← Chapters

အထူးလေ့ကျင့်ရေးအတွင်း မတော်တဆဖြစ်ရပ်များ

Vol. 3 Ch. 32

အထူးလေ့ကျင့်ရေးအတွင်း မတော်တဆဖြစ်ရပ်များ

Vol. 3 Ch. 32

အသီနာ အန္တရာယ်ကင်းကင်းဖြင့် ဆင်းသက်ကြောင်း တွေ့လိုက်သည့်အခါမှသာ ချန်လွေ့ သက်ပြင်းချလိုက်သည်။သူ ရှေ့တက်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ ဒါက အရမ်းအန္တရာယ်များတယ်။သရုပ်ပြတယ်ဆိုရင်တော့ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ”

ချန်လွေ့၏ စိုးရိမ်သည့်မျက်နှာအား တွေ့လိုက်သည့်အခါ အသီနာ ရုတ်တရက် အနည်းငယ် ပျော်သွားပြီး ပြုံးကာ ပြောလိုက်သည်။

“ နင်ဘာကို ကြောက်နေတာလဲ။လာစီးကြည့်စမ်းပါ။ငါသင်ပေးမယ်။ဒီဂရစ်ဖင်းရဲ့ ကျောက အကျယ်ကြီးပဲ။နှစ်ယောက်စီးလို့ အဆင်ပြေပါတယ်။ ”

မူလက ချန်လွေ့သည် မြေပြင်မှနေ၍ အသီနာ အလွယ်တကူ စီးနင်းပျံသန်းနေသည်ကို ကြည့်ရင်း မခက်ခဲလောက်ဟု ထင်ခဲ့သည်။ထို့နောက် အသီနာထံမှ အကြံဉာဏ်တချို့ တောင်းပြီး တရားဝင် ပျံသန်းရေး စမ်းသပ်မှုအား ချန်လွေ့ စတင်တော့သည်။ တစ်ကြိမ် စမ်းသပ်ပြီးမှသာ စိတ်ကူးနှင့်လက်တွေ့ မည်မျှကွာခြားသည်ကို ချန်လွေ့ နားလည် သွားသည်။ဂရစ်ဖင်းကိုစီးရန်ပင် အတော်လေး ကြိုးစားလိုက်ရပြီး နောက်ဆုံးတော့ စီးနင်းနိုင်သွားသည်။ထို့နောက် ဂရစ်ဖင်းသည် ထပြီး ပြေးတော့သည်။အမြန်နှုန်းမှာ ဘေးမှကြည့်ခဲ့ရသည်ထက် ပိုမြန်သကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။အလွန်ကြောက် နေသည့် ချန်လွေ့သည် ငှက်မွှေများအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အမွှေး နှုတ်မိသွားသည်။ထို့နောက်ဟန်ချက်မညီတော့ဘဲ နောက်လန်ကျသွားသည်။

ချန်လွေ့နောက်ရှိ အသီနာသည် ခပ်လှမ်းလှမ်း၌ ဖြစ်သည်။ထိုကဲ့သို့ ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။အသီနာလည်း မရှောင်နိုင်ဘဲ သူ၏လက်ထဲသို့ ချန်လွေ့ ဝင်တိုက် မိသွားသည်။နှစ်ယောက်လုံး မပြုတ်ကျစေရန်အတွက် အသီနာသည် အလိုအလျောက်ပင် လက်နောက်သို့ ထောက်ထားလိုက်သည်။

ယနေ့ အသီနာသည် ဝတ်ရုံတိုတိုလေး ဝတ်ထားသည်။သားရေချပ်ကာလည်း ဝတ်မထားပေ။မဟာဓားကြီးလည်း မယူလာပေ။မို့မောက်ပြီး နူးညံ့နွေးထွေးသည့် အတုံးနှစ်ခုနှင့် ခေါင်းထိမိနေကြောင်း ချန်လွေ့ခံစားလိုက်ရပြီး အမျိုးသမီး ရနံ့ အနည်းငယ်လည်း ရနေသည်။ဖုန်းခနဲ အသံထွက်သွားပြီး ချန်လွေ့၏ခေါင်းသည် ရုတ်တရက် ပြွတ်ကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။အသီနာလည်း ချက်ချင်း ထိတ်လန့်သွားသည်။ဂရစ်ဖင်းသည် သိပ်ဂရုမစိုက်ပေ။အ‌မွှေးနှုတ်ခံရသည့်အတွက် ယားသွားပြီး ပို၍မြန်မြန် ပြေးတော့သည်။

