လူမိသွားကာ သံသယအဝင်ခံရခြင်း
Vol. 117 Ch. 1626
ဟန့်မြောင်ရွှမ်သည် သူမအတွေးကို သဘောတူသည်။
မိုမျိုးနွယ်သာ အင်အားမကောင်းပါက သူတို့ကိုပါ အချိန်မရွေး ပြဿနာ ထဲဆွဲသွင်းနိုင်သည်။
သို့သော် သူတို့သာ အင်အားကောင်းသည့် အခြေအနေဖြစ်ပါက သတိ မထားမိဘဲ လူဆိုးတချို့နှင့်တွေ့လျှင်တောင် အန္တရာယ်ထဲရောက်မည်မဟုတ် ပေ။
“အခုလောလောဆယ်တော့ မိုမျိုးနွယ်က သတင်းကြားတာတောင် ဘာမှ မပြောကြဘူးပဲ”
“နောက် သူတို့ကိုတွေ့မှ ကျေးဇူးတင်စကားပြောတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူတို့သာ တည်းခိုရန် တည်းခိုဆောင်ရှာမတွေ့ပါက လောကအသေးထဲ တွင်နေရုံဖြစ်သည်။ သို့သော် သူတို့ကို ဤနေရာတွင် နေခွင့်ပြုသည့် သူတို့၏ စိတ်သဘောထားကို ကျေးဇူးတင်တုန်းပင်ဖြစ်သည်။
ရှီမာလျူရွှမ်နှင့် တခြားသူများလည်း ထိုအရာကို သိထားသည်။ သူတို့ သည် နောက်ပိုင်းလှုပ်ရှားသံများကြားသော်လည်း မိုမျိုးနွယ်ကို ကျေးဇူးတင် စကားသွားပြောကြလေသည်။
သူတို့ သွားလိုက်သည်ကို ရှီမာယူယူ သိသဖြင့် စိတ်ထဲမထားတော့ပေ။ သူမအထက်တွင် မျိုးဆက်နှစ်ခုရှိသည်။ ထို့ကြောင့် သူမ သွားရန်မလိုပေ။
သို့သော် သူတို့ကို လက်ခံထားသော်လည်း တစ်ဖက်မှာလည်း သူတို့ကို အာရုံမစိုက်လှပေ။ နောက်ပိုင်းတွင် အားလုံးသည် လုပ်စရာကိစ္စများကိုလုပ်ကြ ရာ ရှီမာယူယူသည် မိုမျိုးနွယ်မှ သခင်လေးများကို မမြင်ရတော့ပေ။
သို့သော် ထိုအချိန်အတွင်းတွင် ရှီမာယူယူသည် ထိုကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကို ရှင်းလင်းစွာ သဘောပေါက်လာသည်။
ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲသည် အပိုင်းသုံးပိုင်းခွဲခြားထားသည်။ တစ်ခုမှာ အဂ္ဂိရတ်ပညာ၊ တစ်ခုမှာ သိုင်းပညာနှင့် နောက်တစ်ခုမှာ အဆိပ် ပညာ ဖြစ်သည်။ သူတို့သည် အဆိပ်ပညာကိုပါ ထည့်သွင်းထားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ပြီးနောက် ထိုပညာကို အပြင်လူများ ဝင်ပြိုင်သည်ကို သဘောမတွေ့သည့်ပုံပင်။
တွေ့ဆုံပွဲမစခင် တစ်လလိုသေးသဖြင့် ရှီမာယူယူသည် စိတ်မပူပေ။ သူမ သည် ဟန့်မြောင်ရွှမ်တို့နှင့် ရှုဂျင်းတို့ သတင်းရလိုရငြား အပြင်သို့ ထွက်လည် သည်။
ပြီးခဲ့သည့် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲမှာ ဤမြို့တွင် မကျင်းပခဲ့ သဖြင့် ရှုဂျင်းနှင့်ပတ်သက်သည့် သတင်းရလိမ့်မည်မဟုတ်ဟု အစပိုင်းတွင် သူမ ထင်ထားခဲ့သည်။ သို့သော် အမှန်တကယ်ပင် သူမကို အံ့ဩသွားစေသည်။
