← Chapters

စစ်စာချုပ်။မဖြစ်နိုင်သော စိန်ခေါ်မှု

Vol. 4 Ch. 48

စစ်စာချုပ်။မဖြစ်နိုင်သော စိန်ခေါ်မှု

Vol. 4 Ch. 48

အကယ်၍ ယခုအချိန်၌ ချန်လွေ့ စူပါစနစ်ထဲ ဝင်ကြည့်ကြည့်လိုက်လျှင် ဖောက်ထွင်း မြင်ရသည့် လူသားခန္ဓာကိုယ်၌ ထူးဆန်းသည့် ပြောင်းလဲမှုအချို့ဖြစ်နေကြောင်း တွေ့ရပေမည်။သို့သော်လည်း ချန်လွေ့ကို လန့်စ်ကိုသာ အပြည့်အဝ အာရုံစိုက်ထားနေ၏။

[ ထိမ်းမရသိမ်းမရ ] အခြေအနေသို့ ရောက်ရှိသွားသော့ လန့်စ်သည် စွမ်းအားကြီးပုံ ပေါ်သော်လည်း သူ၏စိတ်ထဲ၌ ကြောက်ရွံ့နေသည်။သူ၏တိုက်ခိုက်မှုများကို နံပါတ်(၆၄)က ရှောင်လိုက်သည်။တားဆီးလိုက်သည်။သို့ရာတွင် ပြိုင်ဘက်၏ တိုက်ခိုက်မှုများသည် ခုခံရန်ခက်ခဲသည့် နေရာများကိုသာ တန်းတန်းမတ်မတ် ကျရောက်နေသည်။လန့်စ်သည် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလာရသည်။[ ထိမ်းမရသိမ်းမရ ] အစွမ်းသုံးပြီးနောက် သူ၏စွမ်းအား နှစ်ဆတိုးလာသော်လည်း မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာပေ။ပြိုင်ဘက်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးသည်။နံပါတ်(၆၄) သည် အသာစီးရနေပုံ မပေါ်သော်လည်း သူ၏ လှုပ်ရှားမှုသည်လုံးဝ မပျက်ပြားသွားပေ။စွမ်းအားများကို စုစည်းနေပြီး ဟာကွက် တစ်ကွက်ကို စောင့်ဆိုင်းနေပုံပေါ်သည်။ဟာကွက်ပေါ်လာသည်နှင့် သေစေနိုင်သည့် တိုက်ခိုက်မှု ပြုလုပ်မည်ဖြစ်သည်။

လန့်စ်ကို ကြောက်လန့်စေဆုံး အရာက [ ထိန်းမရသိမ်းမရ ] အခြေအနေသည် ကြာကြာ မခံခြင်းပင် ဖြစ်သည်။အချိန်ကုန်ခါနီးလေပြီ။သူ၏အင်အားများ အကြီးအကျယ် ဆုတ်ယုတ်မည့် အခြေအနေသို့ ရောက်ရှိလာပေတော့မည်။

“ ဘုန်း ”

နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ချန်လွေ့ခုခံလိုက်သည်။ပြိုင်ဘက်၏ အင်အား တော်တော်လေး လျော့ကျသွားကြောင်း ခံစားလိုက်ရပြီး လန့်စ်၏ ကြွက်သားများလည်း ရုတ်တရက် ကျုံ့သွားကြောင်း ချန်လွေ့ သတိထားမိသွားသည်။ချန်လွေ့သည် အခြေအနေကို ချက်ချင်းသဘောပေါက်သွားပြီး ဖိနှိပ်ထားသည့် အစွမ်းအကုန်လုံး ဖွင့်ထုတ်ကာ တန်ပြန်တိုက်ခိုက်လေတော့သည်။

