ရတနာဖြစ်သွားသောအမှိုက်။အံ့ဖွယ်အမှုန်
Vol. 4 Ch. 51
ချန်လွေ့သည် သတင်းအချက်အလက်ကို ဖတ်ပြီးနောက် ဂျိုးဆက်ပ်နှင့် ခါနီတာကြားရှိ တိုက်ခိုက်မှုကို သဘောပေါက်သွားသည်။ခဏစဉ်းစားပြီးနောက် ချန်လွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ။ခါနီတာကို ကျွန်တော်တို့ အသုံးချလို့ ရနိုင်တယ်။ ”
“ ရန်သူရဲ့ရန်သူက မိတ်ဆွေ ဖြစ်ချင်မှဖြစ်မှာ။ ”
ရှီရာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ အမှောင်လမြို့ဆီလာမှာက ခါနီတာ ဆိုရင်တောင် သူရဲ့ရည်ရွယ်ချက်ကတော့ အမှောင်လမြို့ကို မြို့တော်က ထိန်းချုပ်ဖို့ပဲ ဖြစ်နေဦးမှာပဲ။ ”
“ ဒီလိုတွက်ချက်ရတာမဟုတ်ပါဘူး။တော်ဝင်မင်းသမီး။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ အမှောင်လမြို့ပေါ်မှာ ဂျိုးဆက်ပ်ရဲ့ စီးပွားရေး ထိန်းချုပ်မှုက ပြီးပြည့်စုံလုနီးပါးပဲ။ အရှင်မကို ထောက်ခံတဲ့ စိုင်းဖူမိသားစုတွေလိုမျိုး မိသားစုဝင်ဟောင်း အင်အားစုတွေကသာ လိပ်ပြာနီနယ်မြေကို မဆန့်ကျင်ကြဘူးဆိုရင် ကျွန်တော်တို့ အခြေအနေက ပိုပြီးဆိုးသွားမှာပဲ။ပြီးတော့လည်း ဂျိုးဆက်ပ်ရဲ့ အမှာင်လမြို့မှာရှိတဲ့ အင်အားကလည်း ခါနီတာကို ယှဉ်ပြိုင်ဖို့အတွက် အရေးကြီးတဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ။ အဲ့ဒါကြောင့် ဂျိုးဆက်ပ်က သူကြိုးစားခဲ့ရတဲ့ အင်အားစုတွေကို သိမ်းယူဖို့ ခါနီတာကို ခွင့်ပြုမှာ မဟုတ်ဘူး။တကယ်လို့ အမှောင်လမြို့ဆီကို ခါနီတာ လာရင်တောင် သူက ကြီးကြီးမားမား ခုခံမှုကို ခံရမှာပဲ။ဒါမှမဟုတ် ဂျိုးဆက်ပ်၏ တန်ပြန်တိုက်ခိုက်မှုတွေကို ပိုပြီးခံရနိုင်တယ်။ကျွန်တော်တို့ ဒါကို အခွင့်ကောင်းယူပြီးတော့ လိပ်ပြာနီနယ်မြေရဲ့ စီးပွားရေး ထိန်းချုပ်မှုကို တိတ်တဆိတ် လျော့ပါးအောင်လုပ်ပြီးတော့ ဖယ်ရှားပစ်ရမယ်။ ”
ရှီရာသည် နားထောင်နေရင်း ခေါင်းညိတ်နေလိုက်သည်။ဂါ့စ်လည်း အထင်ကြီးသွားပုံရသည်။
“ တော်ဝင်မင်းသမီးပြောတာ မှန်တယ်။အတွင်းရေးမှူးတာဝန်က မင်းရဲ့ပါရမီကို အလဟဿ ဖြစ်စေတာပဲ။ ”
“ ဆာ-ဂါ့စ် ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။တကယ်တော့ အတွင်းရေးမှူး ရာထူးက တော်တော်လေး မြင့်နေပါပြီ။ ”
ချန်လွေ့သည် စင်ပေါ်ကိုတက်ပြီး အာရုံစိုက် မခံချင်ပေ။သူ ခပ်မြန်မြန် ခေါင်းခါပြီး ပြောလိုက်သည်။
