← Chapters

နဂါးနိုင်သူရဲကောင်း နှင့် အ‌တွင်းရေးမှူး

Vol. 3 Ch. 40

နဂါးနိုင်သူရဲကောင်း နှင့် အ‌တွင်းရေးမှူး

Vol. 3 Ch. 40

ညအချိန်ရောက်လာ၏။အေးမြသည့် လရောက်အောက်၌ ကြီးမားသောအရိပ်မည်း တစ်ခုသည် နန်းတော်အပြင်ဝင်းမှ မြို့ပြင်သို့ ပျံထွက်သွားသည်။

ရထားစီးရခြင်း နှင့် လေယာဉ်စီးရခြင်းတို့၏ ခံစားချက်သည် ကွဲပြားလှသည်။ဝိုင်ဗန်၏ အမြန်နှုန်းသည် ထင်ထားသည်ထက် ပိုမြန်နေပြီး ရေကန်ပြာသို့ရောက်ရန် သိပ်ပြီးမကြာလိုက်ပေ။

ပါ့ဂ်လီအိုသည် ရေကန်ဘေး ချိုင့်ဝှမ်း၌ လဲလျောင်းနေပြီး ချန်လွေ့ ယခင်တစ်ခေါက်က ယူလာခဲ့သည့် ဂေါ်လီကျားကွက်ကို အပျင်းပြေ ကစားနေ၏။ရေကန်ထဲ၌ နှစ်ပေါင်း ၂၀၀၀ ကျော် အိပ်စက်ခဲ့ပြီးပြီ ဖြစ်သည့်အတွက် ပါ့ဂ်လီအိုသည် ရေထဲသို့ ထပ်မဆင်း ချင်တော့ပေ။

လျင်မြန်စွာ ရွေးလျားနေသည့် အရိပ်တစ်ခုကို ပါ့ဂ်လီအို သတိထားမိသွားသည်။ဝိုင်ဗန် တစ်ကောင်‌ဖြစ်ကြောင်း သိလိုက်ရာ သူအထင်သေးစွာ လှောင်ပြုံးပြုံးလိုက်သည်။ ဝိုင်ဗန်သည် အတော်လေး အစွမ်းထက်ပြီး အဆိပ်ပြင်းသည့်အတွက် သာမန်နဂါး တစ်ကောင်ပင် သတိထားရသော်လည်း အဆိပ်နဂါးအတွက် ဘာမှမထူးခြားပေ။ ဝိုင်ဗန်တို့၏ အဆိပ်များသည် အဆိပ်နဂါးနေ့၌ အသုံးမဝင်ပေ။အဆိပ်အာနိသင်ချင်း ယှဉ်လျှင် အဆိပ်နဂါးသည် ဝိုင်ဗန်၏ အ‌စာချေစနစ်ကို သေချာပေါက် ပျက်စီးသွားစေနိုင်၏။

ဒါပေမဲ့ ဝိုင်ဗန်ပေါ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။နဂါးနိုင်သူရဲကောင်းလား။ မဟုတ်ဘူး။အတိအကျပြောရရင်တော့ နဂါးအတုနိုင်သူရဲကောင်း ဒါမှမဟုတ် ဝိုင်ဗန် နိုင်သူရဲကောင်း လို့ ခေါ်ရမယ်။ နဂါးတွေအတွက်တော့ နိမ့်ကျတဲ့ နဂါးအတုတွေက “ နဂါး ” ဆိုတဲ့ တော်ဝင်စကားလုံးနဲ့ မထိုက်တန်ဘူး။

ထိုအခိုက်တွင် ဝိုင်ဗန်ဆီမှ ရင်းနှီးသည့် အသံတစ်သံကြားလိုက်ရသည်။

“ ပါ့ဂ်လီအို။ခင်ဗျား ဘယ်မှာလဲ။ ”

“ ဘယ်သူလဲ။ ”

