← Chapters

ထစမ်း။အိုတာခုမှာလည်း ရဲရင့်တဲ့ နှလုံးသားရှိတယ်

Vol. 4 Ch. 47

ထစမ်း။အိုတာခုမှာလည်း ရဲရင့်တဲ့ နှလုံးသားရှိတယ်

Vol. 4 Ch. 47

ကဝေမသည် သလင်းကျောက်နက်ဒင်္ဂါးကိုလက်ခံပြီး အလုပ်သဘောအရ ပြုံးပြလိုက်သည်။

“ နံပါတ်(၆၄) က လူသစ်ဆိုတော့ စည်းကမ်းတွေကို ကျွန်မ အရင်ဆုံး ကြေညာပါ့မယ်။ကိစ္စတစ်ခုခု မထူးဘူးဆိုရင် တိုက်ပွဲကို နှစ်နာရီအတွင်း အဆုံးသတ်ရပါမယ်။အချိန်ပြည့်သွားလို့ အနိုင်အရှုံး မပေါ်ဘူးဆိုရင် ဆာအရတ်စ်က ရလာဒ်ကို ဆုံးဖြတ်ပေးမယ်။စည်းကမ်းအရ နိုင်ပွဲဆက်ရထားတဲ့ လန့်စ်ကနေပြီးတော့ ဒီပွဲကို လက်ဗလာလား၊လက်နက်နဲ့လား ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ”

ချန်လွေ့ လောင်းကြေးထပ်လိုက်သည့်အခါ လန့်စ်၏မျက်နှာ ပို၍မှုန်ကုပ်သွားပြီး သရော်ပြုံးပြုံးကာပြောလိုကသည်။

“ ကျုပ် ပြိုင်ဘက်ရဲ့အရိုးကို လက်နဲ့ချိုးရတဲ့ ခံစားချက်ကို သဘောကျတယ်။ ”

“ ကောင်းပါပြီ။ဒါဆိုရင် လက်ဗလာနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ခန္ဓာကိုယ်ကလွဲပြီး ဘာလက်နက်မှ သုံးခွင့်ပြုမှာ မဟုတ်ပါဘူး။ ”

ကဝေမသည် နောက်သို့ သေသေချာချာဆုတ်ခွာပြီး အော်ပြောလိုက်သည်။

“ အခုကစပြီး ပြိုင်ပွဲစတင်ပါပြီ ”

ကဝေမ “ စတင်ပါပြီ ” ဟု ပြောလိုက်သည့်အခိုက်၌ လန့်စ်သည် ကြမ်းတမ်းသည့် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပြီးသွားလေပြီ။ချန်လွေ့သည် အဆိပ်နဂါး၏ အထူးလေ့ကျင့်ရေးမှ အလစ်တိုက်ခိုက်မှုများကို ရင်းနှီးနေပြီဖြစ်သည့်အတွက် သေချာပြင်ဆင်ထားပြီး ဖြစ်နေသည်။ချန်လွေ့သည် ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့ပြီး ရှောင်လိုက်သည်။လန့်စ်၏ တိုက်ခိုက်မှုများသည် ပို၍ ရက်စက်ပေသည်။ မကြာခဏဆိုသလို အဓိက နေရာများကို ချိန်ထား၏။လက်သီးတစ်ချက်နှစ်ချက် ယှဉ်ထိုးကြည့်ရာ ပြိုင်ဘက်၏ အင်အား ပိုသာကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ အင်အားချင်းယှဉ်လျှင် ချန်လွေ့သည် လန့်စ်ထက် အတော်လေး အားနည်း၏။

