← Chapters

သနားစရာ အဲလန်

Vol. 3 Ch. 36

သနားစရာ အဲလန်

Vol. 3 Ch. 36

ဝိုင်ဗန်သည် ခေါင်းစောင်းရင်း ခက်ထန်သည့် မျက်လုံးများဖြင့် လူသားအား စိုက်ကြည့် နေပြီး ဤလူသားသည် အသားတုံးထက် အရသာပို၍သည်ဟု ထင်နေပုံရသည်။

အသီနာ ထိတ်လန့်သွားသည်။သူ ပြေးဝင်ရန် ဟန်ပြင်လိုက်စဉ် ဝိုင်ဗန်သည် ဖြည်း ဖြည်းချင်း ခေါင်းငုံ့လိုက်ကာ အသားတုံးအား နည်းနည်းစီ ကိုက်စားနေသည်ကို တွေ့လိုက်ရသည်။ချန်လွေ့၏ လက်လည်း ဘာမှမဖြစ်ဘဲ အသက်ရှူရပ်မတတ် ဖြစ်နေသည့် ပရိတ်သတ်များလည်း ချက်ချင်းပင် ဆူပူသွားတော့သည်။

အမှန်တကယ်တော့ ချန်လွေ့သည် အေးဆေးပင် ဖြစ်သည်။« သရုပ်ခွဲမျက်လုံး» မှတစ်ဆင့် ချန်လွေ့သည် ခီဂူအား အသားကို ပို၍တိတိကျကျ ကိုက်ဖြတ်ရန် သတိ ပေးလိုက်သည်။သရုပ်ဆောင်မှုသည် အမှန်တကယ် အောင်မြင်သည့်အတွက် ချန်လွေ့ တိတ်တဆိတ် ပျော်ရွှင်မိသွားသည်။နတ်ဆိုးများသည် ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ အား အလေးစားဆုံး ဖြစ်သည်။ပြိုင်ကွင်းအတွင်းရှိ အနေအထားသည် နောက်ထပ် အထွတ်အထိတ်တစ်ခုအထိ ရောက်ရှိသွားသည်။

အဲလန်သည် ချန်လွေ့ ရရှိသည့် အားပေးမှုကို အလွန်ပင် မနာလိုသော်လည်း ထူးဆန်းပြီး ကြောက်စရာကောင်းသည့် နတ်ဆိုးသားရဲအား လက်အဆုံးရှုံးခံ၍ အစာမကျွေးရဲပေ။

ချန်လွေ့သည် အခြေအနေကို အ‌သုံးချပြီး ဝိုင်ဗန်၏ ကျောပေါ်သို့ တက်လိုက်သည်။ ဝိုင်ဗန်သည် ကောင်းကင်ပေါ်သို့ မန်ဖီလိုက်ပြီး တောင်ပံဖြန့်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။အဲလန်လည်း နောက်ကျမခံနိုင်ပေ။အားတင်းပြီး အခြားဝိုင်ဗန်ပေါ် တက်စီးလိုက်သည်။ပြိုင်ပွဲဝင်နှစ်ယောက်သည် တဖြည်းဖြည်း အမြင့်သို့ရောက်သွားပြီး တတိယပြိုင်ပွဲ တရားဝင် စတင်တော့သည်။

အဲလန်သည် သားရဲထိန်းကျောင်း အစွမ်းအား အပြည့်အဝ အသုံးချကာ နတ်ဆိုး သားရဲပျံအား ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ထို့နောက် သူ အမုန်းဆုံးဖြစ်ပြီး သူ၏စိတ်ထဲ၌ အကြီးမားဆုံး ရည်းစားလုဘက်ဟုထင်သည့် လူသားချန်လွေ့ကို ရင်ဆိုင်ရန် အမြင့်တစ်နေရာသို့ ပျံတက်သွားသည်။

“ ဒီနေ့ကို ငါစောင့်နေတာ ကြာပြီ။ ”

အဲလန်သည် သူ့လက်ထဲ၌ ချန်လွေ့ သေရမည်ကို တွေးလိုက်သည်။ရက်ပေါင်းများစွာ မျိုသိပ်လာခဲ့ရသည့် ခံစားချက်သည် အလွန်ပင် လွယ်ကူသွားသည်။