“ ကျွန်တော်က လူသားတစ်ယောက်ပဲလေ။နောက်ကွယ်ကနေ အကြံဉာဏ် သေးသေးလေးတွေ ထောက်ပံ့ပြီးတော့ အရှင်မကို ကူညီနိုင်တာကိုပဲ ကျေနပ်နေပါပြီ။ ”
“ ဒါက အကြံဉာဏ်သေးသေးလေးပဲ မဟုတ်ဘူး။မင်းရဲ့ဉာဏ်ပညာနဲ့ စွမ်းရည်တွေက အငြင်းပွားစရာ မရှိဘူး။ ”
ရှီရာ၏ လှပသော ခရမ်းရောင်မျက်လုံးများသည် ရောင်ခြည်များ တောက်ပနေ၏။
“ ငါက အလကား ကတိပေးတာကို သဘောမကျဘူး။ဒါပေမဲ့ အခွင့်အရေးရရင်တော့ ငါမင်းကိုကောင်းကောင်း ချီးမြှောက်မှာပါ။ ”
အရာရာတိုင်းသည် အမြဲပင် ပြောင်းလဲနေသည့်အတွက် ချန်လွေ့သည် ထိုစကားများကို စိတ်ထဲမထားခဲ့ပေ။သစ္စာဖောက်ခြင်းများ၊ကတိမတည်ခြင်းများကို သူအများကြီး မြင်ခဲ့ဖူး၏။သူ၏ ရည်ရွယ်ချက်မှာ ဤကိစ္စအပေါ်၌ မဟုတ်သည့်အတွက် ချန်လွေ့သည် ၎င်းကို စိတ်ထဲမထားခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲဂါ့စ်သည် အဓိကကိစ္စကို ဆက်ပြောသည်။အမှန်တကယ်၌ ရှီရာသည် ချန်လွေ့ပြောခဲ့သည့်အတိုင်း လိပ်ပြာနီနယ်မြေ၏ ထိန်းချုပ်မှုကို လျော့ပါးအောင်လုပ်ပြီး ဖယ်ရှားရန် ပြင်ဆင်ထားသည်မှာ ကြာလေပြီ။အမှောင်လမြို့၏ ကုန်စည်တစ်ဝက်ကို ဂျိုးဆက်ပ်က ထိန်းချုပ်ထားသော်လည်း ဂျိုးဆက်ပ်၏ တစ်ဝက်တွင် မယ်လွန်မိသားစု တစ်စိတ်တစ်ပိုင်းပါဝင်သည်။ကျန်တစ်ဝက်သည် စိုင်ဖူ မိသားစု နှင့် မိသားစုဟောင်းများ လက်ထဲ၌ ရှိသည်။ထိုအင်အားစုများသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး အများစုမှာ တော်ဝင်မင်းသမီးကို ထောက်ခံကြသည်။ထို့ပြင် မယ်လွန်မိသားစုသည် အခွင့်အရေးသမား ဖြစ်သည်။အင်အားကြီးသည့် လိပ်ပြာနီနယ်မြေကိုသာ မှီခိုချင်ကြသည်။သို့သော်လည်း ဂျိုးဆက်ပ်ကို အမှန်တကယ် သစ္စာမရှိပေ။
လက်ရှိအချိန်၌ အရေးကြီးဆုံး ပြဿနာသည် အစားအစာ ဖြစ်သည်။အမှောင်မြို့တွင် ဆေးပင်များနှင့် ဓာတ်သတ္တုများ ကြွယ်ဝပြီး အစားအစာ ရှားပါးလှသည်။နတ်ဆိုးများ၏ အစားအစာသည် အဓိကအားဖြင့် ကောက်ပဲသီးနှံနှင့် ဖြည့်စွက် အသားဖြစ်သည်။ အမှောင်လနယ်မြေ၏ ထူးခြားသည့် မြေအရည်အသွေးကြောင့် ကောက်ပဲသီးနှံ အထွက်နှုန်းကို တိုးမြှင့်ရန် ခက်ခဲသည်။နှစ်တိုင်း အကြွယ်ဝဆုံးအချိန်များ၌ပင် အခြားနယ်မြေများမှ စားစရာကို ဝယ်ယူရလေသည်။
