← Chapters

ဆေးပညာပြိုင်ပွဲ

Vol. 117 Ch. 1628

ဆေးပညာပြိုင်ပွဲ

Vol. 117 Ch. 1628

ရှီမာယူယူနှင့် မိုရှဲဝူတို့ စကားပြောပြီး ခဏအကြာတွင် တုန်လိုင်လီနှင့် တခြားသူများသည် သူတို့ကိုအာရုံမစိုက်ကြတော့ပေ။ သူတို့သည် တစ်ယောက် နှင့် တစ်ယောက် ရင်းနှီးသည်ဟု သတ်မှတ်နိုင်သော်လည်း ထိုကိစ္စပေါ်တွင် အချိန်ဖြုန်းရန်မလိုပေ။

သို့သော် သူမသည် ကိစ္စတချို့ကို တိတ်တိတ်လေး တွေးမိပြီး နီရဲပျားများ လွှတ်ပြီး သူတို့နောက် လိုက်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူမ မျက်လုံးထဲမှ လူသတ်မည့်အကြည့်များမှာ သိသာလွန်း သည်။

ဒီမိန်းမလှလေးကတော့… အဆင့်အတန်းနိမ့်တဲ့ လူတစ်ယောက်ကို အမြင့်ရောက်အောင်တင်ဖို့က ခက်တယ်ဆိုတာ တကယ်ပါပဲလား။

တွေ့ဆုံပွဲကွင်းနေရာသို့ ဝင်လိုက်မှပင် တုနန်မျိုးနွယ်နှင့် တုန်လိုင် မျိုးနွယ်တို့အပြင် တခြားလျှို့ဝှက်မျိုးနွယ်များပါ ရှိနေသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ ရွှမ်ချုံးမျိုးနွယ်သည် ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိသော တစ်ခုတည်းသော မျိုးနွယ်ဖြစ်နိုင်သည်။

ရွှမ်ချုံးမျိုးနွယ်ကို စဉ်းစားမိလျှင် ရှီမာယူယူသည် ရှုပ်ထွေးသွားသလို ခံစားရသည်။ ရွှမ်ချုံးဟော်ကို ရွှမ်ချုံးမျိုးနွယ်မှ အပြစ်ပေးထားခြင်း ရှိမရှိကို သူမ သိချင်သည်။ ထိုကိစ္စဖြစ်ပြီးနောက်တွင် နှစ်ဖက်လုံးသည် သိက္ခာပင် မရှိ တော့မည်ကို သူမ ကြောက်မိသည်။

ဟူး…

“ဝင်ရအောင်လေ ပြိုင်ပွဲစတော့မယ်” မိုရှဲဝူ သူမကို သတိပေးလေသည်။

မတူညီသော ပြိုင်ပွဲသုံးမျိုးသည် တစ်နေရာတည်းတွင်ကျင်းပမည်ဖြစ် သည်။ ထို့ကြောင့် ရှီမာယူယူနှင့် တခြားသူများ လူစုခွဲလိုက်ကြသည်။ သူတို့ သည် အဂ္ဂိရတ်ပညာကို ယှဉ်ပြိုင်မည်ဖြစ်ကာ သူမသည် ဆေးပညာယှဉ်ပြိုင် မည်ဖြစ်သည်။

မိုရှဲဝူသည်လည်း ဆေးပညာကို ယှဉ်ပြိုင်မည်ဖြစ်ရာ နှစ်ယောက်လုံးသည် နေရာကို အတူဝင်ခဲ့လိုက်ကြသည်။

“ယူယူ သူတို့က ခဏနေရင် နေမကောင်းတဲ့လူတွေကို ခေါ်လာလိမ့်မယ်၊ အဲလူတွေအကုန်လုံးရဲ့ ရောဂါကရှုပ်ထွေးနေလိမ့်မယ်၊ အချိန်ကျရင် အကုန်လုံး က လူဆယ်ယောက်ရွေးရလိမ့်မယ်၊ အဲဒါပြီးတာနဲ့ ဘယ်သူက အမြန်ဆုံးပြီးမလဲ ဒါမှမဟုတ် ဘယ်သူက အများဆုံးကုနိုင်မလဲဆိုတာကို ကြည့်လိမ့်မယ်”

ခက်ခဲသော ရောဂါဆယ်မျိုး… မျှတသားပဲ။ ကံကောင်းပြီးတော့ အလွယ် ဆုံး ဆယ်ယောက်ကို ရွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။

