← Chapters

လှပသော အထင်လွဲမှု နှင့် အမှားကို အကောင်းဆုံး အသုံးချခြင်း

Vol. 2 Ch. 22

လှပသော အထင်လွဲမှု နှင့် အမှားကို အကောင်းဆုံး အသုံးချခြင်း

Vol. 2 Ch. 22

ရှီရာ၏ စိုးရိမ်မှုမှာလည်း မလွန်လှပေ။အကယ်၍ ချန်လွေ့သာ မင်းသား အိုဆိုင်ဒန်အား သစ္စာခံလိုက်လျှင် ယနေ့ စိန်ခေါ်ပွဲ၌ လျို့ဝှက်ချက်အား ထုတ်ဖော်ပြနိုင်ပေသည်။ထို့ပြင် မဟာဆရာသခင်၏ အစွမ်းကြောင့် မင်းသား အိုဆိုင်ဒန်၏ စွမ်းအားလည်း နှစ်ဆ တိုးသွားပြီး အမှောင်လမြို့ ယှဉ်နိုင်တော့မည်မဟုတ်ပေ။

မူလက ရှီရာသည် ချန်လွေ့အား သတိပေးရန်သာ ရည်ရွယ်ခဲ့သည်။သို့သော်လည်း သူ မသေမချာခံစားလာရပြီး သတ်ဖြတ်ချင်စိတ်မှာလည်း တဖြည်းဖြည်း တိုးလာသည်။ ဆန်ဒရိုအား မင်းသားအိုဆိုင်ဒန် လွှတ်လိုက်သည့် အဖြစ်အပျက်မှစ၍ လက်ရှိ အခြေအနေသည် သေရေးရှင်ရေးတမျှ ဖြစ်နေလေပြီ။မည်သည့်အမှားမျှ ခွင့်ပြုပေး၍ မရပေ။သူ၏ အဖေ သင်ထားပေးသည့် အတိုင်းပင် ပြုလုပ်ရ‌ပေမည်။

တစ်စုံတစ်ယောက်အား သုံးလို့ မရတော့ရင် ရန်သူလည်း သုံးလို့မရစေရဘူး။

ထိုကဲ့သို့ ဖြစ်လာမည်ဟု ချန်လွေ့ တစ်ခါမျှ မတွေးထားခဲ့ပေ။ချန်လွေ့ အော်ပြော လိုက်သည်။

“ နေပါဦး။ကျုပ် သစ္စာဖောက်ချင်ရင် မြို့တော်က နတ်ဆိုးတွေနဲ့အတူတူ ကျုပ်ဘာလို့ မလိုက်သွားတာလဲ။ ”

“ မင်း ဒီမှာ သူလျှိုအဖြစ်နေဖို့ ကတိတစ်ခု ရှိလို့ နေမှာပေါ့။ ”

ဒီလို အကျိုးသင့် အကြောင်းသင့် စဉ်းစားတဲ့နေရာမှာ တော်တော် ပြင်းထန်တာပဲ။ ဒီညီအစ်မ နှစ်ယောက်က တကယ့်ကို ရက်စက်တယ်။

လူသတ်ချင်စိတ် တဖြည်းဖြည်း တိုးလာသည်ကို မြင်ပြီး ချန်လွေ့ အလျင်အမြန် ငြင်းလိုက်သည်။

“ မဟာဆရာသခင်ရဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့ဆိုရင် မြို့တော်ကို သွားတဲ့အခါ မင်းသား အိုဆိုင်ဒန်က ကျုပ်ကို တန်ဖိုးထားမှာပဲ။ဘာလို့ ဒီမှာ သူလျှိုအဖြစ် နေရမှာလဲ။ ”

ရှီရာ သရော်လိုက်သည်။

“ အင်း။အဲ့ဒါဆိုရင် မင်းဘာလို့ ဒီမှာ နေနေသေးတာလဲ။ ”

ချန်လွေ့သည် ချက်ချင်း ဆွံ့အသွားသည်။

အဲ့ဒီစကားအရဆိုရင် အခြေအနေကို သိပြီးတာတောင် ဆက်နေတယ်ဆိုတော့ ငါက ငတုံးမဟုတ်ရင် ဘာလဲ။