သုံးလေးနှစ်လောက် ကြိုးကြိုးစားစား ပြုလုပ်ပြီးနောက်တွင် စိုင်းဖူမိသားစုနှင့် အခြားမိသားစုများသည် ဝက်နှင့်နွားများကို အများအပြား မွေးမြူနိုင်ခဲ့ကြသည်။အသား ပြဿနာသည် ကြီးကြီးမားများ လျော့ပါးသွားသော်လည်း အရေးကြီးသည့် ကောက်ပဲ သီးနှံများကိုတော့ ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်သေးပေ။လိပ်ပြာနီနယ်မြေမှ အထောက်အပံ့ကိုသာ မှီခိုနေရသည်။သိုလှောင်ပစ္စည်းများသည် အလွန်ရှားပါးပြီး သိုလှောင်နိုင်စွမ်းသည် သေးငယ်လှသည့်အတွက် ခရီးသွားယာဉ်များကို အမှီပြုရအောင် ရှီရာပြောခဲ့သည်ကို ချန်လွေ့ ကြားခဲ့ဖူးသည်။တောင်ဘက် နှင့် အနောက်ဘက်သို့ သူမ လွှတ်လိုက်သည့် အစားအစားဝယ်ယူရေး ခရီးသွားယာဉ်များသည် “သူခိုးဓားပြ” ဟုပြောကြသော သူတို့၏ လုယူသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အများအပြား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အစားအစာပြဿနာကို ဖြေရှင်းနိုင်လျှင် အမှောင်လမြို့အပေါ် လိပ်ပြာနီ နယ်မြေ၏ ထိန်းချုပ်မှုသည် အကြီးအကျယ် အားလျော့သွားပေမည်။
အစားအစာ၊ကောက်ပဲသီးနှံ......။ ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ဘာမှမပြောပေ။ စိုက်ပျိုးရေးအကြောင်းကို အနည်းငယ်သာ သူသိသည်။ထို့ပြင် နတ်ဆိုးဘုံရှိ မြေသားအခြေအနေသည်လည်း ထူးခြားသည့်အတွက် ကမ္ဘာပေါ်မှ စိုက်ပျိုးရေး အသိပညာများသည် အသုံးဝင်လှမည် မဟုတ်ပေ။
ရုတ်တရက်ပင် ချန်လွေ့သည် ဝတ်ရုံဂိုဏ်း၌ရှိစဉ်ကကြားခဲ့ရသည့် ကျယ်လောင်လှသည့် လေလည်သံနှစ်ချက်ကို တွေးမိလိုက်သည်။သူ၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းထရပ်လိုက်သည်။
လာလာ အာလူး။တစ်လတည်းနဲ့ ရင့်မှည့်ပြီးတော့ အထွက်နှုန်းနှစ်ဆတိုးတဲ့ လာလာအာလူး။
အရေးကြီးတဲ့ ပင်ကိုစွမ်းရည်တစ်ခုကို ငါမေ့တော့မလို့ပဲ။
သူ၏လှုပ်ရှားမှုကြောင့် ရှီရာ နှင့် အကြီးအကဲဂ့ါစ်တို့သည် သူ့ကို အာရုံစိုက်လိုက်ကြသည်။
အစောင့်များက ခါခါကို ဝတ်ရုံဂိုဏ်းမှ နန်းတော်ခန်းမသို့ ခေါ်လာခဲ့သည့်အခါ၌ သနားစရာ လူပုလေးသည် သူ၏ ကျရှုံးခဲ့သည့် လုယက်မှုကိုသိသွားပြီဟု ထင်သွားပြီး မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကာ ကြောက်လန့်နေသည်။အထူးသဖြင့် ရှီရာကဲ့သို့ အရေးကြီးပုဂ္ဂိုလ်နှင့်ရင်ဆိုင်ရသည့်အခါ သူ၏တစ်ကိုယ်လုံး ကြက်သီးများထနေပြီး ဦးညွတ်ရင်ပင် မေ့သွားသည်။