ဂရစ်ဖင်းသည် အလွန်မြန်ဆန်စွာပြေးနေသည့်အတွက် ချန်လွေ့၌ ရှင်းပြရန် အချိန် မရပေ။ဟန်ချက်ညီစေရန်အတွက် သူ၏ခေါင်းကို အသီနာ၏ ရင်သားကြား၌ ထားထား ရပြီး မပြုတ်ကျရန်အတွက် သူ၏လက်က ကိုင်စရာတစ်ခုခု အသည်းအသန် လိုက်ရှာ နေရသည်။နောက်ဆုံး၌ သားရဲသည် ကောင်းကင်ပေါ် ပျံတက်သွားလေသည်။

ချန်လွေ့ နောက်ဆုံး၌ စိတ်အေးသွားသည်။ထို့နောက် အသီနာ အံကြိတ်ကာ ပြောသည်ကို ကြားလိုက်သည်။

“ လူယုတ်မာ။နင်ဘာလုပ်နေတာလဲ။ရှင့်လက်ကို လွှတ်လိုက်။ ”

ချန်လွေ့ သတိပြန်ဝင်လာသည်။သူ၏ခေါင်းသည်သာ အသီနာ၏ ရင်သားကြား၌ ရှိနေသည်မဟုတ်ဘဲ သူ၏လက်တစ်ဖက်မှာလည်း သူ၏ နူးညံ့လှသည့် ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။အသီနာမျက်နှာ နီမြန်းသွားသည်။ ပထမဆုံးအကြိမ်အဖြစ် အသီနာသည် ယောက်ျားလေးတစ်ယောက်နှင့် နီးနီးကပ်ကပ် နေရခြင်းဖြစ်သည်။ အဲဒီ“နေရာ”ကိုတောင် သူ့ရဲ့ခေါင်း ဖိမိသွားတယ်။

လေကြမ်းနေသော်လည်း ထိုယောက်ျားလေး၏ နွေးထွေးမှုနှင့် ကိုယ်သင်းနံ့သည် ပုံမှန်အားဖြင့် ယောက်ျားလေးဆန်သည့် ဓားသမအား ထူးဆန်းစွာ သိမ့်သိမ့်တုန် စေနေသည်။ ချန်လွေ့ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

ဒါက လုံးဝကို မတော်တဆပဲ။ငါတကယ့်ကို တမင်လုပ်တာ မဟုတ်ပါဘူး။

ချန်လွေ့သည် အသီနာအပေါ်၌ မကောင်းသည့်အတွေးများမရှိခဲ့ပေ။သို့သော်လည်း ဤကဲ့သို့ အခြေအနေမျိုးနှင့်ကြုံရသည့်အခါ တုံ့ပြန်မှုမရှိရင် မဖြစ်နိုင်ပေ။သူက သားရဲထက် မဆိုးရင်ပေါ့.....

“ တောင်းပန်ပါတယ်။ ”

ချန်လွေ့ ပြောလိုက်သည်။သို့သော်လည်း သူလက်မလွှတ်ရဲပေ။လက်လွှတ်လိုက်လျှင် ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားပေမည်။ချန်လွေ့သည် ခေါင်းကို ဖြည်းဖြည်းချင်းသာ လှုပ်ရှားနိုင်သည်။သို့သော်လည်း ဤသည်က အသီနာအား ပို၍ပင် စိတ်လှုပ်ရှားစေသည်။ သူ၏ ရင်ဘတ်နောက်၌ နှလုံးခုန်သံအား ချန်လွေ့ သေချာစွာ ခံစားမိနေသည်။သူ၏ နှလုံးခုန်သံသည်လည်း အလိုအလျောက်ပင် အရှိန်မြန်လာသည်။

“ လူယုတ်မာ ”

