တူညီသောနည်းလမ်းများ
Vol. 117 Ch. 1629
ရှီမာယူယူသည် အကဲဖြတ်ဒိုင်များကို အရိုအသေပြုကာ ပြောလိုက်သည် “ဟုတ်ပါတယ်”
“သူတို့အားလုံးကို ကုပြီးသွားပြီလား”
“ဟုတ်ပါတယ် ဒိုင်လူကြီးများ ကျေးဇူးပြုပြီး အမှတ်ပေးပါ” ရှီမာယူယူ သည် ပြောပြီးသည်နှင့် ဘေးသို့ဖယ်ရှောင်ပေးလိုက်သည်။
ပထမအဆင့်မှာ လူလဲလှယ်ခြင်းများမဖြစ်စေရန် စစ်ဆေးခြင်းဖြစ်ပြီး လူဆယ်ယောက်၏ ခန္ဓာကိုယ်ကို စစ်ဆေးခြင်းဖြစ်သည်။
လျင်မြန်စွာပင် သူတို့သည် ထိုလူဆယ်ယောက်မှာ အရင်လူနာများဖြစ် သည်ကို စစ်ဆေးပြီးလေသည်။
တကယ်တော့ ထိုအဆင့်မှာ လုပ်ရန်မလိုပေ။ အကြောင်းမှာ အခန်းများ တွင် တံခါးများမရှိကာ အပြင်လူများသည် အထဲမှအဖြစ်အပျက်များကို ရှင်းလင်းစွာမြင်နိုင်ရခြင်းကြောင့်ဖြစ်သည်။ အခန်းတိုင်း၏ အပြင်တွင် လူတစ် ယောက်စီစောင့်ကြပ်နေကာ အထဲကိုစောင့်ကြည့်နေသည်။
လူလဲလို့ရမှာတဲ့လား။ တံခါးပေါက်က တစ်ခုပဲရှိပြီး ပြတင်းပေါက်တောင် မရှိဘူးလေ။
ထိုလူဆယ်ယောက်၏ သရုပ်မှန်များကို စစ်ဆေးပြီးနောက် သူတို့၏ ဆေးမှတ်တမ်းများကို ကြည့်ကြသည်။ သူတို့သည် ထိုလူဆယ်ယောက်၏ သရုပ်မှန်ကို မစစ်ဆေးပါက ထိုလူဆယ်ယောက်သည် မျှော်လင့်ချက်ကင်းမဲ့နေ သော ရောဂါရှင်များဖြစ်သည်ကို ယုံမည်မဟုတ်ပေ။
လူနာတစ်ယောက်ချင်းစီသည် အခန်းထဲမှထွက်လာသည်နှင့် ရောဂါ လက္ခဏာများကိုပါ စစ်ကြည့်လေသည်။ အပြင်မှကြည့်နေသူများသည် အရင် အခြေအနေနှင့် လက်ရှိအခြေအနေကိုယှဉ်ကြည့်ပြီး အထဲမှလူသည် အမှန် တကယ်ပင် အံ့ဖွယ်သမားတော်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
လူဆယ်ယောက်… ဒိုင်လူကြီးများသည် ရှီမာယူယူ၏ ရလဒ်ကို လျင်မြန် စွာပင် စစ်ဆေးပြီးလေသည်။ လူနာတစ်ယောက်ချင်းစီသည် မျှော်မှန်းထား သည် ထက်ပင် ကျော်လွန်ကာ ပျောက်ကင်းလေသည်။ ထို့အပြင် အချိန်မှာ လည်း မြန်ဆန်လွန်းသည်။ သူမသာ ပထမမရလျှင် မည်သူရတော့မည်နည်း။
ရှီမာယူယူပြီးသည့်နောက်တွင် ထွက်မသွားဘဲ လူတစ်ယောက်ကို စောင့် နေသည့်အလား နေရာတစ်ခုရွေးကာ ထိုင်လိုက်သည်။ သူမ ထိုသို့ပြုမူချိန်တွင် သူမသည် အရင်ပြီးနှင့်သော အံ့ဖွယ်သမားတော်ဖြစ်ကြောင်းကို အားလုံးသိကြ သည်။
နားနေသည့်ဧရိယာတွင် ထိုင်ရင်း သူမဘာသာပင် လက်ဖက်ရည်နှပ် သောက်နေပြီး ဟောမျိုးနွယ်မှ သူမကို စောင့်ကြည့်နေသလား ဆိုသည်ကို အကဲခတ်လိုက်သည်။
ဟောမျိုးနွယ်ပင် မဆိုထားနှင့် တခြားမျိုးနွယ်များမှာလည်း ကြက်သွေး ရောင်ပုလဲတွေ့ဆုံပွဲပြီးသည်နှင့် သူမအား အိမ်တော်သို့ ဧည့်သည်အဖြစ် ဖိတ်ကြားစာများ လာပေးကြသည်။
