← Chapters

လူပုခါခါ၏ ပါရမီ

Vol. 4 Ch. 50

လူပုခါခါ၏ ပါရမီ

Vol. 4 Ch. 50

ချန်လွေ့ အားတက်သွားသည်။ပါ့ဂ်လီအိုသည် စိတ်ကူးယဉ်လွန်းသော နည်းလမ်းကို သဘောမကျကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် ချန်လွေ့ ပြုံးပြလိုက်သည်။

“ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ ခင်ဗျားပိုင်တာတွေက ကျုပ်ဟာပဲ။ ကျုပ်ဟာတွေကိုလည်း ကျုပ်ပိုင်တာပဲ။အသံတိတ်ညစိမ့်မြေက ရတနာတွေ အားလုံးကိုကျုပ် ကိုင်တွယ်ပေးမယ်။ခင်ဗျားမှာ နဂါးညီမလှလှလေး ရှိရင်လည်း ကျုပ်တစ်ဘဝလုံးပုံအပ်ပြီးတော့ အတူတူနီးစပ်အောင်လုပ်....... ”

ပေကပ်ကပ်နိုင်သည့်သူကို ကိုင်တွယ်ရန်အတွက် ပိုပြီးပေကပ်ကပ် နေရပေမည်။

“ ထွီး။တော်တော် လောဘကြီးတဲ့ကောင်။ ”

အဆိပ်နဂါးသည် ရွံသွားပုံပေါ်သည်။

“ ငါရဲ့အမြင်အရတော့ မင်းနဲ့ အဲ့ဒီအရူးမ လော်ရာ‌တို့က စုံတွဲဖြစ်သင့်တယ်။ မင်းတို့နှစ်ယောက် ဆုံကြတဲ့အခါ သူမင်းကို ကြွေသွားပါစေလို့ ငါမျှော်လင့်မိတယ်။ ”

လော်ရာသည် အရူးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပါ့ဂ်လီအို ပြောပြခဲ့သည်ကို ချန်လွေ့ သတိရသွားပြီး သိမ့်သိမ့်တုန်သွားသည်။ဒါက ဆုလာဒ်မဟုတ်ဘူး။ သေချာပေါက်ကို ကျိန်စာတစ်ခုပဲ။

အဆိပ်နဂါး နောက်မနေတော့ဘဲ ပြောလိုက်သည်။

” တကယ်တော့ မင်းပြောတာမှန်တယ်။ဒါက လေ့ကျင့်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။မင်းမှာ မဟာဆရာသခင်ရဲ့ အမွေအနှစ်စွမ်းအား ရှိတယ်။အတားအဆီးတစ်ခုကို ကျော်ဖြတ်ပြီးတိုင်း မင်းရဲ့နိုးထလာတဲ့အစွမ်းတွေက အကြီးအကျယ် တိုးမြှင့်သွားမှာ။ နှစ်လအတွင်းမှာ အမြင့်ဆင့်နတ်ဆိုးကို မင်းအနိုင်ယူနိုင်ရင်နိုင်မယ်။အဲ့ဒီအချိန်ကျရင် အသံတိတ်ညစိမ့်မြေဆီသွားဖို့ ပန်းတိုင်က မဝေးတော့ဘူး..... ”

ပါ့ဂ်လီအိုသည် မဟာဆရာသခင်၏ အမွေအနှစ်ကို ယုံကြည်နေကြောင်း ချန်လွေ့ သိသည်။သူ့အပေါ် ယုံကြည်မှုရှိသည့် အဓိကအကြောင်းရင်းမှာ ထိုအမွေအနှစ်ကြောင့်ပင် ဖြစ်သည်။သို့သော်လည်း ချန်လွေ့ ဘာမျှမပြောခဲ့ပေ။

