← Chapters

အသေတိုက်ပွဲ။ ကြောင်သူတော်ရဲ့ လျို့ဝှက်ကြံစည်မှု

Vol. 3 Ch. 31

အသေတိုက်ပွဲ။ ကြောင်သူတော်ရဲ့ လျို့ဝှက်ကြံစည်မှု

Vol. 3 Ch. 31

“ နင်မသိဘူးလား။ ”

အသီနာ စိုးရိမ်သွားပုံ ပေါ်သည်။

“ ငါ အခုပဲ ပြန်လာတာ။ဆရာသခင် အဲဒက်စ်ရဲ့ စိန်ခေါ်ပွဲမှာ အစွမ်းပြခဲ့တဲ့ တပည့်က မနက်ဖြန်ကျင်းပမယ့် ကောင်းကင်တိုက်ပွဲမှာ အမှောင်လမြို့ကိုယ်စား ဝင်ပြိုင်မယ်လို့ တစ်မြို့လုံးမှာ ကြားနေရတယ်။နင့်ရဲ့အခုအစွမ်းနဲ့ဆို ဒါက သက်သက်ကြီး သေကြောင်းကြံတာပဲ။ ”

ထိုပြိုင်ပွဲအား ကြားဖူးသကဲ့သို့ ချန်လွေ့ခံစားလိုက်ရပြီး လွန်ခဲ့သော သုံးလေးရက်တွင် မှော်ဆိုင်ရှိ အဖြစ်အပျက်အား တွေးမိသွားကာ ချက်ချင်း သဘောပေါက်သွားသည်။

ငါချောက်ချခံရတာပဲ။ဒီလို လျို့ဝှက်ကြံစည်မှုက မိုက်ရူးရဲ အဲလန်လုပ်တာ မဖြစ်နိုင်ဘူး။ဟိုကြောင်သူတော် ဂျိုးဆက်ပ်က ဒါကို ကြံစည်ထားတာ ဖြစ်မယ်။

ချန်လွေ့၏ အဖြစ်အပျက်အား နားထောင်ပြီးနောက် အသီနာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ ဂျိုးဆက်ပ်လား။အဲ့ဒါက အဲလန် မဟုတ်လား။သတင်းဖြန့်လိုက်တာက အဲလန်လို့ ငါကြားတာပဲ။ ”

ထိုအချိန်၌ အဲလစ် ထပြောလိုက်သည်။

“ အသီနာ။ဂျိုးဆက်ပ်က ပုံမှန်ဆို ယဉ်ကျေးပျူငှာပြီးတော့ ငါတို့ကို လက်ဆောင်တွေ ပေးတတ်ပေမဲ့လည်း သူကတကယ်တော့ စက်ဆုပ်စရာ အကောင်းဆုံးပဲ။အဲလန်က အသုံးချခံရတဲ့ ငတုံးသာသာပါပဲ။ ”

ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ဒီလိုလီလေးက အခွင့်အရေးရယူတာကြိုက်ပြီးတော့ တခြားသူတွေကို လိုက်နောက်တတ် ပေမဲ့လည်း တော်တော်လေးတော့ ပါးနပ်သားပဲ။ ’

“ ဒါဆို သူပေးတဲ့ လက်ဆောင်တွေကို နင်ဘာလို့အမြဲတမ်း ယူရတာလဲ။ ”

အသီနာက အဲလစ်အား မျက်စောင်းထိုးလိုက်သည်။

“ အဲ့ဒီဂျိုးဆက်ပ်ကို ငါသဘောမကျဘူး။အဲ့ဒါကြောင့် သူပေးတာတစ်ခုမှငါမယူဘူး။ ”

အဲလစ်၏ မျက်ရည်များပြည့်နေသော မျက်လုံးများ တလက်လက် တောက်ပသွားသည်။

“ အသီနာ။လက်ဆောင်တွေက အပြစ်မရှိဘူးလေ။ ”

ဒီလိုအမူအရာ၊ဒီလိုလေသံနှင့် ဒီလိုအကြည့်တွေက လုံးဝကွက်တိပဲ။အရင်နဲ့ယှဉ်ရင် လိုလီလေးရဲ့ သရုပ်ဆောင်စွမ်းရည်က အဆင့်ပိုမြင့်သွားပြီ။