ရှီမာယူယူသည် ဖိတ်စာများကို ကြည့်ပြီး ပြုံးမိသည်။ သူမသည် စာနှစ် စောင်ရွေးပြီး ကျန်သည့်ဖိတ်စာများကို ဘေးသို့ တိတ်တိတ်ပင်ပို့လိုက်သည်။
နှစ်ရက်အကြာ မိုရှဲဝူထွက်လာသည့်အချိန်တွင် သူမ ရရှိထားသော ဖိတ်စာများမှာ လူတစ်ယောက်အရပ် တစ်ဝက်ပင်ရှိနေပြီဖြစ်သည်။
မိုရှဲဝူသည် ရှီမာယူယူ နားနေခန်းတွင် ထိုင်နေသည်ကို မြင်သည်နှင့် ပထမတွင် မှင်တက်သွားပြီးနောက် ရယ်မောကာ လျှောက်လာသည်။
“ငါ့ကိုယ်ငါ စောစောထွက်လာလို့ ပထမရပြီထင်နေတာ၊ ဒါဆိုရင် အကုန် လုံးပြောနေကြတဲ့ အံ့ဖွယ်သမားတော်ဆိုတာ မင်းပဲ” မိုရှဲဝူသည် ပြုံးပြီးပြော လိုက်သည် “ဒီမှာဘာလုပ်နေတာလဲ”
“ဘယ်သူ အရင်ထွက်လာလာ နောက်တစ်ယောက်ကို စောင့်ပြီးမှ သွားဖို့ သဘောတူထားတာမဟုတ်ဘူးလား၊ အဲတော့ ဒီနေ့သွားလို့ရပြီလား ဘယ်လို ဖြစ်ပြီး ကတိမတည်ရမှာလဲ” ရှီမာယူယူသည် ဖိတ်စာများကို မှော်ဝင်လက်စွပ် အတွင်းသို့ ထည့်လိုက်သည်။
မိုရှဲဝူသည် အစောပိုင်းက သူတို့စကားများကို ပြန်တွေးကြည့်ရာ အတူ ထွက်သွားရန် သဘောတူခဲ့ကြသည်။ သို့သော် စောင့်ရမည့်သူမှာ ရှီမာယူယူ ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ သူမ အရင်ထွက်လာမည်ဟု ထင်မထားမိပေ။
“သွားမယ်လေ ငါတို့တည်းခိုဆောင်ကို ပြန်ကြတာပေါ့ အပြင်မှာတော့ မင်းရဲ့ အံ့ဖွယ်ဆေးပညာအကြောင်း ပြောနေကြမှာ မြင်ယောင်သေးတယ်” မိုရှဲဝူသည် သူမကိုဆွဲကာ သမားတော်များအတွက် လုပ်ထားပေးသော လမ်း အတိုင်းလျှောက်လာခဲ့သည်။ သို့သော် သူတို့ထွက်ပေါက်ရောက်သောအခါ ရှီမာယူယူသည် မိုရှဲဝူကို ပြန်ဆွဲလိုက်သည်။
“ဒီအတိုင်း ထွက်သွားလို့မရဘူး” သူမသည် မိုရှဲဝူ၏ နားမလည်နိုင်သော အကြည့်ကို အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည် “နားထောင်”
မိုရှဲဝူ နားထောင်ကြည့်ရာ အပြင်တွင် လှုပ်လှုပ်ရှားရှားသံများကြားရ သည်။ အပြင်တွင် သူမကို စောင့်နေသည့် လူအများအပြားရှိနေသည်ကို ပြော ရန်ပင်မလိုပေ။ သူမသာ အပြင်သို့သွားလိုက်လျှင် သူတို့ဆီကိုဆွဲခေါ်ခံသွားရ မည်မှာ အသေအချာပင်။
“ဒါဆိုရင် ဘာလုပ်ကြမလဲ” မိုရှဲဝူသည် သူမကို အကူအညီမဲ့စွာ ကြည့် လိုက်သည်။
ရှီမာယူယူသည် သူမ လက်ကိုဆုပ်ကိုင်ကာ လျှို့ဝှက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် လမ်းအတိုင်း လျှောက်သွားပြီးနောက် ပျောက်ကွယ်သွား လေသည်။
သူမ နောက်မှလိုက်ကြသူများသည် သူတို့နှစ်ယောက် အတိုင်းသား ပျောက်သွားသည်ကိုသာ ကြည့်နေရတော့သည်…
