← Chapters

အရုဏ်ဦးပစ်ချက် နှင့် အက်ဂ်ယော

Vol. 2 Ch. 25

အရုဏ်ဦးပစ်ချက် နှင့် အက်ဂ်ယော

Vol. 2 Ch. 25

ယခင်ဘဝ၌ ချန်လွေ့တစ်ခါမှ လက်ဝှေ့ထိုး မလေ့ကျင့်ခဲ့ဖူးသည့်အတွက် တိုက်ခိုက်ရေး အတွေ့အကြုံ သိပ်မရှိပေ။အစပိုင်းတွင် ချန်လွေ့ အနည်းငယ် ကြောက်နေခဲ့သည်။ သို့သော်လည်း တိုက်ခိုက်နေရင်း သူပို၍ စိတ်အေးသွားသည်။ဂေါ့ဘ်၏ ကြမ်းတမ်းသည့် တိုက်ခိုက်မှုများသည် သူ့ကိုပင် မထိချေ။ချန်လွေ့သည် အလျင်အမြန်ပင် ဂေါ့ဂ်နောက် ဘက်သို့သွားပြီး ဖင်စောင့်ကန်လိုက်သည်။ဂေါ့ဂ်သည်ဂန္ဓဝင်မြောက်စွာ လက်ဖြင့်လဲကျပြီး ခြေထောက်လေပေါ်မြှောက်ကာ လွင့်ထွက်သွားသည်။

ဝတ်ရုံနှင့်နတ်ဆိုးသည် အစွမ်းထက်ကြောင်း ဂန်ခီ သတိထားမိသွားသည်။ဂန်ခီသည် သူ၏လက်အောက်ငယ်သားဆီမှ တူအားယူပြီး ရှေ့ထွက်လာလိုက်သည်။

“ မင်းဘယ်သူလဲ။အမှောင်လမြို့မှာ ဂန်ခီဆိုတဲ့ ငါ့နာမည်ကို မင်းမကြားဖူးဘူးလား။ ငါ့ရဲ့တူအောက်မှာ မင်းအသက်မပျောက်ချင်ရင် အခုပဲ ထွက်သွားလိုက်တော့။ ”

ဝတ်ရုံနှင့်နတ်ဆိုး လှောင်ရယ်လိုက်သည်။

“ မင်းက ဂန်ခီလား။မင်းကို မိန်းမတစ်ယောက် လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြီးတော့ မင်းက အသက်ချမ်းသာဖို့ တောင်းပန်ခဲ့ရတယ်လို့ ငါကြားတယ်။ ”

ချန်လွေ့ ပြောလိုက်သည်မှာ မြို့ဂိတ်တံခါး၌ အသီနာကြောင့် ဂန်ခီ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်ခဲ့သည့်အချိန် ဖြစ်သည်။

ဂန်ခီ ဟိန်းဟောက်ပြီး တူကိုကိုင်ကာ ပြေးဝင်လာသည်။ဂန်ခီသည် F အဆင့် ဖြစ်သော်လည်း ဂေါ့ဘ်ထက် ပိုမြန်ပြီး တိုက်ခိုက်ရေးစွမ်းအားမှာလည်း သိသိသာသာ မြင့်မားသည်။ အဆင့်တူတူမှာလည်း အစွမ်းကွာခြားမှုက တော်တော်လေး ကြီးမားတာ ရှိသေးတာပဲ။ သို့သော်လည်း ကြယ်စုဆောင်းသူအဆင့်တွင် [ သရုပ်ခွဲမျက်လုံး ] သည် မည်သည့် အသေးစိတ် အချက်အလက်မှ ထုတ်မပေးနိုင်ချေ။

ဂန်ခီရဲ့ အစွမ်းသည် ဂေါ့ဘ်ထက် မြင့်သော်လည်း ချန်လွေ့မရှောင်နိုင်လောက်သည်အထိ မဟုတ်ပေ။ချန်လွေ့သည် လျင်မြန်စွာပင် ဟန်ချက်ကိုက်သွားသည်။ချန်လွေ့ အခွင့်ကောင်း ယူပြီး နောက်ဆုတ်ကာ ဂန်ခီနှင့် ဝေးဝေးနေလိုက်သည်။ထို့နောက် အစွမ်းသစ်ပင် သင်္ကေတမှ ပုံစံအား အတုယူပြီး လက်၅ချောင်းလုံး ဖြန့်လိုက်ကာ ဂန်ခီကို ချိန်လိုက်သည်။ပြီးနောက် ချန်လွေ့သည် စိတ်ထဲ၌ “ [ အရုဏ်ဦးပစ်ချက် ] ” ဟု ရေရွတ်လိုက်သည်။