ထို့နောက်တွင် အဆိပ်နဂါးသည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ နောက်နှစ်လကြာလို့ အဲ့ဒီကောင်ကိုယှဉ်ဖို့ မင်းမစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ရေကန်ပြာဆီ လာခဲ့လိုက်။စစ်စာချုပ်နဲ့ သူမင်းကို ဒီမှာလာရှာတဲ့အခါကျရင် ငါသူ့ကို ရှင်းပစ်လိုက်မယ်။ငါ့မှာကအခု မဟာနတ်ဆိုးဘုရင် အစွမ်းလောက်ပဲ ရှိပေအဲ့ အမြင့်ဆင့်နတ်ဆိုးကိုသတ်ရတာ မခက်ပါဘူး။ငါ့နာမည်ထဲက “ အဆိပ် ” ဆိုတဲ့စကားလုံးက အလှသက်သက် မဟုတ်ဘူး။ ”

“ ဒါက ခင်ဗျားပြောတဲ့ နည်းလား။“ ကောက်ကျစ်သော ” ဆိုတဲ့ နာမဝိသေသနကို ခင်ဗျားဆီ ပေးရမယ်။ ”

ချန်လွေ့ စိတ်ထဲ၌ ပို၍ပင် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလိုက်သည်။

“ ဒါပေမဲ့လည်း ဒါမတိုင်ခင်တော့ ဒီအကြောင်းကို ကျုပ် မစဉ်းစားသေးဘူး။ တကယ့်တိုက်ပွဲတစ်ခုကို ကျုပ်အပြည့်အဝ အာရုံစိုက်ရမယ်။ကံကောင်းဖို့ ဆုတောင်းနေလို့ မဖြစ်ဘူး။ပိုပြီးတော့ သေစေနိုင်လေလေ ကျုပ် အစွမ်းအစတွေ ပိုပြီးထွက်လာနိုင်‌လေလေပဲ။ ”

“ ကြည့်ရတာ တကယ့်တိုက်ပွဲမှာ မင်းရခဲ့တာတွေက တကယ်မဆိုးဘူးပဲ။အရင်ဆုံး “ ဝံပုလွေလျင် ” ဂျက်စီကို ဘယ်လိုရင်ဆိုင်ရမလဲ အရင်စဉ်းစားတာပေါ့။ ”

အဆိပ်နဂါးသည် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

“ နာမည်ပြောင်ကို ကြည့်မယ်ဆိုရင်သူက အမြန်နှုန်းအမျိုးအစားပဲ။သူ့လိုမျိုးက ရင်ဆိုင်ရတာ အခက်ဆုံးပဲ။ဘာလို့လဲဆိုတော့ သူက တိုက်ခိုက်တာလည်းမြန်တယ်။ ခုခံတာလည်းမြန်တယ်။မင်းရဲ့ ခုခံနိုင်စွမ်းနဲ့ ကြာရှည်ခံနိုင်မှုက တော်တော်လေး ကောင်းတယ်။မင်းက အမြန်နှုန်းအမျိုးအစားတွေအတွက် ကျိန်စာပဲ။ဒါပေမဲ့ မင်းရဲ့ ခုခံနိုင်စွမ်းက မလုံလောက်သေးဘူး။မင်းရဲ့ပြိုင်ဘက်က မင်းထက် ပိုပြီး အစွမ်းသာ နေတယ်လေ။အဲ့လိုသာမဟုတ်ရင် မင်းသူ့ကို နင်းခြေဖို့ နည်းလမ်းရှာလို့ရတယ်။ ”

“ တကယ်လို့.......ကျုပ်က သူ့အမြန်နှုန်းကို လိုက်မှီနိုင်ရင်ကော။ ”

“ ဒါကခက်လွန်းတယ်။ ”

အဆိပ်နဂါးသည် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ အမြန်နှုန်းလေ့ကျင့်ဖို့ အထိရောက်ဆုံးနည်းလမ်းကို အလေးသယ်ပြီး လေ့ကျင့်ဖို့ပဲ။ ဒါပေမဲ့ မင်းမှာက ၁၀ရက်ပဲအချိန်ရတယ်။မင်းလုပ်နိုင်မှာ မဟုတ်ဘူး။ပြီးတော့လည်း မင်းရဲ့ပြိုင်ဘက်က အလယ်ဆင့်နတ်ဆိုးထဲမှာ အစွမ်းထက်ဆုံး အမြန်နှုန်းအမျိုးအစားပဲ။ ”

