ဟိန်းသံလေးပြန်လာခြင်း
Vol. 117 Ch. 1630
သူတို့သည် တူညီသော နည်းလမ်းဖြင့် သန့်စင်ခြင်းဖြစ်သဖြင့် ရှုဂျင်းတို့မှ ထိုလူကို သင်ပေးထားသည်ဟု ဆိုလိုသည် မဟုတ်ပါလား။
သို့သော် ကျန်းကျူးရှန့် ခေါင်းခါလေသည်။
“မဟုတ်ဘူးလား” ရှီမာယူယူ အံ့ဩမိသည် “ဒါဆို ဘယ်သူလဲ”
“ငါတို့လို အပြင်လူပဲ ဒါပေမဲ့ သူက ဟောမျိုးနွယ်ရဲ့ ဖိတ်စာရထားတဲ့ပုံပဲ”
ရှီမာယူယူသည် စားပွဲခုံဘေးတွင်ထိုင်ကာ မေးစေ့ကိုညာဘက်လက်ဖြင့် ထောက်ထားသည်။ သူမသည် ဘယ်လက်ဖြင့် စားပွဲခုံကို မကြာခဏခေါက်မိ သည်။
“အပြင်လူ…” သူမ ရေရွတ်လိုက်သည် “စီနီယာတို့ အဂ္ဂိရတ်ပြိုင်ပွဲပြီး တာနဲ့ ဆုပေးတဲ့အချိန်မှာ ဆုမရဘူးလား”
“ရတာပေါ့ အဲဒါတော့ မင်းတို့သမားတော်ဘက်လည်း အတူတူပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “မင်း ဒီအကြောင်းကို မသိတာတော့ မဖြစ်နိုင် ဘူး ဟုတ်တယ်မလား”
“သိတာပေါ့ ဒီအတိုင်းပဲ ကျွန်မက ပထမရဖို့ကိုပဲ အာရုံစိုက်နေတာ၊ ဆုတွေဘာတွေကို ဂရုမစိုက်မိဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဂ္ဂိရတ်ပြိုင်ပွဲဘက်မှာ အထူးတလည် ဆုများရှိမလားလို့ မေးတာ”
“ထူးထူးခြားခြားတော့မရှိပါဘူး” ဟန့်မြောင်ရွှမ်သည် ထပ်မံစဉ်းစားလိုက် သည် “အဲဒီပစ္စည်းတွေက ဒီမှာဆိုရင် သာမာန်လိုပဲ၊ ဒါပေမဲ့ အပြင်လူတွေ အတွက်တော့ ထူးခြားချင် ထူးခြားမှာပေါ့”
“ဟောမျိုးနွယ်က အဲလူတွေကို ဒိုင်းကာအဖြစ်နဲ့ တွန်းပို့တာလို့ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အခု မျှားက လေးပေါ်ရောက်နေပြီ ကျွန်မ ဟော မျိုးနွယ်ကို အရင်သွားကြည့်လိုက်ဦးမယ် အဲဒီမှာဘာမှမရှိရင် ဆက်ပြီးစုံစမ်းရ မှာပေါ့”
“အခုတော့ ဒါပဲလုပ်နိုင်ဦးမယ်”
“ဟုတ်သားပဲ စီနီယာတို့ တုန်လိုင်မျိုးနွယ်နဲ့ တုနန်မျိုးနွယ်တို့ကို ခဏ တော့ သတိထားကြည့်ဦး၊ တစ်ခုခုထူးဆန်းနေသလို ခံစားရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ထူးဆန်းတယ်ဟုတ်လား”
“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အရင်တုန်းက သူတို့တွေက ပျောက်ဆုံးတဲ့နယ်မြေကို ရောက်ရင် လူမသိအောင်နေကြတယ် ဒါပေမဲ့ ဒီတစ် ခေါက်ကျတော့ အရမ်းထင်ပေါ်လွန်းတယ်၊ ပြီးတော့ တုန်လိုင်လီနဲ့ တုနန်ဟော် တို့က အတူလက်တွဲလိုက်ကြပြီ အဲဒါကိုထူးဆန်းတယ်လို့ မထင်ဘူးလား၊ တစ်ခါဆိုရင်တော့ တိုက်ဆိုင်တာပဲ ဒါပေမဲ့ နှစ်ခါဆိုရင်တော့ တိုက်ဆိုင်တာ မဖြစ်နိုင်တော့ဘူး”
“သူတို့ ဘာပဲလုပ်ချင်ချင် ငါတို့ကို မသက်ရောက်နေသရွေ့တော့ ဂရုမစိုက်ဘူး” ဖန်ကျိရှင်း ပြောလိုက်သည်။