အမှန်အတိုင်း ငါပြောလိုက်ရမှာလား။အဆုံးသတ်က ပိုဆိုးနိုင်တယ်။ပါ့ဂ်လီအို အပါအဝင် ငါလည်း သေသွားနိုင်တယ်။

“ ဒီလိုအခြေအနေမှာ ကျုပ်ဘာလို့ ဆက်နေသေးတာလဲ။ ”

ချန်လွေ့သည် ဆင်ခြေတစ်ခုအား အသည်းအသန် စဉ်းစားရင်း အချိန်ဆွဲရန် ကြိုးစားလိုက်သည်။

“ တော်ဝင်မင်းသမီး။ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား။ ”

ချန်လွေ့၏ တင်းမာမှုသည် ရေခဲတုံး တော်ဝင်မင်းသမီး၏ စူးရှသည့် မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပေ။ချန်လွေ့၌ ပြဿနာတစ်ခုရှိကြောင်း ရှီရာ သေချာသိသည်။ရေကန် ထဲရှိ ဆူပွက်နေသည့် ရေများသည် တဖြည်းဖြည်းမြင့်တက်လာပြီး မကောင်းဆိုးရွား တစ်ကောင်၏ ပုံသဏ္ဍာန် ရေးရေးလေး ပေါ်လာသည်။ချန်လွေ့ခံစားရသည့် ဖိအား သည်လည်း ပိုပို၍ တိုးလာသည်။ ဒါက မြေသား ကွဲကြေတဲ့ လူသတ်အကွက်ပဲ။ ပြီးတော့ငါ့မှာက မဟာဆရာသခင်ရဲ့ အကာအကွယ် မရှိဘူး။ရှိရင်တောင် သေမှပဲ။

စူပါစနစ်ရေ။ဘာလို့ ဒီလောက် ကြာရတာလဲ။တော်တော်ညစ်တဲ့ အချိန်-လေဟာနယ် စီမံခန့်ခွဲရေးပဲ။

“ တော်ဝင်မင်းသမီး။ကျုပ်ကို ဖိအား မပေးပါနဲ့။ ”

သေရေးရှင်ရေး အခြေအနေ ဖြစ်နေပြီ ဖြစ်ကြောင်း ချန်လွေ့သိပြီး အားကုန် အော်လိုက်သည်။

“ ကျုပ် ဒါကို မပြောပြချင်ခဲ့ဘူး။ဒါပေမဲ့ အခုတော့ ရှင်းရှင်းလင်းလင်း ပြောရမယ့်ပုံပဲ။ ”

အစ်အောက်ကြည့်ပြီးနောက်တွင် ချန်လွေ့သည် အဲလစ် အဆိပ်မိနေခြင်းနှင့်သာ ခြိမ်းခြောက်နိုင်ပေသည်။သို့သော်လည်း ဤနည်းသည် အဆိပ်နဂါးအကြောင်း ပေါ်သွားစေမည်။ယခုတွင် ပါ့ဂ်လီအိုသည် ချိပ်ပိတ်ခံထားရသည့်အတွက် ရလာဒ်မှာ ပို၍ ဆိုးရွားနိုင်ပေသည်။သို့သော်လည်း ချန်လွေ့ ဘာမျှ မပြောလျှင် ချက်ချင်း သေရပေမည်။

ဧရာမ သတ္တဝါကြီးသည် လေထဲ၌ ရပ်သွားသည်။သို့သော်လည်း ရှိနေသေးသည်။ချန်လွေ့ သည် သားရည်အိတ်ငယ်လေးအား ထုတ်ပြီး အော်ပြောလိုက်သည်။