အဖြူရောင်အလင်းသည် လမ်းကြားတစ်ခုလုံး၌ ပြည့်နှက်သွားသည်။ဂေါ့ဘ်နှင့် အခြားသူများ၏ ထိတ်လန့်နေသည့် မျက်လုံးထဲ၌ နှစ်မီတာခန့်ရှိသည့် အလင်းလုံးကြီးသည် ချန်လွေ့ လက်ဝါးထဲမှ ထွက်လာပြီး ဂန်ခီထံသို့ ဝှီးခနဲ ရောက်သွားသည်။

[ အရုဏ်ဦးပစ်ချက် ] သုံးလိုက်သည့်အခါ ချန်လွေ့သည် ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအား များ တစ်ဝက်ကုန်ခမ်းသွားသည်ဟု ခံစားလိုက်ရသည်။သို့သော်လည်း အလင်းလုံး၏ ကြီးမားမှုသည် ချန်လွေ့အား ထိတ်လန့်စေခဲ့သည်။သရုပ်ပြ ဗီဒီယိုထဲတွင် ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် မဟုတ်ပေ။ဒါက [ အရုဏ်ဦးပစ်ချက် ] မဟုတ်ဘူး။ [ အရုဏ်ဦးအမြောက် ] ပဲ။

ဂန်ခီ ဘေးတစ်ဖက်သို့ ရှောင်လိုက်သော်လည်း အလင်းလုံး၏ အစွန်းနှင့် ထိသွားသည်။သူ၏ သန်မာလှသော ခန္ဓာကိုယ်သည် ဆယ်မီတာ အကွာသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ဒုန်းခနဲကျသွားသည်။ဂန်ခီလက်ထဲမှ တူလည်း လွင့်သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုမှ ထလာသည့် ဂေါ့ဘ်၏ ခေါင်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။ဂေါ့ဘ် လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။

အလင်းဖြူလုံးသည် အရှိန်မသေသေးဘဲ အဝေးတစ်နေရာမှ ကျောက်နံရံအား တိုက်မိသွားသည်။၎င်းသည် ရုတ်တရက် အပေါက်ကြီးဖြစ်သွားပြီး မယုံနိုင်စရာ အက်ကွဲကြောင်းများ ပေါ်လာသည်။ထို့နောက် ကျောက်နံရံတစ်ခုလုံး ပြိုကျသွားသည်။ဂန်ခီတို့ အုပ်စုသည် သားအဖနှစ်ယောက်အား အနိုင်ကျင့်နေစဉ် အသိရှိသည့် ဖြတ်သွားဖြတ်လာသူများ ထွက်ပြေးသွားပြီဖြစ်၍ တော်ပေသေးသည်။သူတို့ အသံတစ်ခုခု ကြားလျှင်လည်း လာရဲမည် မဟုတ်ပေ။

ဂန်ခီ၏ ခန္ဓာကိုယ်သည် ရွှံတုံးကဲ့သို့ပင် မြေပြင်သို့ ဗုန်းခနဲ ပြုတ်ကျသွားခဲ့သည်။ သူ၏မျက်လုံးထဲ၌ အကြောက်တရားများ ပြည့်နှက်နေပြီး သူ၏ ချပ်ကာမှာလည်း ကြောက်မက်ဖွယ်ရာအားကြောင့် စုတ်ပြတ်နေလေပြီ။သူ၏လက်များလည်း သွေးသံရဲ နေပြီး တစ်ကိုယ်လုံးလည်း လုံးဝလှုပ်၍ မရတော့ပေ။အဇရူပဒေဝတာ သည် စိတ်ထဲ၌ သဘောပေါက်သွားသည်။

ငါက အစွန်းနဲ့ပဲ ထိသွားတာ။တည့်တည့်ထိရင်တော့ ငါသေသွားလောက်တယ်။

ဂေါ့ဘ်နှင့်အခြားသူများသည် ကြောက်စရာ ရန်သူတစ်ယောက်ကို ရန်စမိသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။သူတို့ အလွန် ကြောက်လန့်သွားပြီး အလျင် အမြန်ပင် အသနား ခံတော့သည်။