“ အသီနာရှေ့မှာ မင်းကိုပါ အပိုင်းပိုင်း လုပ်ပစ်မယ်။ ”

ချန်လွေ့သည် အဲလန်၏ ပေါက်ကရများအား တုံ့ပြန်ရန် ပျင်းရိနေသည်။

ဒီကောင်က သေချာပေါက် အချစ် စိတ်ပညာကို မလေ့လာခဲ့ဘူးပဲ။သူ့ဦးနှောက်က ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို ငါတကယ်မသိဘူး။အသီနာရဲ့ ရင်းနှီးတဲ့မိတ်ဆွေကို သတ်လိုက်ရင် အသီနာက သူ့နဲ့ ရင်းနှီးလာမယ်တဲ့လား။အသီနာ သူ့ကိုမုန်းတာ မထူးဆန်းပါဘူး။

ဝိုင်ဗန်သည် အမှန်တကယ်ပင် ထိန်းချုပ်ရန် မလွယ်ကူပေ။ဝိုင်ဗန်နှစ်ကောင် အမြင့် တစ်နေရာအား ရောက်သည့်အခါ ကျောပေါ်မှ စီးနင်းသူများအား ခုခံပြီး ကြောက်လန့် နေကာ ဟိန်းဟောက်နေတော့သည်။ဝိုင်ဗန်အရိုင်းဆိုလျှင် ထိုစီးနင်းသူနှစ်ယောက်၏ ခေါင်းများ အကိုက်ခံရလောက်သည်။

ကြမ်းတမ်းသည့် လှုပ်ခါ‌မှုအောက်တွင် အဲလန်ပင် ကြောက်မိလာပြီး တိတ်တဆိတ် စုလာခဲ့သည့် စွမ်းအားကို အသက်သွင်းလိုက်သည်။သူ၏ခန္ဓာကိုယ်သည် အနီရောင် ဖျော့ဖျော့ဖြင့် ဖုံးလွှမ်းသွားပြီး ဟန်ချက်ထိန်းကာ ဝိုင်ဗန်၏ မူမမှန်သည့် လှုပ်ရှားမှုများကို ခုခံနေလိုက်သည်။ထိုဝိုင်ဗန် နှစ်ကောင်သည် ကလေးအရွယ်သာ ရှိသေးသည်။အမြင့်ဆင့် နတ်ဆိုးအထိ ကြီးထွားခဲ့လျှင် အဲလန်၏ အစွမ်းနှင့်ပင် သူတို့အား ခုခံနိုင်မည် မဟုတ်ပေ။

တစ်ဖက်တွင် ချန်လွေ့၏ အခြေအနေသည် ပိုဆိုးနေသည်။လူသား၌ အင်အား အနည်းငယ်သာရှိသည်။ဝိုင်ဗန်၏ လည်ပင်းကိုသာ အတင်းအကြပ် ဆုပ်ကိုင်ထားပြီး ပြုတ်မကျအောင် ထိန်းထားနေရသည်။ရံဖန်ရံခါ အော်ဟစ်နေသည်။

ယခင်က ဝိုင်ဗန်အား သတ္တိရှိရှိဖြင့် အသားတုံးကျွေးကာ ကောင်းကင်ပေါ်သို့ စီးနင်းသွားသည်ကို တွေ့လိုက်သည့်အခါ ဂျိုးဆက်ပ်သည် သံသယဖြစ်လာခဲ့သည်။ အခုတွင် ချန်လွေ့၏ပုံစံကိုတွေ့သည့်အခါ ဂျိုးဆက်ပ်၏ တင်းမာမှုများ ဖြည်းဖြည်းချင်း ပြေလျှော့သွားပြီး အထင်သေးစွာ ကြည့်လိုက်သည်။

အဲလစ်နှင့် အခြားသူတို့လည်း စိုးရိမ်လာတော့သည်။အသီနာ၏ ခန္ဓာကိုယ်၌ မီးတောက်များ စတင်လောင်ကျွမ်းလာပြီး အချိန်မရွေး ချန်လွေ့အား အမြန်ဆုံးဖမ်းရန် အသင့်ဖြစ်နေသည်။