ချန်လွေ့သည် စူပါစနစ်ထဲရှိ လေ့ကျင့်ရေးကွင်း၏ မြေဆွဲအားစည်းမျဉ်းကို တွေးမိလိုက်ပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။

“ ကျုပ်မှာ အမြန်နှုန်းကို အချိန်တိုအတွင်း တိုးစေနိုင်မယ့် နည်းလမ်းတစ်ခု ရှိလောက်တယ်။ ”

“ အဲ့လိုသာဆိုရင်တော့ အကောင်းဆုံးပေါ့။ ”

အဆိပ်နဂါးသည် သူ၏လုပ်ဖော်ကိုင်ဖက်၌ ထူးဆန်းသည့် အမွေအနှစ်ရှိကြောင်း သိသည့် အတွက် အသေးစိတ် မမေးတော့ပေ။

“ ဒါပေမဲ့လည်း မင်းသူ့ရဲ့အမြန်နှုန်းကို လိုက်မှီရင်တောင်မှ အစွမ်းခြားနားချက်က မေ့ထားလို့မရဘူး။မင်းခန္ဓာကိုယ်ရဲ့ လက်ရှိအခြေအနေကလည်း သိပ်မကောင်းဘူး။ ပြန်ပြီးတော့ နားလိုက်ဦး။နောက်၅ညလောက်မှ ဒီကိုပြန်လာခဲ့။ငါ့ရဲ့အစွမ်းကို အလယ်ဆင့်နတ်ဆိုးအထိ အကောင်းဆုံးထိန်းချုပ်ထားပေးပြီးတော့ မင်းကြိုတင် အသားကျအောင်လို့ အရှိန်တင်ပေးမယ်။ ”

“ ကောင်းပါပြီ။ ”

ချန်လွေ့ အချိန်မဖြုန်းတော့ပဲ ချက်ချင်းပင် ဝိုင်ဗန်ပေါ် တက်လိုက်သည်။

ချန်လွေ့ ထွက်မသွားခင် ပါ့ဂ်လီအို သတိပေးလိုက်သေးသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် သတိထားဦး။မင်းတကယ် မလုပ်နိုင်ရင် ဒီနေရာကိုသာ ပြေးလာခဲ့။ ငါမသေချင်သေးဘူး။ ”

ချန်လွေ့ပြုံးပြလိုက်သည်။ဝိုင်ဗန်သည် တောင်ပံဖြန့်ကာ ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွား၏။

မနက်ခင်းအစောကြီး ချန်လွေ့ နိုးလာခဲ့သည်။ဆရာသခင်အဲဒက်စ်သည် သူ၏ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။လွန်ခဲ့သောညက ချန်လွေ့သည် အဲဒက်စ်၏ ကုသဆေးရည် နှစ်ပုလင်းသောက်ခဲ့သည်။[ နက္ခတ်သဏ္ဍာန် ] စွမ်းရည်နှင့် ပေါင်းလိုက်သည့်အခါ ကျိုးနေသည့် နံရိုးများသည် တစ်ညတည်းနှင့် ကောင်းလုနီးပါး ဖြစ်သွားခဲ့သည်။ပိုမိုပြင်းထန်သည့် အပြင်ဒဏ်ရာများပင် ပြန်ကောင်းသွားလေပြီ။

ချန်လွေ့ နိုးလာပြီးနောက် ပထမဆုံး သွားသောနေရာသည် ဝတ်ရုံဂိုဏ်းဖြစ်သည်။ အတွင်းရေးမှူးပုံစံဖြင့် ချန်လွေ့ သွားခဲ့သည်။

ယမန်ညက အက်ဂ်ယော၏ အမိန့်ကြောင့် ချန်လွေ့ကို တွေ့သည့်အခါ လူပုအိုကြီး ဒီဒီသည် လေးလေးစားစား ဆက်ဆံ၏။

