← Chapters

ခန္ဓာသန့်စင်ခြင်း နှင့် ကနဦး ဆင့်ကဲပြောင်းလဲခြင်း

Vol. 2 Ch. 23

ခန္ဓာသန့်စင်ခြင်း နှင့် ကနဦး ဆင့်ကဲပြောင်းလဲခြင်း

Vol. 2 Ch. 23

ချန်လွေ့သည် မျက်နှာပြင်တစ်ခုအား လှမ်းကြည့်လိုက်သည်။ထို့နောက် တွေးလိုက်ရာ ထိုမျက်နှာပြင်သည် ရုတ်တရက် ကြီးလာသည်။ဝုန်းခနဲ အသံထွက်လာပြီး မျက်နှာပြင်က အလင်းစက်များအဖြစ် ကွဲကြေသွားကာ သုံးဖက်မြင် လူသားပုံရိပ်တစ်ခုအဖြစ် အလျင် အမြန် ပြန်စုစည်းသွားသည်။၎င်းသည် ဖောက်ထွင်းမြင်နိုင်ပြီး ချန်လွေ့ကဲ့သို့ ဝတ်စား ထားသည်။၎င်းအား စိတ်ဖြင့် လှည့်နိုင်သည်။၎င်း၏ဘေး၌ လွင့်မျောနေသော စာသား ဖော်ပြချက်များ ရှိနေသည်။ထိုစာသားများမှာ ချန်လွေ့ မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်သည့် တရုတ်စာများပင် ဖြစ်လေသည်။

ဂုဏ်ပုဒ် = မရှိ

ဆင့်ကဲပြောင်းလဲခြင်း အဆင့် = မရှိ

အတွေ့အကြုံတန်ဖိုး = သုည %

အရှိန်အဝါ တန်ဖိုး = သုည

စွမ်းအားအကဲဖြတ်မှု ‌= တန်ဖိုးအလွန်နည်း။လစ်လျူရှုထား

ဒါက အချက်အလက်ပြဇယားထင်တယ်။အရှိန်အဝါ၊ဂုဏ်ပုဒ် ဟုတ်လား။အတွေ့အကြုံ တန်ဖိုးကရော ဘာလို့ ရှိနေတာလဲ။ဒါက ဂိမ်းလား။ ချန်လွေ့သည် အနည်းငယ် ရင်းနှီး သလို ခံစားလိုက်ရသည်။ဒီ စူပါစနစ်ကို ဘုရားသခင်က ဖန်တီးထားတာလား။အနှိုင်းမဲ့ ထည့်ဖြည့်နိုင်တာက ဘယ်မှာလဲ။တစ်ဆင့်ခံ ဇာတ်ကွက် ဘယ်မှာလဲ။စူပါစိုင်ရန် ရဲ့ သွေးမျိုးဆက် ဘယ်မှာလဲ။

ချန်လွေ့ ချက်ချင်း ဒေါသထွက်သွားသည်။ “ တန်ဖိုးအလွန်နည်း။လစ်လျူရှုထား။ ” က ဘာကြီးလဲ။အများကြီး ကြိုးစားခဲ့ပြီးတာတောင် ဒီလို ရှက်စရာ အခြေအနေကို ပြန်ရတာလား။

စနစ်၏ အသိပေးသံ ထွက်ပေါ်လာပြန်သည်။

“ [ အလိုအလျောက် အရှိန်အဝါစုပ်ယူခြင်း ] လုပ်ငန်းကို အသက်သွင်းချင်ပါသလား။ ”

ချန်လွေ့သည် အသက်သွင်းရန် စိတ်အားထက်သန်စွာ အတည်ပြုလိုက်သည်။အရှိန်အဝါ တန်ဖိုး သုညမှ တစ် သို့ တိုးသွားသည်မှ လွဲ၍ အခြားထူးထူးခြားခြား တုံ့ပြန်မှုများ မရှိပေ။ချန်လွေ့ အချိန်အတော်ကြာ စောင့်နေလိုက်သည်။သို့သော်လည်း မည်သည်မှ မပြောင်းလဲပေ။ ဒါလည်းပဲ နောက်ထပ် အလိမ်အညာ တစ်ခုပဲ။

