← Chapters

သူသေကိုယ်သေ တိုက်ပွဲ။ တပည့် နှင့် ဉာဏ်ကြီးရှင်

Vol. 2 Ch. 18

သူသေကိုယ်သေ တိုက်ပွဲ။ တပည့် နှင့် ဉာဏ်ကြီးရှင်

Vol. 2 Ch. 18

မြို့တော် အဖွဲ့ထဲတွင် မြင်းစီးသူရဲကောင်းများ၊ဝတ်စုံပြည့် စစ်သားများ ရှိကြသည်။ ထင်းခနဲ ဖြစ်နေသူမှာ မှော်မြင်းနက် စီးနေသည့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်သည်။

ထိုသူမှာ ပိန်ပိန်ပါးပါး သေရွာပြန် တစ်ယောက် ဖြစ်ပြီး သာမန်ဟုသာ ထင်ရသည်။ သို့သော်လည်း သူ၏ဘေးရှိ အဆိပ်သခင်နှစ်ယောက်ပင်လျှင် သူ့အား ဂရုမစိုက် မလုပ်ရဲပေ။ထိုသူသည် နှစ်၃၀၀အတွင်း ကြယ်ကြွေတမန်အင်ပါယာ၌ အထူးချွန်ဆုံး ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင်ဖြစ်သော ဆန်ဒရိုပင် ဖြစ်လေသည်။

ထိုအဖွဲ့အား တော်ဝင်မင်းသမီး ရှီရာကိုယ်တိုင် မြို့ဂိတ်တံခါး၌ ကြိုဆိုခဲ့သည်။ ထိုသူများသည် အိမ်ရှေ့မင်းသား၏ မျိုးဆက်ဖြစ်သော မင်းသမီးရှီရား ရိုသေမြတ်နိုးဟန် ပြကြသော်လည်း လမ်းတစ်လျှောက်၌ စိတ်ပျက်စရာ အဆောက်အုံများ တွေ့ရသည့်အခါ အများစုသည် ရွံရှာစက်ဆုပ်သည့် အမူအရာများ ပြသကြလေသည်။

နန်းတော်သို့ ဝင်ပြီး ဧည့်သည်များနှင့် အစီအစဉ်မှူးအား နေရယူပြီးသည့်အခါ ရှီရာ ပြောလိုက်သည်။

“ ရှင်တို့အားလုံးက ခရီးအဝေးကြီးက လာခဲ့ရတာ။ပင်ပန်းနေမှာပဲ။တစ်ရက်လောက် နားလိုက်ပါလား။နောက်မှု စိန်ခေါ်မှုကို ဆွေးနွေးကြတာပေါ့။ ”

ဆန်ဒရို ထပြီး ပြောလိုက်သည်။

“ တော်ဝင်မင်းသမီး။ကျုပ်ဒီကိုလာတာ ဆရာသခင် အဲဒက်စ်ကို စိန်ခေါ်ဖို့ သက်သက်ပါပဲ။စိန်ခေါ်ပွဲကို အခုပဲစဖို့ တောင်းဆိုပါတယ်။ကျုပ်ရဲ့ ဆရာသခင် ဖြစ်ဖို့ စိတ်အားထက်သန်မှုကို နားလည်ပေးပါ။ ”

ဘေးဖက်ရှိ ဆရာသခင်ဇိုလာ နှင့် ဆရာသခင် ခမ့်ပ် တို့သည် တစ်ပြိုင်နက်တည်း ပြုံးလိုက်သည်။မူလ အစီအစဉ်မှာ အဲဒက်စ်အား အငိုက်‌မိစေရန်ဖြစ်သည်။နှစ်ရက်ကြို အသိပေးရသည်မှာ အဆိပ်သခင် အစည်းအရူံး၏ စည်းမျဉ်းအတိုင်း ဖြစ်သည်။သို့မဟုတ်ပါက ပြင်ဆင်ရန် အချိန်ရမည် မဟုတ်ပေ။