ချန်လွေ့သည် အချစ်ဒရာမ ဇာတ်လမ်းတစ်ခုမှ အသုံးများဆုံး စကားအား ရုတ်တရက် သတိရသွားသည်။ ကျားခန္ဓာကိုယ်တုန်ခါခြင်း။ အသီနာသည် ထိုကဲ့သို့ စူးရှသည့်အကြည့်အား မယှဉ်ပြိုင်နိုင်ဘဲ အရှုံးပေးလိုက်ရသည်။

လက်စသတ်တော့ လိုလီလေးက လက်ဆောင်လည်းယူတယ်။သူများမကောင်းကြောင်း လည်းပြောသေးတဲ့ စိတ်နှလုံးမကောင်းသူများဂိုဏ်းခေါင်းဆောင်ကိုး။

ချန်လွေ့သည် မင်းသမီးလေးအား အားကျစွာကြည့်ပြီး မေးလိုက်သည်။

“ ဒီကောင်းကင်တိုက်ပွဲက ဘာကြီးလဲ။ ”

“ အဲဒါက ငါနဲ့ ဂျိုးဆက်ပ်ကြားက အလောင်းအစားပါ။။ ”

အဲလစ် စိတ်ညစ်ညစ်ဖြင့် ပြောလိုက်သည်။

“ နှစ်ဖက်စလုံးက နတ်ဆိုးသားရဲပျံတွေစီးပြီးတော့ လေပေါ်မှာ တိုက်ခိုက်ဖို့အတွက် တစ်ယောက်စီ လွှတ်ပေးရတယ်။အရင်ဆုံးကျတဲ့သူ အရှုံးပဲ။သတ်မှတ်ချက်ကတော့ ကိုယ်တိုင်မလုပ်ရဘူး။နတ်ဆိုးသားရဲတွေကိုပဲ အမိန့်ပေးရမယ်။ဒီလိုပြိုင်ပွဲက အရမ်းကို အန္တရာယ်များတယ်။ဒါ့ကြောင့် ကောင်းကင် အသေတိုက်ပွဲလို့ ခေါ်တာပေါ့။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းဘာလို့ သူနဲ့ ဒီလိုမျိုး လောင်းကစား လုပ်ခဲ့တာလဲ။ ”

“ အဲဒါက ငါ့အဖေချန်ထားခဲ့တဲ့ “ အမွေ ” လေ။ဘုရင်ခံရဲ့ အမိန့်အရ လိပ်ပြာနီအရှင်သခင် ဂျို့ရှ်က နှစ်တိုင်းမှာ အမှောင်လမြို့ဆီကို နတ်ဆိုးလွှတ်ပြီး သန်းခေါင်နေ အရှင်မျိုးဆက် တွေရဲ့ သနားစရာ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ရတယ်။ ”

အဲလစ်သည် ပျင်းရိစွာ ပြောလိုက်သည်။

“ ငါ့အဖေက ခေါင်းမာမာနဲ့ပဲ သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ခဲ့တယ်။နှစ်တိုင်းမှာ သူက အားကုန်ထုတ်ပြီး ဝင်ပြိုင်ဖို့ နတ်ဆိုးတွေကို စေလွှတ်တယ်။ဒါပေမဲ့လည်း အမှောင်လမြို့ ကို အစ်မ လက်လွှဲယူပြီးတော့ ဒါကပိုပြီး ပျင်းစရာကောင်းသွားတယ်။ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ရဲ့နောက်ဆုံးဆန္ဒကို နာခံရမှာပဲလေ။ဒါပေမဲ့ အစ်မက အဲဒီလောက် အားအင် မရှိဘူး။အဲဒါကြောင့် ဒီပြဿနာ လောင်းကစားကို ငါ လက်လွှဲယူလိုက်တာ။ ”

စကားပြောနေစဉ်တွင် လိုလီလေးသည် စိတ်ပျက်သည့်အမူအရာ ပြလိုက်သည်။ထို့နောက် ချန်လွေ့အား တည့်တည့်ကြည့်လိုက်သည်။

