ကြယ်စင်စု နတ်ဘုရားကျောင်းရှိ လေ့ကျင့်ရေးကွင်း
Vol. 3 Ch. 38
ချန်လွေ့ကို သိမ်းသွင်းရန်ကြိုးစားသည် ဖြစ်ဖြစ် သူ၏ လူများကို ယုံကြည်သည်ဖြစ်ဖြစ် ရှီရာသည် အမှန်တကယ်ပင် အကြီးအကဲကောင်း တစ်ယောက်ဖြစ်သည်။ မကောင်း သည်မှာ တစ်ခါတစ်ရံ “ သတ်ဖြတ်ချင်စိတ် ” ဖြင့် စမ်းသပ်ကြည့်သည့် အချက်ပင် ဖြစ်သည်။
နွယ်ကျောက်၆၀မှာ အမှန်တကယ် ကောင်းမွန်လှသည့် ဆုလာဒ်ပင် ဖြစ်သည်။ ချန်လွေ့လည်း အားမနာနေတော့ပေ။
“ ကျေးဇူးတင်ပါတယ်။အရှင်မ။နောက်တစ်ခုရှိသေးတယ်။ဝိုင်ဗန်နှစ်ကောင်ကို လှောင်အိမ်ကနေ လွတ်အောင် လုပ်ပေးမယ်လို့ ပြောထားတယ်။အဲဒါ အဆင်ပြေရဲ့လား မသိဘူး။ ”
“ မင်းက သူတို့နဲ့ အဲဒီလောက် အတိုင်းအတာ အထိတောင် ဆက်သွယ်ပြောဆိုနိုင် တာလား။ ”
ရှီရာ မျက်တောင်ခပ်လိုက်သည်။
“ ကြယ်ကြွေတမန်အင်ပါယာ တစ်ခုလုံးအတွက်တောင် ဝိုင်ဗန်က အဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တစ်ခုပဲ။သူတို့ကိုတော့ မလွှတ်ပေးနိုင်ဘူး။ဒါပေမဲ့.... တခြားသူတွေကို သူတို့ ဒုက္ခမပေးဖို့ မင်းအာမခံနိုင်တယ် ဆိုရင်တော့ သူတို့ကို လှောင်အိမ်ထဲကထုတ်ပြီး လွတ်လွတ်လပ်လပ် ပေးသွားလို့ရပါတယ်။ ”
ချန်လွေ့ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့။ဘာပြဿနာမှ မရှိလောက်ပါဘူး။ပြီးတော့ ကျုပ်က သူတို့နဲ့ ထပ်ပြီး ဆက်သွယ်ပြောဆိုဖို့ လိုသေးတယ်။ဒါပေမဲ့ ကျွန်တော့်မှာက အစွမ်းသိပ်မရှိလို့ နွယ်ကျောက်လိုမျိုး တချို့ပစ္စည်းတွေကိုလိုအပ်တာ။သားရဲထိန်းကျောင်း အစွမ်းကို ပိုပြီး ကောင်းကောင်း အသုံးချနိုင်အောင်လို့ပေါ့။အရှင်မမှာထပ်ပြီးရှိသေးရင် ကျုပ် အရှက်မဲ့စွာနဲ့ ထပ်ပြီး တောင်းခံပါရစေ။ ”
“ ဂိုဒေါင်ထဲမှာ နွယ်ကျောက်၁၀ခု ရှိတယ်။ဒါပေမဲ့ အရည်အသွေးကတော့ သာမန်ပဲ။အဲဒါ တွေကို မင်းအတွက် စမ်းသပ်ခန်းဆီပို့လိုက်ဖို့ ခါဂူရွန်ကို မှာလိုက်မယ်။စမ်းသပ်ခန်းနားမှာ မြေကွက်လပ်တွေ အများကြီးရှိသေးတယ်။အဲဒါကြောင့် ဝိုင်ဗန်နှစ်ကောင်ကို မင်းဘေးမှာပဲ ထားထား။အခြားသူတွေကိုတော့ အဲဒက်စ် အဆိပ်လေ့လာဖို့အတွက်ဆိုပြီး ဆင်ခြေပေးလိုက်။ဒါပေမဲ့လည်း အန္တရာယ်ကင်းဖို့ အာမ မခံနိုင်သေးခင်မှာ သူတို့တွေ မတော်တဆမဖြစ်အောင်ထိန်းချုပ်ရမယ်။ ”