ပါ့ဂ်လီအိုသည် ချိပ်ပိတ်ခံထားရသည့်အတွက် ပြဿနာ မတက်ချင်ပေ။ယခင်က သူရှောင်နေချင်ခဲ့သော်လည်း ထိုသူသည် သူ၏နာမည်ကိုခေါ်လိုက်သည့်အခါ ရုတ်တရက် စိုးရိမ်သွားပြီး စွမ်းအားစုစည်းကာ တိုက်ခိုက်မှုတစ်စုံတစ်ရာကို စောင့်ဆိုင်းနေလိုက်သည်။

ထိုသူသည် သူရဲ့တည်နေရာကို ရှာတွေ့သွားပြီး ပျံသန်းလာကာ ပြောလိုက်သည်။

“ ပါ့ဂ်လီအို ဆန်ဒရို အာ့ခ်ဟေးလ်စ်။ခင်ဗျားရဲ့ အရေးအကြီးဆုံး လုပ်ဖော်ကိုင်ဖက် ရောက်လာပြီ။အသံတိတ်ည စိမ့်မြေက ရတနာတွေအားလုံးကို ပေးမယ်လို့ ခင်ဗျားကတိပေးထားတဲ့ တစ်ယောက်လေ။ ”

“ မဖြစ်နိုင်ဘူး။မင်းက တော်တော်လေးကို လောဘကြီးတဲ့ လူသားပဲ။ ”

ပါ့ဂ်လီအို ပြုံး၍ ကြိမ်းမောင်းလိုက်ပြီး စွမ်းအားကို ပယ်ဖျက်လိုက်၏။

အဆိပ်နဂါးသည် နဂါးသဏ္ဍာန် အသွင်မပြောင်းခဲ့သော်လည်း ဝိုင်ဗန်သည် တုန်လှုပ်သွားပြီး ဆင်းသက်သည့်အခါ ကြောက်သွားပုံရသည်။

ချန်လွေ့ အောက်ခုန်ဆင်းလိုက်ပြီး ဝိုင်ဗန်၏လည်ပင်းကို ပုတ်လိုက်သည်။

“ မန္ဂဒါ။မကြောက်နဲ့။သူက မိတ်ဆွေ တစ်ယောက်ပဲ။အဲဒီကနေ ငါ့ကို စောင့်နေ။ ”

ဝိုင်ဗန် အတောင်ဖြန့်ကာ အဝေးသို့ ပျံသွားလိုက်သည်။ပါ့ဂ်လီအို အံ့အားသင့်သွားသည်။

“ ဒီသိမ်ဖျင်းတဲ့ နဂါးအတုတွေက အသိဉာဏ်နည်းပေမဲ့ အစွမ်းတချို့တော့ ရှိသေးတယ်။ မင်းသူ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် ယဉ်ပါးအာင်လုပ်နိုင်ခဲ့တာလဲ။ မဟာဆရာသခင်ရဲ့ အမွေအနှစ် တစ်ခုခု ပြောင်းလဲသွားတာလား။ ”

“ ခင်ဗျားထင်တာ မှန်တယ်။ ”

အတွေးမြန်မှုအတွက် အဆိပ်နဂါးကို ချန်လွေ့ ချီးမွမ်းလိုက်သည်။

“ နွယ်ကျောက်နှစ်ခုကို မတော်တဆ စုပ်ယူပြီးသွားတော့ သားရဲထိန်းကျောင်း အစွမ်းကို ရလာခဲ့တယ်။ဒါပေမဲ့လည်း ဒီအစွမ်းက အထူးပစ္စည်းအချို့တွေကနေ စွမ်းအင်တွေ လိုအပ်တယ်။ခင်ဗျားမှာ တစ်ခုခုရှိရင် ချက်ချင်းထုတ်ပေး။ ”

“ ဟမ့်။ဘာလို့ကံတရားက မင်းလို လောဘကြီးတဲ့လူဘက်မှာ အမြဲရှိနေရတာလဲ။ ”