“ နင်ပြောကြည့်။အရင်မျိုးဆက်ရဲ့ နစ်နာမှုတွေကို နောက်မျိုးဆက်ကဘာလို့ ဆက်ခံစားရမှာလဲ။ ”

ချန်လွေ့ ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပေ။အသီနာလည်း နေမနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

“ စနောက်မနေနဲ့တော့။အဲလစ်။နင်က လောင်းကစားလုပ်ရင် အမြဲပျော်နေတာပဲ။ ငါနင့်ကိုနိုင်အောင် နှစ်ကြိမ်ကူညီပြီးပြီ။ဒါကိုချန်လွေ့ ကျော်ဖြတ်နိုင်အောင်လို့ နည်းလမ်း တစ်ခုခု စဉ်စားပေးကြရအောင်။သူဝင်ပါရင် သူလည်းသေမယ်။အမှောင်လမြို့ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်မယ်။အခုတော့ ဒီသတင်းက ပျံ့သွားပြီ။လိပ်ပြာနီနယ်မြေ ကလည်း မှော်ဆင့်ခေါ်ပို့ပြီးတော့ လာလည်ဖို့ တစ်ယောက်‌ယောက် လွှတ်လိုက်မယ် ဆိုတဲ့အကြောင်း ပြောလိုက်တယ်။တော်ဝင်မင်သမီးတောင် တားလို့မရတော့ဘူး။ဒါပေမဲ့ လည်း ချန်လွေ့ဝင်မပြိုင်ရင်တော့ သူက အမှောင်လနယ်မြေတစ်ခုလုံးရဲ့ ရယ်စရာဖြစ်သွားမှာပဲ။ ”

“ ဘာလုပ်လို့ရသေးလို့လဲ။ငကြောက်လို့ အခေါ်ခံရတာက သေတာထက် ပိုကောင်း တယ်မလား။ဒါပေမဲ့ ငါ့ရဲ့ သနားစရာ လောင်ကြေးလေး....။ ”

အဲလစ် ချိနဲ့စွာ ပြောလိုက်သည်။

“ ဆရာသခင်ပြိုင်ပွဲကနေ အများကြီး ရထားတာပဲလေ။ကံကောင်းအောင်လို့ ပိုက်ဆံရှုံးတယ်လို့ပဲ သဘောထားလိုက်မယ်။ ”

“ မင်းဘာလို့ ဒီလောက်ပိုက်ဆံ အများကြီး လိုရတာလဲ။ ”

အဲလစ်သည် ဆရာသခင်ပြိုင်ပွဲမှ ပိုက်ဆံအများကြီး ရထားကြောင်း သိထားသည့်အတွက် ချန်လွေ့ မကျေမနပ် ပြောလိုက်သည်။

“ အမှောင်လမြို့မှာ ချမ်းသာတဲ့ မင်းသမီး ဖြစ်ရတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။ ”

အမှောင်လမြို့၏ စီးပွားရေးသည် အတော်ပင် နိမ့်ကျလှသည်။ပိုက်ဆံသုံးစရာ နေရာ အများကြီး မရှိပေ။ကျေးလက်ရွာကလေး တစ်ရွာကဲ့သို့ပင်ဖြစ်သည်။ပိုက်ဆံရှိလျှင် တောင်မှ ပစ္စည်းကောင်းဝယ်ရန် ခက်ခဲလှသည်။

“ ငါက မချမ်းသာပါဘူး။ ”

အဲလစ်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ ငါ ပိုက်ဆံနည်းနည်းရတိုင်း အစ်မက ပိုက်ဆံနဲ့ပေးမကစားဘူးလို့ပြောပြီး လာယူသွားတယ်။ ”

ချန်လွေ့သည် သူတစ်ပါးဒုက္ခရောက်သည်ကို အားရသည့် ခံစားချက် ရသွားသည်။

ဒါက လူဆိုးလက်ထဲက ပိုပြီးဆိုးတဲ့သူ ပြန်လုတာပဲ။

“ ဒါပေမဲ့ နင်သင်ပေးခဲ့တဲ့ စီးပွားရေးလည်ပတ်နည်းက အသုံးဝင်တဲ့ပုံပဲ။ ”

