← Chapters

တိုးတက်နှုန်း ၁၀၀%

Vol. 2 Ch. 19

တိုးတက်နှုန်း ၁၀၀%

Vol. 2 Ch. 19

အားလုံးကြည့်နေစဉ်မှာပင် ချန်လွေ့သည် လက်ထဲမှ ဆေးရည်အားကြည့်ပြီး ဆရာသခင် အဲဒက်စ်ဆီ လျှောက်လာသည်။ဆရာသခင်အား အနံ့ခံစေပြီး တီးတိုးစကားသံအချို့ လက်ခံရရှိခဲ့သည်။ထို့နောက် ချန်လွေ့သည် အဆိပ်ဖြေဆေးအား ကပျာကယာ ဖော်စပ် တော့သည်။ချန်လွေ့သည် အဆိပ်ဖြေဆေးအား အရင်သောက်လိုက်သည်။ထို့နောက် အံကြိတ်ကာ ဆန်ဒရို၏ အဆိပ်အား သောက်လိုက်သည်။

၁စက္ကန့်၊၂စက္ကန်..... မှသည် ၁မိနစ်၊၂မိနစ်အထိ ကြာသွားသည်။လူသားမှာ အသက်ရှင်နေဆဲပင်။ထိုလူသား အံ့အားသင့်သွားပုံရသည်။ဆရာသခင် အဲဒက်စ်၏ ဖြေဆေးသည် အလုပ်ဖြစ်ခဲ့ဟန်တူ‌လေသည်။ပွဲကြည့်သူများလည်း ချက်ချင်းပင် အားပေးကြ‌သည်။မည်သို့ပင်ဖြစ်စေ အမှောင်လမြို့ ဂုဏ်သိက္ခာကို အနည်းငယ် ထိန်းထားနိုင်ခဲ့သည်။လူသားအား အဆိပ်မိပြီး သေမည်ဟု လောင်းထားသူများအားသာ မျက်နှာမည်းသွားကြသည်။

ချန်လွေ့ တကယ်အံ့ဩသွားရသည့် အကြောင်းရင်းမှာ စူပါစနစ်၏ စတင်ခြင်း တိုးတက်နှုန်းမှာ ၉၁.၅ % အထိ တက်သွား၍ ဖြစ်သည်။

“ အာနိသင်က မ‌ဆိုးဘူး။အမြင့် ပြီးစီးခြင်း လုပ်ငန်းစဉ်မှာတောင် ၁.၅ % အထိ တိုးသွားတာပဲ။ ”

ဆေးရည်ပညာရှင်နှစ်ယောက်သည် ကျန်းကျန်းမာမာရှိနေည့် ချန်လွေ့အား ကြည့်လိုက်သည်။ထို့နောက် ဆန်ဒရိုအား ကြည့်လိုက်သည်။ဆန်ဒရိုလည်း လွန်စွာ အံ့အားသင့်သွားသည်။အဲဒက်စ်သည် ဆေးရည်၏ ပါဝင်ပစ္စည်းများအား အနံ့ခံရုံဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု သူတစ်ခါမှ မတွေးမခဲ့ပေ။

“ ဟမ့်။ကံကောင်းသွားတာပါ။ ”

ဆန်ဒရို၏ အံ့အားသင့်မှုသည် ခဏသာခံပြီး ချက်ချင်းပင် နောက်ထပ် ဆေးရည်တစ်မျိုး ထပ်ဖော်စပ်တော့သည်။လူသားတပည့်က သေချာပေါက် လူသစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် အမြန်နှုန်းအကြောင်းကို ဆန်ဒရို စိုးရိမ်စရာ မလိုပေ။စိတ်အေးသက်သာစွာဖြင့် ရှုပ်ထွေးသည့် ဆေးရည်တစ်ခုအား သူ ဖော်စပ်နိုင်ပေသည်။

