လျှပ်စီး နဲ့ လေ
Vol. 4 Ch. 54
နံပါတ်(၆၄)သည် လွန်ခဲ့သော(၁၀)ရက်က သွေးရောင်လက် လန့်စ်ကို တစ်ကျော့ပြန် အနိုင်ရခဲ့သော်လည်း သူ့ကို လန့်စ် ဖိနှိပ်နိုင်ခဲ့သည်ကို ပရိတ်သတ်များ မြင်တွေ့ခဲ့ရသည်။ယခုတွင် သူ၏ပြိုင်ဘက်မှာ လန့်စ်ထက် အစွမ်းထက်သော ဂျက်စီဖြစ်သွားပြီ ဖြစ်သည့်အတွက် နံပါတ်(၆၄)ကို ပရိတ်သတ်အများကြီး အားမပေးကြပေ။
အစီအစဉ်မှူး ကဝေမသည် စင်ပေါ်သို့ စွဲမက်စရာကောင်းအောင် လမ်းလျှောက်သွားပြီး ပြိုင်ပွဲဝင်နှစ်ယောက်၏ မှတ်တမ်းကို ပရိတ်သတ်များထံ မိတ်ဆက်ပေးလိုက်သည်။ ဂျက်စီသည် လျင်မြန်သည့် အမှောင်နတ်သူငယ် တစ်ယောက်ဖြစ်သည်။နားရွက်ချွန်သည်။ငွေရောင် ဆံပင်တိုတို ရှိသည်။မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် အမာရွတ် အမျိုးမျိုးရှိပြီး စူးရှသော မျက်လုံးများရှိသည်။ဂျက်စီသည် သေခြင်း၊ရှင်ခြင်း စမ်းသပ်ချက်များစွာကို ခံစားခဲ့ဖူးသည့် ဝါရင့်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
ပြိုင်ပွဲနှစ်ယောက်လုံးအား တိုက်ပွဲကြေညာချက် ပြောကြားရန် ကဝေမပြောသည့်အခါ ဂျက်စီသည် တိတ်တိတ်နေကာ ဘာမှမပြောပေ။ကဝေမသည် ၎င်းနှင့် အသားကျနေပုံရတယ်။ထို့နောက် သူမသည် ချန်လွေ့ကို မေးလိုက်သည်။
ချန်လွေ့ အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။
“ ကျုပ်ရဲ့ဒီနေ့ လောင်းကြေးအဆက ဘယ်လောက်လဲ။ ”
“ အရင်တစ်ခေါက်ကထက် ပိုများတယ်။(၁)ဆ (၁၅)ဆ ပါ။ ”
ပိုတောင်များတယ်လား။ကြည့်ရတာ ဒီတစ်ခေါက် ငါနိုင်ခဲ့ရင် အများကြီးရဦးမှာပဲ။ ချန်လွေ့ စိတ်ထဲမထားဘဲ ပိုက်ဆံတစ်အိတ် ပစ်ပေးလိုက်သည်။
“ ဒီထဲမှာ သလင်းကျောက်နက်ဒင်္ဂါး၅၀ ရှိတယ်။ကျုပ်နိုင်မယ်လို့ လောင်းတယ်။ ”
ပရိတ်သတ်များ အံ့ဩသွားကြသည်။ သလင်းကျောက်နက် ဒင်္ဂါး၅၀တဲ့လား။များလိုက်တဲ့ လောင်းကြေး။
ပရိတ်သတ်အများစုမှာ သာမန်အတန်းစားများ ဖြစ်ကြသည်။ယေဘုယျအားဖြင့် ပြောရလျှင် သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားပင် များပြားသည့် လောင်းကြေးဖြစ်နေလေပြီ။အခု၌ နံပါတ်(၆၄) သည် အမှန်တကယ်ပင် သလင်းကျောက်နက်ဒင်္ဂါး၅၀ လောင်းခဲ့လေသည်။ထိုပိုက်ဆံသည် အဆင့်နိမ့် နတ်ဆိုးမိသားစုတို့အတွက် သုံးလေးနှစ်ကြာအောင် နေနိုင်လေသည်။