[ ထိမ်းမရသိမ်းမရ ] အခြေအနေသို့ ရောက်နေသည့် လန့်စ်သည် ပြိုင်ဘက် နံပါတ်(၆၄)ကို အဆုံးမသတ်နိုင်ဘဲ ပြိုင်ဘက်၏ ဖိနှိပ်မှုကို ခံနေရကြောင်း တွေ့ကြသည့်အခါ ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။လန့်စ်၏အဟုန် အကြီးအကျယ် လျော့ကျသွားသည့်အခါ အားပြင်းသည့် လက်သီးတစ်ချက် ထိုးခံရပြီးနောက် ထမနိုင်တော့ပေ။လန့်စ်ကို လောင်းထားသည့် ပရိတ်သတ်များ၏ နောက်ဆုံးမျှော်လင့်ချက်လည်း ကြေမွသွားသည်။နံပါတ်(၅၂) ကိုလောင်းထားသည့် ပရိတ်သတ်အနည်းစုသည် ပျော်ရွှင်စွာ အားပေးကြတော့သည်။

လန့်စ်ကို အနိုင်ယူပြီးနောက်တွင် ချန်လွေ့ မောဟိုက်နေလေပြီ။[ နက္ခတ်သဏ္ဍာန် ] သည် စွမ်းအားပြန်လည်ပြည့်ဝမှုကို အရှိန်တိုးစေနိုင်သော်လည်း သူ၏စွမ်းအားကုန်ဆုံးမှု မှာလည်း မြင့်မားလှသည်။ကံကောင်းစွာပင် ထိုဒဏ်ရာများသည် အပေါ်ယံများသာ ဖြစ်သည့်အတွက် ပြန်ကောင်းမှုနှုန်းသည်လည်း မြန်ဆန်လှသည်။သို့ရာတွင် နံရိုးရှိ အပြင်းထန်ဆုံး ဒဏ်ရာ ပြန်ကောင်းရန်အတွက် အချိန်ပို၍ လိုအပ်လှသည်။

လန့်စ်သည် ချိနဲ့စွာဖြင့် လဲကျသွားပြီး တစ်ကိုယ်လုံးနာကျင်ကာ အားပြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။အကြိမ်များစွာ ထရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ပြိုင်ဘက်ဖြစ်သူ ဖိနှိပ်မှုကြောင့် အရဲစွန့်ကာ [ ထိမ်းမရသိမ်းမရ ] အစွမ်းကို သုံးလိုက်ရသော်လည်း နံပါတ်(၆၄) ၏ ခံနိုင်ရည်အစွမ်းသည် တစ်ဖက်ကမ်းလွန်နေ၏။[ ထိမ်းမရသိမ်းမရ ] အစွမ်းကို လန့်စ်မသုံးလျှင်လည်း ယခုအတိုင်းပင် ဖြစ်လာပေမည်။

မူလက လန့်စ်သည် [ ထိန်းမရသိမ်းမရ ] အစွမ်းကို သုံကာ နံပါတ်(၆၄)ကို အသေသတ်ချင်ခဲ့သည်။သို့ရာတွင် သူ၏ပြိုင်ဘက် ဘာမှမဖြစ်ဘဲ ပြိုင်ဘက်ဖြစ်သူ၏ သေစေနိုင်လောက်သည့် လက်သီးတစ်ချက်ကို သူမခံစားနိုင်ဘဲ ရှုံးနိမ့်သွားရလေသည်။

နံပါတ်(၆၄) တစ်လှမ်းချက်း လှမ်းလာသည်ကိုမြင်ပြီး “ သွေးရောင်လက် ” ဟု နာမည်ဆိုးနှင့် ကျော်ကြားသည့် လန့်စ်သည် ပြိုင်ဘက်များကို နှိပ်စက်ခဲ့သည့် မြင်ကွင်းများကို မြင်လာပုံပေါ်သည်။လန့်စ် သိမ့်သိမ့်တုန်သွားပြီး ခပ်မြန်မြန် အော်ပြောလိုက်သည်။

“ ငါ့ကို မသတ်ပါနဲ့။ငါအရှုံးပေးပါတယ်။ ”