ပြိုင်ကွင်း၌ လန့်စ် သုံးပွဲဆက်နိုင်ထားသည်မှာ ကံကောင်း၍ မဟုတ်ကြောင်း သေချာနေသည်။သူ၏ စကားများသည် အထက်ဆီးဆန်သော်လည်း တိုက်ပွဲအတွင်း၌ သူ၏အတွေ့အကြုံများကို ပြသနေ၏။အမြန်တိုက်ခိုက်ချက်များ အသုံးမဝင်ကြောင်း သိလိုက်ရသည့်အခါ လန့်စ်သည် ဆက်လက်မလိုက်တော့ဘဲ တိုက်ပွဲ၏ ဟန်ချက်ကို စတင်ထိန်းချုပ်တော့သည်။ချန်လွေ့သည် တစ်ချိန်လုံး ခုခံနေရသည်။ပြန်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိသလောက်ပေ။

ချန်လွေ့သည် မျက်နှာဖုံးနှင့် တိုက်ခိုက်ရသည်ကို မသက်မသာ ခံစားနေရသည်။ အထူးသဖြင့် အမြင်ပိုင်းဆိုင်ရာ၌ အသားမကျ ဖြစ်နေသည်။ချန်လွေ့ သေချာခုခံ သော်လည်း နောက်ဆုံး၌ ဟာကွက်တစ်ခု ချန်မိသွားသည်။လန့်စ် ဟန်ဆောင်ကန်ပြီး ချန်လွေ့နားမှ ဖြတ်သွားစဉ် လန့်စ်၏ လက်သည်းများသည် ချန်လွေ့ဝမ်းဗိုက်ကို ကုတ်မိသွားသည်။ရုတ်တရက် သွေးများပန်းထွက်သွားပြီး သူ၏အင်္ကျီ နီရဲသွား၏။ လန့်စ်၏ ချွန်ထက်နေသည့် လက်သည့်များကိုကြည့်ရင်း လန့်စ်ကို မည်သည်ကြောင့် ‘ သွေးရောင်လက် ’ ဟုခေါ်ကြ‌ကြောင်းနှင့် မည်သည့်အတွက်ကြောင့် လက်နက် မသုံးကြောင်း သဘောပေါက်သွားသည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့လက်က အစွမ်းထက်ဆုံး လက်နက် ဖြစ်နေလို့ပဲ။

ပထမဆုံး တိုက်ခိုက်ချက် အောင်မြင်သွားပြီးနောက်တွင် လန့်စ်၏ တိုက်ခိုက်မှုများ ပို၍ပို၍ ပြင်းထန်လာသည်။ချန်လွေ့၏ ခန္ဓာကိုယ်ရှိ သွေးရာများမှာလည်း ပိုပို တိုးလာသည်။ဘုန်းခနဲအသံမြည်ကာ ချန်လွေ့၏ ကျောဘက်ကို လက်သီးတစ်ချက် ထိမှန်ထားပြီး အတွင်းထိအောင် နာကျင်ခံစားသွားရသည်။လန့်စ်သည် ချန်လွေ့ အနားယူပြီး ပြန်တိုက်ခိုက်မည်ကို စောင့်သည့် ပါ့ဂ်လီအိုကဲ့သို့ မဟုတ်ပေ။ချန်လွေ့၏ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို စတင်တော့သည်။

လန့်စ်၏ ကြမ်းတမ်းသည့် တိုက်ခိုက်မှုများအောက်တွင် ချန်လွေ့ကျဉ်းကျပ်လာပြီး ခုခံရခက်လာကြောင်း သိသွားသည်။ချန်လွေ့၏ စိတ်ထဲ၌ တုံ့ဆိုင်းသွားသည်။ ငါတအား စိတ်ထက်သန်နေတာလား။[ အရုဏ်ဦးပစ်ချက် ] သုံးလို့မရတဲ့ ဒီလိုအခြေအနေမှာ ငါ့ရဲ့ပထမဆုံး တကယ့်တိုက်ခိုက်မှုအတွက် ဒီလိုကြောက်စရာ ပြိုင်ဘက်ကို ရင်ဆိုင်နေရတယ်။