အဲလစ်သည် မျက်တောင်ခတ်ပြီး ပြုံးပြလိုက်သည်။

“ လူသားအစ်ကိုက ငါ့ထက်ပိုပြီးတော့ အစွမ်းထက်‌တဲ့ပုံပဲ။ဒီပြိုင်ပွဲက ငါပိုက်ဆံနဲ့ပဲ ဆိုင်တာမဟုတ်ဘူး။အမှောင်လမြို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။လူသားအစ်ကိုက ကိုယ့်အသက်ကိုယ် မသေအောင်လုပ်ပြီးတော့ အမှောင်လမြို့ရဲ့ ဂုဏ်သိက္ခာကို ဆက်ထိန်းထားနိုင်မယ့် နည်းလမ်းလေး ဘာလေး စဉ်းစားပေးနိုင်မလား။တစ်ဆက် တည်း...ငါကိုပါ ပိုက်ဆံများများ နိုင်အောင် လုပ်ပေးပေါ့။ ”

“ လူသားအစ်ကို ” ဆိုသည့် ရှက်ဟန်အသံသည် ချန်လွေ့အား ကြက်သီးများ ထသွားစေ လေသည်။သို့သော်လည်း တစ်စုံတစ်ခုအား ချန်လွေ့ စဉ်းစားမိသွားသည်။

ဆရာသခင်စိန်ခေါ်ပွဲ အောင်နိုင်မှုက စစ်တပ်ရဲ့ စိတ်ဓာတ်နဲ့ မြို့သူ/သားတွေရဲ့ စိတ်ဓာတ်ကို တက်ကြွစေခဲ့တယ်။ဒီပြိုင်ပွဲက စိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်ဖို့ သက်သက် ရည်ရွယ်ထားတာပဲ။ဒါက လိပ်ပြာနီနယ်မြေရဲ့အမိန့် ဒါမှမဟုတ် ဘုရင်ခံရဲ့ အမိန့်တောင် ဖြစ်နိုတယ်။

ထိုအတွက်ကြောင့်ပင် ဂျိုးဆက်ပ်သည် ချန်လွေ့၏ စွမ်းဆောင်ချက်အား အများသိစေရန် ကြော်ငြာခိုင်းခဲ့ပြီး ထိပ်ဆုံးရောက်အောင် ချီးမွှမ်းခိုင်းခဲ့သည်။ထို့နောက် ချန်လွေ့အား ရက်ရက်စက်စက် အောက်ဆွဲချမည် ဖြစ်သည်။တစ်နည်းပြောရလျှင် ချန်လွေ့သည် အမှောင်လမြို့အား အရှက်ခွဲရန် ဂျိုးဆက်ပ်အတွက် ပစ္စည်းတစ်ခုသာ ဖြစ်သည်။သတင်း ဖြန့်သည့် အဲလန်အတွက်မှာတော့ အဲလစ်ပြောခဲ့သလိုပင် အသုံးချခံရသည့် ငတုံး တစ်ယောက်သာ ဖြစ်လေသည်။

ချန်လွေ့သည် ဤပြိုင်ပွဲအတွက် ကောင်းကျိုး ဆိုးကျိုးကို ချင့်ချိန်လိုက်သည်။ ဂျိုးဆက်ပ်သည် ဤအရာကို သေချာစဉ်းစားထားသည်။ဤပြိုင်ပွဲ၏ သတင်းမှာ တစ်မြို့လုံးပျံ့နှံ့သွားပြီး လိပ်ပြာနီနယ်မြေမှ နတ်ဆိုးများလည်း လာမည်ဖြစ်သည်။ နတ်ဆိုးဘုံသည် ငကြောက်များအား အရွံကြဆုံးဖြစ်သည်။