“ ခါခါ ”
လူပုလေးနှင့် ရင်းနှီးသည့် လူသားအတွင်းရေးမှူးသည် ခါခါဆီသို့ လမ်းလျှောက်လာသည်။
“ လာလာအာလူးအကြောင်း တော်ဝင်မင်းသမီးကို ပြောပြလိုက်။ ”
“ ဆာ။ကယ်ပါဦး။ ”
ခါခါသည် သူ၏အသက်ဓာတ်ကို ဆုပ်ကိုင်မိသွားဟန်ဖြစ်သွားပြီး ဗလုံးဗထွေး ပြောလိုက်သည်။
“ လာလာအာလူး....အဲ့ဒါ...ကျွန်တော် ထပ်ပြီးတော့ လေမလည်ရဲတော့ပါဘူး။ ”
ထိုသို့ပြောပြီးနောက်တွင် ခါခါ၏ တင်ပါးမှ ကျယ်လောင်လှသည့် အသံတစ်သံ ထွက်လာသည်။ယခု၌ ချက်လွေ့၏ မျက်နှာပင် ဖြူရော်သွားသည်။ချန်လွေ့သည် ဤအငွေ့ရဲ့ စွမ်းအားကို သိပြီးပြီဖြစ်၍ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
အမှောင်လူပုသည် အော်ငိုချင်သွားသည်။သူ၏တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျသွားသည်။ ငါဘာလုပ်လိုက်တာလဲ။ဒီလိုကျော်ကြားတဲ့ နန်းတော်ကောင်စီခန်းမမှာ အမှောင်လမြို့ရဲ့ အရှင်မ တော်ဝင်မင်းသမီးရှီရာ ရှေ့မှာ ငါတကယ်ပဲ လေ...လေလည်...... ။
ရှီရာ၏မျက်နှာ ပြောင်းမသွားပေ။အကြီးအကဲဂါ့စ်သည် လက်ကို ငြင်ငြင်သာသာ ဝှေ့ရမ်းလိုက်ရာ လေပြေလေညင်းတစ်ခု ဖြစ်ပေါ်လာပြီး အနံ့များသည် တံခါး အပြင်ဘက်သို့ လွင့်စင်သွားသည်။သို့သော်လည်း တံခါးနားမှ အစောင့်များမှာတော့ ခံစားရပေမည်။
“ မင်းနာမည်က ခါခါလား။ ”
ရှီရာ၏ အသံတိုးတိုးလေးသည် ခါခါ၏ စိတ်ကို ပြန်လည်စုစည်းသွားစေသည်။ခါခါသည် ခပ်မြန်မြန် ဒူးထောက်လိုက်ပြီး ကြမ်းပြင်ပေါ်၌ ဦးတိုက်လိုက်သည်။
“ တော်ဝင်မင်းသမီး။ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ခုနက တမင်လုပ်တာမဟုတ်ပါဘူး။ အဲ့ဒါက ဟိုလာလာအာလူးတွေစားထားလို့ပါ။တကယ်ပါ..... ”
“ မင်းရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပါနယ်။မင်းက လာလာအာလူးရဲ့ အထွက်နှုန်းကို နှစ်ဆတိုးအောင် လုပ်နိုင်ပြီးတော့ တစ်လအတွင်း ရင့်မှည့်အောင် လုပ်နိုင်တယ်လို့ ချန်လွေ့ဆီကနေ ကြားတယ်။ ”
ခါခါသည် ခပ်လန့်လန့်နှင့် ရှင်းပြလိုက်သည်။
“ အရှင်မင်းသမီး။ခါခါက ငယ်ငယ်လေးကတည်းက အပင်စိုက်ရတာကို သဘောကျတယ်။ကျွန်တော်က လာလာအာလူးကို စားဖို့အတွက်ပဲ စိုက်ပျိုးခဲ့တာပါ။ အခြားသူတွေကို လိမ်ညာလုယက်ဖို့ စိတ်ရှုပ်ထွေးပန်းတို့၊မူးယစ်မြက်တို့ကို လုံးဝမစိုက်ပျိုးခဲ့ပါဘူး.... ”