ပရိတ်သတ်တို့၏ အမြင်၌ နှစ်ဖွဲ့စလုံးသည် သားရဲထိန်းကျောင်းခြင်း၌ လူသစ်များ ကဲ့သို့ပင် ဖြစ်နေသည်။ကောင်းကင်ပေါ်၌သာ ယိမ်းထိုးနေပြီး တစ်ချက်လေးပင် မတိုက်ခိုက်ကြသေးပေ။သို့သော်လည်း သူတို့သည် အစွမ်းထက်ဆုံး နတ်ဆိုးသားရဲပျံ ဖြစ်သည့် ဝိုင်ဗန်အား အကူကိရိယာများမပါဘဲ စီးနင်းနေရသည် ဖြစ်သည့်အတွက် မည်သူမှ မရယ်ကြပေ။

ချန်လွေ့သည် အပေါ်ယံ၌ ကြောက်နေပုံပေါ်သည်။သို့သော် အမှန်တကယ်တွင် ချန်လွေ့သည် စိတ်ထဲ၌ ခီဂူနှင့်အတူ စည်းချက်အား ရေတွက်နေသည်။

ညာဘက်ကို သုံးပတ်.၊ ဘယ်ဘက်ကို သုံးပတ်......

ခဏကြာ လှုပ်ရမ်းပြီးနောက်တွင် အဆိပ်ဖြေဆေး၏ အာနိသင် ကုန်ဆုံးသွားလေပြီ။ ဝိုင်ဗန်၏ အဆိပ်များသည် အကာအကွယ်စွမ်းအားကို ထိုးဖောက်လာသည်ကို အဲလန် ခံစားလိုက်ရသည်။ထို့နောက် အရဲစွန့်ကာ ဝိုင်ဗန်အား လက်သီးတစ်လုံး ပစ်ကျွေး လိုက်သည်။၎င်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ မျက်နှာချင်းဆိုင်မှ ဝိုင်ဗန် လည်း ထိုကဲ့သို့ ပြုမူတော့သည်။

နောက်ပိုင်းတွင် အဲလန်၏ ဝိုင်ဗန်သည် ချန်လွေ့ထံသို့ ပျံသန်းလာသည်။အဲလန်သည် ထိုကဲ့သို့အခွင့်အရေးရရန် မမျှော်လင့်ထားခဲ့သည့်အတွက် ပျော်ရွှင်သွားသည်။ အဆိပ် ဖြေဆေး အာနိသင် ကုန်သွားသော်လည်း သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် အဆိပ်ကို ခုခံနိုင် လေသည်။လူသားအား သတ်ပြီးသည်အထိ ခုခံရန် လုံလောက်သည်။

ချန်လွေ့ သတိထားမိသွားပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ဝိုင်ဗန်သည် လှုပ်ပင် မလှုပ်ချေ။အောက်ဘက်မှ ပရိတ်သတ် များလည်း ရုတ်တရက် လန့်သွားသည်။

လူသား၏ ပုံပျက်ပန်းပျက် အလောင်းအား မြင်သွားသည့်နှယ် ဂျိုးဆက်ပ်၏ မျက်နှာသည် သွေးဆာလောင်သကဲ့သို့ ဖြစ်သွားသည်။

အဲလန်၏ ဝိုင်ဗန် ချဉ်းကပ်လာသည့်အခါ ထူးဆန်းသည့်အရာ တစ်ခု ဖြစ်ပျက်သွား သည်။ချန်လွေ့ဆီသို့ အပြေးသွားနေသည့် အဲလန်၏ ဝိုင်ဗန် မန္ဂဒါသည် ရုတ်တရက် နှေးသွားသည်။၎င်းသည် တစ်ဖက်လှည့်လိုက်ပြီး အဖော်ဖြစ်သူအား ကျောပေါ်မှ အဲလန် ကို ပြသလိုက်သည်။ခီဂူသည် ပါးစပ်ဟပြီး အဲလန်အား ကိုက်တော့သည်။အပြောင်းအလဲ သည် ရုတ်တရက်ပင်ဖြစ်သည်။အဲလန်သည် ထိတ်လန့်ပြီး ခပ်မြန်မြန် ရှောင်လိုက်ရာ ညာဘက်ပုခုံးပေါ်ရှိ သားရေချပ်ကာသည် ခီဂူကြောင့် စုတ်ပြဲသွားသည်။