“ကျွန်မတို့ကို သက်ရောက်မှာစိုးရတယ်” ရှီမာယူယူ သက်ပြင်းချလိုက် သည်။ ထိုအရာများသည် သူမအပေါ် သက်ရောက်နိုင်ချေမြင့်သည်ဟု အလိုလို သိစိတ်မှ ပြောနေသည်ဟူ၍ပင် ပြောရမလိုပင်။
“ဘာလို့လဲ”
“ဒီနေ့ တုန်လိုင်လီနဲ့ တုနန်ဟော်တို့ကို တွေံခဲ့တယ်၊ သူတို့နှစ်ယောက်လုံး က ဂျူနီယာညီမလေးကို လူသတ်မယ့်အကြည့်တွေနဲ့ ကြည့်နေကြတာ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“သူတို့က မင်းကို သတ်ချင်နေကြတာလား” ဖန်ကျိရှင်း၏ အမူအရာသည် အလွန်မည်းနက်သွားတော့သည် “ငါသာ စောစောသိရင် ကြီးမြတ်သောဝူလင်း ကို သူမကို သတ်ခွင့်ပေးလိုက်ရမှာ”
“ဟင် ကျွန်တော့်အဖေက အဲဒီအဆင့်မရှိတဲ့လူတွေကို မသတ်ခဲ့ဘူးလား” ကံကောင်းလေးသည် ရှီမာယူယူ၏ ကျောမှ တွယ်ဆင်းလိုက်သည် “ကျွန်တော့် အဖေက အဲလိုမယုံရတဲ့ကိစ္စကို ဘယ်လိုလုပ် လုပ်မှာလဲ”
အားလုံးမှာ - ….
ရှီမာယူယူသည် ကံကောင်းလေး၏ ခေါင်းကို ပုတ်ပေးပြီးပြောလိုက်သည် “မင်းအဖေက သူမကို မသတ်ခဲ့တာမဟုတ်ဘူး ငါက သူမကို ကယ်ခဲ့တာ”
ကံကောင်းလေးသည် သူမ နဖူးကို ကိုင်လိုက်သည် “ယူယူ အဲတုန်းက ဦးနှောက်ပျက်သွားလို့လား”
“ဟားဟား” အားလုံးရယ်မောလိုက်ကြသည်။ ထိုစကားများသည် အလွန် ပင် စူးရှလှသည်။
ရှီမာယူယူသည် ကံကောင်းလေး နားလည်ပေးမလားဟု ထိုစဉ်ကအဖြစ် အပျက်ကိုပြောပြလိုက်သည်။ သို့သော် သူသည် တည်တံ့စွာခေါင်းညိတ်ပြီး “အဲတုန်းက ယူယူက တကယ်ပဲ ဦးနှောက်ပျက်သွားတာထင်တယ် တကယ်ကို ရူးတာပဲ” ဟုပြောလာမည်ဟု ထင်မထားပေ။
ရှီမာယူယူ “…”
“မကယ်သင့်ပေမဲ့ သူမကို ကယ်ပြီးသွားပြီလေ” ဖန်ကျိရှင်း ပြောလိုက် သည် “အဲတော့ သူတို့က မင်းကို တစ်ခုခုလုပ်ရဲရင် လျှို့ဝှက်မျိုးနွယ်ဆိုရင် တောင် သူတို့ကို အနိုင်ကျင့်ခွင့်မပြုနိုင်ဘူး”
“ကျွန်မလည်း အဲဒါစဉ်းစားနေတာ၊ သူတို့ ဘာမှမလုပ်ရင်တော့ သူတို့ကို ဂရုစိုက်ဖို့မလိုဘူး၊ ဒါပေမဲ့ တစ်ခုခုလုပ်လာရင်တော့ သူတို့လည်း အသက်ရှင် လျက်ပြန်မသွားစေရဘူး”
“အင်း ဒီရက်ပိုင်းမှာ အကုန်လုံး ဂရုစိုက်ရမယ်၊ ဒီနေရာကနေ ထွက်သွား ချင်ရင် အကုန်အတူသွားမှဖြစ်မယ်၊ ဒီနေရာကနေ ကိုယ့်ဘာသာ ထွက်မသွား ကြနဲ့၊ ပြီးတော့ သူတို့နဲ့တွေ့တာနဲ့ သူတို့တစ်ခုခုလုပ်သည်ဖြစ်စေ မလုပ်သည် ဖြစ်စ အကုန်လုံးကို ပြောရမယ်” ရှီမာယူယူ ညွှန်ကြားလိုက်သည်။
“လျှို့ဝှက် ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်ပါမယ် ဒါနဲ့ ဂျူနီယာ ညီမလေး ဟောမျိုးနွယ်ကို ဘယ်တော့သွားကြမှာလဲ” ဟန့်မြောင်ရွှမ် မေးလိုက် သည်။