မင်း မစိုက်ပျိုးခဲ့ဘူး ဟုတ်လား။မင်းအားလုံးကို ဝန်ခံလိုက်တာပဲလေ။ဒါက သူဖုံးကွယ်ချင်တာကို ဖော်ပြလိုက်တာပဲ မဟုတ်လား။’
ချန်လွေ့ ခေါင်းခါလိုက်သည်။အမှောင်လမြို့၌ ရှီရာသည် အမှန်တကယ်ပင် ဂုဏ်ဩဇာ ကြီးမားသူ တစ်ယောက်ဖြစ်သည်။ပုံမှန်အားဖြင့် ဉာဏ်ကောင်းသည့် ခါခါသည် ယခုအချိန်၌ စကားပင် ဖြောင့်ဖြောင့် မပြောနိုင်တော့ပေ။
ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။ချန်လွေ့သည် ခါခါကို အမြန်ဆွဲထပြီး ပြောလိုက်သည်။
“ ခါခါ။မကြောက်နဲ့။တော်ဝင်မင်းသမီးက လာလာအာလူးအကြောင်းပဲ မေးနေတာ။လာလာအာလူးရဲ့ ရင်းမှည့်နှုန်းနဲ့ အထွက်နှုန်းကို တိုးစေနိုင်ရင် တော်ဝင်မင်းသမီးက မင်းရဲ့တခြားပြစ်မှုတွေအကြောင်းကို မေးမှာ မဟုတ်ဘူး။ ”
“ တကယ်ပဲလား။ ”
ချန်လွေ့၏ အားပေးမှုကို ရရှိပြီးနောက် ခါခါသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သတ္တိမွေးကာ ပြောလိုက်သည်။
“ အရှင်မင်းသမီး။ဒီလိုပါ။ခါခါက လာလာအားလူးစားရတာကြိုက်တယ်။ဒါပေမဲ့ အဲ့ဒါက ခြောက်လကြာမှ ရင့်မှည့်တာ။ပြီးတော့ အထွက်နှုန်းကလည်း မမြင့်ဘူး။အဲ့ဒါကြောင့် အဲ့ဒါကို ဖွံ့ဖြိုးအောင်လုပ်ဖို့ စမ်းသပ်နေတာ နှစ်တွေကြာပြီ။အစကတော့ ခါခါက လာလာအာလူးရဲ့ ရင့်မှည့်မှုကို လေးလအထိ လျော့သွားအောင် လုပ်နိုင်တယ်။ ပြီးခဲ့တဲ့၁၀ရက်လောက်ကဖြစ်မယ်။ပန်းပဲဆိုင်တစ်ခုကနေ မှော်အမှုန်တချို့ ရလာတယ်။ ဒီလိုပဲစမ်းကြည့်လိုက်ရာကနေ အဲ့ဒီမှော်အမှုန့်က မြေသားအရည်အသွေးကို တိုးတက် စေနိုင်တာကို သိသွားတယ်။အဲ့ဒါက လာလာအာလူးကို စောပြီးရင့်မှည့်စေတယ်။ အထွက်နှုန်းနှစ်ဆ တိုးစေတယ်။ပြီးတော့ စားပြီးရင်........ ”
“ မှော်အမှုန် ဟုတ်လား။ ”
ရှီရာသည် အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ဘဲ အဓိကအချက်များကို တစ်ခါတည်းမေးလိုက်သည်။
“ မင်းမှာ အဲ့ဒီအမှုန် ရှိသေးလား။ ”
“ နည်းနည်းရှိသေးတယ်။ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ ”
ခါခါသည် ခါးမှ အိတ်သေးသေးတစ်လုံးကို ဖြည်ပြီး လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းလိုက်သည်။