[ အရုဏ်ဦးပစ်ချက် ] သည် စွမ်းအားအများစုအား ကုန်ဆုံးစေခဲ့သော်လည်း မျှော်လင့် ထားသည်ထက် အစွမ်းပိုထက်ပေသည်။တစ်ချက်တည်းဖြင့် ဂန်ခီကို အနိုင်ယူနိုင်ခဲ့သည်။ ချန်လွေ့သည် ချက်ချင်းပင် စိတ်ထဲ၌ ဂုဏ်ယူမိသွားသည်။သူပြန်လည် မွေးဖွာလာစဉ် ကတည်းက ခံစားခဲ့ရသည့် ဖိအားသည် လုံးဝ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ပြီး ယုံကြည်ချက်မှာလည်း တဟုန်ထိုး မြင့်မားလာသည်။

“ အားနည်းတဲ့သူတွေကို မင်းတို့ အနိုင်ကျင့်ဦးမယ်ဆိုရင် မင်းတို့သုံးယောက်ခေါင်းကို ဖြတ်ပြီး မြို့ဂိတ်တံခါးမှာ ချိတ်ထားပစ်မယ်။ ”

ချန်လွေ့သည် လဲကျနေသည့် ဂန်ခီအား လက်ညှိုးထိုးလိုက်သည်။

“ အခု ငါမင်းတို့ကို အချိန် ၂မိနစ်ပေးမယ်။ငါစိတ်မပြောင်းခင် သူ့ကို ခေါ်ပြီး လစ်လိုက်တော့။ ”

အားနည်းတဲ့သူကို အနိုင်မကျင့်ရရင် မင်းလို အားကြီးတဲ့သူကို ရှာပြီး အသတ်ခံရမှာလား။စောက်ရူးရဲ့။

ဂေါ့ဘ်သည် စိတ်ထဲ၌ ရေရွတ်လိုက်ပြီး ဘာမှထပ်မပြောရဲပေ။ထို့နောက် သူ၏ အဖွဲ့သားများဖြင့် ဂန်ခီအား သယ်ပြီး အလျင်အမြန်ပင် ထွက်သွားလိုက်သည်။တူကိုပင် မယူသွားရဲပေ။

[ အရုဏ်ဦးပစ်ချက် ] သည် အရှိန်အဝါတန်ဖိုး ၁၀မှတ် ကုန်သည်။[ သရုပ်ခွဲမျက်လုံး ] အတွက်လည်း ၂မှတ် နှုတ်လိုက်သည့်အတွက် အရှိန်အဝါ တန်ဖိုး ၁၀မှတ်သာ ကျန်တော့သည်။

“ ဆာရဲ့ ဂုဏ်ကျက်သရေက နတ်ဆိုးဘုံရဲ့ ညကောင်းကင်မှာရှိတဲ့ လနှစ်စင်းနဲ့ ယှဉ်နိုင်ပါပေတယ်။ဆာရဲ့ ကြင်နာမှုအတွက် ကျုပ် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ” ကယ်တင်ခံရသည့် နတ်ဆိုး အဘိုးအိုသည် သမီးလေးနှင့်အတူ ချန်လွေ့ရှေ့၌ ဒူးထောက်လိုက်သည်။

ချန်လွေ့သည် ငယ်စဉ်ကတည်းက သူ၏လူစွမ်းကောင်း စွဲလမ်းမှုအား အကြီးအကျယ် ကျေနပ်စေခဲ့သည်။ခရမ်းနုရောင် လနှစ်စင်းအောက်၌ လွှမ်းခြုံရင်း ချန်လွေ့သည် ထိုအချိန်၌ သန်မာပြီး စွမ်းအားကြီးသည်ဟု ခံစားလိုက်ရသည်။ထိုသားအဖဆီမှ ခိုးယူသွားသည့် ပိုက်ဆံများကို ပြန်မတောင်းခဲ့ရကြောင်း ချန်လွေ့ ရုတ်တရက် သတိရသွားသည်။ထို့နောက် နာကျင်မှုကို သည်းခံပြီး ခရမ်းသလင်းကျောက်ဒင်္ဂါး တစ်ပြား ထုတ်ပေးလိုက်သည်။