အသီနာ၏မျက်နှာသည် သွေးထွက်နေသကဲ့သို့ နီသွားသည်။သူတို့သည် ယခု ကောင်းကင်၌ ရောက်နေကြသည်။သူလည်း ပြုတ်ကျမှာကို ကြောက်သည်။အသီနာ သည် လက်တစ်ဖက်ကို အားပြုပြီး သူတို့နှစ်ယောက်အလေးချိန်ကို ထိန်းလိုက်သည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် ချန်လွေ့၏ ကျောအား ရှေ့သို့တွန်းလိုက်သည်။ နောက်ဆုံး၌ ချန်လွေ့သည် အကျပ်အတည်း အခြေအနေမှ လွတ်မြောက်သွားသည်။

ပုံမှန်အနေအထား ပြန်ဖြစ်သွားသည့် ချန်လွေ့သည် အလွန်အမင်း ရှက်နေသည်။ တမင်ရည်ရွယ်ခြင်း မဟုတ်သော်လည်း ခုနက ကိုယ်သင်းနံ့သည် မမေ့နိုင်စရာပင် ဖြစ်သည်။ချန်လွေ့ တောင်းပန်ရန် ပြင်လိုက်စဉ် အသီနာ ပြောလိုက်သည်။

“ ပေါက်ကရတွေ မပြောနဲ့တော့။ငါတို့အခု ကောင်းကင်ပေါ်မှာ။မသေချင်ဘူးဆိုရင် ပျံတတ်အောင်သင်။ ”

ချန်လွေ့သည် အသီနာ၏ ရင်သားမှ နွေးထွေးသည့် ခံစားချက်အား စိတ်ထဲမှ တွန့်ဆုတ် စွာဖြင့် ဖယ်ရှားလိုက်သည်။ထို့နောက် ဂရစ်ဖင်းအား စီးနင်းနည်းကို လေ့လာရန် အာရုံ စိုက်လိုက်သည်။ချန်လွေ့သည် လူသစ်ဖြစ်သည့်အတွက် သူ၏ အမိန့်များနှင့် နတ်ဆိုး သားရဲ၏ လုပ်ဆောင်ချက်များသည် မကိုက်ညီနေပေ။စိတ်ထဲရှိသည့်အတိုင်း ဂရစ်ဖင်း အား မလုပ်စေနိုင်ပေ။ချန်လွေ့ စိုးရိမ်နေစဉ် တစ်စုံတစ်ခုအား ရုတ်တရက် တွေးမိသွား သည်။

ခုနအဖြစ်အပျက်က ရုတ်တရက်ကြီး ဖြစ်သွားတာ။ငါ « သရုပ်ခွဲမျက်လုံး » ကို သုံးဖို့ တကယ်ပဲ မေ့သွားတာပဲ။

ချန်လွေ့သည် ချက်ချင်းပင် « သရုပ်ဖော်မျက်လုံး » အား အသက်သွင်းလိုက်သည်။ ထို့နောက် ဂရစ်ဖင်း၏ နားနားကပ်ပြီး စတင် စကားပြောကြည့်တော့သည်။ဂရစ်ဖင်း၏ ဉာဏ်ရည်မှာ သိပ်မမြင့်လှပေ။စားစရာအများကြီးကျွေးရန် ကတိပေးပြီးနောက်တွင် ချန်လွေ့သည် ၎င်း၏လက်ခံမှုအား အလျင်အမြန်ရသွားသည်။

တဖြည်းဖြည်းနှင့် အသီနာ၏ ဒေါသနှင့်အရှက်တို့သည် အံ့ဩမှုအဖြစ် ပြောင်းလဲသွား သည်။အချိန်ခဏလေး အတွင်းမှာပင် ယခင်က ဘာမှမတတ်သည့် လူသစ်ကလေး ချန်လွေ့သည် ဂရစ်ဖင်းအား ပို၍လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်လာသည်။ခုနက အဖြစ်အပျက်အတွက် သူ ဒေါသမထွက်အားတော့ပေ။အသီနာသည် ချန်လွေ့၏ အမှားများအား ထောက်ပြရင်း လိုအပ်ချက်များကို အလေးပေး ပြောလိုက်သည်။ သုံးလေးခေါက် ပျံသန်းပြီးနောက်တွင် ဂရစ်ဖင်းသည် ချန်လွေ့၏ အမိန့်အတိုင်း တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