၁၀မိနစ်ကြာသော် ဆန်ဒရို၏ ဆေးရည်အသစ် ပြီးစီးသွားသည်။ချန်လွေ့မှာတော့ ဆေးညွှန်းမှ ဆေးရည်တစ်ခုကို ရောစပ်ရုံမျှသာ ရှိသေးသည်။ဘာမှမသိသည့် ပွဲကြည့် သူများပင် အဲဒက်စ်၏ သောကမျက်နှာအားကြည့်ပြီး အခြေအနေမဟန်ကြောင်း သိနိုင်လေသည်။

ယခင်တစ်ခုကဲ့သို့ပင် ချန်လွေ့သည် ဆေးရည်အား တုန်တုန်ယင်ယင်နှင့် ယူသွား ပြန်သည်။ထို့နောက် အဲဒက်စ်၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် ညွှန်ကြားမှုအား လက်ခံပြီး ဖြေဆေး ဖော်စပ်သည်။ပထမဦးစွာ ဖြေဆေးသောက်ပြီး ဆန်ဒရို၏ အဆိပ်အား နောက်မှ သောက်လိုက်သည်။

ရလာဒ်သည် ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင် နှင့် ဆေးရည်ဆရာသခင် နှစ်ယောက်တို့အား ကြက်သေ သေသွားစေပြန်သည်။ခဏအကြာတွင် လူသားသည် မတ်တပ်ရပ်ကာ ပြေးနေလေသည်။စနစ်၏ စတင်ခြင်း တိုးတက်နှုန်းသည် ၉၄% အထိ ရောက်ရှိသွားပြီး ပွဲကြည့်သူများကလည်း အားပေးကြလေသည်။

ချန်လွေ့သည် စိတ်လှုပ်ရှားမှုအား မဖုံးကွယ်နိုင်လုနီးပါး ဖြစ်သွားသည်။

မုန်တိုင်း ပိုထန်ပါစေ။

ဆန်ဒရို၏ အနိုင်ရချင်စိတ်အား ဆွပေးရန်အတွက် ချန်လွေ့သည် တတိယဆေးရည် စမ်းသပ်မှု၌ နာကျင်သွားသည့်ဟန်ပြလိုက်သည်။ချန်‌လွေ့သည် ကြမ်းပြင်တွင် ဖြည်း‌ဖြည်းချင်း ထိုင်လိုက်ပြီး တုန်ယင်စွာဖြင့် ဗိုက်အား ကိုင်ထားလိုက်သည်။ထိုကဲ့သို့ ပါးနပ်ပြီး အသေးစိတ်ကျသည့် သရုပ်ဆောင်မှုကြောင့် ပွဲကြည့်သူများ စိုးရိမ်သွား ကြသည်။အသီနာပင် စိတ်ပူကာ မတ်တပ် ရပ်လိုက်မိသည်။

အားလုံး အာရုံစိုက်နေချိန်တွင် လူသားသည် မတည်မငြိမ်နဲ့ မတ်တပ်ရပ်လာပြန်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးသောအခါ သူသည် မြဲမြဲမြံမြံ ရပ်နိုင်သွားပြီး စားပွဲဆီသို့ အသက်ပြင်းပြင်း ရှူလိုက်သည်။ချန်လွေ့သည် သေ‌ဘေးမှ လွတ်မြောက်လာသည့်ဟန် ပြလိုက်သည်။

အသီနာ နှင့် နတ်ဆိုးအားလုံး အားပေးလိုက်ကြသည်။ဘေးနားမှ လိုလီလေးကမူ ညင်သာစွာ ခေါင်းယမ်းလိုက်သည်။

လူသားစကားနှင့်ပြောရရင် ချန်လွေ့ရဲ့ သရုပ်ဆောင်မှုက အသက်မပါဘူး။ အရံဇာတ်ဆောင် အဆင့်လောက်ပဲ။ငါသာဆိုရင် အနည်းဆုံး အော်စကာဆု ဆန်ကာတင် ရတယ်....

