← Chapters

နွယ်ကျောက်

Vol. 2 Ch. 28

နွယ်ကျောက်

Vol. 2 Ch. 28

သူတို့ကြားလိုက်သည်မှာ အမှန်တကယ်ပင် အဲလစ်၏အသံ ဖြစ်သည်။

“ စလီ။နင်ဘာလို့ ဒီကိုရောက်နေတာလဲ။ချန်လွေ့ အပေါ်ထပ်မှာလား။ ”

မင်းသမီးလေးက သူ၏နာမည်အား မှတ်မိသည်ကို တွေ့လိုက်ရာ စလီသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ သခင်က ဒုတိယထပ်မှာ ရှိပါတယ်။ ”

အဲလစ်သည် ဒုတိယထပ်ဆီသို့ တစ်ခါတည်းသွားလိုက်သည်။ချန်လွေ့ကို တွေ့လိုက်သည့်အခါ အဲလစ်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။

“ ငါနင့်ကို လာရှာမလို့ပဲ။နင်ငါ့ဆီ အရင်လာမယ်လို့ မထင်ခဲ့ဘူး။ ”

မင်းဆီကို ဘယ်သူလာချင်လို့လဲ.....

လွန်ခဲ့သည့်နှစ်ရက်အတွင်း ချန်လွေ့သည် စူပါစနစ်ကိုသာ အာရုံစိုက်နေခဲ့သည်။“ စိတ်ဝင်စားစရာပုံပြင် ” တစ်ပုဒ်အား အကြွေးတင်နေသေးကြောင်း ချန်လွေ့ ရုတ်တရက် သတိရလိုက်သည်။ချန်လွေ့ အလျင်အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်ပြီး “ မင်းသမီးစစ်တုရင် ” အား လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ ဒါက ဟွာရုံတောက် မဟုတ်လား။ဘယ်လိုလုပ်....... ”

“ ဟီးဟီး။ငါတော်တယ် မလား။ ”

လိုလီလေးသည် ခိုးကူသည်ကို မရှက်ဘဲ ဘဝင်ခိုက်နေသည်။

“ ဒီပုံစံကို ပြောင်းဖို့ ငါအကြံမရခဲ့ရင် ဒါက ရောင်းရမှာ မဟုတ်ဘူး။နင်ပိုပြီး လေ့လာရဦးမယ်။ ”

“ ဟုတ်တာပေါ့။မင်းသမီးလေးက အရမ်းတော်တယ်။ ”

ချန်လွေ့ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

အခုတော့ သူခိုးက လူပြန်ဟစ်နေပါလား။ဒါပေမဲ့ ငါလည်းပဲ သူများဟာကို ခိုကူးထားတာပဲလေ။

“ နင် ဒီကိုရောက်နေပြီဆိုတော့ ဝိုင်းကူပေးပါဦး။ ”

အဲလစ်သည် သိုလှောင်လက်ကောက်အား မြှောက်လိုက်ပြီး ပစ္စည်းအမြောက်အများ ထုတ်လိုက်သည်။ကံကောင်းစွာပင် ယခင်တစ်ခေါက် ပျော်ပွဲစား၌ ချန်လွေ့တွေ့ခဲ့သည့် ဘော်လီလှလှလေးများ မပါချေ။

“ ဒါတွေကို ဝိုင်းစီပေး။ခီရာက ဈေးသတ်မှတ်လိမ့်မယ်။ ”

တကယ့်ကို မျက်နှာအရေထူတာပဲ...

ချန်လွေ့လည်း ရွေးစရာမရှိဘဲ ကြမ်းပြင်တွင် ခီရာနှင့်အတူ သန့်ရှင်းကာ ပစ္စည်းများကို အမျိုးအစားခွဲရတော့သည်။ခီရာသည် ကိုယ်သင်းရနံ့ရှိပြီး ခန္ဓာကိုယ်နှင့် အသွင်အပြင် မှာလည်း ဆွဲဆောင်မှုရှိသည်။ထို့ကြောင့် ခီရာသည် ယောက်ျားလေးများအား ဆွဲဆောင် ရာ၌ အလွန် အသုံးဝင်လှသည်။ဤအမြုတေစုပ်မိန်းမ၏ အန္တရာယ်အဆင့်မှာ [ S ] အဆင့်ဖြစ်သည်ကို ချန်လွေ့သိသည်။ချန်လွေ့ အာရုံစူးစိုက်လိုက်ပြီး ရှေ့တည့်တည့် ကြည့်လိုက်ကာ ခီရာအား အကြည့်လွှဲလိုက်သည်။