ချန်လွေ့သည် အိတ်သေးသေးလေးကို ရှီရာဆီ တစ်ခါတည်း ပေးလိုက်သည်။၎င်းကို ရှီရာ ဖွင့်ကြည့်လိုက်ရာ အထဲ၌ အရောင်ဖျော့ဖျော့တောက်နေသည့် အမှုန့်ဖြူအချို့ကို တွေ့လိုက်ရသည်။ထို့နောက် သူသည် ၎င်းကို အကြီးအကဲဂါ့စ်ထံ ပေးလိုက်သည်။
အကြီးအကဲဂါ့စ်သည် လက်ထိပ်ဖြင့် အနည်းငယ် ကောက်ယူပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။သူ၏လက်ထဲမှ အရောင်အမျိုးမျိုး ထွက်လာသည်။ အကြီးအကဲဂါ့စ်သည် ၎င်းကို စမ်းသပ်နေဟန်တူသည်။နောက်ဆုံး၌ ခေါင်းခါလိုက်သည်။
“ ဒီအမှုန်တွေမှာ ထူးခြားတဲ့ မှော်စွမ်းအင်တွေ မရှိဘူး။ဒါကို ဘယ်လိုလုပ်ထားလဲ ဆိုတာကို သေချာမသိဘူး။ ”
ခါခါ ခပ်မြန်မြန် ရှင်းပြလိုက်သည်။
“ ခါခါ အရှင်မင်းသမီးကို မလိမ်ညာရဲပါဘူး။ဒီအမှုန့်က လာလာအာလူးရဲ့ အထွက်နှုန်းကို တကယ်ပဲ တိုးစေပါတယ်။အဲ့ဒီမြေထဲက အခြားကောက်ပဲသီးနှံတွေလည်း အကျိုးဖြစ်ထွန်းတဲ့ပုံပဲ။ဒါက မြေဆီလွှာနဲ့အပင်တွေပေါ်မှာ အထူးသက်ရောက်မှုရှိတဲ့ မှော်အမှုန် ဖြစ်မယ်။ ”
ခါခါ မလိမ်ညာကြောင်း ချန်လွေ့သိသည်။အကြီးအကဲဂါ့စ်ထံမှ အိတ်အသေးလေးကို ချန်လွေ့ယူပြ ကြည့်လိုက်သည်။ထိုအမှုန့်သည် ချန်လွေ့အတွက် ရင်းနှီးနေပြီး ရုတ်တရက် သဘောပေါက်သွားသည်။ ဒီ မှော်အမှုန့်လို့ခေါ်တာတွေက....
“ ခါခါ။ဒါကို တစ်ချက်ကြည့်။ဒါတွေက မင်းပြောတဲ့ မှော်အမှုန့်တွေလား။ ”
ချန်လွေ့သည် အိတ်ကပ်ထဲနှိုက်ပြီး သိုလှောင်ဂိုဒေါင်မှ လက်တစ်ဆုပ်စာအမှုန့်များကို ထုတ်လိုက်သည်။
ခါခါ ကြက်သေသေသွားပြီးနောက် သေချာကြည့်လိုက်သည်။ခါခါ စိတ်လှုပ်ရှားသွားသည်။
“ ဟုတ်တယ်။ဒါပဲ။လက်စသတ်တော့ ဒါတွေကို ဆာ လုပ်ထားတာကိုး။ ”
ထိုမှော်အမှုန်သည့် [ အရှိန်အဝါကူးပြောင်း ] အစွမ်းကို သုံးပြီးနောက် ကျန်ခဲ့သည့် အမှုန်များဖြစ်ကြောင်း ချန်လွေ့သဘောပေါက်သွားသည်။ ဒါက ဒီလိုအံ့ဩစရာကောင်းတဲ့ အာနိသင်ရှိနေတာပဲ။ငါကူးပြောင်းထားတဲ့ အမှုန်တွေကို မပစ်ထုတ်ဘဲနဲ့ သိုလှောင် ဂိုဒေါင်ထဲမှာ သိမ်းထားလို့ တော်သေးတာပေါ့။
ဒါနဲ့ဆိုရင် အမှောင်လမြို့မှာ ဆယ်စုနှစ်နဲ့ချီ စွဲကပ်နေတဲ့ ကောက်ပဲသီးနှံပြဿနာကို ဖြေရှင်းနိုင်သွားပြီ။တကယ့်သော့ချက်က ပြန်ဝင်စားလာတဲ့ ငါပဲ။
“ မှော်အမှုန် ” ကို ပန်းပဲဆိုင်တစ်နေရာမှာ တွေ့ခဲ့တယ်လို့ ခါခါ ပြောခဲ့တာ ဒါကြောင့်ကိုး။အဲ့ဒါတွေက အဲ့ဒီတုန်းက ငါ [ အရှိန်ဝါကူးပြောင်း ] အစွမ်းသုံးပြီးတော့ ကျန်ခဲ့တာတွေ ဖြစ်မယ်။
