အခါနှောင်းမှ နောင်တရသွားသော ဆယ်ဗာ
Vol. 4 Ch. 60
ဆယ်ဗာ စကားပြောပြီးနောက်တွင် တိုက်နှစ်တိုင်နောက်၌ ပုန်းနေကြသူများ ရုတ်တရက် အလစ်ဝင်တိုက်ကြတော့သည်။ချန်လွေ့ ပြင်ဆင်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။ ချန်လွေ့သည် ခြေထောက်ကို ဝှေ့ရမ်းလိုက်သည်။သူ၏ပထမဆုံးပစ်မှတ်မှာ အမှန်တကယ်ပင် လူပုအိုကြီးဖြစ်နေသည်။ထိုကန်ချက်၏ အစွမ်းကို သေချာ ထိန်းချုပ်လေသည်။လူပုအိုကြီးသည် ဘေးဘက်ရှိ သစ်သားဗီရိုနှင့် တိုက်မိသွားသည်။ ထိုအချိန်တွင် နှစ်ဖက်စလုံးမှ ပုံရိပ်များ ပြေးလာနေပြီ ဖြစ်သည်။ချန်လွေ့သည် ဝတ်ရုံကို လှည့်လိုက်ပြီး ဖုန်းခနဲ အသံမြည်သွားသည်။အလစ်ဝင်တိုက်သူနှစ်ယောက် မတိုက်ခိုက် ခင်မှာပင် နောက်သို့ လွင့်စင်သွားကြလေပြီ။တစ်ယောက်သည် တိုက်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားပြီး ထပင်မထနိုင်တော့ပေ။ကြံ့ခိုင်လှသည့် တိုင်ကြီးပင် အက်ကြောင်းများ ပေါ်လာသည်။
သူတို့နှစ်ယောက်သည် အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းများသာဖြစ်ပြီး သွေးရောင်လက် လန့်စ်ထက် များစွာနိမ့်ကျသည်။ထို့ကြောင့် ချန်လွေ့၏ ပြင်းထန်လှသည့် တိုက်ကွက်ကို သူတို့မတားဆီးနိုင်ကြပေ။ချန်လွေ့သည် များသောအားဖြင့် ပို၍အစွမ်းထက်သူများကိုသာ တိုက်ခိုက်ခဲ့ရသည်။ထို့ကြောင့် ဤနတ်ဆိုးများနှင့် တိုက်ခိုက်ရာ၌ မည်မျှတိုးတက် သွားကြောင်းကို ချန်လွေ့ သေသေချာချာ ခံစားလိုက်ရသည်။
အဇရူပဒေဝတာ ဂရော် တိုက်ခိုက်ရန် ပြင်လိုက်စဉ် မျက်နှာကျက်ပေါ်ရှိ မီးဆိုင်းမှ ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ချလာသည်။၎င်းသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဆယ်ဗာ ဆီသို့ ဦးတည်နေ၏။ဂရော်၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်ပြီး ဆယ်ဗာကို အန္တရာယ် ကင်းစေရန်အတွက် ဆွဲပစ်ထုတ်လိုက်သည်။သို့သော်လည်း ခုန်ဆင်းလာသည့် ပုံရိပ်သည် [ နောက်ကျန်ပုံရိပ် ] ဖြစ်နေပြီး စစ်မှန်သည့် အနှိုင်းမဲ့တိုက်ကွက်သည် ဂရော်နောက်၌ ပေါ်လာသည်။ဂရော် ကြက်သီးများထသွားပြီး ချွန်ထက်သည့်လက်နက်ဖြင့် အထိုးခံလိုက်ရလေပြီ။