ချန်လွေ့ စိတ်ပြောင်းလိုက်သည်။ “ အချက်အလက်ပြ ” မျက်နှာပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အခြား မျက်နှာပြင်တစ်ခုအား ချန်လွေ့ ကြည့်လိုက်သည်။ဒါက... အစွမ်းသစ်ပင် နဲ့တူတယ်။အမြစ်က အလင်းရောင်တောက်နေပြီးတော့ ကျန်တာတွေ မီးခိုးရောင် ဖြစ်တာကလွဲရင် သစ်ပင်လို ပုံသဏ္ဍာန်တစ်ခုပဲ။အမြစ်ရဲ့ အလင်းရောင်တွေက သင်္ကေတ နှစ်ခုပဲ။ချန်လွေ့၏ စိတ်သည် သင်္ကေများအား အာရုံစိုက်လိုက်သည့်အခါ သက်ဆိုင်ရာ ဗီဒီယိုတစ်ခုစီ ဖြစ်သွားလေသည်။

ပထမတစ်ခုမှာ လူသားခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲနေသည့် အလင်းရောင်တစ်ခု ဖြစ်သည်။

[ အသက်အောင့် ]

( အလိုအလျောက်အစွမ်း။အသုံးပြုသူ၏ ခွန်အား အနိမ့်ဆုံးကို ပြသသည်။အသုံးပြုသူ၏ စိတ်ကို အခြားသူများ ဖောက်ထွင်း မမြင်နိုင်ပေ။ပယ်ဖျက်၍ ရသည်။ )

ဒုတိယတစ်ခုမှာ ကျောက်တုံးပေါ်သို့ လက်တင်လိုက်ပြီး ကျောက်တုံးမှာ အမှုန့်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

[ အရှိန်အဝါ ပြောင်းလဲ ]

( အသုံးချအစွမ်း။အထူးစွမ်းအင် ပစ္စည်း အမျိုးမျိုးကို အရှိန်အဝါအဖြစ် ပြောင်းလဲနိုင်ပြီး စုပ်ယူနိုင်သည်။အကြိမ်တိုင်း အရှိန်အဝါတန်ဖိုး အပိုတစ်ခု ကုန်ကျသည်။မိနစ်၃၀အထိ ကြာရှည်ခံနိုင်သည်။ )

ချန်လွေ့ အမှန်တကယ် အစွမ်းထက်လျှင် ၎င်းသည် အသုံးဝင်ပေမည်။သို့သော်လည်း ချန်လွေ့သည် နတ်ဆိုးဘုံ၌ အားအနည်းဆုံး အဆင့် ဖြစ်သည့်အတွက် [ အသက်အောင့် ] အစွမ်းသည် သုံးစရာနေရာ မရှိပေ။[ အရှိန်အဝါ ပြောင်းလဲ ] အစွမ်းသည်လည်း တန်ဖိုးမရှိပေ။အရှိန်အဝါအား စား၍မရသလို ပျံဖို့လည်း သုံးမရပေ။ ဒါကလုံးဝ အသုံးမဝင်ဘူး။

ချက်ချင်း အောင်မြင်ချင်သည့် ချန်လွေ့၏ အိပ်မက် လုံးဝ ကွဲကြေသွားလေပြီ။သူ၏ စိတ်ဓာတ်မှာ အောက်ဆုံးထိ ရောက်နေပြီး အလွန်အမင်း စိတ်ဓာတ်ကျနေပေသည်။

