← Chapters

သရေကျသွားခြင်း။မမျှော်လင့်ထားသည့် ပြိုင်ပွဲဝင်

Vol. 3 Ch. 34

သရေကျသွားခြင်း။မမျှော်လင့်ထားသည့် ပြိုင်ပွဲဝင်

Vol. 3 Ch. 34

အသီနာသည် ဂျိုးဆက်ပ်အား လျစ်လျူရှုထားလိုက်သည်။ထို့နောက် လီယို၏ သွေးပျက်ဖွယ်ခန္ဓာကိုယ်အား တစ်ချက်ကြည့်ပြီး သားရဲပျံပေါ်မှ ခုန်ဆင်းကာ အမှောင်လမြို့ အထူးပုဂ္ဂိုလ် ထိုင်ခုံများဆီသို့ ပြန်သွားလိုက်သည်။

အဲလစ် နှင့် ချန်လွေ့တို့သည် အသီနာအား နှုတ်ဆက်လိုက်သည်။အဲလစ် ပြုံးပြီး ပြောလိုက်သည်။

“ အသီနာသေချာပေါက် နိုင်မယ်ဆိုတာငါသိတယ်။မိုးပေါ်ကနေ ပြုတ်ကျမှာ ကြောက်တဲ့ သူလိုမျိုး မဟုတ်ဘူးလေ။ ”

“ ဟမ့်။အဲဒါကို စိုးရိမ်စရာ မလိုပါဘူး။ငါတို့ မဟာနတ်ဆိုးတွေမှာ ခုန်ကူးအစွမ်းတစ်ခု ရှိတယ်။အဲဒါကို ငါမသုံးရင်တောင် ငါက အမြင့်ဆင့်နတ်ဆိုး ဖြစ်နေပြီလေ။ပြုတ်ကျ ရင်တောင် ပြဿနာ မရှိဘူး။ ”

အသီနာသည် ချန်လွေ့အား ဖြတ်ခနဲကြည့်လိုက်သည်။သူသည် ချန်လွေ့အား ဂရုမစိုက်ပေ။သို့သော်လည်း သူ၏ နှလုံးသားထဲ၌ ထူးဆန်းသော နွေးထွေးမှုတစ်ခု ရှိနေသည်။

အသီနာ၏ အေးစက်စက် အမူအရာအား ရင်ဆိုင်ရသည့်အတွက် ချန်လွေ့ အပြစ်ရှိသလို ခံစားလိုက်ရသည်။

ငါနည်းနည်းပဲ မတော်တဆ ထိမိတာ မဟုတ်လား။အဲ..မဟုတ်ဘူး။ နည်းနည်းတော့....များ...တယ်။

အသီနာသည် အမြင့်ဆင့်နတ်ဆိုးသို့ အဆင့်တက်သွားပြီဖြစ်သည်။ထို့ကြောင့် မနေ့က သူ၏အစွမ်းသည် « သရုပ်ခွဲမျက်လုံး » ၌ [ D ] ဟုပြသခြင်းဖြစ်သည်။

“ နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုလွဲနေသလိုပဲ။ရန်ဖြစ်ထားတာလား။ ”

လိုလီလေး၏စကားကြောင့် ချန်လွေ့ အတွေးများ ပြန်လည် စုစည်းလိုက်ပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။

“ ဘာမှမဟုတ်ပါဘူး။မနေ့က အထူးလေ့ကျင့်ရေးမှာ ....ငါ အသုံးမကျခဲ့လို့ပါ။အဲဒါကြောင့် အသီနာ စိတ်ပျက်နေတာပါ။ ”

မနေ့က အထူးလေ့ကျင့်ရေးအကြောင်း ကြားသည့်အခါ အသီနာသည် သူ၏မျက်နှာ လောင်ကျွမ်းနေသလို ခံစားရ‌နေသည်။ထိုအချိန်၌ ဂျိုးဆက်ပ် စကားပြောလိုက်သည့် အတွက် အဲလစ်၏ အာရုံစိုက်မှုသည် သူ့ထံသို့ ပြောင်းသွားသည်။