ပါ့ဂ်လီအိုသည် ချန်လွေ့ကို မနာလိုစိတ်ဖြင့် ဖြတ်ခနဲကြည့်လိုက်သည်။

“ ငါကဒီမှာ နှစ်၂၀၀၀ကျော်လောက် ချိပ်ပိတ်ခံထားရတာလေ။ငါ့မှာ ဘယ်လို ရတနာရှိမှာလဲ။နွယ်ကျောက်တွေက ဘာမှမဟုတ်ဘူး။မှော်ပစ္စည်းဆိုရင် အသံတိတ် ညစိမ့်မြေမှာ ပိုကောင်းတဲ့ ရတနာတွေ ရှိတယ်။မင်းမှာ အဲဒါကို အရယူဖို့ အစွမ်းအစ ရှိမရှိ အပေါ်မှာပဲ မူတည်တယ်။ ”

“တကယ်လား။ ”

ချန်လွေ့သည် အရှိန်အဝါ အများကြီးကို မြင်သွားသကဲ့သို့ မျက်လုံးများ အရောင်တောက်သွားသည်။

“ ကျုပ်အမှန်အတိုင်း ပြောပြမယ်။အဲဒီဝိုင်ဗန်က အသံတိတ်ညစိမ့်မြေ ကနေလာတာ။ အဲဒါကိုသိရဖို့အတွက် ကျုပ်အများကြီး ကြိုးစားခဲ့တာ။ကျုပ်ရဲ့လက်ရှိအစွမ်းက မလုံလောက်သေးဘူး။ကံကောင်းတာက အခုတော့ကျုပ်မှာ ဝိုင်ဗန်တစ်ကောင်ရှိပြီ။ ခင်‌ဗျားဆီမှာ အထူးလေ့ကျင့်ရေး လုပ်ဖို့အတွက် ရေကန်ပြာဆီ နေ့တိုင်းလာလို့ရပြီ။ ”

“ အသံတိတ်ညစိမ့်မြေက ဝိုင်ဗန်လား။မင်းက တော်တော်လေး အရေးထားတာပဲ။ ”

ချန်လွေ့ စကားများသည် မမှန်ကန်ကြောင်း ပါ့ဂ်လီအိုမသိဘဲ ပျော်ရွှင်စွာ ပြောလိုက်သည်။

“ ငါ့ရတနာတွေမှာ ရှားပါးပစ္စည်းတွေနဲ့ သတ္တုတွေလည်းပါတယ်။မင်းလိုချင်ရင် အားလုံးပေးလို့ရတယ်။မင်းပိုပြီး အစွမ်းထက်လေလေ ငါ့အတွက်ပိုပြီး လုံခြုံလေလေပဲ။ဒါပေမဲ့လည်း နတ်ဆိုးသားရဲတွေအားလုံးကို မိုက်မဲတယ် မထင်လိုက်နဲ့။ဒီဝိုင်ဗန်က မယဉ်နေရင် မင်းတို့ဆက်သွယ် စကားပြောဖို့က ဘယ်တော့မှ လွယ်ကူမှာ မဟုတ်ဘူး။အခုတော့ အချိန်ဖြန်းမနေဘဲ စပြီးလေ့ကျင့်ကြတာပေါ့။ ”

“ အလစ်တိုက်ပြန်ပြီ။အရှက်မရှိတဲ့ နဂါး။ ”

“ မင်းရဲ့ ဒီတစ်ခေါက် တုံ့ပြန်မှုက ပိုပြီးမြန်လာပြီ။ဒါပေမဲ့ မလုံလောက်သေးဘူး။ ”

“…”

ကြမ်းတမ်းပြီး နာကျင်သည့် အထူးလေ့ကျင့်ရေး ဆက်လက်ဖြစ်သွားနေပြီး ကြယ်စွမ်းအင် ကျွမ်းကျင်မှု နှင့် အတွေ့အကြုံတန်ဖိုး တဖြည်းဖြည်း တိုးပွားလာသည်။