“ ပြိုင်ကွင်းက ဒီလောက်များတဲ့ လောင်းကြေးကို လက်မခံ....... ”
ကဝေမ စကားပြော မပြီးသေးခင်မှာပင် အရေးကြီးပုဂ္ဂိုလ်ခံမှ အရတ်စ် လက်ဝှေ့ရမ်းပြလိုက်သည်ကို သူမ တွေ့လိုက်သည်။ကဝေမသည် ချက်ချင်းပင် သလင်းကျောက်နက်ဒင်္ဂါးကိုယူလိုက်ပြီး ပြုံးကာပြောလိုက်သည်။
“ သလင်းကျောက်နက်ဒင်္ဂါး ၅၀ဆိုလည်း ၅၀ပေါ့။ဂျက်စီ။တိုက်ခိုက်ရေးပုံစံတစ်ခုကို ရွေးပေးပါ။လက်ဗလာနဲ့လား။လက်နက်နဲ့လား။ ”
ဂျက်စီသည် စကားပြောချင်ပုံမရပေ။ထို့ကြောင့် သူ၏လက်ထဲရှိ အေးစက်သော ဓားမြှောင်နှစ်ချောင်းကို ဝှေ့ရမ်းပြလိုက်သည်။ကဝေမလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ ဒါဆိုလည်း ဒီတိုက်ပွဲမှာ လက်နက်သုံးခွင့်ပြုပါမယ်။လက်နက်အပြင်ကို လက်နက်မှာ အဆိပ်သုံးခွင့်မပြုပါဘူး။ချပ်ကာတွေ၊မှော်ပစ္စည်းတွေလည်း သုံးလို့မရပါဘူး။နံပါတ်(၆၄)။ရှင်ရဲ့ လက်နက်ကို ပြပေးပါ။ ”
“ ကျုပ်က ဘာလက်နက်မှ မလိုဘူး။ ”
ချန်လွေ့ အသာလေး ပြောလိုက်သည်။လက်နက်အသုံးပြုခြင်းကို သူ မကျွမ်းကျင်ပေ။မဆင်မခြင်သုံးလိုက်မိလျှင် အဟန့်အတား ဖြစ်သွားစေနိုင်သည်။
ဂျက်စီ၏မျက်လုံးများ ဖြတ်ခနဲ အရောင်တောက်သွားသည်။ပြိုင်ဘက်ဖြစ်သူကို သူကြည့်လိုက်ပြီး ခဏအကြာတွင် ပြန်တည်ငြိမ်သွားသည်။နံပါတ်(၆၄)၏ ယုံကြည်မှုသည် သူ့ကို အထင်မကြီးကြသည့် ပရိတ်သတ်များ၏အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။အချို့သူများလည်း နံပါတ်(၆၄)ကို စတင်လောင်းကြေးထပ်ကြတော့သည်။ကြေးအဆလည်း အလိုက်သင့် ပြောင်းလဲသွားတော့သည်။
တိုက်ပွဲစတင်လေပြီ။ဂျက်စီသည် လန့်စ်ကဲ့သို့ တဟုန်ထိုး ဝင်မတိုက်ဘဲ ပြိုင်ဘက်ကို စိုက်ကြည့်နေလိုက်သည်။ဂျက်စီ၏ ချုပ်နှောင်ထားခြင်းကို ခံရသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရပြီး ထိတ်လန့်သွားသည်။သို့သော်လည်း ချန်လွေ့သည် မဆင်မခြင် မတိုက်ခိုက်ခဲ့ပေ။ကြိုတင်ကာကွယ်ရန်အတွက် ချန်လွေ့သည် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း တစ်ခုချင်းစီသို့ ကြယ်စွမ်းအင်ကို လှည့်ပတ်နေလိုက်သည်။