ပြိုင်ကွင်း၏ စည်းကမ်းသည် ၂နာရီအတွင်း အသေသတ်ရန်ဖြစ်သည်။၂နာရီအတွင်း အရတ်စ် သဘောမတူဘဲ အရှုံးပေးလျှင် တရားမဝင်ပေ။ဤတစ်ကြိမ်သည် နံပါတ်(၆၄)၏ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ခြင်းဖြစ်ကြောင့် လန့်စ်သတိထားမိသွားပြီး သူ၏လက်ကျန် ခွန်အားကိုသုံးကာ လောင်းကြေးထပ်လိုက်သည်။

နံပါတ်(၆၄) ရပ်တန့်သွားသည်။လန့်စ် တောင်းပန်နေသည်ကို တွေ့လိုက်ရသည့်အခါ ပရိတ်သတ်များ အော်ဟစ်ကြတော့သည်။

“ သူ့ကိုသတ်။သူ့ကိုသတ်။ ”

“ ဆာ။ကျုပ်ကို အသက်ချမ်းသာပေးပါ။ ”

လန့်စ်သည် အရှက်ကွဲမည်ကို ဂရုမစိုက်တော့ဘဲ ဖြည်းဖြည်းချင်ထကာ သူ၏ပြိုင်ဘက် အရှေ့၌ ဦးတိုက်လိုက်သည်။နံပါတ်(၆၄) ခေတ္တ တုံ့ဆိုင်းသွားပြီး ဖြည်းဖြည်းချင်း လှည့်ထွက်သွားသည်။လန့်စ် တောင်းပန်နေစဉ်တွင် သူ၏မျက်လုံး၌ သတ်ဖြတ်ချင်စိတ် ပြသနေသည်။လန့်စ် ရုတ်တရက် ခုန်ထလိုက်ပြီး သူ၏လက်သည်းများကို ချန်လွေ့ ဦးနှောက်ဆီ ချိန်ပြီး ပြေးဝင်သွားသည်။သို့သော်လည်းထိုသို့ မလုပ်နိုင်ခင်မှာပင် လန့်စ်သည် သူ၏လည်ပင်း၌ နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။လန့်စ်သည် ကြမ်းတမ်းသည့် ကရာတေး လက်ဝါးစောင်းခုတ်ချက် မိသွားလေသည်။

လန့်စ်ကြက်သေသေသွားပြီး သူ၏လည်ပင်း ဂွက်က်ခနဲ အသံမြည်သွားကာ နောက်ဆုံး၌ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသံထွက်မလာတော့ပေ။

ချန်လွေ့သည် ပြိုင်ကွင်း၏စည်းကမ်းများကို သေချာမသိသော်လည်း အဆိပ်နဂါး ထပ်တလဲလဲ ပြောခဲ့သည့် စကားများကို သေသေချာချာ မှတ်မိနေခဲ့သည်။

“ တကယ့်တိုက်ပွဲမှာ ရန်သူက မင်းကိုဘယ်တော့မှ ညှာတာမှာ မဟုတ်ဘူး။ ရှင်သန်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ပြိုင်ဘက်ကို သတ်ပစ်ဖို့ပဲ။ ”

လန့်စ်၏ အလစ်တိုက်ခိုက်ချက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းပင် ဖြစ်သည်။ လန့်စ်သည် ချန်လွေ့လက်ထဲ၌ ပထမဆုံးသေရသည့် ရန်သူဖြစ်လာခဲ့သည်။

