လျှို့ဝှက်မိသားစု၏ အပြောင်းအလဲများ
Vol. 117 Ch. 1627
ရှီမာယူယူသာ အနိုင်ကျင့်ခံရသည်ဟု ပြောလာပါက သူသည် ထိုလူကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပိုင်းဖြတ်လိုက်မည်ဖြစ်သည်။
“အဖေ သမီးအဆင်ပြေပါတယ် သမီး ခဏလောက် လမ်းလျှောက်ရင်းနဲ့ အိမ်ပြန်တဲ့လမ်းမှာ သခင်လေးမိုနဲ့တွေ့လို့ အတူပြန်လာကြတာပါ” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်လား” ဆရာဖန်သည် သံသယအကြည့်ဖြင့် မေးလေသည်။
“ဟုတ်တယ် ဆရာတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ ဆရာ ကျွန်မ ပြောစရာရှိတယ် အရင်ဆုံးအခန်းထဲကို သွားကြမယ်” ရှီမာယူယူ ပြောလိုက်ပြီး နောက် မိုရှဲယန်ကို အားနာစွာဖြင့် ခေါင်းညိတ် နှုတ်ဆက်ကာ သူတို့ နှစ်ယောက်ကို တစ်ဖက်စီဆွဲသွားလိုက်သည်။
သူမ၏ ထိုအပြုအမူကို မြင်သောအခါ မိုရှဲယန်သည် နှုတ်ခမ်းတွန့်မိ သည်။ ဒီလိုပုံစံက ဘယ်လိုဖြစ်ပြီး ရှဲဝူနဲ့ သွားတူနေရတာလဲ။
ရှီမာယူယူသည် သူတို့နှစ်ယောက်ကို အခန်းထဲသို့ ဦးဆောင်ခေါ်သွားပြီး တခြားသူများကိုပါ ခေါ်လိုက်ကာ ထောင်ယိရွှမ်ဆီမှ စာကိုပြလိုက်သည်။
စာထဲတွင် ပြောထားသည်မှာ ရှုဂျင်းတို့သည် ပြိုင်ပွဲတွင် ပထမရပြီး နောက် ဟောမိသားစုဆီသို့ ဧည့်သည်အဖြစ် ဖိတ်ကြားခံရသည်ဟု ရေးထား သည်။
သို့သော် ထိုနေ့က ထွက်သွားပြီးကတည်းကပင် ပျောက်သွားခဲ့ကြသည်။ သူတို့သည် ဟောမိသားစု၏ အဖမ်းခံရပြီး အကျဉ်းချခံထားရခြင်းဖြစ်မည်ဟု ထောင်ယိရွှမ် ခန့်မှန်းထားသည်။
“ဒါသာ အမှန်ဆိုရင် ဟောမိသားစုက တကယ်လွန်တာပဲ” ဟန့်မြောင်ရွှမ် နှင့်တခြားသူများသည် ရှုဂျင်းတို့ နံရံလေးဘက်ကာရံထားသော အခန်းကျဉ်း လေးထဲတွင် အပိတ်ခံထားရမည်ကို တွေးမိပြီး ဒေါသထွက်နေကြသည်။
တစ်နည်းအားဖြင့် ရှီမာယူယူသည် စာကိုကြည့်လိုက်ရာ တစ်ခုခုလိုနေ သည်ဟု ခံစားမိသဖြင့် ရေဇလုံထုတ်ကာ ရေလောင်းထည့်ပြီး ရေစိမ်လိုက်သည် နှင့် စာအနောက်ခြမ်းတွင် စာများရှိနေသည်ကိုတွေ့လိုက်ရသည်။
“ဟောမျိုးနွယ်က အခြေခိုင်တယ်၊ အညှာတာမဲ့လုပ်ဆောင်တတ်တယ်၊ လူတွေအများကြီးကို ကောက်ကျစ်စဉ်းလဲတဲ့ပုံစံနဲ့ အကျဉ်းချတတ်တယ်၊ မင်းတို့ရဲ့ ဆရာတွေလည်း အကျဉ်းချခံထားရနိုင်ချေများတယ်၊ ဟောမျိုးနွယ် က ဂုဏ်သိက္ခာမရှိဘဲ အဲဒီကိစ္စတွေကိုလုပ်နေတာ အဲဒါကြောင့် တစ်ခါ အကျဉ်း ကျသွားရင် လွတ်လမ်းမမြင်ဘူး၊ မင်း သူတို့ကိုကယ်ချင်ရင် အထဲကို တစိမ့်စိမ့် တိုးဝင်မှရမယ်၊ ဒီဘက်မှာတော့ အဲဒီလူတွေကို သူတို့ဘယ်မှာအကျဉ်းချထား လဲဆိုတာကို ငါ စုံစမ်းပြီးပြီ”