စမ်းသပ်ခန်း‌ဆီသို့ ချန်လွေ့ ရောက်သည့်အခါ သန်းခေါင်အချိန် ရောက်နေပြီ ဖြစ်သည်။ပင်ပန်းနွမ်းလျနေသည့် ချန်လွေ့လည်း ရေမိုးချိုးပြီး အိပ်လိုက်တော့သည်။ ချန်လွေ့ နိုးလာသည့်အခါ နေ့လယ်ရောက်နေပြီ ဖြစ်ပြီး အားအင်ပြည့်ဝနေသည်။

« နက္ခတ်သဏ္ဍာန် » ၏ အထူးအစွမ်းကြောင့် အထူးလေ့ကျင့်ရေးမှ ဒဏ်ရာများအားလုံး ပြန်ကောင်းနေပြီ ဖြစ်သည်။ထို့နောက် ချန်လွေ့သည် ရှီရာ၏အမိန့်ကို သတိရသွားသည်။ချက်ချင်းပင် ကိုယ်လက်သန့်စင်ပြီး နန်းတော် ကောင်စီခန်းမသို့ အပြေးအလွှား သွားရတော့သည်။

ကောင်စီခန်းမသို့ ချန်လွေ့ရောက်သည့်အချိန် နောက်ကျသွား၍ ဖြစ်ပေမည်။ ရှီရာပြောခဲ့သည့် အဘိုးဂါ့စ်သည် ထိုနေရာ၌ ရှိမနေပေ။ထိုအစား တော်ဝင်မင်းသားကသာ စားပွဲစောင်းနား၌ ထိုင်နေပြီး စာရွက်စာတမ်းများကို လှန်လျောနေသည်။

“ ဒီစာရွက်စာတမ်းတွေကို ကြည့်လိုက်။ပြီးရင် အရေးကြီးတဲ့အပိုင်းတွေကို ထုတ်နှုတ်ပြီး နယ်မြေမှတ်တမ်းစာအုပ်မှာ ရေးချထားလိုက်။ကိုယ်ပိုင်အထင်အမြင် နည်းနည်းပါးပါး လည်း ရေးထည့်လို့ရတယ်။ ”

ခေါင်းမမော့ကြည့်ဘဲ ရှီရာ ပြောလိုက်သည်။

ချန်လွေ့သည် စာရွက်စာတမ်းများနှင့် မှတ်တမ်းစာအုပ်ကို အလျင်အမြန်ယူပြီး အလုပ်လုပ်တော့သည်။နယ်မြေထဲ၌ ကိစ္စကြီးများ အများအပြားမရှိသည့်အတွက် ထိုအလုပ်သည် အလွန် မခက်ခဲလှပေ။ဥပမာအနေနှင့် ယမန်နေ့က ကောင်းကင် တိုက်ပွဲနှင့် အဲဒက်စ်၏ ဆရာသခင်စိန်ခေါ်ပွဲတို့ ထိုအထဲ၌ပါသည်။တက္ကသိုလ်၌ ချန်လွေ့သင်ခဲ့ရသည့် အရေးစွမ်းရည်သည် အလကားမဟုတ်ခဲ့ပေ။မကြာမီတွင် အသေးအဖွဲကိစ္စများကို လိုရင်းတိုရှင်း အရေးအသားပုံစံဖြင့် စုစည်းပြီးသွားခဲ့သည်။

“ တော်တယ်။ ”

ရှီရာသည် ပြီးစီးသွားသည့် မှတ်တမ်းစာအုပ်ကိုယူပြီး တစ်ချက်စိုက်ကြည့်လိုက်သည်။

“ နောက်တစ်ခေါက်ကျရင် စောစောလာခဲ့။ဂါ့စ်က ဒီနေ့ အပြင်သွားလိုက်ပြီ။ ”