ဒါကို ငါရှောင်နေလိုက်ရင် နောက်ပိုင်းမှာ တစ်ခုခုလုပ်ဖို့ ခက်ခဲသွားမယ်။အမှောင်လ မြို့မှာပဲဖြစ်ဖြစ် တခြားနေရာမှာပဲ ဖြစ်ဖြစ်ပေါ့။အရှိန်အဝါရဖို့လည်း ပိုခက်သွားမယ်။ ပြီးတော့လည်း သိုသိုသိပ်သိပ် နေတယ်ဆိုတာက ကြောက်တာနဲ့ မတူဘူး။အောက်ကျို့ ခံရင် တစ်ဖက်ကပိုပြီး ရောင့်တက်လာမယ်။ဂျိုးဆက်ပ်က ငါ့အသက်ကို အသုံးချပြီးတော့ ရှီရာနဲ့ အမှောင်လမြို့ကို တိုက်ခိုက်ချင်တယ်ဆိုတော့ ဒီကြောင်သူတော်ရဲ့ နောင်တရ သွားအောင် လုပ်ပစ်မယ်။

ချန်လွေ့ ခပ်မြန်မြန်စဉ်းစားပြီး မေးလိုက်သည်။

“မင်းသမီးလေး နဲ့ ဂျိုးဆက်ပ်ကြားမှာရှိတဲ့ ပြိုင်ပွဲက တစ်ပွဲတည်းလား။ ”

မူလက အဲလစ်သည် နောက်နေခြင်းသာ ဖြစ်သည်။ချန်လွေ့အား အမှန်တကယ် သေကြောင်းမကြံစေချင်ပေ။သို့သော်လည်း ချန်လွေ့၏မျက်နှာကို မြင်ပြီးနောက် အဲလစ် ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

“ မဟုတ်ဘူး။သုံးပွဲ ပြိုင်ရမှာ။အသီနာ၏ သားရဲ ထိန်းကျောင်းတဲ့ စွမ်းရည်က အမှောင်လ မြို့မှာ ‌အတော်ဆုံးပဲ။အရင်၂နှစ်မှာ သူငါ့ကိုနိုင်အောင် ကူညီပေးခဲ့တယ်။မနှစ်ကဆိုရင် ဂျိုးဆက်ပ် ကိုယ်တိုင်တောင် ရှုံးသွားတယ်။ ”

ချန်လွေ့တွေးလိုက်သည်။

အသီနာ ဆက်တိုက် နိုင်နေရတာက သူအဖေက အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ် ဖြစ်လို့ပဲ။ပြီးတော့အရင်ပြိုင်ပွဲတွေက အခုလောက် အရေးမကြီးသေးဘူး။နောက်ဆုံး အရေးကြီးဆုံး အကြောင်းပြချက်ကတော့ အဲဒီ ကြောင်သူတော်က သူ့ရဲ့အစွမ်းကို တမင်လျှိုထားတာပဲ။

ချန်လွေ့ ခဏ အစ်အောက်ကြည့်လိုက်ပြီး အကြမ်းဖျဉ်းအကြံတစ်ခု ရလိုက်ကာ မေးလိုက်သည်။

“ မင်းသမီးလေး။ငါ့မှာ အကြံတစ်ခုရှိတယ်။နိုင်ဖို့တော့ အာမ မခံနိုင်ဘူး။သရေ လောက်ပဲ။ကံကောင်းသွားရင်တော့ နိုင်နိုင်တယ်။မင်း ဘယ်လောက် သတ္တိရှိလဲ မသိ သေးတာ တစ်ခုပဲ။ ”

“ ငါ သတ္တိရှိရင် ပိုက်ဆံမရှုံးဘူးလား။ပြီးတော့...ပိုက်ဆံတွေကို ပိုတောင် ရနိုင်တာလား။ ”

အဲလစ်သည် “ ပိုက်ဆံ ” ဟူသော စကားလုံးနှင့် ပတ်သက်၍ အသေးစိတ်လှသည်။ ချန်လွေ့ ခေါင်းညိတ်လိုက်သည်ကို မြင်ပြီးနောက် အဲလစ်သည် ရင်ကော့ပြီး ပြောလိုက် သည်။

“ လူစီဖာမိသားစုရဲ့ အဘိဓာန်ထဲမှာ “ အကြောက်တရား ” ဆိုတာမရှိဘူး။အဲလစ်လူစီဖာ ဆိုတဲ့ ငါက မကြောက်တတ်ဘူး။ ”

လိုလီလေး၏ အစွမ်းထက်လှသည့် အရှိန်အဝါသည် ချန်လွေ့အား တုန်လှုပ်သွားစေ ပြီးနောက် အကြမ်းဖျဉ်းအကြံအစည်ကို ခပ်မြန်မြန် ပြောလိုက်သည်။