မိုရှဲဝူသည် တည်းခိုဆောင်သို့ ရောက်သောအခါ တစ်စုံတရာ ထူးခြားနေ သည်ကို ခံစားရသည်။ သူမသည် လေဟာပြင်ထဲမှ မည်သည့်အတက်အကျကို မှ မခံစားရပေ။
သူမသည် ရှီမာယူယူကို အလန့်တကြားကြည့်လိုက်ကာ သူမ၏ လေဟာ ပြင် စွမ်းရည်မှာ အလွန်အားကောင်းလှသည်ဟု တိတ်တိတ်လေးတွေးနေမိ၏။
ရှီမာယူယူသည် သူမလက်ကိုလွှတ်ပြီး ရယ်မောလိုက်သည် “အခု တော် တော်လေး အသံတိတ်သွားပြီ”
“အင်း ဒါပေမဲ့ သူတို့က တွေ့ဆုံပွဲဧရိယာအပြင်ဘက်မှာ စောင့်နေကြတာ ဖြစ်မယ်” မိုရှဲဝူ ပြောလိုက်သည်။
ရှီမာယူယူ စဉ်းစားကြည့်သည်။ အဂ္ဂိရတ်ပညာနှင့် အဆိပ်ပညာများသည် သမားတော်ပြိုင်ပွဲလောက် အချိန်မကြာပေ။ ထို့ကြောင့်ပင် သူတို့သည် အစော ကတည်းက ထွက်လာပြီးဖြစ်ကာ သမားတော်ပြိုင်ပွဲအပြီး ကြက်သွေးရောင် ပုလဲတွေ့ဆုံပွဲပြီးသည်အထိစောင့်နေကြသည်။
ထို့ကြောင့် သူမသည် မိခင်ကျောက်တုံးထုတ်ကာ ရှီမာလျူရွှမ်နှင့် တခြား သူများကို ဆက်သွယ်ကာ သူမ တည်းခိုဆောင်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောလိုက်သည်။
ဖခင်၊ ဆရာနှင့် တခြားသူများသည် တွေ့ဆုံပွဲဧရိယာတွင်ရှိနေသေး သည်။ သူမ ပြန်သွားပြီဟု ကြားသည်နှင့် သူတို့လည်း တည်းခိုဆောင်သို့ ပြန် လာကြသည်။
မိုရှဲဝူသည် အပေါ်ထပ်သို့သွားကာ မိုရှဲယန်နှင့်တခြားသူများကို တွေ့ဆုံပွဲ အကြောင်း ပြောပြနေသည်။ သူမ ရှီမာယူယူ၏ အံ့ဖွယ်ဆေးပညာအကြောင်း ပြောရာတွင် ချစ်ခင်မှုအပြည့်ပါနေသည်။ အထူးသဖြင့် သူမကို လေဟာပြင် သိုင်းနှင့် ပြန်ခေါ်လာသည့် အကြောင်းပြောရာတွင် သူမ၏ မျက်လုံးများသည် တလက်လက်တောက်နေသည်။
မိုရှဲယန်သည် သဲ့သဲ့ပြုံးလိုက်သည် “မိန်းကလေးရှီမာက အဲလောက်ငယ် တာကို ဒီလောက်အားကောင်းလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ”
“တကယ်ပဲ ထင်မထားဘူး” မိုရှဲဝူ သဘောတူလိုက်သည်။
မိုရှဲယန်သည် ညီမဖြစ်သူနဲ့ စကားပြောနေစဉ်တွင် သူ့စိတ်သည် အဝေးသို့ ရောက်သွားသည်။
ရှီမာယူယူ လုပ်ချင်သည့်အရာကို သိသည်။ ထောင်ယိရွှမ်၏ စာထဲတွင် ဟောမျိုးနွယ်အကြောင်း ပြောခဲ့သည်ကို မြင်ခဲ့သည်။ သူသည် ထိုစဉ်က ပထမရခဲ့သူ မည်သို့ဖြစ်သွားကြောင်း သူ့လူများကို လွှတ်ကာစုံစမ်းခဲ့ရာ ရှုဂျင်း တို့သည် ဟောမျိုးနွယ်၏ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သတင်းပြန်ရလေ သည်။
ပုံမှန်အားဖြင့် ကြက်သွေးရောင်တွေ့ဆုံပွဲတွင် အပြင်လူများသည် ပထမ မရသင့်ပေ။ ထိုအရာသည် ကျွန်းသားများကို အရှက်ရစေသည်. သို့သော် ဤ တစ်ကြိမ်မှာ အရင်တစ်ခေါက်များနှင့် အနည်းငယ်ကွာခြားသည်။