“ ပထမဆုံးအနေနဲ့ ရှင်းပြမှာက ဒီနေ့ ခမ့်ပ်က ကျုပ်ကို လာစည်းရုံးတယ်။ဆန်ဒရိုကို သတ်လိုက်တဲ့ ဆေးညွှန်းကို ရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျုပ်ကို မြို့တော်ဆီ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့သေးတယ်။ဆေးညွှန်းက အမှန်မဟုတ်ပေမဲ့ မဟာဆရာသခင်ရဲ့ အမွေအနှစ် ကတော့ တကယ်အမှန်ပါပဲ။ကျုပ်သေချာပေါက် သွားလို့ရခဲ့တယ်။ဒါပေမဲ့ မသွားခဲ့ဘူး။ ”

“ ကျုပ် ကျိန်ဆိုရဲတယ်။တော်ဝင် မင်းသမီးကို ဘယ်တော့မှ သစ္စာဖောက်မှာလည်း မဟုတ်သလို အမှောင်လမြို့ကနေလည်း ဘယ်တော့မှ မထွက်သွားဘူး။ ”

ထိုကဲ့သောခိုင်မာသည့်လေသံသည် ရှီရာအား ထိမိသွားစေပြီး သူ စတင် စဉ်းစားတော့သည်။ ဒီလိုဆိုရင် ဒီလူသားက ဘာရည်ရွယ်ချက်နဲ့ ဒီမှာ နေနေတာလဲ။ဆရာသခင် စိန်ခေါ်ခွဲမှာ သူပြသခဲ့တဲ့ ဉာဏ်ပညာတွေနဲ့ ဘာလို့ ဒီလိုတုံးအတာကို လုပ်နေရတာလဲ။

“ ကျုပ်ဆက်ပြောမှာက အမှန်အတိုင်းပြောရင် မင်းသမီး ကျုပ်ကို မုန်းသွားနိုင်တယ်။ ” ချန်လွေ့၏ ခန္ဓာကိုယ် ပတ်လည်ရှိ ဖိအားများ လျော့ကျသွားသည်။သို့သော် နောက်ထပ် လည်း ပိုတိုးနိုင်ပေသည်။ချန်လွေ့သည် တိတ်တဆိတ် ခါးသီးစွာ ပြုံးရင်း စကားလုံး လှအောင် ကြိုးစားနေလေသည်။

“ ဒီလိုကိစ္စမျိုးက...အဲ့ဒါက ခံစားချက်လိုမျိုးပဲ။ဘာမှ သတိမပေးဘဲ ဖြစ်လာတာ။ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး ...အဲ့ဒါ ဘယ်တုန်းက စလဲဆိုရင် ကျုပ်..... ”

ရှီရာလည်း တစ်ခုခုတွေးနေဟန်တူသည်။သူ၏ မျက်လုံးများ ထူးဆန်းသွားသည်။ ချန်လွေ့ အံကြိတ်ပြီး ရေကန်ပြာ အဖြစ်အပျက်အကြောင်း ပြောရန်ပြင်လိုက်စဉ် ရှီရာ ရုတ်တရက်ပြောလိုက်သည်။

“ နေဦး။မပြောနဲ့။ ”

သတ်ဖြတ်မည့် အငွေ့အသပ်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရေလည်း တဖြည်းဖြည်း အောက်ဆင်းသွားသည်။လရောင်သည်လည်း ယခင်ကကဲ့သို့ ခရမ်းနုရောင် အေးစိမ့်မှုများ ပြန်လည် ပေးစွမ်းသည်။

ရှီရာ၏ ရုတ်တရက် အမူအရာ ပြောင်းလဲသွားမှုကို ချန်လွေ့ လုံးဝ နားမလည် နိုင်‌တော့ပေ။

“ တော်ဝင်မင်းသမီး... ”

ရှီရာ ဒေါသထွက် အနည်းငယ် ထွက်ဟန် ပြလိုက်သည်။

“ မပြောနဲ့။အဲ့ဒီလို မဖြစ်နိုင်တာတွေ တွေးမနေနဲ့။ ”

မဖြစ်နိုင်တာ မတွေးနဲ့တဲ့လား။ဒါက ခြိမ်းခြောက်တာ ဖြစ်ရမှာလေ။ထူးဆန်းတာက ခြိမ်းခြောက်တာကိုတောင် ပြောလို့မရဘူးလား။