ဂရော်၏အစွမ်းသည် အမြင့်ဆုံးအဆင့် ရောက်နေပြီဖြစ်သည်။ထို့ကြောင့် ခန္ဓာကိုယ်ကို အားကုန်သုံး၍ ကျစ်လျစ်အောင် လုပ်လိုက်ရာ လက်နက်၏ သုံးပုံတစ်ပုံသာ ထိုးစိုက်သွားသည်။ ဂရော် လှည့်ကာတိုက်ခိုက်ရန် ပြင်လိုက်စဉ် လုပ်ကြံသူသည် အဝေးသို့ ပြေးသွားလေပြီ။လုပ်ကြံသူ နောက်ဆုတ်သွားသည့်အခါ အခြားအော်သံများ ထွက်ပေါ်လာပြီး နတ်ဆိုးနှစ်ယောက် ထပ်သေသွားလေပြီ။
လုပ်ကြံမှုသည် ဂရော်ကို ဒဏ်ရာရစေခဲ့သော်လည်း ဂျက်စီသည် သူ့ကိုယ်သူ ဖော်ထုတ်မိသွားသည်။ဂရော်သည် ကျောဘက်မှသွေးကို သုတ်လိုက်ပြီး သူ့ကိုအသေသတ်ရန် ကြိုးစားခဲ့သည့် အမှောင်နတ်သူငယ်ကို ရက်စက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။ဂရော်သည် နာမည်တစ်ခုကို တွေးမိလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ ဝံပုလွေလျင် ဂျက်စီ ”
ထင်သည့်အတိုင်းပင် လိုအပ်သည့်အချိန်၌ ဂျက်စီ ပေါ်လာခဲ့ပေသည်။
“ သူက ပြိုင်ကွင်းထဲက အစွမ်းထက်ဆုံး အလယ်ဆင့် တိုက်ခိုက်ရေးသမားလား။ ”
ဆယ်ဗာ ထိတ်လန့်သွားသည်။ဆယ်ဗာသည် သူ့ကို ထူပေးနေသည့် ကဝေမကို တွန်းထုတ်လိုက်ပြီး ထကာ ပြောလိုက်သည်။
“ ဂျက်စီ။အက်ဂ်ယောဆီကနေ မင်း အကျိုးအမြတ် ဘယ်လောက်ရခဲ့လဲ။မင်းငါ့ကို တကယ်ပဲ အာခံရဲတယ်လား။ ”
ဂျက်စီသည် လူအုပ်ကြီးထဲ အပြေးဝင်သွားပြီး ဓားမြှောင်နှစ်လက်ကို ဝှေ့ရမ်းကာ အသက်များစွာကို ခြွေယူလိုက်သည်။ဆယ်ဗာ၏ လက်အောက်ခံများ၌ အလယ်ဆင့် နတ်ဆိုး ရှိသော်လည်း ဂျက်စီ၏ အတွေ့အကြုံနှင့် တိုက်ကွက်များမှာ သာမန်နတ်ဆိုး များထက် အကွာကြီးပင် ဖြစ်သည်။မျက်စိတစ်မှိတ် အတွင်းမှာပင် မြေပြင်ပေါ်မှ အလောင်းများ ပိုပိုလာပြီး ကျန်သည့်သူများလား ကြောက်ရွံ့လာကြသည်။
ဂျက်စီ ရပ်တန့်လိုက်ပြီး အသာလေး ပြန်ပြောလိုက်သည်။
“ သလင်းကျောက်နက်ဒင်္ဂါး ၃၀။ ”
“ ငါမင်းကို ဆယ်ဆပေးမယ်။သလင်းကျောက်နက်ဒင်္ဂါး ၃၀၀။ ”
ဆယ်ဗာ လက်ဝှေ့ရမ်းလိုက်ပြီး ဂျက်စီထံသို့ ငွေအိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
“ ငါ့အတွက် အက်ဂ်ယောကို သတ်ပေး။ ”
ဂျက်စီ၏ ကြောက်မက်ဖွယ်ရာ ဓားချက်သည် ဆယ်ဗာကို စိတ်ဒဏ်ရာ အသေးစား ရသွားစေသည်။ထို့ကြောင့် ဆယ်ဗာသည် ပိုက်ဆံကိုအသုံးချကာ ဂျက်စီ နှင့် အက်ဂ်ယောကို အချင်းချင်း သတ်ကြအောင် ပြုလုပ်လိုက်ပြီး အခွင့်အရေးယူရန် ရည်ရွယ်လိုက်သည်။