ဂျက်စီ၏ ခြေလှမ်းများ စတင်လှုပ်ရှားလာသည်။မျှော်လင့်ထားသည့် အမြန်နှုန်းအတိုင်းမဟုတ်ဘဲ ချန်လွေ့ကို ဖြည်းဖြည်းချင်း စတင်ဝိုင်းပတ်တော့သည်။
ချန်လွေ့သည် ခန္ဓာကိုယ်ကို သေသေချာချာ ရွေ့လျားလိုက်သည်။ပြိုင်ဘက်ဖြစ်သူ၏ မြန်နှုန်းမြင့် တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် ချန်လွေ့သည် အလယ်ဗဟို၌သာ နေနေခဲ့သည်။အပြင်ဘက်စက်ဝိုင်းတွင် လှည့်ပတ်နေသည့် ဂျက်စီသည် သက်လုံကျမည်ဟု ထင်ရပြီး ချန်လွေ့သည် စက်ဝိုင်းဗဟို၌သာ ရပ်နေသည်။သို့သော်လည်း အမှောင်နတ်သူငယ်၏ ခြေလှမ်းများသည် ထူးဆန်းသည့် စည်းချက်တစ်ခု ရှိဟန်တူသည်။၎င်းကို ခဏကြည့်ပြီးနောက် ချန်လွေ့သည် အမှန်ပင် မူးနောက်လာခဲ့သည်။
ချန်လွေ့၏မျက်လုံးများ ဝေဝါးသွားသည့်အခါ ဂျက်စီ၏ အမြန်နှုန်းသည် ရုတ်တရက် အရှိန်မြန်သွားသည်။ချန်လွေ့သည် စိတ်ကိုပြန်လည်စုစည်းပြီးသည့်အခါ ပုံရိပ်တစ်ခုသည် ရှေ့၌ပေါ်လာသည်ကို ခံစားလိုက်ရသည်။သို့သော်လည်း ချန်လွေ့ ကြောက်မနေဘဲ ကြာရှည်စုဆောင်းထားသည့် တိုက်ကွက်တစ်ခုကို ထုတ်သုံးလိုက်သည်။ထိုတိုက်ကွက်သည် အမှောင်နတ်သူငယ်၏ ရင်ဘတ်ကို တည့်တည့်ထိသွားသော်လည်း ထူးခြားသော ကိစ္စတစ်ခုခု ဖြစ်သွားသည်။ချန်လွေ့၏ တိုက်ကွက်သည် လေကိုထိုးသကဲ့သို့ပင် ဂျက်စီ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
[ နောက်ကျန်ပုံရိပ် ] ပဲ။ချန်လွေ့ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။သူ၏နောက်ဘက်၌ သေရေးရှင်ရေး အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။စူးရှပြီး ပြင်းထန်သည့်လေသည် မိုးကြိုးကဲ့သို့ပင် ချန်လွေ့ကို ရိုက်ခတ်မိသွားပြီး မထိခင်မှာပင် စူးသည့်ခံစားချက်ကို ခံစားရနေလေပြီ။
ထိုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်၌ အဆိပ်နဂါး၏ ဖိအားမြင့်လေ့ကျင့်ရေးသည် ချက်ချင်းပင် အစွမ်းပြလာတော့သည်။ချန်လွေ့ စိတ်စေလိုက်ပြီး ခန္ဓာကိုယ်ကြွက်သားများသည် အလိုအလျောက် တုံ့ပြန်လိုက်သည်။ချန်လွေ့သည် အံ့ဩဖွယ်ကောင်းလောက်အောင် ရှေ့သို့ကိုင်းလိုက်ရာ ထက်မြက်လှသည့် ဓားချက်သည် ကျောကိုဖြတ်ထိသွားပြီး ကြီးမားသည့် ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။စူးရှသည့်လေချက် လွဲသွားသည့်အခါတွင် ဂျက်စီသည် နောက်မဆုတ်ဘဲ ချန်လွေ့အရိပ်၌ တွယ်ကပ်နေသကဲ့သို့ နေနေလိုက်သည်။