“ လီယိုက နိုင်လိုစိတ်ပြင်းပျပြီး‌တော့ ပြိုင်ပွဲစည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်။အဲဒါကြောင့် ကျုပ်သူ့ကို အပြစ်ပေးပြီးပြီ။ဒီပွဲမှာတော့ ကျုပ်တို့ ရှုံးပါတယ်။အမှောင်လနယ်မြေကို တောင်းပန်ပြီးတော့ လေးစားမှု ပြသဖို့အတွက် ဒုတိယပွဲမှာ ကျုပ် ဂျိုးဆက်ပ် အယ်ဗင် ကိုယ်တိုင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ”

ထိုသို့ပြောပြီးသည့်နှင့် မျက်လုံးအားလုံးသည် ဂျိုးဆက်ပ်အပေါ်သို့ ရောက်ရှိသွားသည်။ ဂျိုးဆက်ပ်သည် ပထမပွဲရှုံးမည်ကို ကြိုသိသည်။လီယိုအား ညစ်ပတ်ခိုင်းခဲ့သည်မှာ အခွင့်အရေးယူရန် ဖြစ်သည်။လီယို၏ လှည့်ကွက်များသည် သိသာလိမ့်မည်ဟု မထင် ထားခဲ့ပေ။ထို့ကြောင့် မည်သည်မှမပေါ်အောင် လီယိုအား သတ်လိုက်ရခြင်း ဖြစ်သည်။ တစ်ဖက်အဖွဲ့၌ အစီအစဉ်အရဆိုလျှင် တတိယပွဲ၌ လူသားယှဉ်ပြိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဒုတိယပွဲအား သေချာပေါက် အနိုင်ယူရပေမည်။သို့မဟုတ်ပါက လိပ်ပြာနီ နယ်မြေ ရှုံးနေပြီဖြစ်၍ ချန်လွေ့ ယှဉ်ပြိုင်ရန် မလိုတော့ပေ။

ဒုတိယပွဲ၌ အမှောင်လမြို့ဘက်မှ ယှဉ်ပြိုင်မည့်သူမှာ အင်ပါယာအစောင့်ခေါင်းဆောင် ခါဂူဂွန်၏ ညီမဖြစ်သည့် အဲလစ်ဆိုင်မှ အမျိုးသမီးသေမင်း ခါဂူလီ ဖြစ်နိုင်သည်။သူသည် လက်ရှိ၌ အလယ်ဆင့်နတ်ဆိုးဖြစ်ပြီး သားရဲထိန်းကျောင်း စွမ်းရည်၌ အတော်လေး ထူးချွန်သည်။အဲလန်ပင် အနိုင်ရရန် မသေချာပေ။ဂျိုးဆက်ပ်၌ အစွမ်းထက်သည့် လက်အောက်ငယ်သား သုံးယောက်ရှိသည်။သူတို့မှာ အမြင့်ဆင့်နတ်ဆိုးများ ဖြစ်ကြ သည်။သို့သော်လည်း သူတို့သည် သားရဲထိန်းကျောင်းစွမ်းရည်၌ မတော် ကြပေ။ ထို့ကြောင့် ဂျိုးဆက်ပ် စိတ်ပိုင်းဖြတ်ပြီး ကိုယ်တိုင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အသီနာလည်း ထပ်မယှဉ်ပြိုက်နိုင်တော့ပေ။ကျန်သည့်သူများအား ဂျိုးဆက်ပ်သည် သူ၏အစွမ်းမပေါ်စေဘဲ အနိုင်ယူရန် လုံးဝ ယုံကြည်ချက်ရှိသည်။အရာအားလုံးသည် သူ၏ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးသည်။

“ ဂျိုးဆက်ပ်....ကိုယ်တိုင် ပြိုင်မှာလား။ ”