“ မဖြစ်နိုင်ဘူး။ ”

ဆန်ဒရို၏ မျက်နှာတွင် မယုံနိုင်ခြင်းများ ပြည့်သွားကာ အံကြိတ်ပြီး အော်ပြောလိုက်သည်။

ဆန်ဒရိုသည် နှစ်၁၀၀နီးပါး ပါရမီရှင်ဟု ခေါင်းစဉ်တပ် ခံခဲ့ရသည်။သူ၏ နာမည်သည် နိုင်ငံတော်အား ထိတ်လန့်သွားစေသည့်အချိန်တွင် ထိုသနားစရာ အမှောင် နတ်သူငယ်သည် တစ်နေရာရာ၌ တပည့်သာ ဖြစ်နေသေးသည်။ဆေးရည်အသစ် ဖန်တီးရန်အတွက် သစ္စာဆိုမှုကြောင့်သာ မဟုတ်လျှင် သူ ဆရာသခင်ဖြစ်သည်မှာ ကြာလှလေပြီ။ထို အဆိပ်သခင်များက သူ့အား အရိုအသေပေး ပေမဲ့ပေါ့။

တော်ဝင်မင်းသမီးရဲ့ ငွေကြေးနဲ့ အထောက်အပံ့ကို မှီခိုပြီးတော့ ဆရာသခင်အဆင့် စာမေးပွဲအောင်သွားတဲ့ သာမန်နတ်ဆိုးလေးက ငါ့လို ဆရာသခင်အဆင့် ဉာဏ်ကြီးရှင်က နှစ်ပေါင်းများစွာကြာအောင် ဖန်တီးအောင်မြင်ခဲ့တဲ့ အဆိပ်ကို ဘယ်လို ကုသနိုင်မှာလဲ။

အ‌ဆိပ်ဖော်စပ်ခြင်းထက် ဖြေဆေးဖော်ဆပ်ခြင်းမှာ ပို၍ ခက်ခဲကြောင်း အားလုံးသိကြသည်။အထူးသဖြင့် ထိုကဲ့သို့ အခြေအနေမျိုးတွင် အချိန် နှင့် ကုန်ကြမ်း အကန့်အသတ်များ ရှိလေသည်။

ငါ နှစ်ပေါင်းများစွာဖန်တီးခဲ့တဲ့ အဆိပ်တွေကို အဲဒက်စ်ဆီ ပေးထားပြီးတော့ ဖြေဆေးရှာခိုင်းထားတာများလား။ဒါက လုံးဝ မဖြစ်နိုင်ဘူး။

နတ်ဆိုးဘုံရှိ အခြားမြို့မှာ ကဲ့သို့ပင် အမှောင်လနယ်ပယ်ရှိ နေထိုင်သူများသည်လည်း အလွန်အမင်း ပိုက်နက်စွဲ ရှိကြလေသည်။ချန်လွေ့သည် သူတို့ရန်မူသည့် လူသား ဖြစ်သော်လည်း ထိုသူသည် ပွဲကြည့်သူများ၏ အမြင်၌ အမှောင်လမြို့အား ကိုယ်စားပြု ဖြစ်ပြီး မြို့တော်မှ နတ်ဆိုးများသည် တိုင်းတစ်ပါးသားများ ဖြစ်လေသည်။ထို့ကြောင့် သူတို့သည် ဆန်ဒရိုအား လှောင်ပြောင် သရော်ကြလေသည်။

“ ဒီလိုအားနည်းတဲ့ ခန္ဓာကိုယ်လေးနဲ့ ဆရာသခင် အဲဒက်စ်ကို စိန်ခေါ်ရဲတယ်လား။ ”

“ ဒါက ဘာဉာဏ်ကြီးရှင်လဲ။သူက အမှောင်လမြို့မှာရှိတဲ့ အားအနည်းဆုံး တပည့်ကို တောင် မယှဉ်နိုင်ဘူး။မြို့တော်ကိုပြန်ပြီး သွားလေ့ကျင့်ထားလိုက်ဦး။ပြီးမှ ပြန်လာခဲ့။ ”

“ သူ့အဆိပ်က တီကောင်ကိုတောင် မသတ်နိုင်ဘူးထင်တယ်။ငါသာဆိုရင် အဲ့ဒီလူသား ထက် ပို၍ လွယ်မှာပဲ။ ”

“…”