ဒါက လဲကျပြီးရင် ပြန်ကြိုးစားလို့ရတဲ့ လေ့ကျင့်ရေးမဟုတ်ဘူး။ပြန်ရှင်ရင် အသက်ပြန်ပြည့်တဲ့ ဂိမ်းတစ်ခုလည်း မဟုတ်ဘူး။ဒါက သူသေကိုယ်သေ တိုက်ပွဲ။ရှုံးနိမ့်သွားရင် အသက်ဆုံးရှုံးရပြီပဲ။

ယခင်ဘဝ၌ ချန်လွေ့သည် အိုတာခုတစ်ယောက်သာ ဖြစ်သည်။သိုင်းပညာရှင် လည်းမဟုတ်၊ အထူးတပ်ဖွဲ့ဝင်လည်း မဟုတ်ခဲ့ပေ။‌အထူးလေ့ကျင့်‌ရေး၌ အချိန်ကုန်ဆုံးခဲ့ သည်မှာ တိုးတောင်းလွန်းလှသည်။ဤကဲ့သို့ သူသေကိုယ်သေ တိုက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စိတ်အားမထက်သန်‌သင့်ပေ။

ချန်လွေ့၏ စိတ်ပိုင်းဆိုင်ရာ တုံ့ဆိုင်းမှုများသည် သူ၏လှုပ်ရှားများကို တိုက်ရိုက် သက်ရောက်နေသည်။လန့်စ်သည် ပြိုင်ဘက်ဖြစ်သူ၏ တွန့်ဆုတ်မှုကို ချက်ချင်း သတိထားမိသွားပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။လန့်စ်သည် ချန်လွေ့၏ပေါင်ကို ကုတ်ထည့်ပြီး နောက်ထပ် ဒဏ်ရာနက်နက်တစ်ခု ထပ်တိုးပေးလိုက်သည်။ချန်လွေ့ သတိလက်လွတ်ဖြစ်သွားသည့်အချိန်၌ လန့်စ်သည် ချန်လွေ့၏ရင်ဘတ်ကို အားဖြင့် ကန်ထည့်လိုက်ရာ ၁၂မီတာလောက်အထိ လွင့်စင်သွား၏။တိုက်မိသည့်နေရာ၌ စူးရှစွာ နာကျင်နေရသည်။ချန်လွေ့ အရိုးနှစ်ချောင်း ကျိုးသွားပုံရပြီး ပြန်မထနိုင်တော့ပေ။

လန့်စ်သည် ပြိုင်ဘက်၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို ဆက်လက်ဖြိုခွဲရန် စကားဆက်ပြောနေပြီး လမ်းလျှောက်လာ၏။၎င်းသည် သူသုံးနေကျ ဗျူဟာ ဖြစ်သည်။

“ ငါမင်းရဲ့ ခြေလက်တွေကို ချိုးပစ်မယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ ငါအခု စိတ်ပြောင်းသွားပြီ။မင်းမသေခင် မင်းရဲ့ အရိုးတစ်ချောင်းဆီကို ချေမွပစ်မယ်။ ”

ချန်လွေ့၏စိတ် တုန်လှုပ်သွားပြီး နှလုံးခုန် ပိုမြန်လသည်။အထူးလေ့ကျင့်ရေး၌ ပါ့ဂ်လီအို၏ ဆူပူကြိမ်းမောင်းမှုများသည် ချန်လွေ့စိတ်ထဲ၌ ရုတ်တရက် ပေါ်လာ၏။

“ မင်းပိုပြီး ကြောက်လေလေ မင်းမြန်မြန်သေလေလေပဲ။ ”

“ သတ္တိမွေးလိုက်စမ်းပါ။မဟုတ်ရင် မင်းဘယ်တော့မှ စစ်မှန်တဲ့ စွမ်းအားကြီးသူ တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ ”

သေခါနီးဆဲဆဲ၌ ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။

ငါဘာလို့ အထူးလေ့ကျင့်ရတာလဲ။

တကယ်တိုက်ခိုက်ဖို့ ငါဘာလို့လာတာလဲ။

စမ်းသပ်ခန်းထဲမှာ ဘာလို့ပုန်းမနေတာလဲ။

ရှီရာနဲ့အဲဒက်စ် တို့ရဲ့ အကာအကွယ်အောက်မှာ ဘာလို့မခိုလှုံရတာလဲ။

အရင်ကငါ့မှာ အစွမ်းမရှိတုန်းက ငါဘာလို့ နောက်မဆုတ်ခဲ့တာပဲ။ဒါပေမဲ့ အခုတော့ ငါဘာလို့ ရှေ့မတိုးရဲတာလဲ။