“မင်းတို့တွေ ရှုဂျင်းနဲ့ ဟော်လန်ဆိုတာကို သိကြလား၊ ပြီးခဲ့တဲ့တစ်ခေါက် လိပ်မည်းမြို့ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲတုန်းက အဆင့်ထိပ်တန်းရခဲ့တဲ့ နှစ်ယောက်လေ”
“ဘယ်လိုလုပ် မသိဘဲနေမလဲ သူတို့နှစ်ယောက်က အရမ်းအားကောင်း လို့ ငါတို့ကျွမ်းကလူတွေတောင် မယှဉ်နိုင်ဘူးလို့ ကြားတာပဲ”
“အဲဒီအရူးတွေတော့ ဒီလိုနေရာမှာ သူတို့နိုင်မယ်ထင်နေလား နောက်ဆုံး တော့ ဝူမျိုးနွယ်ကို အကြောင်းမဲ့ ပြစ်မှားမိသွားတာပဲ”
“ဝူမျိုးနွယ်က အစတုန်းက ပထမရမယ်လို့ သူတို့ကိုယ်သူတိုထင်နေ ကြတာလေ၊ ဒါပေမဲ့ နောက်ဆုံးမှာမနိုင်တာနဲ့ အငြင်းပွားတော့တာပဲ အဲဒီ အပြင်လူနှစ်ယောက်ကတော့ ကျွတ် ကျွတ်…”
“မဟုတ်လောက်ပါဘူးနော် အဲဒါပြီးတော့ ဝူမျိုးနွယ်က သူတို့ကိုသွားရှာ ပြီး ဧည့်သည်အနေနဲ့ နေခိုင်းတယ်တဲ့ ဒါပေမဲ့ သူတို့ကသဘောမတူဘဲ ထွက်သွားကြတာမဟုတ်ဘူးလား၊ ဝူမျိုးနွယ်က သူတို့ကို ဘာမှမလုပ်တဲ့ပုံပါပဲ”
“သူတို့က တကယ်ပဲထွက်သွားကြတာလား အဲဒါက လမ်းလွှဲတာမဟုတ် ဘူးလား”
“သူတို့က လိပ်မည်းမြို့တော်က ဟောမျိုးနွယ်ကို ပြန်ကြတာလား”
“ဘာလို့ အဲလိုပြောတာလဲ”
“ဟောမျိုးနွယ်ရဲ့ အဂ္ဂိရတ်ပညာနဲ့ သိုင်းပညာက တော်တော်လေး တိုးတက်လာတယ်လို့ ကြားတယ်၊ သူတို့နှစ်ယောက်ရဲ့ ပုံစံအတိုင်းပဲတဲ့”
“မဟုတ်လောက်ပါဘူး၊ ဟောမျိုးနွယ်က လိပ်မည်းမြို့တော်က အကြီးဆုံး မျိုးနွယ်တွေထဲက တစ်ခုပဲ၊ သူတို့က အပြင်လူကို ဘာလို့ဖိတ်ရမှာလဲ ဘယ်လို ပဲဖြစ်ဖြစ် အဲဒါသာမှန်ရင် တခြားသူတွေက ဘာလို့ ဘာသတင်းမှမကြားရတာ လဲ”
“ဟုတ်တယ်”
သီးသန့်အခန်းထဲတွင် ရှီမာယူယူနှင့် သူမ၏ အဖော်အပေါင်းတို့သည် တစ်ယောက်နှင့် တစ်ယောက်အကြည့်ချင်းဖလှယ်ကာ ဝူမျိုးနွယ်နှင့် ဟော မျိုးနွယ်တို့ကို စိတ်ထဲတွင် မှတ်ထားလိုက်ကြသည်။
ထိုအပြင်လူများ ထိုစကားများပြောပြီးနောက်တွင် ရှုဂျင်းတို့နှင့် ပတ်သက်သည်များကို မပြောကြတော့ပေ။ သူတို့သည် စကားလမ်းကြောင်း ပြောင်းကာ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲနှင့် ပတ်သက်သည့် အကြောင်းများ ကိုသာ ပြောကြလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ထိုလူများထွက်သွားသည်အထိ လက်ဖက်ရည်ဆိုင်တွင်နေသော်လည်း အသုံးဝင်သည့် သတင်းများထပ်မရလာ တော့ပေ။ သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ပြန်လာခဲ့ရတော့သည်။
ထိုညတွင် ရှီမာယူယူသည် ထောင်ယိရွှမ်ပို့လာသော သတင်းကိုရလေ သည်။
ရှီမာယူယူသည် အခန်းအပြင်မှ လှုပ်ရှားသံများကို အာရုံခံမိသဖြင့် အပြင် သို့ ပြေးသွားလိုက်သည်။ လမ်းများကို ကွေ့ချိုးပြီးနောက်တွင် အနက်ရောင် ဝတ်စုံအပြည့်ဝတ်ထားသော လူတစ်ယောက်ကို တွေ့လေသည်။