သူတို့‌က အခု ဘာလို့ တစ်ဖက်လူကို အခွင့်အရေး ပေးရမှာလဲ။

“ ဒီလို မွဲတေနေတဲ့နေရာမှာ နားစရာ အကြောင်းမရှိဘူး ”

ဧည့်သည်များထံမှ အထင်သေးသံတစ်သံ ထွက်လာသည်။ထိုသူမှာ ငွေချပ်ကာ ဝတ်ဆင်ထားပြီး အဖွဲ့အား လိုက်ပို့ပေးရသော မြင်းစီးသူရဲကောင်းငယ် တစ်ယောက်ဖြစ်သည်။

ထိုသူ စစ်တပ်ထဲမှ နာမည်ရခါစဖြစ်သည့် ချဲ့လ်ထ် ဖြစ်ကြောင်း ရှီရာ သိလိုက်သည်။သူ၏ အဖေမှာ အိုဆိုင်ဒန်အား သစ္စာဖောက်ခဲ့သည့် ဗိုလ်ချုပ်သုံးယောက် ထဲမှ ပထမဆုံး ဖြစ်သည်။ရှီရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မကြားချင်ယောင်ဆောင် လိုက်သည်။မျက်နှာချင်းဆိုင်ရှိ အသီနာလည်း မနေနိုင်ဘဲ ထပြောလိုက်သည်။

“ ချဲ့လ်ထ်။ငကြောက်။တော်ဝင်မင်းသမီးကို အထင်သေးရဲတယ်လား။ဓားထုတ်လိုက်။ အရှုံးသမားက ဘယ်လောက် တိုးတက်လာလဲ ကြည့်တာပေါ့။ ”

လွန်ခဲ့သော သုံးလေးနှစ်က အငယ်တန်း ဓားပညာပြိုင်ပွဲတွင် ချဲ့လ်ထ်သည် အသီနာအား ရှံးနိမ့်ခဲ့သည်။လူပုံအလယ်၌ အဖော်ခံရသည့်အတွက် ချဲ့လ်ထ် ဒေါသထွက်သွားပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။သို့သော် ဆရာသခင် ခမ့်ပ် တားလိုက်သည်။အခုအချိန်တွင် အခြားကိစ္စတစ်ခုအား စလိုက်လျှင် ရှီရာ၏ အကွက်ထဲ ဝင်သွားပေမည်။အဓိကကိစ္စအား သူတို့ အာရုံစိုက်သင့်ပေသည်။

ဆရာသခင် ဇိုလာသည်လည်း အမှောင်နတ်သူငယ် တစ်ယောက်ဖြစ်သည်။ဇိုလာ ပြောလိုက်သည်။

“ ဆရာသခင် အဲဒက်စ်ကို မတွေ့ပါလား။ဆေးရည်ပညာရှင် အစည်းအရုံးရဲ့ စည်းမျဉ်းအတိုင်း စိန်ခေါ်မှုကို လက်ခံရမယ်လေ။ညှိနှိုင်းဖို့ မလိုပါဘူး။သူရဲ့ စမ်းသပ်ခန်းဆီ တစ်ခါတည်း သွားကြမယ်လေ။ ”

လိုရင်းကို ဆရာသခင် ဇိုလာ တစ်ခါတည်း ပြောလိုက်သည်ကို ရှီရာ ကြားသော်လည်း မတုန်လှုပ်ပေ။အခက်အခဲရှိနေဟန်ဖြင့် သူ ပြောလိုက်သည်။

“ တကယ်တော့ လွန်ခဲ့တဲ့၃ရက်တုန်းက ဆရာသခင် အဲဒက်စ်က အစွမ်းထက် ဆေးရည်အသစ်တစ်မျိုး စမ်းကြည့်ရင်းနဲ့ မတော်တဆ ဖြစ်ထားတာ။အပြင်းအထန် ဒဏ်ရာရထားပြီးတော့ မလှုပ်နိုင် ဖြစ်နေတယ်။အဲ့ဒါကြောင့် သူဒီကို မလာနိုင်တာပါ။ အဲဒါကြောင့် ကျွန်မတို့ ဆွေးနွေးဖို့ ပြောတာပါ။ ”