ငါဒီနေ့ ပြိုင်ကွင်းကို မလာရင်တောင် အနှေးနဲ့အမြန် ဒါကို ရင်ဆိုင်ရမှာပဲ။ငါရှောင်နိုင်ရင်လည်း ငါ့ရဲ့ဉာဏ်ကိုပဲ အမှီပြုပြီးတော့ အခွင့်အရေးသမားပဲ ဖြစ်မှာပဲ။

“ သည်းမခံနိုင်တော့ရင် ဘာလုပ်မှာလဲ။ ”

ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ချန်လွေ့ ကျယ်လောင်စွာ ပြောလိုက်သည်။

“ သည်းမခံနိုင်ရင် ရှေ့ဆက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် ပိုပြောမယ်။ ”

လန့်စ်သည် ပြိုင်ဘက်ဖြစ်သူ၏စကားကို နားမလည်သည့်အတွက် ကြောင်သွားသည်။ ချန်လွေ့သည် တရုတ်စကား ပြောနေခြင်း ဖြစ်သည်။

ဒါက ဂါထာတစ်မျိုးမျိုးလား။ဒီကောင်က မှော်အတတ် တတ်တာလား။

လန့်စ်သည် အတွေ့အကြုံရင့်ကျက်သည်။ပြိုင်ဘက်ဖြစ်သူ၏ အားအင်ကျန်နေ သေးကြောင်း သူသိသည်။တစ်ခါတစ်ရံတွင် သေခါနီးပြန်တိုက်ခိုက်ချက်များသည် ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ထို့ကြောင့် လန့်စ်သည် ဂရုတစိုက် အရှိန်လျှော့ကာ လမ်းလျှောက်လာ၏။

“ ခေါင်းရင်းမှာ မင်းကပ်ထားတဲ့ စကားတွေကို မှတ်မိလား။ ”

ချန်လွေ့ ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

“ လုပ်နိုင်တယ်ဆိုတာက ယုံကြည်လို့ပဲ။ ”

“ မကြောက်တဲ့သူတွေမှာပဲ ရှေ့ဆက်ဖို့လမ်းရှိတယ်။ ”

ချန်လွေ့အံကြိတ်လိုက်ပြီး နံရိုးအောက်မှ နာကျင်မှုကို ခုခံရင်း လက်နှစ်ဖက်ထောက်ကာ ခန္ဓာကိုယ်ကို ထောက်ပံ့လိုက်သည်။

“ ပြောစမ်း။ချန်လွေ့။အဲ့ဒီမှာရေးထားတဲ့ အကြီးကျယ်ဆုံး စကားစုက ဘာလဲ။ ”

ချန်လွေ့သည် ကိုယ်ကိုယ်ကို ပြောသကဲ့သို့ပင် ငေါ့လိုက်ပြီး ပြိုင်ကွင်းတစ်ခုလုံးနှင့် နတ်ဆိုးဘုံတစ်ခုလုံးကို ထုတ်ဖော်ကြေညာလိုက်ကဲ့သို့ ဖြစ်သွားသည်။

“ ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်ပြီး ကိုယ့်အတွက် အောင်ပွဲသီကျူးခိုင်း။ ”

ထိုသို့အော်ဟစ်ပြီးနောက် လဲကျနေသည့် ချန်လွေ့သည် ခုန်ထလိုက်သည်။ယခင်ဘဝ၌ အကြိမ်ကြိမ်လဲကျမှုများမှ ထပ်ကာထပ်ကာ ပြန်ထခဲ့သလိုပင် ဖြစ်သည်။