ဂျက်စီသည် ငွေအိတ်ကိုယူပြီး ချန်လွေ့ကို ကြည့်လိုက်သည်။မျက်နှာဖုံးနောက်ရှိ မျက်လုံးများ မလှုပ်ရှားကြောင်း ဂျက်စီ ခံစားလိုက်ရသည်။အမှောင်နတ်သူငယ်သည် မျက်ခုံးပင့်လိုက်ပြီး ချန်လွေ့ကို ငွေအိတ် ပစ်ပေးလိုက်သည်။
“ ငါ့မှာသိုလှောင်ကိရိယာ မရှိဘူး။ခဏကိုင်ထားပေး။ ”
ချန်လွေ့ သဘောတူလိုက်ပြီး ငွေအိတ်သည် လက်ထဲတွင် ချက်ချင်း ပျောက်ကွယ် သွားသည်။မျက်နှာဖုံး နောက်ကွယ်၌ အပြုံးတစ်ခု ရှိနေ၏။ ဒီ ဂျက်စီက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။
အမှောင်နတ်သူငယ်သည် ကျေးဇူးမသိတတ်လိမ့်မည်ဟု ဆယ်ဗာ မထင်ထားခဲ့ပေ။ ဆယ်ဗာ အံကြိတ်ပြီး ပြောလိုက်သည်။
“ သောက်ဂျက်စီ။မင်းက ပြိုင်ကွင်းမှာ နည်းနည်းလေးပဲ နာမည်ကြီးတာပါ။ငါ့လို ဆာ-ဆယ်ဗာရဲ့ စေတနာကို ဂရုမစိုက် လုပ်ရဲတယ်ပေါ့။ ”
“ ဒီရက်ပိုင်း ပြိုင်ကွင်းဆီကို မင်းမရောက်ဖြစ်ဘူး ထင်တယ်။ ”
ဂျက်စီသည် အခြားနတ်ဆိုးနှစ်ယောက်ကို သတ်ရင်း အသားလေးပြောလိုက်သည်။
“ ငါ့အသက်ကို အက်ဂ်ယော ပိုင်သွားပြီ။ ”
ဆယ်ဗာ လန့်ဖျပ်သွားပြီး သူ၏မျက်လုံးများသည် မထင်မရှား ဝတ်ရုံဂိုဏ်း ခေါင်းဆောင်ထံ ရောက်ရှိသွားသည်။ဝင်ပေါက်ရှိ နတ်ဆိုးတစ်ယောက် သဘောပေါက်သွားသည်။
“ ဟုတ်တယ်။အက်ဂ်ယောက နံပါတ်(၆၄)ပဲ။ဂျက်စီ နဲ့ လန့်စ်ကို အနိုင်ယူခဲ့တဲ့ အစွမ်းထက်တဲ့သူတစ်ယောက်ပဲ။ ”
နံပါတ်(၆၄)လား။ ဆယ်ဗာ ထိတ်လန့်သွားပြီး ဝတ်ရုံဂိုဏ်းကို နောင်တရမိခြင်းကို တိတ်တဆိတ် နောင်တရမိသွားသည်။သို့သော်လည်း နှစ်ဖက်စလုံးသည် ဤကဲ့သို့ အခြေအနေသို့ ရောက်နေပြီဖြစ်၍ ဆုံးရှုံးမှု ကြီးမားရင်တောင်မှ သူတို့နှစ်ယောက်ကို ဆယ်ဗာ အဆုံးသတ်ရပေမည်။သို့မဟုတ်ပါက အမှောင်လမြို့ရှိ သူ၏နေရာကို ဆုံးရှုံးရပေမည်။
“ သူတို့ကို သွားရှင်း။ဂရော်။မင်း ဂျက်စီကို ကိုင်တွယ်လိုက်။ကျန်တဲ့သူတွေက အက်ဂ်ယောကို ကိုင်တွယ်ကြမယ်။။ ”
ဆယ်လ်ဗာတွေးလိုကပြီး သတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ထို့နောက်တွင် နတ်ဆိုးများစွာသည် အိမ်အပြင်မှ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ဆယ်ဗာ မတ်တပ်ရပ်ပြီး ရေရွတ်လိုက်သည်။ရုတ်တရက်ပက် ဂရော်၏ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင် ဖျော့ဖျော့ အလင်းလေး ပေါ်လာ၏။အစိမ်းရောင်အလင်း၏ အကူအညီဖြင့် ဂရော်၏ အမြန်နှုန်းသည် ရုတ်တရက် တိုးတက်သွားပြီး ဂျက်စီထံသို့ အပြေးသွားလိုက်သည်။၎င်းသည် လေမှော်၏ [ အရှိန်မြှင့် ] ဟုခေါ်သော အစွမ်းတစ်မျိုးဖြစ်ပြီး ခုခံမှု လျော့ကျစေကာ အရှိန်မြန်စေသည်။သို့သော်လည်း ဂျက်စီကဲ့သို့ ဂရော်ထက် အားနည်းသည့် သူနှင့် ရင်ဆိုင်ရာ၌ အသင့်တော်ဆုံး နည်းဗျူဟာပင် ဖြစ်သည်။
ဂရော်သည် ပိုပြီးအစွမ်းထက်သည့် အလယ်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းဖြစ်သည်ကို ဂျက်စီသိသည်။ထို့ပြင် ဂရော်ကို [ အရှိန်မြှင့် ] အစွမ်းဖြင့် မန်းမှုတ်ထားသည့်အတွက် ဂျက်စီရပ်တန့်ပြီး အာရုံစိုက်လိုက်သည်။ ချန်လွေ့သည် အမြန်နှုန်းကို အသုံးချပြီး အမြန်ရွေ့လျားကာ လူအုပ်ကြီးကို တိုက်ခိုက်ရင်း ဆယ်ဗာနားကို ချဉ်းကပ်လာသည်။ ဆယ်ဗာသည် မှော်ပညာ အသုံးပြုကာ ဂျက်စီ၏ အမြန်နှုန်းကို နှောင့်ယှက်နေပြီး ဂျက်စီကို အန္တရယ်ရှိသည့် အခြေအနေသို့ရောက်အောင် တွန်းပို့ပေးနေသည်။ချန်လွေ့၏ ရည်ရွယ်ချက်ကို သတိထားမိသွားသည့်အခါ ဆယ်ဗာ ထိတ်လန့်သွားသည်။
မူလက ဆယ်ဗာသည် အစွမ်းထက်ဆုံးဖြစ်သည့် ဂရော်ကို သုံးပြီး အတော်လေး အားနည်းသည့် ဂျက်စီကို သတ်ပစ်ချင်ခဲ့သည်။ထို့ကြောင့် အင်အားစုစည်းကာ အက်ဂ်ယောကို တိုက်ခိုက်မည် ဖြစ်သည်။သို့သော်လည်း အက်ဂ်ယောသည် လူအုပ်ကြီးကြား၌ မပိတ်မိနေဘဲ သူ့နားပိုကပ်လာမည်ဟု ဆယ်ဗာ မထင်ထားခဲ့ပေ။
“ အက်ဂ်ယော ” သည် အလွန်မြန်ဆန်ပြီး လူအုပ်ကြား၌ ရောနေသည့်အတွက် ဆယ်ဗာသည် မှော်ဂါထာရွတ်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအားများကို ချိန်၍မရနိုင်ပေ။ ထို့နောက် ဆယ်ဗာသည် စိတ်ငြိမ်ငြိမ်ထားပြီး ရေရွတ်နေလိုက်သည်။ခဏအကြာတွင် ဆယ်ဗာသည် လက်နှစ်ဖက်လုံးကိုဝှေ့ရမ်းလိုက်ရာ ကြီးမားသည့် လျှပ်စီးတစ်ခု ပေါ်ထွက်လာပြီး လူအုပ်ကြီးကို တည့်တည့်ထိသွားသည်။ထိုလျှပ်စီးသည် ချန်လွေ့နားရှိ နတ်ဆိုးကို အရင်ထိသွားသည်။ထိုနတ်ဆိုး ဓာတ်လိုက်သွားပြီး တစ်ကိုယ်လုံး ကျွမ်းလောင်ကာ လဲကျသွားသည်။သို့သော်လည်း လျှပ်စီးသည် ဆက်လက် သွားနေသေးကာ ဒုတိယနတ်ဆိုးကို ထိသွားသည်။ထို့နောက် တတိယအချက်တွင် ချန်လွေ့ဆီသို့ ကျရောက်သွားသည်။