နံပါတ်(၁) ဉာဏ်ကြီးရှင်ဟု နှစ်ပေါင်းများစွာ ခေါင်းစဉ်တပ်ခံရသည့်အတွက် ဆန်ဒရိုသည် ထိုကဲ့သို့ မထီလေးစားမှုများကို မတွေ့ကြုံခဲဖူးပေ။သူအရမ်း ဒေါသထွက်သွားပြီး မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ယခုတွင် အစွမ်းထက်ဆုံး တန်ပြန်ရိုက်ချက်မှာ လူသားအား တစ်စစီဖြစ်အောင်လုပ်ပြီး ပွဲကြည့်သူများအား ပါးစပ်ပိတ်သွားစေရန် ဖြစ်ပေသည်။

ဆန်ဒရို ပင့်သက်ရှိုက်လိုက်သည်။သူ၏ ဂုဏ်သိက္ခာ လုံးဝ မရှိတော့ပေ။နောက်ဆုံးတော့ သူ စိတ်အေးအေးထားလိုက်သည်။အဲဒက်စ်က အရည်အချင်းကို ဝှက်ထားသည့်အတွက် ဆန်ဒရိုသည်လည်း အစွမ်းကုန်ထုတ်ပြီး ပြိုင်ဘက်အား အနိုင်ယူရ‌ပေမည်။

ဤတစ်ခေါက်၌ ဆန်ဒရိုသည် ထိုနှစ်များထဲ၌ သူ၏ အကြီးမားဆုံး အောင်မြင်မှုဖြစ်သည့် ဝိညာဉ်စားဆေးရည်ကို ဖော်စပ်ချင်သည်။စမ်းသပ်မှုအောင်မြင်ပြီးနောက် ဝိုင်ဗန်နှင့် စမ်းကြည့်ရာ ဝိုင်ဗန်ပင် မခံနိုင်ပေ။ဝိညာဉ်စား အဆိပ်အား ဖော်စပ်ရမ် အင်မတန် ခက်ခဲလှသည်။ဆန်ဒရို၏ လက်ရှိအဆင့်နှင့်ဆိုလျှင် ကျဆုံးရန် အခွင့်အရေး ရှိနိုင်ပြီး အန္တရာယ်ကြီးကြီးမားမား ကျရောက်နိုင်လေသည်။သို့သော်လည်း ထိုကိစ္စများကို ဆန်ဒရို ဂရုမစိုက်အားတော့ပေ။သူသည်သာ အထူးချွန်ဆုံး ဉာဏ်ကြီးရှင် အဆိပ်သခင်ဖြစ်ပြီး ကျန်သည့် ဉာဏ်ကြီးရှင်များမှာ သူ၏ အနင်းခံ ကျောက်တုံးများဖြစ်ကြောင်း သက်သေပြချင်နေလေသည်။

ဆန်ဒရို ပင့်သက်ရှိုက်လိုက်သည်ကို ကြည့်ရင်း ရုတ်တရက် နှလုံးဖောက်သွားမည် သို့မဟုတ် ထိုစဉ်က အဲဒက်စ်ကဲ့သို့ မတော်တဆ ဖြစ်သွားမည်ကို ချန်လွေ့ စိတ်ပူနေလေသည်။

အခု စူပါစနစ်က ၉၈% ရှိနေပြီ။နောက်ထပ်နည်းနည်းလေးပဲ.....။အစ်ကိုကြီး ဆန်ဒရို။တော်လှန်ရေးက မပြီးသေးဘူး။ရဲဘော်။ကြိုစားရဦးမယ်။ခင်ဗျား အားတင်းထားရမယ်။

‌ဆန်ဒရိုသည် သူ့အတွက် ချန်လွေ့ အားပေးနေတုန်းပင် ရှိသည်ကို သိလျှင် နှာခေါင်း၊ ပါးစပ်၊မျက်လုံးများမှ သွေးများ စိမ့်ထွက်လာပေမည်။သို့သော်လည်း သေရွာပြန်သည် ဆေးရည် ဖော်စပ်ရန်ကိုသာ လုံးဝ အာရုံစိုက်နေလေသည်။မှော်ပညာ၌ ကျွမ်းကျင်ရမည့် ဤ သေရွာပြန်သည် ဆေးဝါးပညာ၌ ပါရမီထူးလှသည်ကို ငြင်းနိုင်စရာမရှိပေ။လက်အိပ် ဝတ်လိုက်သည့်အခါ ဆန်ဒရို၏ စိုးရိမ်စိတ်များ၊ဒေါသများ တဖြည်းဖြည်း တည်ငြိမ်သွားပြီး အာရုံစိုက်ခြင်းသာ ကျန်ရစ်လေသည်။