ဤသူသေကိုယ်သေတိုက်ပွဲ၏ရလာဒ် မည်ကဲ့သို့ပင် ဖြစ်ပါစေ ယခုအချိန်မှစ၍ ချန်လွေ့သည် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့လေပြီ။

လန့်စ်သည် ထိတ်လန့်သွားပြီး စိတ်ရှုပ်ထွေးသွားသော်လည်း ပြိုင်ဘက်၏ ထူးဆန်းသောဂါထာသည် သူ့အပေါ်သက်ရောက်မှုမရှိကြောင်း သိသွားသည်။သူ၏စိတ် တည်ငြိမ်သွားပြီး အရှိန်တင်လိုက်သည်။မျက်နှာဖုံးနှင့်နတ်ဆိုးကို မျက်လုံးချင်းဆုံ သွားသည့်အခါ ကြောက်လန့်မှုရှိမနေတော့ကြောင်း လန့်စ် သိသွားသည်။ ချန်လွေ့တစ်ကိုယ်လုံး ခြိမ်းခြောက်သည့် ကြီးကျယ်ခမ်းနားမှုများ ထုတ်လွှတ်ပေးနေသည်။

လန့်စ်လည်း သတိမလွတ်ရဲပေ။သူ လက်သီးတစ်ချက် ထိုးလိုက်ရာ ချန်လွေ့သည် ဘေးဘက်သို့ ရှောင်လိုက်သည်။ထို့နောက် လန့်စ်သည် လက်သီးကိုဖြုတ်လိုက်ပြီး ချန်လွေ့၏ ရင်ဘတ်ကို လက်သည်းဖြင့်ကုတ်လိုက်ရာ သွေးများပန်းထွက်သွားပြန်သည်။ ချန်လွေ့ ကြောက်မနေတော့ပေ။ချန်လွေ့ တစ်ဖက်လှည့်လိုက်ပြီး ခြေထောက်ကို ဝေ့ဝိုက်ကာ လန့်စ်၏ဒူးခေါင်းကို ကန်ထည့်လိုက်ရာ လန့်စ် မြေပြင်ပေါ်သို့ လဲကျသွား၏။

လန့်စ်ခုန်ထလာသည့်အခါ ချန်လွေ့သည် မခုခံတော့ဘဲ အရဲစွန့်ကာ ချဉ်းကပ်လာသည်။ချန်လွေ့သည် ခန္ဓာကိုယ်ကို လိမ်လှည့်ကာ လက်သည်းကို ရှောင်လိုက်ပြီး လန့်စ်၏ မျက်ကွယ်ရာ၌ ပေါ်လာသည်။ထို့နောက် ချန်လွေ့သည် လန့်စ်၏ခါးကို ကိုင်ကာ အားဖြင့်ဆွဲမလိုက်သည်။

ခန္ဓာကိုယ် ဗဟိုချက် ပြောင်းပြန်ဖြစ်သွားကြောင်း လန့်စ်ခံစားလိုက်ရပြီး အခြေအနေ ဆိုးကြောင်းသိသွားသည်။ခေါင်းကို မကာကွယ်နိုင်ခင်မှာပင် လန့်စ်သည် ချန်လွေ့ ကိုယ့်ဘာသာ သင်ယူထားသည့် အသီနာစမတ်ဒေါင်းကွက်ကို ခံလိုက်ရသည်။ မြေပြင်ပေါ်ရှိ ကျောက်ပြားသည် အမှန်တကယ် အက်ကွဲသွားလေသည်။

လက်ရှိတွင် ချန်လွေ့၏ စိတ်ဓာတ်သည် လုံးဝပြောင်းလဲသွားပြီး ကြောက်စိတ်များ စိုးရိမ်မှုများ လုံးဝကွယ်ပျောက်သွားသည်။ကံကိုသာ အားမကိုးတော့။ကြောက်မနေတော့။ တုံ့ဆိုင်းမနေတော့ပေ။တိုက်ခိုက်ရန်အတွက် ကိုယ့်ကိုယ်ကို စိတ်နှစ်ထားတော့‌သည်။