“ ဒီဒီ။ခင်ဗျားကို တော်တော်လေး အရေးကြီးတာတစ်ခု လုပ်ဖို့ အက်ဂ်ယော ပြောလိုက်တယ်။ ”

ချန်လွေ့ပြောလိုက်သည့်အခါ လူပုအိုကြီး ချက်ချင်း နားစွင့်ထားလိုက်သည်။

“ ပြိုင်ကွင်းတိုက်ပွဲမှာ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေရဲ့ အချက်အလက်တွေကို အမြန်ဆုံး စုဆောင်းရမယ်။အနိမ့်ဆင့်နတ်ဆိုး မပါဘူး။အလယ်ဆင့်နတ်ဆိုးနဲ့ အမြင့်ဆင့်နတ်ဆိုးပဲ။ အထူးသဖြင့် “ ဝံပုလွေလျင် ” ဂျက်စီ လို့ခေါ်တဲ့ တစ်ယောက်ပေါ့။ ”

တိုက်ပွဲမှာ ရန်သူကို အထင်သေးရမယ်။အနိုင်ရဖို့အတွက် သတ္တိနဲ့ ယုံကြည်ချက်ရှိရမယ်။ နည်းဗျူဟာမှာတော့ ရန်သူကို တန်ဖိုးထားရမယ်။ရန်သူနဲ့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာသိမှပဲ အနိုင်ရနိုင်မှာ။

“ ကျွန်တော့်မှာ အချက်အလက် တစ်ခုတော့ရှိနေတယ်။ပြိုင်ကွင်းမှာ လောင်းကစား လုပ်ရင်းနဲ့ ရလာတာ။ခဏစောင့်ပေးပါ။ဆာ။ ”

လူပုအိုကြီးသည် ခွင့်တောင်းလိုက်ပြီး အိပ်ထဲပြန်သွားလိုက်ကာ ခဏအကြာ၌ စာအုပ်ပါးပါးလေး တစ်အုပ် ပြန်ယူလာလိုက်သည်။ထိုစာအုပ်၏ အနားများသည် အလွန်နွမ်းဟောင်းနေပြီး လေ့လာရန်အတွက် မကြာခဏအသုံးပြုရပုံ ပေါ်သည်။

ချန်လွေ့ ဖတ်ကြည့်လိုက်သည်။အဆင့်တစ်ခုချင်းအလိုက် အဓိက ပြိုင်ပွဲဝင်အားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားလေ၏။ယမန်နေ့က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အက်ဂ်ယော မှာမူ မပါပေ။“ သွေးရောင်လက် ” လန့်စ်အကြောင်း မှတ်တမ်းတင်ထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

လန့်စ် (အဇရူပဒေဝတာ)

- နာမည်ပြောင် “ သွေးရောင်လက် ”

- အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းများထဲ၌ အစွမ်းထက်သူတစ်ယောက်ဖြစ်၏။

- ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်။

- ရက်စက်သည်။မမာမခန့်ပြုသည်။

- [ ထိမ်းမရသိမ်းမရ ] ပါရမီ ပိုင်ဆိုင်သည်။

ချန်လွေ့သည် မနေ့က လန့်စ်ကို ရင်ဆိုင်ရခဲ့သည့်အတွက် ဤမှတ်ချက်များသည် အမှန်တကယ်ဖြစ်ကြောင့် တိတ်တဆိတ် တွေးမိလိုက်သည်။

ဂျက်စီ၏ အချက်လက်များသည် အောက်ပါအတိုင်းဖြစ်သည်။

ဂျက်စီ ( အမှောင်နတ်သူငယ် )

- နာမည်ပြောင် “ ဝံပုလွေလျင် ”

- အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းများထဲ၌ အစွမ်းထက်ဆုံးဖြစ်၏။

- အလွန့်အလွန် မြန်ဆန်သည်။

- ဓားမြှောင်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပြီး အနီးကပ် တိုက်ခိုက်တတ်သည်။