ဆရာသခင် ခမ့်ပ်သည် ချန်လွေ့အားကြည့်ပြီး တစ်ခုခု လွဲနေသည်ကို သတိထားမိ လိုက်သည်။သို့သော်လည်း မည်သည့်နေရာ လွဲနေကြောင်းကို သူပြောနိုင်ပေ။

ဆန်ဒရို၏ ဒုတိယ ကျဆုံးမှုမှစပြီး လူသား၏ လုပ်ရပ်တိုင်းကို သူ အာရုံစိုက်ထားခဲ့သည်။ ချီတုံချတုံ လှုပ်ရှားမှုများ၊မရင်းနှီးသည့် ချဉ်းကပ်မှုများကိုကြည့်လျှင် ချန်လွေ့မှာ လူသစ် ဖြစ်ကြောင်း သေချာလေသည်။ဖော်စပ်လိုက်သည့်“ ဖြေဆေး ” သည် အခြေခံအကျဆုံး ဆေးအညွှန်းများသာ ဖြစ်ပုံရသည်။သူသေကိုယ်သေ တိုက်ပွဲ၌ အသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ပြင် ထိုလူသား၏ “ ဖြေဆေး ” ဖော်စပ်နည်းမှာလည်း ပို၍ပင် ရှုပ်ထွေးပြီး မသင့်တော်လှပေ။တချို့မှာ အဆိပ်များ ဖြစ်သည်။အဲဒက်စ် မည်သည့် အကြံပေး လိုက်ကြောင်း သူသိပေ။သို့သော်လည်း ၎င်းသည် ဆန်ဒရို၏ သေစေနိုင်သော အဆိပ်ကို ကုသနိုင်လေသည်။

ဆရာသခင်ခမ့်ပ် တွေဝေနေစဉ် ဆန်ဒရိုသည် ဝိညာဉ်စားအဆိပ်အား ဖော်စပ်ပြီး သွားလေပြီ။ဖော်စပ်ခြင်း တစ်ခါတည်း အောင်မြင်သည့်အတွက် ဆန်ဒရို၏ တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြန်လည် နိုးထလာလေသည်။

ဆန်ဒရိုသည် ဆေးရည်အား လက်ထဲတွင် သေချာကိုင်ပြီး ဉာဏ်ကြီးရှင်ဖြစ်ရသည့် ခိုင်မာသော ယုံကြည်ချက်များ ပြန်ရောက်လာသလိုခံစားနေရသည်။တကယ့်နဂါးပင် ဤဆေးရည်အားသောက်လျှင် ဘာမှမဖြစ်ရန် မဖြစ်နိုင်ကြောင်း သူ ခိုင်မာစွာယုံကြည်နေသည်။

အဆိပ် “ ဇစ်မြစ် ” ဖြစ်သည့် နဂါးတစ်မျိုးအား ဆန်ဒရိုမေ့သွားဟန် တူလေသည်။ ဝိညာဉ်စားအဆိပ်သည် အစွမ်းထက်သော်လည်း ထိုအမြင့်အထိ ရောက်နိုင်ရန် ဝေးကွာလွန်းသည်။ထို့ပြင် နဂါး၏ ကြောက်မက်ဖွယ်အရာ အဆိပ်ပင်လျှင် လူသစ် တပည့်အား မည်သည်မှ မဖြစ်စေနိုင်ပေ။

ဆေးရည်အား ချန်လွေ့ယူပြီး ဇာတ်ညွှန်းအတိုင်း အဲဒက်စ်ဆီသို့ သွားလိုက်သည့်အခါ ဆန်ဒရိုပြောလိုက်သည်။

“ နေဦး ”