ပရိတ်သတ်များ ငြိမ်သက်သွားပြီး မျက်နှာဖုံးနှင့်နတ်ဆိုးကို ကြည့်နေလိုက်သည်။ ချန်လွေ့သည် ဖြည်းဖြည်းချင်း လက်ကိုရုပ်သိမ်းပြီး မြေပြင်ပေါ်မှ ဝတ်ရုံကို ကောက်ယူကာ ပြန်ဝတ်လိုက်သည်။ချန်လွေ့ ခဏတာတိတ်ဆိတ်သွားပြီး အောင်နိုင်ကြောင်း ဖော်ပြသည့်အနေဖြင့် လက်သီးဆုပ်ကာ လက်မြှောက်လိုက်သည်။ ပြိုင်ကွင်းရှိ အခြေအနေလည်း ချက်ချင်းပင် ပြေလျော့သွားပြီး ပရိတ်သတ် တော်တော်များများက “ နံပါတ်(၆၄)။နံပါတ်(၆၄) ” ဟု အော်ဟစ်ကြတော့သည်။

နံပါတ်(၆၄)သည် လန့်စ်ကို တမင်တကာ အလစ်ဝင်တိုက်စေခဲ့ပြီး နောက်ဆုံး တိုက်ချက်ဖြင့် လန့်စ်၏အသက်ကို အဆုံးသတ်လိုက်သည်ဟု အားလုံးထင်နေကြသည်။

ကျယ်လောင်လှသည့် အားပေးသံများအောက်တွင် ချန်လွေ့လုံးဝ မပျော်ပေ။ခုနက ချန်လွေ့ တိတ်ဆိတ်နေခြင်းသည် ပထမဆုံးအကြိမ် သွေးများ ပေကျံနေခြင်းကို မသက်မသာခံစားရပြီး ရွံရှာနေသည်ကို သည်းခံနေခြင်းဖြစ်သည်။နောက်ထပ်‌ တိုက်ပွဲများ၌ ကြောက်ရွံ့မှုနှင့် သတိလွတ်မှုများရှိခဲ့လျှင် မြေပြင်ပေါ်၌ လဲနေမည့် ခန္ဓာကိုယ်သည် သူကိုယ်တိုင် ဖြစ်မည်ဖြစ်ကြောင်း ချန်လွေ့ ကိုယ့်ကိုယ်ကို သတိပေးနေရသည်။

လက်မြှောက်လိုက်သည့် အခိုက်တွင် ချန်လွေ့သည် အက်ဂ်ယော ဟူသော ‌ဇာတ်ကောင်နှင့်လုံးဝ လုံးဝ ပေါင်းစပ်သွားလေပြီ။အစွမ်းထက်သူများကိုသာ လေးစားကြပြီး စွမ်းအားသည် အရာအားလုံးဖြစ်သည့် နတ်ဆိုးဘုံနှင့်လည်း လုံးဝ ‌အံဝင်ခွင်ကျဖြစ်သွားသည်။အသက်ရှင်ရန်အတွက်၊ကိုယ့်ကံကြမ္မာကို ကိုယ်ထိန်းချုပ်နိုင်ရန်အတွက် သူ၏ဘဝအဆုံးသတ်သည်အထိ ဘယ်တော့မှ နောက်မဆုတ်မည့် သူ၏နှလုံးသားသည် အမြဲပင် လောင်ကျွမ်းနေပေတော့မည်။

ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ပြောင်းလဲမှုသည် ချန်လွေ့အတွက် “ အယ်ခိတ် ” အခြေအနေကို ချက်ချင်း ချိုးဖောက်ထွက်ရန် မလုံလောက်ပေ။သို့သော်လည်း ၎င်းသည် နောက်ပိုင်းတွင် “ မိုင်ဇာ ” အခြေအနေကို ဝင်ရောက်ရန်အတွက် လိုအပ်သည့် သတ်မှတ်ချက် တစ်ခုပင် ဖြစ်သည်။