ချန်လွေ့သည် သူ၏မျက်လုံးများ၏ တလက်လက်ဖြစ်နေသည့် အစွန်းများ ပြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။[ နောက်ကျန်ပုံရိပ် ] နည်းစနစ်သည် ရင်ဆိုင်ရခက်ခဲလှသည်။အစစ်အမှန် ခွဲခြားရန် ခက်ခဲသည်။ချန်လွေ့ အရေးနိမ့်နေသည်။သိပ်မကြာခင်မှာပင် ချန်လွေ့ကိုယ်ပေါ်၌ ဒဏ်ရာ(၁ဝ)ခုကျော် ဖြစ်လာသည်။သူ၏ ဝတ်စုံသည်လည်း တဖြည်းဖြည်း သွေးများဖြင့် နီရဲသွားသည်။
မကြာမီတွင် ဂျက်စီ၏ မှုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများ နှေးကွေးသွားသည်။ချန်လွေ့ ပြန်မတိုက်နိုင်ခင်မှာပင် ဂျက်စီသည် မြင့်မားသည့်အမြန်နှုန်းဖြင့် အဝေးသို့ ရောက်သွားလေပြီ။ဂျက်စီသည် ယခင်အတိုင်းပင် ဖြည်းဖြည်းချင်းသွားနေပြီး ကြမ်းတမ်းစွာ တိုက်ခိုက်ရန် နောက်ထပ်အခွင့်အရေးကို ရှာဖွေနေလေသည်။
ချန်လွေ့သည် ကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်တော့ပေ။အနည်းငယ်ပျာယာခတ်နေသည့် အသက်ရှုနှုန်းကို ချိန်ညှိလိုက်ပြီး ကြောက်မက်ဖွယ် ပြိုင်ဘက်ကို အာရုံစိုက်လိုက်သည်။ဂျက်စီနှင့်ယှဉ်လျှင် ယခင်က သွေးရောင်လက် လန့်စ်သည် အဆင့်တူ လုံးဝ မဟုတ်ခဲ့ပေ။လေ့ကျင့်ရေးကွင်းနှင့် ပါ့ဂ်လီအို၏ ဖိအားမြင့်လေ့ကျင့်ရေး၌ အပြင်းအထန် မလေ့ကျင့်ခဲ့လျှင် ချန်လွေ့သည် ယခင် အလစ်တိုက်ခိုက်မှုဖြင့်ပင် ဆယ်ခါပြန် သေပြီးနေလေပြီ။
[ နောက်ကျန်ပုံရိပ် ] နဲ့ အသေသတ်တိုက်ကွက်။၎င်းသည် အချက်အလက်ထဲက အတိုင်းပင်ဖြစ်သည်။သို့သော်လည်း ထိုခြေလှမ်း၏ စိတ်ရှုပ်စေသည့် သက်ရောက်မှုကို အပြင်လူများ သတိမထားမိနိုင်ကြပေ။ထို့ပြင် ဂျက်စီ၏ [ နောက်ကျန်ပုံရိပ် ] သည် အတော်လေး ထူးချွန်သည့် အဆင့်သို့ ရောက်နေလေပြီ။၎င်းသည် ပုံမှန်အစွမ်းမျိုးသာ မဟုတ်တော့ဘဲ အသေသတ် လုပ်ကြံရေး နည်းစနစ် တစ်ခုပင် ဖြစ်သွားသည်။
အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်း၌ အစွမ်းထက်ဆုံးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။