အမှောင်လမြို့၏ တော်ဝင်နန်းတော်၌ မင်းသမီးရှီရာသည် ထူးဆန်းသော ဖန်လုံးရှေ့၌ ပြိုင်ကွင်းအား ကြည့်နေသည်။ထိုဖန်လုံးသည် ပြိုင်ကွင်းရှိ မှော်ကိရိယာများနှင့် ချိတ်ဆက် ထားသည်။ပုံရိပ်သာမက အသံများပြင် ပို့ဆောင်ပေးနိုင်သည်။ဤလောကရှိ တိုက်ရိုက် ရုပ်သံထုတ်လွှင့်ခြင်းဟု သတ်မှတ်နိုင်သည်။

ဂျိုးဆက်ပ်၏ အစွမ်းသည် အမှောင်လမြို့၌ ပဟေဠိတစ်ခု ဖြစ်နေသည်။သူသည် တိုက်ခိုက်ခဲသည်။ပြဿနာအကြီးကြီးရှိရင်တောင် သူ၏ လက်အောက်ခံများကိုသာ လွှတ်လိုက်သည်။အချို့က ဂျိုးဆက်ပ်သည် သူ့အဖေ၏ ဂုဏ်ဩဇာနှင့် လက်အောက်ခံ များကိုသာ မှီခိုပြီး ကိုယ်ပိုင်အစွမ်း မရှိကြောင်းပြောကြသည်။အချို့ကမူ ဂျိုးဆက်ပ်သည် အစွမ်းထက်သော်လည်း မပြသချင်၍သာ ဖြစ်ကြောင်း ထင်ကြသည်။

ယခု၌ လိပ်ပြာနီအရှင်၏ သားအကြီးဆုံး ပါဝင်ယှဉ်ပြိုင်နေပြီဖြစ်သည်။ဂျိုးဆက်ပ်သည် လိပ်ပြာနီနယ်မြေအား ကိုယ်စားပြုသော်လည်း ပရိသတ်တို့သည် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

ဒါဆို အမှောင်လဘက်နေ ဘယ်သူ ယှဉ်ပြိုင်မှာလဲ။

မင်းသမီးလေးအဲလစ် ဖြည်းဖြည်းချင်း ထလာသည်။ပြိုင်ပွဲဝင်အား ကြေညာတော့ မည်ဟု အားလုံးထင်နေစဉ်မှာပင် အဲလစ်သည် လေပေါ်တက်ပြီး ပြိုင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ပျံသန်းလိုက်သည်။

“ ဒီတစ်ပွဲမှာ ကျွန်မကိုယ်တိုင် ယှဉ်ပြိုင်မယ်။ ”

ထိုစကားသည် ဂျိုးဆက်ပ်၏ စကားထက် ပို၍ ထိတ်လန့်စရာ ကောင်းလှသည်။ ပတ်ဝန်းကျင်မှ အားပေးသံများလည်း အလိုလို တိတ်ဆိတ်သွားသည်။ထိုင်နေသည့် ဂ့ါစ်ပင် မတ်တပ်ရပ်လိုက်သည်။

မင်းသမီးလေးကိုယ်တိုင် ယှဉ်ပြိုင်မှာလား။ဒီပြိုင်ပွဲက ကလေးကစားစရာမဟုတ်ဘူးလေ။ အသက်အန္တရာယ်ရှိတယ်။ခုနတုန်းက သေရွာပြန်တောင် ခြေထောက်ကျိုးသွားတာ။

“ တကယ့် ပေါက်ကရပဲ။ ”

ဖန်လုံး ရှေ့၌ ရှီရာ ဟွန်းခနဲ အသံပြုလိုက်ပြီး ထိုင်ခုံပေါ်မှ လုံးဝ ပျောက်ကွယ်သွားသည်။

ဂျိုးဆက်ပ် အံ့ဩပြီး ပြောလိုက်သည်။

“ မင်းသမီးအဲလစ်။နောက်နေတာလား။ ”

“ ဂျိုးဆက်ပ်။ရှင် ကျွန်မကို အထင်သေးရဲတယ်ပေါ့။ ”