ထိုကဲ့သို့ မမျှော်လင့်ထားသည့် အပြောင်းအလဲသည် ချန်လွေ့၏ ဦးနှောက်အား ခေတ္တ ရပ်ဆိုင်းသွားစေသည်။

“ ဒါက.... ”

“ ချန်လွေ့ ငါပြောတာ နားထောင်။ ”

ရှီရာ၏ အသက်ရှူသံ ပုံမှန် ပြန်ဖြစ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီနေ့ မင်းကို အထင်လွဲမိတာ ငါ့အမှားပါ။ငါတကယ်ကို တောင်းပန်ပါတယ်။မင်းရဲ့ အောင်မြင်မှုက အတိုင်းအတာတစ်ခုထိ ရောက်သွားရင် ငါမင်းကို ခီရာ ချီးမြှင့်မယ်လို့ ကတိပေးပါတယ်။ငါနဲ့.....မင်းနဲ့ကျတော့ မဖြစ်နိုင်ဘူး။မင်းဒီမှာနေတာက အဲ့ဒါအတွက် ဆိုရင်တော့ တကယ် စိတ်မကောင်းပါဘူး။ ”

နောက်ဆုံးစကားအား ချန်လွေ့ကြားလိုက်သည့်အခါ ရှီရာအား ပထမဆုံး တွေ့ခဲ့စဉ်က သူ၏ မသင့်လျော်မှုများနှင့်နန်းတော်မှာ ထွက်သော် အမှောင်နတ်သူငယ်၏ အကြံပေး စကားကို သတိရမိလိုက်သည်။ရှီရာ မည်သည်ကို အထင်လွဲသွားကြောင်း ချန်လွေ့ နောက်ဆုံးတော့ နားလည်သွားလေသည်။

အံ့ဩဖွယ်ရာ အထင်လွဲမှုပဲ။

အချိန်ကိုက် ရောက်လာတယ်။

လူစီဖာ မိသားစုရဲ့ အစွမ်းထက်တဲ့ ကောက်ချက်ချ စွမ်းရည်ကို ကျေးဇူးတင်ရမှာပဲ။မဟုတ်ရင် အားလုံးသွားပြီ။

ဒီလိုဆိုမှတော့ ငါလည်း ခြိမ်းခြောက်တာကို မလုပ်သင့်တော့ဘူး။အခုအချိန် အကောင်းဆုံးနည်းလမ်းက အမှားကို အကောင်းဆုံး အသုံးချပြီးတော့ သံသယ ထပ်မဝင်အောင်လို့ ရှီရာ၏ နှလုံးသားကို ပိုးပန်းတဲ့သူ တစ်ယောက်ပုံစံအနေနဲ့ ဟန်ဆောင်ရမှာပဲ။

ချန်လွေ့ ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး ရုပ်တည်ဖြင့် ပြောလိုက်သည်။

“ တောင်းပန်ရမှာက ကျုပ်ပါ။ကျုပ်က ဘာမှအစွမ်းမရှိတဲ့ လူသားတစ်ယောက်ပါ။‌ အရှင်မကို ပြဿနာတွေအများကြီး ဖြစ်စေခဲ့တယ်။ဒီနေ့ ဆန်ဒရိုရဲ့ ဝိညာဉ်စား‌အဆိပ်ကို ကျော်လွှားနိုင်ပါ့မလား‌ဆိုတာ မသေချာခဲ့ဘူး။မဟာဆရာသခင်ရဲ့ စွမ်းအားက အကြွင်းမဲ့ မဟုတ်ဘူးလေ။သေနိုင်တယ်လို့ ကျုပ် တွေးမိခဲ့တယ်။....ဒါပေမဲ့ အဲ့ဒီအချိန် လောကမှာ အဝေးဆုံးက သေခြင်းနဲ့ ရှင်ခြင်းက မဟုတ်ဘဲ အရှင်မရှေ့မှာ ကျုပ်ရပ်နေတဲ့အချိန်လို့ ခံစားခဲ့ရတယ်။ဒါပေမဲ့ အရှင်မ မသိတာက ကျုပ်..... ”

“ တော်တော့။ ”