“ အိုး။ကျုပ်တို့ရောက်လာမှ ဆရာသခင် အဲဒက်စ်က ဘာလို့ မတော်တဆဖြစ်သွား တာလဲ။ဆန်ဒရို ရဲ့ ဩဇာကိုကြောက်ပြီးတော့ စိန်ခေါ်မှုကနေ လွတ်ဖို့အတွက် ဟန်ဆောင်နေတာလား။ ”

ဆရာသခင် ဇိုလာ လှောင်လိုက်သည်။

ရှီရာက အမူအရာ မပြောင်းဘဲ မေးလိုက်သည်။

“ ဆရာသခင် အဲဒက်စ်က လွန်ခဲ့တဲ့ ၃ရက်တုန်းက မတော်တဆမှု ဖြစ်ခဲ့တာ။ဆန်ဒရို စိန်ခေါ်မှာကို သူသိခဲ့ဘူး။မြို့တော်ကနေ ဒီလိုလာဖို့ တစ်လလောက် ကြာတယ်။ အဆိပ်သခင် အစည်းအရုံးကနေ မှော်ဆင့်ခေါ်ကို ရှင်တို့ ရောက်မလာခင် ၂ရက်အလိုမှာမှ ကျွန်မတို့ဘာလို့ ရခဲ့တာလဲ။ ”

ထိုစကားက အရှိုက်တည့်တည့် ထိသွားသည်။အဲဒက်စ်၏ အပြစ်ကင်းမှုအား ရှင်းလင်း စေသည့်အပြင် ပူပေါင်းကြံစည်မှုကိုလည်း ရေးတေးတေး ညွှန်ပြနေပေသည်။ရုတ်ရက် ဆရာသခင် ဇိုလာ ကြောင်သွားပြီး ဆရာသခင် ခမ့်ပ် စကားပြောလိုက်သည်။

“ မင်းသမီးရှီရာ အထင်လွဲနေတာပါ။အစကတော့ ကျုပ်တို့ကို လိပ်ပြာနီ အရှင် ဂျို့ရှ်က လိပ်ပြာနီမြို့ကို လာဖို့ဖိတ်ခဲ့တာ။တစ်ချိန်တည်းမှာပဲ ဆန်ဒရိုက ဆရာသခင်အဲဒက်စ်ကို စိန်ခေါ်ဖို့အတွက် အမှောင်လမြီု့ဆီလာဖို့ ဆုံးဖြတ်ခဲ့တယ်။အဲ့ဒါကြောင့် မှော်ဆင့်ခေါ်က အမြန်ဖြစ်သွားတာပါ။တော်ဝင်မင်းသမီး မယုံဘူးဆိုရင် ဆာဂျို့ရှ် ရဲ့ သားအကြီးဆုံး ဂျိုးဆက်ပ်ကို မေးကြည့်လိုက့်ရသည်။မှတ်မိသလောက်ဆိုရင် သူက အမှောင်လမြို့ရဲ့ ဘဏ္ဍာရေးအရာရှိ ဖြစ်တဲ့ပုံပဲ။ ”

လိပ်ပြာနီ နယ်မြေသည် အမှောင်လ နယ်မြေနှင့် ဘေးချင်းကပ်လျက်ပင် ဖြစ်သည်။ မင်းသား အိုဆိုင်ဒန်၏ လူယုံဖြစ်သည့်အလျောက် လိပ်ပြာနီအရှင်သည် အမှောင်လမြို့ကို စောင့်ကြည့်သည့် မြို့တော်မှ “ မျက်လုံး ” ပင်ဖြစ်သည်။အမှောင်မြို့ဆီလာသည့် ငွေကြေးနှင့် အရင်းအမြစ် အများစုသည် လိပ်ပြာနီမြို့မှ လာသည့်အတွက် ရှီရာသည် “ သစ္စာခံ ” ထားသည့် ဂျိုးဆက်ပ်အား အရေးကြီးသော ရာထူး၌ ထားရလေသည်။ အပေါ်ယံ၌ ဂျိုးဆက်ပ်သည် အမှောင်လမြို့တော်မှ တစ်ယောက်ဖြစ်သည်။သူသာ သက်သေခံခဲ့လျှင် ပို၍ ငြင်းမရ ဖြစ်သွားပေမည်။