အဲလစ် ဒေါသတကြီးအော်ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် မီးတောက်များ တောက်လောင်လာသည်။ထိုမီးတောက်သည် အသီနာ အသွင်ပြောင်းစဉ်ဖြစ်ပေါ်သည့် အနီရောင်မီးတောက်နှင့် မတူပေ။မီးတောက်နီသည် အယူသန်ပြီး ရက်စက်သည့် ခံစားချက်ကို ပေးစွမ်းလျှင် မီးတောက်နက်သည် တိတ်ဆိတ်မှုနှင့်အပြီးသတ်ကို ကိုယ်စား ပြုလေသည်။

အဘိုးဂါ့စ်၏ မျက်လုံးများ ရုတ်တရက်ပွင့်သွားပြီး အံ့ဩမှုများ အရောင်လက်သွားသည်။

“ လူစီဖာ မိသားစုရဲ့ « မီးတောက်နက် » ပဲ။ ”

အနက်ရောက်မီးတောက်၏ ဇစ်မြစ်အား မှတ်မိကြသည့် နတ်ဆိုးများလည်း ရှိသည်။သူတို့ စတင် အော်ဟစ်တော့သည်။

“ တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် စွမ်းအားပဲ။ ”

အဲလစ်အစွမ်းထုတ်ပြခြင်းကို ချန်လွေ့ ယခုမှမြင်ဖူးလေသည်။ပုံမှန်အားဖြင့် အဲလစ်၏ စွမ်းအားအကဲဖြတ်မှုသည် « သရုပ်ခွဲမျက်လုံး » ၌ [ F ] အဆင့်ဟုသာ ဖော်ပြသည်။ သို့သော်လည်း ယခုအချိန်တွင် [ E ] အဆင့်သို့ ရောက်သွားလေပြီ။

လိုလီလေးက သွေးမျိုးဆက် နိုးထတာကိုတော့ လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ။နိုးထလာ တာကတော့ အတုအယောင် « စိတ်ဖတ်ခြင်း » ဘယ်ဟုတ်မလဲ။လူစီဖာမိသားစုရဲ့ စွမ်းအားသုံးခုထဲက တစ်ခုဖြစ်တဲ့ « မီးတောက်နက် » ပဲ။

သာမန်အထုံရှိသည့် နတ်ဆိုးများ၏ အစွမ်းအဆင့်များ များသောအားဖြင့် မပြောင်းလဲ ကြပေ။ဥပမာ အဲလန်လိုမျိုး ဖြစ်သည်။သို့သော်လည်းသန္ဓေပြောင်း နတ်ဆိုးများနှင့် တော်ဝင်မိသားစုများသည် ဤကဲ့သို့ မဟုတ်ပေ။သူတို့၏ သာမန်အခြေအနေသည် အစွမ်းတစ်မျိုးဖြစ်သည်။သူတို့၏အစွမ်းသည် တိုက်ပွဲအခြေအနေကို အများကြီး တိုးတက်စေနိုင်သည်။ဂျိုးဆက်ပ်၊အသီနာ၊အဲလစ် တို့သည် ထိုကဲ့သို့ ဖြစ်သည်။

၁၃နှစ်အရွယ် အဲလစ်သည် « မီးတောက်နက် » စွမ်းအား နိုးထနေလေပြီ။လူစီဖာ မိသားစုထဲ၌ပင် သူသည် ပါရမီရှင်ဟု သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း အတပ်ပြောရခက်သည့် ဂျိုးဆက်ပ်နှင့်ယှဉ်လျှင် အဲလစ်သည် « မီးတောက်နက် » အား ကျွမ်းကျင်ထားလျှင်တောင် အနိုင်ရရှိရန် အခွင့်အရေး မရှိပေ။

“ မင်းသမီးလေး။တကယ်ပြောတာလား။ ”