“သခင်မလေးယူယူ” ထိုလူသည် ရှီမာယူယူကို လက်သီးဆုပ်ဖြင့် အရို အသေပေးလေသည်။
“ရှင်က ထောင်ယိရွှမ်ရဲ့လူတွေထဲက တစ်ယောက်လား” သူမ မေးလိုက် သည်။
“ဟုတ်ပါတယ် သခင်လေးက သခင်မလေးယူယူ့ကို ပစ္စည်းတချို့ပို့ခိုင်း လိုက်လို့ပါ” အနက်ဝတ်လူ ပြန်ဖြေလေသည်။
“ဘာပစ္စည်းလဲ”
အနက်ဝတ်လူသည် ဘာမှပြန်မဖြေဘဲ စာတစ်စောင်ထုတ်ပြီး သူမကို ပစ်ပေးလေသည်။
ရှီမာယူယူ ဖမ်းလိုက်ရာ ထိုအခွင့်အရေးတွင် ထိုလူသည် လစ်ခနဲထွက် သွားသည်။ သူမသွားခင်တွင် သူမ အနောက်ကို ဂရုစိုက်ရန် သတိပေးသွားခဲ့ သည်။
ရှီမာယူယူ မှင်တက်သွားသည်။ ဤနေရာသို့ လာရာတွင် သူမနောက်သို့ နောက်ယောင်ခံလိုက်သည့်သူ မရှိရန် သေချာအောင်လုပ်ခဲ့သည်။ ဘယ်လိုလုပ် သူမနောက်ကို လူလိုက်လာရတာလဲ။
သို့သော် သူမ တည်းခိုဆောင်သို့ ပြန်ရာတွင် အဝေးတစ်နေရာမှ အဖြူ ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်သည်။
ရှီမာယူယူသည် ထိုလူကို မှတ်မိသည်။ သူသည် မိုမျိုးနွယ်မှ သခင်လေး ဖြစ်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးဖြင့်သာကြည့်ကြပြီး စိမ်းသက်သက်ဖြစ်မနေကြပေ။
ရှီမာယူယူ လျှောက်သွားပြီး မိုမျိုးနွယ်မှသခင်လေးကို အရိုအသေပေးပြီး ပြောလိုက်သည် “သခင်လေးမို ဒီမှာဘာလုပ်နေတာလဲ”
“လှုပ်ရှားသံကြားလိုက်လို့ ဘာကိစ္စလဲလို့ လာကြည့်တာ” သခင်လေးမို ပြောလိုက်သည် “မိန်းကလေးယူယူက ထောင်မျိုးနွယ်နဲ့အသိတွေလား”
သူ ဘာကြောင့် ထိုမေးခွန်းမေးသည်ကို ရှီမာယူယူသိသည်။ စဉ်းစား ကြည့်ရာ မိုမျိုးနွယ်၏ သခင်မလေးသည် သူတို့ကို နေခွင့်ပေးရာ မိုရှဲဝူ၏ ကြင်နာမှုကိုသုံးပြီး သူတို့ကို ထိခိုက်သွားစေမည်ကို သူ ကြောက်သည်။
မိုမျိုးနွယ်မှ သခင်လေးများသည် သူမကို များစွာအလိုလိုက်သည်ဟု ပြောကြသည်။
အစတော့ သူမသည် ရှင်းပြရသည်ကို အောက်ကျသည်ဟု ထင်သည်။ သို့သော် ဘာကြောင့်မှန်းတော့ မသိပေ သူမကို အလွန်အမင်း ကာကွယ် တတ်သော ရှီမာယူမင်တို့ကို တွေးမိလိုက်သည်။
သူမသည် လက်ထဲမှ စာကိုသူ့ဆီသို့ ပစ်ပေးလိုက်သည်။
စာမှာ ဖွင့်ပင်မဖွင့်ရသေးပေ။ ထို့ကြောင့် ရှီမာယူယူ မဖတ်ရသေးသည် ကို ပြနေသည်။ သခင်လေးမိုသည် ခေတ္တမျှတွေဝေပြီးနောက် ဖွင့်လိုက်သည်။ စာဖတ်ပီဲးနောက် သူသည် သူမကို အားနာစွာဖြင့် ပြန်ပေးလိုကု်သည်။
စာမှာ ရှုဂျင်းတို့ သတင်းရသည့် အကြောင်းအရာများသာ ရေးထားသည်။ သူ ထင်ထားသလို အရာများမပါပေ။