မည်သို့ပင် ဆိုစေကာမူ ဆန်ဒရို၏ စိန်ခေါ်မှုသည် နည်းလမ်းတကျဖြစ်သည်။အချိန် ကိစ္စအား ငြင်းခုံနေရန် အကြောင်းမရှိပေ။

“ ရပါတယ်။ဆရာသခင် ခမ့်ပ်ကို ကျွန်မ ယုံပါတယ်။ ”

ရှီရာက တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းညိတ်လိုက်သည်။

“ ဒဏ်ရာရနေတဲ့ ဆရာသခင် အဲဒက်စ်ကို စိန်ခေါ်မှုအချိန် နောက်ဆုတ်ချင်လားလို့ ခါဂူရွန်ကို လွှတ်ပြီးမေးခိုင်းလိုက်ပါပြီ။ ”

ခမ့်ပ် နှင့် ဇိုလာတို့ အချင်းချင်းကြည့်လိုက်ပြီး အမြင်ချင်း ဖလှယ်လိုက်သည်။ တစ်စုံတစ်ယောက်သည် အမြဲပုန်းနေနိုင်မည် မဟုတ်ပေ။တဖက်လူက အချိန်ရွှေ့ဆိုင်းချင်လျှင် ဆန်ဒရိုသည် အဲဒက်စ် “ ပြန်ကောင်း ” သည်အထိ အမှောင်လမြို့၌ နေလေမည်။မည်သို့ပင်ဖြစ်စေ သူတို့သည် အဲဒက်စ် နှင်ထုတ် မခံရမချင်း လက်လျှော့ကြမည် မဟုတ်ပေ။

မကြာမီတွင် အင်ပါယာအစောင့် ခေါင်းဆောင် ခါဂူရွန်ဆီမှ သတင်းပို့မှုကိုကြားသည့်အခါ ဆန်ဒရိုအပါအဝင် မြို့တော်မှ ဧည့်သည်များ အံ့အားသင့်သွားကြသည်။ဒဏ်ရာ အပြင်းအထန် ရနေသည့် ဆရာသခင် အဲဒက်စ်သည် အချိန်မရွှေ့ဆိုင်းဘဲ အမှောင်လမြို့၏ ပြိုင်ကွင်းအလယ်၌ ဆန်ဒရို၏ စိန်ခေါ်မှုကို ပွင့်ပွင့်လင်းလင်း လက်ခံရန် ကတိပေးလိုက်သည်။

တဖက်လူသည် အချိန်ဆွဲချင်သည်ဟု ဆန်ဒရို အစက ထင်ခဲ့သည်။သို့သော်လည်း ထိုသူသည် စိန်ခေါ်မှုအား ချက်ချင်းလက်ခံလိုက်သည်။

“ ဆရာသခင်အဲဒက်စ်က ဒဏ်ရာနဲ့ ယှဉ်ပြိုင်မယ်ဆိုတာ အံ့အားသင့်စရာပဲ။ရိုသေသမှု ပြုတဲ့အနေနဲ့ ကျုပ် ပြိုင်ကွင်းကို အခုပဲသွားပြီး စိန်ခေါ်ပွဲကို စတင်လိုက်ပါမယ်။ ”