“ဟောမျိုးနွယ်က ကျွန်မကို ဖိတ်စာပေးပြီးပါပြီ ဒါပေမဲ့ ကျွန်မ မြန်မြန် ကြီး မသွားနိုင်ဘူး သူတို့ကို သုံးလေးရက်လောက် စောင့်ခိုင်းတာပေါ့”
သူမ အလောတကြီးသွားလိုက်ပါက သူတို့ ငါးစာဟပ်မိမည်မဟုတ်ပေ။ သူမသာ အစကတည်းက သဘောတူလိုက်ပါက သူတို့က သူမကို ဖမ်းဦးမည် လား။
ရှီမာယူယူသည် အင်အားစုတချို့ကို ရွေးလိုက်သည်။ ထို့နောက် သုံးလေး ရက်ကြာပြီးနောက်တွင် သူမသည် မျိုးနွယ်တစ်ခုချင်းစီသို့ သွားလည်သည်။ ထိုလူများသည် သူမကို အပြင်လူဆို၍ အထင်သေးခြင်းအလျဉ်းမရှိပေ။ ထို့အပြင် မျိုးနွယ်များအားလုံးသည် သူမအတွက် အိမ်အပိုဆောက်ပေးပြီး မျိုးနွယ်အတွင်းတွင် နေစေချင်နေကြသည်။ သူတို့သည် အခကြေးငွေဖြင့် ကမ်းလှမ်းကာ ကျင့်စဉ်ကိုပင် သင်ပေးစေချင်နေကြသည်။
သို့သော် အားလုံးမှာ ငြင်းဆန်ခံလိုက်ရသည်။ အကြောင်းအရင်းမှာ တစ်ခု သာဖြစ်သည်။ သူမ မျိုးနွယ်မှာ အပြင်တွင်ရှိသဖြင့် ကျွန်းတွင်နေမရခြင်းဖြစ် သည်။
သူမသည် တည်းခိုဆောင်မှ ထွက်လာချိန်တွင် နောက်ယောင်ခံလိုက်သူ ရှိနေသည်ကို သတိထားမိလိုက်သည်။ သူမ မဲ့ပြုံးပြုံးလိုက်သည်။ ဟောမျိုးနွယ် က ဒီလောက်အချိန်တိုလေးတောင် ဘယ်လိုဖြစ်ပြီး သည်းမခံနိုင်ရတာလဲ။
အကျိုးအကြောင်းဆီလျော်ရန် သူမသည် လမ်းကြားငယ်များကို ကွေ့ပတ်ကာ ထိုလူ လှုပ်ရှားလာမည်ကို စောင့်နေလိုက်သည်။ သူမ ထင်မထား သည်မှာ သူမ ကွေ့လိုက်သည်နှင့် တိုက်ခိုက်မှုရောက်လာခြင်းမဟုတ်ဘဲ အဖြူ ရောင်အလုံးသေးလေး တစ်လုံး သူမဆီသို့ ပျံလာခြင်းပင်ဖြစ်သည်။
သူမနှင့် တစ်မီတာပင် မဝေးတော့သော အကွာအဝေး၌ သူမသည် လက် ဆန့်ထုတ်ကာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် အံကြိတ်ပြီး ပြော လိုက်သည် “မင်းက ပြန်တော့လာတတ်သေးသားပဲ”
သူမသည် ဟိန်းသံလေးကို လည်ဂုတ်မှကိုင်လိုက်ရာ သူ၏ ခြေထောက် လေးချောင်းမှာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်။ သူ၏ မျက်လုံး နှစ်လုံးမှ မျက်ရည်များသည် အတင်းညှစ်ထုတ်ထွက်လာကာ သနားစဖွယ်ပြော လေသည် “ယူယူ ယူယူ့ကိုအရမ်းလွမ်းနေတာ၊ ယူယူ့ကိုမြင်လိုက်တာနဲ့ မြန်မြန် ပျံပြေးလာခဲ့တာ”
ရှီမာယူယူ သူ့ကိုယုံလိုက်လျှင် ထူးဆန်းမည်။ သူမသည် သူ့ကို နောက် လက်တစ်ဖက်ဖြင့် ညှစ်လိုက်သည် “ငါ့ကိုလွမ်းတယ်ဟုတ်လား အဲအစား အရမ်းကို အပျော်လွန်နေတဲ့ပုံပါပဲ”
“ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ ဟိန်းသံလေးက ယူယူ့ကိုလွမ်းနေ တာ” သူသည် လက်များကို နှလုံးသားနေရာသို့ ပို့လိုက်ချင်သော်လည်း လက်မှ တိုနေသဖြင့် နေရာမမှန်ကာ လှုပ်ရှားမရဖြစ်နေသည်။