စာများအနောက်တွင် ရိုးရှင်းစွာဆွဲထားသော မြေပုံများရှိနေသည်။
“အဲဒီတော့ ဟောမျိုးနွယ်ထဲကို ဝင်ဖို့နည်းလမ်းရှာရမယ်ဆိုတဲ့ သဘော ပေါ့ ဆရာတို့သာ တကယ်ပဲ အကျဉ်းကျနေရင် အထဲကနေပဲ ကယ်လို့ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ဟောမျိုးနွယ်ရဲ့အိမ်ကို ဝင်ဖို့က လွယ်မှာမဟုတ်ဘူး မဟုတ်ရင် ထောင်ယိရွှမ်ကလည်း ငါတို့ကို ဒီလိုသတိပေးမှာမဟုတ်ဘူး” ဟွမ်ရင်ရင် ပြော လိုက်သည်။
“တကယ်တော့ အရမ်းလွယ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာအဓိပ္ပာယ်လဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတရာကို သတိရသွားသည့်အလား မျက်လုံးများပြူးကျယ် သွားသည် “အဲလိုပုံစံအတိုင်းဝင်မယ်လို့ ဆိုလိုတာလား”
“စာထဲမှာ ပြောထားသလိုပဲ ဟောမိသားစုက ပါရမီရှင်တွေကို အရမ်း စိတ်ဝင်စားတယ်၊ ညီမတို့သာ သူတို့ရဲ့အာရုံကို ဆွဲဆောင်နိုင်ရင် ကိုင်တွယ်ဖို့ လွယ်သွားပြီလေ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ဒီပြိုင်ပွဲမှာ ဘယ်သူပဲဖြစ်ဖြစ် ပထမရဖို့တော့လိုနေပြီ”
“အဲဒါတော့ စိတ်မပူနဲ့ ငါတို့က မင်းရဲ့ဆေးပညာကို မြင်လာခဲ့ကြတာပဲ ဘယ်သူက မင်းနဲ့ယှဉ်နိုင်မှာလဲ၊ မင်းက သေချာပေါက် ပထမရမှာပဲ၊ အဂ္ဂိရတ် ပညာကိုတော့ အကောင်းဆုံးကြိုးစားရမှာပဲ၊ ငါတို့နိုင်လို့ ဝင်သွားခဲ့ရင်လည်း မင်းကို ကူညီနိုင်တယ်၊ မနိုင်ရင်တော့ မင်းနဲ့အတူ ဝိညာဉ်စေတီထဲကလိုက်မယ်” ကျန်းကျူးရှန့်ပြောလိုက်သည်။
“ဟုတ်ပြီ အဲလိုလုပ်ရအောင်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
အားလုံးသည် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲနှင့် ပတ်သက်ပြီး အချိန်ယူ ကာ လေ့လာကြသည်။ သို့သော် ထောင်ယိရွှမ်သည် ထိုနေရာမှ အခြေအနေကို အသေးစိတ်စုံစမ်းထားသည့် တခြားသတင်းများကိုပို့ လာသည်။
ရှီမာယူယူသည် သတင်းကြားပြီးနောက် စားပွဲပေါ်တွင် လက်ဖက်ရည်ကို အတိုင်းသားထားကာ အချိန်တစ်ခုကြာသည်အထိ ငေးငိုင်မိသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲမှာ တရားဝင်စရာ ရှီမာယူယူသည် မိုမိသားစုနှင့်အတူ ပြိုင်ပွဲကွင်းဆီသို့ ချီတက် လေသည်။ ဤနေရာတွင် အသိအကျွမ်းနှင့်တွေ့ရလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။