ဒါက စူပါစနစ်လား။တော်တော်ဆိုးတာပဲ။ခမ်းနားပြီး ယုတ္တိရှိတဲ့ ဂရပ်ဖစ်တွေက ဘာသုံးမလို့လဲ။

ထိုအချိန်၌ စုတ်ပဲ့သည့် အသိပေးသံ ထွက်လာပြန်သည်။

“ သန့်စင်မှု မြင့်မားသည့် အသက်စွမ်းအင်အား ခန္ဓာကိုယ်အတွင်း၌ ရှာဖွေတွေ့ရှိသည်။ အရှိန်အဝါအဖြစ် ပြောင်းလဲချင်ပါသလား။ ”

ချန်လွေ့သည် ထို “ အရှိန်အဝါ ” အား အတော်လေး မကျေမနပ် ဖြစ်သွားပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ ပြောင်းလိုက်။ ”

တစ်ချိန်တည်းမှာပင် ရေကန်ဘေးရှိ တောင်ကုန်းနား၌ လဲနေသည့် ယောက်ျား တစ်ယောက်သည် ရုတ်တရက် မျက်လုံးပွင့်သွားသည်။သူ၏ မျက်နှာ၌ မယုံကြည်ခြင်းများ ပြည့်နှက်နေသည်။သူ၏ခန္ဓာကိုယ်ရှိ သဟဇီဝစာချုပ်သည် အဆုံးမဲ့ ချောက်နက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ စွမ်းအားအပြင် အသက်ကိုပါ အလျင်အမြန် ဝါးမျိုနေလေသည်။ ရပ်တန့်၍ မရေပေ။

အချိန်အတော်ကြာပြီးနောက် ကြောက်မက်ဖွယ်ရာ ဝါးမျိုစွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ပါ့ဂ်လီအို၏ မျက်နှာလည်း ဖြူဖျော့သွားသည်။သူ၏အသက်နှင့် စွမ်းအားတို့လည်း အတော်လေး လျော့ကျသွားသည်။သဟဇီဝစာချုပ်၌ ဤကဲ့သို့ မူမမှန်ခြင်းမျိုး ရှိကြောင်း သူကြားဖူးသည့်အတွက် ပါ့ဂ်လီအို ထိတ်လန့်သွားခဲ့သည်။

“ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။ ”

ပါ့ဂ်လီအိုသည် ကြောက်ရွံ့စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။

“ အဲ့ဒီလူသား တစ်ခုခု ဖြစ်သွားတာလား။ငါသူ့ကို သွားကြည့်လို့ရရင် ကောင်းမှာပဲ။ဒီသောက် ချိပ်ပိတ် ကတော့ကွာ. ...”

အစပြုသူ ချန်လွေ့သည် ပါ့ဂ်လီအို၏ အကြောက်တရားများကို လုံးဝမသိပေ။ အရှိန်အဝါတန်ဖိုး အလျင်အမြန် တိုးလာပြီး အတွေ့အကြုံတန်ဖိုး မြင့်တက်လာသည် ကိုသာ သူတွေ့နိုင်သည်။လူသားခန္ဓာကိုယ်၏ ဖောက်ထွင်းမြင်နိုင်သော ပုံရိပ်တွက် ပေါင်ခြံရှိ အဓိကနေရာ၌ အဖြူအရောင်အလင်း စတင်လင်းလက်လာသည်။

ချန်လွေ့သည် လုံးဝ ဆွံ့အသွားသည်။ ဘယ်နှာဘူးကောင်က စူပါစနစ်ကို ဒီဇိုင်းဆွဲထား တာလဲ။ဘာလို့ “ အဲဒီ ” နေရာက အရောင်တောက်နေရတာလဲ။“ သန့်စင်မှု မြင့်မားတဲ့ အသက်စွမ်းအင် ” ဆိုတာက.... အမြုတေ တစ်မျိုမျိုးများလား။အဲ့လိုသာဆို အများကြီးရှိရင် အနည်းဆုံး သန်း၁၀၀လောက်......