ချန်လွေ့၏ အင်အားသည် စွမ်းအားကြီးသူတစ်ယောက်ကို မယှဉ်နိုင်သော်လည်း စွမ်းအားကြီးသူ၏ နှလုံးသား ရှိနေလေပြီ။

လန့်စ်သည် ခေါင်းနဲ့လည်ပင်း၌ စူးရှသည့် နာကျင်မှုတစ်ခုသာ ခံစားလိုက်ရသည်။ ကံကောင်းစွာပင် အဇရူပဒေဝတာ၏ ကိုယ်ခန္ဓာသည် သန်မာလှသည်။လန့်စ် လှုပ်ယမ်းလိုက်ပြီး ထလာပြန်သည်။ချန်လွေ့သည် အရိပ်ကဲ့သို့ ချက်ချင်းလိုက်လာပြီး မြန်မြန်ဆန်ဆန် တန်ပြန်တိုက်ခိုက်လိုက်သည်။ချန်လွေ့၏ ခြေလက် နှင့် ခေါင်းတို့သည် သေစေနိုင်သည့် လက်နက်များ ဖြစ်လာသည်။၎င်းသည် ပါ့ဂ်လီအိုထံမှ ချန်လွေ့ သင်ယူထားသည့် ခပ်ကြမ်းကြမ်း တိုက်ခိုက်ရေးပုံစံ ဖြစ်သည်။

လန့်စ်အနိုင်ရရန် သေချာပြီဟု ထင်ကြသည့် ပရိတ်သတ်များသည် ဤကဲ့သို့ ရုတ်တရက် ဆန့်ကျင်ဘက်ဖြစ်သွားမည်ဟု မထင်ခဲ့ကြပေ။သူတို့သည် လန့်စ်ကို အသည်းအသန် အားပေးနေကြဆဲပင်ဖြစ်သည်။အပျော်ရွှင်ဆုံးသူများသည် မူလက နံပါတ်(၅၂)ကို လောင်းကြေးထပ်ထားသူများဖြစ်ကြပြီး နံပါတ်(၆၄)၏နာမည်ကို အော်ဟစ် ကြတော့သည်။

လန့်စ်သည် သုံးလေးချက် အရိုက်ခံလိုက်ရသော်လည်း အားနည်းလှသည် မဟုတ်ပေ။လန့်စ်သည် နာကျင်မှုကို ခုခံကာ အော်ဟစ်လိုက်ရင်း ချန်လွေ့၏ နံရိုးရှိဒဏ်ရာကို ပစ်ထိုးလိုက်သည်။လန့်စ်သည် ချန်လွေ့နှင့် ဝေးကွာသွားအောင် လုပ်လိုက်နိုင်ပြီး နိမ့်ကျနေသည့်အန္တရာယ်ကို ဖယ်ရှားနိုင်သွားသည်။

လန့်စ်၏ယခင်နိုင်ပွဲများသည် အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်း၌ သူ၏ ထူးချွန်လှသည့် သန်မာမှုနှင့် ယာယီခွန်အားတိုးမြှင့်ခြင်း ပါရမီကြောင့် ဖြစ်သည်။ထို့ပြင် ပြိုင်ဘက်များကို ခြိမ်းခြောက်ရန် ရက်စက်သည့် နည်းလမ်းများကိုလည်း အသုံးချသည်။ယခု၌မူ နံပါတ်(၆၄)သည် ထိုကဲ့သို့ သက်ရောက်မှုမရှိပေ။နံပါတ်(၆၄)၏ ကြောက်မက်ဖွယ် ခမ်းနားကြီးကျယ်မှုများသည် လန့်စ်ကို လွှမ်းမိုးသွား၏။ချန်လွေ့၏ ဒဏ်ရာများသည် အတော်လေးနာကျင်သော်လည်း ဦးနှောက်ကမူလွန်စွာ တည်ငြိမ်နေသည်။ ကျန်ရှိသည့်ကြယ်စွမ်းအင်များလည်း ဖြည်းဖြည်းချင်း လည်ပတ်နေပြီး ချန်လွေ့၏ ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည် တိုက်စစ်နှင့်ခံစစ် အခြေအနေသို့ ချိန်ညှိပေးလိုက်သည်။ သူ၏မျက်လုံးများသည် အရောင်မှိန်မှိန် တောက်ပနေပြီး သားကောင်ကို စိုက်ကြည့်နေသည့် သားရဲကဲ့သို့ပင် ဖြစ်သည်။