လိုလီလေးသည် ချန်လွေ့၏ ကြောက်လန့်မှုအား မြင်သွားပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။

“ အိုး။ဟုတ်သားပဲ။ချန်လွေ့။အရင်တစ်ခေါက်က နောက်ပိုင်းမှာ နင့်ကို ခီရာ ချီးမြှင့်မယ်လို့ အစ်မပြောခဲ့တယ် ကြားတယ်။နင် စိတ်လှုပ်ရှားနေလား။ ”

ချန်လွေ့ နောက်ဆုတ်သွားသည်။

အဲလစ်ဒါကို ဘယ်လိုသိတာလဲ။

“ တော်ဝင်မင်းသမီးက တကယ်ပဲ အဲ့လိုပြောခဲ့တာလား။ ”

ခီရာ ကြောင်သွားသည်။ချန်လွေ့၏ ကြောက်နေသည့်မျက်နှာကိုမြင်ပြီး ခီရာပြုံးလိုက်ကာ အနားကပ်လာလိုက်သည်။

“ ဒီတော့...အဲ့ဒီအချိန်ကျရင် ကျွန်မရှင့်ကို သခင်.... လို့ခေါ်ဖို့လိုလား။ ”

“ သခင် ” ဟူသော စကားလုံးကို ခီရာသည် ဝမ်းသာပီတိဖြစ်ဟန်ဖြင့် တမင်သက်သက် သံရှည်ဆွဲကာ ပြောလိုက်သည်။ချန်လွေ့ မျက်နှာပူသွားပြီး ခေါင်းပို၍ ငုံ့လိုက်သည်။ ထို့နောက် မကြားချင်ယောင်ဆောင်ကာ ဘေးတစ်ဖက်သို့ ရွှေ့နေလိုက်သည်။

“ သခင်။ကျွန်မကို သဘောမကျဘူးလား။ အရမ်း ဝမ်းနည်းတာပဲ.... ”

ကဝေမသည် ချန်လွေ့နား တဖြည်းဖြည်း ကပ်လာသည်။သူ၏ ပုခုံးအား အနည်းငယ် ရွေ့လိုက်ရာ ရင်သားကြားရှိ အက်ကြောင်းသည် ပို၍ နက်ရှိုင်းသွားသည်။ချန်လွေ့ တုန်လှုပ်သွားပြီး တံတွေးအား ခက်ခက်ခဲခဲမျိုချကာ စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ အဲလစ်သည် ခွေးခြေတွင်ထိုင်ကာ ပွဲကြည့်နေပြီး အားရပါးရ ရယ်နေတော့သည်။

ကဝေမမျိုးနွယ် အများစုမှာ သဘာဝ အလှပဂေးများ ဖြစ်ကြပြီး ခီရာသည် အလှဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။စိတ်ဒဏ်ရာကြောင့် မဟုတ်လျှင် ချန်လွေ့ ထိန်းထားနိုင်မည် မဟုတ်ပေ။ ရုတ်တရက် သူ၏ခေါင်းထဲရှိ အသိပေးချက်ကြောင့် နိုးထသွားသည်။

“ ပြောင်းလဲနိုင်သည့်ပစ္စည်း တွေ့ရှိသည်။အရှိန်အဝါအဖြစ် ပြောင်းလဲချင်ပါသလား။ ”

ထိုအချိန်မှ ပြောင်းလဲခြင်းအစွမ်းအား အသက်သွင်းထားခြင်းကို ချန်လွေ့ သတိရသွားသည်။သူ၏ အာရုံသည် လက်ထဲမှ ခရမ်းရင့်ကျောက်ထံသို့ ရုတ်တရက် ရောက်ရှိသွားသည်။ထိုကျောက်တုံးမှာ လက်သီးဆုပ်အရွယ်ဖြစ်သည်။ကြည်လင်နေပြီး အတွင်းပိုင်း ပုံစံကွက်များ အရောင်တောက်နေသည်။အတော်လေး ခမ်းနားလှပေသည်။