- [ နောက်ကျန်ပုံရိပ် ] အစွမ်း ပိုင်ဆိုင်သည်။

- အချိန်ကိုက် တိုက်ခိုက်နိုင်သည်။

- ပြိုင်ဘက်များကို တစ်ချက်တည်းဖြင့် အဆုံးသတ်လေ့ရှိသည်။

ဂျက်စီသည် အမှန်တကယ်ပင် အမြန်နှုန်း အမျိုးအစားဖြစ်ပေသည်။“ ဝံပုလွေလျင် ” ဟူသူ့ကိုခေါ်ခြင်းသည် မထူးဆန်းလှပေ။ချန်လွေ့ မျက်မှောင်ကြုတ်ပြီး နောက်ဆုံး စာရွက်ကို လှန်လိုက်ရာ အရတ်စ်၏နာမည်ကို တွေ့လိုက်သည်။

အရတ်စ် ( မဟာနတ်ဆိုး )

- အမြင့်ဆင့်နတ်ဆိုး

- အသေးစိတ်အစွမ်းကိုမူ မသိရသေးပေ။

- ပြီးခဲ့သော တိုက်ပွဲသည် လွန်ခဲ့သောလေးလအကြာက ဖြစ်သည်။၁၀မိနစ်အတွင်း၌ အရတ်စ်သည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းကို နှစ်ပိုင်းပိုင်းခဲ့သည်။

ချန်လွေ့သည် စိတ်ထဲ၌ ချက်ချင်း ထိတ်လန့်သွားသည်။အရတ်စ်သည် “ အဆင့်တူ ” ပြိုင်ဘက်ကိုပင် အလွယ်တကူ သတ်နိုင်လေသည်။သူ၏အစွမ်းသည် အလတ်ပိုင်းထက် ပိုမြင့်နိုင်သည်။အမြင့်ဆင့်နတ်ဆိုး အထွတ်အထိပ် သို့မဟုတ် အလတ်ပိုင်း၌ အစွမ်းထက်ဆုံး ဖြစ်ဖို့များလေသည်။

ဤသတင်းအချက်အလက်များသည် အမှန်ပင် တန်ဖိုးရှိလှသည်။ထို့ကြောင့် ချန်လွေ့ သိမ်းထားလိုက်သည်။ထို့နောက် ငွေအိတ်တစ်အိတ် ထုတ်ပြီး လူပုအိုကြီးကို ပေးလိုက်သည်။

“ အက်ဂ်ယောက ခင်ဗျားကိုပေးဖို့ သလင်းကျောက်နက်ဒင်္ဂါး ၅၀ ကျုပ်ကိုပေးခဲ့တယ်။ မနေ့က သူပိုက်ဆံအများကြီးမယူလာခဲ့လို့ ခင်ဗျားကို နှစ်ပြားပဲ ပေးခဲ့တာ။အိတ်ထဲမှာ သူလိုတဲ့ မှော်ပစ္စည်းစားရင်း ထည့်ထားတယ်။ခင်ဗျား ဒီသလင်းကျောက်နက်ဒင်္ဂါးတွေကို သုံးပြီးတြော ငွေရှာလို့ရတယ်။ပြီးရင် ဒီပစ္စည်းတွေကိုပါရအောင် လုပ်ဖို့နည်းလမ်း ရှာလိုက်။အရည်အသွေးမြင့်လေ ပိုကောင်းလေပဲ။အထူးသဖြင့် လင်းလက်ကျောက်ပေါ့။ ”

“ သလင်းကျောက်နက်ဒင်္ဂါး၅၀ တောင်လား။ ”

လူပုအိုကြီးသည် သားရေအိတ်ကို လက်ခံရင်း ကြက်သီးများ ထသွားသည်။သူဖွင့်ကြည့် လိုက်သည့်အခါ အမှန်တကယ်ပင် သလင်းကျောက်နက်ဒင်္ဂါးများ ဖြစ်နေသည်။ယခင်က ဤမျှလောက် ပိုက်ဆံအများကြီး မကိုင်ဖူးသည့်အတွက် လူပုအိုကြီး ကြက်သေသေ သွားသည်။