တုန်လိုင်လီသည် ရှီမာယူယူကို မြင်သောအခိုက်တွင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သို့သော် သူမမျက်လုံးများသည် တားမရသော အမုန်း တရားများဖြင့်ပြည့်နေကာ… လူသတ်မည့်အကြည့်ဖြစ်နေသည်။
သူမသည် ရှီမာယူယူကို သတ်ချင်သည်။
ရှီမာယူယူသည် ထိုမိန်းကလေးကို မည်သို့ကိစ္စများ ဖြတ်ကျော်လာခဲ့ သည်ကို မသိသော်လည်း သူမ မျက်လုံးမှ လူသတ်မည့်အကြည့်များကို မဖုံးကွယ်နိုင်သည်ကို မြင်နေရသည်။ သူမကို စီနီယာကြီး ကြီးမြတ်သောဝူလင်း လက်ထဲကနေ ကယ်ပေးခဲ့တာကို မေ့သွားပြီလား။
သူမ စိတ်များ ညစ်ညူးသွားသည်။ ထိုစဉ်က သူမသည် ဝံပုလွေရိုင်းကို ကယ်ရမည်ကို သိခဲ့သည်။ အခုပြန်ကြည့်သော် သူမ၏ ခန့်မှန်းချက်များမှာ မှန် နေသည်။
ထို့အပြင် နောက်တစ်ယောက်မှာ သူမ မမြင်ချင်သော တုနန်ဟော်ဖြစ် သည်။
တုနန်ဟော်သည် ရှီမာယူယူအား တွဲလွဲခိုထားသော ကံကောင်းလေးကို မြင်သောအခါ သူ့မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ အကြည့်များမှာ လည်း အနည်းငယ် ရှုပ်ထွေးသွားသည်။
သူ ကြီးမြတ်သောဝူလင်းလက်ထဲတွင် သေအံ့ဆဲဆဲဖြစ်သည့်နေ့က စိတ် အာရုံတခြားနေရာသို့ရောက်နေချိန်တွင် သူ လျှို့ဝှက်နည်းကိုသုံးကာ လေဟာ ပြင်ကို ဖြတ်ပြီးထွက်ပေးလာ၍သာ ဤနေရာတွင် ရပ်တည်ရန် အခွင့်အရေးရခဲ့ ခြင်းဖြစ်သည်။ အခုကြည့်တော့မှ ဒီကောင်လေးက ကြီးမြတ်သောဝူလင်းနဲ့ တူ မနေဘူးလား။
ရှီမာယူယူသည် ထိုနှစ်ယောက် တီးတိုးပြောနေပုံကို မြင်သောအခါ အနည်းငယ် အံ့ဩသွားမိသည်။
ဒီနှစ်ယောက်က ဘယ်လိုလုပ် အတူရှိနေတာလဲ။ တစ်ယောက်နဲ့ တစ် ယောက် ကိုက်နေကြတာမဟုတ်ဘူးလား။ ဒီလိုအချိန်တိုအတွင်းမှာ တစ်ခုခု များ အပြင်းအထန်ဖြစ်ခဲ့ကြတာလား။ သူမ ဘာသတင်းမှ မကြားမိတာဖြစ် မယ်။
သူမ မသိသည်မှာ သူမ မျက်လုံးထဲမှ သေးငယ်သောကိစ္စသည် တခြားသူ များ မျက်လုံးထဲတွင် ကြီးကျယ်သောကိစ္စဖြစ်နေတတ်သည်။
တုန်လိုင်လီသည် ရွှမ်ချုံးဟော်ကို ဖွင့်ပြောခဲ့ကာ အငြင်းခံရသည်ကို သိသလို ရွှမ်ချုံးဟော်သည် သူမကို သဘောကျသည်ကိုလည်း တုန်လိုင်လီ သိသည်။
တချို့လူများသည် သူတို့ဘာသာ ဘာမှမဟုတ်သော်ငြား သူမ တည်ရှိနေ မှုကိုပင် မနှစ်သက်တတ်ကြပေ။
မိုရှဲဝူသည် ရှီမာယူယူ ထိုနှစ်ယောက်ကို ကြည့်နေသည်ကို မြင်သောအခါ ပြောလိုက်သည် “အဲနှစ်ယောက် စေ့စပ်ပြီးပြီလို့ကြားတယ် တုနန်မျိုးနွယ်နဲ့ တုန်လိုင်မျိုးနွယ်က သူတို့မင်္ဂလာပွဲပြီးတာနဲ့ ပေါင်းသွားတော့မှာ”