“ ထတော့။ဒါက ခင်ဗျားအတွက်။စားစရာဝယ်ဖို့ ယူထားလိုက်။ ”

မူလက နတ်ဆိုးအဘိုးအိုသည် ချန်လွေ့အား သူဝှက်ထားသည့် အဖြူရောင် သလင်းကျောက်ဒင်္ဂါးတချို့ ထုတ်ပေးချင်ခဲ့သည်။သို့သော် ချန်လွေ့ အရင်ပေးမည်ဟု မထင်မိခဲ့ပေ။သူ ခေတ္တ ကြောင်သွားသည်။ထို့နောက် ချန်လွေ့ ပြန်ယူမည်ကို စိုးရိမ်ဟန်ဖြင့် ချက်ချင်းယူလိုက်သည်။

“ ကျေးဇူးပါပဲ။ဆာ..... ”

ဒီဒီ သည် စိတ်ထဲ၌ တွေ့လိုက်သည်။ ဦးနှောက်ချောင်နေတဲ့ နတ်ဆိုးတစ်ယောက်ကို ဒီနေ့တွေ့တာ ကံကောင်းတာပဲ။သူက ဂန်ခီကိုလည်း တိုက်ခဲ့တယ်။ငါ့ကိုလည်း ခရမ်းသလင်းကျောက်ဒင်္ဂါး တစ်ပြားပေးတယ်။

နတ်ဆိုးဘုံတွင် စွမ်းအားကြီးသူများကိုသာ လေးစားကြသည်။ပုံမှန်အားဖြင့် အားနည်းသူများသည် အနိုင်ကျင့်ခံရစမြဲ ဖြစ်သည်။ကူညီပြီး ပိုက်ဆံပေးသည့် နတ်ဆိုး မရှိသလောက်ပင်။ထို့ကြောင့် ဒီဒီသည် ချန်လွေ့အား ဦးနှောင်ချောင် နေသည်ဟု ထင်ခြင်းဖြစ်သည်။

ဒီဒီ ခဏစဉ်းစားပြီးပြောလိုက်သည်။

“ လူစွမ်းကောင်းရဲ့ ကြင်နာမှုက ပင်လယ်သေထက်ကို နက်ရှိုင်းပါတယ်။စိတ်မရှိဘူးဆိုရင် ကျုပ်ရဲ့ သမီးဆာရှာကို လူစွမ်းကောင်းအတွက် ကိုယ်လုပ်တော် အနေနဲ့ ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။”

နတ်ဆိုးအဘိုးအိုကြီးမှာ သေချာစီစဉ်ထားသည်။

ဒီနတ်ဆိုးက တုံးအပေမဲ့ အစွမ်းထက်တယ်။နာမည်ကြီးလူဆိုး ဂန်ခီတောင် မယှဉ်နိုင်ဘူး။ငါ့သမီး သူ့နောက်ကို လိုက်နိုင်ရင် ဂန်ခီလို နတ်ဆိုးမျိုးတွေကို ကြောက်စရာ မလိုတော့ဘူး။နတ်ဆိုးဘုံထဲမှာ မြင်းတွေဘာတွေတောင် စီးရင်စီးရနိုင်တယ်။

နတ်ဆိုးအဘိုးအိုကြီး၏သမီး ဆာရှာသည် ထိုစကားများကို ကြားလိုက်ရာ ရှက်သွားပြီး ငတုံးလူစွမ်းကောင်းအား နွမ်းလျစွာ ကြည့်နေလိုက်သည်။

ချန်လွေ့၏ နှလုံးသားနှင့် ဝိညာဉ်တို့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားသည်။

ဆာရှာသည် နူးညံ့လှသည်။သူ၏ အရပ်သည် ချန်လွေ့ ခါးလောက်သာရှိသည်။ ထူးဆန်းသည့် အစိမ်းနက်ရောင် အသားအရေရှိပြီး မျက်နှာမှာ စိတ်ကူးယဉ်ပန်းချီကဲ့သို့ ချစ်စရာကောင်းသည်။နားရွက်များမှာလည်း ကြီး၍ ရှည်ပြီး မျက်လုံးဖောင်းဖောင်းလေး ဖြစ်သည်။မေးရိုးများ ငေါထွက်နေသည်။နှာခေါင်းလန်နေသည်။ပါးစပ်မှာလည်း ဧရာမဖြစ်သည်။ချန်လွေ့၏ ယခင်ဘဝက နာမည်ကြီ အင်တာနက် ဆယ်လီများပင် အရှုံးပေးရမည်။