ထိုအကြည့်သည် သွေးအေးသည့် “ သွေးရောင်လက် ”ကို ထူးထူးခြားခြား ကြက်သီးထသွားစေသည်။

“ စိတ်ဝင်စားစရာပဲ ”

အရေးကြီးပုဂ္ဂိုလ်များခုံမှ အရတ်စ် ရုတ်တရက် ပြောလိုက်သည်။

အမြင့်ဆင့်နတ်ဆိုး၏မျက်လုံးသည် အလွန်ပင်စူးရှသည်။တစ်ချက်ကြည့်ရုံဖြင့် လန့်စ်၏စိတ်သည် ပြိုင်ဘက်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီဖြစ်ကြောင်း အရတ်စ် သတိထားမိသွားသည်။လန့်စ်၏ ခွန်အားထပ်တိုးလာလျှင်တောင်မှ အနိုင်ရရန် ခဲယဉ်းလှပေသည်။

အရတ်စ်၏လူယုံ ခိုင်သန်သည် မျက်စိရှင်သည်။အလိုက်တသိဖြင့် သူမေးလိုက်သည်။

“ ဆာက နံပါတ်(၆၄) ကိုပြောနေတာလား။ ”

မဟာနတ်ဆိုးသည် ချန်လွေ့ကိုကြည့်ပြီး ‌ဖြည်ဖြည်းလေး ပြောလိုက်သည်။

“ ငါ ခုနက အကဲခတ်မှားသွားတယ်။နံပါတ်(၆၄) က ရုပ်ထုကို ရနိုင်တယ်။ ”

ခိုင်သန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ ဒါပေမဲ့ သူတို့က လက်ရှိအ‌ခြေအနေမှာ လက်ရည်တူတူပဲ ဖြစ်နေတယ်။ပြီးတော့ လန့်စ်က [ ထိမ်းမရသိမ်းမရ] ပါရမီကိုလည်း မသုံးရသေးဘူး။တစ်ခုခု ပြောင်းလဲသွားမှာလား။ ”

အရတ်စ် လှောင်ပြုံးပြုံးလိုက်ပြီး ပြန်မဖြေပေ။ခိုင်သန်လည်း အလိုက်တသိ ဆက်မမေးတော့ဘဲ တိုက်ပွဲကို ဆက်ကြည့်နေလိုက်သည်။

လန့်စ်သည် တိုက်ခိုက်နေရင်း ပိုပို ကြောက်လန့်လာသည်။ဤနံပါတ်(၆၄)သည် အလွန်တကူ ဟာကွက်များပွင့်နေသည့် အတွေ့အကြုံမရှိသော လူသစ်တစ်ယောက် ဖြစ်သည်။သို့သော် တိုက်ပွဲကြာလာသည်နှင့်အမျှ သူ၏ အစွမ်းများ ပိုမိုကျွမ်းကျင်လာပြီး ပြည့်စုံလာကာ အမှားများလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။တစ်ခါတစ်ခံ ဟာကွက်များသည် ထောင်ခြောက်များ ဖြစ်နေသည်။သူ၏ သင်ယူနိုင်စွမ်းနှင့် ချိန်ညှိနိုင်စွမ်းသည် လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။