ပထမဆုံး အလုပ်စလုပ်သည့်နေ့တွင် သူဌေးမိသွားသည့်အတွက် ချန်လွေ့လည်း ရှက်သွားသည်။

“ ဒီလိုပါ။အရှင်မ။ ”

ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ညပိုင်းအပြင်သွားခြင်းကို ဆင်ခြေပေးရန် ဆုံးဖြတ် လိုက်သည်။မကြာခဏစွန့်စားလျှင် နောက်ဆုံး၌ မတော်တဆမှုများ ဖြစ်လာနိုင်ပေသည်။ နန်းတော်အစောင့်များမှာလည်း အလှပြထားသည် မဟုတ်ကြ။စမ်းသပ်ခန်း ညပိုင်း၌ မူမမှန်မှုများကို သတိထားမိသွားလျှင် ရှီရာ သံသယ ဝင်သွားနိုင်ပေသည်။

ချန်လွေ့ ရှင်းပြသည်ကို နားထောင်ပြီးနောက် ရှီရာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ မင်းက ညပိုင်းမှာ ဝိုင်ဗန်စီးသွားပြီးတော့ သားရဲထိန်းကျောင်းတာ သွားလေ့ကျင့် တာလား။ ”

“ ဟုတ်ပါတယ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ မနေ့ညက အရှင်မ ပို့လိုက်တဲ့နွယ်ကျောက်တွေကို စုပ်ယူပြီးတော့ ကျုပ်ရဲ့ သားရဲ ထိန်းကျောင်း အစွမ်းတွေ တည်ငြိမ်ပြီးတော့ တိုးမြှင့်သွားတယ်။ဒါပေမဲ့ ဒီအစွမ်းကို တခြားသူတွေ မသိအောင်လို့ ညဘက်ကြီး ထွက်သွားပြီး လေ့ကျင့်ရတာပါ။ ”

“ ဒီအချိန်မှာ မင်းက အာစုံရိုက်မခံသင့်တာ မှန်ပါတယ်။ ”

မူလက ရှီရာသည် ချန်လွေ့အား နောက်ကွယ်တွင် လျို့ဝှက်လက်နက်အနေဖြင့် ထားထားရန်မျှော်လင့်ခဲ့သည်။

“ ဒါဆိုရင်လည်း မနက်ဖြန်ကစပြီးတော့ ကောင်စီခန်းမကို နေ့လယ်တိုင်းလာခဲ့။မနက်ပိုင်း အနားယူနေလိုက်။ ”

သူဌေးက မဆိုးဘူး။ဒါပေမဲ့ ကံမကောင်းတာက လစာမတိုးဘူး။

ချန်လွေ့ ထပ်ပြောလိုက်သည်။

“ မနေ့ညတုန်းက တိတ်ဆိတ်တဲ့နေရာ တစ်ခုမှာ ဝိုင်ဗန်တွေနဲ့ သေချာစကားပြောခဲ့ ရတယ်။သူတို့က တိတ်ဆိတ်ညစိမ့်မြေမှာ နေကြတာ။အဲဒီမှာ ဝိုင်ဗန်အုပ်လိုက်ကြီး ရှိတယ်။ဒီဝိုင်ဗန်နှစ်ကောင်က အပြင်ထွက်နေတုန်းမတော်တဆ အဖမ်းခံခဲ့ရတာ။ နောက်ပိုင်း အခွင့်အရေးရရင်တော့ အသံတိတ်ည စိမ့်မြေဆီသွားပြီးတော့ ထောက်လှမ်းကြည့်ချင်ပါတယ်။ ”

နတ်ဆိုးသားရဲမုဆိုးသည် နတ်ဆိုးသားရဲများကို ဖမ်းဆီး သတ်ဖြတ်ရာ၌ ကျွမ်းကျင် ကြသည်။သူတို့၏ အစွမ်း လိုအပ်ချက်မှာလည်း မြင့်မားလှသည်။ဝိုင်ဗန်နှစ်ကောင်သည် အမှန်တကယ်ပင် ထိုကဲ့သို့ အဖမ်းခံလာရခြင်း ဖြစ်သည်။