“ ကျုပ် နားလည်ပါတယ်။ ”
နောက်ထပ် နွယ်ကျောက်၁၀ခု ရသွားသည့်အတွက် ချန်လွေ့ အလွန်ပျော်သွားပြီး ပြောလိုက်သည်။
“ အရှင်မ။ကျုပ် ဝိုင်ဗန် တွေကို သွားနေရာချပြီးတော့ အနားယူလိုက်ပါဦးမယ်။ ”
ရှီရာထံမှ အမိန့်ရပြီးနောက်တွင် အစောင့်များသည် ဝိုင်ဗန်များအား “ ဆရာသခင်၏ သုတေသန ” ဟူသော အကြောင်းပြချက်နှင့်အတူ စမ်းသပ်ခန်းဆီသို့ ယူဆောင်လာကြ သည်။ဝိုင်ဗန်နှစ်ကောင်အား အဲဒက်စ် တွေ့သွားရာ အမှန်တကယ်ပင် အံ့အားသင့်သွားသည်။
အစောင့်များ ထွက်ခွာသွားပြီးနောက် ချန်လွေ့သည် အဲဒက်စ်ကို “ မဟာဆရာသခင် အမွေအနှစ် ” အကြောင်း ရှင်းပြလိုက်သည်။ထိုအချိန်မှသာ တတိယပြိုင်ပွဲသည် ချန်လွေ့၏ တစ်ကိုယ်တော် စွမ်းဆောင်ရည်ဖြစ်ကြောင်း အဲဒက်စ် သဘောပေါက်သွား သည်။မဟာဆရာသခင်၏ စွမ်းအားကို အံ့ဩသော်လည်း ဆေးရည်နှင့်ပတ်သက်သည့် အမွေအနှစ် မဟုတ်သည့်အတွက် အမှောင်နတ်သူငယ် ဝမ်းနည်းသွားသည်။
ချန်လွေ့သည် လှောင်အိမ်နားသွားပြီး « သရုပ်ခွဲမျက်လုံး » ကို အသက်သွင်းလိုက်သည်။
“ ခီဂူ။မန္ဂဒါ။ငါကတိတည် တယ်နော်။မင်းတို့ကို လူဆိုးလက်ထဲကနေ ကယ်လာခဲ့ပြီ။ ”
ဝိုင်ဗန် နှစ်ကောင်သည် လှောင်အိမ်ထဲတွင် လှုပ်ရှားနေပြီး ခေါင်းပြူထွက်ရန် ကြိုးစား လိုက်သည်။
“ ကျေးဇူးပါပဲ။ငါတို့ကို လွှတ်ပေးလို့ ရလား။ ”
ယခင်က စကားပြောပြီးပြီးနောက် ဝိုင်ဗန်၏ ဉာဏ်ရည်သည် ဂရစ်ဖင်းထက် သာလွန်ကြောင်း ချန်လွေ့ သိသည်။သို့သော်လည်း ဉာဏ်ရည်သိပ်ပြီး မမြင့်ကြပေ။ သူတို့၏ ခံစားချက်များကို ထိန်းချုပ်ရ လွယ်ကူပေသည်။ပါ့ဂ်လီအို ကဲ့သို့ ဉာဏ်ပညာမြင့် နဂါးဖြင့် လုံးဝ မယှဉ်နိုင်ပေ။အထူးသဖြင့် ဤဝိုင်ဗန်နှစ်ကောင်သည် ကလေးအရွယ်သာ ဖြစ်၍ လှည့်စားက လွယ်ကူပေသည်။
“ မရဘူး။လူဆိုးတွေက တော်တော်လေး ကောက်ကျစ်တယ်။သူတို့က မင်းတို့ကို အချိန်မရွေးဖမ်းဖို့ အသင့်ဖြစ်နေကြတယ်။ဒီနေရာပဲ လုံခြုံတာ။ ”
ဝိုင်ဗန်များသည် ရှူးရှူးရှဲရှဲ အသံလုပ်လိုက်ရာ အနားကပ်ချင်လာသည့် မှင်စာ ကြောက်လန့်သွားပြီး ဖင်ထိုင်လဲကျသွားသည်။ချန်လွေ့၏ နားထဲ၌ ထိုအသံများသည် ဝမ်းနည်းသည့်အသံ ဖြစ်သည်။
“ မန္ဂဒါ အသံတိတ်ည စိမ့်မြေဆီကို ပြန်ချင်တယ်။ခီဂူလည်း ပြန်ချင်တယ်။ ”