“ မင်းသမီးလေး။ဒါကဘာလဲ။ ”

ကျောက်တုံးကိုကိုင်ရင်း အဲလစ်အား ချန်လွေ့ ပြောလိုက်သည်။

“ ဒါက ဂျိုးဆက်ပ် ငါ့ကို ပေးခဲ့တဲ့ဟာပဲ။နွယ်ကျောက်လို့ ခေါ်တဲ့ပုံပဲ။လိပ်ပြာနီ နယ်မြေရဲ့ ဒေသတွင်း ထုတ်ကုန်တစ်ခုပေါ့။ ” နွယ်ကျောက်အား ချန်လွေ့စိတ်ဝင်စား နေကြောင်း အဲလစ် သတိထားမိသည်။သူ ခဏစဉ်စားပြီး ထူးဆန်းသည့်အမူအရာ ပြလိုက်သည်။

“ နွယ်ကျောက်မှာ အထူးလုပ်ဆောင်ချက် တစ်ခုရှိသည်။အဲ့ဒါက...ယောက်ျားလေးတွေရဲ့ အစိတ်အပိုင်းတစ်ခုကို အားတိုးစေတယ်။နင်က ဒီလိုကျောက်တုံးကို လိုအပ်နေတာတော့ မဟုတ်ပါဘူးနော်။ ”

အစိတ်အပိုင်းတစ်ခုကို အားတိုးစေတယ်တဲ့လား။

ချန်လွေ့ ချွေးပျံသွားပြီး ကျောက်တုံးအား အဝေးသို့ ခပ်မြန်မြန် ပစ်လိုက်သည်။

ငါ အရှိန်အဝါတွေ လိုချင်ပေမဲ့လည်း မိန်းမလှနှစ်ယောက်အရှေ့မှာ မပြည့်စုံတဲ့ ယောက်ျားအဖြစ် ငါဝန်မခံနိုင်ဘူး။

ခီရာသည် ချန်လွေ့အား ဆက်မစချင်တော့ပေ။သို့သော်လည်း သူ၏မျက်နှာအား မြင်လိုက်ရာ ခီရာမနေနိုင်ဘဲ ပြုံးရယ်လိုက်မိသည်။အဲလစ်သည် ခွေးခြေပေါ်၌ ဟက်ဟက်ပက်ပက် ရယ်နေလေသည်။

ချန်လွေ့သည် မင်းသမီးလေးနှင့် စတွေ့စဉ်က ကိစ္စများကို သတိရသွားပြီး သံသယ ဖြစ်လာသည်။ဂျိုးဆက်ပ်သည် လိပ်ပြာနီအရှင်၏ သားအကြီးဆုံး ဖြစ်သော်လည်း အမှောင်လမြို့၏ ဘဏ္ဍာရေး အရာရှိတစ်ယောက်လည်း ဖြစ်သည်။ဤကဲ့သို့ပစ္စည်းများကို မင်းသမီးလေးအား ပေးမည် မဟုတ်ပေ။

အရှိန်အဝါအတွက် ချန်လွေ့ မေးရတော့သည်။

“ မင်းသမီးလေး။ဒီနွယ်ကျောက်ရဲ့ တကယ့် လုပ်ဆောင်ချက်က ဘာလဲ။ ”

လိုလီလေးသည် ချန်လွေ့အား ထပ်ပြီး စနောက်ကာ နောက်ဆုံး၌ ဝသွားလေသည်။ နွယ်ကျောက်သည် မှော်ပညာရှင်တစ်ယောက်အား အတိုင်းအတာတစ်ခုအထိ မှော် စွမ်းအား တိုးစေနိုင်ကြောင်း အဲလစ်ပြောလိုက်သည်။မှော်အားတိုးပစ္စည်းတစ်မျိုးမျိုး၌ မြှုပ်ထားလေ့ရှိသည်။၎င်းသည် အမှန်တကယ်ပင် “ လုပ်ဆောင်ချက်တစ်ခုခုအားတိုးစေ ” လေသည်။