“ တကယ်တော့.....အဲ့ဒါကို ငါလုပ်ထားတာမဟုတ်ဘူး။ဆရာသခင် အဲဒက်စ်ရဲ့ စမ်းသပ်မှု တစ်ခုကနေ ကျန်ခဲ့တာတွေပဲ။ ”
ချန်လွေ့သည် ရှီရာကို မျက်လုံးဖြင့် အချက်ပြလိုက်ရာ ရှီရာချက်ချင်း သဘောပေါက်သွားသည်။သူသည် မှော်အမှုန်အကြောင့် လျို့ဝှက်ထားရန် ခါခါကို အမိန့်ပေးလိုက်သည်။ပါးနပ်သည့် အကြီးအကဲဂါ့စ်သည် ခါခါကို သူ၏နောက်လိုက်အဖြစ် လက်ခံလိုကြောင်းပြောလိုက်သည်။ထို့နောက် ခါခါကို ပြန်သွားခိုင်းပြီး ချက်ချင်း အထုတ်အပိုးများ ပြင်ကာ သူ၏အိမ်သို့ နေ့လယ်၌ပြောင်းလာပြီး အမိန့်ကို စောင့်နေရန် ပြောလိုက်သည်။
ခါခါသည် ဤကဲ့သို့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခါခါသည် အလျင်အမြန်ပင် အကြီးအကဲဂါ့စ်ကို သခင်အဖြစ် အသိအမှတ်ပြုပြီး ရှီရာနှင့်ချန်လွေ့ကို ကျေးဇူးတင်ကာ ပျော်ရွှင်စွာဖြင့် ထွက်သွားလိုက်သည်။အဝင်ဝကို ဖြတ်သွားပြီး မကြာမီတွင် ကြာရှည်တောင့်ခံထားရသည့် လာလာအာလူးငွေ့များကို ပိတ်ဆို့၍ မရနိုင်တော့ပေ။ခါခါသည် စိတ်လှုပ်ရှားစွာဖြင့် တသီတတန်း လေလည်လိုက်တော့သည်။
ချန်လွေ့ အောင့်မထားနိုင်တော့ဘဲ အကျယ်ကြီး ရယ်လိုက်မိသည်။သူ၏ ရယ်သံသည် ရှီရာကို လွှမ်းမိုးသွားပြီး ရှီရာ၏မျက်နှာ နီမြန်းသွားသည်။သူ၏ အေးစက်စက်မျက်နှာ၌ အမှန်တကယ်ပင် အပြုံးယဲ့ယဲ့လေး ဖြစ်သွားသည်။ထိုအပြုံးသည် ထိမ်းမနိုင်သိမ်းမနိုင် မဟုတ်သော်လည်း ထူးခြားသည့် ဟန်ပန်တစ်ခုပင် ဖြစ်သည်။
ချန်လွေ့သည် ရှီရာကို ကြည့်ရင်း ကြက်သေသေသွားသည်။ရှီရာသည် ရယ်သံကြား၌ သူ့ကိုယ်သူ မေ့လျော့သွားကြောင်း ချက်ချင်းသတိထားမိသွားသည်။ချက်ချင်းပင် ရှီရာသည် အေးစက်စက် ပုံစံပြန်ဖြစ်သွားပြီး အခြားသူများကို ခဏတာ ဝမ်းနည်းသွားစေသည်။
ဘေးဖက်ရှိ အကြီးအကဲဂါ့စ်သည် ထိတ်လန့်သွားသည်။အိမ်ရှေ့မင်းသား ဂါရမ်း၏ သက်တော်ရှည်ဝန်ကြီးဖြစ်သည့်အလျောက် ဂါ့စ်သည် ရှီရာ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသည်။ရှီရာသည် အမှောင်လမြို့ကို လက်လွှဲယူပြီးသည့်အချိန်မှစ၍ အေးစက်စက် ဖြစ်သွားခဲ့သည်။သူ၏ညီမလေး အဲလစ်နှင့်တွေ့သည့်အခါ၌ပင် သူ ပြုံးမနေပေ။
အခုတော့သူက ချန်လွေ့ရဲ့ လွှမ်းမိုးမှုအောက်မှာ အမှန်တကယ်ပဲ ထူးထူးခြားခြား ပြုံးနေတယ်။ဒီလူသားက ဘယ်လောက်တောင် သြဇာလွှမ်းမိုးမှု ရှိတာလဲ။