ရှီရာ၏ မျက်လုံးများ ‌ရုတ်တရက် အရောင်တောက်သွားပြီး ကရုဏာသက်လောက်အောင် ပြောလိုက်သည်။

“ မင်း သူတို့အုပ်လိုက်ကြီးကို ရှာတွေ့ရင်..... ”

အကယ်၍ ချန်လွေ့သာ ဝိုင်ဗန်အုပ်လိုက်ကြီးကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့လျှင် အမှောင်လမြို့၌ အားကောင်းသည့် လေတပ်တစ်ခု ရှိလာမည်ဖြစ်သည်။မင်းသား အိုဆိုင်ဒန်၏ နဂါးနိုင်သူရဲကောင်း စစ်တပ်ကိုပင် ယှဉ်ပြိုင်နိုင်ပေမည်။ထို့ကြောင့် ရှီရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

“ ဒါက အကြံတစ်ခုပါပဲ။ ”

ရှီရာ၏စိတ်ကို ချန်လွေ့ သတိထားမိပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“ ဝိုင်ဗန်ရိုင်းတွေကို ဝိုင်ဗန်ယဉ်တွေနဲ့ ယှဉ်လို့မရဘူး။ဆက်သွယ်ပြောဆိုရ ခက်သလို ကြမ်းလည်း ကြမ်းတမ်းတယ်။ကျုပ်က ဒါကို ရေရှည်စီမံကိန်း အနေနဲ့ ထားထားတာပါ။ လက်ရှိမှာတော့ သားရဲထိန်းကျောင်း အစွမ်းကို ကျွမ်းကျင်အောင် အကောင်းဆုံး ကြိုးစား သွားမှာပါ။ ”

ချန်လွေ့၏ အစီအစဉ်၌ အသံတိတ်ည စိမ့်မြေသို့ သွားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပါ့ဂ်လီအို၏ ရတနာအတွက် ဖြစ်သည်။ဝိုင်ဗန်အုပ်လိုက်ကြီးကို ပြန်ပေးဆွဲနိုင်လျှင် ပို၍ ကောင်းမည် ဖြစ်သည်။ဤသို့ဆိုလျှင် သူဌေးမ လှလှလေး နှင့် လိုလီလေးကို စိတ်မပျက် စေနိုင်တော့ပေ။ရှီရာအား ကြိုတင်ပြောလိုက်သည့်အခါ ထင်ထားသကဲ့သို့ပင် အသံတိတ်ည စိမ့်မြေသို့ သွားနိုင်ပေသည်။