ဂျိုးဆက်ပ်သည် အဲလစ်အား ထူးဆန်းစွာ စစ်ဆေးကြည့်လိုက်သည်။

“ကျုပ်ရဲ့အမြင်က သိပ်မကောင်းပေမဲ့လည်း မင်းသမီးလေးရဲ့ « မီးတောက်နက် » က နိုးထပြီးတာ သိပ်မကြာသေးဘူးဆိုတာ ပြောနိုင်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ကျုပ်တို့အခု ပြိုင်ရမှာက သားရဲထိန်းကျောင်းစွမ်းရည်ပါ။အမှန်ပြောရရင် ကျုပ် မင်းသမီးလေးကို မထိခိုက်စေချင်ဘူး။ ”

“ မင်းသမီးဖြစ်တဲ့ ကျွန်မကလည်း အခြားသူတွေကို မထိခိုက်စေချင်ပါဘူး။ရှင်အပါအဝင် ပေါ့။လိပ်ပြာနီအရှင်ရဲ့ သားတော်။ ”

အဲလစ်၏ မီးတောက်နက် ချက်ချင်းပျောက်ကွယ်သွားပြီး ပြုံးကာ ပြောလိုက်သည်။

“ ကျွန်မက ‌အမှောင်လမြို့ရဲ့ မင်းသမီးလေးပါ။လူစီဖာ တော်ဝင်မိသားစုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တယ်။အင်ပါယာရဲ့ အမွန်မြတ်ဆုံးသွေးသားကို ကိုယ်စားပြုတယ်။ရှင်က အမှောင်လမြို့ရဲ့ ဘဏ္ဍာရေးအရာရှိဖြစ်သလို လိပ်ပြာနီအရှင်ရဲ့ သားအကြီးဆုံးလည်း ဖြစ်တယ်။ကျွန်မရဲ့ လူစီ‌ဖာတော်ဝင်မိသားစုအပေါ်ထားတဲ့ လိပ်ပြာနီနယ်မြေရဲ့ သစ္စာ တရားကို မထိခိုက်စေဖို့နဲ့ အပြစ်မကျူးလွန်မိစေဖို့အတွက်ရော၊ အမှောင်လမြို့ရဲ့ ဘဏ္ဍာရေးအရာရှိတစ်ယောက်အနေနဲ့ ရှင့်ရဲ့သစ္စာတရားကို မထိခိုက်စေဖို့နဲ့ နယ်မြေ နှစ်ခုကြားက ရင်းနှီးမှုကို မထိခိုက်စေဖို့အတွက်ရော ဒီပွဲကို သရေအဖြစ် သတ်မှတ်ဖို့ ကျွန်မချက်ချင်း ဆုံးဖြတ်လိုက်ပြီ။ရှင် လူစီဖာမိသားစုကို ဆက်ပြီးသစ္စာရှိပြီးတော့ အမှောင်လမြို့‌အတွက် ဆက်ပြီး အလုပ်လုပ်နိုင်မလားပေါ့။ ”

ဂျိုးဆက်ပ်၏ မျက်လုံးများ အရောင်လက်သွားသည်။အဲလစ်၏ စကားထဲ၌ ဖုံးကွယ် ထားသည့် အဓိပ္ပာယ်များအား နောက်ဆုံး၌ သူသဘောပေါက်သွားလေပြီ။ အဲလစ် ဆိုလိုသည်မှာ လိပ်ပြာနီနယ်မြေ မည်မျှပင် အစွမ်းထက်ပါစေ လူစီဖာတော်ဝင်မိသားစု၌ ခစားရမည်သာ ဖြစ်သည်။ဂျိုးဆက်ပ်သည်လည်း အမှောင်လနယ်မြေတွင် ခစားရသည့် ဘဏ္ဍာရေးအရာရှိ တစ်ယောက် ဖြစ်သည်။အကယ်၍ သူသာ အဲလစ်အား ယှဉ်ပြိုင်ရဲလျှင် လူစီဖာမိသားစုနှင့် အမှောင်လမြို့အား အထင်သေးသည့် အပြုအမူ ဖြစ်သွားပြီး နယ်မြေ နှစ်ခုကြားရှိ ရင်းနှီးမှုအား တမင်တကာ ဖျက်ဆီးသကဲ့သို့ ဖြစ်သွားပေမည်။