ဆန်ဒရို ပြောလိုက်သည်။

ရှီရာ၏ အေးစက်စက် မျက်နှာသည် မည်သည့်အပြောင်းအလဲမှု ဖြစ်သွားဟန် မတူပေ။သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီလိုဆိုမှတော့ ခဏစောင့်ပေးပါ။ပြိုင်ကွင်းကို လူလွှတ်ပြီးတော့ အရာအားလုံးကို ပြင်ဆင်ခိုင်းလိုက်မယ်။ ”

အမှောင်လ ပြိုင်ကွင်းသည် မြို့တွင်းရှိ အကြီးမားဆုံး အဆောက်အအုံများထဲမှ တစ်ခု ဖြစ်သည်။လွန်ခဲ့သည့် နှစ်၄၀၀ကျော်က အတော်လေး နာမည်ကြီးခဲ့သည်။ထိုစဉ်က သမိုင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သည့် ဘယ်ဇီဘတ် တော်ဝင်မိသားစုသည် အမှောင်လမြို့၌ ရောက်လာခဲ့သည်။သူတို့သည် အမှောင်လနယ်မြေကို ထိန်းချုပ်ပြီး လိပ်ပြာနီ နယ်မြေကို သိမ်းရန်ကြိုးစားကာ မြို့တော်ကို ခြိမ်းခြောက်သည်။ ထိုသတင်းကိုကြားသော် သန်းခေါင်နေ အရှင်သည် အမှောင်လမြို့သို့လာပြီး ဤပြိုင်ကွင်းတွင် ဘယ်ဇီဘတ် တော်ဝင်မိသားစုနှင့် တိုက်ခိုက်ရန် လာခဲ့သည်။သန်းခေါင်နေအရှင်သည် ပြိုင်ဘက်အား ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ထိုအချိန်မှစ၍ ထိုလူ့အကြောင်းအား မကြားရတော့ပေ။

ပြိုင်ကွင်း၏ သမိုင်းကြောင်းရှည်နှင့်အညီ ယိုယွင်းပျက်စီးနေသည့် ပရဘောဂများစွာ ရှိလေသည်။ခါဂူရွန်နှင့် စစ်သားတို့၏ အားထုတ်မှုကြောင့် ပြိုင်ကွင်းသည် အလျင်အမြန် သန့်ရှင်းသွားသည်။စင်တစ်စင် ပြုလုပ်လိုက်ပြီး ထိုင်ခုံအတန်းများအား အရေးကြီး ပုဂ္ဂိုလ်ခုံများအဖြစ် ထားလိုက်သည်။ကျန်သည့်သူများအဖို့ ထိုကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံမခံရပေ။သို့သော်လည်း သူတို့၏ စိတ်အားထက်သန်မှုများကို မသက်ရောက်ပေ။ ယခင်က လူသူကင်းမဲ့သည့် ပြိုင်ကွင်းသည် ချက်ချင်းပင် လူများ ပြည့်လျှံသွားသည်။

ကြောက်စရာအော်သံများ ဖြစ်စေသည့် ဆရာသခင် အဲဒက်စ်အား နတ်ဆိုးတိုင်း အတော် ကြောက်ရွံ့ကြသော်လည်း အပြင်လူများကို အနိုင်ယူပြီး အမှောင်လမြို့ကို ဂုဏ်ဆောင်ရန် အတွက် သူတို့၏ နှလုံးသားထဲ၌ မျှော်လင့်နေကြသည်။

နတ်ဆိုးများ၏ အကြည့်အောက်တွင် ဆန်ဒရို၏ အစေခံများက ကျွမ်းကျင်စွာပင် ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းများ ပြင်ဆင်လိုက်သည်။တစ်ဖက်တွင်တော့ ဆရာသခင်အဲဒက်စ်အား ထမ်းစင်ဖြင့် ခေါ်လာသည်။သူ၏နောက်၌ တပည့်အသစ် ချန်လွေ့ လိုက်လာပြီး ပွဲကြည့်သူများအား ပွက်လောရိုက်သွားစေသည်။