အနိုင်ရရှိသူ ချန်လွေ့သည် ကဝေမ ကမ်းလိုက်သည့် ပိုက်ဆံအိတ်ကို လက်ခံလိုက်သည်။ ထိုအိတ်ထဲ၌ ယနေ့ပရိတ်သတ်များ၏ လောင်းကြေး နှင့် သူကိုယ်တိုင်ရထားသည့် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ကျော်ပါဝင်သည်။ကဝေမ မျက်လုံးမှိတ်ပြသည်ကို ချန်လွေ့လျစ်လျူရှုလိုက်ပြီး ပိုက်ဆံအိတ်ကို သိုလှောင်ခန်းထဲထည့်ကာ ထွက်သွားတော့သည်။

သလင်းကျောက်နက်ဒင်္ဂါးတစ်ပြားသည် ၁၂၀ပြားဖြစ်လာသည်။၎င်းသည် အမှန်တကယ်ပင် ကြီးမားလှသည့် ဝင်ငွေပင်ဖြစ်သည်။ယခင်က ဆရာသခက်စိန်ခေါ်ပွဲ ပြီးသွားသည့်အခါ ရှီရာသည် ချန်လွေ့ကို သလင်းကျောက်နက်ဒင်္ဂါး ၅ပြားသာ ချီးမြှင့်ခဲ့သည်။“ ရက်ရောလှသည့် ” ဆရာသခင် ခမ့် ပေးခဲ့သည့် ခရမ်းသလင်းကျောက် ဒင်္ဂါးများသည်လည်း ယခုအချိန်၌ ဘာမျှ မဟုတ်တော့ပေ။

ယခုအချိန်၌ အဓိကသော့ချက်သည် လင်းလက်ကျောက်ရုပ်ထုကို အရယူရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် ချန်လွေ့၏ ယနေ့ညရရှိမှုသည် ပြီးပြည့်စုံသွားပေမည်။

ချန်လွေ့သည် စာရင်းသွင်းသည့် အိမ်ဂေဟာသို့ ပြန်ရောက်လာရာ ဆိုဖာပေါ်တွင်ထိုင်ကာ ဝိုင်တစ်ခွက်ကို အေးအေးဆေးဆေး ကိုင်ကာသောက်နေသည့် အရတ်စ်ကို တွေ့လိုက်သည်။ သေရွာပြန်ခိုင်သန်ကမူ အရတ်စ်ဘေး၌ ဂရုတစိုက် မတ်တပ်ရပ်နေသည်။

“ ဆာအရတ်စ်။ကတိပေးထားတဲ့အတိုင်း လန့်စ်ကို ကျုပ်သတ်ပြီးပါပြီ။ခင်ဗျားရဲ့ကတိ တည်ပါစေ။ ”

အရတ်စ်သည် ရုပ်ထုကို ခဏစိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

“ လျို့ဝှက်တတ်တဲ့သူတွေနဲ့ ပတ်သက်ရတာ ငါသဘောမကျဘူး။မင်းမျက်နှာဖုံး ချွတ်လိုက်။ ”

“ ဆာက ကတိဖျက်မလို့လား။ ”

“ ကတိဖျက်တော့ ဘာဖြစ်လဲ။ငါပြောနေတာက ရုပ်ထုအကြောင်း မဟုတ်ဘူး။မင်းရဲ့ မျက်နှာဖုံးအကြောင်းပဲ။ငါကိုယ်တိုင် မျက်နှာဖုံး ချွတ်ရမလား။ ”

အရတ်စ် အတင်းအကြပ် ပြောလိုက်သည်။

ချန်လွေ့သည် စိတ်ထဲ၌ ထိတ်လန့်သွားသည်။ချန်လွေ့ ခပ်မြန်မြန် စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ ဆာ-အရတ်စ်။ကျုပ် ရုပ်ထုကို မလိုပါဘူး။ဒါပေမဲ့ ဒီမျက်နှာဖုံးက....ခွင့်လွှတ်ပေးပါ။ဒါက ကျိန်ဆိုထားလို့ပါ။ကျုပ်အခု ဒါကို ချွတ်လို့မရပါဘူး။ ”