အသံတိတ်ည စိမ့်မြေတဲ့လား။ ရင်းနှီးသည်ဟု ချန်လွေ့ ခံစားရလိုက်သည်။ထို့နောက် ပါ့ဂ်လီအိုသည် သူ့ကို လျို့ဝှက်ဂူတစ်ခုဆီ သွား၍ ရတနာသွားရှာခိုင်းပြီး ထိုလျို့ဝှက်ဂူ သည် အသံတိတ်ည စိမ့်မြေ ဖြစ်ကြောင်း ချန်လွေ့ ရုတ်တရက် သတိရသွားသည်။
ချန်လွေ့ ချက်ချင်း စဉ်းစားတွေးတောလိုက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။ ပါ့ဂ်လီအို ပြောသည့်အတိုင်းဆိုလျှင် အသံတိတ်ည စိမ့်မြေသည်အလွန်အန္တရာယ်များပြီး အမြင့်ဆင့် နတ်ဆိုးပင် သေနိုင်လေသည်။ သွားဖို့မစဉ်းစားခင် အစွမ်းပိုထက်တဲ့အထိ စောင့်ကြတာပေါ့။
“ ခီဂူ။မန္ဂဒါ။စိတ်မပူပါနဲ့။ငါတို့က သူငယ်ချင်းတွေလေ။မင်းတို့ကို အသံတိတ်ည စိမ့်မြေကို ပြန်နိုင်ဖို့ ကူညီပေးမှာပါ။ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ ”
ချန်လွေ့သည် လှောင်အိမ်ထဲ လက်ထည့်ပြီး ဝိုင်ဗန်နှစ်ကောင်ကို ငြိမ်သက်အောင် လုပ်လိုက်သည်။ထိုဖြစ်ရပ်သည် မှင်စာအား သတိလစ်မတတ် ဖြစ်သွားစေသည်။ သို့သော်လည်း ဝိုင်ဗန်များသည် ချန်လွေ့၏လက်ကို ရင်းရင်းနှီးနှီး ခေါင်းဖြင့် ပွတ်သပ် နေကြသည်။သူတို့သည် ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲပျံ များနှင့်မတူတော့ပေ။ သိမ်မွေ့သည် ငရဲခွေးနှစ်ကောင် ကဲ့သို့ပင် ဖြစ်သည်။
“ သူငယ်ချင်းတို့။ငါမင်းတို့ကို ဒီလှောင်အိမ်ထဲကနေ လွှတ်ပေးပြီးတော့ အစာကျွေးမယ်။ ဒါပေမဲ့ ဒီနေရာက မထွက်သွားဖို့ ကတိပေးရမယ်။ဘယ်သူ့ကိုမှ ထိခိုက်လို့မရဘူး။ နားလည်လား။ ”
“ သိပါပြီ။ချန်လွေ့။မိတ်ဆွေကောင်း။ ”
ဝိုင်ဗန်နှစ်ကောင် အလွန်ပျော်ရွှင်နေသည်။ ချန်လွေ့ လှောင်အိမ်ကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ခီဂူ နှင့် မန္ဂဒါတို့ ပြေးထွက်လာကြသည်။အဲဒက်စ်ပင် လန့်သွားသည်။သူ၏ လက်ထဲရှိ လျှပ်စီးကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဝိုင်ဗန်နှစ်ကောင်သည် တောင်ပံဖြန့်ကာ ကောင်းကင်ပေါ်သို့ ပျံသွားပြီး နန်းတော်ပေါ်တွင် ရစ်ဝဲနေသည်။ နန်းတော်အစောင့်များသာမက ဖြတ်သွားဖြတ်လာ နတ်ဆိုးများပင် သတိထားမိသွားပြီး သူတို့အကြောင်းကို ဆွေးနွေးနေကြလေသည်။