အဲလစ် သရေတောင်းသည်ကို ငြင်းဆန်၍ မရပေ။အပြင်ပန်းတွင် တော်ဝင်မိသားစု၏ အရှိန်အဝါ ရှိသေးသည်။ဂျိုးဆက်ပ်သဘောတူလိုက်လျှင် ချန်လွေ့အား အဲလန်သတ်လျှင် ပင် သရေသာဖြစ်ပေမည်။သို့သော်လည်း အဲလစ်၏ နောက်ဆုံးစကားသည် ရက်စက် လွန်းသည်။သူလက်မခံလျှင်လည်း လူစီဖာ တော်ဝင်မိသားစုအား သစ္စာဖောက်သလို ဖြစ်နေသည်။တစ်ချိန်တည်းမှာပင် အမှောင်လမြို့အတွက် ဘဏ္ဍာရေးအရာရှိအနေနဲ့ တာဝန်မထမ်းဆောင်ချင်တော့ကြောင်း အဓိပ္ပာယ်ထွက်နေသည်။ထိုကဲ့သို့အရာအား ဘုရင်ခံအိုဆိုင်ဒန် ဂရုမစိုက်သော်လည်း ဂျိုးဆက်ပ်သည် အမှောင်လမြို့၌ နှစ်ပေါင်း များစွာ ကြိုးစားအားထုတ်ခဲ့သည်များကို လက်လျှော့ရန် တုံ့ဆိုင်းနေသည်။

စကားတိုင်းနီးပါး၌ ထောင်ခြောက်ရှိနေသည်။

ဒီမင်းသမီးလေးက ဘယ်တုန်းကနေ ဒီလောက် စွမ်းသွားရတာလဲ။

အဲလစ်ပါဝင်ယှဉ်ပြိုင်ခြင်းမှာ မထင်မှတ်ထားသည့် အကွက်ဖြစ်ပြီး ဂျိုးဆက်ပ်၏ လုံးဝသေချာနေသည့် အစီအစဉ်သည် အထိန်းအချုပ် လွတ်ကင်းလာသည်။ ရှက်စရာ ကောင်းသော်လည်း ယခုအချိန်သည် နောက်ဆုတ်ရန် အချိန်မဟုတ်ပေ။ဂျိုးဆက်ပ်သည် အကျိုးဆက်များအား ချင့်ချိန်နေစဉ် တစ်စုံတစ်ခုအား ခံစားလိုက်ရပြီး ပြိုင်ကွင်း အဝေး တစ်နေရာကို ကြည့်လိုက်သည်။ဓားသွားကဲ့သို့ အေးစက်စက်များနှင့် ဆုံသွားသည်။အကွာ အဝေးမရှိသကဲ့သို့ပင် သူ၏မျက်လုံးများစူးလာပြီး စိတ်ထဲ၌ အတော်လေး ထိတ်လန့် သွားသည်။

တုံ့ဆိုင်းနေခဲ့သည့် ဂျိုးဆက်ပ်သည် ဆက်လက် မတုံ့ဆိုင်းရဲတော့ဘဲ ပြောလိုက်သည်။

“ လူစီဖာမိသားစုအပေါ် နဲ့ ကြယ်ကြွေနတ်သမီး အင်ပါယာတို့အပေါ်ထားတဲ့ ‌လိပ်ပြာနီ နယ်မြေရဲ့ သစ္စာတရားက နတ်ဆိုးဘုံရဲ့ လနှစ်စင်းနဲ့ ယှဉ်လို့ရပါတယ်။လိပ်ပြာနီ နဲ့ အမှောင်လက ထာဝရ မိတ်ဆွေတွေပါပဲ။အမှောင်လမြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဖိုးတန်ရင်းနှီးမှုနဲ့အတူ ကျုပ်အလုပ်ဆက်လုပ် သွားမှာပါ။အဲဒါကြောင့် မင်းသမီးလေး အဲလစ် သရေတောင်းတာကို လက်ခံပါတယ်။ ”