ဂျက်စီသည် တိတ်တိတ် နေနေဆဲပင်ဖြစ်သည်။သို့သော်လည်း သူ၏မျက်လုံးများသည် ပို၍ပင် စူးရှလာခဲ့သည်။ ဒီနံပါတ်(၆၄)က လန့်စ်လိုမျိုး ပမွှားလေးရဲ့ လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တယ်။သူ့မှာဒီလောက် အစွမ်းရှိမယ်လို့ ငါမထင်ထားခဲ့ဘူး။ခုနက တိုက်ခိုက်မှုက ပုံမှန် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းကို လွယ်လွယ်လေး သတ်နိုင်တယ်။ဒါပေမဲ့ ဒီပြိုင်ဘက်က သေစေနိုင်သည့် ဒဏ်ရာမရခဲ့သလို ငါကလည်း ပထမတစ်ချက်ကို လွဲချော်သွားတယ်။သူ့ရဲ့ တုံ့ပြန်တဲ့အမြန်နှုန်းက ထူးချွန်တဲ့ နတ်သူငယ်မျိုးနွယ်ထက် မနိမ့်ကျဘူး။
အေးအေးဆေးဆေး ဝိုင်ကို အရသာခံ သောက်နေသည့် အရတ်စ်သည် ရုတ်တရက် ရပ်တန့်သွားသည်။မူလက ပြင်းပြင်ထန်ထန် ဖိနှိပ်ခံစားရသည့် နံပါတ်(၆၄)သည် ရုတ်တရက် လှုပ်ရှားလိုက်သည်ကို ပရိတ်သတ်များ မြင်သွားရသည်။သူသည် အမှန်တကယ်ပင် ဦးဆောင် တိုက်ခိုက်နေလေသည်။
ပြီးတော့.......တော်တော်လေးမြန်တယ်။
“ ဝံပုလွေလျင် ” ၏ ဝိသေသလက္ခဏာများနှင့် အစွမ်းတို့သည် လျို့ဝှက်ချက်မဟုတ်ပေ။အမှောင်နတ်သူငယ်၏ အားသာချက်နှင့်အားနည်းချက် တို့ကို ပရိတ်သတ်များပင် နားလည်ကြသည်။ဂျက်စီ၏ တိုက်ခိုက်မှုသည် မြန်ဆန်ပြီး ကြမ်းတမ်းသည်။သို့သော် ကြာရှည်ခံနိုင်မှု အားနည်သည်။ယေဘုယျအားဖြင့်ပြောရလျှင် အကောင်းဆုံး နည်းဗျူဟာမှာ ရန်သူကို အချိန်ဆွဲပြီး ခုခံရန်ပင် ဖြစ်သည်။ဂျက်စီ၏ ပြိုက်ဘက်များသည် ထိုနည်းဗျူဟာကို သုံးခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ပေ။ဂျက်စီလည်း သူ၏ဝိသေသလက္ခဏာများကို သဘောပေါက်သည်။ထို့ကြောင့် ထိုတိုက်ခိုက်မှုတွင် ခွန်အားနှင့် အစွမ်းကိုသာမက နည်းဗျူဟာကိုပါ ကြိုးစားပေါင်းထည့်ထားခြင်းဖြစ်သည်။
သူ၏ပြိုင်ဘက်သည် ခုခံပြီး အချိန်ဆွဲသင့်ကြောင်း အားလုံးသိကြသည်။သို့သော်လည်း ဂျက်စီ၏ တိုက်ခိုက်မှုကို ခုခံနိုင်သူ မရှိသလောက်ပင်ဖြစ်သည်။ပြန်တိုက်ခိုက်ရန် ကြိုးစားလျှင်လည်း အမှောင်နတ်သူငယ်၏ အမြန်နှုန်းကို လိုက်မမှီပေ။ဂျက်စီကို အနိုင်ယူနိုင်သူ သို့မဟုတ် သူ၏တိုက်ခိုက်မှုမှ အသက်ရှင်နိုင်သူအများစုသည် အချိန်အကန့်အသတ်ပြီးသည့်အထိ ခံနိုင်ရည် ရှိကြသူများသာဖြစ်ပြီး အနိုင်အရှုံးကို အရတ်စ်က ဆုံးဖြတ်ပေးရလေသည်။