« သရုပ်ခွဲမျက်လုံး » တွင် အသီနာ၏ စွမ်းအားပြည့်ဝခြင်းအကဲဖြတ်မှုအား [ E ] ဟုပြသသည်ကို ချန်လွေ့ သတိထားမိလိုက်သည်။သူ နှင့် အတူတူပင် ဖြစ်သည်။ အသီနာသည် ဂျိုးဆက်ပ်၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသည်။အလယ်ဆင့် နတ်ဆိုးထိပ်သီးအဆင့်သို့ ရောက်နေ ပြီဟု အသီနာပြောသည်ကို ချန်လွေ့ သတိရသွား သည်။ပါ့ဂ်လီအို ပြောသည့်အတိုင်းဆိုလျှင် “အယ်ခိတ်” အခြေအနေသည် အလယ်ဆင့် နတ်ဆိုးနှင့် တူညီသည်။သို့သော်လည်း အလယ်ဆင့်နတ်ဆိုးများကြားတွင် အစွမ်း ကွာဟမှုသည် အတော်လေးကြီးမားသည်။ယခုအတွက်တော့ ချန်လွေ့သည် အသီနာ၏ ပြိုင်ဘက်ဖြစ်ရန် ဝေးနေသေးသည်။

ချန်လွေ့ အဖော်မလိုတော့ကြောင့် အသီနာ သတိထားမိသွားပြီး တစ်ယောက်တည်း ပျံသန်းရန် အကြံပေးလိုက်သည်။ယခင် သင်ခန်းစာနှင့်အတူ ဂရစ်ဖင်းနှင့် စကား ကောင်းကောင်းပြောပြီးနောက်တွင် ချန်လွေ့သည် နတ်ဆိုးသားရဲအား ကောင်းကင် ပေါ်သို့ ပျံသန်းအောင် ပြုလုပ်နိုင်သွားသည်။

ချန်လွေ့သည် ကောင်းကင်ပေါ်၌ ဂရစ်ဖင်းကို စိတ်လှုပ်ရှားစွာ စီးနင်းရင်း မြေပြင်ပေါ်ရှိ ရှုခင်းအား ငုံ့ကြည့်လိုက်သည်။ချန်လွေ့သည် အမှန်တကယ်ပင် သီချင်းတစ်ပုဒ် ဆိုချင် စိတ်ပေါက်သွားသည်။ထို့နောက် အသီနာပေးလိုက်သည့် အကြံပေးချက်များကို အသုံးချ လိုက်သည်။၎င်းသည် အမှန်တကယ်ပင် အသုံးဝင်လှသည်။

ချန်လွေ့သည် ဂရစ်ဖင်းအား ကောင်းကင်ပေါ်တွင် ဝါရင့်တစ်ယောက်ကဲ့သို့ အလွယ် တကူပျံသန်းနေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ချန်လွေ့သည် လှုပ်ရှားမှု တသီတသန်းကြီးကို အလွယ်တကူ လုပ်နိုင်နေသည်။အသီနာသည် အမြင်ဝေဝါးနေသည် ဟုပင် ထင်မိသွားသည်။

သူက အစကတည်းက ဟန်ဆောင်နေတာလား။သူက ငါ့ကိုတမင် အသားယူဖို့ ကြိုးစား နေတာလား။ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ ငါထောက်ပြခဲ့တဲ့ အမှားတွေကို တစ်ဆင့်ပြီးတစ်ဆင့် အမှန်ပြင်ပြီးတော့ လိုက်လျောညီထွေအောင် လုပ်နေတာ သေချာ ပါတယ်။ဒီလူသားက ပထမဆုံးပျံသန်းနေတယ်ဆိုတာ သေချာပါတယ်။ဒါပေမဲ့ သူ့ရဲ့ သင်ယူနိုင်စွမ်းနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းက...... လုံးဝကို ကြောက်စရာပဲ။