“အဲလိုလား” ရှီမာယူယူသည် သူ့ကို အသာအယာပင်ကြည့်လိုက်သည်။
“တကယ် တကယ်ပြောတာ ရွှေထက်တောင် စစ်သေးတယ်” ဟိန်းသံလေးသည် အစစ်အမှန်ဟု ထင်ရလောက်အောင် အကောင်းဆုံးကြိုးစား လေသည်။ သူသည် သူတော်စင်မိန်းမပျိုနှင့် ပျော်ရွှင်စွာ ကစားခဲ့ရပြီး နေ့တိုင်း ကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့ရသည်ဟု ဝန်ခံစရာအကြောင်းမရှိပေ။
“မင်းက ပြောရေးဆိုခွင့်ရှိသူအနေနဲ့ လာတာမဟုတ်ဘူးဆိုတာ သေချာရဲ့ လား”
“ပြောရေးဆိုခွင့်ရှိသူဟုတ်လား ဘာပြောရေးဆိုခွင့်ရှိသူလဲ” ဟိန်းသံလေး သည် မိုးပေါ်သို့မော့ကြည့်ကာ ဖြူစင်သလို ဟန်လုပ်နေသည်။
ရှီမာယူယူသည် သူ၏ ရည်ရွယ်ချက်ကို မြင်ပြီးနေပြီဖြစ်သည်။ သူ ဝန်မခံ သဖြင့် သူ့ကို သာမာန်ကာလျှံကာပစ်လိုက်ရာ ထောင့်ရှိအမှိုက်ပုံထဲသို့ ကျလုနီး ပါးဖြစ်သွားသည်။
“အာ… ယူယူ ငါ့ကိုပစ်တာ အမှိုက်ပုံပေါ် ရောက်သွားတော့မလို့” ဟိန်းသံလေး အော်လေသည်။
ရှီမာယူယူ သူ့ကိုလျစ်လျူရှုလိုက်သည်။ သူမသည် လမ်းကြားတွင်ရပ်နေ သောလူကို ကြည့်ပြီးပြောလိုက်သည် “ပြော… မင်းက ငါ့နောက်ကို တစ် လျှောက်လုံးလိုက်နေတာ ဘာလုပ်ချင်လို့လား”
ထိုလူသည် ဟိန်းသံလေး ပေါ်လာကတည်းက ဘာမှမပြောခဲ့ပေ။ အခု သူမ သူ့ကို အာရုံစိုက်လာမှပင် ပြောလေသည် “ငါ့ခေါင်းဆောင်က ဖိတ်စာပို့ လိုက်လို့”
“မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ ငါ အခုရက်ပိုင်း တော်တော်များများ တွေ့ပြီးပြီ မင်းတို့ရဲ့သခင်ကို မမှတ်မိဘူး”
“ယူယူ ယူယူ အဲလူ…” ဟိန်းသံလေးသည် သူ့ကို မှတ်မိသည်ဟု သူမကို ပြောချင်နေသည်။ သို့သော် သူမသည် အကြည့်ဖြင့် ပါးစပ်ပိတ်ခိုင်းလိုက်သည်။
အနက်ဝတ်လူသည် ဟိန်းသံလေးကို ကျင့်သားရနေသဖြင့် မျက်နှာထား မှာလည်း မပြောင်းလဲပေ။ သူသည် တလေးတစားပြောလေသည် “မိန်းကလေး ယူယူ နောက်တစ်ခါဆိုရင် လှေစီးခမယူပါဘူးလို့ သခင်ကမှာလိုက်ပါတယ်”
“….” ရှီမာယူယူသည် သူပြောသည့်လူကို သိသည့်အနေနှင့် နှုတ်ခမ်းတွန့် လိုက်သည်။
သူမဆီကနေ ငွေတွေအများကြီး ကုပ်ယူသွားတဲ့လူအပြင် ဘယ်သူရှိဦးမှာ လဲ။
“လမ်းပြပါ” သူမ ထိုလူကို ခေါင်းညိတ်ပြသည်။
ထိုလှည့်ထွက်သွားရာ သူမ နောက်မှလိုက်သွားလိုက်သည်။ ဟိန်းသံလေး သည် အမြန်လိုက်ဟန်ပြင်သော်လည်း သူမသည် သူ့ကို ပြန်ဆုပ်ကိုင်ပြီး ပြန် ပစ်လိုက်ရာ အမှိုက်ပုံပေါ်သို့ ကျသွားတော့မလို ပြန်ဖြစ်သွားလေသည်။
***