လူတစ်ယောက်ကို ဆက်တိုက် ကုသခိုင်းရန်လည်းမဖြစ်နိုင်ပေ။ ထို့ကြောင့် အချိန်ကန့်သက်ပေးထားသည်။ သူတို့သည် ဆယ်ရက်ပေးသည်။ ထိုဆယ်ရက်အတွင်းတွင် သူတို့သည် နေမကောင်းဖြစ်နေသော လူများနှင့် အတူနေရမည်။ မဟုတ်လျှင် ဆယ်ယောက်လုံးကို ကုသပြီးစီးပါက စောစော ထွက်သွားနိုင်သည်။

ရှီမာယူယူနှင့် မိုရှဲဝူတို့သည် နာမည်စာရင်းကို အတူပေးလိုက်ကြသည်။ သူတို့ စာရင်းပေးပြီးသည်နှင့် လျှောက်လာကာ အားလုံးလူစုံရန် ဘေးတွင် စောင့်နေလိုက်ကြသည်။ သူတို့သည် ဝါးပိုက်ထုတ်ကာ အားလုံးကို တံဆိပ်များ ဆွဲခိုင်းသည်။ ထိုဝါးပြားတွင် နံပါတ်များရေးထားကြပြီး သမားတော်တိုင်းသည် တံဆိပ်ပြားများကိုယူပြီး နေမကောင်းသောလူများဆီသို့ သွားလိုက်ကြသည်။

ထိုနေမကောင်းသော လူများကို အဖွဲ့လိုက်ပိုင်းခြားထားသည်။ ထို့နောက် သမားတော် တံဆိပ်ပြားကို တာဝန်ယူထားသော တာဝန်ခဲ့သည် ရေးထားသော နံပါတ်ကိုကြည့်ပြီး အဖွဲ့လိုက်ခွဲထားသော နေမကောင်းသောလူများရှိရာ ပြင်ဆင်ထားသော အခန်းများဆီသို့ ခေါ်ဆောင်သွားလေသည်။

ရှီမာယူယူသည် နံ့ပါတ် ၁၄ ကိုရွေးမိပြီး မိုရှဲဝူသည် နံပါတ် ၄၉ ကိုရွေးမိ လေသည်။ လူနာများကုသရန် အခန်းများမှာ ကြိုတင်ပြင်ဆင်ထားသဖြင့် သူတို့နှစ်ယောက်လုံးသည် အနည်းငယ်ကွာဝေးလေသည်။

“ယူယူ မင်းက အရမ်းအားကောင်းတယ်ဆိုတာ ငါသိတယ် ငါတို့က အရင် ကပြိုင်ဖို့ အခွင့်အရေးမရှိခဲ့ဘူး အဲဒါကြောင့် အခုကပြိုင်ဖို့ အခွင့်အရေးပဲ အကောင်းဆုံးလုပ်ကြတာပေါ့”

“အတူတူပါပဲ”

ရှီမာယူယူသည် သူမ နံပါတ် ၁၄ ရထားသော လူနာများကို အခန်းဆီသို့ ခေါ်သွားလိုက်သည်။ အခန်းမှာ ယာယီဆောက်ထားခြင်းဖြစ်ကာ တံခါးတစ် ပေါက် ရှိသည်။ အပြင်မှလူများသည် အထဲမှအဖြစ်အပျက်ကို ရှင်းလင်းစွာမြင်ရ ၏။

ရှီမာယူယူသည် သူတို့ကို အိပ်ယာပေါ်လှဲခိုင်းလိုက်သည်။ သူမသည် ချက်ချင်း ကုသမှုမစဘဲ အရင်စစ်ဆေးကာ ဆေးမှတ်တမ်းယူသည်။

သူမ၏ လူဆယ်ယောက်မှာ ခက်ခဲသည်ဟု ပြော၍ရသည်။ နှစ်မျိုးမှာ အရင်က မတွေ့ဖူးသော ရောဂါဖြစ်သည်။ သို့သော် သူမ စိုးရိမ်ခြင်းအလျှင်းမရှိ ပေ။ ထိုလူဆယ်ယောက်၏ အခြေအနေမှာ တကယ်တော့ သူမအတွက် ခက်ခဲ သည်ဟု တွေးမရပေ။ သူမ အရင်ကမတွေ့ဖူးသော်လည်း အဖြေရှာနိုင်တုန်းပင် ဖြစ်သည်။

ရှီမာယူယူသည် အရင်ဆုံး သူတို့ဆယ်ဦးကို သွေးခုန်နှုန်းစမ်းကာ ဆေး မှတ်တမ်းနှင့် ယှဉ်ကြည့်ပြီး တစ်ယောက်ခြင်းစီကို ထပ်မံစမ်းသပ်ပြီး ရေးမှတ် ပြန်သည်။