ချန်လွေ့သည် မှားယွင်းသည့်လမ်းကြောင်းသို့ဆက်မစဉ်းစားနိုင်ခင်မှာပင် အသိပေးသံ ထွက်လာပြန်သည်။

“ အရှိန်အဝါ ပြောင်းလဲခြင်း အောင်မြင်သည်။အရှိန်အဝါတန်ဖိုး ၂၀၀၀ ရှိပြီး အတွေ့အကြုံတန်ဖိုးမှာ ၁၀၀% ရှိပါပြီ။ကနဦး ဆင့်ကဲပြောင်းလဲရန် လိုအပ်ချက်များ ပြည့်စုံ၏။“ ခန္ဓာသန့်စင်ခြင်း ” ကို စတင်ပြီးတော့ ဆင့်ကဲပြောင်းလဲခြင်းကို ပြီးစီးချင်ပါသလား။ ”

“ စလိုက်။ ”

ထိုအသိပေးသံသည် ချန်လွေ့၏ မျှော်လင့်ချက်အား ထိုးတက်သွားစေပြီး ချက်ချင်း သဘောတူလိုက်သည်။

ချန်လွေ့ အတည်ပြုပြီးနောက်တွင် ဘုရားကျောင်းအပြင်ဘက် အာကာသသည် လင်းလင်းလက်လက် အရောင်များ တောက်ပနေကြောင်း သူ ခံစားလိုက်ရသည်။ ထိုအာကာသ၌ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားဟန်တူသည်။ပေါက်ကွဲမှုပြင်းထန် လှသည့်အတွက် ချန်လွေ့၏ခေါင်းထဲ၌ တုန်ခါသွားပြီး ချက်ချင်း သတိလစ်သွားသည်။

နောက်တစ်နေ့ မနက်စောစော၌ ဆန်ဒရို သေရခြင်း၏ လျို့ဝှက်ချက်အား အဖြေရှာရန် ဆုံးဖြတ်ထားသည့် အဲလစ်သည် အသီနာနှင့်အတူ စမ်းသပ်ခန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။သို့သော်လည်း ချန်လွေ့သည် အခန်းထဲ၌ အိပ်နေသေးကြောင်း မှင်စာက သူတို့ကို ပြောလိုက်သည်။

“ ငါတောင်နိုးနေပြီ။သူက အိပ်နေတုန်းလား။သူ့ကို သွားနှိုးလိုက်။ ”

အဲလစ်က မကျေမနပ် ငြီးတွားလိုက်သည်။

စလီလည်း မငြင်းဆန်ရဲဘဲ ချန်လွေ့၏ အခန်းဆီသို့ အဲလစ်၊အသီနာ တို့နှင့်အတူ လာခဲ့သည်။ထိုအချိန်တွင် ချန်လွေ့သည် မြေအောက်အကျဉ်းစခန်း၌ မနေရတော့ဘဲ စမ်းသပ်ခန်းရှိ “ပုံမှန်အခန်း” နေနေရခြင်းဖြစ်သည်။

“ သခင်။မင်းသမီးလေး ရောက်နေပါတယ်။ထပါတော့။ ”

မှင်စာသည် တံခါးခေါက်လိုက်ပြီး အလုပ်ကြိုးစားဟန်ဖြင့် တမင်တကာ အော်ခေါ်လိုက်သည်။

သို့သော်လည်း အခန်းထဲမှ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။မှင်စာလည်း တံခါး ထပ်ခေါက်ပြန်သည်။သို့သော်လည်း တုံ့ပြန်မှု မရှိပေ။

“ ချန်လွေ့။ကျွန်မရှင့်ကို ကိုယ်တိုင် လာနှိုးတာနော်။ရှင်ကျွန်မကိုတကယ်ပဲ နားမထောင်ရဲတာလား။ ”