ချန်လွေ့ ကြက်သီးထသွားသည်။

ဒီလိုမိန်းမလှမျိုးက.... လိုအပ်တဲ့သူကိုပဲ ပေးသင့်တယ်။

အပြင်းအထန် ငြင်းဆန်သည့်အတွက် လူပုအဘိုးအို စိတ်ပြောင်းရတော့သည်။

“ ကျုပ်တို့က ဆရာ့ရဲ့ ကြင်နာမှုကို လက်ခံထားပြီးပြီ။ဘာမှလည်း ပြန်ပေးစရာ မရှိဘူး။ဆရာ့ဆီမှာ ကျုပ်တို့ကိုယ်ကျုပ်တို့ အပ်နှင်းရုံပဲ ရှိပါတယ်။ ”

ချန်လွေ့ တစ်ကိုယ်လုံး တွန့်သွားပြီး ခေါင်းကြမ်းကြမ်း ယမ်းလိုက်သည်။ချန်လွေ့ ထိတ်လန့်သွားပြီးနောက် ဂယောင်ဂတမ်း ဖြစ်နေ‌ကြောင်း သဘောပေါက်သွားသည်။ ချန်လွေ့အား လူပုအဘိုးအိုက သခင်အဖြစ် အလုပ်အကျွေးပြုချင်ခြင်းသည် အစွမ်းထက်သူအား မီခိုသည့် အသက်ရှင်ရေး နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ချန်လွေ့တွင် မြှောက်ပင့်တတ်သည့် အစေခံမှင်စာတစ်ယောက် ရှိနေလေပြီ။ နောက်တစ်ယောက် ထပ်မလိုချင်ပေ။ထို့ပြင် သူ မည်သူည်ဝါဖြစ်ကြောင်း မသိ စေချင်ပေ။ချန်လွေ့သည် ငိုယိုကာ အနှောင့်အယှက်ပေးနေသည့် နတ်ဆိုးအား စိတ်ကုန်လာသည်။သို့သော်လည်း သူ၏ပုံရိပ် အပျက်ခံပြီး နတ်ဆိုးကလေးကို ကန်မထုတ်ချင်ပေ။ထို့ကြောင့် ခရမ်းသလင်းကျောက်ဒင်္ဂါးနှစ်ပြား ထပ်ပေးလိုက်ရာ ဒီဒီနှင့် သူ၏သမီးအား ရှင်းထုတ်နိုင်သွားသည်။

“ သခင်။နာမည် ပြောပြခဲ့ပေးပါ။ ”

ခရမ်းသလင်းကျောက် ဒင်္ဂါးသုံးပြား ပေးပြီးသော်လည်း အဘိုးအိုသည် ချန်လွေ့အား သခင်ဟု ဆက်လက်ခေါ်နေဆဲပင်ဖြစ်သည်။ချန်လွေ့သည် ဤအဘိုးကြီးအား လောဘ ကြီး‌ကြောင်း စိတ်ထဲ၌ ရေရွတ်နေလိုက်သည်။ချန်လွေ့ ဈေးထပ် မမြှင့်ချင်တော့ပေ။ ခဏစဉ်းစားပြီး တွေ့ကရာ နတ်ဆိုးနာမည်တစ်ခု ပြောလိုက်ပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

“ ကျုပ်နာမည်က..အက်ဂ်ယော။ ”

ချန်လွေ့၏ သူ၏နာမည်အား မဖော်ပြဘဲ ထွက်သွားသည်။၎င်းသည် အမှန်ပင် မိုက်လှသော်လည်း ခက်ခဲပြီး အကုန်အကျများလှသည်။ချန်လွေ့သည် အပြန်လမ်း၌ ကူကယ်ရာမဲ့သည့် ကောက်ချက်တစ်ခု ချခဲ့သည်။ လူစွမ်းကောင်း ဖြစ်ရတာက အန္တရာယ်များတာပဲ။ဒီခရီးကို ငါမစခင် သတိကြီးကြီးထားရမယ်။