ပိုပြီးမယုံနိုင်စရာ အကောင်းဆုံးမှာ သားရဲထိန်းကျောင်းခြင်း၌ အခက်ခဲဆုံးဖြစ်သည့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည် ဖြစ်သည်။သို့သော်လည်း ထိုခက်ခဲမှုသည် ချန်လွေ့ အတွက် ပြဿနာ မဟုတ်ခဲ့ပေ။ချန်လွေ့နှင့်သားရဲတို့သည် နှစ်ပေါင်းများစွာ အပေါင်း အဖော် ဖြစ်ခဲ့သည်ဟု ထင်ရသည်။သူတို့၏ အပြန်အလှန်ခင်မင်နားလည်မှုသည် ပို၍ပို၍ ကောင်းမွန်လာပြီး ကျွမ်းကျင်သည့် သားရဲထိန်းကျောင်းသူ တစ်ယောက်သာ ရရှိနိုင်သည့် “ သားရဲနှင့်လူ တစ်သားတည်း ” အခြေအနေသို့ ရောက်ရှိလုမတတ် ဖြစ်သွားသည်။

“ ဒီလူ.... ”

အသီနာသည် တစ်မျိုးကြီးခံစားနေရသည့် ရင်သားများအား နှိပ်နယ်လိုက်သည်။သူ၏ နှလုံးခုန်သံများ အနည်းငယ် မြန်ဆန်သွားကြောင်း ခံစားလိုက်ရပြီး သူ၏မျက်နှာ ပူနွေး သွားသည်။ ချန်လွေ့ ပျံသန်း၍ ဝပြီးမှသာ ဖြည်းဖြည်းချင်း ဆင်းလာသည်။အသီနာ ရှေ့တက်ပြီး စစ်ဆေးကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ နင့်ရဲ့ သားရဲထိန်းကျောင်း ပါရမီက ငါထက်သာတယ်ဆိုတာ ဝန်ခံရမယ်။ပြိုင်ပွဲဝင်ပြိုင်ဖို့ ပြဿနာ မရှိတော့ဘူး။ဒါပေမဲ့ နင်ကအခု ပျံသန်းရေး အခြေခံပဲ တတ်သေးတယ်။တကယ့် စိန်ခေါ်မှုက တိုက်ပွဲတွင်းမှာပဲ။ဒါပေမဲ့လည်း ကောင်းကင်က မှောင်နေပြီ။အချိန်မရှိ တော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ရှင့်မှာ အကြံအစည်တစ်ခု ရှိရင်တောင်မှ မနက်ဖြန်ကျရင် သတိလက်လွတ်ဖြစ်လို့ မရဘူး။ ”

အသီနာသည် ရုပ်တည်ဖြင့် အေးစက်စက် ပြောနေသော်လည်း သူ၏ စကားလုံးများ၌ စိုးရိမ်မှုကို ချန်လွေ့ ခံစားနေရသည်။ချန်လွေ့သည် သကြားလုံးနှစ်လုံး ထုတ်လိုက်ပြီး ပြောသည်။

“ ဒါနဲ့ ဒါတွေက ဒီနေ့ အဆိပ်နဂါးဆီကနေ တောင်းထားတဲ့ အဆိပ်ဖြေဆေးတွေပဲ။ဒါက သုံးလခံတယ်။အပတ်တိုင်းသွားစရာ မလိုတော့ဘူး။မင်းသမီးလေးက စားပြီးပြီ။မင်းတစ်ခု အရင်စားလိုက်။ပြီးရင် ခီရာကို ကျွေးလိုက်။အဆိပ်လုံးဝ ပြေစေဖို့အတွက် အမြန်ဆုံး နည်းလမ်းရှာပေးမယ်။ ”

နောက်ပိုင်း အထူးလေ့ကျင့်မှုများတွင် အသီနာအား ခေါ်လာ၍ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အငြင်းအငုံမဖြစ်စေရန်အတွက် ချန်လွေ့သည် “ အဆိပ်ဖြေဆေး ” ၏ အာနိသင်ကြာချိန်အား တိုးမြှင့်လိုက်သည်။

အသီနာသည် သူ၏ မိတ်ဆွေသာ မဟုတ်ပေ။အင်ပါယာရှိ ပထမဆုံး ဗိုလ်ချုပ်၏ သမီး လည်း ဖြစ်သည်။အဲလစ်၏ သူငယ်ချင်းလည်း ဖြစ်သလို တော်ဝင်မင်းသမီး အလွန် တန်ဖိုး ထားသူလည်း ဖြစ်သည်။သဟဇီဝစာချုပ် မဟာမိတ်အား အန္တရာယ်မဖြစ်စေရန်နှင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဤကဲ့သို့ပင် ဆက်လိမ်ညာရပေမည်။