အရတ်စ်သည် လုံးဝမလှုပ်ဘဲ သူ၏မျက်လုံးများ တဖြည်းဖြည်း ထက်မြက်သွားသည်။

“ ကျိန်ဆိုတာက မင်းအလုပ်ပဲ။ငါ့နဲ့ဘာမှ မဆိုင်ဘူး။ငါမင်းကို မျက်နှာဖုံးချွတ်ဖို့ အခုအမိန့်ပေးနေတယ်။မဟုတ်ရင်တော့ မင်းရဲ့အလောင်းပေါ်ကနေ အဲ့ဒီ သောက်မျက်နှာဖုံးကို ချွတ်ရလိမ့်မယ်။ ”

အရတ်စ်သည် ချန်လွေ့ မည်သူဆိုသည်ကို သံသယ မဖြစ်ပေ။ချန်လွေ့ကို သဘောကျသည့်အတွက် မျက်နှာဖုံးချွတ်ခိုင်းခြင်းသာ ဖြစ်သည်။ပြိုင်ကွင်း၌ စည်းကမ်းများရှိသော်လည်း ဤနေရာသည် နတ်ဆိုးဘုံဖြစ်သည်။စွမ်းအားကြီးသူများ၏ ဆန္ဒသည် စည်းမျဉ်းများပင်ဖြစ်သည်။နှိုင်းချင့်တွေးဆရန် အသုံးမဝင်ပေ။

ချန်လွေ့ ရင်မောသွားသည်။အရတ်စ်သည် လန့်စ်နှင့်ယှဉ်၍မရပေ။သူတို့၏ အစွမ်း ကွာခြားချက်သည် ကြီးမားလှသည်။ ငါအသဲအသန်ကြိုးစားပြေးရင်တောင် လွတ်ဖို့မသေချာဘူး။ငါဘာလုပ်ရမလဲ။ဒီလိုနဲ့ပဲ အားလုံးပေါ်ကုန်တော့မှာလား။ ဂျိုးဆက်ပ်နဲ့ ငါတို့ကြားမှာလည်း ပြဿနာရှိတယ်‌ဆိုတော့ မျက်နှာဖုံးချွတ်လိုက်ရင် ငါသေမှာပဲ။

အရတ်စ်နားရှိ ခိုင်သန်သည် ခြိမ်းခြောက်စကားပြောရန် ပြင်လိုက်စဉ် နံပါတ်(၆၄) သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်ကို တွေ့လိုက်သည်။ထို့နောက်တွင် ခိုင်သန်သည် ခပ်မြန်မြန် ပြောလိုက်သည်။

“ မိုက်မဲလိုက်တဲ့ကောင်။မင်းက ဆာ-အရတ်စ်ကို အထင်သေးရဲတာလား။ ”

အချက်အလက်များထဲမှ အရတ်စ်၏ အကြောင်းတစ်ခုကို ချန်လွေ့သတိရသွားပြီး လောင်းကြေးထပ်ရန်ဆုံးဖြတ်လိုက်ရာ ဆက်မရယ်တော့ပေ။

“ အရတ်စ်။ခင်ဗျားအဲ့ဒီစကားကို ပြောကတည်းက ခင်ဗျားက ကျုပ်ရန်သူပဲ။ကျုပ်အခုပဲ ခင်ဗျားကို တရားဝင် စိန်ခေါ်တယ်။ ”

အရတ်စ် မျက်ခုံးပင့်လိုက်သည်။ဘေးနားရှိ ခိုင်သန်သည် နားကြားမှားသည်ဟုပင် ထင်မိသွားသည်။အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်း တစ်ယောက်က အမြင့်နတ်ဆိုး တစ်ယောက်ကို စိန်ခေါ်ရဲတယ်တဲ့လား။