အဲလစ်သည် တံခါးကို ထုရိုက်လိုက်သည်။

“ ရှင် တံခါးမဖွင့်သေးဘူးဆိုရင် ကျွန်မအထဲဝင်လာပြီး ရှင့်ကို မဟားတရားလုပ်ပစ်မယ်။ ”

ထိုစကားများက မှင်စာအား ချွေးပြန်သွားစေသည်။အသီနာသည် နှာခေါင်းပွတ်လိုက်ပြီး တစ်ခုခုလွဲနေကြောင်း ခံစားလိုက်ရသည်။သူသည် မင်းသမီးလေးအား တံခါးထု ရိုက်နေခြင်းကို တားဆီးလိုက်သည်။ထို့နောက် သူသည် တံခါးကို တွန်းဖွင့်လိုက်ရာ ပြင်းထန်လှသည့် ခွန်အားကြောင့် တံခါး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

သို့သော်လည်း အတွင်းရှိ မြင်ကွင်းသည် သူတို့သုံးယောက်စလုံးကို အံ့အားသင့်စေခဲ့သည်။ချန်လွေ့သည် အိပ်ယာပေါ်တွင် လဲနေကြောင်း သူတို့တွေ့လိုက်သည်။သေလား၊ရှင်းလား မသိရပေ။အိပ်ယာသာ် အနက်ရောင် အရည်များ စွန်းထင်းနေပြီး နံဟောင်နေလေသည်။

“ ချန်လွေ့ (သခင်) ”

သူတို့ သုံးယောက်စလုံး တပြိုင်နက်တည်း အော်ခေါ်လိုက်သည်။

နန်းတော်၏ အပြင်းဝင်းရှိ အဲဒက်စ်၏ စမ်းသပ်ခန်း၌ ဖြစ်သည်။

မင်းသမီးရှီရာ မျက်မှောင်ကြုတ်ပြီး အဲဒက်စ်အား မေးလိုက်သည်။ “ ‌ဒါဘယ်လို ဖြစ်တာလဲ။ ”

“ ကျုပ်လည်း သေချာမသိဘူး။ ”

အဲဒက်စ် အစ်အောက်ကြည့်နေဟန်တူသည်။

“ မနေ့က စိန်ခေါ်ပွဲကြောင့် ဖြစ်ဖိုးများတယ်။အင်ပါယာရဲ့ ဉာဏ်ကြီးရှင်ဆိုတဲ့ ဂုဏ်ပုဒ် ကံကောင်းပြီး ရထားတာမဟုတ်ဘူး။နောက်ဆုံးအဆိပ်က သာမန်အတိုင်းအတာထက် ကျော်လွန်သွားတာ ဖြစ်မယ်။ချန်လွေ့မှာ မဟာဆရာသခင်ရဲ့ အကာအကွယ် ရှိတာ တောင်မှ အဲ့ဒီအဆိပ်ကိုလုံးဝ မဖြေနိုင်ခဲ့ဘူး။ဒါကြောင့် ဒီလိုသတိလစ်ရတာ ဖြစ်မယ်။ ”

ဂါ့စ်လည်း ခေါင်းညိတ်လိုက်သည်။လူသားခန္ဓာကိုယ်မှ အနက်ရောင် အရည်များ ထွက်လာနေသည်ကိုကြည့်လျှင် ဤဖြေရှင်းချက်သည် သဘာဝကျသည်။

မနေ့ညက ချန်လွေ့ထွက်သွားပြီးနောက်တွင် သူပြောခဲ့သည့် ကိစ္စတချို့ကြောင့် ရှီရာ စိတ်ဆိုးနေဆဲပင် ဖြစ်သည်။သို့သော်လည်း ချန်လွေ့ အဆိပ်မိကာ သတိလစ်ပြီး သေလား၊ရှင်လား မသိ ဖြစ်နေသည်ကို တွေ့လိုက်သည့်အခါ ရှီရာသည် ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်လိုက်သည်။ဤလူသားသည် အမှောင်လမြို့အား ကူညီရန်အတွက် အသက်စွန့်ကြိုးပမ်းခဲ့ပြီး သူ့ကြောင့် သေမလို ဖြစ်ခဲ့သေးသည်။ချန်လွေ့အတွက် မတရားသည်မှာ အမှန်ပင်ဖြစ်သည်။