ချန်လွေ့၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကြွက်သားများ အလိုအလျောက် တုံ့ဆိုင်း သွားသည်။ဘေးနားရှိ နတ်ဆိုးလည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။၎င်းသည် [ လျှပ်စီးကွင်းစက် ] ပင် ဖြစ်သည်။၎င်းသည် ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ အနီးဆုံးလူ ၄ယောက်ကို တိုက်ခိုက်နိုင်သည်။[ လျှပ်စီးကွင်းစက် ] ဖြင့် အက်ဂ်ယော ထိသွားကြောင်း တွေ့လိုက်ရာ ကျန်ရှိသည့် နတ်ဆိုးများသည် အခွင့်အရေးယူကာ ချန်လွေ့ထံသို့ ပြေးလာကြသည်။ချက်ချင်းပင် ချန်လွေ့ထံသို့ လက်သီးချက်ပေါင်းများစွာ တစ်ပြိုင်နက် ကျရောက်လာသည်။
ချန်လွေ့ ဒေါသတကြီး နှာမှုတ်လိုက်ရာ သူ၏အစွမ်းများ ပွင့်ထွက်သွားသည်။သူ၏ အရှေ့ရှိ နတ်ဆိုးများသည် ချက်ချင်းပင် ပစ်လဲကျသွားကာ ဆက်တိုက်လဲကျသည့် အသံများ ထွက်လာသည်။
ဆယ်ဗာလည်း တိတ်တဆိတ် ထိတ်လန့်သွားသည်။သူကိုယ်တိုင်သည် လေမှော်ပညာ၌ အထူးပြုထားသည့် အလယ်ဆင့်နတ်ဆိုး သေရွာပြန်တစ်ယောက် ဖြစ်သည်။ခုနက [ လျှပ်စီးကွင်းစက် ] သည် သူ့မှာရှိသမျှ အကုန်ပင် ဖြစ်သည်။[ လျှပ်စီးကွင်းစက် ] လေးချက်ထဲ၌ ပထမဆုံးအချက်သည် အစွမ်းထက်ဆုံးဖြစ်ပြီး တဖြည်းဖြည်း အားနည်းသွားသော်လည်း အစွမ်းထက်နေဆဲသာ ဖြစ်သည်။သူ၏လက်အောက်ခံ တိုက်ခိုက်မှုများနှင့် ထက်ပေါင်းလျှင် ဂရော်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ဘာမှမဖြစ်လောက်သည်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု အက်ဂ်ယောကို ဆယ်ဗာ မထင်ထားခဲ့ပေ။
အမှန်တကယ်တွင် ချန်လွေ့၏ အခြေအနေသည် ဆယ်ဗာထင်သကဲ့သို့ လွယ်ကူမနေပေ။အယ်ခိတ်အခြေအနေရှိ ခုခံမှုစွမ်းအားနှင့် [ နက္ခတ်သဏ္ဍာန် ] ပြန်ကောင်းနိုင်စွမ်းတို့သည် အလွန် အစွမ်းထက်လှသည်။ထို့ကြောင့် ချန်လွေ့သည် တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိခဲ့ပြီး ဆယ်ဗာဆီသို့ အရှိန်အပြည့်ဖြင့် သွားလိုက်သည်။ သူခိုးဓားပြတွေကို ဖမ်းဆီးဖို့အတွက် ခေါင်းဆောင်ကို အရင်ဖမ်းရမယ် မဟုတ်လား။