“စေ့စပ်ထားတယ်ဟုတ်လား” ရှီမာယူယူသည် ထိုသတင်းကြားလိုက်ရ သောအခါ ပို၍ပင်အံ့ဩသွားသည်။ တုန်လိုင်လီက ရွှမ်ချုံးဟော်ကို ကြိုက်တာ မဟုတ်ဘူးလား။ သူမက ဘာလို့ တုနန်ဟော်နဲ့ စေ့စပ်လိုက်တာလဲ။
“ဟုတ်တယ်” မိုရှဲဝူ ခေါင်းညိတ်ပြီး တုန်လိုင်လီဘက်သို့ အထင်သေးစွာ ကြည့်လေသည် “မင်းကိုပြောမယ် လျှို့ဝှက်မိသားစုတွေက ကောင်းတာ ဘာမှ မရှိဘူး၊ သူမက ရွှမ်ချုံးဟော်ကို ကြိုက်တယ်လို့ပြောနေတာလေ၊ ဒါပေမဲ့ ရွှမ်ချုံးဟော်က သူမကို လှည့်မကြည့်တာနဲ့ မျက်စိတစ်မှိတ်အတွင်း နောက် ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်သွားတာပဲ”
“အငြင်းခံရတယ်ဟုတ်ဘား ဘယ်တုန်းကဖြစ်သွားတာလဲ”
“ငါထင်တာတော့ သိပ်မကြာသေးဘူး” မိုရှဲဝူ ပြောလေသည် “ဘာလို့လဲ သူတို့ကိုသိလို့လား”
“ဟုတ်တယ် သိတယ်လို့ပြောလို့ရတာပေါ့”
“ဒါဆိုလည်း မင်းဂရုစိုက်တာ ပိုကောင်းမယ် သူတို့နှစ်ယောက်လုံးက မင်း ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေတာ” မိုရှဲဝူသည် တိုးညင်းစွာ သတိပေး လေသည်။
“ညီမလေး ငါပြောမယ် အဲလိုလူကို မကယ်ခဲ့သင့်ဘူး၊ မင်းက သူမကို ကယ်ခဲ့တယ် ဒါပေမဲ့ သူမကတော့ မင်းကိုသတ်ချင်နေတယ် ပြောဦးမယ် သူမ ကို ဘာလို့ကယ်ခဲ့တာလဲ” ဟန့်မြောင်ရွှမ်သည် တုန်လိုင်လီအား ရွံရှာမှုအပြည့် ဖြစ်နေသည်။
မိုရှဲဝူသည် ရှီမာယူယူအား တအံ့တဩကြည့်ပြီး မေးလိုက်သည် “မင်းက သူမကို ကယ်ခဲ့တာလား”
“အစတုန်းကတော့ သူမကို မကယ်ချင်ပါဘူး ဒါပေမဲ့ ရွှမ်ချုံးဟော်ကြောင့် သာ သူမကို ခေါ်လာရတာ” ရှီမာယူယူ ပြန်ဖြေလိုက်ပြီးနောက် ရှေးဟောင်း သတ္တုတွင်းမှကိစ္စကို အကျဉ်းချုပ်ပြောပြလိုက်သည်။
“ကျွတ် ကျွတ် အဲဒါတောင် အဲဒီမိန်းမက မင်းကိုသတ်ချင်နေသေးတာ သူမက တကယ်ပဲ…” မိုရှဲဝူသည် ခေါင်းခါယမ်းလိုက်ပြီး တုန်လိုင်လီကို ပို၍ပင် စိတ်ပျက်သွားလေသည်။
“မင်းက လျှို့ဝှက်မိသားစုတွေကို သိလို့လား” ရှီမာယူယူ သူမကို မေး လိုက်သည်။
“လျှို့ဝှက်မိသားစုတွေက ပျောက်ဆုံးနေတဲ့နယ်မြေကိစ္စတွေမှာ အမြဲတမ်း ဝင်ပါတယ်လေ အဲဒါကြောင့် သူတို့ကိုသိတယ် ဒါပေမဲ့ အဲမိန်းမကို တော့ သဘောမကျပါဘူး သူမက လက်စားချေတတ်လိမ့်မယ်လို့ ထင်မထားမိ ဘူးပဲ” မိုရှဲဝူသည် သဘောမကျစွာပြောလိုက်သည်။
***