အဘိုးအိုသည် ပျောက်ကွယ်သွားသည့် ဝတ်ရုံနှင့်နတ်ဆိုးအား ကြည့်ပြီး ထိုသူ၏ နာမည်အား စိတ်ထဲ၌ ရေရွတ်နေလိုက်သည်။အချိန်အတော်ကြာပြီးနောက်တွင် သူပြောလိုက်သည်။

“ စိတ်မပူပါနဲ့။သခင်။သခင့်ရဲ့ ဦးနှောက်က သိပ်မကောင်းပေမဲ့ သခင်ချန်ခဲ့တဲ့ ပိုက်ဆံတွေကို ဒီဒီ အကောင်းဆုံး အသုံးချပေးမှာပါ။ ”

နောက်သုံးလေးရက်၌ အဘိုးအိုအတွက် ချန်လွေ့သည် ဝံပုလွေရေ ဖြစ်သွားမည် ဖြစ်ကြောင်း ချန်လွေ့ မသိခဲ့ပေ။“ အက်ဂ်ယော ” ဟူသော နာမည်သည်လည်း နတ်ဆိုးဘုံအား ကြီးကြီးမားမား ပွက်လောရိုက်သွားမည်ဖြစ်ကြောင်းကို ချန်လွေ့ မသိခဲ့ပေ။ထိုအချိန်၌ ချန်လွေ့သည် ပူပူနွေးနွေးရရှိထားသည့် စွမ်းအားအကြောင်းကိုသာ စဉ်းစားရင်း ပျော်ရွှင်နေလေသည်။

အပြင်ဝင်းမှ အစောင့်များအား ခိုးကြောင်ခိုးဝက်ဖြတ်သွားပြီး ချန်လွေ့သည် စမ်းသပ်ခန်း တံခါးသို့ ရောက်သွားသည်။သို့သော်လည်း ချန်လွေ့သည် အိပ်မပျော်နိုင်သေးပေ။ ထို့နောက် စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ဂန်ခီသည် အမှောင်လ အစောင့်များထဲက ခေါင်းဆောင်ငယ်လေး တစ်ယောက်သာ ဖြစ်သည်။ ယခင်တိုက်ခိုက်မှုအားကြည့်လျှင် သူသည် သာမန် နတ်ဆိုးစစ်သားများအား အလွယ် တကူ အနိုင်ကျင့်နိုင်ပေသည်။သို့သော်လည်း အင်ပါယာဥယျာဉ်၌ ရှီရာပြခဲ့သည့် အစွမ်းအား ပြန်သတိရမိရင်း ချန်လွေ့ အားနည်းသလို ခံစားရသွားသည်။ပါ့ဂ်လီအို ကဲ့သို့ အစွမ်းထက်သည့် နဂါးအား ပြောစရာပင် မလိုချေ။

ချန်လွေ့ စိတ်ဓာတ်မကျ‌ပေ။အကြောင်းရင်းမှာ ကြယ်စုဆောင်းသူ ဖြစ်စေ၊ အယ်ခိတ် အခြေအနေပင်ဖြစ်စေ ၎င်းတို့မှာ အစပင်ဖြစ်နေသေး၍သာ ဖြစ်သည်။ပို၍ အစွမ်းထက် လာသည့် လမ်ူကြောင်းသည် သူ၏ခြေထောက်အောက်၌ ထင်ထင်ရှားရှား ပြသထား လေသည်။ရှေ့ဆက်ရန်သာ အကြောင်းရှိလေသည်။

စူပါစနစ်သည် ထူးကဲလှသော်လည်း ချန်လွေ့သည် အခြေခံအကျဆုံး အဆင့်၌သာ ရှိနေသေးသည်။နတ်ဆိုးဘုံ၌ အန္တရာယ်များနှင့် အစွမ်းထက်အရာ များစွာ ရှိသည်။ သူ၏ ကံကြမ္မာအား ထိန်းချုပ်နိုင်သည့် အတိုင်းအတာအထိ အစွမ်းမထက်ခင်အထိ သိုသို သိပ်သိပ် နေရပေမည်။ဆေးရည်ဆရာသခင်တစ်ယောက်၏ အလုပ်သင်တစ်ယောက်နှင့် [ အသက်အောင့် ] အစွမ်းပေါင်းလိုက်ခြင်းသည် အကောင်းဆုံး ရုပ်ဖျက်ခြင်း ဖြစ်ပေသည်။