ဝိုင်ဗန်နှစ်ကောင် လွတ်သွားမည်ကို ချန်လွေ့ စိုးရိမ်သွားသည့်အခါ ခီဂူ နှင့် မန္ဂဒါ တို့ ဖြည်းဖြည်းချင်း ဆင်းလာပြီး သူ၏ဘေးနားသို့ ရောက်သွားသည်။သူတို့၏ ချစ်စရာ မျက်နှာသည် အဲဒက်စ်နှင့်မှင်စာကို ကြက်သေသေ သွားစေသည်။
“ ဒီနေ့ကစပြီး မင်းတို့ ဒီမှာပဲနေရမယ်။ဒီနန်းတော်အပြင်ကို မထွက်ဖို့ မမေ့နဲ့။ ”
ချန်လွေ့သည် အဲဒက်စ်နှင့်စလီကို လက်ညှိုးထိုးပြလိုက်သည်။
“ ဒီနှစ်ယောက်က ငါ့ရဲ့မိတ်ဆွေတွေပဲ။သူတို့ကိုလုံးဝ တိုက်ခိုက်လို့မရဘူး။ နားလည်လား။ ”
“ နားလည်တယ်။ခီဂူ တစ်ခုခု စားချင်တယ်။ ”
“ စလီ။အသား လတ်လတ်ဆတ်ဆတ် သွားယူလာခဲ့။ ”
စလီကို ချန်လွေ့ ပြောလိုက်သည်။မှင်စာသည်ထိတ်လန့်နေရာမှ စိတ်ကို ပြန်လည် စုစည်းပြီး အလျင်အမြန် ပြေးထွက်သွားသည်။
ကြမ်းတမ်းသည်ဟု နာမည်ကျော်သည့် ဝိုင်ဗန်များအား ချန်လွေ့ အလွယ်တကူ ထိန်းကျောင်းနေသည်ကို ကြည့်ရင်း အဲဒက်စ် ထိန်လန့်ပြီး အားကျသွားသည်။ထို့နောက် ချန်လွေ့အား ဝိုင်ဗန်နှင့်ပတ်သက်သည့် ဗဟုသုတအချို့ကို ထောက်ပြလိုက်သည်။ ဝိုင်ဗန် များသည် ရွှံ့ဗွက်အိုင် သို့မဟုတ် စိမ့်မြေ၌ နေကြလေ့ရှိသည်။သူတို့၏ ခြေထောက်များမှာ အလွန်သန်မာပြီး အစွမ်းထက်လှသည်။အလွန် ကြမ်းတမ်းသည်။တိုက်စားပြီး အဆိပ်များ သည့် ပတ်ဝန်းကျင်ကို နှစ်သက်ကြသည်။ထို့ကြောင့် ဤနေရာ၌ ဝိုင်ဗန်နှစ်ကောင်နေရန် အတွက် သင့်တော်ရန် ချန်လွေ့ ပြင်ဆင်ရပေမည်။ကံကောင်းစွာပင် စမ်းသပ်ခန်း၌ အဆိပ်နှင့် အဆိပ်ပန်းများ အများအပြားရှိသည်။ဆေးရည် စမ်းသပ်မှု လိုအပ်ချက်များ အတွက် ဝိုင်ဗန်များနှင့် သဟဇာတဖြစ်သည့် ရှားပါးအဆိပ်ပင်များကိုလည်း စိုက်ပျိုးနိုင် ပေသည်။
စလီသည် ဖြတ်ခနဲအတွင်း အသား လတ်လတ်ဆတ်ခတ် ရလာခဲ့သည်။ဝိုင်ဗန်၏ အဆိပ်ကို ကြောက်သည့်အတွက် စလီ ရှေ့ဆက်မသွားရဲတော့ပေ။သို့သော်လည်း အဲဒက်စ်သည် ဤဝိုင်ဗန်နှစ်ကောင်၏ အဆိပ်ကို အလွန် အံ့အားသင့်နေသည်။ ချန်လွေ့သည် ဝိုင်ဗန်များအတွက် ယာယီအသိုက်ကို ဖန်တီးနေစဉ် အင်ပါယာ အစောင့်များနှင့် ခါဂူရွန်တို့ ရောက်လာပြီး နွယ်ကျောက်၁၁ခုပါသည့် သားရေအိတ် တစ်လုံး ချန်လွေ့ကို ပြောလိုက်သည်။