ထို့နောက် နံပါတ်(၆၄) အေးစက်စက် ပြောသည်ကို ကြားလိုက်ရသည်။

“ ကျုပ်မိသားစုရဲ့ ဂုဏ်ကျက်သရေနဲ့ မိသားစုနာမည်ကို ဆုံးရှုံးပြီးသွားပြီ။ကျုပ်မှာ ချို့တဲ့ခဲ့တဲ့ဂုဏ်ကျက်သရေကို မရမခင်း ဒီမျက်နှာဖုံးကို မချွတ်ဘူးလို့ နတ်ဆိုးသခင်ဆီမှာ ကျိန်ဆိုခဲ့တယ်။ဒီကျိန်ဆိုမှုကို မလေးစားတဲ့သူတိုင်းက ကျုပ်ရန်သူတွေပဲ။ ”

နတ်ဆိုးများအတွက် အရေးကြီးဆုံးအရာသည် မိသားစု အမွေအနှစ်ဖြစ်သည်။ မိသားစုနာမည် ချို့တဲ့သူများသည် သေခြင်းထက် ရက်စက်ပေသည်။ချန်လွေ့၏ အကြောင်းပြချက်သည် နတ်ဆိုးကဲ့သို့ပင်ဖြစ်သည်။တဖက်သူ ငြင်းဆန်မည် မဟုတ်ပေ။

“ မိသားစုနာမည်နဲ့ဂုဏ်ကျက်သရေ ဆုံးရှုံးခဲ့တယ် ဟုတ်လား...... ”

အရတ်စ်၏ မျက်လုံးထဲ၌ ထူးဆန်းသည့် အကြည့်တစ်ခု ဖြတ်ခနဲဖြစ်သွားပြီး အထင်သေးစွာ လှောင်ပြုံးပြုံးလိုက်သည်။

“ မင်းကငါ့ကို စိန်ခေါ်ချင်တယ်ဟုတ်လား။ဒါပေမဲ့လည်း မင်းရဲ့အစွမ်းက တော်တော်လေး နည်းတယ်။မင်းကို ငါ့လက်တစ်ချောင်းနဲ့ အဆုံးသတ်လို့ရတယ်။မင်းက အရည်အချင်း မပြည့်ဘူး။ ”

ချန်လွေ့၏ ဦးနှောက် အလျင်အမြန် စဉ်းစားနေလေသည်။ထို့နောက် အဆိပ်နဂါး ချိပ်ပိတ်ခံထားရသည်ကို တွေးမိပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ ကျုပ်က ချိပ်ပိတ်ခံထားရတာ။ကျုပ်ရဲ့ အစွမ်းတွေ၊ပါရမီတွေက သူသေကိုယ်သေ တိုက်ပွဲတွေကို ကျော်ဖြတ်ပြီးမှ တစ်ဆင့်ပြီးတစ်ဆင့် နိုးထလာနိုင်တာ။အဲ့ဒါက ဒီပြိုင်ကွင်းကို လာရတဲ့ အဓိက ရည်ရွယ်ချက်ပဲ။ကျုပ်ကအခု ခင်ဗျားကို မယှဉ်နိုင် သေးပေမဲ့ နှစ်လအတွင်းမှာ ခင်ဗျားရဲ့ အဲ့ဒီရွံစရာအပြုံးကို ထာဝရပျောက်ကွယ် သွားအောင် လုပ်နိုင်တယ်။ခင်ဗျားအဲ့ဒီ စိန်ခေါ်မှုကို လက်မခံရဲရင် အခုပဲ ကျုပ်ကိုသတ်ပြီးတော့ ကျုပ်အလောင်းကနေ မျက်နှာဖုံးကို ချွတ်လို့ရတယ်။ ”