လူပုမျိုးနွယ်သည် အားနည်းပြီး မှင်စာထက်ပင် နိမ့်ကျသည်။ထို့ကြောင့် တိုက်ပွဲများ၌ ပါဝင်ရန်ပင် အရည်အချင်းမပြည့်ပေ။သူတို့သည် ပုံမှန်အားဖြင့် နတ်ဆိုးဘုံ၌ အနိမ့်ဆုံး အဆင့်ဖြစ်ပြီး အမြဲပင် အနိုင်ကျင့်ခံကြရသည်။နယ်ပယ်တစ်ခုခု၌ အထွတ်အထိပ်ကို ရောက်နိုင်သည့် ဆရာသခင်အဆင့် ပါရမီရှင်များမှလွဲလျှင် သူတို့၌ တိုးတက်ရန် အခွင့်အရေးမရှိပေ။သူ၏ ခေတ္တသခင်သည် သူ့ကို ကျွန်စာချုပ် မချုပ်စေဘဲ ပိုက်ဆံ အများကြီးပေးကာ တာဝန်ပေးလိမ့်မည်ဟု လူပုအိုကြီး ထင်မထားခဲ့ပေ။ ဒါက ဘယ်လိုယုံကြည်မှုအဆင့်မျိုးလဲ။

လူပုအိုကြီး၏ မျက်လုံးများ အနည်းငယ် စိုစွတ်သွားပြီး မော့ကြည့်လိုက်သည်။

“ သခင့်ကို စိတ်မပျက်စေရပါဘူးလို့ အမှောင်လူပုဘိုးဘေးတွေနဲ့ ဒီဒီသစ္စာဆိုတဲ့ အကြောင်း သခင့်ကို အကြောင်းကြားပေးလိုက်ပါ။ ”

အမှောင်လူပုတစ်ယောက်အတွက် ၎င်းသည် အလွန်ကြီးလေးသည့် ကျိန်ဆိုမှုတစ်ခု ဖြစ်သည်။ထိုအခိုက်တွင် ပိန်ပါးသည့် ပုံရိပ်တစ်ခု ပြေးဝင်လာပြီး အော်ပြောလိုက်သည်။

“ ဦးလေးဒီဒီ။နောက်ဆုံးတော့ကျွန်တော် လုပ်နိုင်ခဲ့ပြီ။ ”

“ ခါခါ။အရူးကောင်။ ”

ထိုမဆင်မခြင်ဝင်လာသည့် အရိပ်မည်းကြီးသည် ခါခါဖြစ်သည်။လူပုအိုကြီး ဒေါသထွက်သွား၏။

“ ဆာချန်လွေ့ ဒီမှာရှိနေတာ မင်းမ‌တွေ့ဘူးလား။စည်းကမ်းတွေကို မင်းမသိဘူးလား။ မင်းနောက်တစ်ခါ ဆာကို ဒီလို မလေးမစားလုပ်ရင် ငါမင်းကို ဝတ်ရုံဂိုဏ်းကနေ နှင်ထုတ်ရလိမ့်မယ်။ ”

ခါခါ ကြောက်လန့်သွားသည်။သူ့ကိုဖမ်းဆီးခဲ့ဖူးသည့် ဤလူသား အတွင်းရေးမှူးကို သူကြောက်နေသေးသည်။ခါခါ ချက်ချင်း ဦးညွတ်လိုက်သည်။

“ တောင်းပန်ပါတယ်။ဆာ-ချန်လွေ့။ကျွန်တော် ရိုင်းပြမိသွားပါတယ်။ ”

“ ရပါတယ်။ ”

ချန်လွေ့သည် ခါခါလက်ထဲရှိ အရာကိုမြင်သွားပြီး မေးကြည့်လိုက်သည်။

“ မင်းလက်ထဲကဟာက လာလာ အာလူးလား။ ”