လူသားလား။

ချန်လွေ့၏ အသွင်အပြင်သည် ဆန်ဒရိုအား မျက်မှောင်ကြုတ်သွားစေသည်။ချန်လွေ့၏ ဇစ်မြစ်အား ရှီရာ ပြောပြသည်ကို နားထောင်ပြီးနောက်တွင် ဆန်ဒရိုသည် အထင်သေး သည့်အမူအရာ ပြလိုက်သည်။အဲဒက်စ်သည် လူသားအကျဉ်းသားအား တပည့်ခန့် လိုက်ကြောင့် ဇိုလာ နှင့် ခမ့်ပ်တို့ ကြားလိုက်ရာ သူတို့သည် အဲဒက်စ်အား စက်ဆုပ်ရွံ့ရှာသွားသည်။

နတ်ဆိုးအုပ်လိုက်ကြီးအား မျက်နှာချင်းဆိုင် ရသည်မှာ ချန်လွေ့အတွက် ပထမဆုံး ဖြစ်သည်။ဘေးနားရှိ ထူးဆန်းသော မျက်နှာများနှင့် နတ်ဆိုးများအား ကြည့်ရင်း စိတ်ကို အေးအေးထားလိုက်သည်။ထို့နောက် အရေးကြီးပုဂ္ဂိုလ်များအား ဦးညွှတ်ရင်း ပြောလိုက်သည်။

“ ကျုပ်က ဆရာသခင် အဲဒက်စ်ရဲ့ တပည့်အသစ်တစ်ယောက်ပါ။ဆရာသခင်က စမ်းသပ်မှုတစ်ခုမှာ မတော်တဆ ဒဏ်ရာရသွားတဲ့အတွက် ယာယီတော့ ဘာမှမလုပ် နိုင်သေးဘူး။အဲ့ဒါကြောင့် ကျုပ်ကို စိန်ခေါ်မှု လက်ခံခိုင်းတယ်။ဆာ ဆန်ဒရို သဘောတူလား။ ”

စိန်ခေါ်မှုကို လက်ခံဖို့ တပည့်ကို ညွှန်ကြားတယ်လား။ပြီးတော့ ဒါက တပည့်အသစ်လေ။ ဆရာသခင် စိန်ခေါ်ပွဲမှာ ဒီလိုဖြစ်တာ ပထမဆုံးပဲ။

အဲဒက်စ်၌ အပြင်းအထန် ဒဏ်ရာရပြီး ဘာမှ မလုပ်နိုင်ကြောင်း အကြောင်းပြချက် ရှိသော်လည်း စော်ကားသည်ဟု ဆန်ဒရို ခံစားရသည်။

အဲဒက်စ်က ရှုံးမှာသိလို့ ထွက်မသွားခင် ပြိုင်ဘက်ကို အရှက်ရအောင် လုပ်ချင်တာလား။

“ သဘောတူတယ်။သူသေကိုယ်သေ တိုက်ပွဲလုပ်ဖို့ ကျုပ်တောင်းဆိုပါတယ်။ ဒီလူသားတပည့်ကို ခင်ဗျား၏ နေရာယူခိုင်းဖို့ ဆရာသခင်အဲဒက်စ်မှာ သတ္တိရှိလား မသိဘူး။ ”

ဆန်ဒရိုသည် အဲဒက်စ်အား အဝေးမှ စိုက်ကြည့်ပြီး သူ၏ မျက်လုံး၌ သတ်ဖြတ်ချင်စိတ် ဖြတ်ခနဲ ဖြစ်သွားသည်။

သူသေကိုယ်သေ တိုက်ပွဲလား။

ဇိုလာ နှင့် ခမ့်ပ်တို့ အံ့သားသင့်သွားသည်။ထိုတိုက်ပွဲတွင် ဆေးရည်များအား အစားထိုးအစား ကိုယ်တိုင် စမ်းသောက်ကြည့်ရသည်။ပထမဆုံးဆေးရည်ဖြင့် သတ်နိုင်သူသည် အနိုင်ရပေမည်။၎င်းသည် အချင်းချင်း အငြှိုးကြီးမားသူများသာ လုပ်ဆောင်ကြသည်။ထိုစည်းမျဉ်းနှင့်ဆိုလျှင် အဲဒက်စ်၏ တပည့် အဆိပ်မိပြီး သေသွားလျှင် အဲဒက်စ်လည်း သေဒဏ် ကျခံရပေမည်။