ယခုတွင် နံပါတ်(၆၄)သည် ဉာဏ်မရှိသည့် ဦးဆောင်တိုက်ခိုက်ခြင်းက်ု ရွေးချယ်လိုက်သည်။သို့သော်လည်း သူ၏အမြန်နှုန်းသည်.... အတော်လေး အံ့အားသင့်စရာ ကောင်းပေသည်။ လက်စသတ်တော့ နံပါတ်(၆၄) ကလည်း အမြန်နှုန်း အမျိုးအစားပဲကိုး။
ယခင်တိုက်ပွဲ၌ သွေးရောင်လက် လန့်စ်နှင့် ယှဉ်ပြိုင်စဉ်က နံပါတ်(၆၄)သည် သေချာပေါက် ပညာလျှိုထားခြင်း ဖြစ်ပေမည်။
အံ့ဩစရာအမြန်နှုန်းရှိသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါ ဂျက်စီသည် ပထမဆုံး ထိတ်လန့်သွားသည်။သို့သော်လည်း မကြာမီတွင် အရူးအမူး ဖြစ်သွားသလို ဖြစ်သွားသည်။သူ၏လက်ထဲရှိ ဓားမြောင်နှစ်ချောင်း၏ လမ်းကြောင်းသည် ပို၍ထူးဆန်းလာပြီး ပို၍ မြန်ဆန်လာသည်။ကွင်းအပြင်ဘက်ရှိ ပရိတ်သတ်တို့သည် မှော်သလင်းကျောက် အလင်းရောင်အောက်တွင် အမြန်နှုန်းပုံရိပ်နှစ်ခုသည် တိုက်လိုက်၊ခွဲလိုက် လုပ်နေသည်ကိုသာ မြင်ရတော့သည်။အချိန်အတော်ကြာပြီးနောက်တွင် အားနည်းသည့် နတ်ဆိုးများ မူးဝေလာသည်။
အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံရှိ အရတ်စ်သည် ဝိုင်ခွက်ကိုချပြီး ခိုင်သန်ကို ပေးလိုက်သည်။ခိုင်သန်သည် ပြိုင်ကွင်းကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည့်အတွက် ခေါင်းခါကာ ပြောလိုက်သည်။
“ ကြည့်မနေနဲ့။မင်းသူတို့ရဲ့ အမြန်နှုန်းကို လိုက်မမှီဘူး။ ”
“ ဆာ။ ”
ခိုင်သန်သည် အားဖြင့် မျက်တောင်ခတ်လိုက်သည်။
“ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူပိုမြန်တာလဲ။ ”
“ ဂျက်စီ ပိုမြန်တယ်။ ”
ပြိုင်ကွင်းထဲရှိ ပုံရိပ်နှစ်ခုသည် အလွန်အမင်း မြန်ဆန်လှသော်လည်း အရတ်စ်၏မျက်လုံးထဲ၌ ကလေးကစားစရာသာ ဖြစ်သည်။
ခိုင်သန် ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်သည်။
“ ဒါဆို နောက်ဆုံးမှာ ဂျက်စီနိုင်မှာလား။ ”
အရတ်စ် ခေါင်းခါလိုက်သည်။