ချန်လွေ့ အလွန်ပျော်ရွှင်သွားပြီး ခါဂူရွန်ကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ ခါဂူရွန်သည် အဝေးမှ မချုပ်နှောင်ထားသည့် ဝိုင်ဗန်နှစ်ကောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။သူဘာမှ မပြောခဲ့ပေ။သူ အသာလေး ခေါင်းညိတ်ပြီး စမ်းသပ်ခန်းမှ ထွက်သွားလိုက်သည်။ အဲဒက်စ်၏ လမ်းညွှန်မှု နှင့်စလီ၏ ကြိုးစားမှုအောက်တွင် နောက်ဆုံး၌ ဝိုင်ဗန်အသိုက် ပြီးစီးသွားလေပြီ။ခီဂူ နှင့် မန္ဂဒါကို ငြိမ်အောင် လုပ်လိုက်ပြီး အခန်းထဲ၌ ချန်လွေ့ ခပ်မြန်မြန် ဝင်သွားလိုက်သည်။ထို့နောက် « အရှိန်အဝါ ကူးပြောင်း » အစွမ်းကို အလောတကြီး အသက်သွင်းလိုက်သည်။
နောက်ဆုံးနွယ်ကျောက် အမှုန့်ဖြစ်သွားသည့်အခါ ချန်လွေ့၏ အဆင့်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သွားသည်။
ဂုဏ်ပုဒ် = ကြယ်စုဆောင်းသူ
ဆင့်ကဲပြောင်းလဲ အဆင့် = ကြယ်တစ်ပွင့်
အတွေ့အကြုံတန်ဖိုး = ၁%
အရှိန်အဝါတန်ဖိုး = ၂၂၂၄
စွမ်းအားအကဲဖြတ်မှု = [ E ]
သာမန်အရွယ်အသွေးရှိ နွယ်ကျောက်တစ်ခုသည် အရှိန်အဝါ ၁၀၀ မှ ၁၅၀ အထိ ပေးစွမ်းနိုင်သည်။အရည်အသွေးမြင့်လျှင် နှစ်ဆဖြစ်သွားသည်။ဤနှုန်းအတိုင်းဆိုလျှင် အဆင့်မြင့် နွယ်ကျောက်၆၀ အား ထပ်ပေါင်းထည့်လျှင် စုစုပေါင်း အရှိန်အဝါတန်ဖိုး သည်၂၀၀၀၀ နီးပါး ရောက်ရှိသွားပေမည်။
ချန်လွေ့ ချက်ချင်း စူပါစနစ်ထဲဝင်ပြီး ကြယ်စင်စု နတ်ဘုရားကျောင်းဆီ ရောက်လာ သည်။သူ၏ မျက်လုံးများသည်“ အဆောက်အအုံများ ” ဆိုသည့် အလင်းမျက်နှာပြင်ပေါ် ရောက်သွားသည်နှင့် အသက်သွင်း၍ရသည့် ဗိသုကာ လက်ရာသုံးခု ပေါ်လာသည်။ လက်ရှိတွင် ချန်လွေ့၌ အရှိန်အဝါ အများအပြား ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် တစ်ခုခုကို အသက်သွင်းရန် စတင်စဉ်းစားတော့သည်။
လဲလှယ်ရေးဌာနသည် စတိုးဆိုင်နှင့် ဆင်တူသည်။အသက်သွင်းရန် အရှိန်အဝါတန်ဖိုး ၁၀၀၀ လိုအပ်သည်။ကျန်ရှိသည့် အရှိန်အဝါ ၁၀၀၀ ဖြင့် ပစ္စည်းကောင်းတစ်ခုမှ လဲလှယ် နိုင်ဖြစ်မည်မဟုတ်ပေ။ထို့ပြင် အရေးပေါ်အတွက်လည်း စုထားရန် လိုအပ်သည်။ နွယ်ကျောက်၆၀ မရေးခင်၌ ၎င်းကိုအသက်သွင်းခြင်းသညိ မတန်လှပေ။