ချန်လွေ့သည် အဲလစ်၏ သရုပ်ဖော်အစွမ်းအား အထင်သေးသွားပြီး မေးလိုက်သည်။

“ ကျုပ် ဒီကျောက်တုံးကို သဘောကျတယ်။မင်းသမီးလေး ရောင်းပေးနိုင်မလား။ ”

“ ဘယ်လိုပဲကြည့်ကြည့် နင်က အဲ့ဒါလိုအပ်တဲ့သူနဲ့ မတူပါဘူး။ ”

အဲလစ်သည် ချန်လွေ့၏ လေးနက်သည့် မျက်နှာအားမြင်ပြီး ပျင်းသွားကာ ပြောလိုက်သည်။

“ နင်တကယ်လိုချင်ရင်တော့ သလင်းကျောက်နက်ဒင်္ဂါး ၅ပြားပေး။ငါနင့်ကို ဈေးလျှော့ပေးပြီးပြီ။ ”

“ ဈေးကြီးလိုက်တာ။ ”

ချန်လွေ့လန့်သွားသည်။နွယ်ကျောက်မှ အရှိန်အဝါမည်မျှ ရနိုင်ကြောင်း ချန်လွေ့ မသိသေးပေ။ဈေးနှုန်းကိုကြားပြီး ချန်လွေ့ ကြောက်နေလေပြီ။

သလင်းကျောက်နက်ဒင်္ဂါးက ငါ့မှာရှိတာအကုန်ပဲ။ထားလိုက်‌တော့ ဇက်ခ်ဆီက သတ္တုရိုင်းအလကားတွေကိုပဲ စောင့်တော့မယ်။

“ ကပ်စေးမနည်းပါနဲ့။ ”

အဲလစ်သည် မြေခွေးမလေးကဲ့သို့ ရယ်ပြီး ပြောလိုက်သည်။

“ အစ်မက နင့်ကို ဆရာအဲဒက်စ်ကနေ တစ်ဆင့် သလင်းကျောက်နက်ဒင်္ဂါး ၅ပြား ဆုချထားတာ ကျွန်မ သိတယ်။ ”

သူက ဒါတောင်သိနေတာပဲ။ကြည့်ရတာ လိုလီလေးက တမင်းတကာ ငါ့ကို မွဲအောင် လုပ်ချင်နေသလိုပဲ။တကယ့်ကို ငလိမ် ဆိုင်ပိုင်ရှင်ပဲ။

ချန်လွေ့သည် မခံမရပ်နိုင်ဘဲ ပြောလိုက်သည်။

“ တော်ဝင်မင်းသမီးက မင်းကို ဒီလိုလုပ်ခိုင်းတာတော့ မဟုတ်ပါဘူးနော်။ငါအခုပဲ တော်ဝင်မင်းသမီးဆီ သွားပြီးတော့ ဆုလာဒ်တွေ ပြန်ပြေးလိုက်မယ်။ ”

“ မလုပ်နဲ့ ။ ”

သူ၏အစ်မအား ရှာတော့မည့်အကြောင်းကြားလိုက်ရာ အဲလစ်သည် ချန်လွေ့အား အလျင်အမြန် တားဆီးလိုက်သည်။

“ နောက်နေတာပါ။နင်ကလည်း စိတ်ကြီးပဲ။ ”

ကြည့်ရတာ ဒီလိုလီလေးကို ကိုင်တွယ်ဖို့ ဒီလှည့်ကွက်ကို ငါသုံးရမယ့်ပုံပဲ။

ချန်လွေ့သည် တိတ်တဆိတ် ဘဝင်ခိုက်သွားသည်။ထို့နောက် အဲလစ်သည် ဆွံ့အ လောက်စရာ ဈေးနှုန်းအသစ် ပေးလိုက်သည်ကို ချန်လွေ့ ကြားလိုက်သည်။

“ ဒါဆိုလည်း သလင်းကျောက်နက်ဒင်္ဂါး ၄ပြားနဲ့ ခရမ်းသလင်းကျောက်ဒင်္ဂါး ၉၉ပြားပဲ ပေးတော့။ ”