“ ဂျက်စီရဲ့ အမြန်နှုန်းက လျှပ်စီးဆိုရင် နံပါတ်(၆၄)က လေပဲ။လျှပ်စီးက ပိုမြန်တယ်။လေက အဆက်မပြတ် တိုက်ခတ်တယ်။ဒါပေမဲ့ ဂျက်စီမှာ မသုံးရသေးတဲ့ နောက်ဆုံး တိုက်ကွက်တစ်ခု ရှိနိုင်သေးတယ်။အခုအချိန်မှာတော့ ဘယ်သူနိုင်မလဲ၊ရှုံးမလဲဆိုတာကို ငါသေချာ မပြောနိုင်ဘူး။ ”
“ လွန်ခဲ့တဲ့ (၁၀) ရက်တုန်းက သွေးရောင်လက် လန့်စ်ကို နံပါတ်(၆၄)က ခက်ခက်ခဲခဲ သတ်ခဲ့ရတာ။ ”
ခိုင်သန်သည် အံအားသင့်စွာ ပြောလိုက်သည်။
“ အခုတော့ သူက ဂျက်စီကိုတကယ်ပင် ယှဉ်နိုင်နေပြီ။သူပြောတဲ့ ချိပ်ပိတ်ဆိုတာကို တကယ်ပဲ ဖြစ်နေမလား။ဒါမှမဟုတ် သူ့ရဲ့အစွမ်းကိုပဲ ဖုံးကွယ်ထားတာလား။ ”
အရတ်စ် ဆက်မဖြေတော့ဘဲ သေရွာပြန်လက်ထဲမှ ဝိုင်ခွက်အလွတ်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ခိုင်သန်သည် အလိုက်သိစွာဖြင့် ချက်ချင်း ပါးစပ်ပိတ်ပြီး ဝိုင်ခွက်ကို ဖြည့်လိုက်ကာ မဟာနတ်ဆိုးထံ ရိုရိုသေသေ ကမ်းပေးလိုက်သည်။
ဂျက်စီသည် ချန်လွေ့ထက် အနည်းငယ်ပိုမြန်သည်။သို့သော်လည်း ဂျက်စီသည် အခြေအနေ မကောင်းဟု ခံစားလာရသည်။ပြိုက်ဘက်ဖြစ်သူ၏ အမြန်နှုန်းသည် နိမ့်ကျသော်လည်း သူ၏ လှုပ်ရှားမှုများကို လိုက်မှီနိုင်သေးသည်။
ယေဘုယျအားဖြင့် အမြန်နှုန်းနှင့်သက်လုံသည် အတော်လေး ဆန့်ကျင်ဘက်ဖြစ်သည့် အရည်အသွေးနှစ်ခုဖြစ်သည်။နံပါတ်(၆၄) သက်လုံမကျဘဲ အမြန်နှုန်းကို ထိန်းထားနိုင်သည်။သို့သော် ဂျက်စီကမူ သက်လုံကျလာသည်။
အလွန်လျင်မြန်စွာ ရွေ့လျားနေသည့် ပုံရိပ်နှစ်ခုသည် ကြမ်းတမ်းသည့် ရိုက်ခတ်မှုအပြီးတွင် အချင်းချင်း ခွဲခွာလိုက်ကြသည်။သူတို့ ရပ်တန့်လိုက်ပြီး အချင်းချင်း သတိထား၍ ကြည့်လိုက်သည်။ပရိတ်သတ်များအတွက် မျက်လုံအားစိုက်ပြီး ကြည့်ရသည့် အခြေအနေ ပြီးဆုံးသွားလေပြီ။နတ်ဆိုးဘုံတွင် စွမ်းအားကြီးသူကိုသာ လေးစားကြသည်။နောက်ဆုံး၌ တစ်ယောက်သာ အသက်ရှင်ကျန်နိုင်သော်လည်း ထိုကဲ့သို့ စိတ်လှုပ်ရှားစရာ တိုက်ပွဲသည် ပရိတ်သတ်များကို ဂယက်ရိုက်သွားစေသည်။
ဂျက်စီ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအကြီးအကျယ် မတွေ့ရသော်လည်း စတင်မောပန်းလာပြီဖြစ်သည်။ခုနက ပြင်းထန်သည့် အမြန်နှုန်းတိုက်ပွဲ၌ သက်လုံတော်တော်များများကို အသုံးပြုလိုက်ရပြီ ဖြစ်သည်။