ရှီရာ သက်ပြင်းချပြီး မေးလိုက်သည်။

“ ဆရာသခင်။သူဘယ်တော့ နိုးလာမှာလဲ။ ”

အဲဒက်စ်ပြန်ဖြေလိုက်သည်။

“ အန္တရာယ်အရှိဆုံး အချိန်က မနေ့ညက ဖြစ်မယ်။ဒါပေမဲ့ ကျုပ်တောင် သတိမထား မိခဲ့ဘူး။ပြီးသွားလို့ တော်သေးတာပေါ့။အခုတော့ သူ့အခြေအနေက တည်ငြိမ်နေပါပြီ။ ဖျားနေတာအပြင် တခြားဘာမှ မရှိပါဘူး။မဟာဆရာသခင်ရဲ့ စွမ်းအား အဲ့ဒီအဆိပ်တွေကို ထိန်းချုပ်ပြီး ဖြေဖျောက်ပေးတာဖြစ်မယ်။ခဏနေကျရင် သူနိုးလာပါလိမ့်မယ်။ ဆန်ဒရိုရဲ့ ဝိညာဉ်စား အဆိပ်မှာ ဘာတွေပါလဲ မသိတော့ သူ့ကို ဆေးရည်တစ်ခုခု တိုက်ဖို့ အဆင်မပြေဘူး။ ”

ရှီရာ ခေါင်းညိတ်ပြီး ထရပ်လိုက်သည်။

“ အုပ်ချုပ်ရေးကိစ္စတွေကို ကျွန်မသွား ကိုင်တွယ်လိုက်ဦးမယ်။သူနိုးလာတာနဲ့ချက်ချင်း ကျွန်မကို သတင်းပို့လိုက်။ ”

အဲဒက်စ် ခေါင်းညိတ်လိုက်သည်။ဂါ့စ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ဤလူသားအလုပ်သင်အပေါ် တော်ဝင်မင်းသမီး၏ အထူးအာရုံစိုက်မှုအား အံ့ဩသွားဟန်တူသည်။

အဲလစ် နှင့် အသီနာတို့သည် ချန်လွေ့၏ အိပ်ယာဘေး၌ ရှိနေကြသည်။စိတ်နှလုံး မကောင်းသည့် လိုလီလေး၏ မျက်နှာတွင် ပုံမှန်မဟုတ်သည့် စိုးရိမ်မှု ပြသနေသည်။ ထိုအချိန်တွင် လူသားခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများအား စလီ သန့်ရှင်းပြီး သွားခဲ့လေပြီ။ချန်လွေ့၏ အသက်ရှူသံမှာလည်း ပုံမှန်ဖြစ်သွားသည်။သိုသော်လည်း ကိုယ်အနည်းငယ် ပူနေသကဲ့သို့ သူ၏မျက်နှာမှာ နီရဲနေလေသည်။

နောက်ဆုံး၌ ချန်လွေ့ မျက်နှာပေါ်ရှိ နီမြန်းမှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသက်ရှူသံလည်း မြန်လာသည်။ချန်လွေ့အား အမြဲစောင့်ကြည့်နေသည့် အသီနာသည် ထိုအဖြစ်အား ပထမဆုံး သတိပြုမိသွားသည်။ထို့နောက် အဲလစ်နှင့် စလီတို့လည်း အနားကပ်လာသည်။