ချန်လွေ့ အကြံအစည်ကို နားထောင်ပြီးနောက် အသီနာ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စိုးရိမ်သွားသည်။အဲလစ်သည် မဆိုးကြောင်း လက်ဟန်ပြလိုက်ပြီး ခြေဖျား ထောက်ကာ ချန်လွေ့၏ ပုခုံးကို ပုတ်လိုက်သည်။

“ ငါ လူရွေးမမှားခဲ့ဘူးပဲ။နင်က ငါ့အစ်မရဲ့ဘေးက အဘိုကြီး ဂါ့စ် ထက်ပိုပြီး ကောက်ကျစ်တာပဲ။ဒီနေ့ကစပြီး ငါနောက်လိုက်ပြီးဆော့ အကောင်းဆုံးလုပ်ရမယ်။ ”

ထိုကဲ့သို့ချီးကျူးမှုသည် ချန်လွေ့အား လိပ်ပြာမလုံသလို ခံစားရစေသည်။ရုတ်တရက် ချန်လွေ့တစ်ခုခု စဉ်းစားမိပြီး တစ်ဆက်တည်းပြောလိုက်သည်။

“ ငါ့မှာ အရသာရှိတဲ့ သကြားလုံးတစ်လုံး ရှိပါတယ်။အရှင်။မြည်းကြည့်ပေးပါ။ ”

“ ငါက မင်းသမီးပါ။ ”

အဲလစ် အမှန်ပြင်လိုက်သည်။ထို့နောက် သကြားလုံးအား ဆွဲယူကာ စားလိုက်ပြီး ထင်သလောက် မကောင်းကြောင်း ဝေဖန်လိုက်သည်။

အသီနာ၏ မျက်လုံးများ တောက်ပသွားပြီး အဲလစ်သည် “ အဆိပ်ဖြေဆေး ” အား စားလိုက်ကြောင်း သဘောပေါက်သွားသည်။အသီနာသည် ချန်လွေ့၏ ဉာဏ်ပညာအား စိတ်ထဲ၌ ချီးကျူးပြီး ပြောလိုက်သည်။

“ အခုအချိန် သိပ်မရှိတော့ဘူး။ချန်လွေ့က နတ်ဆိုးသားရဲပျံ တစ်ခါမှ မစီးဖူးဘူး။ အခြေခံစီးနင်းနည်းကိုတော့ အမြန်ဆုံး တတ်ကျွမ်းဖို့ လိုမယ်။ ”

“ ကောင်းပြီလေ။ငါဆိုင်သွားပြီး ကြည့်လိုက်ဦးမယ်။အရက်နှစ်ရက်မှာတော့ စီးပွားရေး ပိုကောင်းလာတယ်။မင်းသမီး မရှိလို့မဖြစ်ဘူး။ ”

အဲလစ်သည် ထူးဆန်းစွာပြုံးပြီး ပြောလိုက်သည်။

“ အသီနာ။ချန်လွေ့ကို နင့်ဆီ လွှဲပေးလိုက်ပြီနော်။ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်ပဲ။ အဲဒီအချိန်ကျရင်....နည်းနည်း‌လေး ငြင်ငြင်သာသာ.... လုပ်ဖို့ မမေ့နဲ့။ ”

“ သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်လို့ပဲ အထူးလေ့ကျင့်ဖို့ လိုတာပေါ့။။ ”

အသီနာ သဘောမပေါက်ဘဲ ပြောလိုက်သည်။

“ ငြင်ငြင်သာသာ လုပ်ပြီးဘာလုပ်မလဲ။တစ်ခုခု မခံစားရဘဲနဲ့ ဘယ်လို လုပ်တတ်မှာလဲ။ ”

ချန်လွေ့ ချွေးပျံနေသည်။အဲလစ် ပေါက်ကရ ထပ်ပြောမယ်ကို ကြောက်သည့်အတွက် အသီနာအား ခပ်မြန်မြန် ဆွဲပြီး ပြောလိုက်သည်။

“ အချိန်မရှိဘူးဆိုတော့ မြန်မြန်သွားကြရအောင်။ ”