ဆရာသခင်နှစ်ယောက်ဖြစ်သည့် ဇိုလာ နှင့် ခမ့်ပ်တို့သည် ဆန်ဒရို၏ အစွမ်းကို လုံးဝယုံကြည်ကြသည်။သူတို့ အံ့အားသင့်သွားသော်လဘ်း အလျင်အမြန်ပင် တည်ငြိမ်သွားကြသည်။

တဖက်ရှိ အဲဒက်စ်မှာတော့ အသေအချာ စဉ်းစားနလေသည်။တစ်စုံတစ်ခုအား အစ်အောက်ကြည့်နေဟန်တူသည်။လူသားသည့် ကြောက်ရွံ့သွားသည့်ဟန် ပြလိုက်သည်။သူသည် အဲဒက်စ်ထံသွားပြီး တီးတိုးပြောလိုက်သည်။စိန်ခေါ်မှုအား လက်ခံဖို့အတွက် ကြောက်ရွံနေဟန် တူသည်။အမှောင်နတ်သူငယ် ဒေါသထွက်သွားပြီး လူသားအား လက်ကတုံကယင်ဖြင့် လက်ညှိုးထိုးလိုက်သည်။သို့သော်လည်း သူ၏ လက်ချောင်းအား အနည်းငယ်သာ မနိုင်ကာ လဲကျသွားသည်။သူ၏ ပြင်းထန်သည့် ဒဏ်ရသည် အတုအယောင် ဟုတ်ဟန် မတူပေ။

ဘေးမှ နတ်ဆိုးများ ဆူညံသွားသည်။အကြားအာရုံကောင်းသူပင်လျှင် သူတို့ နှစ်ဦး၏ တီးတိုးပြောဆိုမှုကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

ဂျိုးဆက်ပ်သည် အားလုံးကို မြင်ပြီး မျက်မှောင်ကြုတ်သွားသည်။သူလျှို၏ သတင်းအချက်အလက်အရ အဲဒက်စ်သည် လွန်ခဲ့သော ၃ရက်က ဒဏ်ရာမရနေပေ။ လွန်ခဲ့သော၂ရက်က အဲဒက်စ်သည် စမ်းသပ်ခန်း၌ နေနေသည်။

ဆန်ဒရိုကို ရင်ဆိုင်ဖို့အတွက် အခက်အခဲမြင့် ဆေးရည်ကို အတင်းဖော်စပ်ရင်း ဒဏ်ရာ ရသွားတာလား။

နောက်ဆုံးတွင်တော့ အဲဒက်စ်သည် သူ၏နေရာတွင် ချန်လွေ့အား အစားထိုးရန် ဆုံးဖြတ်လိုက်သည်။အမှောင်နတ်သူငယ်သည် သူ့မှာ ရှိသမျှအား လောင်းကြေးထပ်ပြီး တော်ဝင်မင်းသမီး၏ စေတနာများကို ပေးဆပ်ရန် ပြင်ဆင်နေသည်ဟု ထင်ရသသည်။

မသိသေးသည့် ပွဲကြည့်သူများအား သူသေကိုယ်သေတိုက်ပွဲ၏ စည်းမျဉ်းများကို အစောင့်က ကြေညာပြီးသည့်အခါ အမှောင်လမြို့သူ မြို့သားများ ပွက်လောရိုက် သွားလေသည်။ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု သူတို့ ခံစားရသည်။သူတို့သည် ဆေးဝါးပညာအား နားမလည်သော်လည်း သေခြင်း ရှင်ခြင်းကို သေချာနားလည်ကြသည်။