ရှီရာ၏ မျက်လုံးများ အေးစက်သွားသည်။

“ ငါ ထပ်ပြောမယ်။မင်း ဒီလိုထပ်ပြောရဲရင် သေရမယ်။ဒီလိုထပ်တွေးရဲရင် သေရမယ်။ဒီနေ့ပြောတဲ့စကားတွေ ပြန့်သွားရင် သေရမယ်။ ”

ရှီရာ စကားပြောနေရင်း သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ထုတ်ဖော်ခဲ့သည်။ သို့သော်လည်း ယခင်နှင့်ယှဉ်လျှင် ၎င်းမှာ ဝံပုလွေရေ ခြုံထားသည့် သိုးကလေးသာ ဖြစ်လေသည်။သူ စဉ်းစားမရ ဖြစ်နေကြောင်း ချန်လွေ့သိလိုက်သည်။ချန်လွေ့သည် လိုချင်သည်ကို ရရှိပြီးသည့်အတွက် ရှီရာ၏ အောက်ဆုံးစံနှုန်းအား စိန်ခေါ်မည် မဟုတ်ပေ။

ရှီရာ၏ အေးစက်စက် မျက်လုံးများ‌ တဖြည်းဖြည်း အထီးကျန်လာပြီး အေးစက်စက် စကားသံ ထွက်လာသည်။

“ ငါစိတ်မပြောင်းခင် ထွက်သွားတော့။ ”

အမြဲစောင့်ကြည့်နေသည့် ချန်လွေ့သည် စိတ်သက်သာရာ ရသွားပြီး စမ်းသပ်ချက် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။သို့သော်လည်း သူ၏ စိတ်ထဲ၌ စူပါစနစ် ဖန်တီးရှင်ကို ကြိမ်းမောင်းနေလေသည်။ လောကမှာ အဝေးဆုံး အကွာအဝေးက တော်ဝင်မင်းသမီးရှေ့မှာ ငါရပ်နေတာမဟုတ်ဘူး။တော်ဝင်မင်းသမီးကို ငါ သဘောကျ တာကို သူ မသိတာလည်းမဟုတ်ဘူး။ အဲဒီ သောက် စူပါစနစ် စဖို့အတွက် ၇နာရီ ၈နာရီလောက် ကျန်နေသေးတာပဲ။

ဒီအချိန်တွေ ကျော်ဖြတ်ပြီးတာနဲ့.. ဟီးဟီး.. စူပါစနစ် ပွင့်ထွက်ပြီ။ဒါဆိုရင် ငါ့ရဲ့အတွင်းခံ ပြောင်းပြန်ဖြစ်ပြီးတော့ စူပါစွမ်းအား ရလာမယ်။တော်ဝင် မင်းသမီး ဘယ်လောက်ပဲ အစွမ်းထက်ထက် အရှုံးပေးရမှာပဲ။

“ အမှောင်လမြို့ကနေ မင်းသွားမလား၊နေမလားဆိုတာ မင်းကြိုက်သလို ဆုံးဖြတ်လို့ရတယ်။ငါ မင်းကို မတားပါဘူး။ ”

ရှီရာ၏ အသံသည် ချန်လွေ့၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။ချန်လွေ့ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ရှီရာ တစ်ဖက်လှည့်ပြီး ရေကန်ဆီ မျက်နှာမူလိုက်သည်။သူ၏ နောက်ကျောဘက်သည် တင့်တယ်လှသော်လည်း အထီးကျန်နေဟန် တူသည်။သူ၏ သန်မာသည့် အသွင်အပြင်၏ နောက်ဘက်သည် သနားစရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးကျန်နေကြောင်း ချန်လွေ့ ရုတ်တရက် ခံစားလိုက်ရသည်။

“ ကျုပ် ဒီမှာပဲ နေမှာပါ။ ”

ချန်လွေ့ ပင့်သက်ရှိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။သူ့ကိုယ်သူ သတိပေးနေသည်လား။ရှီရာအား ပြန်ဖြေနေသည်လား မသေချာပေ။ထို့နောက် ချန်လွေ့ ထွက်သွားလိုက်သည်။