ကျန်သည့် အဆောက်အအုံနှစ်ခုကို ချန်လွေ့ ရွေးရခက်နေသည်။အဲလစ်၏ သိုလှောင် ကိရိယာအား ချန်လွေ့အမြဲပင် မနာလိုဖြစ်မိသည်။ဤ သိုလှောင်ဂိုဒေါင်သည် အဆင့်မြင့် ရွေ့လျားနိုင်သည့် သိုလှောင်ကိရိယာ တစ်ခုနှင့် ညီမျှပြီး အလိုအလျောက် အဆင့်မြှင့်ကာ တိုးချဲ့နိုင်ပေသည်။အသက်သွင်းရန် အရှိန်အဝါမှာလည်း အနည်းဆုံးပင်။၅၀၀သာ ဖြစ်သည်။လေ့ကျင့်ရေးကွင်းသည် နှစ်ဆပိုဈေးများသော်လည်း လေ့ကျင့်ရေးကို အထောက်အကူပြုသည့်အတွက် မရှိမဖြစ် လိုအပ်လှသည်။
သို့သော်လည်း အဆောက်အအုံနှစ်ခုပေါင်းလျှင် အမှတ်၁၅၀၀ သာရှိသည်။ချန်လွေ့သည် အရှိန်အဝါ ၂၀၀၀ ကျော်ကို ကြည့်လိုက်သည်။ရုတ်တရက် ချန်လွေ့ နှစ်ခုလုံးကို အသက်သွင်းချင်စိတ် ဖြစ်ခဲ့သည်။သို့သော်လည်း သေချာစဉ်းစားပြီးနောက် လေ့ကျင့်ရေး ကွင်းကိုသာ အရင် အသက်သွင်းရန် ချန်လွေ့ ဆုံးဖြတ်လိုက်သည်။အခြေအနေပေးလျှင် ချန်လွေ့သည် သိုလှောင် ဂိုဒေါင်ကို အသက်သွင်းမည် ဖြစ်သည်။
ချန်လွေ့သည် လေ့ကျင့်ရေးကွင်းကို အသက်သွင်းရန် ရွေးချယ်လိုက်သည်။ပုံစံငယ်သည် ချက်ချင်း အမှုန်အမွှား ဖြစ်သွားသည်။တစ်ချိန်တည်းမှာပင် ဘုရားကျောင်းအပြင်ဘက် အာကာသ၌ ကြီးကျယ်ခမ်းနားမှုကို ထုတ်လွှတ်နေသည့် ပုံစံငယ်နှင့် ချွတ်စွပ်တူသည့် အဆောက်အအုံတစ်ခု ရှိနေသည်။ချန်လွေ့ အာရုံပြောင်းလိုက်ရာ ပလ္လင်မှ ထိုအဆောက် အအုံ၏ တံခါးအထိ ရောက်သွားသည်။ဧရာမတံခါးကြီးသည် အလိုအလျောက် ပွင့်သွား သည်။အထဲသို့ ဝင်လိုက်သည့်အခါ နောက်ထပ် အာကာသတစ်ခုကို ဝင်လိုက်ရကဲ့သို့ပင် အဆုံးမရှိသည့် မြေပြင်ပေါ်သို့ ရောက်သွားသည်။ မျက်နှာပြင်အပြာတစ်ခု ပေါ်လာပြီး လေ့ကျင့်ရေးကွင်း၏ ဈေးနှုန်းနှင့် လုပ်ဆောင်ချက် အသေးစိတ်ကို ဖော်ပြထားသည်။ လေ့ကျင့်ရေးကွင်းတွင် ရွေးချယ်စရာ ဥပဒေသအမျိုးမျိုး ရှိသည်။တစ်ခုစီသည် တန်ဖိုး အလိုက် အရှိန်အဝါ သုံစွဲရသည်။
ပထမဥပဒေသမှာ အချိန်ဆပွားခြင်းဖြစ်သည်။လေ့ကျင့်ကွင်းရှိအချိန် နှင့် တကယ့်အပြင်ရှိ အချိန်တို့ မတူညီခြင်းကို ဆိုလိုသည်။၂ အချိုး ၁ ဆိုသည်မှာ လေ့ကျင့်ရေးကွင်း၌ ၂ရက် ကြာလျှင် ပြင်ပ၌ ၁ရက်သာ ကြာမည်ကို ဆိုလိုသည်။၅ အချိုး ၁ ဆိုသည်မှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။ဥပဒေသစုစုပေါင် သုံးမျိုး ရှိသည်။