လိုလီလေး လက်ထဲမှ လွတ်ပြီးနောက်တွင် အသီနာသည် ဂရစ်ဖင်း တစ်ကောင်အား ခေါ်ပြီး ချန်လွေ့နှင့်အတူ မြို့ပြင်ရှိ မြေကွက်လပ်‌ဆီ သွားလိုက်သည်။

ဂရစ်ဖင်းသည် သာမန် နတ်ဆိုးသားရဲပျံ တစ်ကောင်ဖြစ်သည်။သိမ်းငှက်ဦးခေါင်း၊ သားရဲခန္ဓာကိုယ်ရှိသည်။တစ်ကိုယ်လုံး ငှက်မွှေးများပြည့်နေပြီး အတောင်ပံကြီးများ ပါရှိသည်။

ဂရစ်ဖင်းသည် ကြမ်းတမ်းပြီး ရန်မူတတ်သည်။သို့သော်လည်း သက်လုံမကောင်းလှပေ။ ယေဘုယျအားဖြင့် သာမန်တိုက်ပွဲ၌ ခြေမှုန်းရေးတပ်ဖွဲ့အနေဖြင့် သုံး၍ရ‌သည်။ လေကြောင်းတိုက်ပွဲ၏ ဝှက်ဖဲမှာ ဝိုင်ဗန်များ ဖြစ်သည်။၎င်းသည် အဆိပ်ရှိပြီး အစွမ်းထက်လှသည်။အလွယ်တကူ ပျံသန်းနိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်သည်။ တိုက်ပွဲရဟတ်ယာဉ်ဟု သတ်မှတ်နိုင်သည်။စီးနင်းသူများကို နဂါးနိုင်သူရဲကောင်းဟု သမုတ်ကြသည်။ဝိုင်ဗန် ပမာဏအနည်းငယ်ကိုသာ ယဉ်ပါးအောင် ပြုလုပ်၍ရသည်။ ထို့ကြောင့် အင်ပါယာတစ်ခု၌ နဂါးနိုင်သူရဲကောင်း တစ်ယောက် နှစ်ယောက်ရှိလျှင် လုံလောက်ပြီဖြစ်သည်။

တကယ့်ကောင်းကင် အရှင်သခင် ဖြစ်သည့် နဂါးများမှာမူ နတ်ဆိုးဘုံ၌ နဂါးများသည် အပေါ်လောကထက် ရှားပါးပြီး ပို၍ကြမ်းတမ်းကာ ပို၍ အစွမ်းထက်ကြသည်။စီးနင်းဖို့ မပြောနှင့်။မည်သူကမှ ရန်မစရဲပေ။

“ ဒီယဉ်ပါးတဲ့ နတ်ဆိုးသားရဲတွေတော့ ထိန်းချုပ်ရတာ မခက်ဘူး။အကောင်းဆုံးကတော့ သူနဲ့အတူ ရင်းနှီးဖို့ပဲ။ဒါပေမဲ့ အချိန်မရတဲ့အတွက် ရှင့်ကို ‌သူနားလည်လာအောင် လုပ်ရမယ်။ ”

အသီနာသည် ဂရစ်ဖင်း၏ ဦးခေါင်းအား အသာလေးပုတ်လိုက်ပြီး သူ၏ ပါးစပ်ထဲမှာ နိမ့်သံတစ်ခု ထွက်ပေါ်လာသည်။မူလက ကြောက်နေသည့် ဂရစ်ဖင်းသည် ချက်ချင်းပင် လှဲချလိုက်သည်။

ချန်လွေ့သည် ထူးဆန်းစွာ မေးလိုက်သည်။

“ ကုန်းနှီးတွေ၊ဇက်ကြိုးတွေ ဘာလို့ မသုံးတာလဲ။ ”

အသီနာ ခေါင်းခါပြီး ပြောလိုက်သည်။

“ အဲဒါသုံးရင် ဒါကို လေကြောင်းအသေတိုက်ပွဲလို့ ခေါ်ဦးပါ့မလား။ပြီးတော့လည်း လေကြောင်းတိုက်ပွဲအတွက် လိုအပ်ချက်အမြင့်က မီတာ၁၀၀လောက်ကနေ စတယ်။ ”