ရှီရာ စိတ်ညိမ်အောင် လုပ်လိုက်ပြီး အစီအစဉ်၏ ဖြစ်နိုင်ချေကို စတင်စဉ်းစားတော့သည်။

“ အသံတိတ်ည စိမ့်မြေက လိပ်ပြာနီနယ်မြေရဲ့ အနောက်ဘက်၊ အမှောင်လနယ်မြေရဲ့ မြောက်ဘက်မှာ ရှိတယ်။ပြီးတော့ အဲဒီနေရာက ကြယ်ကြွေတမန် နဲ့ အရိပ်နက် အင်ပါယာ နှစ်ခုကို ဖုံးလွှမ်းထားတယ်။အဲဒီမှာ အစွမ်းထက်ပြီးတော့တော်တော်လေးကို အန္တရာယ်ရှိတဲ့ နတ်ဆိုးသားရဲတွေ အများကြီးရှိတယ်။မင်းရဲ့လက်ရှိအစွမ်းနဲ့ဆိုရင် အဲဒီကို လုံးဝသွားနိုင်မှာ မဟုတ်ဘူး။မင်းလိုတဲ့ ပစ္စည်းတွေကို အကောင်းဆုံး ဖြည့်ဆည်းဖို့ ကြိုးစားပေးမှာပါ။ဒါပေမဲ့လည်း အခုငါ့လက်ထဲမှာ အရင်းအမြစ်တွေ မရှိသေးဘူး။ အဲဒါကြောင့် မင်းကိုထောက်ပံ့နိုင်မှာက နည်းနည်းပဲရှိမယ်။ရှီရန်တောင်က အရမ်း အရေးကြီးတဲ့ ဓာတ်သတ္တုနဲ့ စီးပွားရေး အရင်းအမြစ် ဖြစ်ခဲ့ဖူးတယ်။ဒါပေမဲ့လည်း သူခိုးတွေနဲ့ မြေအောက်သတ္တဝါတွေကြောင့် ထုတ်လှုပ်နိုင်စွမ်းက တော်တော်လေးကို လျော့ကျသွားတယ်။အဲဒါကြောင့် အမှောင်လမြို့ရဲ့ စီးပွားရေးအခြေအနေက ပိုဆိုးသွားတယ်။ ”

ချန်လွေ့ ခဏတုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

“ အရှင်မ။တည့်တည့် မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။အရှင်မက အမှောင်လမြို့ ဒီလောက်ခက်ခဲတာတောင် တောင့်ခံထားတယ်ဆိုတော့ မင်းသားအိုဆိုင်ဒန်ကို နန်းချပြီးတော့ ထီးနန်းကိုပြန်ယူပြီး စဉ်းစားနေသေးတာလား။ ”

“ မင်းဒါကို မေးတယ်ဆိုတော့ မင်းမှာအသီအစဉ် ရှိနေပြီးသားပေါ့။ဒါဆိုရင်လည်း မင်းကိုပြောပြမယ်။ ”

ရှီရာ၏ လှပသော မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အရောင်ပိုတောက်သွားသည်။

“ ဒါက ငါရဲ့အဖေ မသေခင်အထိ စိတ်ထဲမှာ ရှိနေတဲ့ ဆန္ဒတစ်ခုပဲ။အဲဒါကြောင့် အဲဒါကို ရရှိဖို့အတွက် ငါအကောင်းဆုံး ကြိုးစားရမယ်။အသက်စွန့်ရမယ်ဆိုရင်တောင် မြို့တော်ကို လက်လွှတ်မှာ မဟုတ်ဘူး။ ”

ရှီရာသည် စိတ်ခိုင်မာပြီး အစွမ်းထက်ပုံပေါ်သည်။သို့သော်လည်း ထိုနောက်ကွယ်၌ ဝမ်းနည်းမှုနှင့်အကူအညီမဲ့နေမှု အငွေ့အသက်ကို ချန်လွေ့မြင်ရသည်။ ၂၃နှစ်အရွယ် မိန်းမလှလေးတစ်ယောက်က ဝန်ထုပ်ဝန်ပိုးတွေအများကြီး ထမ်းထားရတယ်။ဒါပေမဲ့ သူဆက်ပြီး ထမ်းထားတုန်းပဲ။ မည်သည့်နေရာ၌ ဖြစ်ပါစေ အတူတူပင်ဖြစ်သည်။ အထိန်းအချုပ်လွတ်နေသည့် အရာတစ်ခုခု အမြဲရှိနေသည်။