ကောင်းကင်ပေါ်ရှိ ဝိုင်ဗန်နှစ်ကောင် ပူးပေါင်းပြီး အဲလန်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။အောက်ဘက်ရှိ ပရိသတ်များကလည်း မမျှော်လင့်ထားသည့် ပြောင်းလဲမှုကြောင့် ကြက်သေသေသွားသည်။ယခင် ကောင်းကင်တိုက်ပွဲများ၌ ဤကဲ့သို့ ထူးဆန်းသည့်မြင်ကွင်းမျိုး မရှိဖူးခဲ့ပေ။

“ ဒီငတုံးတော့။ ”

ဂျိုးဆက်ပ်၏ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။ထိုင်မနေနိုင်တော့ဘဲ ခပ်မြန်မြန် မတ်တပ်ရပ်လိုက်သည်။အဖြစ်အပျက်သည် မယုံနိုင်စရာ ကောင်းသော်လည်း လူသား အလုပ်သင်သည် မည်သည့်နည်းလမ်းမျှ အသုံးမပြုခဲ့ကြောင့် သူသေချာမြင်ခဲ့ရသည်။ ချန်လွေ့သည် ကြောက်လန့်စွာဖြင့် ဝိုင်ဗန်၏ လည်ပင်းအား ဖက်ထားရုံသာ ဖက်ထား သည်။အဲလန် နိုင်လိုစိတ်ပြင်းထန်သွားပြီး မဂ္ဂဒါအား ဒေါသထွက်အောင် လုပ်မိသွားသည့် အတွက် အဖော်ဖြစ်သူအား လက်စားချေရန် ခေါ်လိုက်ခြင်း ဖြစ်သည်မှာ သေချာ ပေသည်။

အဲလန် ခန္ဓာကိုယ်၌ အနီရောင်မီးတောက် ပေါ်လာပြီး ခုခံရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း မဂ္ဂဒါပါ ပါလာသည့်အတွက် သူ တောင့်မခံနိုင်တော့ဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသည်။သို့သော်လည်း အဲလန်သည် မဟာနတ်ဆိုး ဖြစ်သည့်အတွက် လျို့ဝှက်နည်းစနစ်တစ်ခုသုံးလိုက်သည်။သူချက်ချင်းပျောက်သွားပြီး မြေပြင်ပေါ်၌ ပြန်ပေါ်လာသည်။

ထိုအခိုက်တွင် အဲလန်သည် အလွန်သနားစရာ ကောင်းနေသည်။သူ၏ခန္ဓာကိုယ်၌ ထိတ်လန့်ဖွယ် ဒဏ်ရာများ ပြည့်နှက်နေပြီး မီးတောက်လည်း ပျောက်ကွယ်သွားသည်။ ချပ်ကာလည်း ဆုတ်ဖြဲခံလိုက်ရပြီး သူ၏ပုံမှန် ထည်ဝါမှု ပျောက်ကွယ်သွားသည်။ တစ်လှမ်းနှစ်လမ်း လျှောက်ပြီးနောက် ဒဏ်ရာမှ အဆိပ်ထလာပြီး မခံနိုင်တော့ဘဲ လဲကျသွားသည်။

ဝိုင်ဗန် ဆင်းသက်သည့်အခါ ခီဂူလည်ပင်းရှိ ချန်လွေ့လည်း ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ချန်လွေ့သည် အလွန်ထိတ်လန့်နေသည့်ပုံ ပေါက် နေသည်။မျက်နှာလည်း ဖြူဖတ်ဖြူရော် ‌ဖြစ်နေပြီး ခြေထောက်များလည်း ပျော့ခွေ နေသည်။ထပင် မထိနိုင်တော့ချေ။အသီနာနှင့်အခြားသူများသည် ချန်လွေ့ထံသို့ အလျင်အမြန် ပြေးလာတော့သည်။