ရှုဂျင်းတို့သည် ဘာကြောင့် ပထမရခဲ့သနည်း။ သူ မသိပေ။ သို့သော် သူ သည် ရှီမာယူယူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသည်။
သူမသည် သေချာပေါက် ဟောမျိုးနွယ်ကို ဝင်ချင်သည်။
ဒါပေမဲ့ ဟောမျိုးနွယ်က ဝင်ဖို့ဒီလောက်လွယ်မှာလား။ သူမသာ အနည်း ငယ် သတိမမူလိုက်မိပါက အထဲတွင်ပိတ်မိသွားနိုင်သည်။
သို့သော် သူမသည် ရွေးချယ်မှုမရှိဘဲ လုပ်ရမည်ပင်။
သို့သော် သူတို့ စကားပြောကြည့်သည့် အချိန်အတောအတွင်းတွင် ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ရှိသော သူတစ်ယောက်ဖြစ်သည်ကို သူ သိခဲ့ရသည်။ သူမသည် ဒုက္ခရောက်စေမည့် အန္တရာယ်ကျမည့်ကိစ္စကို သေချာ ပေါက်လုပ်မည်မဟုတ်ပေ။
သူသည် သူမ ကစားမည့်ကဒ်ကို အနည်းငယ် သိချင်မိသည်။ သူမကို ဘာကများ ယုံကြည်ချက်တွေပေးပြီး ဟောမျိုးနွယ်ကို ဝင်ရအောင်လုပ်နေတာ လဲ။
ထိုအချက်ကို စဉ်းစားမိသည်နှင့် သူသည် ရှီမာယူယူထက် သူမ၏ ယုံကြည်ချက်နှင့် စိတ်အေးနေမှုကို ပို၍စိတ်ဝင်စားသွားသည်။
ရှီမာလျူရွှမ်နှင့် တခြားသူများ တည်းခိုဆောင်သို့ ပြန်လာသောအခါ သူတို့သည် ရှီမာယူယူ၏ အခန်းသို့သွားကာ အပြင်လူများပြောနေကြသည့် စကားများကို ပြောပြလေသည်။
ကျန်းကျူးရှန့်တို့သည် အဂ္ဂိရတ်ပညာတွင် ပထမမရခဲ့ကာ သူမကို စောင့် နေကြခြင်းပင်ဖြစ်သည်။
သို့သော် သူမကို ပိုအံ့ဩစေသည်မှာ တုန်လိုင်လီသည် အဂ္ဂိရတ်ပညာ တွင်ပထမရခဲ့ပြီး အဆိပ်ပညာကို ပထမရသူမှာ တုနန်ဟော်ဖြစ်နေခြင်းပင်။
တုန်လိုင်လီသည် အဂ္ဂိရတ်ပညာတွင် အရည်အချင်းမြင့်မားသည်ကို ရှီမာယူယူ သိသောကြောင့် ထူးဆန်းလှသည်တော့ မဟုတ်ပေ။ သို့သော ပိုအံ့ဩရသည်မှာ တုနန်ဟော်၏ အဆိပ်သုံးနိုင်မှုပင်ဖြစ်သည်။
သူမကို ပိုဇဝေဇဝါဖြစ်စေသည်မှာ… သူတို့နှစ်ယောက်လုံးက ဘယ်လိုလုပ် ပထမရခဲ့တာလဲ။ ဒီပြိုင်ပွဲတွေမှာ အရင်က လျှို့ဝှက်မျိုးနွယ်တွေ ထဲက ဘယ်သူမှ အနိုင်မရခဲ့ဘူးလို့ ပြောကြတာပဲ။
လျှို့ဝှက်မျိုးနွယ်မှ ထွက်လာသူများသည် အားမနည်းကြပေ။ သို့သော် ပထမနေရာကိုတော့ မရခဲ့ကြပေ။ အခုမှ ဘာလို့ပြောင်းလဲကုန်တာလဲ။
ထိုအရာမှာ တိုက်ဆိုင်မှုမဖြစ်နိုင်ဟု သူမ ယုံကြည်သည်။
“ဂျူနီယာညီမလေး ဆေးသန့်စင်တုန်းကို ဆရာ ငါတို့ကိုသင်ပေးတဲ့ နည်းလမ်းအတိုင်း သုံးတဲ့သူတွေရှိတယ်” စူးရှောင်ရောင်ပြောလိုက်သည်။
ရှီမာယူယူ မှင်တက်သွားကာ မေးလိုက်သည် “သူတို့က ဟောမျိုးနွယ် ကလား”
***