ပါ့ဂ်လီအိုရဲ့ အကြံအတိုင်း “ အသီနာကိုရဖို့ ” ချန်လွေ့ တကယ်ကြီး မလုပ်ရင်ပေါ့။

သို့သော်လည်း ချန်လွေ့သည် ထိုအကြံအား လက်လျှော့ရန် ဆုံးဖြတ်ခဲ့သည်မှာ ကြာလေပြီ။ချန်လွေ့သည် အသီနာအား အစကတည်းက မလိမ်ညာချင်ပေ။ယခုတော့ ချန်လွေ့တွင် ကိုယ်ပိုင်အစွမ်း ရှိနေပြီဖြစ်သည်။ထို့ကြောင့် အသံတိတ်ည စိမ့်မြေဆီသို့ တစ်ယောက်တည်း သွားနိုင်လေပြီ။အသီနာ၏ အခွင့်အရေးယူရန် မလိုတော့ပေ။

သို့သော်လည်း အသီနာလည် လှပသည်။ရွှင်ပျသည်။ဂရုဏာကြီးသည်။သဘောထား ကြီးသည်။ချန်လွေ့သည် သူအား ခံစားချက်ရှိသည်မှာ သဘာဝကျသည်။သို့သော်လည်း ယခုအချိန်တွင် ချန်လွေ့၌ အပိုစွမ်းအင် မရှိပေ။

အဆိပ်ခတ်ခံကြောင်း အလိမ်အညာလေးကိုတော့ « အလင်းအမှောင်သော့ခလောက် » ကို ပါ့ဂ်လီအို ဖယ်ရှားပြီးမှပဲ ပြန်တောင်းပန်တော့မယ်။

သကြားလုံးအား အသီနာ တိတ်ဆိတ်စွာ စားနေသည်ကိုမြင်ပြီး အညှိုးထားနေသေး ကြောင်း ချန်လွေ့ သိလိုက်သည်။ချန်လွေ့သည် အလျင်အမြန် တောင်းပန်လိုက်သည်။

“ ခုနကဖြစ်ခဲ့တာက …... ”

ထိုအချိန်တွင် အကဲဖြတ်မှု မြင်ကွင်းသည် ချက်ချင်းပြောင်းလဲသွားသည်။အသီနာ၏ [ E ] အဆင့် အစွမ်းသည် ချက်ချင်းပင် [ D ] အဆင့်သို့ မြင့်တက်သွားသည်။အသီနာ၏ အရေပြားသည် အနီရောင်ပြောင်းသွားပြီး မထင်ရှားသည့် ချို၂ချောင်းသည် သူ၏ခေါင်း၌ ထွက်ပေါ်လာသည်။ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာပင် စမတ်ဒေါင်းအကွက်နှင့်တူသည့် အကွက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ချန်လွေ့ လန့်သွားသည်။သို့သော်လည်း အသီနာ၏ အစွမ်းထိန်းချုပ်မှုမှာ တိကျ လွန်းသည်။ထိုကဲ့သို့ ကြမ်းတမ်းပြီး မြန်ဆန်သည့်အကွက်ဖြင့် ချန်လွေ့သည် မြေပြင် ပေါ်သို့ ညင်သာစွာ ကျသွားသည်။ချန်လွေ့၏ခေါင်း မထိခဲ့ပေ။

ထို့နောက် မမျှော်လင့်ထားသည့်အရာများ ဖြစ်ပျက်သွားသည်။

အသီနာသည် ချန်လွေ့ကို ကျောခိုင်းရင်း ခုန်လိုက်သည်။ပြန်ကျလာသည်အခါ သူ၏ ခေါင်းသည် ချန်လွေ့၏ ရင်ဘတ်ပေါ် တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။ ကံကောင်းစွာပင် ထိုအချိန်၌ သူသည် သာမန်ပုံစံ ပြန်ဖြစ်သွားလေပြီ။သို့မဟုတ်ပါက သူ၏ ချို၂ချောင်းသည် ချန်လွေ့အား အလွန် နာကျင်စေလိမ့်မည်။သို့သော်လည်း သူ၏ ရင်ဘတ်အောင့်သွားပြီး ကြယ်စွမ်းအင်အသုံးပြုကာ ခုခံလိုက်ရသည်။