ဝိုင်ဗန်နှစ်ကောင်သည် ခွင့်မလွှတ်နိုင်သေးဘဲ အဲလန်ကို ဆက်ပြီး တိုက်ခိုက် ချင်နေသည်။သေရွာပြန်များလည်း အမြန်လာတားလိုက်သည်။သေရွာပြန်များ၏ နှစ်သိမ့်မှုအောက်တွင် ဝိုင်ဗန်များ၏ ဒေါသပြေသွားပြီး လှောင်အိမ်ဆီသို့ ပြန်သွား ကြသည်။ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် အဲလန်သည် ကောင်းကောင်း မစီးဘဲ ဝိုင်ဗန်များကို‌ ဒေါသထွက်စေခဲ့သည်ဟူသော ဂျိုးဆက်ပ်၏ အထင် ပိုသေချာသွားသည်။ သူ၏ အစီအစဉ်အား အဆုံးအထိ ပြဿနာရှာခဲ့သည့် ထိုငတုံးအား ဂျိုးဆက်ပ် အလွန်ပင် မုန်းတီးနေသည်။သရေကျခဲ့သည်ကပင် အရှုံး ဖြစ်နေခဲ့ပြီဖြစ်သည်။

အဲလန်၏ နောက်ခံသည် မင်းသားအိုဆိုင်ဒန် လက်အောက်ရှိ ခါရွန်မိသားစုဖြစ်သည်။ ထို့ကြောင့် ဂရုမစိုက်၍မရပေ။ဂျိုးဆက်ပ် အံကြိတ်ပြီး အဲလန်အား ဆေးကုသရန်အတွက် လက်အောက်ငယ်သားများကို စေလွှတ်လိုက်သည်။

“ ငါဘာမှ..မဖြစ်..ပါဘူး.. ”

ချန်လွေ့သည် အသီနာ နှင့် အဲလစ်တို့၏ ကူအညီနှင့်အတူ ခက်ခက်ခဲခဲ မတ်တပ်ရပ် လိုက်သည်။သူ ခေါင်းငုံ့လိုက်သည့်အချိန်တွင် သူ့ကိုယ်သူ ဂုဏ်ယူမိလိုက်သည်။

အစကတော့ မန္ဂဒါနဲ့ ပေါင်းပြီး အဲလန်ကို ပြုတ်ကျအောင် လုပ်မလို့ပဲ။ဒါပေမဲ့လည်း မထင်ခဲ့မိဘူး။အဲလန်က မန္ဂဒါကို ဒေါသထွက်အောင် လုပ်လိုက်တယ်။ဒီလို ခံစားရတာ သူ့အတွက် ကောင်းပါတယ်။သနားစရာ ကလေးလေးအတွက်ကတော့ မကောင်းဘူး။

ချန်လွေ့ အဆင်ပြေကြောင်း သိပြီးလျှင် အဲလစ်သည် ပြိုင်ကွင်းအလယ်သို့လာပြီး အသံချဲ့စက်၌ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ ဒီကောင်းကင်တိုက်ပွဲရဲ့ နောက်ဆုံး အနိုင်ရရှိသူကတော့ ကျွန်မတို့ အမှောင်လနယ်မြေ ကပါပဲ။ ”

အိမ်ကွင်း၌ အနိုင်ရခြင်းသည် ပရိတ်သတ်များအား အရူးအမူးဖြစ်စေခဲ့သည်။ပန်းပဲသမား ဇက်ခ်လည်း ဘေးနားရှိ နတ်ဆိုးအား စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ မင်းသိလား။အဲဒီလူသားက ဇက်ခ်ရဲ့ မိတ်ဆွေပဲ။ ”

ထိုစကားကို ပွဲမပြီးခင်က ပြောခဲ့လျှင် ဇက်ခ်အား အကုန်လုံး အထင်သေးကြပေသည်။ သို့သော်လည်း ယခုတွင် အသိအမှတ်ပြုမှု ရသွားသည်။ချန်လွေ့သည် ကံကောင်း၍ နိုင်သွားသော်လည်း ပြိုင်ပွဲအတွင် ပြသခဲ့သည့် သတ္တိသည် ချီးကျူးထိုက်ပေသည်။ ဤပြိုင်ပွဲသည် အမှောင်လမြို့အား အောင်နိုင်စေခဲ့သည်။ချန်လွေ့သည် နတ်ဆိုး အများစု၏ အသိအမှတ်ပြုခြင်းကို ရရှိသွားသည်။

