ”

ှ

ချန်လွေ့သည် ဟော့ပေါ့ထဲသို့ “ အဆိပ်ဖြေဆေး ” အား ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ထည့်လိုက်သည်ကို အသီနာကိုယ်တိုင် တွေ့လိုက်သည်။အဲလစ်လည်း သံသယမရှိခဲ့ပေ။ သူသည် ခီရာနှင့်အတူ အများကြီး စားခဲ့သည်။နောက်ဆုံးတော့ အသီနာလည်း စိတ်သက်သာရာ ရသွားတော့သည်။လူသားမိတ်ဆွေ၏ ဉာဏ်ပြေးပုံကို သူ တိတ်တဆိတ် လေးစားမိသွားသည်။အသီနာ ပြောလိုက်သည်။

“ အဲလစ်။နောက်မနေပါနဲ့တော့။ငါတို့ ဟော့ပေ့ါလည်း စားပြီးပြီ။စောစော ပြန်ကြရအောင်။ ”

“ နင်က သူ့ဘက်မှာပဲ အမြဲရှိနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။ ”

အဲလစ်သည် အသီနာအား သံသယဖြင့် ကြည့်ပြီး ချန်လွေ့အား စိုက်ကြည့်လိုက်သည်။

“ အိုး။ဟုတ်သားပဲ။မြို့ဂိတ်တံခါးမှာတုန်းက ဒီလူသားကို နင့်မိတ်ဆွေလို့ ပြောခဲ့တယ်မလား။ ”

အသီနာ၏ မျက်နှာ အနည်းငယ် ပူလောင်သွားပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“ အင်း။သူ့ကို ငါသိတာ မကြာသေးပေမဲ့ ချန်လွေ့က မိတ်ဆွေဖြစ်ထိုက်တယ်လို့ ငါထင်တယ်။သူက အဲ့ဒီ ရက်စက်တဲ့ငကြောက် အဲလန်ထက် ပိုပြီး သာတယ်။ ”

“ ချန်လွေ့က ပုံပြင်တွေလည်း ပြောတတ်တယ်။အရသာရှိတာတွေ၊ပျော်စရာ ကောင်းတာတွေလည်း လုပ်တတ်တယ်။ ”

အဲလစ် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ သူက အသီနာ၏ မိတ်ဆွေ ဆိုမှတော့ ငါ့ရဲ့ မိတ်ဆွေလို့လည်း သတ်မှတ်လို့ ရတယ်ထင်တာပဲ။ ”

ချန်လွေ့သည် အဲလစ်၏ မိတ်ဆွေဖြစ်ရန်စံနှုန်းများကို ပြောစရာစကား ဆွံ့အ သွားသည်။အဲလစ် လမ်းလျှောက်လာပြီး ချန်လွေ့၏ ပုခုံးအား ပုတ်လိုက်သည်။

“ အခုကစပြီး တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ရဲရင် ငါ့နာမည်ကိုသာ ပြောလိုက်။ဘာ်သူမှ နင့်ကို မထိရဲတော့ဘူး။ငါက လွဲရင်ပေါ့... ”

ထိုအချိန်၌ အဲဒက်စ်သည် စမ်းသပ်ခန်း အဝင်ဝ၌ ပေါ်လာသည်။

“ ဆရာ။ဒီ စားစရာအသစ်ကို စားကြည့်ပါဦး။ ”

ချန်လွေ့ ရှေ့ထွက်လာလိုက်သည်။

အမှောင်နတ်သူငယ် ဆရာသခင်သည် တမူထူးခြားစွာ ခေါင်းခါပြီး ဘာမှမပြောပေ။ ထို့နောက် အဲဒက်စ်၏ မျက်နှာ၌ ယခင်ကမရှိဖူးသည့် ညှိုးငယ်ခြင်း နှင့် အရေးကြီးခြင်းတို့ ရှိနေသည်ကို ချန်လွေ့ သတိထားမိသွားသည်။

All Chapters