ယခု၌ အမှောင်လမြို့သည် တစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်နေသည့်အတွက် မရှုံးနိုင်တော့ပေ။ ချန်လွေ့ ရှုံးသွားလျှင်တောင် ‌သရေသာ ဖြစ်ပေမည်။အနည်းဆုံးတော့ အမှောင်လမြို့၏ ဂုဏ်သတင်းအား မထိခိုက်တော့ပေ။

ဂျိုးဆက်ပ် သရေကျရန် သဘောတူလိုက်ကြောင်း အဲလစ်မြင်သွားသည့်အခါ အလွန် ပျော်ရွှင်သွားပြီး ချန်လွေ့နှင့်အသီနာအား ကြွားကာ ထိုင်ခုံဆီသို့ ပြန်လာလိုက်သည်။ ရုတ်တရက် ဂျိုးဆက်ပ် အသံကျယ်ကြီး ပြောသည်ကို သူ ကြားသည်။

“ ပထမပွဲတုန်းက ကျုပ် စက်ဆုပ်စရာ လက်အောက်ငယ်သားတစ်ယောက်ကို ယုံကြည် မိတဲ့အတွက် ပြိုင်ပွဲက မမျှတမှု မရှိခဲ့ဘူး။အဲဒီအတွက် အနူးအညွန့်ကို တောင်းပန်ပါ တယ်။ဒုတိယပွဲမှာတော့ မင်းသမီးလေးရဲ့ အပြုအမူက ကျုပ်ကို အထင်ကြီးစေခဲ့တယ်။ ဒါပေမဲ့လည်း ပြိုင်ပွဲက ပြိုင်ပွဲပါပဲ။ဒီမှာရှိတဲ့ နတ်ဆိုးအားလုံးက လှည့်ကွက်တွေ မပါဘဲနဲ့ မျှတပြီးတော့ ကြမ်းတမ်းတဲ့ ပြိုင်ပွဲတစ်ခုကို မြင်ချင်နေကြတယ်လို့ ကျုပ်ယုံကြည်ပါ တယ်။ဟုတ်တယ်မလား။ ”

ဒီစကားသည် အလွန်လှုံ့ဆော်မှု ပေးသည်။ပြိုင်ကွင်းမှ နတ်ဆိုးများလုံး ကျယ်လောင်စွာ တုံ့ပြန်ကြပြီး အူလှိုက်သည်းလှိုက်ဖြစ်သွားကြသည်။ ချန်လွေ့အား ယှဉ်ပြိုင်စေရန် အတွက် ဂျိုးဆက်ပ်သည် ဤကဲ့သို့ဖြစ်ရန် တမင်တကာ စီမံလိုက်ကြောင်း အသီနာ၊ အဲလစ်၊ချန်လွေ့တို့ သိလိုက်သည်။သူတို့သည် တစ်ချိန်တည်းပင် နမိတ်မကောင်းကြောင်း ခံစားလိုက်ရသည်။

ဂျိုးဆက်ပ်သည် အခွင့်အရေးကို အရယူပြီး ပြောလိုက်သည်။

“ အမှောင်လ နဲ့ လိပ်ပြာနီ ကြားက ချစ်ကြည်ရေးသင်္ကေတ အနေနဲ့ ကျုပ်အထူးတလည် တောင်းဆိုချင်တာကတော့ တတိယပြိုင်ပွဲမှာ နတ်ဆိုးသားရဲပျံတွေအတွက် ဝိုင်ဗန်တွေကို သုံးဖို့ပါပဲ။အစွမ်းအထက်ဆုံး နတ်ဆိုးသားရဲကို အားလုံး မျက်ဝါးထင်ထင် မြင်ကြရမယ်။ အပြင်းထန်ဆုံး ကောင်းကင်တိုက်ပွဲပေါ့။ ”