“ ခင်ဗျားတို့ နှစ်ယောက်လုံးမသေချင် ကျုပ်ပြောစရာရှိတယ်။အဲဒက်စ် ခင်ဗျား ဒဏ်ရာ မရဘူးဆိုတာ ကျုပ်သိတယ်။ကျုပ်ရဲ့ ပါရမီကို ခင်ဗျားမနာလိုလို့ ခင်ဗျားနေရာမှာ ခင်ဗျားတပည့်ကို အစားထိုးခဲ့ပြီး ကျုပ်ကို နတ်ဆိုးပုံအလယ်မှာ အရှက်ခွဲစေချင်တာပဲ။ ”

ဆန်ဒရိုသည် အဲဒက်စ် နှင့် ချန်လွေ့အား ‘ ငါသိပါတယ် ’ အဓိပ္ပာယ်ဖြင့် ကြည့်လိုက်သည်။

ဆန်ဒရိုသည် [ မှော်ပဲ့တင်သံ ] ကိုသုံးခဲ့သည့်အတွက် ပြိုင်ကွင်းတစ်ခုလုံး ပဲ့တင် ထပ်သွားသည်။ပတ်ဝန်းကျင်တစ်ခုလုံးလည်း ချက်ချင်းပင် တည်ငြိမ်သွားသည်။

“ အဲဒက်စ်။ပထမဆုံး ခင်ဗျားက ကျုပ်လျှော့တွက်မိခဲ့တဲ့ ဉာဏ်ကြီးရှင် တစ်ယောက်ဆိုတာ ဝန်ခံရမယ်။ကျုပ်ရဲ့ ပထမဆုံး အဆိပ်နှစ်မျိုးကို ခင်ဗျားတပည့်ရဲ့လက်နဲ့ ကုသနိုင်ခဲ့တယ်။ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် ဒီလို မွဲတေပြီး စုတ်ပြတ်နေတဲ့ မြို့မှာ မနေသင့်ဘူး။ဒါပေမဲ့ ခင်ဗျားက အဆိပ်သခင်နှစ်ယောက်ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ပြီးတော့ ဘုရင်ခံရဲ့ စေတနာကို ငြင်းခဲ့တယ်။ဒါကြောင့် ခင်ဗျား ဒီနေ့ သေရမယ်။ ”

ထိုစကားများသည် လွန်စွာ အထက်စီးဆန်ပြီး တော်ဝင်မင်းသမီး ရှီရာ ရှိနေခြင်းကို လုံးဝ လျစ်လျူရှုထားလေသည်။ဆန်ဒရိုသည် အမှောင်လမြို့အား အထင်သေးကြောင်း ကြားလိုက်သည့်အခါ ပွဲကြည့်သူများ ဒေါသထွက်သွားကြသည်။

ဂျိုးဆက်ပ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။စိန်ခေါ်ရန်အတွက် အမှောင်လမြို့သို့ ဆန်ဒရိုလာခဲ့သည်မှာ ဘုရင်ခံ အိုဆိုင်ဒန်၏ ညွှန်ကြားမှုကြောင့် ဖြစ်သည်။အဲဒက်စ်အား နှင်ထုတ်ပြီး သုတ်သင်ရန်သာမက တော်ဝင်မင်းသမီးကိုလည်း သတိပေးရန် ဖြစ်သည်။မင်းသမီးရှီရာ၏ လုပ်ဆောင်မှုများသည် ဘုရင်ခံ၏ အာရုံစိုက်မှုကို တဖြည်းဖြည်း ခံရပုံရလေသည်။ဘုရင်ခံ အိုဆိုင်ဒန် လိုအပ်သည်မှာ အချိန်မရွေး သုတ်သင် နိုင်သည့် လှောင်အိမ်ထဲမှ တိရစ္ဆာဖြစ်သည်။အချိန်မရွေး ပြန်တိုက်ခိုက်နိုင်သည့် သားရဲ မဟုတ်ပေ။

ဂျိုးဆက်ပ်သည် ရှီရာ၏ မျက်နှာအား တိတ်တခိုး ကြည့်လိုက်သည်။ တော်ဝင်မင်းသမီးသည် ဒေါသလည်းမထွက်၊ကြောက်လည်း ကြောက်မနေပေ။ မည်သည့်အခါမှ အရည်မပျော်မည့် ရေခဲတုံးကဲ့သို့ပင် စင်ပေါ်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလေသည်။