ဆယ်ဗာ ထိတ်လန့်သွားသည်။လျှပ်စစ် မန္တန်၏ ဂါထာသည် အလွန်ရှည်လှသည့်အတွက် စတင်ရွတ်ဖတ်ရန် နောက်ကျသွားလေပြီ။ဆယ်ဗာသည် လက်ထဲ၌ စက်ဝိုင်းပုံဆွဲလိုက်ပြီး အလျင်အမြန် ရေရွတ်လိုက်သည်။ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အပြင်ဘက်၌ ဖောက်ထွင်းမြင်ရသည့် လိပ်ခုံးတစ်ခု ပေါ်ထွက်လာသည်။ချန်လွေ့ တစ်ခါတည်း ထိုးပစ်လိုက်ရာ ဆယ်ဗာ နှင့် ဒိုင်းကာတို့သည် နံရံသို့ လွင့်စင်သွားသည်။ဒိုင်းကာသည် ခဏ တုန်ခါသွားသည်။ဆယ်ဗာသည် အတွင်း၌ မထိခိုက်သော်လည်း ကြောက်လန့်ကာ ကျောက်ဖြစ်နေလေပြီ။
လိပ်ခုံးဒိုင်းကို တိုက်ခိုက်ရန် ပြင်လိုက်စဉ် မျက်နှချင်းဆိုင်ဘက်၌ ဂျက်စီကို ဂရော် ကန်ထုတ်လိုက်သည်ကို ချန်လွေ့ တွေ့သွားသည်။ဂျက်စီ၏ ခန္ဓာကိုယ်သည် တိုက်ဆိုင်စွာပင် လုပုအိုကြီးပုန်းနေသည့် သစ်သားဗီရိုနှင့် တိုက်မိသွားပြီး ချက်ချင်း ကြွေမွသွားသည်။လူပုအိုကြီးလည်း လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။
“ ဂရော်။သေစမ်း။ ”
ချန်လွေ့သည် ဆယ်ဗာကို ဂရုမစိုက်တော့ဘဲ ဂရော်ဆီသို့ အပြေးသွားလိုက်သည်။ ဂရော်သည် ဂျက်စီနောက်သို့လိုက်ပြီး သတ်ရန်ပြင်လိုက်စဉ် အက်ဂ်ယော၏ အော်သံကို ကြားလိုက်ရသည်။ဂရော် လှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်အလုံးတစ်လုံးသည် အရှိန်ပြင်းပြင်းဖြင့် သူ့ထံသို့ တည့်တည့်ရောက်လာသည်ကို မြင်လိုက်ရသည်။ အလွန်နီးကပ်သွားသည့်အတွက် ဂရော်မရှောင်နိုင်တော့ဘဲ တည့်တည့်ထိသွားတော့သည်။
ဂရော်သည် အလွန်အမင်း ကြောက်စိတ်ဖြစ်လာပြီး ၎င်းကိုတားဆီးရန် အသည်းအသန် ကြိုးစားလိုက်သည်။သို့သော်လည်း အလင်းလုံး၏ ကြီးမားသည့်စွမ်းအားကို မခုခံနိုင်ခဲ့ပေ။သူ၏ ခြေထောက်နှစ်ဖက်သည် မြေပြင်ကို တရွတ်တိုက်ဆွဲသွားပြီး လမ်းတစ်လျှောက်၌ မရေတွက်နိုင်သည့် အက်ကြောင်းများ ဖြစ်သွားသည်။ အလင်းလုံး၏ အကွာအဝေးပိုရှည်လာသည်နှင့်အမျှ လေမှော်ပညာကြောင့် အားနည်းနေပြီဖြစ်သည့် ဂရော်၏ ခုခံမှုသည် ပို၍ပင် အားနည်းလာသည်။
ကြောက်စရာကောင်းတဲ့ ဖျက်စီးမှု စွမ်းအားပဲ........။ ၎င်းသည် အလင်းလုံးအပေါ် ဂရော်၏ခံစားချက်ဖြစ်သည်။တစ်ချိန်တည်းမှာပင် ၎င်းသည် ဂရော်လည်း နောက်ဆုံး အတွေးတစ်ခုလည်း ဖြစ်သွားခဲ့သည်။