ရှီရာသည် ရေပြင်အား တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေသည်။ချန်လွေ့ ရောက်လာ ခဲ့စဉ်က သူ အထီးကျန်နေသကဲ့သို့ပင်။ စမ်းသပ်ခန်းသို့ ပြန်ရောက်သော် ယနေ့ နာမည်ကျော်သွားသည့် အမှောင်နတ်သူငယ် ဆရာသခင်သည် ချန်လွေ့အား ဆူပူ ကြိမ်းမောင်းတော့သည်။နတ်ဆိုးသန်းပေါင်းများစွာ၏ အကြည့်အောက်တွင် အဆိပ်ငွေ့ ထုတ်လွှတ်ခဲ့သည့် မြင်ကွင်းကို အဲဒက်စ် တွေးမိလိုက်တိုင်း ထိုအကြံပေးခဲ့သူကို သတ်ချင် နေမိသည်။ပြဿနာမှာ ဆန်ဒရို၏ အဆိပ်ပင် ချန်လွေ့အား ဘာမှ မဖြစ်စေခဲ့ပေ။ ထို့ကြောင့် အဲဒက်စ်သည် ထိုဆန္ဒအား စိတ်ထဲတွင်သာ ထားထားရလေသည်။

အမှောင်နတ်သူငယ်သည် ရှီရာထက် ကိုင်တွယ်ရ လွယ်ကူပေသည်။ချန်လွေ့သည် ဆန်ဒရို၏ သေဆုံးမှုအကြောင်းကို အခက်အခဲမရှိဘဲ ရှင်းပြလိုက်သည်။အဲဒက်စ်သည် ချန်လွေ့၏ အကြံကို စိတ်ဆိုးသော်လည်း ဆန်ဒရိုအားသတ်ရန် ကူညီပေးသည့် ချန်လွေ့အား ပို၍ ကျေးဇူးတင်လေသည်။သူ နောင်တရသည်မှာ ဝိညာဉ်စားအဆိပ် မရှိတော့သည့်အတွက် လေ့လာ၍ မရတော့ခြင်းပင်။

ညပိုင်းတွင် ချန်လွေ့ အိပ်မပျော်ခဲ့ပေ။စူပါစနစ် စတင်ရန် စောင့်ဆိုင်းနေသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ချန်လွေ့၏ မျက်ခွံများလည်း လေးလံလာပြီး အိပ်လိုက်မိသည်။ထို့စဉ် ချန်လွေ့ ခေါင်းထဲ၌ တွီခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

( စိတ်ဝိညာဉ်ကို ဗလာဖြစ်အောင် သန့်စင်။အခြေတည်ဝိညာဉ် ရရှိ။အင်မိုတယ်ဓား ထုတ်။ဓား ၁၀သိန်းပြန်လာ။မင်းသား အိုဆိုင်ဒန် သေ။သွေးရောင် အင်ပါယာရဲ့ အရိပ်နက် အင်ပါယာ ပျက်စီး။တော်ဝင်မင်းသမီး၊လိုလီ၊မာယာရှင် နဲ့ လူကြမ်း မိန်းကလေးတွေ ငါ့ရဲ့ ကိုယ်လုပ်တော်တွေ ဖြစ်။နတ်ဆိုးဘုံကို စုစည်း။ဘယ်သူမှ မဆန့်ကျင်ရဲ။အထက်ပါ ဇာတ်ကွက်များသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ထိုကဲ့သို့ ဆင်တူရန် မဖြစ်နိုင်ပေ။ )

အမှန်တကယ် အခြေအနေမှာတော့

“ စူပါစနစ် စတင်ပါပြီ။သင် ဝင်ရောက်ချင်ပါသလား။ ”

ချန်လွေ့၏ ငိုက်မြည်းမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အတည်ပြုလိုက်သည်။

“ အင်း ”