“ ခင်ဗျားသေတာက ကျုပ်ကို အရှက်ခွဲတာအတွက် မလုံလောက်ဘူး။ခင်ဗျားရဲ့ နီးစပ်တဲ့သူတွေလည်း မမျှော်မှန်းနိုင်တဲ့ နာကျင်မှုတွေကိုခံစားရမယ်။အဲ့ဒက်စ်။ဒီ ဝိညာဉ်စား ဆေးရည်ကို ကိုယ်တိုင်သောက်ကြည့်ပါလား။ခင်ဗျားရဲ့ တပည့် အသက်ကို ချမ်းသာပေးမယ်။ဒါပေမဲ့ သူ့ကို သင်းကွပ်ပြီးတော့ လိင်တူကြိုက်တဲ့ နတ်ဆိုးဆီကို ပေးလိုက်မယ်။ဒါဆိုရင် ငါက သေသလို ဖြစ်သွားမယ်.... ”

ဆန်ဒရို၏ စကားသံမှာ အလွန်အမင်း အော်ဂလီဆန်စရာ ကောင်းလှသည်။

လခွမ်း။

ချန်လွေ့ တစ်ကိုယ်လုံး ကြက်သီးများထသွားသည်။

ဆန်ဒရိုက ဒီလောက် ကြောက်စရာကောင်းမယ်လို့ ငါမထင်ခဲ့ဘူး။ ဝိညာဉ်ကူးပြောင်းပြီး ကတည်း ဒီလို သတ်ဖြတ်ချင်စိတ်ကို ပထမဆုံး ခံစားဖူးတာပဲ။ဘယ်လိုပဲဖြစ်ဖြစ် ဒီမျိုးမစစ်ကောင် သေရမယ်။

ဆန်ဒရို၏ အမူအရာမှာ ပို၍ ကြောက်စရာကြောင်းလာပြီး ရုတ်တရက် ပြုံးဖြီးဖြီးလုပ်လိုက်သည်။

“ အိုး။ဟုတ်သားပဲ။ခင်ဗျားမှာ ငယ်ငယ်ကတည်းက ပျောက်သွားတဲ့ ညီမလေး တစ်ယောက် ရှိတယ်မလား။ကျုပ်သူ့ကို မတွေ့တွေ့အောင်ရှာပြီးတော့ ဈေးအပေါဆုံး မိန်းမပျက် တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမယ်။ကျုပ်ငြီး‌ငွေ့သွားရင် သူ့ကို ဆေးရည်စမ်းသပ် ပစ္စည်းအနေနဲ့ သုံးလို့ရသေးတာပဲ။စဉ်းစားကြည့်လိုက်ရင် တော်တော်လေးကို ပျော်ရွှင်စရာ အကြံအစည်ပဲ။ ”

အဲဒက်စ်၏ မျက်လုံးများသည် ချက်ချင်းပင် ခက်ထန်သွားပြီး သူ၏ ခန္ဓာကိုယ်၌ အပြာရောင် လျှပ်စီး မီးပွင့်များ စတင်ပေါ်ထွက်သွားပြီး ပေါက်ထွက်တော့မည့် လက္ခဏာ ဖြစ်နေသည်။

ဆန်ဒရို လုံးဝ မကြောက်ပေ။သူကိုယ်တိုင်က မှော်ပညာပါရမီရှိသည့် မျိုးနွယ်ဖြစ်သော ‌သေရွာပြန် တစ်ယောက်ဖြစ်သည်။ထို့ပြင် အဲဒက်စ်သည် သူ့အား ကိုယ်ထိလက်ရောက် ထိ‌ခိုက်လျှင် ရှုံးနိမ့်မည်ဖြစ်ပြီး သေဒဏ်ခံရပေမည်။