ထိုရန်စသည့်စကားများကြောင့် အရတ်စ် မျက်ခုံးပင့်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ထို့နောက် ချက်ချင်းပင် ခြိမ်းခြောက်သည့် ဖိအားတစ်ခု ထုတ်လွှတ်လိုက်သည်။ဘေးနားရှိ ခိုင်သန်သည် ကြောက်ရွံ့ပြီး ကြက်သီးများ ထသွားသည်။ချန်လွေ့သည် သူ၏အစီအစဉ် အလုပ်ဖြစ်ကြောင်း သတိထားမိသွားပြီး စိတ်အေးသွားသည်။ချန်လွေ့သည် ရှီရာ၏ “ သတ်ဖြတ်ချင်စိတ် ” ကို အကြိမ်ကြိမ် ခံဖူးခဲ့သည်။၎င်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုအဆင့်သည် ယခုထက် မြင့်မားလှသည်။ထို့ပြင် အဆိပ်နဂါး၏ အထူးလေ့ကျင့်ရေး၌လည်း ချန်လွေ့ လေ့ကျင့်ဖူးသည့်အတွက် အရတ်စ်၏ သတ်ဖြတ်ချင်စိတ်ကို မကြောက်ပေ။ ချန်လွေ့သည် အရတ်စ်၏ မျက်လုံးကို သေသေချာချာ စိုက်ကြည့်နေလိုက်သည်။

“ သိပ်ကောင်းတယ်။မင်းမျက်လုံးထဲက အကြည့် တော်တော်ကောင်းတယ်။ငါမင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ”

အရတ်စ် ရုတ်တရက် ပြုံးပြလိုက်ပြီး အစွယ်ဖြူများကို ပြသလိုက်သည်။သူ၏ ရယ်သံသည် ရွှေနှင့်သံ ရိုက်ခတ်သကဲ့သို့ အသံထည်ဝါနေသည်။ထို့နောက် အရတ်စ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ မင်းက စိတ်ဝင်စားစရာပဲ။ငါမင်းကို နှစ်လ အချိန်ပေးမယ်။ ”

ထိုသို့ပြောနေရင်း အရတ်စ်၏ မျက်လုံးများမှ အလင်းရောင်တောက်ပလာပြီး ရဲရဲတောက် မီးတောက်တစ်ခု ပေါ်လာသည်။ချန်လွေ့ရှေ့၌ မီးတောက်များဖုံးလွှမ်းနေသည့် စာလိပ်တစ်ခု ပေါ်လာပြီး ရွှေရောင်စာလုံးများသည် ၎င်းအပေါ်၌ ယဲ့ယဲ့လေး ပေါ်လာသည်။

“ မင်းရဲ့ ယုံကြည်ချက် ဘယ်က လာလဲဆိုတာကိုတော့ ငါမသိဘူး။ဒါက သန္ဓေပြောင်း သွေးမျိုးဆက်ရှိတဲ့ မဟာနတ်ဆိုးဖြစ်မယ်။ဒါပေမဲ့လည်း မင်း တိုက်ပွဲအသွင် ပြောင်းရင်တောင် ငါ့မျက်လုံးထဲမှာ ဘာမှဖြစ်မှာ မဟုတ်ဘူး။ငါ့မှာ အသွင်နှစ်မျိုး မရှိဘူး။ဒါပေမဲ့ အထူးပါရမီတစ်ခုတော့ ရှိတယ်။အဲ့ဒါက စစ်စာချုပ်ပဲ။အခုပဲ စာချုပ် ချုပ်လိုက်။နှစ်လကြာလို့ စိန်ခေါ်မှုကို လက်မခံရင် မင်းဘယ်နေရာမှာပဲဖြစ်ဖြစ် ငါရှာနိုင်တယ်။ ”

ချန်လွေ့သည် အရေးပေါ်အနေဖြင့် ခပ်မြန်မြန် စဉ်းစားလိုက်ပြီးနောက်တွင် ထိုကဲ့သို့ အချိန်ဆွဲသည့် နည်းပရိယာယ်ကို တွေးမိလိုက်ခြင်းဖြစ်သည်။အရတ်စ်၌ ထိုကဲ့သို့ အထူးပါရမီ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ယခုအချိန်၌ နောက်ဆုတ်ချင်လျှင်ပင် နောက်ကျသွားလေပြီ။

All Chapters