ဖြေပြီးနောက်တွင် ချန်လွေ့ ခေါင်းထဲ၌ ဝုန်းခနဲ အသံမြည်ပြီး ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်ရော မြေပြင်ပါ မရှိနေပေ။နေရာတိုင်း၌ မှုန်ဝါးဝါး ဖြစ်နေသည်။ချန်လွေ့၏ အသိစိတ်သည် ထိုအတွင်း၌ ခဏတာ လွင့်မျောနေသည်။သက်ရှိ နှင့် စွမ်းအင်တို့ မရှိသည့် အဆုံးမဲ့ ရှုထောင်သုံးမျိုးရှိအာကာသ တစ်ခုကဲ့သို့ပင် ဖြစ်သည်။ထူးဆန်းပြီး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေလေသည်။

ဒါက အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ စူပါစနစ်လား။

သတိပေးသံ ထွက်လာသည်။

“ ကနဦး စိတ်ဝိညာဉ် ၁၀၀ ရရှိထားသည်။ကြယ်စင်စု နတ်ဘုရားကျောင်းကို အသက်သွင်းရန် လိုအပ်ချက် ပြည့်မှီသည်။အသက်သွင်းချင် ပါသလား။ ”

ကြယ်စင်စု နတ်ဘုရားကျောင်း တဲ့လား။နာမည်က မဆိုးဘူးပဲ။ ချန်လွေ့သည် မျှော်လင့်ချက်ဖြင့် အတည်ပြုလိုက်သည်။

“ အသက်သွင်းလိုက်။ ”

ပတ်ဝန်းကျင် မြင်ကွင်း ပြောင်းလဲသွားပြန်သည်။ချန်လွေ့သည် ခန်းမကြီးတစ်ခုအတွင်း ရောက်နေသည်။ခန်းမသည် ရှေးကျပြီး ရိုးရှင်းလှသည်။မြူနှင်းများသည် ကြယ်တာရာကဲ့သို့ လင်းလက် ပျံ့လွင့်နေပြီး လျို့ဝှက်ဆန်းကြယ်ကာ ဆွဲဆောင်မှုရှိသည့် သဘာဝကို ထုတ်လွှတ်နေလေသည်။

ထိုခန်းမသည် ထိုအာကာသထဲ၌ ပျံ့လွင့်နေဟန်တူသည်။လှေကားမှာ ငုံ့ကြည့်သည့်အခါ အာကာသတစ်ခုလုံးအား ကြည့်ရသည့် ညှို့ငင်ဖွယ်ခံစားချက်ကို ပေးစွမ်းလေသည်။

ချန်လွေ့သည် ကြယ်စင်စု နတ်ဘုရားကျောင်းအား သွားကြည့်ရန် တွေးလိုက်စဉ် ဘုရားကျောင်းထဲသို့ ချက်ချင်းပင် ခုန်ကူးသွားသည်။ကြည့်ရတာ စူပါစနစ်ရဲ့ အထိအတွေ့ မျက်နှာပြင်က သုံးရတာ လွယ်ကူတာပဲ။ကီးဘုတ်မလိုဘူး။မောက်စ်လည်း မလိုဘူး။ တွေးလိုက်ရင်ရပြီ။

ခန်းမအတွင်းရှိ နေရာသည် စိတ်ကူးထားသည်ထက် သာလွန်သည်။ဖောင်းကြွတိုင်များနှင့် သပ်ရပ်သည့် စတုရန်းကြွေပြားများသည် ခမ်းနားလှသည်။သို့သော်လည်း အလယ်၌ ပလ္လင်တစ်ခုကလွဲ၍ ခန်းမထဲ၌ ဘာမှမရှိပေ။

ချန်လွေ့သည် ပလ္လင်ပေါ် သွားထိုင်လိုက်သည်။ထို့နောက် ခန်းမသည် ဖောက်ထွင်းမြင်နိုင်သကဲ့သို့ အပြင်ဘက် အာကာသတစ်ခုလုံးအား ချန်လွေ့ သေချာမြင်နေရလေသည်။

ထိုအချိန်တွင် ထူးဆန်းသော အလင်းရောင်များ လင်းလက်နေပြီး တောက်ပနေသော ပါးလွှာလှသည့် မျက်နှာပြင်နှစ်ခုသည် ချန်လွေ့ မျက်လုံးရှေ့၌ ပျံ့လွင့်နေလေသည်။

All Chapters