အက်ဂ်ယော လက်ဖြန့်လိုက်ပြီး ဂရော်ကို အလင်းလုံးကြီးတစ်လုံး ထိသွားကာ လမ်းတစ်လျှောက်၌ မရေတွက်နိုင်သည့် ကြောက်မက်ဖွယ်ရာ ပျက်စီးမှုများ ဖြစ်သွားသည်ကို ဆယ်ဗာ တွေ့လိုက်သည်။ဂရော်ကဲ့သို့ အစွမ်းထက်သူပင် အသက်မရှင်နိုင်ခဲ့ပေ။ခဏခုခံပြီးနောက်တွင် ဂရော်သည် လုံးဝဝါးမျိုခံလိုက်ရသည်။ အလင်းလုံးသည် နံရံများကို ဖောက်ထွင်းသွားကာ အိမ်အပြင်ဘက်၌ အော်သံများ ထွက်လာသည်။ဂရော်ကဲ့သို့ပင် မည်သည့်ကံမကောင်းသူတစ်ယောက် အဆုံးသတ်သွားသည်ကို မည်သူမှ မသိနိုင်ပေ။
ဆယ်ဗာ ကြောက်လန့်သွားသည်။ဝင်တိုက်ရန် အသင့်ဖြစ်နေသည့် လူဆိုးများလည်း ကျောက်ရုပ်ဖြစ်သွားသည်။သစ်သားဗီဒိုထဲမှ ရုန်းကန်ထွက်လာသည့် ဂျက်စီလည်း ကြက်သေသေသွားသည်။ခုခုန်တက်လာသည့် လူပုအိုကြီးမှာတော့ အတော်လေး တည်ငြိမ်နေ၏။
ချန်လွေ့သည် တစ်ချက်တည်းဖြင့် တန်းတန်းမတ်မတ် ပစ်နိုင်ခဲ့သည်။သူ၏ခန္ဓာကိုယ်ထဲရှိ ကြယ်စွမ်းအားများ ကုန်ခမ်းသွားကြောင်း ခံစားလိုက်ရသော်လည်း အပြင်ပန်း၌ ဘာမှမဖြစ်ဟန် ပြသလိုက်သည်။ချန်လွေ့သည် သူ၏လက်ကို ပြန်ဖြန့်လိုက်ကာ လူဆိုးတစ်အုပ်ကို ချိန်လိုက်သည်။
“ မသေချင်ရင် လစ်လိုက်တော့။ ”
ထိုစကားကို ချန်လွေ့ ပြောပြီးနောက်တွင် လိပ်ပြာလွင့်မတတ်ဖြစ်နေသူများသည် ထွက်ပြေးကြတော့သည်။မြေပြင်ပေါ်၌ သေဟန်ဆောင်နေသည့်သူများပါ အပါအဝင်ဖြစ်သည်။ အဲဒီ ကြောက်စရာ စွမ်းအားကို ဂရော်တောင် မခံနိုင်ဘူး။ဘယ်သူက ဒီမှာ နေရဲမှာလဲ။
ဆယ်ဗာတစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏မှော်ပညာ ပြိုကွဲသွားသည့်အတွက် ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။အက်ဂ်ယော ချဉ်းကပ်လာပြီး အေးစက်စက် ပြုံးနေသည်ကို မြင်လိုက်သည် ဆယ်ဗာ ကြောက်ရွံ့သွားသည်။
“ ငါ့ကိုမသတ်နဲ့။ငါအားလုံးကို ပေးပါ့မယ်။ ”
“ မင်းအသက်အတွက် မင်းဘယ်လောက် ပေးနိုင်မလဲဆိုတာ မူတည်တယ်။မင်းရဲ့ ပစ္စည်းဥစ္စာတွေကို လက်မလျှော့နိုင်ရင်တော့ မင်းအသက်ကိုပဲ ယူရလိမ့်မယ်။ ”
“ အက်ဂ်ယော ” အား ထိုကဲ့သို့ ခြိမ်းခြောက်ဖူးသည်ကို ဆယ်ဗာ သတိရလိုက်ပြီး သူ့ကိုယ်သူ ပါးရိုက်ချင်မိသွားသည်။သို့သော်လည်း ယခုမှ နောင်တရရန် နောက်ကျသွားလေပြီ။အသက်ရှင်နိုင်ရန်အတွက် ဆယ်ဗာသည် ပိုက်ဆံကို ဖက်တွယ်ထား၍မရတော့ပေ။ထို့ကြောင့် လက်ထဲရှိ သိုလှောင်လက်စွပ်ကို အမြန်ချွတ်လိုက်သည်။
“ ဆာ အက်ဂ်ယော။ဒါက ကျွန်တော့်မှာရှိတဲ့ ပစ္စည်းဥစ္စာ အားလုံးပါပဲ။ ”