လက်ရှိတွင် ချန်လွေ့သည် ဦးတည်ရာအား သတ်မှတ်ပြီးလေပြီ။ပြဿနာများအား ဖြေရှင်းရန် ကံနှင့်ဉာဏ်ပညာကိုသာ အမှီပြုရသည့် အားနည်းသူတစ်ယောက် မဟုတ် တော့ပေ။ဤကဲ့သို့ စိမ်းပြီး အန္တရာယ်များလှသည့် နတ်ဆိုးလောက၌ အသက်ရှင်ရန် အတွက် ချန်လွေ့၌ စစ်မှန်သည့် ပိုင်ဆိုင်မှုတစ်ခု ရှိလာလေပြီ။

ပြန်လည်မွေးဖွားပြီး ပထမဆုံးအကြိမ်အဖြစ် ချန်လွေ့ ယုံကြည်ချက်များ ပြည့်သွား ခဲ့သည်။

အရှိန်အဝါ။အခုအချိန် အရေးအကြီးဆုံးက အရှိန်အဝါကို တိုးမြှင့်ဖို့ပဲ။အစွမ်းတွေ အတွက်ရော၊လေ့ကျင့်ရေးကွင်းအတွက်ရော၊သိုလှောင်ဂိုဒေါင်အတွက်ရော၊လဲလှယ်ဌာန အတွက်ရော...ပြီးတော့ အများကြီး ရှိသေးတယ်။

နောက်တစ်နေ့၌ ချန်လွေ့သည် အရှိန်အဝါ တိုးစေရန်အတွက် အဆိပ်အချို့ သောက်ကြည့်သော်လည်း အာနိသင် မများလှပေ။ခရမ်းသလင်းကျောက်ဒင်္ဂါး ရာချီတန်သည့် အဆိပ်တစ်ပုလင်းသည် ၂မှတ်သာ တိုးစေသည်။ထို့ပြင် စမ်းသပ်ခန်း တစ်ခုလုံး၌ ထိုကဲ့သို့ ဆေးရည်မျိုး သုံးလေးပုလင်းသာ ရှိသည်။

အဲဒက်စ်သည် ချန်လွေ့အား စာလေ့လာနေသည်ဟု ထင်မှတ်သွားပြီး အခြေခံ ကုန်ကြမ်းများဖြင့် စမ်းကြည့်ရန် အကြံပေးပြီး ရည်မှန်းချက် မကြီးမားလွန်းရန် ပြောလိုက်သည်။အဲဒက်စ်ဖြစ်၍ ကံကောင်းပေသည်။အခြားဆရာသခင်ဆိုလျှင် ပိုက်ဆံသာဖြုန်းပြီး ကျူရှင်ခ မပေးသည့် ဤအလုပ်သင်တပည့်အား မောင်းထုတ် ပေလိမ့်မည်။

ချန်လွေ့လည်း ကုန်ကျစရိတ်များလှသည်ဟု ခံစားရပြီး နောက်တစ်နည်း ရှာဖွေရန် ကြံလိုက်သည်။

ဆန်ဒရိုသည် စိန်ခေါ်ပွဲ ရှုံးနိမ့်သွားသည့်အတွက် လောင်းကြေးထပ်ထားသည့် ငွေကြေး များ ကျန်ခဲ့ပေသည်။သို့သော်လည်း အားလုံးကို အဲဒက်စ် မပိုင်ပေ။အများစုကို အမှောင်လ မြို့ တိုးတက်စေရန်တွကိ ရှီရာအား ပေးခဲ့ခြင်းဖြစ်သည်။အဲဒက်စ်သည် ရှီရာ၏ နောက်လိုက်ဖြစ်၍ စမ်းသပ်ရန်အတွက် ငွေကြေးလိုအပ်ရန် သူထံမှ ပြန်တောင်းပေမည်။