“ ဟုတ်ပါတယ်။ဆာ။ဒါက ကျွန်တော်ရဲ့ ပြုပြင်ထားတဲ့ လာလာ အာလူးပါ။ ”

ထိုအကြောင်းပြောသည့်အခါ ခါခါ၏မျက်နှာ၌ ဂုဏ်ယူမှုများ ပြည့်နေ၏။

အမှောင်လူပုသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

“ မင်းက အမြဲတမ်း အလုပ်ကို လေးလေးနက်နက် မလုပ်ဘူး။ဒီအသုံးမဝင်တဲ့ဟာတွေနဲ့ပဲ ကစားနေတယ်။ဒါတွေအစား မင်း သတိလစ်ဆေးဝါးတွေ ပိုလုပ်သင့်တယ်။ ”

လူပုအိုကြီးပြောသည့်အလုပ်သည် လိမ်လည် လှည့်ဖြားရန်အတွက် ဆေးဝါးပြုလုပ်ခြင်း ဖြစ်ကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။

ခါခါသည် ဟုတ်ကဲ့ဟု အကြိမ်ကြိမ်ပြောလိုက်ပြီး သူ၏အောင်မြင်မှုများကို ချန်လွေ့ဆီ ကြွားလိုက်သည်။

“ ဆာ။ပုံမှန် လာလာအာလူးက နှစ်ဝက်လောက်မှ ရင့်မှည့်တာ။ဒါပေမဲ့ ဒါကတော့ တစ်လတည်းနဲ့ ရင့်မှည့်နိုင်တယ်။အထွက်နှုန်းကလည်း နှစ်ဆတိုးသွားတယ်။ဒါပေမဲ့ စားပြီးရင် လေလည်ဖို့ ပိုလွယ်သွားတယ်။ ”

စိတ်လှုပ်ရှားမှုကြောင့်လား၊ပြုပြင်ထားသည့် လာလာအာလူး၏ အစွမ်းကြောင့်လား မသိ။ခါခါသည် တရားလွန် လေလည်လိုက်သည်။အနံ့သည် အလွန့်အလွန် နံစော်လှသည်။ချန်လွေ့သည် အလျင်အမြန်ပင် နှာခေါင်းပိတ်ထားလိုက်သည်။

ဆရာသခင် စိန်ခေါ်ပွဲ၌ အဲဒက်စ်ကို ပုံကြီးချဲ့ကာ လှည့်ဖြားပြီး ဆန်ဒရိုကို သတ်ရန်အတွက် “ ဆယ်နရီ ရနံ့ ” အသုံးပြုခဲ့သည်ကို ချန်လွေ့ သတိရသွားသည်။ ယခုအချိန်သည် သူ့အတွက် အပြစ်ဒဏ်သေးသေးလေးဟု သတ်မှတ်နိုင်ပေသည်။

လူပုအိုကြီး၏ မျက်လုံးများ အစိမ်းရောင် ပြောင်းသွားသည်။

“ ထွက်သွားတော့။‌ရိုင်းလိုက်တဲ့ကောင်။ ”

ခါခါ လျှာထုတ်ပြပြီး လှည့်ကာ ထွက်ပြေးသွားသည်။အပေါက်ဝရောက်သည့်အခါ သူသည် ပို၍ကျယ်လောင်စွာ လေလည်လိုက်သည်။လူပုအိုကြီးသည် ချန်လွေ့အရှေ့၌ အလွန် ရှက်နေသည်။သူ၏ ယိုယွင်းနေသည့် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် သူ၏တူဖြစ်သူ နောက်လိုက်ပြီး ပညာကောင်းကောင်း ပေးလိမ့်မည် ဖြစ်သည်။

လူပုအိုကြီးသည် အားနာနာနှင့် ရယ်လိုက်သည်။

“ ခါခါက ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတာ။အဲ့ဒါကြောင့် မလိမ္မာဘူး။သူက အပင်တွေနဲ့ ဆော့ကစားရတာ အကြိုက်ဆုံးပဲ။သူ ဆာ့ကို အပြစ်လုပ်မိခဲ့ရင် ဗွေမယူပါနဲ့။ ”