သူမနှင့် တခြားသမားတော်နှင့် ကွာခြားသူမှာ တခြားသူများသည် လူနာ ဆယ်ယောက်လုံးကို တစ်ခါတည်းမစမ်းသပ်ပေ။ ထိုအစား သူတို့သည် တစ်ဦး ကိုရွေးကာ မှတ်တမ်းမှတ်၊ စစ်ဆေးပြီး ကုသ‌ပေးကာ ဆေးဖွင့်ပေးသည်။

သူတို့သည် တစ်ယောက်ကို ကုပြီးသည်နှင့် နောက်လူနာတစ်ယောက်ဆီ သို့သွားသည်။

တခြားသူများသည် အရင်နည်းအတိုင်းပင် လုပ်ကြသည်။ ထို့ကြောင့်ပင် ရှီမာယူယူသည် လူနာများကို တစ်ပြိုင်နက် ကုသနေသည်မှာ အားလုံးကို အာရုံ စိုက်မိစရာဖြစ်နေသည်။

လူအုပ်ကြားထဲတွင် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောကြကာ သူမ လုပ်နေသည့် အပြုအမူသည် အားလုံးကို ကျေနပ်စေသည်။ တချို့မှာ သူမ ကိုမြင်သည်နှင့် နောက်တစ်ယောက်ကို လက်တို့ပြောကြသည်။

ပြီးခဲ့သည့် တစ်ခေါက်ပြိုင်ပွဲတွင် ပထမရခဲ့သူသည်လည်း လူနာ ဆယ်ဦး ကို တစ်ပြိုင်နက် ကုသပေးခဲ့သည်။ နောက်ဆုံးအချိန်ထိ အချိန်မမှီကာ အမှတ် မပြည့်သောသူများလည် ရှိသည်။

ထိုစဉ်ကကိစ္စနှင့် နောက်တစ်ခုတူညီသည်မှာ သူတို့နှစ်ယောက်လုံးသည် အပြင်လူများဖြစ်ကြသည်။

အရင်တစ်ယောက်မှာ ဟော်လန်ဟု လူသိများပြီး အစပိုင်းတွင် မောက်မာ လွန်းသည်ဟု အားလုံးထင်ခဲ့ကြသည်။ နောက်ဆုံး အဆုံးသတ်ရောက်မှပင် သူ သည် အမှန်တကယ်ပင် အရည်အချင်းရှိကြောင်းကို သူတို့သိခဲ့ကြသည်။

အပြင်လူတစ်ယောက်အနေနှင့် သူမသည် ထိုလူနှင့် တူညီသော နည်းလမ်းကိုပင် ရွေးခဲ့သည်။ သူမသည်လည်း ထိုရလဒ်ကိုပင် ရအောင်လုပ်နိုင် မလားဆိုသည်ကို သူတို့သိချင်နေကြသည်။

မိုရှဲဝူသည် အပြင်မှ ဆွေးနွေးသံများကိုကြားသောအခါ သည်တစ်ကြိမ် တွင် အလွန်အားကောင်းသော လူပေါ်ထွက်လာသည်ကို သိလိုက်ရသည်။ မည်သူမည်ဝါဖြစ်သည်ကိုတော့ သူမ မသိပေ။

အစပိုင်းတွင် ရှီမာယူယူဟု ထင်လိုက်သော်လည်း သူမ ခေါင်းခါယမ်း လိုက်သည်။ သူမသည် ရှီမာယူယူ မည်မျှငယ်ရွယ်ကြောင်းကို သိသည်။ သူမ သည် အသက်တစ်ရာပင် မပြည့်သေးပေ။ သူမက ဘယ်လိုလုပ် လူတိုင်းပြော နေတဲ့ ပါရမီရှင်ဖြစ်နိုင်ရမှာလဲ။

သူမ ထိုအကြောင်းအား တွေးမိသည်နှင့် အပြင်မှ အခြေအနေကို ဂရုမစိုက်တော့ဘဲ ရှေ့မှလူနာကိုသာ အာရုံစိုက်နေလိုက်တော့သည်။

မိုရှဲဝူသည် ကြင်နာတတ်သူဖြစ်သည်ကိုတော့ ပြော၍ပင်မလိုပေ။ မျိုးနွယ်ကြီးမှ သခင်မလေးများသည် နေမကောင်းသောလူများကို တွေ့လျှင် အန်ထွက်တတ်ကြသည်။ သို့သော် သူမသည် ထိုသို့မဟုတ်သည့်အပြင် ဂရုဏာ ရှိသည်။ ထိုအနာများသည် လောက်များပင် စားနေပြီဖြစ်သည်။ ဒီလူတွေ ဘယ် လောက်များနာလိုက်မလဲ။ တချို့မှာ သူတို့၏ အတွင်းအင်္ဂါများ ထိခိုက်ထား သဖြင့် အလွန်ဆင်းရဲဒုက္ခရောက်ရသည်။ ထိုသနားစိတ်များနှင့် သူမသည် သူတို့ ၏ ဒဏ်ရာများကို ကုသပေးကာ အတတ်နိုင်ဆုံး နူးညံ့အောင်ပြုမူသည်။