ကွာခြားချက်နှစ်ခုမှာ ၅၀၀၀ နှင့် ၄၉၉၀သာ ဖြစ်သည်။

“ ဈေးကြီးလွန်းတယ်။မယူတော့ဘူး။ ”

ချန်လွေ့ ပြတ်ပြတ်သားသား လက်လျှော့လိုက်သည်။

ဒီနေ့တော့ လိုလီလေးဆီကနေ နွယ်ကျောက်တွေရဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်။

“ ဒီမှာရှိတဲ့ ပစ္စည်းအကုန်လုံးက ဈေးကြီးတာ ရှင်မမြင်ဘူးလား။ဒါတွေက ဈေးမကြီးရင် ကျွန်မရဲ့ မင်းသမီး အဆင့်အတန်းကို ဘယ်လိုပြလို့ရမှာလဲ။ ”

အဲလစ် နှုတ်ခမ်းစူလိုက်သည်။

“ ဒါပေမဲ့ ကျွန်မက ပစ္စည်းတွေကို အမြင်နဲ့လည်းရောင်းတယ်။ကျွန်မကို ပျော်အောက် လုပ်နိုင်ရင် နောက်ထပ် နွယ်ကျောက်တုံး တစ်ခုကိုပါပေးမယ်။ ”

နွယ်ကျောက် နှစ်တုံး။

ချန်လွေ့စိတ်လှုပ်ရှားသွားသည်။သို့သော်လည်း အဲလစ်အား ကျေနပ်စေရန် မလွယ်ကူ လှပေ။ယခင်နေ့ရက်များတွင် ချန်လွေ့၏ဦးနှောက် ခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့သည်။

“ မင်းသမီးလေး။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ ပိုက်ဆံပိုရဖို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုလည်ပတ်ရမလဲဆိုာတကို သင်ပေးမယ်ဆိုရင်ကော။ ”

အဲလစ်၏ မျက်လုံးများ အရောင်တောက်သွားပြီး ချစ်စရာမျက်ခုံးလေးများအား ကျုံ့လိုက်သည်။

“ စီးပွားရေးက ဒီလို လည်ပတ်ရတာ မဟုတ်လား။အားလုံးလည်း ဒီလိုလုပ် နေတာပဲ။ကျွန်မက သူတို့ထက်တောင် ပိုတော်သေးတယ်။ ”

ချန်လွေ့ ခေါင်းခါပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ စီးပွားရေးလုပ်ငန်းက ဒီလို လည်ပတ်ရတာ မဟုတ်ဘူး။ ”

ခဏအကြာတွင် လှေကားမှဆင်းလာသော သခင်အား စလီတွေ့သွားပြီး ခပ်မြန်မြန် နှုတ်ဆက်လိုက်သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီဆိုင်ကို မင်းသမီးလေး ဖွင့်တာလို့ ငါ့ကိုဘာလို့ စောစောက မပြောတာလဲ။ ”

“ ထူးထူးဆန်းဆန်းတွေ ရောင်းတဲ့ဆိုင်ကို သခင် ရှာနေတာ မဟုတ်လား။ ”

မှင်စာသည် သူ၏သခင် မကျေမနပ်ဖြစ်နေသည်ကို သတိထားမိပြီး ပြုံးရင်း ပြောလိုက် သည်။

“ ဒါက မြို့တစ်မြို့လုံးမှာ အထူးခြားဆုံးပဲ။သခင်က မင်းသမီးလေးနဲ့လည်း အရမ်း ရင်းနှီးတယ်လေ။အံ့ဩစရာ ဖြစ်သွားတာပေါ့။ ”

ချန်လွေ့သည် စလီ၏ မြှောက်ပင့်သည့် အပြုံးအားကြည့်ရင်း လက်ထဲမှ ‌နွယ်ကျောက် နှစ်တုံးအား ဝှေ့ရမ်းလိုက်သည်။

“ ဒါက နွယ်ကျောက်ပဲ။ ”

မှင်စာသည် မြင်ရုံဖြင့် သတိရသွားပြီး အော်ပြောလိုက်သည်။

“ ဒါကအရမ်း ဈေးကြီးတယ်။ဆရာ ဂျိုးဆက်ပ် ပိုင်တဲ့ မှော်ဆိုင်မှာ ဒါက သလင်းကျောက် နက်ဒင်္ဂါး ၅၀ ပြားလောက် ပေးရတယ်။ ”