ဝိုင်ဗန်တဲ့လား။

အဲလစ် လန့်သွားသည်။အသီနာလည်း မတ်တပ်ရပ်လိုက်ပြီး ဂျိုးဆက်ပ်အား စိုက် ကြည့်လိုက်သည်။တိုက်ဆိုင်စွာပင် ဂျိုးဆက်ပ်လည်း သူဘက်သို့ ကြည့်နေလေသည်။ အသီနာ၏ သတ်ဖြတ်ချင်စိတ်ကို ရင်ဆိုင်လိုက်ရသည့်အတွက် ဂျိုးဆက်ပ်သည် ပုံမှန် အတိုင်း ပြုံးပြလိုက်သည်။ ချန်လွေ့မျက်လုံးထဲတွင် ထိုအပြုံးထဲရှိ သတ်ဖြတ်ချင်စိတ် သည် အသီနာထက် ဆယ်ဆ ပို၍ပြင်းထန်သည်။

ယေဘုယျအားဖြင့် ဝိုင်ဗန်များသည် အဆိပ်ရွှံ့ဗွက်အိုင်များ နှင့် စိမ့်မြေများတွင် နေထိုင် ကြသည်။ခိုင်မြဲသည့် ကြေးခွံများနှင့် ချွန်မြပြီး မာကြောသည့် ခြေသည်းများရှိကြသည်။ သူတို့၏ ခြေသည်းများသည် သေစေနိုင်သည့် အဆိပ်ပါသည့်အပြင် အဆိပ်ငွေ့လည်း ထုတ်ပေးနိုင်သည်။ဝိုင်ဗန်သည် နဂါးမှအပ အစွမ်းအထက်ဆုံး နတ်ဆိုးသားပျံတစ်ကောင် ဖြစ်သည်။

နဂါးတို့သည် (သူတို့ထက်)အားနည်းသည့် ဤ “ နဂါးအတု ” များအား အမြဲပင် အထင်သေးကြသည်။ဝိုင်ဗန်များသည် အသိဉာဏ်နှင့် ယဉ်ကျေးမှု နည်းပါးသည်။ သို့သော်လည်း နဂါးများသည် ဤသတ္တဝါများ၏ စုပေါင်းစွမ်းအားကို ကြောက်ကြသည်။ အရွယ်ရောက်ပြီး နဂါးတစ်ကောင်သည် ဝိုင်ဗန်အုပ်စု တစ်စုအား အလွယ်တကူ ရန်မစရဲပေ။

အရွယ်ရောက်ပြီး ဝိုင်ဗန် တစ်ကောင်သည် အမြင့်ဆင့် နတ်ဆိုး၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ညီမျှသည်။ဖမ်းဆီးပြီး ယဉ်ပါးအောင်ပြုလုပ်ရန် ခက်ခဲသည့်အပြင် ဝိုင်ဗန်တစ်အုပ်စုလုံး၏ လက်စားချေမှုကိုလည်း အလွယ်တကူ ခံရနိုင်သည်။ အမှောင်လနယ်မြေတစ်ခုလုံး၌ပင် ယဉ်ပါးပြီးသား ဝိုင်ဗန် တစ်ကောင်မှ မရှိပေ။ သံလှောင်အိမ်အမြင့်ကြီး တစ်ခုပါသည့် လေးဘီးယာဉ်တစ်စီးသည် ပြိုင်ကွင်းထဲသို့ ရောက်ရှိလာသည်။ထိုလှောင်အိမ်၌ စိမ်းညိုညို အသားအရေရှိပြီး တောင်ပံရှည်ကြီး ရှိသည့် သတ္တဝါများ ရှိသည်။ယနေ့တွင် ဂျိုးဆက်ပ်သည် အမှောင်လမြို့အား ထိတ်လန့် စေရန် စိတ်ဆုံးဖြတ်ထားပုံရသည်။လိပ်ပြာနီနယ်မြေမှ ဝိုင်ဗန်နှစ်ကောင်အား အမှန် တကယ်ပင် ကြိုတင်ယူဆောင်လာလေသည်။

All Chapters