မီတာ၁၀၀တဲ့လား။ပြီးတော့ အကူပစ္စည်းတွေလည်း မပါဘူး။

ချန်လွေ့ ထိတ်လန့်သွားသည်။

ဒီလေယာဉ်က ချို၃ချောင်ကြံ့လိုမျိုး ဘတ်စ်ကားမဟုတ်ဘူး။နည်းနည်းလေး သတိမထားတာနဲ့ ပြုတ်ကျမှာပဲ။ငါ့ရဲ့ [ နက္ခတ်သဏ္ဍာန် ] အစွမ်းနဲ့တောင် ခံနိုင်လောက်မှာမဟုတ်ဘူး။

“ နတ်ဆုံးဘုံရဲ့ လေကြောင်းတပ်ဖွဲ့ အသိပညာတွေကို လေ့လာရမယ့် အချိန် ရောက်ပြီထင်တယ်။ ”

“ လေထဲမှာ ကြောက်‌မနေနဲ့။ပိုကြောက်လေလေ အန္တရာယ်ပိုများလေလေပဲ။ တကယ်တော့ ကာရံအလိုက်နဲ့ခံစားချက်ကို နင်ကျွမ်းကျင်သွားရင် နတ်ဆိုးသားရဲကို အလွယ်လေး ထိန်းချုပ်လို့ရပြီ။ ”

စကားပြောနေရင်း အသီနာသည် ဂရစ်ဖင်း ကျောပေါ်ထိုင်ကာ လည်ပင်းကို ပုတ် လိုက်သည်။ထို့နောက် ၎င်းသည် ရှေ့၌ အမြန်လွှားခနဲ သွားလိုက်ပြီး တောင်ပံခပ်ကာ ပျံတက်သွားလိုက်သည်။

ချန်လွေ့သည် ကောင်းကင်ပေါ်၌ ဂရစ်ဖင်းစီးကာ ပျံနေသည့် အသီနာအား အားကျစွာ ကြည့်လိုက်သည်။သူ၏ ယခင်ဘဝ၌ လူသားများသည်ကောင်းကင်၌ ပျံသန်းရန် စိတ်ကူး ယဉ်ခဲ့ကြပြီး လေယာဉ်ပျံ တီတွင်ခဲ့သည်။တက္ကသိုလ် ကိုယ်စားပြု ပြိုင်ပွဲတစ်ခုတွင် ချန်လွေ့သည် လေယာဉ် မောင်းကြည့်ခဲ့ရသည်။တိမ်တိုက်များကြား ပျံသန်းပြီး ကမ္ဘာကြီးအား ငုံကြည့်ရခြင်းသည် အံ့ဖွယ်ပင်ဖြစ်သည်။နတ်ဆိုးသားရဲ၏ ကျောပေါ်တွင် အသီနာနှင့်အတူ စီးရခြင်းသည် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းပေမည်။

အသီနာသည် ဂရစ်ဖင်းအား အမြင့်တစ်ခု၌ ပျံသန်းစေရန် ထိန်းညှိလိုက်သည်။အသီနာ၏ ၎င်း၏ ကျောပေါ်တွင် မတ်တပ်ရပ်လိုက်သေးသည်။အရှိန်မြင့် ပျံသန်းရေစဉ်တွင် ဖြစ်သည်။ထိုကဲ့သို့ ခက်ခဲလှသည့် လုပ်ဆောင်ချက်သည် အတော်လေး ကြောက်စရာ ကောင်းလှသည်။

အသီနာသည် တည်ငြိမ်ပြီး လွယ်ကူပုံ ပေါက်နေသည်။လေအရှိန်ကြောင့် သူ၏ ခရမ်းနုရောင်ဆံပင်များ နောက်ဘက်သို့ လွင့်နေပြီး သူ၏ ဝတ်ရုံတိုတိုလေးမှာလည်း ယိမ်းထိုးနေသည်။သို့သော်လည်း သူ၏ခြေထောက်သည် ဂရစ်ဖင်း မဆင်းသက်ခင်အထိ ကျောပေါ်တွင် တည်တည်ငြိမ်ငြိမ် ရပ်တည်နေလေသည်။

All Chapters