သလင်းကျောက်နက်ဒင်္ဂါး ၅၀ပြားတဲ့လား။

ချန်လွေ့သည် အပေါ်ထပ်အား တအံ့တသြဖြင့် ငေးကြည့်လိုက်သည်။စိတ်နှလုံး မကောင်းသည့် မင်းသမီးလေးအပေါ် ချန်လွေ့၏အမြင်များ ပြောင်းလဲသွားသည်။

အဲလစ်ဆိုင်မှ ချန်လွေ့ ထွက်သွားသည်။လမ်းတစ်လျှောက်၌ စလီအာရုံမစိုက် နေသည့်အချိန်တွင် ပြောင်းလဲအစွမ်းအား ချန်လွေ့ တိတ်တဆိတ် သုံးလိုက်သည်။ နွယ်ကျောက်များသည် အမှန်တကယ်ပင် ဈေးကြီးသည့် မှော်ပစ္စည်းများဖြစ်သည်။ နှစ်တုံးသည် စုစုပေါင်း အရှိန်အဝါ အမှတ်၂၃၀ ပေးစွမ်းသည်။ထို့ကြောင့် ချန်လွေ့၌ အရှိန်အဝါစုစုပေါင်း ၄၀၆မှတ် ရှိသွားလေပြီ။ဆင်းရဲသားလေးသည် ရုတ်တရက် အလယ်လတ်တန်းစားကဲ့သို့ ဖြစ်သွားသည်။

နွယ်ကျောက်များနှင့် တွေ့ဆုံခြင်းသည် ချန်လွေ့အား မျှော်လင့်ချက်အသစ်တစ်ခု တောင်လောင်စေလေသည်။ရတနာတစ်ခုခု ရှာတွေ့ရန်အကြံဖြင့် ဂျိုးဆက်ပ် နာမည်အောက်ရှိ မှော်ဆိုင်သို့သွားရန် စလီကို လမ်းပြစေလိုက်သည်။

မှော်ဆိုင်သည် မြို့လယ်ခေါ်ရှိ အကြွယ်ဝဆုံးနေရာ၌ တည်ရှိသည်။သို့သော်လည်း အတွင်း၌ ဧည့်သည့် အနည်းငယ်သာ ရှိသည်။အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ဈေးအလွန်ကြီး၍ ဖြစ်သည်။ချန်လွေ့ စုပ်ယူလိုက်သည့် နွယ်ကျောက်သည် စလီမှတ်မိ သည်ထက် ပိုများနေသည်။တစ်တုံးကို သလင်းကျောက်နက်ဒင်္ဂါး ၆၈ပြားပေးရပြီး သုံးတုံးသာ ရှိသည်။ချန်လွေ့၏ လက်ရှိငွေကြေးအခြေအနေဖြင့် မတတ်နိုင်ပေ။

မှော်ပညာရှင်နဲ့ အဂ္ဂိရတ်ပညာရှင်တွေက တူတူလောက်နီးပါးပဲ ထင်တယ်။နှစ်ခုလုံးက ပိုက်ဆံကုန်တဲ့ အလုပ်တွေပဲ။

ချန်လွေ့ စိတ်ပျက်သွားသော်လည်း ယနေ့ရရှိခဲ့သည်ဟု ကြွယ်ဝနေလေပြီ။နောက်ပိုင်း တွင် ဇက်ခ်ဆီမှ အချိန်အတော်ကြာအထိ အဆက်မပြတ် အရှိန်အဝါ ထောက်ပံ့မှု ရမည် ဖြစ်သည်။ချန်လွေ့ ရောင့်ရဲသင့်ပေသည်။

ချန်လွေ့ ထွက်သွားရန်ပြင်လိုက်စဉ် ဝင်ပေါက်မှ အသံတစ်သံ ထွက်လာသည်။

“ ဒါက ဆရာသခင် အဲဒက်စ်ရဲ့ လူသား အလုပ်သင်တပည့် မဟုတ်လား။မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”