ချန်လွေ့လည်း အနည်းငယ် မောပန်းနေပြီး သူ၏ ဝတ်ရုံ၌ အနီရောင် ပြတ်ရှရာများပြည့်နေသည်။ဂျက်စီသည်သူ့ထက် ပိုမြန်သည့်အတွက် လိုက်မှီနိုင်ရန် အတော်လေး အားထုတ်ခဲ့ရသည်။ချန်လွေ့သည် ခုနက ဂျက်စီကို သုံးလေးချက် ထိနိုင်ခဲ့သည်။သို့သော်လည်း အမှောင်နတ်သူငယ်၏ အမြန်နှုန်းကြောင့် လုံးဝမထိသေးခင်မှာပင် အားပျောက်ကွယ်သွားသည်။[ နက္ခတ်သဏ္ဍာန် ]၏ အထူးစွမ်းရည်သည် တိုက်ပွဲအတွင်း သူ၏ဆုံးရှုံးသွားသည့် စွမ်းအင်ကို အလျင်အမြန် ပြန်ဖြည့်ပေးသည့်အတွက် တစ်နည်းအားဖြင့် အသာစီးရနေခြင်းဖြစ်သည်။ ဒဏ်ရာပြန်ကောင်းနှုန်းသည်လည်း အတော်လေး ချောမွေ့လှသည်။
ပြိုင်ဘက်ဖြစ်သူသည် ဒဏ်ရာရနေသော်လည်း ထင်သလောက် မပြင်းထန်ကြောင်းကို ဂျက်စီ သဘောပေါက်သွားသည်။သေစေနိုင်လောက်သည့် ထိခိုက်မှုမပေးနိုင်ခဲ့ဘဲ ဤကဲ့သို့တိုက်ပွဲအဆင့်မျိုး ဆက်ဖြစ်မည်ဆိုလျှင် နှစ်နာရီကြာအောင် တောင့်ထားနိုင်မည်မဟုတ်ပေ။
အမှောင်နတ်သူငယ်သည် သူ့ကိုယ်ထဲရှိ ကျန်ရှိသော ခွန်အားများကို အသုံးချလိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးမီးပွင့်မီးပွားများ ရုတ်တရက် ပေါ်လာသည်။“ ဇွက်ဇွက် ” ဟူသော ရင်းနှီးသည့်အသံကြောင့် ဂျက်စီနှင့်မျိုးနွယ်တူသည့် အဲဒက်စ်ကို ချန်လွေ့ သတိရသွားသည်။ထိုလျှပ်စီး၏ စွမ်းအားသည် ထင်ယောင်ထင်မှား မဟုတ်ကြောင်းကို ချန်လွေ့သည်အလိုလို ခံစားမိလိုက်သည်။
ထိုလျှပ်စီးမီးပွားများသည် ဂျက်စီ၏ အမြန်နှုန်းကို တဟုန်ထိုး တိုးစေရုံသာမက ဓားမြောင်ပေါ်တွင်လည်း အစွမ်းသက်ရောက်မှုရှိသည်။ချန်လွေ့၏ နံရိုးများကို ထိုဓားမြောင်ဖြင့် မတော်တဆ ထိရှမိသွားသည့်အခါ မွှေးညှင်းများ ထောင်မတ်သွားရုံသာမက ယာယီတုံ့ဆိုင်းမှုလည်း ဖြစ်သွားစေသည်။ချန်လွေ့ အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့လျှင် ထိုဓားချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပေမည်။
ပြိုင်ကွင်းရဲ့ အချက်အလက်တွေထဲမှာ ဒီအစွမ်းကို ငါမတွေ့ခဲ့ဘူး။ဒါက လျို့ဝှက်ပညာရပ် ဒါမှမဟုတ် သူ့ရဲ့ သတ်ဖြတ်တိုက်ကွက် အသစ်ဖြစ်မယ်။သူ့ရဲ့ နောက်ဆုံး အဆုံးသတ် တိုက်ကွက်လည်း ဖြစ်နိုင်တယ်။