အဲလစ်သည် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ ဂျိုးဆက်ပ်။သဘောတူထားတဲ့အတိုင်း နဂိုလောင်းကြေးရော ဒီဝိုင်ဗန် နှစ်ကောင်ကိုပါ ကျွန်မ ပိုင်ပြီနော်။ပြီးတော့လည်း အရည်အသွေးမြင့် နွယ်ကျောက် ၁၀၀ ကို အမြန်ဆုံး ပို့ဖို့ မမေ့နဲ့ဦး။

“ အရင်ဆုံးအနေနဲ့ အနိုင်ရရှိသွားတဲ့ အမှောင်လမြို့ကို ဂုဏ်ပြုပါတယ်။ဒီပွဲက လုပ်ရိုး လုပ်စဉ် တစ်ခုပါပဲ။ရည်ရွယ်ချက်က နယ်မြေနှစ်ခုရဲ့ ချစ်ကြည်မှုကို မျက်မြင်တွေ့ရဖို့ ပါပဲ။‌လိပ်ပြာနီ နဲ့ အမှောင်လက မောင်နှမတွေလိုပဲ ရင်းနှီးကြပါတယ်။လောင်းကြေးကိစ္စ ကတော့ မင်းသမီးလေး စိတ်ချပါ။အယ်ဗင်မိသားစုက ကတိတည်ပါတယ်။အရည်အသွေး မြင့် နွယ်ကျောက်တွေကတော့ အကန့်အသတ်ရှိတယ်။တစ်လအတွင်း နန်းတော် ဆီကို ပို့ပေးမှာပါ။ ”

ဂျိုးဆက်ပ်၏ အမူအရာသည် အများစု၏ နှလုံးသားများအား ဖမ်းစားသွားသည်။ အမှန်တကယ်၌ ဘဏ္ဍာရေးအရာရှိ၏ နှလုံးသားသည် သွေးထွက်နေလေသည်။ ဝိုင်ဗန်နှစ်ကောင်၊အရည်အသွေးမြင့် နွယ်ကျောက်၁၀၀။လိပ်ပြာနီနယ်မြေက ကြွယ်ဝ တယ်ဆိုရင်တောင် ဒီလိုဆုံးရှုံးမှုကို လျစ်လျူရှုလို့မရဘူး။ ဤနှစ်များတွင် ဂျိုးဆက်ပ် အတွက် ပထမဆုံး ရှုံးနိမ့်ခြင်း ဖြစ်သည်။သူ၏အဖေလည်း ဒေါသထွက်ပေမည်။သို့သော် ယခုအချိန်၌ ဂျိုးဆက်ပ်သည် အရှုံးပေးရုံသာ တတ်နိုင်သည်။

လိပ်ပြာနီနယ်မြေမှ အပြေးလာခဲ့သည့် သံတမန်၏ မျက်နှာလည်း အလွန်ပင် မှောင်မည်း သွားသည်။ဂါ့စ်၏ ဖိတ်ကြားချက်ကို ငြင်းလိုက်သည်။ထို့နောက် ဂျိုးဆက်ပ်ဆီသွားကာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။ဂျိုးဆက်ပ်၏ မျက်လုံးများ အေးစက်သွားသည်။ သို့သော်လည်း ဘာမှ မပြောခဲ့ပေ။

အဲလစ်သည် ဂျိုးဆက်ပ်၏ စကားများအား နားမထောင်နိုင်တော့ဘဲ အစောင့်များကို သံလှောင်အိမ်အား တွန်းခိုင်းလိုက်သည်။ထို့နောက် အဲလစ်သည် အသီနာနှင့်တကွ အခြားသူများနှင့်တူ ကျယ်လောင်လှသည့် အားပေးသံများကြားမှ ထွက်သွားလိုက်သည်။

ပြိုင်ကွင်းအပြင်သို့ရောက်သော် အဲလစ်သည်အောင်ပွဲခံရန်အတွက် စမ်းသပ်ခန်း၌ ဟော့ပေါ့လုပ်စားရန် အကြံပြုလိုက်သည်။ထို့နောက် အဘိုးဂါ့စ်သည် ရုတ်တရက် ရှေ့ထွက်လာပြီး လိုလီလေးအား စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