နုနုရွရွဝတ်စုံအား ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်အား ချန်လွေ့ တွေ့လိုက်သည်။ထိုနတ်ဆိုးသည် ခန့်ညားပြီး ထူးခြားသည့် သဘောသဘာဝရှိသည်။ သို့‌သော်လည်း သူ၏ မျက်ခုံးကြားရှိ ရက်စက်ယုတ်မာမှု အငွေ့အသက် ရှိနေသည်။ ထိုနတ်ဆိုး၏ ပုံရိပ်မှာ လူသားနှင့် မခြားနားပေ။အသီနာကဲ့သို့ပင် ထိုနတ်ဆိုးသည် ပုံစံနှစ်မျိုး ပိုင်ဆိုင်သည့် အဆင့်မြင့် အန္ဓေပြောင်း သွေးမျိုးဆက်ရှိသော မဟာနတ်ဆိုး တစ်ယောက် ဖြစ်သည်။

ထိုနတ်ဆိုးနောက်တွင် အစေခံများဖြစ်ဟန်တူသည့် အမျိုးသား မဟာနတ်ဆိုး တစ်ယောက် နှင့် အမျိုးသမီး မဟာနတ်ဆိုးတစ်ယောက် ရှိသည်။ ထိုနတ်ဆိုးဘေး၌ ရင်းနှီးပုံပေါ်သည့် မဟာနတ်ဆိုးတစ်ယောက်သည် ချန်လွေ့အား ရန်လိုသည့်ဖြင့် ကြည့်နေသည်။ထိုနတ်ဆိုးမှာ အသီနာအား လိုက်နေသည့် အမှောင်လမြို့စောင့်တပ် ဗိုလ်ချုပ် အဲလန် ဖြစ်သည်။

စလီ ခပ်မြန်မြန် ရှေ့ထွက်ပြီး ချန်လွေ့အား သတိပေးရန် ရည်ရွယ်ချက်ဖြင့် ဦးညွှတ်လိုက်သည်။

“ ဆရာဂျိုးဆက်ပ်။ဆရာအဲလန်။ ”

ထိုခန့်ညားသည့် လူငယ်သည် လိပ်ပြာနီအရှင်၏ သားအကြီး‌ဆုံးဖြစ်ပြီး အမှောင်လမြို့ စီးပွားရေးအား ထိန်းချုပ်ထားသော လက်ရှိ ဘဏ္ဍာရေးမှူး ဂျိုးဆက်ပ်ဖြစ်ကြောင်း ယခုမှ ချန်လွေ့ သိသွားသည်။

“ ထွက်သွားစမ်း။ ”

အဲလန် အော်လိုက်သည်။စလီ ကြောက်သွားပြီး ချန်လွေ့နောက်၌ အလျင်အမြန် ပုန်းလိုက်သည်။

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] အား အသက်သွင်းလိုက်သည်။အဲလန်၏ စွမ်းအား အကဲဖြတ်မှုသည် [ E ] ဟုဖော်ပြသည့်အတွက် ချန်လွေ့နှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ဂန်ခီအား ဥပမာထားကြည့်လျှင် အဆင့်တူခြင်းသည် အစွမ်းတူတူ ဖြစ်ခြင်းမဟုတ်ကြောင်း ချန်လွေ့ နားလည်သည်။အလယ်ဆင့်နတ်ဆိုး ၌ အထွတ် အထိပ်အဆင့်သည် ကနဦးအဆင့်ထက် ဆယ်ဆပိုစွမ်းသည်ဟု အသီနာ ပြောခဲ့ဖူးသည်။ ဤစွမ်းအားအကဲဖြတ်မှုမှာလည်း အတူတူဖြစ်ဖို့များသည်။

ဂျိုးဆက်ပ်နောက်၌ မဟာနတ်ဆိုး နှစ်ယောက်ရှိသည်။သူတို့၏ အစွမ်းများမှာ [ D ] အဆင့်ဖြစ်ပြီး ‌တော်တော်လေး အစွမ်းထက်ပေသည်။ဂျိုးဆက်ပ်၏ စွမ်းအား အကဲဖြတ်မှုမှာ အမှန်တကယ်ပင် [ မဆုံးဖြတ်နိုင် ] ဖြစ်နေသည်။

All Chapters