နတ်ဆိုးဘုံရှိ အခြေအနေသည် စစ်တုရင် ကစားပွဲတစ်ခုလိုပင် ဖြစ်သည်။ အမှောင်လ နယ်မြေဖြစ်စေ၊အင်ပါယာသုံးခုဖြစ်စေ စစ်တုရင်ထဲ၌ ရှိနေသည်။မူလက ချန်လွေ့သည် အချိန်မရွေး နောက်ဆုတ်နိုင်ရန်အတွက် သတိထားမခံရသည့် နယ်ရုပ်သာ ဖြစ်ချင်ခဲ့သည်။ကံမကောင်းစွာပင် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။အမှန်တကယ်တော့ ဤနတ်ဆိုးဘုံ၌ ပြန်မွေးဖွာလာသည့်အတွက် ချန်လွေ့သည် ကစားပွဲထဲ၌ ကျားရုပ်တစ်ရုပ် ဖြစ်ရန် ကံပါပြီးသား ဖြစ်သည်။ကစားပွဲထဲ ရောက်နေပြီဖြစ်၍ မည်ကဲ့သို့ ဘေးမှရပ်ကြည့်သူ ဖြစ်နိုင်မည်နည်း။နယ်ရုပ်တစ်ရုပ် ဖြစ်လျှင်လည်း ကျားရုပ်တစ်ရုပ် ဖြစ်နေသေးသည်။အဓိကသော့ချက်မှာ သူ၏ရွေ့လျားမှုပုံစံ၌ မူတည်ပေသည်။

နယ်ရုပ်တစ်ရုပ် ကောင်းကောင်း ကစားနိင်လျှင် အခြေအနေတစ်ခုလုံးကိုပင် သက်ရောက်နိုင်စွမ်း ရှိသည်။ထို့ပြင်နယ်ရုပ်သည်လည်း အမြဲတမ်း နယ်ရုပ် မဖြစ်နိုင်။ အခြေအနေကို အမှန်တကယ် သက်ရောက်မှုရှိသည့် ကစားသူများအားလုံးသည် တစ်ဆင့်ပြီးတစ်ဆင့်သွားသည့် နယ်ရုပ်များပင် ဖြစ်သည်။

အမှောင်လနယ်မြေ၏ အခြေခံအုတ်မြစ်သည် အလွန်အားနည်းလှသည်။မြို့တော်မှ မင်းသားအိုဆိုင်ဒန် ကို မပြောနှင့်။အမှောင်လမြို့၏ အသက်လမ်းကြောင်းကို ထိန်းချုပ်ထားသည့် လိပ်ပြာနီနယ်မြေသည်ပင် အမှောင်လမြို့အား အချိန်မရွေး ခေါင်းဖြတ်နိုင်သော ကုပ်ပေါ်ဝဲနေသည့်ဓား ကဲ့သို့ပင်ဖြစ်သည်။

အခုအချိန်သည် မင်းသား အိုဆိုင်ဒန်ကို “ ကြယ်ကြွေတမန်ဓား ” က လက်မခံသေး၍ ဖြစ်သည်။သို့မဟုတ်ပါက အမှောင်လမြို့ သိုသိုသိပ်သိပ် နေလျှင်တောင် အနှေးနှင့်အမြန် အဖျက်ဆီးခံရပေမည်။ယခင် ဆရာသခင်စိန်ခေါ်ပွဲနှင့် ကောင်းကင်တိုက်ပွဲကို ကြည့်လျှင် မင်းသားအိုဆိုင်ဒန် စိတ်မရှည်တော့သည်ကို မြင်နိုင်သည်။

စူပါစနစ်သည် အလွန်ကောင်းမွန်သည့် စင်္ကြံတစ်ခုကို ထောက်ပံ့ပေးသည်။လက်ရှိတွင် ချန်လွေ့ အလိုအပ်ဆုံးမှာ အချိန်ဖြစ်သည်။တစ်ချိန်တည်းမှာပင် အမှောင်လနယ်မြေ သည်လည်း တည်ငြိမ်ပြီး ဖွံ့ဖြိုးစေရန် အချိန်လိုသည်။ကိုယ့်ကိုယ်ကိုယ်အတွက် နှင့် အမှောင်လမြို့အတွက် ချန်လွေ့သည် နိုင်ငံရေးနှင့်‌ ကျောင်းပြီးထားသည် မဟုတ် သော်လည်း အတင်း အစီအစဉ် ချရပေတော့မည်။

All Chapters