ဆန်ဒရို ရက်စက်စွာ ပြုံးလိုက်သည်။ဤတိုက်ပွဲ၌ ကြန့်ကြာမှု တစ်စုံတစ်ရာ ရှိမည် မဟုတ်ဟု သူထင်သည်။သူ၏ အသစ်စက်စက် ဖန်တီးထားသည့် ဆေးရည်နှင့်ဆိုလျှင် အားနည်းသည့် လူသားအား မဆိုထားနှင့်။အဲဒက်စ်ပင် အဆိပ်မိပြီး သေမည် ဖြစ်သည်။

မင်းသမီးရှီရာက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်ရာ ဆူညံသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။နတ်ဆိုးအားလုံး၏ အကြည့်များသည့် သနားစရာ လူသားထံ ရောက်လာကြသည်။တစ်စုံတစ်ယောက်သည် စတင် လောင်းနေလေပြီ။

ဒီလူသား အဆိပ်မိပြီး ဘယ်လောက်ကြာရင် သေမှာလဲ။တစ်စက္ကန့်လား။နှစ်စက္ကန့်လား။

ဆန်ုဒရိုသည် မြန်ဆန်စွာပင် စတင် ဖော်စပ်တော့သည်။သူ၏ ကျွမ်းကျင်လှသည့် လှုပ်ရှားမှုများသည် ဒိုင်ဖြစ်သော ဆရာသခင်ဇိုလာ နှင့် ဆရာသခင်ခမ့်ပ်တို့အား ဂုဏ်ငယ်စွာ သက်ပြင်းချစေသည်။ဉာဏ်ကြီးရှင် အဆိပ်သခင်သည် သူ၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်လှပေသည်။

၂မိနစ်အတွင်းမှာပင် ဆေးရည် တစ်ပုလင်း ပြီးစီးသွားလေပြီ။တစ်ဖက်တွက်တော့ ချန်လွေ့သည် အဲဒက်စ်၏ အမိန့်ပေးမှုအောက်၌ ကိုးယိုးကားယား ဖြစ်နေသည်။ ကုန်ကြမ်း ခွဲခြားခြင်းကိုပင် မပြီးစီးသေးပေ။

စည်းမျည်းအရ တစ်ဖက်သူ ဖော်စပ်ပြီးရန် ကျန်တစ်ယောက်မှာ ရပ်တန့်ရပြီး တစ်ဖက်သူ၏ အဆိပ်ကို စမ်းသောက်ကြည့်ကာ အချိန်တစ်ခုအတွင်း ဖြေဆေး ဖော်စပ်ရပေမည်။သူသေကိုယ်သေ တိုက်ပွဲသည် ဆေးရည်၏ အာနိသင် အကြောင်း သက်သက်ပါ မဟုတ်ပေ။အဆိပ်သခင်တို့၏ ကျွမ်းကျင်မှုနဲ့ ဉာဏ်ပညာကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။အမြန်လုပ်ဆောင်လျှင် အာနိသင် မလုံလောက်နိုင်ပေ။နှေးလွန်းလျှင်လည်း တစ်ဖက်သူ အရင်ပြီးသွားပေမည်။

ဆန်ဒရိုသည် တစ်ဖက်သူအား ဆေးရည်ကို စမ်းသောက်ကြည့်ရန် လက်အမူအရာ ပြလိုက်သည်။ချန်လွေ့သည် ကြောက်နေပုံပေါ်သည်။ပထမဦးစွာ ချန်လွေ့မျက်လုံး ပိတ်ပြီး ဆုတောင်းလိုက်ကာ စိမ်းနက်နက် ဆေးရည်အား ကြက်သီးထလျက် ယူလိုက်သည်။ချန်လွေ့ ဆုတောင်းနေသည်မှာ “ တိုးတက်နှုန်း ” ဖြစ်ကြောင်း မည်သူမှ မသိကြပေ။

All Chapters