ချန်လွေ့ မျက်လုံးဖွင့်လိုက်သည်။အသီနာ နှင့် အဲလစ်တို့၏ မျက်နှာကိုကြည့်ပြီး အံ့သားသင့်စွာဖြင့် အေးလိုက်သည်။

“ မင်းတို့ဘာလို့ ဒီမှာ ရှိနေတာလဲ။ ”

“ ငါတို့လာတုန်းက နင်အိပ်ယာပေါ်မှာ သတိလစ်နေတာ။နင် နိုးလာဖို့အတွက် တစ်ရက်နီးပါးလောက် ကြာသွားတယ်... ”

အသီနာပြောလိုက်သည်။

“ ကျွန်မ အရမ်း စိုးရိမ်နေခဲ့တာ။ ”

အဲလစ်သည် မျက်ရည်များဖြင့် ပြောလိုက်သည်။ထိုမျက်ရည်များ မည်မျှထိ စစ်မှန်ကြောင်း မသေချာပေ။

“ ရှင့်ခန္ဓာကိုယ်ကနေ အနက်ရောင်အရည်တွေ အများကြီးထွက်နေတာ။ကျွန်မ ရှင့်ရဲ့ ခန္ဓာကိုယ်ကို ဝိုင်းကူသန့်ရှင်းတော့ အားလုံးကို မြင်ပြီးပြီ။ရှင်ကျွန်မကို တာဝန်ယူပေးရမယ်..... ”

ထိုစကားများကို ကြားသည့်အခါ အသီနာ၏ မျက်လုံးများပင် တရွရွ ဖြစ်သွားသည်။ ဘေးနားရှိ စလီသည် သူ့သခင်၏ ပိုးပန်းသည့် အစွမ်းအား နတ်ဆိုးဘုရားသခင် အဆင့်ထိအောင် လေးစားသွားလေသည်။ အသီနာပြီးတော့ မင်းသမီးလေးတောင်...... မှင်စာ၏ ရှုပ်ထွေးလှသည့် အတွေးများသည် အတင်းစကားများ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အများကြီးသိပြီး အသတ်ခံရမည်ကို ကြောက်သည့်အတွက် ထွက်သွားရန် ဆုံးဖြတ်လိုက်ကာ ဆရာသခင် အဲဒက်စ်အား အသိပေးလိုက်သည်။

အဲဒက်စ်ပြေးဝင်လာသည်။ချန်လွေ့ နိုးနေကြောင်းတွေ့လိုက်ရာ အဲဒက်စ် အလျင်အမြန် မေးလိုက်သည်။

“ မင်း ဘယ်လိုနေလဲ။ ”

“ အဆင်ပြေပါတယ်။ ”

ချန်လွေ့သည် သူ၏ခန္ဓာကိုယ် အကြီးအကျယ် ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။သို့သော်လည်း သူတို့၏ ရှေ့၌ မစမ်းကြည့်ရဲပေ။ချန်လွေ့ စိတ်ရှုပ်ထွေးသွားဟန် ပြုလိုက်သည်။

“ ဘာလို့လည်း မသိဘူး။ရုတ်တရက်ကြီး ဖြစ်သွားတာပဲ။ ”

အဲလစ် နှင့် အခြားသူများပြောသည့် အနက်ရောင် အရည်မှာ “ ခန္ဓာသန့်စင်ခြင်း ”၏ ရလာဒ် ဖြစ်ပေမည်။

“ ဆန်ဒရိုရဲ့ ဝိညာဉ်စား အဆိပ်က တကယ်ပဲ အစွမ်းထက်တာပဲ။ဒီလိုတောင် ဖြစ်သွားစေတယ်။မနေ့က ငါသတိမထားမိလိုက်ဘူး။မင်းဘာမှ မဖြစ်လို့ တော်သေးတာပေါ့။ ”