ပွဲကြည့်သူ အများစုသည် စည်းမျဉ်းများကိ နားမလည်ကြပေ။အခြေအနေကိုကြည့်ပြီး ကိုယ်ထိလက်ရောက် တိုက်ပွဲအဖြစ် ပြောင်းတော့မည်ပုံစံ ဖြစ်နေသည့်အတွက် သူတို့၏ စိတ်ဝင်စားမှုအား အကြီးအကျယ် တိုးတက်လာပြီး အားပေးသံများမှာလည်း ပို၍ပင် ကျယ်လောင်လာသည်။

“ ဆရာသခင် ”

ချန်လွေ့သည် အခြေအနေ မဟန်ကြောင်း သတိထားမိပြီး အဲဒက်စ်နား သွားကာ တီးတိုးပြောလိုက်သည်။

“ အဲ့ဒီခွေးကောင်ကို သေစေချင်ရင် ကျုပ်ပြောတာနားထောင်။ကျုပ်မှာ အကြံရှိတယ်။ ”

အဲဒက်စ်သည် စိတ်ပြန်စုစည်းလိုက်ပြီး ဒေါသကို ရင်ထဲ၌ ယာယီ ချုပ်ထိန်းထား လိုက်သည်။

“ မင်းမှာ ဘာအကြံရှိလဲ။ ”

ချန်လွေ့သည် အဲဒက်စ်၏ နားနားကပ်ပြီး အကြံဉာဏ်ကို ပြောပြလိုက်သည်။မူလက ဒေါသထွက်နေသည့် အဲဒက်စ်သည် ကြောင်သွားပြီး ချန်လွေ့အား ထူးဆန်းစွာ ကြည့်လိုက်သည်။လူသား တပည့်မှာ ဆရာ၏ ညွှန်ကြားချက်အား နားထောင်နေဟန် ပြုပြီး ခေါင်းညိတ်ပြနေလေသည်။ထို့နောက် ထိုလူသားသည် ဆန်ဒရိုဆီသို့ လျှောက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ ခင်ဗျားက အင်ပါယာတစ်ခုလုံးကို နှစ်ပေါင်းများစွာ လှည့်စားနေပြီး ဉာဏ်ကြီးရှင် ယောင်ဆောင်နေတဲ့ အမှိုက်ပဲလို့ ဆရာသခင် ပြောတယ်။ဆရာက အီးပေါက်ပြီး တော့တောင် ခင်ဗျားကို အ‌ဆိပ်မိပြီး သေအောင်လုပ်နိုင်တယ်။ဒီဆေးရည်ကတော့ ဖြည့်စွက်အစာ လိုပါပဲ။ဘာမှ အဆိပ်မရှိဘူး။ ”

ပြောရင်းဆိုရင်းနှင့် ချန်လွေ့သည် ဆေးရည်ပုလင်းအနည်းငယ်အား ရောစပ်ပြီး ဖြေဆေးအဖြစ် သောက်လိုက်သည်။ထို့နောက် ခေါင်းမော့ပြီး ဝိညာဉ်စားအဆိပ် တစ်ပုလင်းလုံးအား သောက်လိုက်သည်။

နတ်ဆိုးတိုင်း၏ မျက်လုံးများသည် လူသားတပည့်အား အာရုံစိုက်နေကြသည်။ ချန်လွေ့၏ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားပြီး သူ၏မျက်နှာ ထူးဆန်းသွားသည်ကို သူတို့တွေ့လိုက်သည်။

ဒါက ဘယ်လို အမူအရာလဲ။သူက တကယ်ပဲ စိတ်လှုပ်ရှားနေတာလား။

ဆန်ဒရို ကိုယ်တိုင်ပင် ကြက်သေသေသွားသည်။

ခုနကတကယ်ပဲ ဖြည့်စွက်အစာ လား။

ချန်လွေ့၏ စိတ်လှုပ်ရှားမှုသည် ထိုအကြောင်းရင်းကြောင့်မဟုတ်ပေ။ ဝိညာဉ်စားဆေးရည်၏ အာနိသင်မှာ အလွန် အစွမ်းထက်လှ၍ ဖြစ်သည်။နောက်ဆုံးတော့ စူပါစနစ်၏ စတင်ခြင်း တိုးတက်နှုန်းသည် ၁၀၀% ပြည့်သွားလေပြီ။

All Chapters