ပိုပြီး ကြောက်စရာ ကောင်းသည်မှာ အပြင်းအထန်ဒဏ်ရာရပြီး တိုက်ခိုက်ရေးစွမ်းအား အလွန်ကျသွားရမည့် ပြိုင်ဘက်သည် အံ့ဩစရာကောင်းလောင်အောင် ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် တိုက်စစ်၊ခံစစ် စွမ်းရည်များသည် လုံးဝကျမသွားခဲ့ပေ။လန့်စ်သည် ဒဏ်ရာများနှင့် စိတ်အခြေအနေအောက်တွင် အလွန်အကျွံဖြစ်လာသည်။

“ အိုဝူး ”

ဤအတိုင်းဆက်သွားနေလျှင် ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း လန့်စ်သိသည်။ထို့ကြောင့် သူဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်သည်။သူ၏ကြွက်သားများ နှစ်ဆနီးပါး ချက်ချင်းဖောင်းကားလာပြီး သူ၏ခွန်အားသည်လည်း တဟုန်ထိုး တိုးတက်သွားသည်။

“ အဲ့ဒါက [ ထိန်းမရသိမ်းမရ ] ပဲ။[ ထိန်းမရသိမ်းမရ ] ပါရမီအစွမ်းကို လန့်စ်သုံးလိုက်ပြီ။ ”

“ အဲ့ဒါက အဇရူပဒေဝတာရဲ့ သန္ဓေပြောင်း ပါရမီပဲ။ ”

“ မျက်နှာဖုံးနဲ့ကောင်ကို မြန်မြန်သတ်လိုက်။ ”

လန့်စ်ကို အားပေးသည် ပရိတ်သတ်များက အနိုင်ပြန်ရရန် အခွင့်အရေးကို မြင်သွားပြီး အားတက်သွားကြသည်။

ချန်လွေ့ ချက်ချင်း ဖိအားကို ခံစားလိုက်ရသော်လည်း ယခင်ကကဲ့သို့ ကြောင်မနေ‌တော့ပေ။လန့်စ်၏ တိုးမြှင့်မှုသည် ကြာကြာမခံနိုင်ပေ။သို့မဟုတ်ပါက သူအစောကြီးကတည်းက သုံးလိုက်မည်ဖြစ်သည်။ချန်လွေ့သည် သူ၏တိုက်ခိုက်ရေးကို ပြောက်ကျားတပ်သားပုံစံ ချက်ချင်းပြောင်းလိုက်သည်။ချန်လွေ့သည် ဟန်ချက်ကို ထိန်းချုပ်ပြီး ပြိုင်ဘက်၏ ခွန်အားကို ဖြည်းဖြည်းချင်း ကုန်ခမ်းသွားအောင် လုပ်နေသည်။

“ မင်းရဲ့ မြေဆွဲအားဗဟိုက တည်ငြိမ်နေရမယ်။ ”

“ မျက်လုံးကိုပဲ အားမကိုးနဲ့။ခံစားချက်နဲ့လည်း ဆုံးဖြတ်။ ”

“…”

ချန်လွေ့၏ စိတ်ထဲတွင် အဆိပ်နဂါးပြောခဲ့သည့် အရေးကြီးအရာများကို ထပ်ကာထပ်ကာ ပြောဆိုနေလိုက်သည်။အလွန်အာရုံစိုက်ထားသည့် အခြေအနေအောက်၌ အထူး လေ့ကျင့်ရေးတွင် ပြင်ဆင်ရန် ခက်ခဲသည့် ချို့ယွင်းချက်များကို တစ်ခုချင်း ပြန်ပြင်လိုက်သည်။သူ၏ ဆုံးဖြတ်ချက်များနှင့် အချိန်ကိုက်မှုများသည် ပို၍ပို၍ တိကျလာပြီး ကြယ်စွမ်းအား ထိန်းချုပ်မှုသည်လည်း ပို၍ရင့်ကျက်လာသည်။

ချန်လွေ့သည် ဓားတုံးတုံးကဲ့သို့ ဖြစ်ပြီး ဓားသွေးကျောက် လန့်စ်က သွေးပေးလိုက်သည့်အခါ တဖြည်းဖြည်း ထက်လာ‌လေသည်။

All Chapters