သို့သော် ရှီမာယူယူသည် မတူပေ။ ပထမရရန်အတွက် သူမသည် တိကျ သော စံနှုန်းဖြင့် ကုသရမည်။ တချို့ရောဂါများမှာ ကုသရန် အချိန်ဆယ်ရက်မှာ မလုံလောက်သဖြင့် သူမသည် စံနှုန်းမှီရန်လိုသည်။ သူမသာ ထိုလူကို သတ်မှတ်ထားသည် စံနှုန်းအတိုင်း ကုသနိုင်ပါက အောင်မြင်သည်ဟု ပြော၍ရ သည်။

ထို့ကြောင့်ပင် ဤတစ်ကြိမ်တွင် စံနှုန်းပြည့်မှီရန်အတွက် ထိုလူများကို ကုသရန် သူမ မနူးညံ့နိုင်တော့ပေ။

သို့သော် သူမသည် မစခင်တွင် ထုံဆေးပေးထားသဖြင့် ထိုလူများသည် နာကျင်မှုကို မခံစားရပေ။

တစ်ဖွဲ့ချင်းဆီတွင် အတွင်းပိုင်း အပြင်ပိုင်းဒဏ်ရာများရှိကြကာ မျှတစေ ရန်အတွက် အမျိုးအစားမျိုးစုံပါကြသည်။

ရှီမာယူယူသည် လျင်မြန်စွာပင် လူနှစ်ယောက်ကို ကုသပြီးလေသည်။ သူတို့ကို သူမ ဖော်စပ်ထားသော ဆေးများတိုက်ကျွေးပြီးနောက် ဘေးရှိကျန်လူ များဆီသို့ သွားလိုက်သည်။ နောက်ဆုံးရောက်သည့်အချိန်တွင် သူတို့ အခြေအနေများမှာ လုံးဝကုသပြီးသဖြင့် ထိုနေရာရှိလူများသည် ချီးကျူးကြ လေသည်။

ထိုကိစ္စမှာ နောက်ပိုင်းဖြစ်လာသည့် ကိစ္စပင်ဖြစ်သည်။

ထိုအပြင်ပိုင်းဒဏ်ရာများကို ကုသပြီးနောက် ရှီမာယူယူသည် တခြား သော လူနာများကို စတင်ကုသတော့သည်။ ထိုလူနာများသည် ရှုပ်ထွေးသော အခြေနေဖြစ်နေသော်လည်း အပ်စိုက်ပြီး ဆေးနှင့်ကုသပြီးသည့်နောက်တွင် အတော်သက်သာလာသည်။

နောက်ဆုံးလူကို ကုသပြီးနောက်တွင် ၆ ရက်မြောက်နေ့သာရှိသေးသည်။

သူမသည် တံခါးမှခေါင်းဆောင်းကိုဆွဲပြီး ကုသမှုပြီးစီးကြောင်း အချက်ပြ လိုက်သည်။ အကဲဖြတ်သူများသည် ရောက်လာကာ သူမ၏ ရလဒ်များကို စစ်ဆေးကြည့်လေသည်။

ထိုအကဲဖြတ်သူများသည် အလွန်ပင် အံ့အားသင့်နေကြသည်။ သူတို့ သည် နှစ်ပေါင်းများစွာ အကဲဖြတ်ခဲ့သည်။ သို့သော် ၆ ရက်မြောက်နေ့တွင်ပင် ကုသမှုပြီးစီးသည့်လူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အားလုံးသည် အလွန်သိချင်စိတ်ဖြစ်ကာ အချိန်တိုအတွင်း ပြီးစီးသည့်လူ ကို သိချင်နေကြသည်။

သည်လိုနှင့် ရှီမာယူယူ၏ အကဲဖြတ်မှုများသည် ပြိုင်ပွဲတွင် အမြန်ဆုံး အကဲဖြတ်ပြီးသူများဖြစ်ကြသည်။

ရှီမာယူယူသည် တံခါးတွင်ရပ်နေကာ သူမ ငယ်ရွယ်သည်ကို မြင်သော အခါ အကဲဖြတ်သူများသည် အလွန်မှင်တက်နေကြသည်။

“မင်းက ဒီအခန်းကို တာဝန်ယူရတဲ့ သမားတော်လား”

***

All Chapters