သူတို့ပထမဆုံး တွေ့ခဲ့စဉ်က ခါခါသည် စိတ်ရှုပ်ထွေး ပန်းမှုန့် သုံးခဲ့သည်ကို တွေးမိသွားပြီး ခေါင်းညိတ်လိုက်သည်။

“ ကိစ္စမရှိပါဘူး။အက်ဂ်ယော တာဝန်ပေးထားတဲ့ ကိစ္စသုံးခုကိုသာ ‌ပြီးအောင်လုပ်။သူရော ကျုပ်ရော ခင်ဗျားရဲ့ စွမ်းရည်ကို ယုံကြည်တယ်။ ”

ထိုစကားများသည် လူပုအိုကြီး၏ ရင်ကို ထိသွားစေပြန်သည်။ချန်လွေ့သည် ဝတ်ရုံဂိုဏ်း၌ ဆက်မနေတော့ဘဲ နန်းတော်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ကောင်စီခန်းမထဲ၌ ရှီရာသည် အကြီးအကဲဂါ့စ်နှင့် ဆွေးနွေးနေသည်။ချန်လွေ့ စောစော ရောက်လာသည်ကို သူ အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“ ချန်လွေ့။မင်းရောက်လာတာနဲ့ အတော်ပဲ။ဂျိုးဆက်ပ်က ကောင်းကင်တိုက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် လိပ်ပြာနီနယ်မြေကို ပြန်သွားရတယ်လို့ သတင်းရထားတယ်။ ဧကရာဇ်က မကျေမနပ်ဖြစ်နေတယ်။ပြီးတော့ သူ့ရဲ့ညီ ခါနီတာကလည်း ဒီအခွင့်အရေးကို အရယူပြီးတော့ အမှောင်လမြို့မှာနေရဖို့အတွက် ဂျိုးဆက်ပ်မှာ အရည်အချင်း မပြည့်ဘူးလို့ အဆိုတင်သွင်းထားတယ်။လက်ရှိမှာတော့ ဂျိုးဆက်ပ်နဲ့ ခါနီတာတို့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေကြတယ်။အဲ့ဒါကြောင့် အခုအချိန်အတောအတွင်းမှာ အမှောင်လမြို့ဆီကို ဂျိုးဆက်ပ် ပြန်လာဦးမှာ မဟုတ်သေးဘူး။ ”

အကြီးအကဲဂါ့စ် ပြောလိုက်သည်။

“ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းပဲလို့ ထင်တယ်။ချန်လွေ့။မင်းဘယ်လိုထင်လဲ။ ”

ဤအချိန်‌အတောအတွင်း ခဏခဏတွေ့ဆုံပြီး တော်ဝင်မင်းသမီးထံမှ ကြားခဲ့ရသည့် အကြံတချို့ကြောင့် ပါးနပ်လှသည့် အကြီးအကဲဂါ့စ်သည် အသစ်ခန့်အပ်ထားသည့် လူသားအတွင်းရေးမှူးကို အတော်အတန် လေးစားလာသည်။

ချန်လွေ့ စဉ်းစားနေပုံရသည်။သူသည် နတ်ဆိုးဘုံ၌ ကိုယ်ပိုင်နေရာကို ရှာတွေ့ သွားလေပြီ။သူ “ ချန်လွေ့ ” ဖြစ်နေသည့်အခါ သူသည် အစီအစဉ်ချပြီး ဖန်တီးတတ်သည့် ဗျူဟာပညာရှင်တစ်ယောက် ဖြစ်သည်။“ အက်ဂ်ယော ” ဖြစ်သည့်အခါ သူသည် အစွမ်းနောက်ကို အားကုန်လိုက်နေသည့် စစ်သည်တစ်ယောက်ဖြစ်သည်။

တစ်နေ့နေ့၌ သူသည် ကိုယ့်ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်လာနိုင်ပေသည်။

All Chapters