အသီနာ၏ ခေါင်းသည် ချန်လွေ့၏ ရင်ဘတ်ပေါ် ပြင်းပြင်းထန်ထန် ကျရောက်သွားပြီး ချန်လွေ့၏ ပေါင်ကို လိုက်ကိုင်‌နေသည်။အတိအကျပြောရလျှင် ခပ်ကြမ်းကြမ်း ဆွဲဆိတ်ခြင်း ဖြစ်သည်။ထို့နောက် အသီနာ ခုန်ထလိုက်ပြီး လက်ခါကာ ခက်ခက်ထန်ထန် ပြောလိုက်သည်။

“ ဒါပဲ။ငါတို့ ကျေသွားပြီ။ဒီနေ့ဖြစ်ခဲ့တာတွေ အဲလစ်ကိုရော၊ဘယ်သူ့ကိုမှရော မပြောနဲ့။ မဟုတ်လို့ကတော့ ငါနင့်ကို ခွင့်မလွှတ်ဘူး။ ”

ဂရစ်ဖင်းနှင့်အတူ အသီနာထွက်သွားသည်ကို မြင်သည့်အခါ ချန်လွေ့ကြောင်နေပြီး ထရန်ပင် မေ့သွားသည်။

ဒါက တကယ့်ကို ယောက်ျားဆန်တာပဲ။သူတယ်ကြီး ဒီလိုနည်းကို သုံးသွားတယ်..

အသီနာနဲ့ငါက အဆင်ပြေနေပြီ ထင်ထားတာ။ပြောလို့မရပါဘူးလေ....

မင်းသမီးလေးရဲ့ စိတ်နှလုံးမကောင်းတဲ့ အရှိန်အဝါကြောင့် အသီနာရဲ့ “ အင်အားကြီးမားမှု ” ကို ငါသတိမထားမိတာလား။ဒါက မိုက်ကယ်ဂျော်ဒန် ဘေးနားက လျို့ဝှက် ဖစ်ပင် လိုမျိုးပဲ။မဟုတ်သေးဘူး။အဲဒီဥပမာက ကိုးရိုးကားယား ဖြစ်လွန်းတယ်။ မူကွေ့ယင် နားက ယန်ပိုင်ဖုန်း ဆိုရင်ကော။အဲဒါလည်း မဟုတ်သေးဘူး။ဒါက တအား လွန်လွန်းတယ်။

ချန်လွေ့စိတ်ထဲ၌ ဒိဟဖြစ်နေသည်။ချန်လွေ့သည် ကျန်ရှိနေသည့် ကိုယ်သင့်ရနံ့ အငွေ့အသက်လေးအား ရှူသွင်းလိုက်သည်။ချန်လွေ့၏ အတွေးများ ဗြောင်းဆန် သွားသည်။ကောင်းကင်ပေါ်၌ ရှိနေစဉ်က နူးညံ့လှသည့် ရင်သားတို့၏ နွေးထွေးမှုဟု သူသေချာ ခံစားမိသည်။

အသီနာလှည့်ထွက်သွားစဉ်က သူ၏ နားရွက်များ နီမြန်း နေသည်ကို ချန်လွေ့ မသိခဲ့ပေ။ မျက်နှာချင်းဆိုင်ဘက်၌ ယခု တစ်စုံတစ်ယောက် ရှိမည်ဆိုလျှင် ရှက်သွေးဖြာနေသည့် မျက်နှာသည် အမှောင်လမြို့၌ ရဲစွမ်းသတ္တိကြောင့် ကျော်ကြားသည့် နတ်ဆိုးမ အသီနာ ဖြစ်သည်ဟု ယုံကြည်ကြမည် မဟုတ်ပေ။

“ မဟုတ်ဘူး။ငါ့ချစ်တဲ့ယောက်ျားက ငါ့ထက် ပိုအစွမ်းထက်ရမယ်။ ”

အသီနာက စိတ်ထဲ၌ ကိုယ့်ကိုယ်ကို သတိပေးနေသည်။သို့သော်လည်း သူ၏ ပါးနှစ်ဖက်မှာ ပူနွေးနေဆဲဖြစ်သည်။

All Chapters