ဤ လုပ်ဆောင်ချက်သည် အလွန်ဆွဲဆောင်မှု ရှိလှသည်။သို့သော် ဈေးနှုန်းသည် ချန်လွေ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။၂ : ၁ ဈေးနှုန်းမှာ တစ်ရက်လျှင် အရှိန်အဝါ ၂၀၀၀ ဖြစ်သည်။၅ : ၁ ဈေးနှုန်းမှာ တစ်ရက်လျှင် အရှိန်အဝါ ၅၀၀၀ ဖြစ်သည်။၁၀ : ၁ ဈေးနှုန်းမှာ တစ်ရက်လျှင် အရှိန်အဝါ ၁၀၀၀၀ ဖြစ်သည်။၁၀၀ : ၁ ဈေးနှုန်းမှာ တစ်ရက်လျှင် အရှိန်အဝါ ၁၀၀၀၀၀ ဖြစ်သည်။
ဒုတိယအမျိုးအစား ဥပဒေသမှာ မြေဆွဲအားဖြစ်သည်။ပုံမှန်ထက် ၂ဆ ဆိုလျှင် တစ်ရက် အရှိန်အဝါ ၂၀၀၀ ကုန်ကျသည်။၄ ဆဆိုလျှင် အရှိန်အဝါ ၄၀၀ဝ ဖြစ်ပြီး ၈ဆသည် ၈၀၀၀ ဖြစ်သည်။
တတိယအမျိုးအစား ဥပဒေသမှာ ပတ်ဝန်းကျင်ဖြစ်သည်။မီးတောင်၊ ရေခဲမြစ်၊ပင်လယ် ကြမ်းပြင်၊တောရိုင်း အစရှိသဖြင့်ပင် ဖြစ်သည်။ဈေးနှုန်းမှာ တစ်ရက်လျှင် အရှိန်အဝါ ၁၀၀၀ ဖြစ်သည်။
အထက်ပါ ဥပဒေသများသည် တစ်ရက်မပြည့်လျှင်တောင် တစ်ရက်စာ သတ်မှတ် လေသည်။
ဤ လေ့ကျင့်ရေး အခြေအနေများကို တစ်ပြိုင်နက်တည်း အသုံးပြု၍ရသည်။ဥပမာ ပြောရလျှင် မီးတောင်နယ်မြေ၊မြေဆွဲအား၁၀ဆ နှင့် အချိန်ဆပွား ၅ : ၁ ဟူ၍ ဖြစ်သည်။ လေ့ကျင့်ရေးကွင်း၏ လုပ်ဆောင်ချက်သည် အလွန်အစွမ်းထက်လွန်းသည်ဟု ပြောနိုင် သည်။ချန်လွေ့လည်း စမ်းသပ်ကြည့်ချင်နေသည်။သို့သော် ပြဿနာမှာ ဈေးကြီးလွန်း နေခြင်းပင်။ယခုတွင် ချန်လွေ့၌ အရှိန်အဝါ ၁၂၂၄ မှတ်သာ ရှိသည်။ထို့ကြောင့် သူဘာမှ လုပ်မရပေ။အခြားနည်းလမ်းများကို သူရှာဖွေရတော့မည်ဖြစ်သည်။အကျိုးအရှိဆုံး နည်းလမ်းသည် မှော်သလင်းကျောက် ဒင်္ဂါးများရှာပြီး နွယ်ကျောက်ကဲ့သို့ မှော်ကုန်ကြမ်း များ ဝယ်ယူရန်ပင် ဖြစ်သည်။
ဂျိုးဆက်ပ်၏ ဈေးကြီးပြီး ကလိမ်ကျသည့် ဆိုင်မှ ချန်လွေ့ ဝယ်မည်မဟုတ်ပေ။သို့သော် လည်းအခြား အရင်းအမြစ်များကို ရှာဖွေရမည်ဖြစ်သည်။စီးပွားရေး နှင့် ပိုက်ဆံရှာခြင်းနှင့် ပတ်သက်လျှင် ချန်လွေ့သည် လေ့ကျင့်ခြင်းထက် ပိုသာသည်။အထူးသဖြင့် အတော်လေး ခေတ် နောက်ကျနေသည့် စီးပွားရေးရှိသည့် နတ်ဆိုးဘုံ၌ စီးပွားရေးသမား လုပ်ရန်က လွဲပြီး ချန်လွေ့၌ တခြားဘာမှ မရှိပေ။
ချန်လွေ့သည် စူပါစနစ်မှ ထွက်လိုက်ပြီး ယနေ့မှစ၍ ပိုက်ဆံရှာရန် စိတ်ပိုင်းဖြတ် လိုက်သည်။
အရှိန်အဝါရဖို့ဆို ငါအားလုံးလုပ်မယ်။