ချန်လွေ့သည် သိုလှောင်လက်စွမ်းကိုယူပြီး ဖွင့်ကြည့်လိုက်ရာ အပြည့်ဖြစ်နေသည့် သားရေအိတ်များ ထွက်ကျလာသည်။၎င်းတို့အားလုံးသည် သလင်းကျောက်နက်ဒင်္ဂါးများ ဖြစ်ကြသည်။ထိုကဲ့သို့အိတ်များ ရာနှင့်ချီ ရှိနေသည်။မကြာမီတွင် ၎င်းတို့သည် ကြမ်းပြင်တစ်ခုလုံး၌ အပုံလိုက်ဖြစ်သွားကြသည်။တန်ဖိုးကြီးပုံပေါ်သည့် ပစ္စည်း အချို့လည်း ရှိနေသေးသည်။သို့သော်လည်း လင်းလက်ကျောက် တစ်ခုမျှ မရှိနေပေ။ ကြည့်နေရင်းနှင့်ပင် လူပုအိုကြီး၏ မျက်လုံးများ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ ပိုက်ဆံတွေအများကြီးပဲ။တစ်အိတ်ကို ဒင်္ဂါး၃၀၀ လောက်ရှိမယ်။စုစုပေါင်းလိုက်ရင် သောင်းနဲ့ချီ ရှိမှပဲ။
ချန်လွေ့လည်း တိတ်တဆိတ် အံ့အားသင့်သွားသည်။ ဒီ ဆယ်ဗာက ပိုက်ဆံတွေဒီလောက်အများကြီးရှိတယ်။ဒါတွေကို သူဘယ်လိုရခဲ့တာပါလိမ့်။ သို့သော်လည်း ဤပိုက်ဆံများအားလုံးကို ချန်လွေ့ ယခု ပိုင်ဆိုင်ပြီဖြစ်သည်။ ရာဇဝတ်သားများ၏ ပစ္စည်းဥစ္စာကို လုယက်ပြီး သူ့ကိုယ်သူအကျိုးရှိစေသည့် “ သမာဓိ ” လှုပ်ရှားမှုကို ချန်လွေ့ မကြာခဏ ပြုလုပ်သင့်ပေသည်။
ချန်လွေ့ လက်ဝှေ့ရမ်းလိုက်သည်။မည်သည့် သိုလှောင်ကိရိယာများ အသုံးပြုခဲ့ပုံမပေါ်ပေ။သို့သော်လည်း ငွေအိတ်များနှင့် လက်စွပ်တို့သည် အမှန်တကယ် ပျောက်ကွယ်သွားကြသည်။
ထိုအခြင်းအရာကို ဆယ်ဗာထိတ်လန့်သွားသည်။ ဒီလိုအမြန်နှုန်းမျိုး၊နည်းစနစ်မျိုးက သေချာပေါက် သိုလှောင်ကိရိယာတော့ မဟုတ်ဘူး။မဟုတ်မှလွဲရော....ပျောက်ဆုံးသွားတဲ့ လေဟာနယ် မှော်ပညာများလား။
“ ဆာ။ကျုပ်ကို အသက်ချမ်းသာပေးမယ်ဆိုရင် ဝတ်ရုံဂိုဏ်းကိုဝင်ပြီးတော့ ခင်ဗျားရဲ့ လက်အောက်ခံအနေနဲ့ ပိုက်ဆံ ရှာပေးပါ့မယ်။ ”
ထိုအကြံပြုချက်သည် ချန်လွေ့၏ နှလုံးသားကို အနည်းငယ် လှုပ်ရှားသွားစေသည်။ ချန်လွေ့ မေးလိုက်သည်။
“ လင်းလက်ကျောက်တွေ ဘယ်မှာလဲ။ ”
ဆယ်ဗာ တုံ့ဆိုင်းသွားပုံပေါ်သည်။ထို့နောက်တွက် အက်ဂ်ယော ချဉ်းကပ်လာပြီး လက်ချောင်းများ ဆွဲဆန့်ကာ သူ့ကို ချိန်ထားကြောင်း မြင်လိုက်ရသည်။ဆယ်ဗာ တထိတ်တလန့်ဖြင့် ပြောလိုက်သည်။
“ ဆာ။ကျုပ်နဲ့ လိုက်ခဲ့ပေးပါ။ ”
ဂျက်စီနှင့် လုပုအိုကြီးတို့သည် စောင့်ကြပ်ရန်အတွက် ဟောခန်းမ၌ နေနေကြပြီး ချန်လွေ့မှာတော့ ဆယ်ဗာကို ခေါ်ကာ မြေအောက် ဂိုဒေါင်ထဲ သွားလိုက်သည်။