အဲလစ် အံ့အားသင့်သွားပြီး ချန်လွေ့ကို ပြောလိုက်သည်။

“ အစ်မက ငါတို့ကို တွေ့ချင်နေတယ်။နောက်မှ အောင်ပွဲခံရအောင်။ ”

ဆင့်ခေါ်ပြန်ပြီလား။

ယခင်က ပန်းခြံထဲ၌ ကြောက်စရာ အဖြစ်အပျက် ဖြစ်ပြီးနောက် ချန်လွေ့သည် မင်းသမီးရှီရာအား ထပ်မတွေ့ခဲ့ရပေ။တော်ဝင်မင်းသမီး ဆင့်ခေါ်ကြောင်းထပ်ကြား လိုက်သည့်အခါ ချန်လွေ့ ကြောက်လန့်သွားမိသည်။

အဘိုးဂါ့စ်သည် အဲလစ်နှင့်ချန်လွေ့ကို ကောင်စီခန်းမမှ နန်းတော်အထိ ဦးဆောင်သွားပြီး နောက်ဆုတ်လိုက်သည်။ရှီရာအား အဲလစ်တွေ့လိုက်သည့်အခါ အဲလစ်သည် သူအောင်နိုင် ခဲ့ကြောင်း ကြွားပြလိုက်သည်။ရှီရာ ခေါင်းညိတ်လိုက်ပြီး အေးစက်စက် မျက်လုံးထဲ၌ ငြင်သာမှု ငွေ့ငွေ့လေး ပေါ်လာသည်။

“ ဒီအောင်ပွဲက ချန်လွေ့ရဲ့ ကျေးဇူးကြောင့်ပဲ။ ”

အဲလစ်သည် ချန်လွေ့အား လက်ညိုးထိုးပြလိုက်သည်။

“ အဲလစ် သူ့ကို နွယ်ကျောက် ၅၀ပေးဖို့ ကတိပေးထားတယ်။အစ်မ သူ့ကို အပိုဆု ထပ်ပေးစရာ မလိုပါဘူး။ ”

“ နောက်ဆုံးပွဲမှာ နိုင်တာက သူကံကောင်းသွားလို့ပါ။ပြီးတော့လည်းသူက မှော်ပညာရှင် မဟုတ်ဘူး။အဲဒါကြောင့် နွယ်ကျောက်က သူ့အတွက် အသုံးမဝင်ဘူး။ ”

ရှီရာ ခေါင်းခါလိုက်ပြီး လူသား၏ နဂိုမျှော်လင့်ချက်အား စကားတစ်ခွန်းဖြင့် ချေမွပစ် လိုက်သည်။

“ အဲလစ်။နင် ဒီနေ့လုပ်တာ တော်တယ်။သလင်းကျောက်နက် ဒင်္ဂါးတွေလည်းအများကြီး နိုင်သွားတယ်။ဝိုင်ဗန် နှစ်ကောင်ရော ၊ အရည်အသွေးမြင့် နွယ်ကျောက်ကိုပါ ရခဲ့တယ်။ နွယ်ကျောက်၁ဝခုနဲ့ အလင်းကျောက်နက် ဒင်္ဂါး ၅၀၀ကို နင်ယူထားလို့ရတယ်။ကျန်တာ တွေကိုတော့ နန်းတော်ရဲ့ ဘဏ္ဍာတိုက်ထဲ အပ်ရမယ်။ ”

ချန်လွေ့ ဒေါသထွက်သွားသည်။

ဒါကတော်တော့်ကို မတရားတာပဲ။အာဏာရှင်မကြီး။သူက တကယ်ကြီး လောင်းကြေး ၉၀%ကို သိမ်းလိုက်တာပဲ။ငါကြိုးစားခဲ့ရတာတွေအကုန် သဲထဲရေသွန် ဖြစ်ကုန်ပြီ။ စိတ်အဆင်းရဲဆုံးကတော့ နွယ်ကျောက်တွေ တစ်ခုမှမရတာပဲ။အဲဒါတွေက အရှိန်အဝါ အများကြီးပဲ။

All Chapters