ချန်လွေ့သည် သလင်းကျောက်နက်ဒင်္ဂါး ၅ပြားရသည်။အမှန်ပင် ပို၍ရနိုင်သည်။အဲဒက်စ် ကပ်စေးနဲ၍မဟုတ်ပေ။မင်းသမီးရှီရာ၏ အမိန့်ကြောင့်သာ ဖြစ်သည်။ထို့ကြောင့် ထိုကဲ့သို့ပင် ချန်လွေ့ လက်ခံရလေသည်။ပိုက်ဆံသည် သိပ်အရေးမကြီးပေ။ အသက်ရှင်ခြင်းသာ အရေးကြီးပေသည်။အထူးသဖြင့် ချန်လွေ့သည် မင်းသမီးရှီရာအား သွယ်ဝိုက်၍ ဖွင့်ပြောထားခဲ့သည့်အတွက် သူ၏ တားမြစ်ချက်အား စိန်မခေါ်ခဲ့ခြင်းသည် ကောင်းမွန်နေပြီဖြစ်သည်။

သလင်းကျောက်ဖြူဒင်္ဂါးတစ်ပြားသည် တစ်ဆင့် ဆိုလျှင် သလင်းကျောက်နက်ဒင်္ဂါး ၅ပြားသည် ဒေါ်လာ၅၀၀၀ ဖြစ်သည်။ခမ့်ပ်ဆီမှ လိမ်ညာယူထားသည့် ခရမ်းသလင်းကျောက်ဒင်္ဂါး နှင့်အတူပေါင်းလိုက်လျှင် ချန်လွေ့သည် အတော်လေး ချမ်းသာနေပြီဖြစ်သည်။

မှော်သလင်းကျောက် ဒင်္ဂါးကိုယ်တိုင်သည် ပုံဆောင်ခဲ စွမ်းအင်တစ်မျိုး ဖြစ်သည်။ သ‌လင်းကျောက်မှ စွမ်းအားကို ထုတ်ယူပြီး နတ်ဆိုးများ အစွမ်းမြှင့်၍ရသည်။သန့်စင်မှု မြင့်လေလေ မှော်သလင်းကျောက်မှာ ပိုတန်ဖိုးကြီးလေလေ ဖြစ်သည်။သလင်းကျောက် နက်၊ခရမ်းသလင်းကျောက် နှင့် သလင်းကျောက်ဖြူ တို့သည် ငွေကြေးအဖြစ် လည်ပတ် နေကြသည်။သလင်းကျောက်နက် အပေါ်တွင် ပို၍ အရည်အသွေးမြင့်သည့် သွေးသလင်း ကျောက်၊ရွှေသလင်းကျောက်တို့ ရှိကြသည်။၎င်းတို့မှာ ရှားပါးလှသည်။၎င်းတို့အား ငွေကြေးအဖြစ် မည်သူမျှ မသုံးကြပေ။

မနေ့ညက ချန်လွေ့သည် ခရမ်းသလင်းကျောက်ဒင်္ဂါး၌ [ အရှိန်အဝါပြောင်းလဲ ] အစွမ်းကို သုံးကြည့်ခဲ့သည်။အမှန်တကယ်ပင် ပြောင်းလဲပြီး စုပ်ယူနိုင်သည်။သင်္ကေတတွင် ပြထားသည့်အတိုင်း ပြောင်းလဲမှုပြီးသွားလျှင်သလင်းကျောက်ဒင်္ဂါးသည် အမှုန့် ဖြစ်သွားသည်။ဆယ်လီစိတ်မျှ အမှတ်တိုးလာမှသာ ပမာဏ အနည်းငယ်တိုးလာမည်ဟု ထင်ရသည်။

ခရမ်းသလင်းကျောက်ဒင်္ဂါး အခြေအနေအရ သလင်းကျောက်နက်ဒင်္ဂါးအား အရှိန်အဝါ တစ်မှတ်အဖြစ် ပြောင်းလဲနိုင်လျှင် မဆိုးလှပေ။ချန်လွေ့၌ သလင်းကျောက်နက်ဒင်္ဂါး ၅ပြားသာရှိသည်။၎င်းသည် [ အလိုအလျောက် အရှိန်အဝါ စုပ်ယူခြင်း ] နှစ်နာရီထက်သာ အနည်းငယ် ပိုများပေသည်။တိုက်ရိုက် ကူးပြောင်းမှုသည် မတန်လှပေ။ ဟုတ်သား။ဒီငွေကြေးတွေကိုသုံးပြီးတော့ အရှိန်အဝါပိုတိုးစေမယ့် အရာတစ်ခုခုကို ဝယ်လို့ ရသေးတာပဲ။

All Chapters