အဲဒက်စ်သည် သူ၏ယူဆချက်အား သေချာနေပြီး ရှင်းပြရန် ကြိုးစားလိုက်သည်။ဆရာက သူ့အတွက် ကူညီ၍ ဆင်ခြေရှာပေးနေကြောင်း တွေ့လိုက်ပြီး ချန်လွေ့သည် ထိုစကား‌ လမ်းကြောင်းအတိုင်း လိုက်သွားကာ ရုတ်တရက် သဘောပေါက်သွားဟန် ပြုလိုက်သည်။

ချန်လွေ့သည် ကနဦး ဆင့်ကဲပြောင်းလဲခြင်းအား လေ့လာချင်နေသည်။ထို့ကြောင့် ပင်ပန်းနေဟန်ဆောင်လိုက်သည်။

“ နည်းနည်းပင်ပန်းနေသေးတယ်။ခဏလောက် ထပ်အိပ်ချင်သေးတယ်။ ”

“ ရှင်အခုမှ နိုးလာပြီးတော့ ပြန်အိပ်ချင်နေပြီလား။ ”

အဲလစ်သည် မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

ထို့နောက် ချန်လွေ့သည် အဲလစ်အား ဇာတ်လမ်းတစ်ပုဒ် အကြွေးတင်နေသေးကြောင်း သတိရသွားပြီး ခပ်မြန်မြန် ပြောလိုက်သည်။

“မင်းသမီးလေး။တောင်းပန်ပါတယ်။ဒီနေ့ ငါနေမပျော်လို့ပါ။မနက်ဖြန် ပြောလို့ရမလား။”

“ ရပါတယ်။မှောင်နေပြီပဲ။နင်ပြန်ကောင်းလာတဲ့အထိ စောင့်တာပေါ့။ ”

အသီနာ ပြောလိုက်သည်။

“ ဒီအတောအတွင်းမှာ နင်လုပ်တာတွေကို ငါကျေနပ်ပါတယ်။နင်အရင် အနားယူ နေသင့်ပါတယ်။ ”

လိုလီလေးသည် ရှားရှားပါးပါးနားလည်သွားဟန် ပြလိုက်သည်။ထို့နောက် သူ၏ လက်သီးသေးသေးလေးအား မြှောက်လိုက်သည်။

“ ပြီးရင် ငါ့ကို စိတ်ဝင်စားစရာ တစ်ခုခုပြောဖို့ မမေ့နဲ့။ ”

အဲဒက်စ်လည်း ချန်လွေ့ကို အားပေးစကား အနည်းငယ်ပြောပြီး အခန်းထဲမှ အားလုံး ထွက်သွားကြသည်။

တံခါးပိတ်သွားသည့်အခါ ချန်လွေ့သည် အသိစိတ်ထဲရှိ စူပါစနစ်ဆီ စိတ်အားထက်သန်စွာ ဝင်လိုက်ရာ သူ၏မှတ်ဉာဏ်ထဲမှ ပေါက်ကွဲသွားသည့် အာကာသ၌ ပြောင်းလဲမှု အနည်းငယ်သာ တွေ့လိုက်ရသည်။

မှုန်ဝါးနေသည့် အာကာသအတွင်း၌ တိမ်တိုက်ကဲ့သို့ အငွေ့ရှိသည်။ထိုအငွေ့များ တစ်ဝိုက်၌ သေးငယ်လှသည့် ဖုန်မှုန့်များ တဖြည်းတဖြည်း ပျံ့လွင့်နေသည်။ဤအရာများ အပြင် ပို၍ နက်ရှိုင်းသည့် ပြောင်းလဲမှုရှိနေကြောင်း ချန်လွေ့ ခံစားမိသည်။

ဟုတ်တယ်။အချိန်ပဲ။နဂိုက အသက်မဲ့နေပြီး အဆုံးမဲ့နေတာက နောက်ဆုံးမှာတော့ “ အချိန် ” ဆိုတဲ့ အယူအဆတစ်ခု ရှိလာပြီ။

All Chapters