“ကျွန်တော် စိတ်ရင်းနဲ့တောင်းပန်ပါတယ်” သူသည် စာဖတ်မိသည်နှင့် အတူ သူမကို သံသယဝင်မိသည့်အတွက် တောင်းပန်လိုက်သည်။
ရှီမာယူယူသည် စာကိုယူလိုက်သည်။ သူမသည် ဒေါသမထွက်ဘဲ ပြုံး လိုက်သည် “သခင်မလေးရှဲဝူမှာ တကယ်ကို ကောင်းတဲ့အစ်ကိုတွေရှိတာပဲ ကျွန်မမှာလည်း အစ်ကိုတွေရှိတယ် အဲဒါကြောင့် သခင်လေးမိုရဲ့ ရည်ရွယ်ချက် နဲ့အတွေးကို ကျွန်မ နားလည်နိုင်ပါတယ်”
သူမ ထိုသို့ပြောလိုက်ရာ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် တိုးတက်လာသည်။ သူတို့သည် နှစ်ယောက်အတူ ပြန်လာလိုက်ကြသည်။
“မင်းက ဒီကျွန်းဖြစ်တဲ့ပျောက်ဆုံးနေတဲ့နယ်မြေကိုလာတာက ဆရာတွေ ကိုရှာမလို့လား” မိုရှဲယန် မေးလိုက်သည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သူတို့က ကြက်သွေး ရောင်ပုလဲ တွေ့ဆုံပွဲကိုလာပြီး အဂ္ဂိရတ်ပညာနဲ့ သိုင်းပညာမှာ ပထမရသွား တယ် သခင်လေးမို အဲဒါကိုသိလား”
“ရှုဂျင်းနဲ့ ဟော်လန်လား” မိုရှဲယန်သည် အနည်းငယ်ရှုပ်ထွေးသွား၏။
သူမ ဆရာတို့အကြောင်း ရေးထားသည့်စာတွင် နာမည်များကို ပြော မထားပေ။
“ဟုတ်တယ် အဲဒါကိုလည်းသိလား” ရှီမာယူယူသည် မျှော်လင့်ချက် အပြည့်ဖြင့် သူ့ကိုကြည့်လိုက်သည်။
သူသာ တစ်ခုခုသိလျှင် သဲလွန်စရလာမည်ဖြစ်သည်။
သို့သော် သူ ခေါင်းခါယမ်းလိုက်သည်။ “အရင်တစ်ခေါက်က ငါဝင်မပါ လိုက်ဘူး သူတို့နာမည်ကိုပဲကြားဖူးတာ”
“သိပါပြီ” ရှီမာယူယူသည် အနည်းငယ်စိတ်ပျက်သွားသည်။ ကြည့်ရသည် မှာ သူမ ဒီနေ့ရထားသည့် သတင်းကစပြီး စုံစမ်းရမည့်ပုံပင်။
“ဒါပေမဲ့ စာထဲမှာ ဟောမျိုးနွယ်ကို ပြောထားတာ ငါ သတိထားမိတယ် မင်း သူတို့ကိုသွားဆန့်ကျင်မယ်ဆိုရင်တော့ အရမ်းသတိထားရလိမ့်မယ်” မိုရှဲယန် ပြောလိုက်သည်။
“ဘာလို့လဲ”
“ဟောမျိုးနွယ်က လိပ်မည်းမြို့တော်မှာ အကြီးဆုံးမျိုးနွယ်ပဲ ဒါပေမဲ့ သူတို့ နည်းလမ်းတွေက… ချီးကျူးဖို့ ထိုက်တဲ့အထဲမှာ မပါဘူး၊ သူတို့က အရမ်း လည်း အားကောင်းကြတယ် အဲဒါကြောင့် သတိထားမှဖြစ်မယ်” မိုရှဲယန်သည် သူမကို သတိပေးလေသည်။
“ကျွန်မ သိပါပြီ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တကယ်လို့ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျွန်မသတိထားပါမယ်” ရှီမာယူယူသည် ခေါင်း ညိတ်ပြီးပြောလေသည်။
သူတို့ တည်းခိုဆောင်သို့ပြန်လာချိန်တွင် သူမကို ထွက်ရှာသော ရှီမာလျူရွှမ်တို့နှင့် တွေ့လေသည်။
“ယူယူ အဆင်ပြေရဲ့လား” ရှီမာလျူရွှမ်သည် ရှီမာယူယူကို ကြည့်နေ သော်လည်း မျက်လုံးများသည် ဘေးတွင်ရပ်နေသော မိုရှဲယန်ဆီသို့ ရောက်ရောက်သွားလေသည်။
***